← Chapters

ပညာရေး အောင်မြင်မူ

Vol. 25 Ch. 371

ပညာရေး အောင်မြင်မူ

Vol. 25 Ch. 371

ဆရာကြီး ဂျူးလီယက် က အရင်ကအတိုင်း ရှိနေဆဲ ရှိနေသေးပေမယ့်..သူ့အပေါ်မှာထားတဲ့ ဆန်နီရဲ့ အမြင်ကတော့ ပြောင်းလဲသွားခဲ့ပါပြီ..။နည်းပြ အဖိုးအို ဆီက သင်ယူခဲ့တဲ့ အရာတွေက ..သူ အသက်ရှင်သန်ဖို့အတွက် အထောက်အပံ့တွေ ဖြစ်ခဲ့တာကြောင့် တင်မဟုတ်ပဲ..သူ အခုပဲ ဖတ်ခဲ့ရတဲ့ သမိုင်းစာအုပ်ကြောင့်လည်း ပါပါတယ်။

'ဒါနဲ့ ဆရာ ဂျူးလီယက် က အသက်ဘယ်လောက် ရှိနေပြီလဲ...'

ဆန်နီ ဒီအရာကို အရင်က မတွေးမိခဲ့ဖူးပေ..။သို့ပေမယ့် အင်မော်တယ် မီးတောက် ကလန် အကြောင်းနဲ့ နိုးထသူ တွေရဲ့ ပထမမျိုးဆက် အကြောင်းကို လေ့လာပြီး နောက်မှာ..သူ့ဆရာကို အမြင်အသစ်နဲ့ မြင်လာခဲ့ပါတယ်။ဆရာ ဂျူးလီးယက်က ဒီ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေနဲ့ အသက်ချင်း တူချင်မှ တူနိင်ပေမယ့်..မျိုးဆက်တစ်ခုတည်း ဖြတ်သန်းခဲ့တာကတော့ ကျိန်းသေပါတယ်။ဒီလူတွေက အမှောင်ထုထဲမှာ ဖြတ်သန်းခဲ့ရတာကြောင့်..အများကြီး ပိုကြမ်းတမ်းခက်ခဲကြပါတယ်။

သူတို့က ကမ္ဘာကြီးရဲ့ အဆုံးမှာ ရှင်သန်ခဲ့ကြရပြီး..အပျက်အဆီးတွေ ထဲကနေ အသစ်တစ်ခုကို တည်ဆောက် ခဲ့ကြတယ်။

" ...ဆန်နီ..ငါ့ သားလေး..."

ဆန်နီတောင် မတုန့်ပြန်ရသေးခင်မှာပဲ..သူက တင်းကြပ်တဲ့ ပွေ့ဖက်မူတစ်ခုကို ခံလိုက်ရတယ်။ယင်းနောက် ဆရာဂျူးလီယက် က သူ့ကို အနားက ထိုင်ခုံတစ်လုံးဆီကို ခေါ်သွားခဲ့ပါတယ်။

"နောက်ဆုံးတော့ , မင်း ပြန်လာပြီပေါ့..။မင်း ပြန်မလာမှာကို ငါ ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ဘူး..တစ်ခနလေးတောင်မှပဲ..။ငါ့ တပည့်တွေ ဘယ်သူကမှ အလွယ်တကူ သေဆုံးနိုင်ကြမှာ မဟုတ်ဘူးလေ..သိတယ်မလား..။ခနလေး..ငါ ဘာတွေပြောနေတာလဲ..ဒါပေါ့..သိတယ်မလား။ဘာပဲဖြစ်ဖြစ် မင်းကလည်း ငါ့ကိုရဲ့ တပည့်တစ်ယောက် ပဲလေ.."

ဆန်နီဟာ အဖိုးအိုရဲ့ အသံကနေထွက်ပေါ်လာတဲ့ စိတ်လှုပ်ရှားမူတွေကို နားထောင်ပြီး ပြုံးလိုက်တယ်..။ဒီကိုမလာခင်တုန်းကတော့..ဆရာဂျူးလီယက် သူ့ကိုမမှတ်မိမှာကို သူ အနည်းငယ်တော့ စိုးရိမ်ခဲ့မိပါတယ်။

သူ့ရဲ့ သင်တန်းက အကယ်ဒမီ မှာ ကျော်ကြားမူ သိပ်မရှိပေမယ့်..ဒီတစ်မူထူးခြားတဲ့ နည်းပြက သူ့ဘဝတစ်လျောက်လုံး အိပ်စက်သူ ထောင်နဲ့ချီပြီးကို သင်ကြားပြသ ပေးခဲ့တာပါ။ဒီတစ်ယောက်က ဘာများ ထူးခြားမှာလဲ..။

သို့ပေမယ့် , ကံကောင်းချင်တော့..ဆန်နီ မှားသွားခဲ့တယ်..။

"ဒါပေမဲ့ ငါသားလေး..တစ်နှစ်လုံးတောင်။မင်းက အိပ်မက်ကမ္ဘာကို အရမ်း သဘောကျသွားပြီး ပြန်မလာချင် ဖြစ်နေတာလား..။မင်းရဲ့ ဆရာအိုကြီးက မင်းကို စိတ်ပူလွန်းလို့ နေမကောင်းဖြစ်နေလိမ့်မယ့်လို့ မတွေးခဲ့ဘူးလား..။နတ်ဘုရားတွေရဲ့ နာမည်ကို တိုင်တည်ပြီးတော့..ဘာတွေဖြစ်ခဲ့တာလဲ..."

ဆန်နီ အနည်းငယ် တွေဝေနေခဲ့ပြီးကာမှ..တောင်းပန်စွာ ပြောလိုက်တယ်..။

"ကောင်းပြီ..ဆရာဂျူးလီယက် ..သိတဲ့အတိုင်းပဲ ကျွန်တော်က..အိပ်မက်ကမ္ဘာရဲ့ မဖော်ထုတ်ရသေးတဲ့နေရာမျိုးကို ရောက်သွားခဲ့တာလေ..။ပြီးတော့ တစ်ခုတည်းသော ထွက်ပေါက်ကိုလည်း ကျရှုံးမူအဆင့် တယ်ရာက စောင့်ကြပ်နေခဲ့သေးတယ်.."

အဖိုးအိုဟာ မျက်တောင်ခတ်လိုက်ပြီး..

"ဘုရားရေ..ဘယ်လောက်ဆိုးဝါးလိုက်လဲ..။ဒီတော့ မင်းဘာလုပ်ခဲ့လဲ.."

ဆန်နီ ပုခုံးတွန့်လိုက်ပြီး.

"အာ..ကောင်းပြီ..။အတိုပြောရရင်..ကျွန်တော်က မိန်းမလှလေးနှစ်ယောက်နဲ့ တွေ့ခဲ့တယ်..သူတို့နဲ့အတူ ရှေးဟောင်း ရဲတိုက် တစ်ခုဆီကို သွားတယ်၊ ကျိန်စာသင့်မြို့ထဲမှာ စူးစမ်းရှာဖွေရင်း လ အနည်းငယ် ကုန်ဆုံးတယ်..ပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုဖြတ်ပြီး မှော်သရဖူကို ရှာဖွေခဲ့တယ်..။နတ်ဆိုး တစ်ကောင်ကို သတ်တယ် ၊ မင်းသမီးကို ကူညီပြီး ဘုရင်မဖြစ်အောင် လုပ်ပေးတယ် ၊ စစ်ပွဲတစ်ခု ဒါမှမဟုတ် နှစ်ခု လောက်မှာ ပါဝင်ဆင်နွဲတယ် ၊ ကျိန်စာသင့် တာဝါကြီးပေါ်ကို တက်ပြီး နောက်ဆုံးမှာ ထွက်ပေါက်နားကို ရောက်လာခဲ့တာပဲ..။ကျွန်တော်က ဆရာသင်ကြားပေးတဲ့ နည်းလမ်းတွေနဲ့ ရှင်သန်ခဲ့တာ.."

ဆရာ ဂျူးလီယက် ဂရုတစိုက်နားထောင်နေပြီးမှ အကြိမ်အနည်းငယ် ခေါင်းညိမ့်လိုက်တယ်။

"ကောင်းတယ်..မင်း အကောင်းဆုံး လုပ်ခဲ့တယ်။ငါ့တပည့်တွေ ဆီကနေ မျှော်လင့်ထားတဲ့ အတိုင်းပဲ..။ဒါပေမဲ့ ဆန်နီ...."

အဖိုးအိုရဲ့ မျက်လုံးဟာ ရုတ်တရက် စိတ်လှုပိရှားမူ အပြည့်နဲ့ တောက်ပလာခဲ့ပြီး..

"မတွေ့ရှိရသေးတဲ့....မတွေ့ရှိရသေးတဲ့ နယ်မြေတွေလို့ ပြောလိုက်တာလား.."

ဆန်နီ ပြုံးလိုက်ပြီး သူ့ရဲ့ ဆက်သွယ်ရေး စက်ကို အသက်သွင်းလိုက်တယ်။

"ပြောခဲ့တယ်။တကယ်တော့..ကျွန်တော် တွေ့ခဲ့တာ၊ တိုက်ခိုက်ခဲ့တာ ၊ ရှာတွေ့ခဲ့တာတွေနဲ့ ပတ်သက်ပြီးဟအစီရင်ခံစာ တစ်စောင် ရေးသားထားခဲ့တယ်လေ..။ဆရာ တစ်ချက်ကြည့်ချင်လား..။ကျွန်တော်ပို့ပေးလို့ရတယ်.."

ဆရာ ဂျူလီယက် က ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး.

"အစီရင်ခံစာလား..။အိုး..မင်း မလုပ်သင့်ဘူး..မင်းက အခုချိန်မှာ အရမ်းကို အလုပ်ရှုပ်နေလောက်မှာ.."

သို့ပေမယ့် ဒီလို ပြောနေရင်းနဲ့တောင်..အဖိုးအိုက သူ့ရဲ့ ဖိုင်ကို ဖွင့်နေပြီးပါပြီ..။သူ စတင်ပြီး ဖတ်လိုက်တာနဲ့..သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီး..အပြုံးတစ်ခုက သူ့ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။

"...အံ့ဩစရာပဲ..။ဒါက အံ့ဩစရာပဲ..။ခနလေး..သောက်ကျိုး...မင်းက ရူးနစ်စာသား နဲ့ ကိုးကားချက်တွေကိုတောင် ထည့်ရေးပေးထား တာလား..။ဒါမှ ငါ့သားလေးပဲ..အံ့ဩစရာ ကောင်းတယ်..အာ...ကောင်းမွန်စွာရှိနေတဲ့ အပျက်အဆီးတွေလား..။မြို့ တစ်ခုလုံး လား..။အဲဒီ မှာ...တကယ်ရှ်ိတာပဲ...အိုး..မိုင်..."

***

ဆရာ ဂျူလီယက် ဟာ အစီရင်ခံစာကို ဖတ်ဖို့ အချိန်အနည်းငယ် ယူလိုက်ရတယ်..။ဒီဖြစ်စဥ်တစ်ခုလုံးမှာသူက စိတ်လှုပိရှားတဲ့ အသံနဲ့ ဆက်တိုက်ကို ပြောဆိုနေခဲ့ပါတယ်..။တစ်ချို့ မှတ်ချက်တွေကို ဆန်နီ နားလည်ပေမယ့် တစ်ချို့ အရာတွေကို နားမလညိနိုင်ခဲ့ပါဘူး..။

"မီးခိုးရောင်ကျောက် ဗိသုကာတွေ...တတိယမြောက် အံ့ဩစရာ အာချွန် နဲ့ ဖြစ်နိုင်တဲ့ ဆက်သွယ်ချက် " ဒါမှမဟုတ် " ဒါက ဗာဗယ် စာသား ရဲ့ ဘယ်ခေတ်နဲ့ ကိုက်ညီ နိုင်မလဲ.." ဒါမှမဟုတ် " ကြွက်တွေပါလား ..ဒါဆိုရင်တော့ အဲဒီ ခွေးသား ဆန်ဒို ရဲ့ ရိုးရာဓလေ့ စကြဝဌာ မူလ အကြောင်း ပြောနေတာတွေက မှားကြောင်း သက်သေပြလိုက်ပြီ..."

အဖိုးအိုရဲ့ မျက်လုံးတွေက ပိုပိုပြီး ပြူးကျယ်လာခဲ့တယ်..။

နောက်ဆုံးမှာတော့ ..သူက ဆက်သွယ်ရေးစက်ကို ပြန်သိမ်းလိုက်ပြီး..ဆန်နီကို အားရကျေနပ်မူတွေ အပြည့်နဲ့ ကြည့်လိုက်ပါတယ်။

"မင်းက..တကယ်ကို ထူးထူးခြားခြား လုပ်နိုင်ခဲ့တာပဲ ငါ့သားလေး ဆန်နီ။ဒါပေါ့ မင်းရဲ့ အစီရင်ခံစာက အကြမ်းထည် ဖြစ်ပြီး..လူထုကို ချပြဖို့ လုပ်စရာ တွေ အများကြီး ရှိနေသေးပေမယ့်..ဒါကတင် လူတွေ အများကြီးကို ပျော်ရွှင်စေလိမ့်မယ်..။မင်း ပေးထားတဲ့ အချက်အလက်အသစ် တွေကနေ တဆင့် ငါက အနည်းဆုံးတော့ ဒါဇင်နဲ့ချီတဲ့ သီအိုရီ တွေကို ချဲ့ထွင်၊ အတည်ပြု ပြီး..ငြင်းဆန် နိုင်လိမ့်မယ်။ပြီးတော့ အခုဒါက ခေါင်းထဲမှာ ရှိနေတဲ့ အရာပဲ..။မင်း ရေးသားပေးခဲ့တဲ့ အိပ်မက်ဆိုး သတ္တဝါအသစ်တွေ ရဲ့ အချက်အလက်တွေက အများကြီး အကျိုးရှိမှာကို တော့ ပြောနေစရာတောင် မလိုတော့ဘူး.."

ဆရာဂျူလီယက် ကတော့ ဂုဏ်ယူစွာ ပြုံးနေခဲ့တယ်။

"မင်းက တကယ်ကို စူးစမ်းရှာဖွေလိုတဲ့ နှလုံးသား ရှိတာပဲ..ငါ့သားလေး...။လူအနည်းစု လောက်ကပဲ ဒီလိုရှိပြီး လုပ်နိုင်ကြတာ..။ဒီလူတွေထဲမှာမှ မင်းလို့ ထက်မြက်တဲ့ ဦးနှောက် ရှိသူတွေဆိုရင် ပိုတောင် ဆိုးလိမ့်မယ်..။အိပ်မက်ကမ္ဘာရဲ့ သေစေနိုင်တဲ့ နေရာတွေကို သွာလာခဲ့ပြီး..အသက်ရှင်ထွက်လာရုံတင်မကပဲ..အရာအားလုံးကို မှတ်မိနေနိုင်တာကတော့ ပြောနေစရာ တောင်မလိုတော့ဘူး..။ဒါပေမဲ့..အခိုက်အတန့်အကြောင်း လူတွေသိလာကြရတာက ဒီလိုလူတွေရဲ့ ကျေးဇူးတွေကြောင့်ပဲ.."

သူ သက်ပြင်းချလိုက်ပြီး..။

"နိုးထသူ အများစုက..ထိုးဖို့ သတ်ဖို့ပဲ သိကြတာလေ..။သူတို့က ငါတို့ကို သိပ်ပြီး အထင်မကြီးကြပေမယ့်..ငါတို့ကြောင့်သာ သူတို့က ဘယ်နေရာကို ထိုးရမယ် ဘယ်နေရာကို ခုတ်ရမယ် ဆိုတာကို သိကြတာပါ။ကံကောင်းချင်တော့..ဟ်ိုဟိုဒီဒီမှာ ထက်မြက်တဲ့ ဦးနှောက်တွေ ရှိနေခဲ့ကြတယ်.."

ဆန်နီဟာ သူ့ဆရာကို အံ့ဩစွာကြည့်လိုက်တယ်..။သူက ဒီလို လေးနကမတဲ့ တုန့်ပြန်မူကို မမျှော်လင့်ထားခဲ့ပါဘူး..။သူတို့ နှစ်ယောက် အကြိုက်တူကြောင်းကို ပြသဖို့ သူ့ဆရာကြီး အတွက်သူသိထားတဲ့ မေ့ပျောက်ကုန်းမြေပေါ်က အကြောင်းတွေကို ရေးထားခဲ့တာပါ။

"အာ..ငါ စိတ်မကောင်းပါဘူး..တို့..ချပြရမယ် ဆိုတာတွေက ဘာကို ဆိုလိုတာလဲ.."

ဆရာ ဂျူလီယက် က သူ့ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး..

"အိုး..စိတ်မပူနဲ့..။ဒီလူအိုကြီးက ကိုယ့်တပည့် ရဲ့ ကြိုးစားမူ ဆုလာဒ်တွေကို မခိုးယူပါဘူး..။ဒီစာတမ်းကို အခကြေးငွေမယူပဲ သင့်တော်အောင် ဖန်တီးပေးမယ်..။ငါ့အတွက် လက်ထောက်စာရေးသူ အဖြစ် နာမည်ထည့်ပေးဖို့တောင် မလိုအပ်ဘူး..။မင်းက ထည့်ပေးမယ် ဆိုရင်တော့ ငါက ပျော်ရွှင်မိမှာပေါ့..။ငါက ပိုက်ဆံကို ဘာအတွက် လိုအပ်မှာလဲ..။ငါ့မှာက သုံးလို့တောင် မကုန်နိုင်လောက်တဲ့ ပိုက်ဆံတွေက ရှိနေပြီးပြီ..."

ဆန်နီ စိတ်ဝင်စားသွားခဲ့ပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။

"တစိချက်လောကိ..ဆရာကြီး ဂျူလီယက်..။ခုနက..ပိုက်ဆံ နဲ့ ပတ်သက်တာ တစ်ခုခု ပြောလိုက်တာလား.."

လူအိုကြီးက သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး..

"အင်းလေ..ပြောလိုက်တာပဲ..။မင်း ဒီအံ့ဩလောက်တဲ့ အစီရင်ခံစာကို ရေးခဲ့တာ အဲတာကြောင့် မဟုတ်ဘူးလား..။အစိုးရဆီကနေ..ထောက်ပံ့ကြေးတွေ ရနိုင်ဖို့.."

ဆန်နီ ခနလောက် တွေဝေနေပြီးမှ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အင်..ကျွန်တော်က အာ..ဆရာ ဖတ်ကြည့်ချင်မယ် ထင်လို့ ရေးလာခဲ့တာ..။ဆရာပြောတဲ့ ထောက်ပံ့ကြေးတွေ အကြောင်း သိတောင် မသိခဲ့ဘူး.."

ဆရာဂျူလီယက် သူ့ကို အတော်ကြာအောင် ကြည့်နေခဲ့ပြီးမှ ထပြီးရယ်မောလိုက်တယ်။

"အိုး..အိုး မိုင်..။ဘယ်လိုတော်တဲ့ တပည့်လေးကို ငါရထားတာလဲ..။အာ..ဒီနေ့ မင်းက ငါ့ကို တကယ် စိတ်ကျေနပ်စေ ခဲ့တာပဲ ဆန်နီ..။စူးစမ်းရှာဖွေသူ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဒီလို မြုပ်နှံထားခဲ့တာ..။ဒီလို စေတနာ ပြည့်ဝ တဲ့ လူတွေ ပိုများလာဖို့ မျှော်လင့်မိတယ်.."

'စေတနာလား..။စေတနာ ဆိုတာ ဘာကို ပြောချင်တာလဲ..။ကျွန်တော့် ခန္တာကိုယ် တစ်ခုလုံးမှာ စေတနာ နဲ့တူတာ တစ်ခုမှ မရှိဘူးနော်..။ဒီ တုံးအတဲ့ အစီရင်ခံစာက တကယ်ပဲ ပိုက်ဆံရနိုင်တာလား..'

အဖိုးအိုဟာ ခေါင်းခါယမ်းပြီး ပြောလိုက်တယ်။

"အစိုးရက အခိုက်အတန့် ၊ အိပ်မက်ကမ္ဘာ နဲ့ အိပ်မက်ဆိုးသတ္တဝါ တွေ အကြောင်း အသိပညာတွေ ပိုမိုကြွယ်ဝအောင် လုပ်ပေးနိုင်တဲ့လူကို ဆုပေးတာတွေ ရှိတယ်..။မင်းပေးတဲ့ အချက်အလက်တွေက ပိုရှားပါးပြီး ပိုအရေးပါလေ မင်းရတဲ့ ဆုလာဒ် အမှတ်တွေက ပိုပြီး များပြားလေပဲ..။ဒီအမှတ်တွေက အသုံးဝင်တဲ့ အရာတစ်ချို့နဲ့ လဲလှယ်နိုင်သလို ..ရိုးရိုးရှင်းရှင်းပဲ

ခရက်ဒက်ကတ် အဖြစ် ပြောင်းလဲလို့ရတယ်။မေ့ပျောက်ကုန်းမြေကို အရင်က ဘယ်သူမှ မရှာဖွေကြရသေးတာတွေ ၊ မင်းရဲ့ အစီရင်ခံစာက ဘယ်လောက်အသေးစိတ်ကျတာတွေကို သုံးသပ်ကြည့်မယ် ဆိုရင်..မင်းက အတော်လေးကြီးမားတဲ့ ဆုကို ရနိုင်််မယ်လို့ ငါ ပြောရဲတယ်..။မင်း တကယ် ဒါကို မသိခဲ့ဘူးလညး..."

ဆန်နီ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်ပြီး..

"ဘယ်လို..ဘယ်လိုမျိုး ကြီးမားတာကို ပြောတာများလဲ..။ကျွန်တော်က တိုက်ခန်းတစ်ခု ကို ငှားချင်တယ်ဆိုရင်..မဟုတ်ဘူး..အိမ်တစ်လုံးပေါ့..။ကျွန်တော်က မြို့ထဲက လေကောင်းလေသန့်ရတဲ့ အိမ်တစ်လုံးကို ငှားချင်တယ် ဆိုရင်..ဒီ ဆုနဲ့ ဘယ်နှစ်ပတ်လောက် အထိ ငှားလို့ ရနိုင်မလဲ.."

ဆရာ ဂျူလီယက်က သူ့ကို ထူးဆန်းစွာ ကြည့်နေခဲ့တယ်..။

"အိမ်ငှားမလို့လား..။ဘယ်လို ထူးဆန်းတဲ့ ဥပမာ မျိုးလဲ..။ဆန်နီ..မင်း ပေးလိုက်တဲ့ ပြိုင်ဖက်ကင်း အချက်အလက် တွေနဲ့ဆိုရင်..မင်းက အိမ်ငှားဖို့ မလိုအပ်တော့ဘူးလေ..။ဒီတိုင်း အိမ်တစ်လုံး ဝယ်လိုက်တာ ပိုမကောင်းဘူးလား..။ဟင်..ဆန်နီ..."

ဆန်နီ ကတော့ ဒါကို ချက်ချင်း မတုန့်ပြန်နိုင်ခဲ့ပေ..။

သူက ထိုင်ခုံကတော့ ပြုတ်ကျတော့ မလို ဖြစ်နေခဲ့ပါပြီ..။

All Chapters