နတ်ဘုရား များ ၏ နာမည်များ
Vol. 25 Ch. 372
ခနအကြာမှာတော့..သူက စကားလမ်းကြောင်းကို ဆက်ဖို့အတွက် လုံလောက်တဲ့ စိတ်ငြိမ်သက်မူမျိုးကို ပြန်ရလာခဲ့တယ်..။
ဆန်နီ နဲ့ ဆရာ ဂျူလီယက် တို့ဟာ အတော်ကြာအောင် စကားပြောခဲ့ကြပြီး..အစီရင်ခံစာကို လူထုကို ချပြမယ့် လုပ်ငန်းစဥ် အကြောင်းတွေ ၊ ဘယ်လ်ို ပြောင်းလဲမူတွေကို လုပ်ရမလဲ ဆ်ိုတာတွေ ၊ ဒီ ပရောဂျက်ကို အောင်မြင်အောင် ဘယ်လို အတူတကွ ဆောင်ရွက်ကြမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါတွေ အကုန်လုံးက ဒါပေါ့..ဆန်နီ အိပ်မက်ကမ္ဘာထဲမှာ အခြေချပြီး..နေထိုင်နိုင်မယ့် ခံတပ်ကို ရွေးချယ်ပြီးမှ ဆက်လုပ်ကြမှာပါ..။အခုချိန်မှာ သူက ပညာရပ်ဆိုင်ရာစာတမ်းတစ်စောင် လုပ်ဖို့အတွက် အချိန်လုံးဝ မရှိသေးပါဘူး..။
ဆရာ ဂျူလီယက်ဟာ အိပ်မက်ကမ္ဘာထဲက လူသားတွေ နေထိုင်တဲ့ နေရာတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အသိပညာ တစ်ချို့ကို မျှဝေပေးခဲ့ကာ..သင့်တော်တဲ့ ခံတပ်ကို ရွေးချယ်ဖို့အတွက် သူ့ ရဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။သို့ပေမယ့် သူ့ရဲ့ အကြံဥာဏ်တွေအားလုံးကို စာကြောင်းတစ်ကြောင်း တည်းနဲ့ ဖော်ပြရမယ် ဆိုရင်..
"ရေပိုက်ဆက်သွယ်ရေး ကောင်းတဲ့ တစ်ခုကိုသာရွေး "
ဒါက ဘာကို ပြောတာလဲ ဆ်ိုတာကို ဆန်နီ သေချာ
မသိပေမယ့်..လူအိုကြီးရဲ့ မျက်နှာပေါ်က နာကျင်နေတဲ့ အမူအရာကို ကြည့်ရသလောက်တော့..ဒါက တကယ်ကို အရေးကြီးတဲ့ ကိစ္စဖြစ်လောက်ပါတယ်။
နောက်ဆုံးမှာတော့ သူ စကားလမ်းကြောင်းက သူ တကယ် သိချင်နေတဲ့ အရာတွေ ဆီကို ပြန်ရောက်သွားခဲ့တယ်..။
"ဒါကို ပြောရရင်..ကျွန်တော် တော့ ဒီတစ်ခုကို တကယ် နားမလည်ဘူး..။အနက်ရောင်မြို့တော်ထဲကို ရှာဖွေတုန်းက..ကျွန်တော်က ဝတ်ပြုဆုတောင်းတဲ့ နေရာအချို့ကို တွေ့ခဲ့ရတယ်။ဒါပေမဲ့ သူတို့ ဆုတောင်းကြတဲ့ နတ်သားတွေက..ကျွန်တော် ပထမအိပ်မက်ဆိုးမှာ ကြားခဲ့ရတဲ့ အရာတွေနဲ့ ကွဲလွဲနေသလိုပဲ..။အိပ်မက်ကမ္ဘာထဲက လူသားတွေ အားလုံးမှာ မတူညီတဲ့ နတ်ဘုရားတွေ ရှိနေကြတာလား.."
ဆရာ ဂျူလီယက်က သူ့ကို ကြည့်ကာ ပြုံးလိုက်တယ်။
"အာ..နတ်ဘုရားတွေ..။ဒါက တကယ်ကို စိတ်ဝင်စားစရာ ဘာသာရပ်ပဲ.."
သူ ခနလောက် တွေးကြည့်ပြီးမှ ပြောလိုက်တယ်။
"ဟုတ်လည်း ဟုတ်တယ်..မဟုတ်လည်း မဟုတ်ဘူး..။မတူညီတဲ့ နေရာတွေမှာ ဝတ်ပြုနေကြတဲ့ နတ်ဘုရားတွေရဲ့ နာမည်တွေက မတူညီကြဘူးဆိုပေမယ့်..ဒီနာမည်တွေကနေ ဖော်ပြတဲ့ အရာတွေကတော့ တူညီနေတာကို တွေ့နေရတယ်..။လတ်တလော အများစု လက်ခံထားတဲ့ အရာကတော့..အိပ်မက်ကမ္ဘာထဲက နတ်ဘုရားတွေ ဆိုတာ..အမှန်တကယ်တော့ သက်ရှိတွေဖြစ်နိုင်တယ်..။ဒါက နတ်ဘုရားအဆင့် သတ္တဝါတွေဖြစ်နေနိုင်တယ်လေ.."
ဆန်နီ ခေါင်းညိမ့်လိုက်တယ်။
"တကယ်လား..။ဒါဆို သူတို့က အခု ဘယ်မှာလဲ.."
လူအိုကြီးဟာ သက်ပြင်းချလိုက်ပြီး..
"ဒါက နတ်ဘုရားတွေ အကြောင်းမှာ ထူးဆန်းနေတဲ့အရာပဲ..။သူတို့က အိပ်မက်ကမ္ဘာထဲက တစ်ခြားလူတွေ သေဆုံးကြသလို မျိုးသေဆုံး သွားခဲ့ကြပြီ..။များပြားလှတဲ့ အိပ်မက်ဆိုး အချိန်ကာလ တွေမှာ သူတို့က နေထိုင်ရှင်သန်ခဲ့ကြပုံပေါ်ပေမယ့်..ငါတို့ ကြုံတွေ့ခဲ့ရတဲ့ အပျက်အဆီးတွေ..ရှာဖွေ ဖော်ထုတ်မူတွေအရ..သူတို့က ..ဖျက်ဆီးခံလိုက်ရပြီလို့ ဖော်ပြထားခဲ့ကြတယ်။ဘယ်သူ့ကြောင့် လဲ ..ဘာကြောင့်လဲ ဆိုတာကိုတော့..ငါတို့ မသိကြဘူး..။သူတို့က အခိုက်အတန့် မပေါ်လာခင်မှာ တည်ရှိကြတာလား ၊ ပေါ်လာပြီးမှ တည်ရှိတာလား ဆိုတာလည်း ငါတို့ မသိထားကြဘူး.."
သူ အနည်းငယ် တွေဝေပြီးကာမှ ထပ်ပြောလိုက်တယ်..။
"ဒါပေမဲ့..ငါတို့က နတ်ဘုရားတွေ အကြောင်း အနည်းငယ်တော့ သိထားတယ်..။ဥပမာ အနေနဲ့..သူတို့ ဘယ်နှစ်ယောက် လောက် ရှိလဲ ဆိုတာ မျိုးပေါ့.."
ဆန်နီ ပြုံးလိုက်ပြီး..
"ခန့်မှန်းကြည့်ရအောင်...ခုနှစိယောက်လား.."
ဆရာ ဂျူလီယက် ရယ်မောလိုက်တယ်။
"မင်းက ဒီလို ထင်တယ်ပေါ့..ဟုတ်လား..။ဒါပေမဲ့ မဟုတ်ဘူး..နတ်ဘုရား ခြောက်ယောက်ပဲ ရှိတယ်..။သူတို့ရဲ့ အသုံးများတဲ့ နာမည်တွေက..နေ ၊ စစ်ပွဲ ၊ သားရဲ ၊ မုန်တိုင်း ၊ နှလုံးသား နဲ့ အရိပ် တွေပဲ..။အမှန်အတိုင်း ပြောရရင်..ဒီနာမည်တွေက..သူတို့ကို အစစ်အမှန် ကိုယ်စား မပြုနိုင်ဘူး.."
ဆန်နီ မျက်ခုံးပင့်တင်လိုက်တယ်။
"တကယ်လား..။ဘယ်လို မျိုးလဲ..."
သူ့ဆရာက မေးစေ့ကို ပွတ်ရင်း သံသယဖြစ်စွာ ပြောလိုက်တယ်။
"ကောင်းပြီ..နတ်ဘုရား ဆိုတာက စကားလုံး တစ်လုံးတည်းနဲ့ ဖော်ပြလို့ မရလောက်အောင် ကြီးမားတဲ့ ဖြစ်တည်မူ တစ်ခုပဲ..။စစ်ပွဲ နတ်ဘုရားမ ကို ယူကြည့်ရအောင်...အိုး..ဟုတ်တယ်..သူတို့ရဲ့ လိင်ကတော့ ပြောင်းလဲမူတွေ ရှိနိုင်ပုံပဲ..။စစ်ပွဲ နတ်ဘုရား ဆိုတာက စစ်ရေးကိစ္စတွေရဲ့ နတ်သား ဖြစ်နေနိင်တယ်..ဒါက သူပဲဖြစိဖြစ်..သူမပဲဖြစ်ဖြစ်..။ဒါပေမဲ့ သူက အသက် ရဲ့ နတ်ဘုရား ဆိုလည်း ဟုတ်တယ်.."
'အာ..ဘာဖြစ်တယ်...'
"ဒါက ဘယ်လိုလုပ် အဓိပ္ပါယ် ရှိနိုင်မှာလဲ..."
လူအိုကြီးက ပြုံးလိုက်ပြီး..
"စစ်ပွဲဆိုတာက ရုန်းကန်လှုပိရှားခြင်း ရဲ့ သင်္ကေတဖြစ်ပြီး..အသက်ရှင်သန် ဖို့ဆိုရင်လည်း အဆက်မပြတ် ရုန်းကန် နေရတာပဲ မဟုတ်လား..။ဒီတော့ စစ်ပွဲရဲ့ နတ်ဘုရားကို အသက်ရဲ့ နတ်ဘုရား လို့လည်း ခေါ်လို့ရတယ်..။သူမက တိုးတက်မူ ၊ နည်းပညာ ၊ လက်မူပညာ ၊ ဥာဏ်ပညာ နဲ့ ဒီအရာတွေအားလုံး ကနေတဆင့် လူသားတွေရဲ့ အားကိုးရာ နတ်သမီး တစ်ပါးလည်း ဖြစ်တယ်.."
ဆရာဂျူလီယက် ဟာ သူ့အကြိုက်နယ်ပယ် ထဲကို နစ်မြုပ်သွားကာ အနည်းငယ် လွဲချော်သွားခဲ့တယ်။
"ဒါမှမဟုတ် သားရဲ နတ်ဘုရားကို ကြည့်ကြရအောင်။သူ့ကို လည်း မကြာခန ဆိုသလို လ နတ်သမီး အဖြစ် ဖော်ပြခဲ့ကြတယ်။ဒီလိုပဲ အမဲလိုက်ခြင်း ၊ တဏှာတက်မက်မူ ၊ သွေး ၊ အလှတရား နဲ့ သေခြင်း ရှင်ခြင်း စက်ဝန်းတွေရဲ့ နတ်သမီး အဖြစ်ပေါ်ပြကြတယ်..။နေနတ်ဘုရား ဆိုရင်လည်း..အလင်းနတ်ဘုရား ၊ စိတ်အား ထက်သန်မူ ၊ ဖန်တီးမူ နဲ့ ဖျက်ဆီးမူ နတ်ဘုရား တွေ အဖြစ် ဖော်ပြကြတယ်။မုန်တိုင်း နတ်ဘုရား ဆိုရင်လည်း ..နက်ရှိုင်းခြင်း ၊ သမုဒ္ဒရာတွေ ၊ အမှောင်ထု ၊ ကြယ်တွေ ၊ လမ်းညွှန်မူ နဲ့ ..ကပ်ဆိုး နတ်ဘုရားတွေအဖြစ် ဖော်ပြကြတယ်။ပြီးတော့ အစရှိသဖြင့် ပေါ့.."
ဆန်နီ ချောင်းဆိုးလိုက်တယ်။
"အာ...အရိပ် နတ်ဘုရား ကြတော့ရော.."
ထူးခြားတဲ့ နည်းပြက ပုခုံးတွန့်လိုက်ပြီး..
"အာ..ငါက အဲ့တစ်ခုနဲ့တော့ သိပ်မရင်းနှီးဘူး..။နတ်ဘုရား တွေအကြောင်းငါသိသလောက်ကတော့..အရိပ်နတ်ဘုရား က သိပ်ပြီး မထင်ရှားဘူးလေ..။ကောင်းပြီ အရိပ် နတ်ဘုရားကတော့ ငါထင်တယ်..။သူက တစ်ခုတစ်လေမှာ ငြိမ်းချမ်းခြင်း ၊ သေဆုံးမူ ၊ နှစ်သိမ့်မူ နဲ့ ဆန်းကျယ်မူ နတ်ဘုရားတွေ အတွက် နတ်ဘုရား တစ်ပါးလို့ ခေါ်ကြမယ် ထင်တာပဲ..။ဒါက ငါထင်တာ ပြောတာနော်.."
ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ ဂရုတစိုက် မေးလိုက်တယ်။
"ကျွန်တော် သိပါပြီ..။ဒီအရာတွေအားလုံးကို နတ်ဘုရား ခြောက်ပါး တည်းကပဲ တာဝန်ယူထားတယ် ဆိုတာက စိတ်ကူးယဥ်ကြည့်ဖို့တောင် ခက်ခဲတယ်လေ..။တစ်ခြား နတ်ဘုရား သက်ရှိတွေ ရှိနေနိုင်သေးလား..."
ဆရာ ဂျူလီယက် ခနလောက်တွေးပြီးကာမှ ပုခုံးတွန့်လိုက်ပြီး..
"တစ်ခြား နတ်ဘုရားတွေ အများကြီးလည်းရှိနေနိုင်တယ်..။ဒါမှမဟုတ် နတ်ဘုရားတွေထက်တောင် အားကောင်းတဲ့ အ ရာတွေပေါ့..။ဒီအကြောင်းတွေတော့ ငါတို့အများကြီး မသိထားဘူး..။ဥပမာ အနေနဲ့ ဒဲလ်မွန် တွေကိုပဲ ကြည့်လိုက်လေ..."
ဆန်နီ အသက်ကို အောင့်ထားခဲ့တယ်။
"ဒဲလ်မွန်တွေ ဆိုတာက..ဆန်းကျယ်တဲ့ သတ္တဝါတွေပဲ..။သူတို့က နတ်ဘုရားတွေနဲ့ တူညီတဲ့ စွမ်းအားတွေ ရှိကြပေမယ့် မတူညီတဲ့ သဘာဝအဖြစ်ပေါ်ပြထားကြတယ်..။သူတို့က ကိုယ့်ကိုကို ဖန်တီးပုံရကြတယ်
ဒါမှမဟုတ် ဘယ်ကမှန်း မသိ ပေါ်ထွက်လာကြတာပဲ..။သူတို့အကြောင်း ဘာမှ သိပ်မသိရဘူး..သူတို့က ခုနှစ်ယောက် ရှိတယ် ဆိုတာနဲ့..တစ်ကောင်ထက် တစ်ကောက်ပိုဆိုးတယ် ဆိုတာပဲ သိရတယ်.."
သူ မျက်ခုံးပင့်တင်လိုက်ပြီး.
"ဆိုးဝါးတယ်လား..။သူတို့က ဘာလို့ ဆိုးဝါးတာလဲ.."
အဖိုးအိုဟာ ပြုံးလိုက်ပြီး..
"နတ်ဘုရားတွေနဲ့ စစ်ခင်းနိုင်လောက်အောင် စွမ်းအားရှိကြပြီး..ဘယ်ကမှန်းမသိပဲ ပေါ်လာတဲ့ သတ္တဝါတွေလောက် ပိုပြီး ကြောက်ဖို့ကောင်းတာ ဘာရှိနိုင်ဦးမှာလဲ..။လူသားတွေ ဆိုတာက မသိတဲ့ မရာကို အကြောက် ဆုံးပဲ ဆိုတာ မမေ့နဲ့..။နတ်ဘုရားတွေလည်း ဒီလို အတူတူပဲ ဖြစ်လိမ့်မယ်.."
ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးမှ နောက်ဆုံးမှာ မေးလိုက်တယ်။
"ဆရာ ဂျူလီယက် ...ဆရာက အမည်မသိ တွေ ရဲ့ အကြောင်းကို ကြားဖူးလား..!
သူ့ဆရာက သူ့ကို ထူးဆန်းစွာကြည့်ပြီး ရယ်မောလိုက်တယ်..။
"ဒါက ဘယ်လို မေးခွန်းမျိုးလဲ..။ငါက အမည်မသိနိင်တဲ့ အရာတွေအပေါ်မှာပဲ စူးစမ်းရှာဖွေနေခဲ့တာလေ..။မင်းကတော့ အိပ်ရေးပျက်တာတွေ စလာပြီထင်တယ်..။လာ..ငါက မင်းအချိန်တွေကို ဖြုန်းမိနေပြီ..။နိုးထသူ အသစ်တစ်ယောက်က ပတ်ဝန်းကျင်ကို လျောက်သွားပြီး..ကိုယ့်ကို ထောက်ပံ့ပေးမယ့် ကလန်တွေကို မျက်နှာချိုသွေးနေရမှာလေ။။မင်း အိပ်မက်ကမ္ဘာထဲမှာ အခြေကျရင် ဖတ်ဖို့..စာအုပ်တစ်ချို့ကို ငါ လမ်းညွှန်ပေးလိုက်မယ်.."
ဆန်နီ အားနည်းစွာ ပြုံးလိုက်တယ်။ဆရာဂျူလီယက်က ဝီဗာ အကြောင်း ၊ နတ်ဘုရားတွေ ဘာလို့ သေလဲ ဆိုတဲ့ အကြောင်း နဲ့ အမည်မသိ တွေအကြောင်းဘာမှ မသိဘူးဆိုတာ သူ နားလည်လိုက်ပါပြီ။
ထူးဆန်းစွာပဲ သူ စိတ်သက်သာရာရသွားခဲ့တယ်။