ပြန်ပေါင်းစည်းခြင်း
Vol. 25 Ch. 373
အိပ်စက်သူ အဆောက်အဦးကနေ ထွက်လာတဲ့ အချိန်မှာတော့..၊ အေးစက်တဲ့ ဆောင်းရာသီ လေထုက သူ့ကို အိပ်မငိုက်အောင် ထပ်ပြီး ထိန်းမထားနိုင်တော့တာကို ဆန်နီ ခံစားလိုက်ရတယ်..။ဘယ်အချိန်ရှိပြီလဲ ဆ်ိုတာကို သိချင်နေခဲ့တာကြောင့်..သူ့ရဲ့ အမူအကျင့် အတိုင်း နေ ကို မော့ကြည့်လိုက်ပါတယ်။
နေ လုံးကြီးက မှားယွင်းနေပြီ..။
ရုတ်တရက် ဆန်နီ မျက်လုံးပြူးကျယ်သွားပြီး ၊ သူ့ရဲ့ လက်ကို ဆန့်တန်းကာ သန်းခေါင်ယံ အမြုတေကို ထုတ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့တယ်။သူ့ရဲ့ ပြသနာကို သတိထားမိဖို့ အချိန်အနည်းငယ်လောက် ယူလိုက်ရပါတယ်။
'အိုး..နေလုံးက သာမန်ပဲ..။ဒါက မေ့ပျောက်ကုန်းမြေက နေလုံး နဲ့ မတူတာပဲ ..'
သူက နေလုံးကို ကြည့်ပြီး အချိန်ကို တိုင်းတာဖို့လည်းမလိုအပ်တော့ပါဘူး..။နေ့တစ်နေ့ရဲ့ ဘယ်အချိန်ရောက်နေပြီလဲ ဆ်ိုတာကို နာနိုစက္ကန့်အထိ ပြသနိုင်တဲ့ဆက်သွယ်ရေးစက် တစ်လုံး သူ့မှာ ရှိနေခဲ့ပါပြီ။
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..ဆေးရုံအဆောက်အဦး ဆီကို ပြန်သွားလိုက်တယ်..။သူက..အထိမ်းအမှတ် အခမ်းအနား တစ်ခု အတွက်..နောက်ကျနေခဲ့ပါပြီ..။
အိပ်မက်စစ်တပ်မှ ကျန်ရစ် သူများဟာ အသက်ရှင်နေတဲ့ လူတွေကို ဂုဏ်ပြုရန် နဲ့ ကျရှုံးခဲ့သူတွေကို သတိရဖို့အတွက် ဒီနေ့မှာ စုဝေးကြပါတယ်။
ဆေးရုံ အဆောက်အဦးထဲ ရောက်လာတဲ့ အချိန်မှာတော့..သူက အစည်းအဝေးခန်းထဲကို ဦးတည်သွားလိုက်တယ်..။သို့ပေမယ့် နံရံတစ်ခုမှာ တပ်ဆင်ထားတဲ့ မော်နီတာ တစ်ခု ရှေ့မှာ ခနလောက် ရပ်လိုက်ပါတယ်။ဒီမှာတော့..ပြန်လာနိုင်တဲ့လူတစ်ရာလုံးရဲ့ နာမည်တွေကို ရေးထားခဲ့တာပါ။
ထိပ်ဆုံးက နေရာမှာတော့..အရမ်းကို ထူးခြားတဲ့ လူသုံးယောက် ရှိနေခဲ့ကြတယ်။
" ဝံပုလွေ စောင့်ရှောက်သူ "
[ ဝံပုလွေများ၏ စောင့်ရှောက်ခြင်းခံရသူ ပါ ]
" နိုက်တင်ဂေး "
"ကျရှုံးမူ သံစဥ် "
အယ်ဖီ ၊ ကိုင် နဲ့ ကတ်စီ ....
ဆန်နီဟာ အစစ်အမှန်နာမည်သုံးခုကို စိုက်ကြည့်လိုက်ပြီး..ဖြည်းညှင်းစွာ အကြည့်ကို အောက်ချလိုက်တယ်..။အဲဒီရဲ့ အောက်ဘက်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်နာမည် ရှိနေခဲ့ပါတယ်။
အပြုံးတစ်ခုက သူ့မျက်နှာပေါ် ပေါ်လာခဲ့ပြီး၊ ဆန်နီဟာ တံခါးကို ဖွင့်ကာ ခန်းမထဲ ဝင်သွားခဲ့တယ်။
မေ့ပျောက်ကုန်းမြေပေါ်က..အရင် အိပ်စက်သူတွေအားလုံးက ဒီမှာ ရှိနေကြပါတယ်။အနည်းဆုံးတော့ အကယ်ဒမီ မှာ နိုးထကြတဲ့လူတွေနဲ့..အခမ်းအနားပွဲကို ရောက်အောင်လာခဲ့ကြတဲ့လူတွေပါ..။
ဒီလူတွေအားလုံးကို အစစ်အမှန် ကမ္ဘာမှာ ပြန်မြင်ရတာကတော့ နည်းနည်း ထူးဆန်းပါတယ်။အထူးသဖြင့် နစ်ဖီ မရှိပဲနဲ့ပါ။
အခုတော့ သူတို့က အန္တာရာယ်ကနေ ကျော်ဖြတ်လာနိုင်ခဲ့ပြီး သူတို့ရဲ့ ခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရတာကြောင့် သူတို့ကို အတူတကွ ပေါင်းစည်းပေးထားမယ့် အရာ မရှိတော့ပါဘူး..။ဒီတော့ အများစုက ကွဲကွာနေခဲ့ကြတယ်။အရင်တုန်းကတော့ သူတို့က လိုအပ်ချက် နဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ မတွန်းလှန်နိုင်တဲ့ စိတ်ဆန္ဒတို့ကြောင့် အတူတကွ ပေါင်းစည်းနေကြတာပါ။အခုတော့..သူတို့ ကွဲကွာစေမယ့် အကြောင်းအရာတွေကို ..တားဆီးပေးနိုင်တဲ့ အရာ မရှိတော့ပေ..။
ဒါတောင်မှ ရှင်ကျန်သူ တစ်ရာလောက်က ထူးဆန်းစွာ ပေါင်းစည်းနေကြပါသေးတယ်။သူတို့က အိပ်မက်ကမ္ဘာထဲမှာ စိတ်ဒဏ်ရာတွေ အတူတူမျှဝေခဲ့တာ ဒါမှမဟုတ်..ဆန်နီ နားမလည်နိုင်တဲ့ အရာတစ်ခုခု ကြောင့်ဖြစ်နိုင်ပါတယ်။သို့ပေမယ့် သူတို့ကြားထဲမှာ ကွဲလွဲမူတွေ မရှိပါဘူး။ပြောင်းပြန်အနေနဲ့ အခန်းထဲမှာရှိတဲ့လူတိုင်းက..ကျန်တဲ့လူတွေနဲ့ မမြင်ရတဲ့ သံယောဇဥ်တွေကို မျှဝေနေသလိုပါပဲ..။
' ထူးဆန်းတယ် '
လူတွေအများကြီးက သူ ရောက်လာမူကို နွေးထွေးစွာကြိုဆိုလိုက်ကြပါတယ်။ဆန်နီ ရှက်ရွံ့စွာပြုံးလိုက်ပြီး သူတို့ရဲ့ ကြင်နာမူကို ပြန်လည် ဖော်ပြဖို့ အကောင်းဆုံးကြိုးစားလိုက်တယ်။ဒီတွေ့ဆုံမူ အနည်းငယ်ကို ကျော်ဖြတ်ပြီးနောက်မှာတော့..သူက နောက်ဆုံးမှာ ကိုင်ရဲ့ နောက်ကျောကို လူအုပ်ထဲမှာ တွေ့လိုက်ရတယ်။
ဆန်နီ တုန်ရီသွားပြီး သူ့ သူငယ်ချင်းကို စက္ကန့်အနည်းငယ် လောက် စိုက်ကြည့်လိုက်ပါတယ်။
'ငါတော့ သေပြီ...'
ဒီငနဲက ဘာလို့ ဒီလောက်တောင် ချောမောနေရတာလဲ။
နိုးထခြင်း ကိုင်ရဲ့ ပိန်ပါးတဲ့ ပုံရိပ်ကို ပိုထည်ဝါစေကာ ၊ သူ့ရဲ့ ပြီးပြည့်စုံတဲ့ မျက်နှာကို ပို ခန့်ညားစေပါတယ်။သူ့ရဲ့ ထူးခြားတဲ့ အစိမ်းရောင် မျက်လုံးတွေကတော့..ပိုပြီး စွဲမက်စရာပါပဲ။သူ့ရဲ့ အနက်ရောင် ဆံပင်တွေကို သေချာ ညှပ်ကာ ပုံဖော်ထားပြီး ၊ သူ့ရဲ့ အဝတ်အစားတွေက ရိုးရှင်းကာ ခေတ်မှီအောင် ဖက်ရှင်ကျနေခဲ့တယ်။သူ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာ တစ်ချို့ကလည်း..ဒီအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို တစ်နည်းအားဖြင့် ပိုမိုပေါ်လွင်အောင် ဖန်တီး ပေးနေခဲ့ပါတယ်။
'ဒါ...ဒါက မတရားဘူး...'
မကျေနပ်စွာ သက်ပြင်းချလိုက်ပြီး ဆန်မီဟာ လူအုပ်ထဲကို ဖြတ်သန်းကာ သူ့ရဲ့ သူငယ်ချင်းနားကို ကပ်သွားလိုက်တယ်။ကိုင် က သူ့ကို အဝေးကနေ သတိထားမိလိုက်ပြီး..သူ့ရဲ့ တောက်ပတဲ့အပြုံးကြောင့် ခန်းမကြီးတစ်ခုလုံး ရုတ်တရက် ပိုမို တောက်ပလာသယောင် တောင် ထင်လိုက်ရပါတယ်။
"ဆန်နီ ၊ နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့.."
ဆန်နီ ပြန်ဖြေလိုက်ချင်ပေမယ့်..ခန့်ညားလွန်းတဲ့ လူငယ်လေး ရဲ့ဘေးနားမှာရှိနေတဲ့ သူစိမ်းတစ်ယောက်ကို မြင်ပြီး စက္ကန့်အနည်းငယ်လောက် အေးခဲသွားခဲ့တယ်။မကျန်းမာပဲ ၊ ဆိုးဆိုးဝါးဝါး ပိန်လှီ နေတဲ့ မိန်းမငယ်လေးတစ်ယောက်က ဝီးချဲပေါ်မှာ ထိုင်ပြီး ၊ သူတို့ကို ပင်ပန်းတဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်။
သူမရဲ့ ခန္တာကိုယ်က တစ်ခုခု မှားယွင်းနေတယ် ဆိုတာ အသိသာကြီးပါပဲ..။သူမက မကျန်းမာလောက်အောင် ပိန်လှီပြီး ၊ အရိုးတွေပေါ်မှာ ဖြူဖျော့တဲ့ အရည်ပြားတွေ ရှိနေခဲ့တယ်။ပြီးတော့..သူမရဲ့ ကျော်ရိုးမှာ ထူးဆန်းတဲ့ လှည့်ပတ်မူတစ်ခုရှိနေခဲ့ပါတယ်။သူမရဲ့ ခြေထောက်တွေက အသက်မဲ့နေပုံပေါ်ပြီး ၊ အားနည်းကာ ၊ ဝီးချဲပေါ်ကနေ ရှက်ရွံ့စွာ အားပါးတရ စားသောက်နေခဲ့တယ်။သူမရဲ့ လည်ပင်းတွေက ဦးခေါင်းကို ထိန်းထားနိုင်ဖို့အတွက် ရုန်းကန်နေရတယ် ဆိုတာ သိသာလွန်းပါတယ်။
...ဒီ မိန်းမငယ်လေးက လှည့်စားတဲ့ အပြုံးနဲ့ ပြုံးပြတဲ့ အချိန်မှပဲ သူ သူမကို နောက်ဆုံးမှာ မှတ်မိသွားခဲ့တယ်။
"ဘာဖြစ်နေတာလဲ ငတုံးလေး..။နင်က ငါ့အလှမှာ နစ်မြော သွားတာလား.."
အယ်ဖီ တခစ်ခစ် ရယ်မောလိုက်ပြီး သူကြည့်လိူ့ရအောင် ဝီးချဲကို တစ်ပတ်လှည့်ပြလိုက်ပါတယ်။
'အယ်ဖီ....ဒါ...ဒါက အယ်ဖီ လား...'
ဆန်နီဟာ သူမကို အတော်ကြာအောင် စိုက်ကြည့်ပြီး သူသိထားခဲ့တဲ့ အားကောင်းတဲ့မုဆိုးမိန်းကလေးရဲ့ ပုံရိပ်နဲ့ ဆက်စပ်ကြည့်ဖို့ ကြိုးစားလိုက်တယ်။အရပ်ရှည် ၊ သန်မာ ၊ လှပပြီး အားအင်ပြည့်ဝတဲ့ ပုံရိပ်ကနေ ဒီ အားနည်း ပြီး ပိန်လှီနေတဲ့ မိန်းမငယ်လေး အဖြစ်ကို..။သူ့အားချက်က နာကျင်လာအောင် လှုံ့ဆော်ပေးလာမှသာ သူ စကားပြောနိုင်ခဲ့ပါတယ်။
"ဘာမှမဖြစ်ပါဘူး..။နင်...နင်က ဘာတွေဖြစ်နေတာလဲ..."
အယ်ဖီ ပြုံးပြီး ပုခုံးတွန့်လိုက်တယ်။
"ဘာမှမဖြစ်ဘူး..။ငါ့ပုံစံက အမြဲတမ်း ဒီလိုပဲ..၊ အစစ်အမှန် ကမ္ဘာမှာ..."
ဆန်နီ ရဲ့ မှတ်ဥာဏ်ထဲမှာ တစ်ခုခု လှုပ်ရှားသွားခဲ့တယ်..။သူတို့နှစ်ယောက်သား ပျက်စီးနေတဲ့ ဘုရားကျောင်း အပေါ်က လေသာဆောင်မှာ တီးတိုးစကားပြောခဲ့ကြတာကို ပြန် မှတ်မိလိုက်ပါတယ်။
'ငါတို့ထဲက တစ်ချို့အတွက်ကတော့..အစစ်အမှန်
ကမ္ဘာက အိပ်မက်ကမ္ဘာထက်တောင်မှ ပိုပြီး ငရဲနဲ့တူနေသေးတယ်...'
ဒါက အရင်တုန်က အယ်ဖီ ပြောခဲ့တာပါ။
သူ့ မျက်နှာပေါ်က ထူးဆန်းတဲ့ အမူအရာကို သတိထားမိတာကြောင့် သူမ ပြုံးလိုက်ပြီး..
"အာ..ဒီအတွက် မစိုးရိမ်နဲ့..။အနည်းဆုံးတော့..အခု
ငါက နိုးထသူ တစ်ယောက်ဖြစ်လာတာကြောင့် ၊ လက် တွေကို လှုပ်နိုင်နေပြီ..။ဒီမှာကြည့်လေ.."
သူမက ဘီးရဲ့လက်ကိုင်တွေကို ဆုပ်ကိုင်လိုက်ပြီး ..သူမရဲ့ ဝီးချဲကို ဟန်ချက်ထိန်းကာ နောက်တစ်ကြိမ် လှည့်ပြလိုက်တယ်။
"တွေ့လား..။ဒါက နင်မြင်ဖူးသမျှ ထဲမှာ အမိုက်ဆုံး အကွက်လို့ မထင်ဘူးလား.."
ဆန်နီ အနည်းငယ် တွေဝေနေပြီးကာမှ ..တိတ်တဆိတ်ပြော လိုက်တယ်...။
"...အင်း..။အကောင်းဆုံးတွေထဲက တစ်ခုပဲ..."
အယ်ဖီ သူ့ကို ပြုံးပြလိူက်ပြီး ကိုင် ကိုကြည့်လိုက်တယ်။
"တွေ့့လား နိုက်..။နင့်ရဲ့ ဆယ်လီတစ်ယောက်ရဲ့ အငွေ့အသက်က ငါ့ရဲ့ ဩဇာတိက္ကမ နဲ့ ယှဥ်ရင် ဘာမှ မဟုတ်တော့ဘူး.."
လူငယ်လေးဟာ သူမကိုကြည့်လိုက်ပေမယ့် ဘာမှ မပြောခဲ့ပါဘူး..။အဲဒီအစား သူက ရုတ်တရက် ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ပြီး ဆန်နီကို အားပါးတရ ဖက်လိုက်တယ်။
"ဆန်နီ..မင်း အသက်ရှင်နေတာ နတ်ဘုရားတွေရဲ့ ကျေးဇူးကြောင့်ပဲ.."
ဆန်နီ အနည်းငယ် ရုန်းကန်ဖို့လုပ်လိုက်ပေမယ့် နောက်ဆုံးတော့ ဒီ ပွေ့ဖက်မူကို အရှုံးပေးလိုက်ရတယ်။နောင်တရတဲ့ အမူအရာနဲ့ သူက ကြာနိုင်သမျှကြာအောင် သည်းခံပြီးနောက်မှ အံကိုကြိတ်ပြီး ပြောလိုက်တယ်။
"ငါက ဘာလို့ အသက်မရှင်ရမှာလဲ အရူး။ငါ့ကိုသတိလစ် နေတဲ့လူ မှတ်နေတာလား..။ငါက ဂိတ်ပေါက်ဝကို ဒရွတ်တိုက် ဆွဲခေါ်သွားခဲ့ရတဲ့ အပ်ိုလူ မဟုတ်ဘူး..."
ကိုင် က ပိုတင်းကြပ်အောင် ဖက်ပြီးနောက်မှ သူ့ကို လွတ်ပေးလိုက်တယ်။ခန့်ညားတဲ့လူငယ်လေးကနောက်ကိုတစ်လှမ်းဆုတ်လိုက်ကာ စက္ကန့်အချို့လောက် တွေဝေနေပြီးကာမှ သက်ပြင်းချလိုက်တယ်။
"ဒါတောင်မှ..။မင်းရဲ့ကံတရားနဲ့ဆိုရင်..မျှော်စင်တစ်ခုလုံး မင်းခေါင်းပေါ်ကို ပြုတ်ကျမလာတာကိုတောင် ငါ အံ့ဩနေမိပြီ..."
ဆန်နီ အေးခဲသွားပြီးကာမှ ကြိုးစားပြီး ပြုံးလိုက်ရတယ်..။
"ဟုတ်တယ်..။ဒါက..အတော်ကို ဆိုးဝါးခဲ့တာ..ဟုတ်တယ်မလား..."