← Chapters

သူငယ်ချင်းများနဲ့ ညစာစားပွဲ

Vol. 25 Ch. 374

သူငယ်ချင်းများနဲ့ ညစာစားပွဲ

Vol. 25 Ch. 374

မကြာခင်မှာပဲ..နည်းပြအချို့ ပေါ်လာခဲ့ကြတယ်။ခမ်းနား ထည်ဝါတဲ့ လေထုကြားထဲမှာပဲ သူတို့တစ်ဦးချင်းစီဟာ..မိန့်ခွန်းတိုများပြောကြခဲ့ကြပြီး..တိုင်းတာလို့ မရနိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်ကာ ၊ အစစ်အမှန် ကမ္ဘာကို ပြန်လာနိုင်ခဲ့တဲ့ အိပ်စက်သူစစ်တပ်ရဲ့ ကျန်ရစ်သူ တွေကို..ဂုဏ်ပြုခဲ့ကြပါတယ်။သူတို့က ကျရှုံးတဲ့ သူတွေ အကြောင်းကိုလည်း ပြောကြားခဲ့ကြတယ်။ဒီထဲမှာတော့ ဝမ်းနည်းပူဆွေးတဲ့ စကားလုံးတွေ ၊ သူတိူ့ရဲ့ စွန့်လွှတ်အနစ်နာခံမူကို လူသားတွေက ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ အကြောင်းအရာ တွေ ပါဝင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လူသားတွေဆိုတာက..သူတို့လို

လူငယ်လေးတွေကြောင့် ဆက်လက် ရပ်တည်နေနိင်ကြတာပါ။

ဆန်နီ အတွက်တော့ ဒီစကားလုံးတွေက အနှစ်မရှိတဲ့ အရာတွေဖြစ်ပေမယ့်..လူအုပ်ထဲက အများကြီးကိုတော့ သက်ရောက်စေခဲ့တယ်။လူတစ်ချို့က ငိုကြွေးနေကြပြီး ၊ တစ်ချို့က ရဲရင့်တဲ့ မျက်နှာတွေနဲ့ ရင်ဆိုင်ခဲ့ကြတာကို သူတွေ့ခဲ့ရပါတယ်။မေ့ပျောက်ကုန်းမြေပေါ်က နောက်ဆုံးနေ့ရက်တွေမှာ..လူတိုင်းက သူတို့ရဲ့ သူငယ်ချင်း ၊ အပေါင်းအပါ နဲ့ ချင်ခင်ရတဲ့ သူတွေကို ဆုံးရှုံးခဲ့ကြရပါတယ်။

နောက်ဆုံးမှာတော့ နည်းပြရော့ခ် ဟာ စင်ပေါ်ကို တက်လာခဲ့ပြီး..နိုးထသူ တစ်ယောက်ရဲ့ အဓိပ္ပါယ်၊ သူတို့ရဲ့ လူသားတွေကို ကာကွယ်ရမယ့် တာဝန်ဝတ္တရား ၊ နဲ့..နောက်ရက်သတ္တပတ် အနည်းငယ်ကလွဲလို့ သူတို့ ဘာတွေလုပ်သင့်လဲ ဆိုတာကို ပြောကြားခဲ့ပါတယ်။သို့ပေမယ့် တစ်နေရာအရောက်မှာတော့ သူ ကြားဖြတ်ခံလိုက်ရတယ်။

"မိန်းကလေး နစ်ဖီ ! သူမ ဘာဖြစ်ခဲ့တာလဲ ဆိုတာ ပြောပေးပါ..."

လူအုပ်ထဲက အသံတစ်ချို့ထွက်ပေါ်လာတဲ့ အချိန်မှာတော့ ကျန်တဲ့လူတွေလည်း ပူးပေါင်းလာခဲ့ကြတယ်။နည်းပြ ရော့ခ် သက်ပြင်းချလိုက်ပြီး..

"စိတ်အေးအေးထားကြပါ..နိုးထသူတို့ ။ကျွန်တော်တို့ သိသလောက်ကို ပြောပြပေးပါ့မယ်.."

အိပ်မက်စစ်တပ်ရဲ့ ကျန်ရစ်သူတွေဟာ တိတ်ဆိတ်သွားခဲ့ပြီး သူ့ကို ထိုးဖောက်မတတ်အကြည့်တွေနဲ့ကြည့်နေခဲ့ကြတယ်။

သန်မာတဲ့လူကြီးဟာ စက္ကန့်အနည်းငယ်လောက်တွေဝေနေပြီးကာမှ...

"အခု အားလုံးသိထားသလိုပဲ...မေ့ပျောက်ကုန်းမြေရဲ့ ထွက်ပေါ်က ဖျက်ဆီးခံလိုက်ရပုံပေါ်တယ်။တစ်ခြားလူတွေ လွတ်မြောက်နိုင်ဖို့..ကျရှုံးမူအဆင့် တယ်ရာကို တိုက်ခိုက်ပေးနေခဲ့တဲ့..ပြောင်းလဲနေတဲ့ကြယ်ပွင့် က အချိန်မှီလွတ်မြောက်နိုင်ခဲ့တဲ့ ပုံ မပေါ်ဘူး.."

လေးလံပြီး ၊ နိုပ်စက်တဲ့ ဖိအားတစ်ရပ်က လေထဲမှာ ချိတ်ဆွဲထားခဲ့တယ်။ခန်းမထဲမှာစုဝေးနေကြတဲ့လူငယ်လေးတွေဟာ တိတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ရဲ့ နှလုံးသားထဲမှာ နာကျင်ပြီး ဒေါသထွက်နေတဲ့ မုန်းတိုင်းတွေကိုတော့ သူတို့ရဲ့ မျက်နှာက သစ္စာဖောက်နေခဲ့ပါတယ်။

နည်းပြ ရော့ခ် ဆက်ပြောလိုက်တယ်။

"ဒါပေမဲ့ သူမက အိပ်မက်ကမ္ဘာထဲမှာ အသက်ရှင်လျက် ရှိနေတုန်းပဲ..။သူမရဲ့ အရေးကြီးတဲ့ လက္ခဏာတွေ ၊ ဦးနှောက်လှုပိရှားမူ တွေက တည်ငြိမ်နေတယ်..။ကြည့်ရတာ..အနည်းဆုံးတော့ မိန်းကလေး နစ်ဖီ က တယ်ရာရဲ့လက်ကနေ လွတ်မြောက်နိုင်ခဲ့ပုံပဲ..."

ကျန်တာကိုတော့ သူ ဆက်ပြောဖို့ မလိုအပ်တော့ပါဘူး..။ဒါက ဘာကိုဆိုလိုတာလဲ ဆ်ိုတာကို လူတိုင်းက နားလည်ထားပါတယ်။သူမက အိပ်မက်ကမ္ဘာထဲမှာ ပိတ်မိနေပြီး ပြန်ထွက်လာဖို့ လမ်းမရှိတော့ပေ..။

ဆန်နီဟာ..နိုးထသူ အသစ်တွေကိုကြည့်လိူက်ပြီး သူတို့ရဲ့ တုန့်ပြန်ပုံက ဘယ်လိုလဲ ဆိုတာကို သိချင်သွားခဲ့တယ်..။နောင်တတရားလား ၊ ဝမ်းနည်းမူ လား ၊ ဒေါသတရား လား...။

သိူ့ပေမယ့် သူမြင်လိုက်ရတဲ့ အရာကြောင့် အံ့ဩသင့်သွားခဲ့ရပါတယ်။

ခနအကြာမှာတော့ ..လူအုပ်ထဲကနေ ယုံကြည်မူတွေ ပြည့်နှက်နေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

"သူမ ပြန်လာလိမ့်မယ်..။တကယ်လို့ တစ်ယောက်ယောက် က လုပ်နိုင်တယ် ဆိုရင် အဲတာက မိန်းကလေး နစ်ဖီပဲ..."

ပထမတစ်ယောက်ရဲ့ အသံလှိုင်းတွေက..ပျံ့နှံ့သွားတဲ့ အချိန်မှာ လူတိုင်းက သဘောတူလိုက်ကြတယ်။

"ဒါအမှန်ပဲ..။သူမက အင်မော်တယ်မီးတောက်ကလန်ရဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်လေ..။သူမက သေမှာ မဟုတ်ဘူး.."

"သူမက တယ်ရာရဲ့ လက်ကနေ လွတ်မြောက်ခဲ့တယ်လို့ ဘယ်သူပြောလဲ..။မိန်းကလေးနစ်ဖီက သူ့ရဲ့ အသားကို ကင်ပြီး ၊ မြေပုံကို ကြည့်ရင်း နောက်ထပ် ထွက်ပေါက်က ဘယ်နားမှာရှိနိုင်မလဲ ဆ်ိုတာကို စဥ်းစားနေလောက်ပြီ.."

"အတိအကျပဲ..အင်မော်တယ် မီးတောက်က ငြိမ်းသတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး.."

ဒီမှာ နောင်တတရား ၊ ဝမ်းနည်းမူ ဒါမှမဟုတ် ဒေါသတွေ ရှိမနေခဲ့ပါဘူး..။မျှော်လင့်ချက် တစ်ခု တည်းသာ ရှိနေခဲ့တယ်။

ယုံကြည်မူ တစ်ခုတည်းပဲ..။

ဆန်နီဟာ မသက်မသာ နဲ့ အယ်ဖီနဲ့ ကိုင် ဘက်ကို လှည့်လိုက်တယ်..။သူတို့ နှစ်ယောက်စလုံးက အနည်းငယ် ဝမ်းနည်းနေပုံရပေမယ့် ..ထူးဆန်းစွာပဲ တည်ငြိမ်နေခဲ့ပါတယ်။

"ဘယ်လို...အာ...မင်းတို့ရော ဘယ်လိုထင်လဲ.."

အယ်ဖီ စက္ကန့်အနည်းငယ်လောက် တွေဝေပြီးကာမှ ပခုံးတွန့်လိုက်တယ်။

"ငါ သဘောတူတယမ..။တကယ်ကို တစ်ယောက်ယောက်က အသက်ရှင်လျက် လုပ်နိုင်မယ် ဆိုရင် အဲတာက မင်းသမီးလေးပဲ..။ဒါက မဖြစ်န်ိုင်ဘူးလို့တော့ ထင်ရတယ်..။ဒါပေမဲ့...ငါ ဆိုလိုတာက ..အဲတာက သူမပဲ..။သူမက ဘယ်လိုဆိုတာ နင်သိတာပဲ.."

ကိုင် ခနလောက် ခေါင်းညိမ့်နေပြီးကာမှ ခေါင်းညိမ့်လိုက်တယ်..။

"ငါလည်း အဲလိုယုံကြည်ထားတာပဲ..။ဒါမှမဟုတ်..ဒါမှမဟုတ်..အနည်းဆုံး ယုံကြည်ဖို့ ကြိုးစားရတာပေါ့.."

ဒီစကားတွေကို ပြောတဲ့အချိန်မှာတော့ သူ ပတ်ဝန်းကျင်ကို စိုးရိမ်းစွာကြည့်ပြီး ပြောလိုက်တယ်။

"ဒါပေမဲ့ ကတ်စီကတော့ ကြေကွဲနေလောက်ပြီ..။မင်း သူမကို တွေ့သေးလား.."

ဆန်နီ သူ့ကို ပြုံးကာ စိုက်ကြည့်လိုက်ပြီး တစ်ဖက်ကို လှည့်သွားခဲ့တယ်။

"...ငါ အစောက တွေ့ခဲ့တယ်။သူမက အဲ့လိုပဲ..."

ထူးဆန်းစွာပဲ ဒီနေ့မှာ မျက်မမြင်မိန်းကလေးကို ဘယ်မှာမှ မတွေ့ခဲ့ရပေ..။စိတ်သက်သာရာရစွာပဲ..။

ကိုင် သက်ပြင်းချပြီး မျက်နှာကို ပွတ်လိုက်တယ်။

"အာ..ငါ တကယ် အိပ်ချင်လာပြီ..။ဒီလောက်အကြာကြီး နိုးထနေရတာ အတော်ခက်ခဲတာပဲ..။မင်းတို့ရော ဘယ်လိုနေကြလဲ.."

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..

"ငါက အခုတော့ အဆင်ပြေတယ်..။ငါ့မှာက ရက်အနည်းငယ်ကြာအောင် နိုးထနေစေနိုင်တဲ့ စစ်တပ်အဆင့် လှုပ်ဆော်မူ ဆေးလုံးတွေ လည်း ရှိနေသေးတယ်လေ.."

အယ်ဖီ သူတို့ကို ကြည့်ကာ ပြုံးလိုက်ပြီး..

"ငါကတော့ လုံးဝ မအိပ်ချင်ဘူး..။ဒါပေမဲ့ အရိုးသားဆုံးပြောရရင်..ငါ ဗိုက်ဆာလို့ သေတော့မယ်။တစ်နေရာရာမှာတော့..စားစရာ ရှိမှာပဲ ဟုတ်တယ်မလား.."

***

အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..သူတို့က ဆေးရုံ အဆောက်အဦးရဲ့ ကဖေးဆိုင်ကို ရောက်လာခဲ့ကြတယ်။ဆန်နီ နဲ့ ကိုင်တို့က ညစာစားလို့ ပြီးခဲ့ကြပြီး..လေးပွဲမြောက်ဟင်းလျာတွေကို ပါးစပ်အပြည့်အားပါးတရ စားသောက်နေတဲ့ အယ်ဖီကို ကြည့်နေခဲ့ကြပါတယ်။သူမရဲ့ ရှေ့မှာတော့ ပါးကန်ပြားအလွတ်အပုံတစ်ခု ရှိနေခဲ့ပါပြီ..။

နောက်ဆုံးမှာတော့ မုဆိုးမိန်းကလေးဟာ စားသောက်တာ ပြီးဆုံးသွားခဲ့ပြီး ..ကျေနပ်မူတွေ အပြည့်နဲ့ ဝီးချဲရဲ့ နောက်ဘက်ကို မှီနေခဲ့တယ်။

"အာ..ဒါကမှ ဘဝပဲ..။ဆန်နီ..ငါ့ကို သောက်စရာ တစ်ခုခု ယူပေးစမ်းပါ.."

သူ သူမကို နက်မှောင်တဲ့ အမူအရာနဲ့ကြည့်ပြီး မေးလိုက်တယ်။

"...ငါ နင့်အတွက် နောက်ဆုံး ..ဟင်းပွဲသုံးပွဲ ကို ယူပေးပြီးသွားပြီလေ..။နင်ဘာလို့ ကိုင် ကို မခိုင်းတာလဲ.."

အယ်ဖီ ပြုံးလိုက်ပြီး..

"နင်က အငယ်ဆုံးမဟုတ်ဘူးလား..။အကြီးတွေကို ရိုသေစမ်းပါ ကောင်လေး..။ပြီးတော့ ကိုင် နဲ့ ငါက အခုဆိုရင် အကောင်ကြီးတွေဖြစ်နေပြီ။နင့်ရဲ့ အဆင့်နဲ့ မတူတော့ဘူး..။နင့်လို့ နာမည်မရှိတဲ့ မှင်စာ လေးက လတ်လျား လတ်လျား လုပ်နေတဲ့အချိန်မှာ ငါက အစစ်အမှန်နာမည်ရှိတဲ့ နိုးထသူ ကို ဟင်းပွဲတွေ သွားသယ် ခိုင်းရမှာလား..."

ဆန်နီ အံကိုကြိတ်လိုက်ပြီး..နာခံစွာပဲ မိန်းမငယ်လေးအတွက် သောက်စရာ တစ်ချိူ့ သွားယူ ပေးလိုက်တယ်။သူ ပြန်လာတဲ့အချိန်မှာတော့ ကိုင် က သူ့ကို တောင်းပန်တဲ့ အကြည့်တွေနဲ့ကြည့်နေခဲ့ပါတယ်။

"စိတ်မကောင်းပါဘူး ဆန်နီ..။တကယ်တော့ မင်း အစစ်အမှန် နာမည်မရတာကို ငါက အံ့ဩသင့်နေခဲ့တာ..။ငါ့အမြင်မှာတော့ မင်းထက် ဘယ်သူမှ ပိုပြီးဟမထိုက်တန်ဘူး..။တကယ်ပြောတာ.."

ဆန်နီ မသက်မသာ လှည့်ကာ ပြောလိုက်တယ်။

"ဟုတ်တယ်..ကောင်းပြီ..မင်းပြောတာ မမှားပါဘူး..။ငါက အစစ်အမှန်နာမည်နဲ့ ထိုက်တန်တယ်..ဟုတ်တယ်မလား..။ဘယ်လို ရယ်စရာမျိုးလဲ.."

အယ်ဖီ တခစ်ခစ် ရယ်မောလိုက်ပြီး..

"ဟေး..နိုက်။ ဆန်နီ ရဲ့ အစစ်အမှန် နာမည်က ဘာဖြစ်လောက်မယ် ထင်လဲ..."

ကိုင်က အကြိမ်အနည်းငယ် မျက်တောင်ခတ်ကာစဥ်းစားလိုက်ပြီးမှ..ပြုံးလိုက်ရင်း..

"ငါလည်း သိပ်တော့ မသေချာဘူး..။ကျော်ကြားတဲ့ နောက်ဆုံးစာလုံး....အဲလိုမျိုးလား..."

သူ ပေါ့ပါးစွာ ရယ်မောပြီး ထပ်ပြောလိုက်တယ်။

"ဒါမှမဟုတ်..'အမှန်မဟုတ်ပေမယ့်..ဖြစ်သွားခဲ့သူ' !နင်ရောဘယ်လိုထင်လဲ အယ်ဖီ.."

အယ်ဖီဟာ ဆန်နီကို ကြည့်ကာ လှည့်ဖျားစွာပြုံးလိုက်ပြီး..

" ...ဂါဝန်နဲ့ ကြည့်ကောင်းသူ ..."

သူက သူမက်ု သတ်ဖြတ်လိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး..

"ဟေး..."

မိန်းမငယ်လေး အားပါးတရ ရယ်မောနေချိန်မှာတော့ ဆန်နီ ဟာ ကိုင် ဘက်ကို လှည့်ကာ မျက်မှောင်ကျုတ်လိုက်ပြီး..

"အစစ်အမှန်နာမည်တွေ အကြောင်းပြောရရင်..။အယ်ဖီ က ငါနားလည်လို့ ရတယ်..ဒါပေမဲ့

နိုက်တင်ဂေး လား။မင်းနာမည်က မင်းရဲ့ အဖွဲ့နာမည်လို့ ဖြစ်နေတာပဲ..။အဲတာက ဘာဖြစ်တာလဲ.."

ယင်းနောက် သူက ခန့်ညားတဲ့လူငယ်လေးကို သံသယဖြစ်စွာကြည့်ပြီး ပြောလိုက်တယ်။

"ကိုင်...ရိုးရိုးသားသားပြောစမ်းပါ..အခိုက်အတန့် ကလည်း မင်းရဲ့ ပရိတ်သတ် ကောင်မလေး ပဲ..ဟုတ်တယ်မလား.."

သူ့ရဲ့ သူငယ်ချင်းဟာ သောက်စရာ သီးသွားခဲ့ပြီး..မျက်နှာကို ရှက်ရွံ့စွာ သုတ်ရင်း..ဆန်နီကို အပြစ်တင်တဲ့ အကြည့်နဲ့ကြည့်လိုက်တယ်။နောက်ဆုံးတော့ သူ သက်ပြင်းချလိုက်ပြီး...

"အင်း..တကယ်လို့ ဒီလိုဆိုရင်တောင်..အဲတာက ကောင်းမယ့် အရာတော့ မဟုတ်ဘူး။အကောင်းဆုံးဆိုရင်တောင် ဒါက..ဆာဆန် တစ်ယောက်ပဲ "

ဆာဆန် ( sasaeng ) - အိုင်ဒေါ တွေကို လိုက်တိုက်ခိုက် ၊ privacy တွေ ချိုးဖောက် ပြီး ..မိသားစုဝင်တွေကိုပါ တိုက်ခိုက်တတ်တဲ့ အရူးအမူး တမ်းတမ်းစွဲ ပရိတ်သတ် မျိုး ။

All Chapters