မတူညီတဲ့ လမ်းကြောင်းများ
Vol. 25 Ch. 375
ဆန်နီ ပြုံးလိုက်ပြီး..ထိုင်ခုံနောက်ကို မှီလိုက်ကာ သူ့ရဲ့ သူငယ်ချင်းတွေကို သိချင်စွာကြည့်လိုက်တယ်။
ဒါက သူ တကယ်ကို မေးချင်နေတဲ့ မေးခွန်းဖြစ်ပေမယ့်..အခုထိ မမေးမိအောင် ကြိုးစားနေခဲ့တာပါ။
"...စကားမစပ် ..နင်တို့ရဲ့ ဒုတိယ စွမ်းရည်တွေက ဘာတွေ များလဲ..."
သူ့စကားတွေက လေထဲမှာ ခနလောက် ပျံ့လွင့်နေခဲ့တယ်။ရုတ်တရက် ကိုင် ဟာ ရှက်ရွံ့စွာ ချောင်းဆိုးလိုက်ပြီး အဝေးကိုကြည့်လိုက်ပါတယ်။စက္ကန့်အတော်ကြာပြီးကာမှ...သူက ထူးဆန်းတဲ့ လေသံနဲ့ပြောလိုက်တယ်။
"ငါ..အာ..ငါသာ ဆန္ဒရှိမယ်ဆိုရင် အဝေးတွေအထိအောင် မြင်နိုင်တယ်..။အလင်းရောင် မရှိရင်တောင်မှပေါ့..။ငါက ပုံရိပ်ယောင် တွေ နဲ့ ဖုံးကွယ်ထားတာ တွေကို မြင်နိုင်တယ်..အဲတာက ဘာပဲဖြစ်ဖြစ်ပေါ့..။ပြီးတော့..အင်း...ငါက အရာဝတ္တုတွေကိုလည်း ဖောက်မြင်နိုင်သေးတယ်..."
ဆန်နီ နဲ့ အယ်ဖီ တို့က သူ့ကို စိုက်ကြည့်ပြီး ပြိုင်တူနီးပါး မေးလိုက်ကြတယ်..။
" နံရံတွေကို ဖောက်ထွင်းမြင်နေရတာ လား.."
"အဝတ်အစား တွေကို ဖောက်မြင်နေရတာလား.."
ကိုင်ဟာ ဖန်ခွက်နောက်မှာ ပုန်းနေခဲ့ပြီး ခနလောက်တွေ ဝေနေပြီးကာမှ သေးငယ်တဲ့ အသံနဲ့ပြန်ဖြေလိုက်တယ်..။
"...ဟုတ်တယ်..။ဒါပေမဲ့ ငါ ဘယ်တော့မှ မလုပ်ဘူး "
ကိုင် က ဘာလို့ နံရံတွေကို ဖောက်မကြည့်ချင်တာလဲ ဆ်ိုတာကို သိဖို့ စိတ်ကူးယဥ်ကြည့်နေတုန်းမှာပဲ အယ်ဖီ က အားပါးတရ ရယ်မောလိုက်တယ်။
"ငါ သိပြီ..ငါသိပြီ..။တကယ်ကို စွမ်းရည်ကောင်းပဲ.."
သူမ ခေါင်းခါယမ်းလိုက်ပြီး ဆန်နီ ဘက်က်ို လှည့်ကာ မေးလိုက်တယ်။
"ဟေး..ငတုံးလေး..။နင်က ငါ့ကို တစ်ခုခုချွန်ထက်တာနဲ့ မကြာခန ထိုးချင်နေမယ် ဆိုတာ ငါ လောင်းရဲတယ်။နင် စမ်းကြည့်ချင်လား.."
ဆန်နီ စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကျုတ်လိုက်ပြီး..
"ဟင့်အင်..။ငါ က ဘာလို့ နင့်ကို ထိုးရမှာလဲ.."
အယ်ဖီ ဟာ သိသာတဲ့ မျှော်လင့်ချက်တွေနဲ့ သူ့ကို ကြည့်နေခဲ့ပြီး..သူ မလှုပ်တာ မြင်တဲ့အချိန်မှ သက်ပြင်းချလိုက်တယ်။
"အာ..ဒါက ရှက်စရာပဲ..။ငါ့ရဲ့ ဒုတိယ စွမ်းရည်ကို နင့်ကို သရုပ်ဖော်ပြချင်တာကို..။အခြေခံအားဖြင့် ဒါက ငါ့ရဲ့ ခန္တာကိုယ် တစ်ခုလုံးကို..လုံခြုံအောင် ဖန်တီးပေးထားတယ်..။ကောင်းပြီ...ဒါပေါ့..သိသိသာသာ သဘောမျိုးပေါ့..။စတီး အရေပြား တွေ..လိုမျိုးပဲ..။ငါ့က်ိုယ်ငါ ပြောရရင် ဒါက ပြီးပြည့်စုံတဲ့ ကာကွယ်မူ အဖြစ် တိုးမြင့်ပေးထားသလို ပဲ.."
ဆန်နီ မျက်တောက်ခတ်လိူက်ပြီး ပိန်လှီနေတဲ့ မိန်းမငယ်လေးကို အံ့ဩသင့်စွာကြည့်လိုက်တယ်။အမှန်တကယ်ပဲ ဒါက အားကောင်းတဲ့ စွမ်းရည်တစ်ခုပါ။အယ်ဖီ ရဲ့ အရင်တည်ရှိနေတဲ့ ခွန်အားတွေနဲ့သာ ပေါင်းစပ်လိုက်ရင်..ဒါက စစ်မြေပြင်ထဲမှာ သူမကို အရမ်းအားကောင်းတဲ့ လူတစ်ယောက် အဖြစ် ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။တကယ်တော့ သူမက တကယ်ကို ကြောက်မက်ဖွယ်ရာ အနေအထားမှာ ရှိနေပြီးပါပြီ..။
အယ်ဖီ သူ့ကိုကြည့်ပြီး သံသယဖြစ်စွာ မေးလိုက်တယ်။
"ကောင်းပြီလေ..နင် ကရော.."
သူ အနည်းငယ် လှုပ်လိုက်ပြီး..
"အခြေအနေအရ..အကွာအဝေး အတိုးလေးတွေကို ဖြတ်ကူး သွားလာနိုင်တဲ့ စွမ်းရည်မျိုးပေါ့..။ကိူင်က နံရံတွေကို ကျော်ဖြတ်မြင်နိုင်သလို ၊ ငါက နံရံတွေကို ကျော်ဖြတ်ပြီး သွားလာနိုင်တယ်လေ..။နင်ကတော့ နံရံ တွေကို ..ဖျက်ဆီးနိုင်မယ်လို့ ထင်တာပဲ..။နင့်ရဲ့ ပုံမှန် ကြမ်းတမ်းတဲ့ ဖက်ရှင်နဲ့ ဆ်ိုရင်ပေါ့.."
အယ်ဖီ ပြုံးလိုက်ပြီး..
"ဖြတ်သန်းနိုင်တယ်ပေါ့ ဟင်..။စိတ်ဝင်စားဖို့ ကောင်းတဲ့ စကားလုံးရွေးချယ်မူပဲ..။တကယ်လို့ ငါ..."
ဆန်နီ အလျင်အမြန်ပဲ စကားလမ်းကြောင်းကို လွှဲလိုက်တယ်။
"ဒီတော့..အာ..နင်တို့ရဲ့ အစီစဥ်တွေက ဘယ်လိုတွေရှိကြလဲ..။ဘယ် ခံတပ်ကို သွားကြမှာလဲ.."
သူ့ရဲ့ ရုတ်တရက် မေးခွန်းက..စကားပြောဆိုမူရဲ့ ခံစားချက်ကို ပြောင်းလဲသွားခဲ့တယ်။အတော်ကြာတဲ့အထိ သူတို့ကြားထဲမှာ တိတ်ဆိတ်သွားခဲ့ပါတယ်။သူတို့သုံးယောက်စလုံးရဲ့ မျက်နှာတွေပေါ်မှာ အတွေးတွေ နဲ့ ပြည့်နှက်နေခဲ့တယ်။
ဒီအခြေအနေက ရှောင်လွဲလို့ မရနိုင်ဘူးဆိုပေမယ့် သူတို့က ဒီဆွေးနွေးမူကို အတော်ကြာအောင် မရောက်ဖို့အတွက် ကြိုးစားနေခဲ့ကြတာပါ။ဒါက အနည်းငယ် ရှက်ရွံ့စရာ ဒါမှမဟုတ် အနည်းငယ် ဝမ်းနည်းစရာဘတွေကြောင့်ဖြစ်နိုင်ပါတယ်။မေ့ပျောက်ကုန်းမြေပေါ်မှာ သူတို့သုံးဦး ချည်နှောင်ခဲ့ကြတဲ့ ဆက်ဆံရေး တစ်ခုက..အခုချိန်မှာ သူတို့ရဲ့ ရွေးချယ်မူတွေပေါ်မူတည်နေပြီး..ဒါက အားနည်းသွားမှာလား ဒါမှမဟုတ် ပြတ်တောက်သွားမလား ဆိုတာ မသိသေးပါဘူး။အနာဂတ်မှာ သူတို့က ကိုယ်စီလမ်းကြောင်းတွေကို လျောက်လှမ်းကြမှာဖြစ်ပြီး..ဒါက ဆန့်ကျင့်ဘက် လမ်းကြောင်းတွေဖြစ်နိုင်ပါတယ်။
အဆိုးပဲဖြစ်ဖြစ် အကောင်းပဲဖြစ်ဖြစ် သူတို့က ကိုယ့်လမ်းကို လျောက်ကြရတော့မှာပါ..။ကံတရားက တစ်နေ့မှာ သူတို့ကို အတူတူ ပြန်ဆုံစည်းစေဖို့ ဖြစ်နိုင်သလို ၊ ဘယ်တော့မှ ပြန်မတွေ့စေတော့တာလည်း ဖြစ်နိုင်ပါတယ်။
အတော်ကြာပြီးကာမှ အယ်ဖီ သက်ပြင်းချလိုက်ပြီး..
"ငါ တကယ် မသိတော့ဘူး..။ငါ့ကို ဗာလာ ကလန် နဲ့ ဆောင်ကလန် က ဖိတ်ခေါ်မူတွေ ပို့ထားတယ်။ဒါပေမဲ့ နင်တို့လည်း ငါ့ကို သိတာပဲ..။ငါက ထိန်းချုပ်မူတွေအောက်မှာ နေနိုင်တာ မဟုတ်ဘူး..။ထပ်ပြောရရင် ငါတကယ် အကူအညီလိုအပ်နေတုန်းက သူတို့ နှစ်ဖွဲ့စလုံးက လက်ချောင်းလေးတောင် လှုပ်ခဲ့ကြတာ မဟုတ်ဘူးလေ..။အခု ငါက တန်ဖိုးရှိတဲ့အရာဖြစ်လာတဲ့ အချိန်ကျမှ သူတို့က ရုတ်တရက်ကြီး ကြင်နာပြီး ရင်းနှီးပြနေကြတာ..။အရိုးသားဆုံးပြောရရင် ဒါက ငါ့ကို စိတ်အနှောက်အယှက်ဖြစ်စေတယ်.."
သူမ ဝီးချဲကို ကြည့်လိုက်ပြီး၊ ပင်ပန်းစွာ နောက်ကို မှီလိုက်တယ်..။
"ဘာပဲဖြစ်ဖြစ်..ငါ သူတို့ရဲ့ ကမ်းလှမ်းမူကို လက်ခံချင်ရင်လညိး ခံမယ် ၊ လက်မခံချင်ရင်လည်း လက်မခံဘူး..။ဒါက ဒုတိယ အိပ်မက်ဆိုးအတွက် အဆင်သင့်ဖြစ်ဖို့ အမြန်ဆုံး နည်းလမ်းအပေါ် မူတည်လိမ့်မယ်။ငါက အမွေဆက်ခံမူတွေ ၊ အရင်းအမြစ်တွေ နဲ့ အာရုံစိုက်မူ တွေ အတွက် မတိုက်ခိုက်ပဲ..လွတ်လွတ်လပ်လပ် နေရမယ် ဆိုရင် မာစတာ အဆင့်ကို ပိုမြန်မြန် ရောက်ဖို့ အခွင့်အရေး ပိူကောင်းတာလည်း ဖြစ်နိုင်တာပဲ.."
ဒုတိယ အိပ်မက်ဆိုးပြီးသွားရင်..တစ်စုံတစ်ယောက်ရဲ့ စိတ်ဝိဥာဥ် ခန္တာကိုယ်က..သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ် ဖြစ်လာပါပြီ..။မာစတာ အဆင့်ကို ရောက်တာက..အယ်ဖီ အတွက်ဆိုးဝါးတဲ့ ဒုက္ခ်ိတ ဘဝကနေလွတ်မြောက်နိုင်တာ ဖြစ်တာကြောင့်..သူမရဲ့ စိတ်အားထက်သန် မူကို ဆန်နီ နားလည်ပေးလို့ရပါတယ်။
အခုတော့ သူမအတွက် ဒုတိယ အိပ်မက်ဆိုးကို ကျော်ဖြတ်နိုင်အောင် ကြိုးစားမူက တစ်ခုတည်းသော နည်းလမ်းလို့ ဘာလို့ ပြောတာလဲ ဆိုတာကို ဆန်နီ နားလည်သွားခဲ့ပါပြီ..။
...ရယ်စရာကောင်းတာက...ကိုယ်ပိုင်စိတ်ဆန္ဒ မပါဝင်တဲ့ ဆန်နီကလည်း တူညီတဲ့ အခြေအနေမှာ ရောက်နေတယ် ဆိုတာပါပဲ..။
ကိုင်က အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချလိုက်တယ်။
"ငါ့အတွက်ကတော့..ငါ့ရဲ့ အေဂျင်စီက..ဘတ်တန် မှာအရမ်းကို ကောင်းတဲ့ နေရာတစ်ခု စီစဥ်ပေးထားတယ်။ဒီတော့..ငါ မကြာခင်မှာ အဲ့ကို သွားရတော့မှာ..။ငါက အချိန် အတော်..အတော် ကြာတဲ့အထိ အိက်မက်ဆိုး သားရဲ တွေနဲ့ တိုက်ခိုက်စရာ မလိုတော့ဘူး လို့ ထင်တာပဲ..။ငါ ထင်တယ်..ဘယ်တော့မှ တောင်ဖြစ်နိုင်တာ်..."
သူ့ဘဝတစ်လျောက်လုံး အတွက် လုံခြုံမူ နဲ့ သက်သောင့်သက်သာ ဖြစ်မူအကြောင်းကို ပြောနေရပေမယ့် သူက ပျော်ရွှင်တဲ့ပုံ မရှိပါဘူး..။သူ့ရဲ့ အသံမှာ ဝန်လေး မူတွေတောင် ပါဝင်နေခဲ့တယ်..။ရှက်ရွံ့ မူတောင်းမှပဲ...။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။
"မင်း လေသံကို ချက်ချင်းပြင်လိုက်တာ ကောင်းမယ် ကိုင်..။လူတစ်ယောက်လို နေထိုင်နိုင်ဖို့ ၊ သောက်ကျိုးနဲ နေ့ရက်တိုင်းမှာ အစားခံရမှာ စိတ်ပူမနေရတဲ့ ဘဝမှာနေထိုင်တာက ဘာမှ မှားယွင်းနေတာ မရှိဘူး..။ဒီအတွက် စိတ်မကောင်းဖြစ်မိတာမျိုး တောင် မဖြစ်စေနဲ့..ဟုတ်ပြီလား.."
ခန့်ညားတဲ့လူငယ်လေးဟာ ဝမ်းနည်းစွာပြုံးပြီး ခေါင်းညိမ့်လိုက်တယ်။
"ငါ သိပါပြီ..။ကျေးဇူးပြုပြီး ငါ့ရဲ့ ကျေးဇူးမသိတတ်မူကို ခွင့်လွှတ်ပေးပါ..။ဒါပေမဲ့ မင်းကရော ဆန်နီ..."
ဆန်နီ သူ့ခေါင်းသူ ကုတ်လိုက်ပြီး ပုခုံးတွန့်လိုက်တယ်။
"ကောင်းပြီလေ..ငါ အခု ချမ်းသာနေပြီ..။မင်းတို့ ယုံကြည်ကြမှာတော့ မဟုတ်ဘူး..ဒါပေမဲ့ ဒါက အဲလိုဖြစ်သွားတယ်။ငါက အိပ်မက်ကမ္ဘာထဲက အကြောင်းကို စကားလုံးနည်းနည်း ရေးပေးလိုက်တာနဲ့..တကယ်ပဲ ပိုက်ဆံတွေ ရတော့မှာ..။ပြီးတော့..ငါထင်တာက..ငါက လက်ထောက် သုတေသန ပညာရှင်တစ်ယောက်အနေနဲ့ အကယ်ဒမီ ကနေ လစာ ရတော့မယ်ထင်တယ်..။ဒီတော့ ..အာ..တကယ်တော့ ငါက ခံတပ်ကိုတော့ အခုထိ မရွေးချယ်ရသေးဘူး..။ဒါပေမဲ့ ငါက ကြိုက်တဲ့ဟာကို ရွေးလို့ရတယ်..၊ အစိုးကလည်း အရမ်းကို ဖော်ရွေနေတယ်လေ.."
အယ်ဖီ နဲ့ ကိုင် တို့ နှစ်ယောက်စလုံးဟာ ဆန်နီကို မဖြစ်နိုင်ဖွယ် အမူအရာနဲ့ကြည့်နေခဲ့ပြီး..သိသာစွာပဲ ဆန်နီ ကို ပညာရှင်တစ်ဦး ဒါမှမဟုတ် နည်းပြတစ်ဦး အဖြစ် မြင်ယောင်ကြည့်နေကြပါတယ်။
"တွေးကြည့်လိူ့တောင် မရဘူး.."
"ဟုတ်တယ်..မှားနေသလိူပဲ.."
"ခံတပ် တွေကျတော့ရော.."
"ဒီတော့ နင်က ဘယ်တစ်ခုကို ရွေးမှာလဲ.."
သူ ခနလောက် တွေးလိုက်ပြီး မှ ပုခုံးတွန့်လိုက်ပြီး..
"အခုထိ မသိသေးဘူး..။ဒါပေမဲ့ လူအနည်းငယ်လောက်ပဲ သိသေး ၊ စဥ်းစားနိုင်သေးတဲ့ လျိုဝှက်ချက်တစ်ခုကို ငါနင့်ကို ပြောပြမယ်..။အရမ်းကို ပညာရှိ တဲ့လူတစ်ယောက်က ဒီဟာကို အခြေခံပြီး ရွေးချယ်ဖို့ ငါ့ကို ပြောခဲ့တာ.."
ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးမှ လေးနက်စွာ ပြောလိုက်တယ်။
"ရေပိုက်စနစ်..။ပျော်စရာကောင်းတဲ့ ဘဝကို ရမယ့် လျိုဝှက်ချက်ကတော့..ရေပိုက်စနစ် ကောင်းမွန်တဲ့ ခံတပ်ကို ရွေးချယ်ဖို့ပဲ.."
***
မကြာခင်မှာပဲ နှုတ်ဆက်ဖို့ အချိန်က ရောက်လာခဲ့တယ်။သူတိူ့ရဲ့ ခွဲခွာမူက ..နွေးထွေးပြီး..ခါးသက်သော အရသာ ရှိနေခဲ့ပါတယ်။ကိုင် နဲ့ အယ်ဖီ တို့ ထွက်ခွာသွားတာကို ကြည့်ပြီး နောက်မှာတော့..ဆန်နီ အတော်ကြာအောင် တွေဝေနေရင်း..ဆေးရုံအဆောက်အဦး မြေအောက်ထပ်က အခန်းဆီကို ပြန်လာခဲ့လိုက်တယ်။
အခုက ညနေခင်းကို ရောက်လာပြီဖြစ်တာကြောင့် သူ့ မျက်လုံးတွေကလည်း လေးလံလာခဲ့ပါတယ်။စိတ်အနှောက်ယှက်ဖြစ်တဲ့ အမူအရာနဲ့ ဆန်နီဟာ လှုံ့ဆော်နိုင်တဲ့ ပလာစတာ တစ်ခုကို ထုတ်ယူပြီး ..သူ့ရဲ့ အရေပြားပေါ်မှာ ကပ်လိုက်တယ်..။
ချက်ချင်းဆိုသလိုပဲ အေးစက်တဲ့ မီးတောက်တစ်ခုက သူ့ရဲ့ သွေးကြောထဲကို စီးဝင်သွားခဲ့ပါတယ်။သူ့ နှလုံးခုန်သံတွေ မြန်လာပြီး စိတ်တွေကြည့်လင်လာခဲ့တယ်။ဆန်နီဟာ..လန်းဆန်း ၊ ခွန်အားပြည့်ဝ ပြီး ..တောင်တန်းကြီးတွေကို ဝါးစားဖြစ်ဖို့တောင် အဆင်သင့်ဖြစ်နေသလို ခံစားလိုက်ရတယ်။
ဒါပေါ့ ဒီလို တိုးမြှင့်ဖို့အတွက် ပြန်ပေးဆပ်ရတဲ့ တန်ကြေးလည်း ရှိပါတယ်။နောက်ဆက်တွဲ အနေနဲ့ ဒီအရာက တူညီတဲ့ ပမာဏ အတိုင်း အားအင်တွေ ကုန်ခမ်း စေပါလိမ့်မယ်။နောက်ထပ် နောက်ထပ် ဆေးတွေကို မသုံးစွဲရင် သူက ဒီတိုင်းဖြစ်နေပါလိမ့်မယ်..။ဆေးအသစ်က်ို သုံးစွဲတဲ့ အချိန်ဆိုရင်တော့..သက်ရောက်နိုင်တဲ့ အချိန်ကာလ တိုတောင်းသွားပြီး..သူ့ခန္တာကိုယ်ကို ထိခိုက်တဲ့ နှုန်းက တိုးလာပါလိမ့်မယ်။
တကယ်လို့ သူသာ သာမန်လူတစ်ယောက်ဆိုရင် ဒီ
ပလာစတာ တစ်ခုတည်းနဲ့တင် နှလုံးပေါက်ကွဲထွက်သွားပါလိမ့်မယ်..။အစိုးရရဲ့ စစ်တပ်အဆင့် နည်းပညာ တွေက စနောက်စရာ မဟုတ်ပါဘူး..။
...သို့ပေမယ့် သူက ဆုံးဖြတ်ချက်ချဖို့ အခုထိ အဆင်သင့် မဖြစ်သေးပေ..။သူက လုပ်စရာ အနည်းငယ် ရှိနေပါသေးတယ်။
ဥပမာ ..သူ့ရဲ့ မှတ်သားမူ အသစ်တွေကို စစ်ဆေးတာ မျိုးပါ....