← Chapters

ပွဲကြီးပွဲကောင်းရဲ့အစ

Vol. 011 Ch. 1006

ပွဲကြီးပွဲကောင်းရဲ့အစ

Vol. 011 Ch. 1006

“မင်းအဖေအကြောင်းပြောရရင် ဒီမှာ သုံးရက်သုံးညကုန်သွားလိမ့်မယ် ပြီးမှာမဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ငါတို့ပြန်ရောက်တာနဲ့ မင်းကို ဖြည်းဖြည်းချင်းပြောပြမယ်၊ အခုတော့ သူဘယ်မှာလဲဆိုတာ သိချင် သားပဲ”

ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည် “သူတို့မပြောကြဘူး၊ သူတို့က ကျွန်တော့်ကိုမပြောချင်တဲ့ပုံလည်းမပေါက်ဘူး”

“ငါခံစားရတာတော့ သူတို့နဲ့ အခုချိန်ကိုအများကြီးမတွေ့သင့်ဘူးထင် တာပဲ” စူးရှောင်ရှောင်ပြောလိုက်သည် “အဲမင်းအဖေက အဘိုးလက်ထဲ မင်း ကိုပေးခဲ့တယ်ဆိုတာက ရှီမာမျိုးနွယ်မှာက အန္တရာယ်ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ၊ မင်းပြန်လာတယ်ဆိုတာ သူတို့သိရင် မမြင်နိုင်တဲ့ အန္တရာယ်တွေရောက်လာနိုင်တယ်”

“ကျွန်တော်လည်း အဲလိုထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “အခု တော့ အဂ္ဂိရတ်ပညာပြိုင်ပွဲကိုပဲ လုံးဝအာရုံစိုက်ထားတယ်၊ ကျန်တာကို နောက်မှပြောကြတာပေါ့”

“မင်းအဲလိုတွေးမယ်ဆိုတာ မမျှော်လင့်ထားဘူးပဲ” ဟန့်မြောင်ရွှမ် ပြော လိုက်သည် “တကယ်လို့ ငါသာဆိုရင် သေချာပေါက် ပျော်နေမှာပဲ”

ရှီမာယူယူ ပြုံးလိုက်သည်။ သူမသည် သူတို့ကိုအတန်ကြာပြောပြီး နောက်တွင် စိတ်ငြိမ်သွားလေသည်။

“ကောင်းပြီ မင်းအဆင်ပြေတယ်ဆိုမှတော့ အဂ္ဂိရတ်ပြိုင်ပွဲကို သေချာ ပြင်လို့ရတာပေါ့” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“ဟုတ်တယ်”

ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ပို့ပြီးနောက်တွင် ရုတ်တရက် ဝူလင်းယူကို လွမ်းလာသည်။ သူသာရှိလျှင် စိတ်ငြိမ်မှုကို ပိုပြီးလျင်မြန်စွာ ရ နိုင်သည်။

“အဖေ…အမေ… အဲနှစ်ကဘာတွေဖြစ်ခဲ့တာလဲ….”

တစ်ရက်နှင့်နေ့တစ်ဝက်ကြာပြီးနောက်တွင် ရှီမာယူယူသည် အပြင် မထွက်တော့ပေ။ ပြီးခဲ့သည့်တစ်ခေါက် သူမ အပြင်ထွက်ခဲ့စဉ်က ရှီမာမျိုးနွယ် မှလူများနှင့်တွေ့ခဲ့ရသည်။ သူမအပြင်ထပ်ထွက်ပါက သူတို့နှင့် မတော်တဆ တွေ့မလားကို မသိနိင်ပေ။

အဂ္ဂိရတ်ပြိုင်ပွဲနေ့တွင် ရှီမာယူယူသည် ဂိုဏ်းမှလူများနှင့်ရှိနေသည်။ သူတို့သည် မနက်အစောပိုင်းတွင် ခြံဝန်းအကျယ်သို့သွားကြလေသည်။ ထိုနေရာသည် အထူးတလည်ပြင်ဆင်ထားကာ ပြိုင်ပွဲအမျိုးမျိုးသည် ထိုနေရာတွင် ကျင်းပကြသည်။

သူတို့တံခါးမှဝင်လိုက်သည်နှင့် ရှီမာယီဖေနှင့် တခြားသူများလည်း လမ်းလျှောက်ကြသည်။ သူတို့သည် ရှီမာယူယူကိုမြင်သောအခါ ဝမ်းပန်း တသာဖြင့် လက်ရမ်းပြကြလေသည်။

“ယူယူ မင်းလည်းပြိုင်ပွဲဝင်ပြိုင်မှာလား မဟုတ်ရင် ငါတို့လိုပဲ အပေါ်က နေကြည့်မှာလား”

“ခင်ဗျားတို့ ပွဲကိုပျော်ကြဖို့မျှော်လင့်ပါတယ်” ရှီမာယူယူသည် သူတို့ကို ခေါင်းညိတ်ရုံမျှညိတ်ပြကာ ပြိုင်ပွဲနေရာသို့သွားလိုက်သည်။

“ဒီလူက ဒေါသထွက်နေတုန်းပဲ အာ..” ရှီမာယီဖေသည် သူ့ရင်ဘတ်ကို ထိပြီးပြောလေသည်။

“သြော် အခုမှစဉ်းစားမိတာလား” ရှီမာရှင်းရှို့သည် လျှောက်လာပြီး ပြောလိုက်သည် “သူ ပြိုင်ပွဲဧရိယာကိုသွားတာတွေ့လိုက်လား”

“တွေ့တယ်လေ” ရှီမာယီဖေသည် သူ့ကိုငတုံးဆိုသည့်အကြည့်နှင့် ကြည့်လေသည်။ ထို့နောက်တွင် သူ မျက်လုံးပြူးပြီးအော်လေသည် “သူက ဆေးဖော်တတ်တာပဲ”

“သူဆေးဖော်တတ်ရုံတင်မဟုတ်ဘူး သူ့အဆင့်ကသေချာပေါက် မနိမ့် ဘူးပဲ” ရှီမာရှင်းရှို့ ပြောလိုက်သည် “မင်းကရောဘာလုပ်တတ်လဲ”

“လက်နက်လုပ်တာလေ” ရှီမာယီဖေ ပြောလိုက်သည် “သူလက်နက် လည်းလုပ်တတ်တယ်လို့တော့မပြောနဲ့နော်”

“သူလက်နက်လုပ်တတ်လား မလုပ်တတ်လားတော့ ညီမတို့လည်း မသိဘူး ဒါပေမဲ့ သူကတော်တော်များများမှာ ကျွမ်းကျင်တာကိုတော့သိတယ်” ရှီမာယိယွင်သည် လျှောက်လာပြီးပြောလေသည် “သူက ရှာဖွေသူဝိညာဉ် သခင်ဆိုတာတော့ သိသာတယ်၊ ဒါပေမဲ့ ဖန်ကျိရှင်းက သူ့ဆရာဆိုတာလည်း သိပြီးပြီပဲ အဲဒါကိုပြောတာဖြစ်မလဲ”

“ဆိုလိုတာက သူကတည်ဆောက်မှုသခင်လည်းဖြစ်နေတယ်” ရှီမာချီချီ သည် တုန်လှုပ်စွာဖြင့်ပြောလေသည် “သူကရှာဖွေသူဝိညာဉ်သခင်၊ တည်ဆောက်မှုသခင်နဲ့ အဂ္ဂိရတ်ပညာရှင်လည်းဖြစ်နေတယ် သူက လူသား ရောဟုတ်ရဲ့လား”

“သူက သဘာဝနဲ့ဆန့်ကျင်နေတဲ့ ပါရမီရှင်ဖြစ်လောက်တယ်” ရှီမာယီဖေ ပြောလိုက်သည် “တော်ပြီ ငါတို့ပြိုင်ပွဲကိုမြန်မြန်သွားသင့်တယ်၊ ငါတို့ဒီပြိုင်ပွဲကိုနိုင်ပြီး ဆုရရမယ် ဂူမျိုးနွယ်ကိုရှုံးလို့မဖြစ်ဘူး”

“ညီမတို့သိပါတယ်” ရှီမာချီချီ ပြောလိုက်သည် “အစ်ကိုက တခြားသူ တွေနဲ့ အပေါ်တက်ပြီးကြည့်လို့ရတယ် ညီမတို့သေချာပေါက် ဂူမျိုးနွယ်ကို နိုင် မှာပါ”

ရှီမာယူယူ၊ ဟန့်မြောင်ရွှမ်နှင့် တခြားသူများလည်း မုန့်ဆန်းချွယ်နောက် လိုက်ကာ ပြိုင်ပွဲဝင်များအနားယူသည့်နေရာသို့သွားကြလေသည်။ သူတို့ သည် သူတို့နေရာကိုရှာတွေ့ပြီး ထိုင်လိုက်သည်။

“ဒါရိုက်တာမုန့် ကျွန်မကိုပြောပြဦး အဲမြွေပါတွေကိုဒီနေ့ထုတ်မှာလား” ဟန့်မြောင်ရွှမ်သည် ရှီမာယူူယူဘေးတွင်ထိုင်ရင်းမေးလိုက်သည်။

“သူတို့ဒီနေ့ အာဏာသိမ်းမလား မသိမ်းမလားပေါ်မှာမူတည်တယ်” မုန့်ဆန်းချွယ်သည် ပြောရုံသာပြောကာ ဘာမှမရှိသည့်စင်ဘက်ကြည့်လိုက် သည်။

“အဲလိုဖြစ်ဖို့များတယ်လို့ခံစားနေရတယ်” ဝေ့ကျန်းပြောလိုက်သည် “ဒီနှစ်တွေမှာ အသင်းဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲခေါင်းဆောင်တို့က အဂ္ဂိရတ်ပြိုင်ပွဲ ရဲ့ တာဝန်ရှိသူတွေဖြစ်ခဲ့တာ၊ ဥက္ကဌရှားပျောက်သွားတယ်ဆိုရင် သူတို့ ဆင်ခြေရှာပြီး အာဏာသိမ်းမှာပဲ”

“အဲလိုဖြစ်နိုင်တယ် ဒါပေမဲ့ ဒီအချိန်မှာ မြွေပါထုတ်ရမလားကို မသိတာ” စူးရှောင်ရှောင်ပြောလိုက်သည်။

“ကျွန်တော်လည်းမသိဘူး ကျွန်တော်တို့ဘယ်လောက်လုပ်နိုင်မလဲဆို တာလည်းကြည့်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။ “မဟုတ်ရင် ပြိုင်ဘက် ရဲ့ လုပ်နိုင်စွမ်းကိုကြည့်ရမယ်လို့ ပြောရမလားပဲ”

ထိုလူကြီးနှစ်ယောက်သည် သူမ၏ လောကအသေးတွင် လွတ်လွတ် လပ်လပ်ရှိနေကြသည်။ သူတို့သည် အပြင်မှအဖြစ်အပျက်ကို ပူပင်ခြင်းပင် မရှိကြပေ။

“ဂျူနီယာညီလေး ပြိုင်ပွဲက ပြိုင်ပွဲဝင်တွေကိုမိတ်ဆက်ပေးရမယ်၊ ဒီဘက်က… ကျန်းကျူကျိ”

ရှီမာယူယူ၊ စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် ကြည့်လိုက်ရာ အမှန်တကယ်ပင် သူတို့နေရာနှင့် မျက်စောင်းထိုးနားနေသည့်နေရာတွင် ကျန်းမျိုးနွယ်မှ ကျန်းကျူကျိနှင့် တခြားသူများကို မြင်လိုက်ရသည်။

“အဲဒါကျန်းကျူကျိလား ဘာလို့စီနီယာအစ်ကိုကြီးလို့ခံစားမိနေတာလဲ” စူးရှောင်ရှောင် ပြေလာိုက်သည်။

“ခံစားရတာမဟုတ်ဘူး အဲဒါစီနီယာအစ်ကိုကြီးပဲ” ရှီမာယူယူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ကျန်းကျူကျိသည် ကြည့်လိုက်ရာ သူတို့၏အကြည့်ကိုအာရုံခံမိသည် နှင့် တခြားဘက်သို့လှည့်သွားလေသည်။

“သူ ငါတို့ကိုမကြည့်ရဲဘူးပဲ” ဟန့်မြောင်ရွှမ်သည် ဒေါပွလေသည် “ငါ အဲဒီကိုသွားမယ်….”

“စီနီယာအစ်မ မလောပါနဲ့” ရှီမာယူယူသည် အလောတကြီးဖြင့် ဟန့်မြောင်ရွှမ်ကို ဆွဲပြီးပြောလိုက်သည် “အခုစီနီယာသွားမယ်ဆိုရင် သူ ဝန်မခံရင် ဘာမှလုပ်ရမှာမဟုတ်ဘူး”

“ဟုတ်တယ် အလောကြီးလည်းဘာလုပ်လို့ရမှာလဲ၊ သူက ဒီကိုရောက် နေပြီဆိုမှတော့ သူ့ကိုစမ်းသပ်ဖို့လွယ်မှာမဟုတ်ဘူး” စူးရှောင်ရှောင် သဘော တူလိုက်သည်။

“ဟင်း အဲတုန်းက သူ ငါတို့ကို ဘာလို့အဲလိုဆက်ဆံခဲ့လဲဆိုတာ မေးချင် တာ” ဟန့်မြောင်ရွှမ်သည် မကျေမချမ်းဖြင့် ပြောလေသည်။

“အခွင့်အရေးရလာမှာပါ” ရှီမာယူယူသည် သူမနေရာသို့ သူမကို ပြန်ဆွဲ လိုက်သည် “အခုတော့ ဒီအကြောင်းပြောဖို့အချိန်မဟုတ်သေးဘူး”

“သူဒီရောက်နေမှတော့ ကျန်းကျူကျိကဘယ်မှာလဲ” စူးရှောင်ရှောင် မေးလိုက်သည်။

“ကြည့်ရတာ သူကျန်းကျူကျိကို ပြန်ပေးဆွဲပြီး ပြိုင်ပွဲကို သူ့နေရာ အစား ဝင်တာထင်တယ်၊ ပြီးတာနဲ့ သူတစ်ခုခုလုပ်ချင်နေတယ်”

“ဖြစ်နိုင်တယ်” ဟန့်မြောင်ရွှမ်သည် စိတ်ငြိမ်အောင်ထားရင်းနှင့် ကျန်းကျူရှန့်ဘက်သို့ကြည့်ကာပြောလေသည် “သူ ကျန်းမျိုးနွယ်ရဲ့ နာမည် ကိုပျက်စီးအောင်လုပ်ဖို့ စီစဉ်ထားတာလား၊ သူအဲလိုလုပ်တဲ့ထိ မရူးလောက် သေးဘူးမလား”

သူမ ပြောရင်းနှင့် ရှီမာယူယူဘက်ကြည့်ပြီးနောက် တအံ့တသြ အော် လေသည် “အဲလိုတော့မဟုတ်လောက်ပါဘူးနော်”

“တကယ်ပဲအဲလိုဖြစ်နိုင်ချေရှိတယ်” စူးရှောင်ရှောင် ပြောလိုက်သည်။

“…..”

“တကယ်ပဲ သူအဲလိုလုပ်ချင်တယ်ဆိုရင် မှားသွားလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “ကျန်းကျူကျိအဖြစ်ဟန်ဆောင်ပြီး ကျရှုံးတာနဲ့ အားလုံးရှေ့ မှာ ပွင့်ပွင့်လင်းလင်းနင်းချေခံရတာ ဘယ်ဟာပိုကောင်းမှလြဲ”

“ဒုတိယတစ်ခုကပိုကောင်းတာပေါ့” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အဲဒါကြောင့် သူရူးနေပြီလို့ ငါပြောတာပေါ့၊ ငါသာဆိုရင် လုံးဝအဲလိုမလုပ်ဘူး”

“ကျွန်တော်သာဆိုရင် သူ့ကိုတိုက်ရိုက် ရိုက်တာကိုပဲရွေးလိုက်မှာပဲ”

နာရီဝက်ကြာပြီးနောက်တွင် ဆုန်းကျောင်ဂျီနှင့် တခြားသူများသည် ကိုယ်ရံတော်များ ကာကွယ်မှုဖြင့်လျှောက်လာကြသည်။ တစ်ဖက်တွင် ဒုဥက္ကဌအနည်းငယ်ရှိနေကြသည်။

သူတို့သည် ပွဲကြည့်စင်ဘက်လာပြီး ထိုင်လိုက်ကြသည်။ ဆုန့်ချောင်းဂျီ သည် ခေါင်းဆောင်နေရာတွင် တိုက်ရိုက်ဝင်ထိုင်လိုက်သည် ကို ရှီမာယူယူ သတိထားမိလိုက်သည်။

ဆရာတစ်ယောက်သည် ပွဲကြည့်စင်ရှေ့လျှောက်လာပြီး ပြောလိုက် သည် “အားလုံးပဲ ဒီနေ့က နှစ်၂၀တစ်ကြိမ်ကျင်းပတဲ့ အဂ္ဂိရတ်ပြိုင်ပွဲနေ့ပါ၊ ပြိုင်ပွဲမစခင်ကို ကြေညာစရာရှိပါတယ်”

“သူတို့ အာဏာသိမ်းတာနဲ့ပတ်သတ်ပြီး ကြေညာမယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“မစဉ်းစားပဲနဲ့တောင်သိတယ်” စူးရှောင်ရှောင်ပြောလိုက်သည် “ကြည့်ရ တာ သူတို့တစ်ခုခုလုပ်တော့မယ်”

ရှီမာယူယူသည် မဲ့ပြုံးပြုံးပြီးနောက် ပြောရုံသာပြောလိုက်သည် “ပွဲကြီး ပွဲကောင်းတော့ကြည့်ရတော့မယ်….”

***

All Chapters