ပွဲကြီးပွဲကောင်းစပြီ
Vol. 011 Ch. 1007
“အားလုံးပဲ အဂ္ဂိရတ်ပြိုင်ပွဲမစခင်ကို ရှင်းရမယ့်ကိစ္စလေးတွေရှိပါတယ်” ပွဲတင်ဆက်သူပြောလေသည်။
“ပြိုင်ချင်တယ်ဆိုရင် ပြိုင်ရုံပဲလေ ဘာတွေလုပ်ဖို့ရှိသေးတာလဲ” လူတစ် ယောက်က အော်လေသည်။
“အရေးကြီးတဲ့ကိစ္စရှိပါတယ် မဟုတ်ရင်ဒီအချိန်ကိုလုပ်မှာမဟုတ်ပါဘူး” ပွဲတင်ဆက်သူပြောလေသည်။
“လိုရင်းကိုသာပြောလိုက် ဘာလဲ”
ပွဲတင်ဆက်သူသည် ဆုန့်ချောင်းဂျီဘက်သို့ကြည့်ပြီးမေးလိုက်သည် “အားလုံးလည်းသိကြပါတယ် တခြားအဂ္ဂိရတ်ပြိုင်ပွဲတွေကို အသင်းဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲခေါင်းဆောင်တို့က ဦးဆောင်လေ့ရှိပါတယ် ဒါပေမဲ့ ဒီနေ့တော့ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်”
ပြောပြီးနောက်တွင် သူ တစ်ခဏရပ်ကာ စင်အောက်မှလူများ၏ တုန့်ပြန်မှုကိုစောင့်ပြီး ဆက်ပြောလေသည် “တိမ်ပင်လယ်မြို့ကအခုနောက် ပိုင်း မငြိမ်းချမ်းတော့တာကို အားလုံးလဲသိကြပါတယ်၊ မြို့အပြင်ကအဖြစ် အပျက်ကို ဘယ်သူမှမသိနိုင်ကြဘူး၊ ဒါပေမဲ့ အသီးအရွက်တွေ အနက်ရောင် ပြောင်းသွားစေတဲ့အဖြစ်အပျက်တွေရှိခဲ့ပါတယ်၊ ဝိညာဉ်သားရဲတွေက ရူးသွပ် ကုန်ကြတယ်၊ ကျွန်တော်တို့ ဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲခေါင်းဆောင်တို့… သူတို့.. သူတို့ မြို့အပြင်ကအဖြစ်ကိုထွက်ကြည့်ကြပြီး အခုထိပြန်မလာနိုင်ကြပါဘူး သူတို့အသက်ရှင်သလား သေသွားပြီလားဆိုတာကို ဘယ်သူမှမသိကြပါဘူး”
“ဘာ…”
ပွဲကြည့်စင်နေရာသည် အာမေဋိတ်အသံများထွက်လာကြကာ အားလုံး သည် ဆွေးနွေးသံများနှင့် ဆူညံသွားကြသည်။
“ဘယ်လိုလုပ်ဒီလိုဖြစ်ရတာလဲ”
“ဥက္ကဌနဲ့ တခြားသူတွေ ဘယ်လိုနေလဲမသိဘူး”
“ဘုရားရေ ဒီနေ့တော့ ကိစ္စကြီးဖြစ်သွားတာပဲ”
“…..”
အားလုံးသည် အလွန်အံ့သြသွားကြသည်။ သို့သော် ဉာဏ်ပြေးသူတချို့ သည် ပုံမှန်မဟုတ်သည်ကို သတိထားမိကြသည်။
“သူတို့မြို့ထဲမှာမရှိကြဘူးလို့တော့ ကြားတာကြာပြီ ဒါပေမဲ့ သူတို့ အပြင် ထွက်ပြီး အခြေအနေစုံစမ်းရာကနေပြန်မလာနိုင်တာဆိုတာကိုတော့ မသိဘူး” လူတစ်ယောက် ပြောလိုက်သည် “အဲဒါဘာလုပ်ကြမလဲ”
“အားလုံးပဲ ပျာမသွားကြပါနဲ့” ပွဲတင်ဆက်သူသည် လက်ကိုဝေ့ရမ်း လိုက်ရာ အားလုံးငြိမ်ကျသွားလေသည်။
“ဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲခေါင်းဆောင်တို့မရှိတော့ရင် အဂ္ဂိရတ်ပြိုင်ပွဲကို ဘယ်လိုဆက်လုပ်မလဲ” လူတစ်ယောက်သည် အသံမြင့်ကာပြောလေသည်။
“ဒီအဂ္ဂိရတ်ပြိုင်ပွဲကို အရင်အတိုင်းပဲဆက်ကျင်းပမှာပါ ကျွန်တော်တို့ ဖျက်မပစ်ပါဘူး” ပွဲတင်ဆက်သူပြောလေသည်။
“အသင်းဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲတို့မရှိမှတော့ ပြိုင်ပွဲကိုဘယ်လိုဆက်လုပ် မှာလဲ”
“အမှန်ပဲ အမှန်ပဲ”
“ဥက္ကဌပြန်လာတာများဖြစ်မလား”
“အဲလိုမဟုတ်လောက်ဘူး သူပြန်လာရင် အခုပေါ်လာမှာပေါ့”
“ဒါဆိုရင် ပြိုင်ပွဲကဘယ်လိုဆက်လုပ်မှာလဲ”
“စောင့်ပြီးကြည့်တာပေါ့၊ ဒီနေ့ပွဲက မရိုးရှင်းလောက်ဘူးလို့ထင်တယ်”
“အားလုံးပဲ ငြိမ်ပေးကြပါ” ပွဲတင်ဆက်သူပြောလိုက်သည် “ဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲခေါင်းဆောင်တို့မရှိဘူး ဒါပေမဲ့ ကျွန်တော်တို့ရှေ့ဆက်လို့ရပါ တယ် ဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲခေါင်းဆောင်တို့မရှိပေမဲ့ ဒုဥက္ကဌနဲ့ အဖွဲ့ခွဲရဲ့ ဒု ခေါင်းဆောင်တို့ရှိကြပါတယ်”
“ဒုဥက္ကဌနဲ့ အဖွဲ့ခွဲဒုခေါင်းဆောင်တို့က ပြိုင်ပွဲကိုတာဝန်ယူတာမျိုး အရင် ကမရှိခဲ့ဖူးဘူး” လူတစ်ယောက် တုန့်ပြန်လေသည်။
“အဲလိုမရှိဖူးပါဘူး အမှန်ပါပဲ ဒါပေမဲ့ အားလုံးကိုပြောဖို့ နောက်သတင်း တစ်ခုရှိပါသေးတယ်” ပွဲတင်ဆက်သူပြောလေသည်။
“ဘာလဲ”
“ဒီအကြောင်းကို ဒုဥက္ကဌနဲ့ အဖွဲ့ခွဲဒုခေါင်းဆောင်တို့ပြောပေးဖို့ တောင်းဆိုချင်ပါတယ်” ပွဲတင်ဆက်သူ ပြန်ဖြေလေသည်။
အားလုံးသည် ပွဲကြည့်စင်ဘက်ကြည့်လိုက်ရာ ဆုန့်ချောင်းဂျီသည် မတ်တတ်ရပ်ကာ ကြေညာလေသည် “ဥက္ကဌထွက်မသွားခင်က ကျွန်တော့်ကို ပြောသွားတာရှိပါတယ် သူဘာပြောခဲ့လဲဆိုတာ ခဏနေရင်သိရပါလိမ့်မယ်”
သူသည် အသံကျောက်တုံးထုတ်ကာ ခေါင်းပေါ်မြှောက်လိုက်ပြီး ပြော လေသည် “ဒါက ဥက္ကဌကိုသွားရှာတဲ့သူပြန်ယူလာတာပါ အထဲမှာ ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်တို့ရဲ့ သတင်းပါးတာရှိပါတယ်”
ပြောပြီးနောက်တွင် သူဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ ရှားကျောင်ထျန် ၏အသံသည် လွင့်ပျံထွက်လာသည်။
“ချောင်းဂျီ၊ ငါက ဒီမှာခေါင်းဆောင်ဖြစ်နေတယ် ပြီးတော့ အခုမရှိဘူး အဂ္ဂိရတ်ပြိုင်ပွဲပြင်ဖို့အတွက် တာဝန်ကိုမင်းတို့ကိုပေးခဲ့မယ်၊ အဂ္ဂိရတ်ပြိုင်ပွဲက မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းလာတာကိုငါသိတယ်၊ ငါ အဂ္ဂိရတ် ပြိုင်ပွဲကျင်းပတဲ့အထိ မရောက်လာနိုင်ရင် ဥက္ကဌရာထူးကိုမင်းကိုပေးခဲ့မယ်”
“ကျွတ်…”
အားလုံးသည် ပင့်သက်ရှိုက်လိုက်ကြကာ အကြည့်ချင်းဖလှယ်လိုက် ကြသည်။ သူတို့သည် ကြားလိုက်သည့်စကားများကို မယုံရဲပေ။
သို့သော် ရှားကျောင်ထျန်၏ ဘက်မှလူများသည် သဘောမတူကြပေ။ သူတို့သည် စိတ်ပူပန်စွာဖြင့် အော်ကြလေသည် “ဥက္ကဌ ဘယ်လိုဖြစ်ပြီး…”
“မင်းတို့ ငါ့ကိုဖျောင်းဖျဖို့မလိုဘူး၊ ငါကဘယ်တုန်းကမှ ဥက္ကဌဖြစ်ချင်ခဲ့ တာမဟုတ်ဘူးဆိုတာ သိတာပဲ၊ ဒီအတွေးကိုအရင်ကတည်းကတွေးနေခဲ့တာ ငါ သူ့ကိုဥက္ကဌရာထူးပေးချင်တယ်၊ ငါ့အစီအစဉ်ကိုဆက်သွားတာပဲရှိတယ်”
“ဥက္ကဌ အဲလိုလုပ်လို့မရဘူး”
“မင်းတို့ဘာမှထပ်မပြောကြနဲ့တော့ ငါဆုံးဖြတ်ချက်ချပြီးနေပြီ ချောင်းဂျီ မင်း အဂ္ဂိရတ်ပြိုင်ပွဲကိုသေချာပေါက် ချောချောမွေ့မွေ့ဖြစ်အောင် ကျင်းပရ မယ်”
အသံသည် ရပ်သွားသည်။ ထို့နောက်တွင် နောက်တစ်သံထွက်လာ သည်။ ကျောင်ရှန်းချီ၏ အသံဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာလည်း အရင် ပြောခဲ့သည်နှင့်အတူတူပင်ဖြစ်သည်။ သူသည် ခေါင်းဆောင်နေရာကို အဖွဲ့ခွဲ ဒုခေါင်းဆောင်ဖြစ်သည့် ကျောင်ရှန်းရီကို လွှဲပေးမည်ဟုပြောခဲ့သည်။
“ဒီကျောင်ရှန်းရီက ကျောင်ရှင်းချီရဲ့ ညီအရင်းပဲ၊ သူကလည်း တကယ်ပဲ သူ့အစ်ကိုရဲ့ရာထူးကိုလိုချင်နေတာပဲ” ရှီမာယူယူသည် ခေါင်းရမ်းပြီးပြောလေ သည်။
“တစ်ယောက်ကဖြောင့်မတ်တယ် တစ်ယောက်ကစဉ်းလဲတယ် ကွာခြားချက်ကကြီးတယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အာဏာလိုမျိုး ဟာ… လူတွေဘာလို့အဲလောက်ကြိုက်ကြတာလဲမသိဘူး”
“တခြားသူတွေဆီမှာ ခေါင်းငုံ့ပေးရတာထက် လေနဲ့ မိုးနဲ့ကိုဆင့်ခေါ်နိုင် တာက လုံးဝကိုကွာခြားတာပဲလေ” စူးရှောင်ရှောင် ပြောလိုက်သည် “အဲဒါကို လူတွေ စွဲလမ်းကြတာပဲ”
“ဟုတ်တယ်” မုန့်ဆန်းချွယ်သည် သဘောတူသဖြင့် ခေါင်းညိတ်လေ သည်။
“ဒါပေမဲ့ လောကကိစ္စရေးရာတွေကို စိတ်မဝင်စားတဲ့သူတွေလည်း ရှိစမြဲပါပဲ” ရှီမာယူယူ ပြောလိုက်သည် “အနည်းဆုံးတော့ အဲလိုအတွေးနဲ့လူ တွေကို မတွေ့ရတာပေါ့၊ တခြားသူကို သတ္တိပေးစွမ်းနိုင်လို့ အားလုံးက ထင် ကြတာပဲ”
“အဲဒါကြောင့် လူတစ်ယောက်နဲ့တစ်ယောက်မတူဘူးလို့ပြောကြတာပေါ့ သူတို့ဆုံးဖြတ်ချက်တွေလည်းမတူကြဘူး” ဟန့်မြောင်ရွှမ် ပြောလေသည် “တချို့ကနာမည်ကောင်းရတာ ကောင်းတယ်လို့ထင်ကြတယ် တချို့ကကျ မဟုတ်ကြဘူး ငါ့လိုပေါ့ ငါ့အတွက်က စားတာကအကောင်းဆုံးပဲ”
“အစားကြီးတဲ့သူကြီး” စူးရှောင်ရှောင်သည် သူမကို အထင်သေးစွာ ကြည့်လိုက်သည်။
“ဟီးဟီး ငါကတော့ ငါအစားကြီးတာကိုဂုဏ်ယူနေတာ” ဟန့်မြောင်ရွှမ် သည် ဘဝင်မြင့်စွာဖြင့် ခေါင်းမော့လေသည်။
ရှီမာယူယူသည် အပြုံးပျောက်သွားပြီး ခေါင်းရမ်းပြီးပြောလိုက်သည် “ဟူး… စီနီယာ စီနီယာက ဘာမဆိုစားလွန်းတယ်”
“ကောင်းပြီ စကားမပြောကြနဲ့တော့ ပွဲကိုဆက်ကြည့်ကြမယ်”
ကျောင်ရှန့်ချီ၏အသံဆုံးသည်နှင့် ပြိုင်ပွဲနေရာတစ်ခုလုံးသည် ဂယက် ထသွားသည်။
ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ဥက္ကဌက ရာထူး ကိုစွန့်လွှတ်လိုက်တယ်၊ ဒါကိစ္စကြီးပဲ
“တိတ်ပါ တိတ်ပါ” ပွဲတင်ဆက်သူသည် ကျယ်လောင်စွာ အော်လိုက် သည်။
သို့သော် အားလုံးသည် အဆက်မပြတ်ဆွေးနွေးနေကြသည်။ လူတိုင်း သည် သူတို့အတွေးနှင့် ခံစားချက်များကို ပြောပြချင်နေကြသည်။
“အားလုံးပဲ တိတ်ကြပါ” ပွဲတင်ဆက်သူသည် ထိုစကားကိုကျယ်လောင် စွာပြောပြန်သည်။ ဒီတစ်ခေါက်တွင် အားလုံးသည် တိတ်သွားကြသည်။
“ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်တွေက သူတို့သဘောထားကို ရှင်းရှင်း လင်းလင်းပြောပြီးသွားပြီ၊ အခု ကျွန်တော်ကသူတို့ဆန္ဒအတိုင်းလုပ်ချင်တယ် ကျွန်တော် ဒုဥက္ကဌဆုန့်နဲ့ ဒုခေါင်းဆောင်ကျောင်တို့ကို ဥက္ကဌရာထူးနဲ့ အဖွဲ့ခွဲ ခေါင်းဆောင်ရာထူးယူစေချင်ပါတယ် ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်တို့ကို နှုတ်ခွန်းဆက်သပါတယ်”
“ဥက္ကဌ၊ အဖွဲ့ခွဲခေါင်းဆောင်တို့ကို နှုတ်ဆက်ပါတယ်” အများစုသည် မတ်တတ်ရပ်ကာ ဆုန့်ချောင်းဂျီနှင့် ကျောင်ရှန်းရီတို့ကို နှုတ်ခွန်းဆက်သကြ လေသည်။
တခြားတစ်ဖွဲ့မှာ မလှုပ်မယှက်ပင်။ သူတို့သည် ထိုနေရာမှ ထမည့် အစီအစဉ်မရှိသည့်ပုံပင်။
“မင်းတို့ဘာလုပ်ကြမလို့လဲ” ပွဲတင်ဆက်သူသည် သူတို့ကိုကြည့်ပြီး မကျေမနပ်ဖြင့်မေးလေသည်။
“ဥက္ကဌကိုမမြင်ရပဲနဲ့ သူ့ကို ဥက္ကဌရာထူးပေးတယ်ဆိုတာကို မယုံဘူး” လူတစ်ယောက်ကပြောလိုက်သည်။
“ဟုတ်တယ် ဆုန့်ချောင်းဂျီက ဒီအတိုင်းအသံကျောက်တုံးထုတ်ပြီး အာဏာသိမ်းချင်တာလား အဲလိုမဖြစ်သင့်ဘူး”
“အဲဒါက ငါတို့ဥက္ကဌကိုယ်တိုင်ပြောတဲ့စကားတွေပဲ မင်းတို့က လက်မခံ ချင်ဘူးလား”
“လက်မခံနိုင်ဘူး”
“ပုန်ကန်ချင်တာလား” တင်ဆက်သူသည် ထိုစကားပြောရင်းနှင့် အေးစက်စွာကြည့်လေသည်။
“ပုန်ကန်တယ်ဟုတ်လား မင်းတို့ကသာ ပုန်ကန်နေတာ၊ မင်းတို့ ကျောက်အတုထုတ်ပေးလိုက်တာနဲ့ ငါတို့က လက်ခံပေးမယ်လို့ထင်နေလား”
“မင်းတို့က ဥက္ကဌအသံကိုတောင်မမှတ်မိဘူးလို့တော့မပြောနဲ့နော်”
“ငါတို့က ဥက္ကဌအသံကိုမှတ်မိတယ် ဒါပေမဲ့ အသံက အတုလုပ်လို့ရ တယ်၊ ငါတို့်ဒါကိုလက်မခံနိုင်ဘူး”
“ဟုတ်တယ်”
“ဟုတ်လား” ဆုန့်ချောင်းဂျီသည် သူတို့ကိုကြည့်လိုက်သည်။ သူ လက် ဝေ့လိုက်သည်နှင့် ကိုယ်ရံတော်တစ်စုသည် အပြင်မှပြေးဝင်လာကြသည်။
***