← Chapters

ပွဲစတင်သည့်အချိန်

Vol. 011 Ch. 1008

ပွဲစတင်သည့်အချိန်

Vol. 011 Ch. 1008

အစောင့်များသည် ပြေးဝင်လာကြပြီး သူတို့ကိုတန်းစီပြီးဝိုင်းလိုက်ကြ သည်။ သူတို့သည် စင်ကိုမျက်နှာမူထားကြသည်။

“ဆုန့်ချောင်းဂျီ ဒါဘာအဓိပ္ပာယ်လဲ”

“ဥက္ကဌကြီးရဲ့ နာမည်ကိုမင်းခေါ်ချင်တိုင်းခေါ်လို့ရလား” ပွဲတင်ဆက်သူ သည်ပြောလိုက်သည် “မင်းကအရင်ဥက္ကဌရဲ့ သဘောထားကိုသံသယဝင်နေ ပြီး လက်ရှိဥက္ကဌကိုမလေးမစားလုပ်တယ်၊ အဲလိုဆက်လုပ်မယ်ဆိုရင် မင်းကို ဖမ်းပြီးတော့ ခေါ်သွားလို့ရတယ်”

ရှီမာယူယူသည် အစောင့်များကိုကြည့်လိုက်သည်။ တစ်ယောက်ချင်းစီ သည် ကြမ်းတမ်းကာ လူသတ်မည့်အရိပ်အယောင်ဖြစ်နေသည်။

“အဲလူတွေက မင်းတို့ကိုယ်ပိုင်အစောင့်တွေမဟုတ်ဘူး” မုန့်ဆန်းချွယ် ပြောလိုက်သည် “မင်းတို့မဆင်မခြင်လှုပ်ရှားလို့မရဘူး”

ရှီမာယူယူသည် စိတ်ထဲမှကျိန်ဆဲကာ ဘာလုပ်ရမည်ကို စတင်စဉ်းစား နေလေသည်။

ရှားကျောင်ထျန်နှင့် တခြားသူများသည် သူမ၏ လောကအသေးတွင် ရှိ နေကြသည်။ သူတို့၏အစီအစဉ်အရ သူမသည် သူတို့ကိုလွှတ်ပေးရမည့် နေရာရှာရမည်။ သို့သော်  အခုဖြစ်ပျက်နေသည့်အခြေအနေအရ သူမ လှုပ်မရပေ။ လျှို့ဝှက်နေရာရှာရမည်။

ဒီလောက်လူအများကြီးရှေ့မှာ သူမရဲ့ လောကအသေးကို ထုတ်ဖော်ရ တော့မှာလား။

သူမ လှည့်ပတ်ကြည့်ပြီးနောက် ထိုအကြံကိုစွန့်လွှတ်လိုက်သည်။

ဒီမှာကြည့်နေတဲ့မျက်လုံးတွေ များလွန်းတယ်။ သူမကို လုပ်ကြံဇာတ် ခင်းမယ့် လူရှိနိုင်တယ်။ ရတနာတစ်ခုကိုမြင်ပြီးရင် သိမ်းယူတာကတော့ ဖြစ် လေ့ရှိတဲ့ကိစ္စပဲ။

ဒါပေမဲ့ ဒီလောက်မျက်လုံးတွေအများကြီးအောက်မှာ သူမ ဘာလုပ်ရ မလဲ။

“အစီအစဉ်ပြောင်းသွားပြီ ငါတို့နားနဲ့ပဲကစားတော့မယ်” ဟန့်မြောင်ရွှမ် သည် အခြေအနေမဟန်သည်ကိုမြင်ပြီးနောက် တိုးညင်းစွာညွှန်ကြားလေ သည်။

ရှီမာယူယူသည် ခေါင်းညိတ်လိုက်သည်နှင့် ရှောင်ချီသည် သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

“ဆုန့်ချောင်းဂျီ ဒါဘာသဘောလဲ၊ ဒီနေ့ကအဂ္ဂိရတ်ပြိုင်ပွဲမဟုတ်ဘူး လား ဒီအစောင့်တွေကို အပြင်မှာတစ်ချိန်လုံးပြင်ဆင်ထားတာလား”

“မြို့ပြင်မှာဖြစ်နေတဲ့ ကိစ္စတွေအားလုံးအပြင် ဗုဒ္ဓမှိုကိုခိုးတဲ့အဖြစ်အရ ဒီမှာပြဿနာလာရှာမယ့်သူမရှိအောင် ဂရုစိုက်ဖို့ဆုံးဖြတ်ထားတယ်၊ အဲ အစောင့်တွေကို အသင့်ပြင်ထားတာက ကောင်းတဲ့ကိစ္စပဲလေ” ပွဲတင်ဆက် သူ ပြောလေသည် “မင်းတို့ဒီမှာတင်းခံနေမယ်ဆိုရင် မင်းကအဲလူတွေနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းလို့ ဆိုလိုတာမဟုတ်ဘူးလား”

“မင်းအစ်မနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းနေလိုက်” လူတစ် ယောက်သည် ထကာ ကျိန်ဆဲလေသည် “ဆုန့်ချောင်းဂျီ ခင်ဗျားကြီးက ဥက္ကဌဖြစ်ချင်တာလား၊ ဥက္ကဌကို ငါတို့မျက်စိနဲ့တပ်အပ်မြင်ရပြီး သူပြောတာ ကို ကိုယ်တိုင်မကြားရသေရွေ့ မင်းကိုဘယ်တော့မှအသိအမှတ်မပြုနိုင်ဘူး”

“မင်းက ဥက္ကဌနဲ့တွေ့ချင်တာလား” ဆုန့်ချောင်းဂျီသည် မျက်လုံးမှေး ကာ သူ့ကိုကြည့်လေသည်။ အစောင့်များသည် သူ့အရှေ့တွင်ရပ်ပြီး ဝိညာဉ် လက်နက်ကိုထုတ်ကာ ထိုလူကိုတိုက်ခိုက်လေသည်။

သန်မာသောဖိအားသည် သူ့ကိုနေရာတွင်ပိတ်လိုက်ရာ ဘာလှုပ်ရားမှု မှလုပ်မရတော့ပေ။ သူသည် ဝိညာဉ်လက်နက် သူ့ရင်ထဲသို့ဝင်သွားသည်ကို ကြည့်နေရုံသာတတ်တော့သည်။

“ချွင်….”

မြားငယ်တစ်ခုသည် ဝိညာဉ်လက်နက်ကို ဘေးသို့တွန်းလိုက်သည်။ ထိုအချိန်တွင် အင်အားတစ်ခုသည် နေရာရှိအစောင့်တွေကိုတားလိုက်သည်။

“ဘယ်သူလုပ်တာလဲ” တင်ဆက်သူသည် မြားငယ်ပျံလာသောဘက်သို့ ကြည့်လိုက်သည်။ သို့သော် မည်သူ့ကိုမှမတွေ့ပေ။

“ဆုန့်ချောင်းဂျီ မင်းကဥက္ကဌဖြစ်ချင်တယ် ဒါပေမဲ့ ငါ့တို့ရဲ့ ထင်မြင်ချက် ကို မေးဖူးလား” သြဇာရှိသောအသံတစ်ခုထွက်လာရာ ရှီမာယူယူသည် ထို အသံကိုကြားလိုက်သောအခါ ပျော်သွားသည်။

ရင်ဘိုင်ချွန်းနှင့် အံ့ဖွယ်တောင်ကြားသခင်နှင့် တပည့်အဖွဲ့သည် ပင်မ တံခါးမှလျှောက်လာသည်ကို သူမ တွေ့လိုက်သည်။ သူတို့သည် ဝင်လာချိန် တွင် လှည့်ပတ်ကြည့်နေရာမှ ရှီမာယူယူကိုမြင်သောအခါ ခေတ္တရပ်တန့်သွား လေသည်။

“ဆရာ….” ရှီမာယူယူသည် ချက်ချင်းပင် သူ့ကိုနှုတ်ဆက်လိုက်သည်။

အံံ့ဖွယ်တောင်ကြားသခင်သည် သိမ်မွေ့စွာဖြင့်ခေါင်းညိတ်ပြီးနောက် အကြည့်လွှဲသွားလေသည်။ သူသည် ဆုန့်ချောင်းဂျီနှင့် ကျောင်ရှန်းရီကို ကြည့်ပြီး မေးလေသည် “မင်းကအာဏာသိမ်းချင်တယ် ဒါပေမဲ့ ငါတို့သဘော ထားကိုမေးပြီးပြီလား”

“လျန်ဝူမင် မင်းမလာဘူးလို့ထင်နေတာ” ပွဲတင်ဆက်သူသည် မနှစ်မြို့ ဖွယ်ပြောလေသည်။

“ဆုန့်ခချောင်း မင်းလိုလူက အဲလူတွေကိုလွှတ်လိုက်တယ်၊ ပြီးတော့ ငါ့ ရဲ့ အံ့ဖွယ်တောင်ကြားလာမယ့်လမ်းကို တားဆီးဖို့စဉ်းစားတယ် တကယ်ကို လက်တွေ့မဆန်တာပဲ” အံ့ဖွယ်တောင်ကြားသခင် လျန်ယူမင်သည် အေးစက်စွာ နှာမှုတ်လေသည်။

“ဟင်း ငါတို့်တကယ်ပဲ မင်းရဲ့အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့အင်အား ကို အထင်သေးမိတာပဲ မင်းမှာမိုးကြိုးသွားကျည်တွေအဲလောက် အများကြီးရှိ လိမ့်မယ် လို့မထင်ထားဘူး မဟုတ်ရင် ဒီနေရာကို ဘယ်လိုလုပ်လမ်းလျှောက် လာနိုင်မှာလဲ”

“ငါတို့တကယ်ပဲ ဒီကိုလျှောက်လာနိုင်တယ်” လျန်ဝူမင် ပြောလိုက် သည် “ငါတို့ရောက်ပြီဆိုမှတော့ မင်းရဲ့ အိမ်မက်ရိုင်းကနေနိုးထလိုက်တော့”

“မင်းတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက လာဖို့အခွင့်ရှိမယ်လို့ထင်နေ လား” ဆုန့်ချောင်းဂျီ ပြောလိုက်သည် “ဒီနေ့ ငါတို့နေရာကိုမင်းတို့ဝင်လိုက် တာနဲ့ ပြန်ထွက်မရတော့တာကိုသိလား”

“မင်းအပြင်မှာအစောင့်ထားတဲ့လူတွေကို ပြောနေတာလား” လျန်ဝူမင် ပြောလိုက်သည် “သူတို့ဝင်ခွင့်ပေးလို့ ငါတို့ဝင်လို့ရတယ်လို့ထင်နေတာလား”

“ဘာကိုပြောချင်တာလဲ” ကျောင်ရှန်းရီသည် အံ့ဖွယ်နတ်ဆိုးတောင် တွင် အသိအကျွမ်းရှိသဖြင့် သူတို့၏အင်အားကိုသိကြသည်။ သူပြောလိုက် သည်ကို ကြားပြီးနောက်တွင် မကောင်းသောခံစားချက်များ မြင့်တက်လာ သည်။

“ခန့်မှန်းမိပြီမဟုတ်ဘူးလား” လျန်ဝူမင် ပြောလိုက်သည် “မင်းလူတွေ လား ငါတို့ရှင်းလိုက်ပြီ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ပြင်ကအစောင့်တွေက အကုန်လုံး ကျွမ်းကျင်သူတွေချည်းပဲ မင်းတို့အံ့ဖွယ်နတ်ဆိုးတော်ကြားရဲ့ အရည်အချင်းနဲ့ က ငါတို့မသိပဲ သူတို့ကိုဘယ်လိုလုပ်နိုင်နိုင်မှာလဲ”

ကြီးမားသော တိုက်ပွဲသာဆိုရင် သူတို့ ဘယ်လိုလုပ် အသံတစ်သံမှ မကြားရပဲနေမှာလဲ။

“ငါတို့အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ အဆိပ်သခင်တွေရှိတာကို မသိ လို့ဖြစ်မယ်”

“မင်းတကယ်ပဲအဆိပ်သုံးခဲ့တာလား” ကျောင်ရှန်းရီ အော်လိုက်သည် “မင်းတို့မှာ အကျင့်သိက္ခာဆိုတာမရှိဘူးလား”

“မင်းက ငတုံးလား” လျန်ဝူမင်သည် သူ့ကိုမခံသာအောင်ကြည့်လိုက် သည် “အရင်ဆုံး၊ ငါတို့အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဖြောင့်မတ်တယ်လို့ ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး ငါတို့ပန်းတိုင်က ငါတို့လိုချင်တာကိုရအောင် လုပ်တာပဲ၊ ငါတို့်အဆိပ်ကို သုံးသုံး မသုံးသုံး ငါတို့စိတ်ပေါ်ပဲမူတည်တယ်၊ မင်း ကဘာလုပ်ချင်လို့လဲ”

“မင်း….”

“ဒုတိယအနေနဲ့…” လျန်ဝူမင်သည် သူ့ကိုစကားဖြတ်ပြောလေသည် “အခုက ဘာအခြေအနေလဲ၊ မင်းကအာဏာသိမ်းယူတယ်၊ ငါတို့က ဒီမှာရပ် ပြီးမင်းနဲ့ဆွေးနွေးနေရတယ်၊ မင်းဦးနှောက်က နည်းနည်းလိုနေသေးတယ် ထင်တယ်”

“ဟား”

အားလုံးသည် ရယ်မောကြလေသည်။ အေးစက်သောအပြုံးနှင့် ကြည့် နေသူများပင် ပြုံးကြသည်။

“ဟင်း အဲအုပ်စုကိုရှင်းလိုက်တာနဲ့ပဲ ငါ့ကိုနိုင်မယ်လို့ထင်နေတာလား မင်းတို့ အရင်ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်တို့ရဲ့ စကားကိုလျစ်လျူရှုမယ်ဆို ရင် မင်းတို့ကိုတောင်ဖမ်းလို့ရတယ်”

“ဥက္ကဌဟောင်းဟုတ်လား အဲဒီအသံကျောက်တုံးကိုပြောတာလား၊ အဲဒါ ဥက္ကဌပြောခဲ့တာလို့ မင်းကပြောရဲသေးတာလား” လျန်ဝူမင် မေးလိုက်သည်။

“မင်းက ဥက္ကဌရဲ့အသံကိုမမှတ်မိဘူးလား”

“ဥက္ကဌရဲ့အသံကိုသေချာပေါက် မှတ်မိတာပေါ့၊ ဒါပေမဲ့ မင်းပြောတာက တကယ့်ဥက္ကဌမှမဟုတ်တာ”

“ဘာကိုဆိုလိုတာလဲ” လူတစ်ယောက်မေးလိုက်သည်။ သူတို့အခုကြား လိုက်တဲ့ အသံက ဥက္ကဌမဟုတ်ဘူးလား။

“ငါပြောတဲ့အတိုင်းပဲလေ” လျန်ဝူမင် ပြောလိုက်သည် “အသံကျောက် တုံးမှာပြောတဲ့တစ်ယောက်က ဥက္ကဌမဟုတ်ဘူး”

“အတုလုပ်ထားတာလား တော်တော်များများကို အတုလုပ်လို့ရတယ် ဒါပေမဲ့ အသံကိုလည်းအတုလုပ်လို့ရနိုင်လား”

“ရတာပေါ့” လျန်ဝူမင် ပြောလိုက်သည်။

“ဟင်း ဒီကမ္ဘာမှာ အသံတူတဲ့နောက်တစ်ယောက်ဆိုတာမရှိဘူးလေ” တင်ဆက်သူ၏အသံမှာ အေးစက်နေသည် “မင်းမှာ တိကျတဲ့သက်သေရှိလို့ လား၊ ဆန့်ကျင်ဖို့လုပ်တုန်းပဲလား”

“အံ့ဖွယ်တောင်ကြားသခင် ဒါကိုအတုလို့ဘာလို့ပြောနိုင်ရတာလဲ” ကြားနေတချို့မေးလေသည် “သက်သေရှိလား”

အကယ်၍ ဥက္ကဌ၏အသံသာဖြစ်ပါက သူတို့သည် သူ့ဆန္ဒကိုလေးစား ကာ ဆုန့်ချောင်းဂျီအား ဥက္ကဌအဖြစ်ကြိုဆိုမည်။ သို့သော် ထိုသို့မဟုတ်ပါက သူတို့ကို အသိအမှတ်ပြုရန်အကြောင်းမရှိပေ။

“သက်သေကလာတော့မှာပါ” လျန်ဝူမင် ပြောလိုက်သည် “နှစ်မိနစ် လောက်စောင့်လိုက်ပါ အလိုလိုသိလာပါလိမ့်မယ်”

“ရွှမ်း ဖုန်း”

အရိပ်တစ်ခုသည် လေပေါ်မှနေ၍ အားလုံးရှေ့သို့ ကြမ်းတမ်းစွာ ဆင်း သက်လိုက်သည်။

“မင်းတို့လိုချင်တဲ့ သက်သေပါ ကျွန်မယူလာပြီ” အနီသည် လေထဲ တွင် ရပ်နေသည်။

“အနီ” ကျောင်ရှန်းရီသည် အနီကိုမြင်သောအခါ မသိစိတ်မှ အနောက် ဆုတ်သွားလေသည်။

“သခင်အနီ”

“သခင်အနီက ဥက္ကဌနဲ့အမြဲရှိနေတာ၊ သူမကဒီမှာဆိုရင် ဥက္ကဌက ဘယ်မှာဖြစ်မလဲ”

“ဖုန်း”

အားလုံးသည် ထိုအကြောင်းအားဆွေးနွေးနေစဉ်တွင် နောက်တစ် ယောက်သည် မြေပေါ်ဆင်းသက်လိုက်သည်။

***

All Chapters