ပွဲစတင်သည့်အချိန် (၂)
Vol. 011 Ch. 1009
သူတို့သည် အလွန်အံ့သြသွားသော သူတို့နှစ်ယောက်ကိုကြည့်နေကြ သည်။ ဆုန့်ချောင်းဂျီ၊ ကျောင်ရှန်းရီတို့နှင့်အဖွဲ့၏ အမူအရာသည် ချက်ချင်း ပင် ပြောင်းသွားကြသည်။
ဂေါင်ကျိဟုန်သည် ပွဲနေရာ၏ တခြားတစ်ဖက်မှပျံလာသည်။ သူ့ ဘေးတွင် ကိုယ်ရံတော်အနည်းငယ်ပင်ရှိနေသည်။
တစ်ချိန်တည်းမှာပင် တခြားအစောင့်များသည် အပြင်မှပျံလာကြပြီး အနီ၏အနောက်တွင် ရပ်လိုက်ကာ ပြောလေသည် “ခေါင်းဆောင် အပြင်က လူတွေကိုရှင်းပြီးပါပြီ”
အနီသည် ပျံဆင်းလာရင်း ခေါင်းညိတ်ပြီးနောက် ထိုလူ၏ဘေးသို့ ဆင်းသက်လိုက်သည်။ သူမသည် သူ့ကိုကန်လိုက်ပြီး ကျောင်ရှန်းရီကိုကြည့် ပြီး နှာမှုတ်လေသည် “ကျောင်ရှန်းရီ မင်းကရဲတင်းတာပဲ၊ ဒီလိုမျိုးကိုတောင် လုပ်ရဲတယ်”
ကျောင်ရှန်းရီသည် အနီကြောင့် ကြောက်သွားသည့်ပုံပင်။ သူသည် သူမ၏ အေးစက်သော စစ်ဆေးသည့်အမူအရာကိုမြင်သောအခါ မသိစိတ်မှ ချွေးပျံလာသည်။
“မင်းတကယ်ပဲ လွတ်လာနိုင်တာပဲ” ဆုန့်ချောင်းဂျီ ပြောလေသည်။
“ကျွန်မတို့တင် လွတ်လာနိုင်တာမဟုတ်ဘူး၊ ရှင့်ရဲ့ လူတွေကိုတောင် ပြန်ခေါ်ပြီး ရှင်တို့ကိုပြန်ပေးနိုင်တယ်” အနီပြောလိုက်သည်။
“ဘယ်သူတွေလဲ” လူတစ်ယောက်သည် ဒေါသကိုမခံနိုင်တော့ပဲ မေး လေသည်။
“ဘယ်သူတွေဖြစ်ရမှာလဲ၊ ရှင်တို့ ခုနက အသံကြားလိုက်ရတဲ့ ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်ပံပေါ့” ဂေါင်ကျိဟုန်သည် ပျံဝင်လာကာ အနီဘေးသို့ ဆင်းသက်လိုက်သည်။ သူသည် ထိုလူကိုကန်ထုတ်ပြီး ပြောလိုက်သည် “ဆုန့်ချောင်းဂျီ မင်းလူကိုရောမှတ်မိရဲ့လား”
ဆုန့်ချောင်းဂျီသည် မျက်နှာထားကိုတင်းထားကာ စကားမပြောပေ။
“လာခဲ့ ခုနကမင်းပြောတာကို ငါတို့ကိုသင်ပေးဦး” ဂေါင်ကျိဟုန် ပြော လေသည်။
မြေပေါ်မှလူသည် ဘာမှမပြောပေ။
“ဘာလဲ ငါ့ရဲ့အဆင့်၁၈ ညှဉ်းပန်းတဲ့အရသာကို စမ်းကြည့်ချင်လို့လား” အနီသည် သူ့ကိုမျက်စိထောင့်မှကြည့်လိုက်သည်။
ထိုလူသည် တုန်ယင်ကာ သူ့မျက်စိမှာတွန့်ဆုတ်နေသည်ကိုမြင်နိုင် သည်။ သူသည် နောက်ဆုံးမှပင် ပါးစပ်ပွင့်လာသည် “ဆုန့်ဂျီ ငါ ခေါင်းဆောင် ရှာ…. အဂ္ဂိရတ်ပြိုင်ပွဲကို….”
ထိုလူသည် ရှားကျောင်ထျန်၏အသံကိုတုပနိုင်ရန် သင်ထားကာ အရင် စကားများကို ပြန်ရွတ်ပြလေသည်။
ရှီမာယူယူသည် အသံနှိမ့်ပြီးပြောလိုက်သည် “အဲဒီအနီဆိုတဲ့လူက အရမ်းအားကောင်းတာပဲလား ကြည့်ရတာ သူတို့က သူမကိုကြောက်တဲ့ပုံပဲ”
“အနီရဲ့ နာမည်က အလယ်ပိုင်းဒေသတွေမှာ လူသိများတယ်၊ သူမက ကုံကမံပန်းဂိုဏ်းက ခေါင်းဆောင်ပဲ၊ သူမက အဖွဲ့ခွဲခေါင်းဆောင်ကို သဘော ကျနေလို့ သူ့နောက်ကိုအမြဲလိုက်နေတာ” ဟန့်မြောင်ရွှမ် ပြောလေသည်။
“စီနီယာကဘယ်လိုသိတာလဲ” ရှီမာယူယူသည် ခေါင်းမော့ပြီး သူမကို ကြည့်လေသည်။
“ဟီးဟီး ငါတို့မှာ အရမ်းအတင်းပြောတတ်တဲ့ဆရာရှိတယ်ဆိုတာ မသိ ဘူးလား” ဟန့်မြောင်ရွှမ် ပြောလေသည် “သူဒီကိုလာတိုင်းကို စိတ်ဝင်စား စရာကောင်းတဲ့ပွဲအကြောင်းတွေကို ပြောပြတယ်၊ ငါတို့မကြားချင်တဲ့ ပွဲ အကြောင်းတွေလည်းများပေမယ့်ပေါ့”
“ဒါဆိုရင် အဲလူတွေက သူမကိုဘာလို့ကြောက်ကြတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ကုံကမံဂိုဏ်းက တခြားသူတွေမျက်လုံးထဲမှာ နတ်ဆိုးလိုပဲ၊ အထူးသဖြင့် အနီက အကြမ်းဖက်တတ်ပြီး ကြောက်ဖို့ကောင်းတယ် ညှဉ်းပန်း နှိပ်စက်ခြင်းအဆင့်၁၈ဆိုရင် တော်တော်များများကြောက်ကြတယ်၊ ဟီးဟီး ဆေးအဖွဲ့ခွဲမှာ သူမကိုကြောက်တဲ့သူအများကြီးရှိတယ်” ဟန့်မြောင်ရွှမ် ပြော လေသည်။
“တကယ်ပဲ သူမနဲ့တွေ့ချင်လိုက်တာ” ရှောင်ချီသည် သူမ၏ မျက်လုံး ကျယ်ကြီးများဖြင့် မျက်တောင်ခတ်ကာ ပြောလေသည်။
“မင်းသူမကိုသိသွားရင် ထပ်ပြီးသိချင်တော့မှာမဟုတ်ဘူး” စူးရှောင်ရှောင် ပြောလိုက်သည်။
“အစ်ကိုကြီးတို့ကအရင်ကတွေ့ဖူးလို့လား” ရှောင်ချီ မေးလိုက်သည်။
“မတွေ့ဖူးပါဘူး ဆရာပြောတာကြားဖူးတာ” စူးရှောင်ရှောင်သည် ရှုဂျင်း ပြောပြခဲ့သည့် အကြောင်းအရာကိုပြန်တွေးပြီး ပျို့အန်ချင်မိသည်။
အနီရဲ့ ညှဉ်းပန်းနှိပ်စက်မှုအဆင့်၁၈ဟုတ်လား။ ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည်။ သူမသည် အမှန်တကယ်ပင် ပိုသိချင်မိသည်။
ထိုလူပြောပြီးနောက်တွင် နေရာရှိလူအားလုံးသည် မှင်တက်သွားကြ သည်။
“ကောင်းလိုက်တဲ့ ဆုန့်ချောင်းဂျီနဲ့ ကျောင်ရှန်းရီ… မင်းတို့တကယ်ပဲ လုပ်ရဲတယ်၊ ငါတို့ကိုအရူးလို့ထင်နေတာလား” လူတစ်ယောက် အော်ကျိန်ဆဲ လေသည်။
“မဟုတ်ဘူးလား” ရှောင်ချီသည် ရေရွတ်လေသည်။ အနီနဲ့ တခြားသူ တွေသာ အသံကျောက်တုံးနောက်ကလျှို့ဝှက်ချက်ကို မဖော်ထုတ်ရင် အဲလူ တွေက ယုံနေဦးမှာပဲလေ။ အဲဒါက သူတို့ပြောတဲ့ အရူးဆိုတာမဟုတ်လို့လား။
“ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်တွေကအတုဆိုရင် သူတို့ကအခုဘယ်မှာ လဲ” ကျန့်ရှင်းသည် မတ်တတ်ရပ်ကာ မေးလေသည် “ဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲ ခေါင်းဆောင်တို့က မြို့အပြင်ကအဖြစ်အပျက်ကို စစ်ဆေးဖို့သွားကတည်းက ပြန်မာကြဘူး၊ တော်တော်တောင်ကြာနေပြီ သူတို့အသက်ရှင်သလား သေပြီ လားဆိုတာကို မသိသေးဘူး၊ ဒါကလည်းပြောဖို့ခက်တယ် ဒါပေမဲ့ သူတို့ တကယ်သေသွားပြီဆိုရင် သူတို့ရဲ့ ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်ရာထူးကို တကယ်ပဲ ဒုဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်ကိုပေးခဲ့မှာပဲ၊ သူတို့ကဘာလို့ဒီလို လုပ်ရတာလဲ”
“ဘာလို့လဲဆိုတော့ သူတို့က ကျွန်မတို့ကိုမသတ်နိုင်ခဲ့လို့ပဲ” ဂေါင်ကျိဟုန် ပြောလေသည် “အဲတုန်းက သူတို့က ကျွန်မတို့ကိုသတ်ဖို့ အတွက် ကျွန်မတို့နောက်ကိုလူလွှတ်ခဲ့တယ်၊ သူတို့က ဥက္ကဌနဲ့ အဖွဲ့ခွဲ ခေါင်းဆောင်တို့ကို အပြင်မှာသေစေချင်နေကြတာ၊ သူတို့က ကျွန်မတို့ကို မသတ်နိုင်တဲ့အတွက် ရွေးချယ်စရာမရှိတော့ပဲ ဒီဇာတ်လမ်းဆင်ရတာပဲ”
“ဂေါင်ကျိဟုန် ငါတို့ကိုမစွတ်စွဲနဲ့ မင်းကသာ အသင်းနဲ့ဥက္ကဌကို သစ္စာ ဖောက်တဲ့သူပဲ ဒါပေမဲ့ မင်းကပြန်လာနိုင်ပြီး ငါတို့ကိုပုံချနေတယ်” ကျန့်ရှင်း ပြောလေသည် “ဥက္ကဌကထွက်သွားတုန်းက မင်းနဲ့ထွက်သွားတာလေ မင်းက သူ့ရဲ့ ကိုယ်ရံတော်ပဲ၊ မင်းကငါတို့ကိုသေချာသတင်းပို့ရမှာပေါ့ မင်း ဘယ်လို လုပ် ဥက္ကဌနဲ့ တခြားသူတွေကိုသတ်လိုက်တာလဲ”
“အရှက်မရှိတဲ့ စွတ်စွဲမှုလဲ” ဂေါင်ကျိဟုန်ပြောလေသည်။
ထိုအချိန်တွင် အပြင်မှ လူနှစ်ယောက် ပြေးဝင်လာကြသည်။ သူတို့ သည် ဆုန့်ချောင်းဂျီဆီသို့လာပြီး နားရွက်နားသို့ လေသံဖြင့်ပြောလေသည်။
“သူတို့ရောက်လာပြီလား” ဆုန့်ချောင်းဂျီသည် ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားကာ ပြောလေသည် “သွား တိမ်ကာကွယ်ရေးအဖွဲ့ကလူတွေကို သွား ခေါ်လိုက်”
“ဟုတ်ကဲ့ပါ ဥက္ကဌ” ထိုလူသည် အမိန့်ရပြိးနောက် ထွက်သွားလေ သည်။
“ဂေါင်ကျိဟုန်.. ငါတို့ နှစ်ရာချီပြီးသိကျွမ်းခဲ့တာကိုထောက်ပြီး မင်းအကြံ ကိုလက်လျော့ပြီး ကိုယ့်ဘာသာအဖမ်းခံဖို့အကြံပေးလိုက်မယ်” ဆုန့်ချောင်းဂျီ ပြောလိုက်သည် “မင်းတို့လူနည်းနည်းလောက်နဲ့ ပြန်မတိုက်နိုင်ဘူး”
“ကျွန်မတို့သိကျွမ်းခဲ့တာကြာတာကိုထောက်ပြီး ကျွန်မလည်း အကြံပေး လိုက်မယ် အခုလုပ်နေတဲ့အမှားတွေကို ခေါင်းမာပြီးဆက်မလျှောက်နဲ့တော့ ကိုယ့်ဘာသာလက်လျော့လိုက်” ဂေါင်ကျိဟုန်သည် သူ့ကိုလှောင်ကာ “ကျွန်မတို့က ရှင့်လူတွေကို သတ်ပြီးနေပြီ ကျန်တာကဒီကလူအကုန်ပဲ၊ ရှင်က ကျွန်မတို့ပြိုင်ဘက်မဖြစ်နိုင်ဘူး”
“ဂေါင်ကျိဟုန်၊ မင်းကိုလမ်းဖွင့်ပေးတုန်း အဲလောက်အရှက်မရှိတင်းခံ မနေနဲ့” ကျန့်ရှင်းသည် ဂေါင်ကျဟုန်အား လက်ညှိုးထိုးကာ ဒေါသထွက်လေ သည်။
“ရှင်က အမှိုက်စကားတွေတအားပြောတာပဲ” အနီသည် သူမနားရွက် ကိုပွတ်ကာ စိတ်တိုပြီးပြောလေသည် “ကျီကျီကျာကျာပြောပြီး ကျွန်မအချိန် တွေဖြုန်းတာရပ်လိုက်၊ ကျွန်မ အခုပဲအဲလူကိုရိုက်လိုက်လို့ရတယ်”
ဂေါင်ကျိဟုန်သည် အနီဒေါသထွက်သည်ကို မြင်သောအခါ ပြုံးလိုက် သည် “အဲဒါစတာငါမဟုတ်ဘူးနော်”
အနီသည် မျက်လုံးလှန်ကာ ကျောင်ရှန်းရီနှင့် ဆုန့်ချောင်းဂျီဘက် လှည့်ကာ “ရှင်တို့နှစ်ယောက် အညံ့ခံမှာလား မခံဘူးလား အညံ့မခံရင် ကျွန်မ ကစ,လိုက်တော့မယ်”
ပြောပြီးနောက်တွင် သူမသည် သူတို့၏အဖြေကိုမစောင့်တော့ပဲ စတင် လက်များကိုဝေ့ရမ်းလိုက်သည်။
အစောင့်များသည် စတင်တိုက်ခိုက်ရာ ဝိညာဉ်စွမ်းအင်များသည် ဟိုဟို ဒီဒီလွှင့်နေကြသည်။ ပြိုင်ပွဲတစ်ခုလုံးမှာ ရှုပ်ယှက်ခတ်ကုန်သည်။
ရှီမာယူယူသည် ပျော်သွားသည်။ ဒီလိုရှုပ်ယှက်ခတ်နေတာနဲ့ဆိုရင် သူမ ဘာလုပ်လဲဆိုတာကို ဘယ်သူမှသတိမထားမိမှာမဟုတ်ဘူး။ သူမသည် ဘယ်သူမှသတိမထားမိခင်တွင် လောကအသေးတံခါးကို တိတ်တဆိတ်ပိတ် ဖွင့်လိုက်သည်။
“ကျွန်တော့်ကိုကွယ်ထားပေးဦး” သူမသည် ဟန့်မြောင်ရွှမ်နှင့် တခြား သူများကိုပြောလိုက်သည်။
ဟန့်မြောင်ရွှမ်၊ စူးရှောင်ရှောင်နှင့် ရှောင်ချီသည် သူမကိုဝိုင်းပြီး ကာ ထားလေသည်။ သူမသည် လှည့်ပတ်ကြည့်ပြီးနောက် သူမကို ဘယ်သူမှ အာရုံမထားသည်ကို သေချာသည်နှင့် ထိုတံခါးသေးကိုထုတ်လိုက်သည်။ သူမသည် စကားပြောနေသော ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့ကို စကားဖြတ်ပြောပြီး ထွက်လာခိုင်းလိုက်သည်။
“ဟမ်း”
ရှားကျောင်ထျန်၏ အသံသည် ပြိုင်ပွဲနေရာတွင်ပဲ့တင်သံထွက်လာရာ တိုက်ပွဲသည် ချက်ချင်းပင်ရပ်သွားလေသည်။
“ဥက္ကဌလား”
“အဖွဲ့ခွဲခေါင်းဆောင်”
သူတို့နှစ်ယောက် ထိုနေရာတွင်ပေါ်လာသည်ကိုမြင်သောအခါ အားလုံး သည် အံ့သြကြလေသည်။
“သြော် ဥက္ကဌကဘယ်သူလဲဆိုတာကို မှတ်မိသေးတယ်ပေါ့၊ ဥက္ကဌ အသစ်ကို အသိအမှတ်ပြုလိုက်ပြီမဟုတ်ဘူးလား” ရှားကျောင်ထျန်သည် ထို လူများကိုငဲ့ကြည့်လိုက်သည်။ ထိုမထိန်းသိမ်းနိုင်သော ဒေါသထွက်လာသည် နှင့် အားလုံးသည် အရှက်ရကာခေါင်းငုံ့သွားကြလေသည်။
သူသည် ဒေါသအလွန်ထွက်နေသည်။ သူ မည်သူ့ကိုကြည့်စေကာမူ ထိုလူသည် မျက်စိနှောက်စရာဖြစ်နေသည်။
အစောပိုင်းက သူ့အစီအစဉ်အရ သူသည် လူမစုခင်ကို ပေါ်လာရန် ဖြစ်သည်။ သည်လိုမှသာ သူသည် မျက်စိပသာဒဖြစ်အောင် ထွက်လာနိုင် မည်။ သို့သော် ဟိုနှစ်ယောက်သည် အဆုံးမရှိ ဆေးဖော်နေပြီးမေ့သွားခဲ့ သည်။ သည်လိုနှင့် သူတို့သည် ထိုပုံစံအတိုင်းသာ ပေါ်လာရတော့သည်။
***