← Chapters

တံခါးခေါက်ပြီး ဝင်ပါ။

Vol. 13 Ch. 146

တံခါးခေါက်ပြီး ဝင်ပါ။

Vol. 13 Ch. 146

လတ်ဆတ်သော ဝက်ကလေးသည် ခေတ်မီသော ထိပ်တန်းစားသောက်ဆိုင်ဖြစ်ပြီး ထင်ရှားသော ဟင်းလျာများမှာ ဝက်ကင်နှင့် သိုးသားကင်များဖြစ်သည်။

ချာကျင်က ၎င်းစားသောက်ဆိုင်မှ ထွက်လာသောအခါတွင် မှောင်စပြုနေပြီဖြစ်၏။ အစေခံနှစ်ယောက်က အစားအသောက်ပုံးနှင့် ဝိုင်သေတ္တာကို ကိုင်လျက်လိုက်ပါလာသည်။

ချာကျင်မှ ရထားလုံးတစ်စီးငှားပြီး အစေခံနှစ်ယောက်ကိုခေါ်ကာ တိမ်ပင်လယ် စံအိမ်သို့ ပြန်လာခဲ့၏။

ရထားပေါ်မှ ဆင်းလိုက်သည်နှင့် အနီရောင်၀တ်စုံဝတ် လူငယ်တစ်ယောက် သူမ အနား ရုတ်တရက် ရောက်ရှိလာသည်။

“ ညီမလေး၊ နောက်ဆုံးတော့ မင်းကိုရပြီ။ ”

အနီရောင် ၀တ်စုံဖြင့် လူငယ်မှ ကြည်နူးမှု အပြည့်ဖြင့် ပြောလာ၏။ ချာကျင်မှ အံ့အားသင့် သွားလေသည်။

“ စီနီယာအစ်ကို၊ ငါ့ကို ဘယ်လို ရှာတွေ့တာလဲ။ ”

ဤသည်မှာ စုရီကို လုပ်ကြံခဲ့သော လုဟွာပေပင်။

“ မင်းရဲ့ လခြမ်းဓားနှစ်ဖော်မှာ ငါတို့ ခြေခံနိုင်အောင် ... ဂိုဏ်းကနေအစီရင်တစ်ခု ထည့်ထားပါတယ်။ ”

“ နားလည်ပြီ ... ။ ”

“ ဒီနေရာက စကားပြောစရာ နေရာ မဟုတ်ဘူး ... ငါနဲ့လိုက်ခဲ့ ညီမလေး ။ ”

လုဟွာက တိုးတိုးလေးပြောသည်။

“ ဒီမှာ ခဏစောင့် ... ။ ”

ချာကျင်က အစားအသောက် သေတ္တာများနှင့် ဝိုင်များသယ်ဆောင်ထားသည့် အစေခံနှစ်ယောက်ကို ညွှန်ကြားချက်ပေးကာ လိုက်သွားခဲ့သည်။

အမှန်တွင် သူမ ကယ်ဆင်ခံရတော့မည် ဖြစ်ရာ ပျော်ရွှင်နေသင့်၏။ သို့သော် အကြောင်း တစ်ခုခုကြောင့် မပျော်ရွှင်နိုင်ဘဲ စိုးရိမ်မှုများ ပြည့်နှက်နေခဲ့သည်။

များမကြာခင် နီးစပ်ရာ စားသောက်ဆိုင် အတွင်း၌ ထိုင်နေသော အဖြူရောင်ဝတ် လူငယ် တစ်ယောက်ကို မြင်လိုက်ရ၏။

“ သိုင်းဦးလေးလျူ၊ မင်းဘာလို့ ဒီကို ရောက်နေတာလဲ။ ”

ဤသည်မှာ လျူဟုန်ချီ ဖြစ်သည်။ လဂိုဏ်းရှိပြင်ပအကြီးအကဲ (၁၂)ပါးအနက် အငယ်ဆုံးဖြစ်၏။ အသက် (၂၇)နှစ်သာ ရှိသေး သော်လည်း တတိယတန်း မဟာသခင် ဖြစ်သည်။

“ မင်းအန္တရာယ် ကျရောက်နေပြီဆိုတာ လုဟွာက သတင်းပြန်ပို့ခဲ့တယ် ... ဒါကြောင့် ဂိုဏ်းထဲက အကြီးအကဲတွေ အားလုံးက အရမ်း စိုးရိမ်နေကြတယ် ... ငါလည်း ဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ။ ”

သူ့အဝတ်အစားများက နှင်းကဲ့သို့ ဖြူစင်လွန်းကာ မာနကြီးသော သဘောထားကို ပေါ်လွင်နေစေ၏။

“ သိုင်းဦးလေး ... ငါ့စကားကို နားထောင်ပေးနိုင်မလား။ ”

ချာကျင်မှ ပြောသည်။

“ မင်းကဘာလို့ ငါ့အပေါ် ဒီလောက် ယဉ်ကျေးရတာလဲ ဒီလောက်ကြီး ပြောနေစရာ မလိုပါဘူး။ ”

လုဟွာက အဆိုပါ ထိုမြင်ကွင်းကြောင့် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရ၏။ ချာကျင်ကို နှစ်သက်ခဲ့သူများ စာရင်းတွင် သူနှင့် ဤလျူဟုန်ချီသည် ထိပ်ဆုံးမှပါရှိသည်။

မဟုတ်သော် အမြဲတမ်း မာနကြီးသော ဤလူငယ်သည် ချက်ချင်း ကူညီရန်စေတနာ့ ဝန်ထမ်းလုပ်လာမည် မဟုတ်ချေ။

“ သိုင်းဦးလေး၊ ကျေးဇူးပြုပြီး မဟာကျိုးကနေ အမြန်ဆုံး ထွက်သွားလိုက်ပါ နောက်ထပ် ပြန်မလာပါနဲ့။ ”

“ ဟမ့် ... ဒါက ဘာအဓိပ္ပါယ်လဲ။ ”

“ စုရီမှာ မှော်ဆန်တဲ့ စွမ်းအားမျိုးရှိတယ်၊ ငါတို့က သူ့ရန်သူ ဖြစ်လာခဲ့ရင် သိုင်းဦးလေးကို အန္တရာယ် ကြုံရနိုင်ချေများပါတယ်။ ”

“ ဟား ဟား ဟား ... ဘာများလဲလို့ ငါက သူ့ကိုသတ်ဖို့လာတာပါ ဒါဆို သားကောင်မပါဘဲ မုဆိုးက အိမ်မပြန်ဘူး။ ”

အဖြူဝတ် လူငယ်မှ အေးစက်စွာ ပြောကြားလိုက်သည်။ ချာကျင်တစ်ယောက် ထိုလူယုတ်မာအပေါ် ကြောက်လန့်နေပုံရ၏။

လဂိုဏ်း၏အလှတရားသည် တစ်စုံတစ်ဦးလက်၌ အစေခံအဖြစ် ရှင်သန်နေရ သည်လော။ နာကျင်စရာ ပေပင်။

“ ဆရာဦးလေး ... မင်းပြန်တာ အကောင်းဆုံးပါပဲ စုရီက သာမန်မဟုတ်ဘူး။ ”

ချာကျင်ခမျာ ပို၍ ထိတ်လန့်သွား၏။

“ ဟမ့် ... ငါအမုန်းဆုံးအရာတွေက အမျိုးသမီးတွေကို အရှက်ရစေမယ့် နည်းလမ်း သုံးပြီး အစေခံစေတဲ့ ...

... လူယုတ်မာတွေကို ... လုဟွာ မင်းလမ်းပြပါ ဒီအကောင်ကို သွားသတ်ပြီး ငါတို့ အတူတူ ပြန်ကြမယ်။ ”

လျူဟုန်ချီက ရေနွေးကြမ်းခွက်ကို စောင့်ချကာ ထရပ်လိုက်တော့၏။ ၎င်း၏ဖြူစင် ဖြောင့်တန်းနေသောနှာတံနှင့် ကြီးစိုးလွန်းသော အသွင်အပြင်ကြောင့် ဆိုင်းအတွင်းမှ လူတိုင်း လှည့်ကြည့်လာကြသည်။

ထို့နောက် သုံးယောက်သား စုရီထံ ဦးတည်လာခဲ့သည်။ စံအိမ်ရှေ့ ရောက်ချိန်၌ လျူဟုန်ချီမှ၊

“ လုဟွာ ... မင်းဒီမှာနေပြီး ချာကျင်ကို စောင့်ရှောက်ထားပါ ... ငါ ပြန်ထွက်လာတာနဲ့ မဟာဝေကို အတူတူ ပြန်ကြမယ်။ ”

-ဟု ဆိုကာ ခြံတံခါးကို ကန်ဖွင့် ပစ်လိုက်သည်။

“ ဝုန်း ... ။ ”

“ စုရီဆိုတဲ့ လူယုတ်မာ မင်းဘယ်မှာလဲ။ ”

ရုတ်တရက် တံခါးရွက်များ ကန်ဖွင့်ခံရပြီး အော်ဟစ်နေသံကြောင့် စုရီက ကြိမ်ကုလားထိုင် ပေါ်မှနေ၍ အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိ၏။

အင်ပါယာမြို့တော်သို့ ရောက်သည်မှာ တစ်ရက်မပြည့်သေးချေ။ ပြဿနာသည် အိမ်ဝ ရောက်ရှိလာချေပြီ။

ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲကာ အဖြူရောင်ဝတ်စုံဖြင့် အရပ်ရှည်ပြီး ခံ့ညားသော လူရွယ်တစ်ယောက် လှမ်းဝင်လာသည်။

“ လျူ ဟုန် ချီ ... ။ ”

ချန်ကွာခယ်မှ ချက်ချင်း​ ထရပ်​လိုက်​ပြီး အံ့ဩတကြီး ဖြစ်သွားသည်။ လျှို့ဝှက်နဂါးဓား ဂိုဏ်းနှင့် လဂိုဏ်းသည် မဟာရန်သူများဖြစ်၏။

ထို့ကြောင့် လျူဟုန်ချီသည်လည်း မျက်မှောင်ကြုတ်လျက် အနည်းငယ် အံ့သြသွား လေသည်။

“ ချန်ကွာခယ် ... မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ။ ”

“ ဟမ့် ... ငါမေးရမဲ့ မေးခွန်းပဲ မဟာကျိုးနယ်မြေထဲကို ခိုးဝင်ဖို့ ဘယ်သူက သတ္တိပေးခဲ့လဲ။ ”

“ သိုင်းဦးလေးချန် ... သူက ဘယ်သူလဲ။ ”

ကျိုးကျစ်လီမှ သိချင်စိတ်ပြင်းစွာ မေးမြန်းလိုက်သည်။

“ လဂိုဏ်းရဲ့ အသက်အငယ်ဆုံး ပြင်ပအကြီးအကဲပဲ တတိယအဆင့် မဟာသခင် ကျင့်ကြံမှု ပိုင်ဆိုင်ထားတယ် သူ့ဆရာသခင်က လဂိုဏ်းရဲ့ ဒုတိယအကြီးအကဲ။ ”

သူ့အဖြေကြောင့် ကျိုးကျစ်လီနှင့် ကျန်းတျန်းဟီ၏ မျက်နှာများ တစ်ချိန်တည်း ပြောင်းလဲသွားတော့၏။

သူတို့နှစ်ဦးသည် သန်မာသော နောက်ခံများရှိသော်မှ လဂိုဏ်းကို ဂရုမစိုက်ဘဲ မနေဝံ့ချေ။

အထူးသဖြင့် ဤအဖြူဝတ်လူငယ်သည် ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သောကြောင့် ပေပင်။

“ ချန်ကွာခယ် ... မင်းဝင်မရှုပ်နဲ့ ဒီလူကို သတ်ပြီးရင် ... ငါပြန်မယ်။ ”

“ ဟမ့် ... မင်းက သခင်လေးကို သတ်ဖို့ ဒီရောက်လာတာလား။ ”

“ မှန်တယ် ... အဲဒီတိရိစ္ဆာန်ကောင်က ငါ့သိုင်းတူမလေးကိုသာ အရှက်မခွဲခဲ့ဘူးဆိုရင် ငါ့အဆင့်အတန်းနဲ့ သေမျိုးတစ်ယောက်ဆီကို လာစရာလား။ ”

“ ဘယ်လိုလူမိုက်လဲ ... မင်းကိုယ်မင်း သခင်လေးရဲ့ ပြိုင်ဘက်များ ထင်နေတာလား ငါ့ကိုပဲ အရင် ဖြေရှင်းဖို့ ကြိုးစားစမ်းပါဦး။ ”

ချန်ကွာခယ်မှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက် နှင့်အတူ ဓားကို ဆွဲထုတ်ပစ်လိုက်သည်။

“ ဒီည လာဝံ့မှတော့ သူ့ခေါင်းကို ငါယူနိုင်မယ်လို့ သဘာဝကျကျ ယုံကြည်တယ် ၊ ချန်ကွာခယ် မင်း ငါ့လမ်းကနေဖယ်ပါ။ ”

“ မိုက်မဲတဲ့စကားတွေ ရပ်ပြီး ငါ့ကို ... တိုက် ။ ”

“ ကောင်းပြီ မင်းဆန္ဒအတိုင်းဘဲ။ ”

လျူဟုန်ချီမှ လက်ဆန့်တန်းလိုက်ရာ မီးကဲ့သို့ တောက်ပနေသော ဓားတစ်လက်သည် ပျံသန်းထွက်ပေါ်လာသည်။

ဓားကိုယ်ထည်တွင် တိမ်တိုက်ပုံစံများနှင့် မထင်မရှား အမိန့်စာများ ဖုံးအုပ်ထားလေသည်။ ထိုမြင်ကွင်းက ချန်ကွာခယ်ကို မျက်မှောင်ကြုတ် မိစေသည်။

ဤသည်မှာ မူလတာအို ကျင့်ကြံသူမှ သွန်းလုပ်ပေးထားသော ရတနာတစ်ခုဖြစ်သည်။ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် မဟာသခင်ကို သတ်နိုင်ချေ၏။

ယင်းသည် တစ်ချိန်က လုဟွာမှ စုရီကို လုပ်ကြံရန် ကြိုးစားသည့် ဝိညာဉ်အဆင့် ဓားပျံ ဖြစ်သည်။

ထိန်းချုပ်သူ မတူသဖြင့် ထက်ရှမှုသည်လည်း ကွဲပြားချေမည်။ စုရီက ဓားကို ကြည့်ကာ၊

“ သူ့ကို သတ်ဖို့ ဘယ်နှစ်ကြိမ် တိုက်ခိုက်ရမှာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါခွန်အားအကုန်ပေးမယ် ဆိုရင် ... သူ့ကိုတားနိုင်မယ်လို့ (၅၀%) ရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ်။ ”

“ ခွန်အားအကုန် သုံးရင်တောင် ... ယုံကြည်မှု ငါးဆယ်ပဲရှိတာလား မင်းကတကယ့် ဒုက္ခသည်ပဲ မင်းတို့တိုက်ရင် တံတား၊ ရေကန်၊ မြက်ခင်းတွေနဲ့ ပန်းပွင့်တွေ ပျက်စီးကုန်မှာ ဒါတွေကို ထည့်တွက်ရမယ်။ ”

“ ငါ ... ။ ”

“ နောက်မှာနေ ... ငါပဲ လုပ်လိုက်တော့မယ်။ ”

စုရီက စိတ်ပျက်စွာဖြင့် ကုလားထိုင်မှ ထရပ်လိုက်တော့၏။ သူ့စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။

“ မင်းငါ့တံခါးကို ကန်ဖွင့်လိုက်တာလား။ ”

စုရီမှ မေးသည်။ ရုတ်တရက် ဖြစ်သဖြင့် လျူဟုန်ချီတစ်ယောက် အံ့အားသင့်သွားခဲ့၏။ စုရီမှ သက်ပြင်းချသည်။

“ နောက်တစ်ခါဆိုရင် တံခါးခေါက်ပြီးမှ လူကြီးလူကောင်း ဆန်ဆန်ဝင်ပါ ... မေ့လိုက်ပါ မင်းမှာ နောက်တစ်ခေါက် မရှိတော့ဘူး။ ”

ထိုစကားကြောင့် လူတိုင်း မျက်ခုံးပင့် လိုက်မိသည်။ ဤကမ္ဘာကြီးတွင် အရင်းမြစ်များ ခွဲဝေမှုကြောင့် အချင်းချင်း သတ်ဖြတ်ကြ သည်မှာ သဘာဝပေပင်။

သို့သော် မြက်ပင်နှင့် ပန်းပွင့်များ ကာကွယ်ရန်အတွက် တစ်စုံတစ်ယောက်ကို သတ်ခြင်းမျိုး မည်သူမျှ မကြားဖူးချေ။

“ ဟားဟားဟား ... စိတ်မပူနဲ့ မင်းကို တစ်ချက်တည်းနဲ့ ငါသတ်ပေးမယ် ... ဒါမှ မင်းရဲ့ အဖိုးတန် မြက်ပင်တွေ မပျက်စီးတော့မှာ။ ”

“ ရွှပ် ... ။ ”

လျူဟုန်ချီမှ ရယ်မောလျက် လေထဲသို့ လက်ပြလိုက်၏။ ပျံဝဲနေသော မီးလျှံဓားက ဆူညံသွားပြီးနောက် အလင်းတန်းတစ်ခု အလား စုရီထံ ပြေးဝင်သွားသည်။

ယင်းသည် ကြယ်တံခွန်တစ်စင်း ကြွေဆင်းနေသကဲ့သို့ လေထုကိုလောင်မြိုက် ချန်ထားရစ်ခဲ့လေသည်။

“ ရတနာကို ဖြုန်းတီးနေတာပဲ။ ”

စုရီက သက်ပြင်းချကာ လက်ဝှေ့ယမ်းပြီး နောက်တစ်လှမ်းဆုတ်၏။ ညာလက်၌ ယန်ကို စုစည်းကာ ဘယ်ဘက်တွင် ယင်ကို ထိန်းချုပ်သည်။

ထိုက်ချိ စက်ဝန်းပုံ ပေါ်လာ၏။ ငါးနှစ်ကောင် တစ်ကောင်အမြီး တစ်ကောင် လိုက်ဖမ်းနေသလို ပေပင်။

စစ်မှန်သော အနှစ်သာရမှ ပေါက်ဖွားလာသော သဏ္ဍာန်မဲ့ စွမ်းအားသည် ထိုလက်များအောက်တွင် ဖြည်းဖြည်းချင်း ပေါင်းစပ်လာသည်။

တောင်များနှင့် မြစ်များကို ခွဲထုတ်နိုင်သည့် အစွမ်းသတ္တိဖြင့် လေထုကို ဖြတ်သန်းလာသော ဓားပျံသည် ထက်မြက်ပြီး စူးရှ၏။

“ ဘရူး ... ။ ”

“ ဖောက် ... ။ ”

သို့သော် စုရီအနားရောက်ချိန်၌ သဏ္ဍာန်မဲ့ စွမ်းအားတစ်ခုက ၎င်းကို တုန့်ခနဲ ရပ်သွားစေ ခဲ့သည်။ တစ်ဆက်တည်းမှာပင် ဓားဖျားသည် တုန်ခါလျက် မြေပြင်ပေါ် ထိုးကျသွား၏။

ရေခဲအတွင်းကျသွားသော ငါးတစ်ကောင်နှင့်တူသည်။ လျင်မြန်စွာ အေးခဲလျက် ပြန်မထတော့ချေ။

“ ပြန်လာ ... ။ ”

လျူဟုန်ချီက လက်ဝှေ့ရမ်းလျက် တံဆိပ်တစ်ခု ပြုလုပ်လိုက်လေသည်။ သို့သော် ဓားပျံသည် တောင်ဖြင့် ဖိထားသကဲ့သို့ ငြိမ်သက်နေခဲ့၏။

မူလတာအိုအဆင့် ကျွမ်းကျင်သူမှ ဖန်တီးထားသော ဓားပျံတစ်လက်အပေါ် ဤမျှ လွယ်ကူစွာ ဖိနှိမ်ထားနိုင်သည်လော။ မည်မျှ အံ့ဩစရာကောင်းသနည်း။

“ အဟွတ် အဟွတ် ... ။ ”

အဆုံးတွင် ဆက်သွယ်မှု အတင်းအကြပ် ဖြတ်တောက်ခံလိုက်ရသဖြင့် မလှမ်းမကမ်းတွင် ရပ်နေသော လျူဟုန်ချီခမျာ ချောင်းဆိုးလျက် သွေးများစီးကျလာတော့သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

လျူဟုန်ချီခမျာ ထိတ်လန့်လာတော့၏။ စုရီက ဓားပျံကို ဆွဲယူလိုက်ပြီး အနည်းငယ်မျှ စစ်ဆေးကြည့်လိုက်သည်။

“ ပါဝင်ပစ္စည်းတွေက တန်ဖိုးရှိပေမယ့် လက်ရာညံ့ဖျင်းလွန်းတယ် သွန်းလုပ်ပေးတဲ့ လူက ပစ္စည်းကောင်းတွေကို တကယ် ဖြုန်းတီးနေတာပဲ။ ”

ဤသည်မှာ ဓားပျံအစစ်မဟုတ်ချေ။ ပြန်လည် ပြင်ဆင်မွမ်းမံခြင်းဖြစ်သည်။ အရည် ကျိုလျှင်ပင် အညစ်အကြေးမှလွဲ၍ မည်သည့် အရာမျှ ပြန်ရမည်မဟုတ်ချေ။

“ သေ လိုက် တော့ ... ။ ”

ရုတ်တရက် လျူဟုန်ချီမှ သူ့ခါးရှိ ဓားကိုဆွဲထုတ်ပြီး ချက်ချင်း ပိုင်းချလိုက်တော့ သည်။ တတိယအဆင့် မဟာသခင်ခွန်အားကို အပြည့်အဝ ထုတ်ဖော်ထား၏။

“ ရွှပ် ... ။ ”

ရောင်ဝါသည် တူညီသော နယ်ပယ်အတွင်း ပြိုင်ဘက်ကင်းနေ၏။ ဓားရှည်မှ သက်တံကဲ့သို့ ချီဓားတစ်စင်း ပြေးထွက်လာသည်။

သို့သော် စုရီမှ ရှေ့တစ်လှမ်းတက်ကာ လက်ညိုးနှင့် ညှပ်ဖမ်းလိုက်သဖြင့် ဓားချီခမျာ ဆက်၍ ထွက်မလာနိုင်တော့ချေ။

လက်ညိုးနှင့် လက်ခလယ်ကြားတွင် ပိတ်မိနေခဲ့လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။

“ ဒါပဲလား ... ။ ”

လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းသော ဓားနှင့်ဓားချီကို မထွက်နိုင်အောင် ပိတ်ဆို့လျက် စုရီမှ မေးမြန်းလိုက်သည်။

လျူဟုန်ချီတစ်ယောက် သိသိသာသာ မျက်နှာပျက်ယွင်းသွားခဲ့သည်။ အခြေအနေအရ သူမည်မျှ မိုက်မဲခဲ့ကြောင်း နားလည်လိုက်၏။ ချက်ချင်း ဓားလွှတ်ချကာ ထွက်ပြေးသည်။

“ ဝှစ် ... ။ ”

ခွန်အားအပြည့်နှင့် တိုက်ခိုက်မှုတိုင်းသည် တစ်ဖက်လူအတွက် ပိုးမွှားအဆင့်မျှသာ ဖြစ်နေ ခဲ့သည်။ သူ့တိုက်ခိုက်မှု နှစ်ရပ်စလုံးသည် ကြီးမားသော တူကြီးတစ်လက်ဖြင့် ထုခွဲလိုက်သလို ကြေမွှကုန်၏။

မာန၊ ယုံကြည်မှုနှင့် မိမိကိုယ်ကို လေးစားမှုတို့သည် အပိုင်းပိုင်း ကွဲထွက်ကုန် ခဲ့သည်။

“ လဂိုဏ်းက လူတွေက တကယ် အပြေးသန်တာပဲ ကြီးကြီးငယ်ငယ် ပြေးတဲ့ နေရာမှာ အရှက် မရှိကြဘူး။ ”

စုရီက ပျင်းရိသောအသွင်ဖြင့် လက်နှစ်ချောင်းကြားရှိ ဓားကို လွှဲကာ ပြန်လည် ပစ်ပေါက်ချလိုက်သည်။

ဤဓားသည် တစ်ချိန်က လျူဟုန်ချီမှ စုရီအသက်ကို ယူရန်ဖြစ်၏။ ယခုမူ လျူဟုန်ချီ အသက်ကို ယူသွားခဲ့ချေပြီ။

“ စွပ် ... ။ ”

“ အား ... ။ ”

လျူဟုန်ချီခမျာ ကျောပြင်မှ စူးခနဲ ခံစားလိုက်ရကာ နှလုံးသားအတွင်း အေးစက် သွားပြီး ခြံစည်းရိုးပေါ်ခုန်တက်လျက် ရှေ့သို့ အရှိန်ဖြင့် ပြုတ်ကျသွားခဲ့ချေပြီ။

***

All Chapters