← Chapters

အကယ်ဒမီသို့ ... ။

Vol. 13 Ch. 149

အကယ်ဒမီသို့ ... ။

Vol. 13 Ch. 149

ဆောင်းဦးရွက်ကြွေတောင်တန်း။ တောင်တန်းသို့ သွားရာလမ်းတွင် ရေတံခွန်များ၊ စိမ့်စမ်းတွင်းများနှင့် စိမ်းလန်းစိုပြေသော သစ်တောများ စသည်တို့ဖြင့် ခမ်းနားနေ၏။

တောင်ခြေရောက်သောအခါ၌ စုရီက မော့ကြည့်လိုက်သည်။ တိမ်ခိုးဝေနေသည်ကို မြင်လိုက်ရ၏။

တောင်ပေါ်ရှိ ရော်ရွက်ဝါများသည် လှပသောမြင်ကွင်းဖြစ်ပြီး တောင်တန်းနှင့် တိမ်ပင်လယ်ကြား ပါးလျသော ဝိညာဉ် စွမ်းအင်များ လွင့်မျောနေသည်။

“ ဒီတောင်အောက်မှာ ... ဝိညာဉ်သွေးပြန်ကြောတစ်ခု ရှိရမယ်။ ”

စုရီက မှတ်ချက်ပေးလိုက်၏။

“ ဦးလေး၊ ငါ့နောက်ကို လိုက်ခဲ့။ ”

ကျန်းမူယန်မှ အပြာရောင် တောင်တက် ကျောက်လှေကားထစ်များကို ရှေ့မှတက်ကာ ဦးဆောင်လမ်းပြခဲ့သည်။

စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် လိုက်ပါလာ၏။ ဦးလေးလျောင်မှ ထိုမြင်ကွင်းကို တောင်ခြေရင်းတွင် ရထားလုံးစောင့်လျက် ငေးကြည့်နေခဲ့သည်။

တောင်များသည် အုံ့မှိုင်းအေးမြကာ နေရာတိုင်း၌ ထူးခြားဆန်းပြားသော ပန်းများနှင့် သစ်ပင်ကြီးများ ပေါက်ရောက်နေ၏။

တစ်ခါတစ်ရံတွင် ကြိုးကြာငှက်များ အုပ်စုလိုက် ပျံသန်းနေသည်ကို မြင်နိုင်သည်။ သေမျိုးကမ္ဘာပေါ်ရှိ သုခဘုံတစ်ခုပေပင်။

လမ်းတစ်လျှောက် ချောမောလှပသော ယောက်ျားလေးများနှင့် မိန်းမပျိုလေးများစွာကို ရယ်မောလျက် ကြုံးလာရ၏။

သူတို့အားလုံးသည် ငယ်ရွယ်နုပျိုပြီး အားမာန်အပြည့်ဖြင့် တက်ကြွလန်းဆန်းနေ ချေပြီ။

ကျန်းမူယောင်ကို တွေ့လိုက်သောအခါ လူအများစုက အနည်းငယ်ကြောက်လန့်လျက် အဝေးမှ နှုတ်ဆက်ပြီး ရှောင်ဖယ်ကုန်၏။

သူမသည် အကယ်ဒမီတွင် အလွန်နာမည်ကြီးကြောင်း မျက်စိအမြင် ရှိသူတိုင်း ပြောပြနိုင်သည်။

သို့သော် စုရီမှ စိတ်မဝင်စားသဖြင့် ကျန်းမူယောင်မှ စိတ်ပျက်သွားတော့သည်။

“ ဒီကောင်က ဘယ်သူလဲ၊ ဘာလို့ ကျန်းမိသားစုရဲ့ စုန်းမလေးနဲ့ အတူလိုက်လာ ရတာလဲ။ ”

“ တိတ်တိတ်နေ၊ မင်းရဲ့အသံကို လျှော့လိုက်ပါ ... နောက်ဆုံး အချိန်တုန်းက အကယ်ဒမီမှာ လူငယ်သုံးယောက် သစ်ပင်ပေါ် ချိတ်ဆွဲခံခဲ့ရတာ မှတ်မိသေးလား ...

... ဒီမိန်းကလေးက အလှမယ် လေးယောက်ထဲမှာ ပါပေမယ့် အရိုင်းစိုင်းဆုံးနဲ့ အရမ်းကားဆုံးပဲ ... သူမ ရိုက်နှက်တာခံရတဲ့ ယောက်ျားဘယ်နှစ်ယောက် ရှိနေပြီမှန်း ...

... မသိတော့ဘူး၊ ဒါတောင် သူမကို နတ်သမီးအဖြစ် အစွဲအလမ်းကြီးတဲ့ လူတွေ အများကြီး ရှိနေသေးတယ်။ ”

လမ်းတစ်လျှောက်တွင် တီးတိုးဆွေးနွေးသံများ အများအပြား ဖြစ်ပေါ် နေခဲ့သည်။ တိမ်တိုက်များအတွင်း ဝိုးတဝါး ထွက်ပေါ်နေသည့် မဏ္ဍပ်များကို တစ်လုံးပြီး တစ်လုံး မြင်လာရသည်။

“ ဦးလေးစု အကယ်ဒမီမှာ နန်းတော်ပေါင်း(၇၂)ခန်း၊ ခြံဝင်းပေါင်း (၃၆)ခု၊ စံအိမ်ပေါင်း တစ်ရာကျော်ရှိတယ် မင်းဘယ်ကို သွားချင်တာလဲ။ ”

“ ဝေကျန်းရန် ... ။ ”

စုရီက နာမည်တစ်ခု ထုတ်ပြော လိုက်လေသည်။ ကျန်းမူယောင်မှ အံ့ဩသွားပြီး အနည်းငယ် စိတ်ရှုပ်သွား၏။

အကယ်ဒမီတွင် ပြင်ပတပည့် ထောင်ပေါင်းများစွာနှင့် အတွင်းတပည့်ပေါင်း သုံးရာကျော် ရှိသည်။

ထို့ကြောင့် သြဇာကြီးမားသည့် ဇာတ်ကောင်များကိုသာ သတိပြုမိနိုင်မည်။ ဤဝေကျန်းရန်ဟူသော အမည်ကို သူမ မသိချေ။

“ ဟေ့ ... ဒီကိုလာဦး။ ”

အဝေးမှ ငွေရောင်၀တ်စုံဖြင့် လူငယ်တစ်ယောက်ကို ဝှေ့ယမ်းပြီး ခေါ်ယူ လိုက်ရသည်။

“ ငါလား ... ။ ”

လူငယ်မှ သူ့ကိုယ်သူ လက်ညိုးထိုးပြ၏။

“ ဟုတ်တယ်၊ မင်း ... ။ ”

“ စီနီယာအစ်မကျန်း ငါ့ကို ဘာအတွက် ခေါ်တာလဲ။ ”

လူငယ်မှ အတည်ပြုပြီးနောက် ချက်ချင်းလှမ်းတက်လာကာ စိတ်လှုပ်ရှားစွာ ဦးညွှတ်လိုက်၏။

“ ဝေကျန်းရန်ကို ... သိလား။ ”

“ သိပါတယ် ... လွန်ခဲ့တဲ့ တစ်လက ပြင်ပတပည့်အဖြစ်နဲ့ မြောက်ဘက်ခြံဝင်းမှာ လေ့ကျင့်နေပါတယ်။ ”

“ ဟမ့် ... ငါမသိတာ အံ့သြစရာ မရှိတော့ပါဘူး ... ဒီလိုတပည့်တစ်ယောက်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ ... မင်းသွားလို့ရပြီ။ ”

ကျန်းမူယောင်မှ ညည်းတွားလျက် လက်ရမ်းပြလိုက်တော့သည်။

***

မြောက်ဘက်ခြံဝင်း။

“ ဖြန်း ... ။ ”

ပြင်းထန်သော ပါးရိုက်သံနှင့်အတူ ဝေကျန်းရန် မျက်နှာတစ်ခုလုံး နီရဲသွား တော့၏။

ပါးစပ်နှင့်နှာခေါင်းတို့မှ သွေးများ စီးကျလာကာ ဒူးထောက်လျက် သွေးများကိုပင် မသုတ်ဝံ့ဘဲ နာကြည်းမှုများနှင့် တိတ်ဆိတ် နေခဲ့သည်။

“ ငါမင်းကိုနောက်ဆုံးအကြိမ် ပြောမယ် ... မင်းသုံးရက်အတွင်း ဝိညာဉ်ကျောက်တုံးတစ်ရာ မထုတ်နိုင်ရင် မင်းကိုတွေ့တိုင်း ငါရိုက်မယ်။ ”

“ စီနီယာအစ်ကို၊ ငါ အဲဒါကို မပေးနိုင်တော့ဘူး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့မိသားစုဆီကနေ တောင်းထားတဲ့ ဝိညာဉ် ကျောက်တုံး အားလုံးကို မင်းတို့ဆီ ပေးခဲ့ပြီးပါပြီ။ ”

“ ဖြန်း ... ။ ”

ပါးရိုက်သံက ထပ်မံ ထွက်ပေါ်လာသည်။ ဝေကျန်းရန်တစ်ယောက် အံကြိတ်ပြီး စကား ထပ်မပြောရဲတော့ချေ။

“ ဟမ့် ... မင်းကိုယ်မင်း ဘာကောင်လဲဆိုတာ သိပြီလား ... အစ်ကို ရှန့်မင်နဲ့ မင်းပြိုင်ဝံ့လား ... ထွီး။ ”

အဆုံးတွင် ပါးရိုက်နေသည့် လူငယ်မှ တံတွေးဖြင့် ထွေးချလိုက်သည်။ ထိုမြင်ကွင်းကို အဝေးမှမြင်သောစုရီက ခေါင်းယမ်းမိ၏။

ထိုအချိန်က အိမ်ထောင်ရေးကို ဖျက်သိမ်းကာ သူ့ကို အစေခံအဖြစ် ခေါ်ယူ မည်ဟု ကြွေးကြော်ခဲ့သည်။

ထို့ကြောင့် ဤကောင်လေးကို ဖယ်ရှားရန် စီစဉ်နေခြင်းဖြစ်၏။ ယခုမူကား လုံးဝ မလိုအပ် တော့ချေ။ အချိန်ကုန်၏။

“ ဝမ်လင်ကျောက်ဆီ လမ်းပြပါ။ ”

ရုတ်တရက် ဦးတည်ချက် ပြောင်းလဲသွားသော စုရီကြောင့် ကျန်းမူယောင် ခမျာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဝေကျန်းရန်ကို မြင်မိပြီးနောက် ပြန်လှည့်ခြင်းအပေါ် နားမလည်နိုင်တော့ချေ။ စိတ်ပြောင်းသွားခြင်း ဖြစ်လေသည်။

“ ဝမ်လင်ကျောက်လား။ ”

တစ်ဖက်တွင်လည်း ဝမ်လင်ကျောက် အမည်ကြောင့် အံ့ဩသွားသည်။ ဤနာမည်ကို သူမ သိသည်။ မကြာသေးမီမှ အကယ်ဒမီသို့ ရောက်ရှိလာသော ပါရမီရှင်ဖြစ်၏။

အချိန်တိုအတွင်း ရေပန်းအစားဆုံးနှင့် အတောက်ပဆုံးသော ဂုဏ်ကျက်သရေများကို ပိုင်ဆိုင်ထားသည်။

လဝက်တာ အချိန်ကာလလေးဖြင့် တပည့်အများစုပင် အိပ်မက် မမက်နိုင်သော အမြင့်သို့ နေ့ချင်းညချင်း ရောက်ရှိခဲ့သည်။

၎င်းပတ်ဝန်းကျင်၌ မျိုးဆက်သစ် လူငယ်များအပါအဝင် စီနီယာများသည်လည်း စုရုံးနေတတ်သည်။

ထို့ပြင် ရေခဲနတ်သမီးဘွဲ့ကို ရရှိကာ မဟာကျိုးမင်းဆက်ရှိ မရေမတွက်နိုင်သော အင်အားစုများအကြား ပျံနှံ့နေချေပြီ။

သို့သော် သူမသည် အိမ်ထောင်သည် တစ်ဦးဖြစ်ကာ ယောက်ျားသည် အဆင့်အတန်း နိမ့်ပါးပြီး အသုံးမကျသူ တစ်ယောက်ဟု သတင်းထွက်နေခဲ့သည်။

ထိုအသိကြောင့် ကျန်းမူယန်မှ လှည့်ထွက်သွားနေပြီဖြစ်သော စုရီထံ ချက်ချင်း ပြန်မော့ ကြည့်လိုက်မိသည်။

“ မဖြစ်နိုင်ပါဘူး ... ။ ”

အဆုံးတွင် ခေါင်းယမ်းလျက် လိုက်ပါလာခဲ့သည်။ ဦးလေးစုသည် ထိုသို့သော သမက်မျိုးနှင့် လုံးဝမတူချေ။ သူမ အဖေပင် လေးစားရသော ကျွမ်းကျင်သူ ဖြစ်လေသည်။

“ ဦးလေးစု ... ဝမ်လင်ကျောက် လေ့ကျင့်နေတဲ့ ကောင်းကင်ဘုံတောင်ထိပ်ရဲ့ တေးသီငှက်ခန်းမဆိုတာ ငါတို့ရောက်နေတဲ့ တောင်နဲ့ မျက်နှာချင်းဆိုင်အရပ်မှာရှိတယ်။ ”

စုရီက တစ်ဖက်သို့ မျှော်ကြည့်မိရာ တိမ်ပင်လယ်ကို ဖြတ်လျက် ခင်းထားသော ကြိုးတံတားတစ်စင်း မြင်လိုက်ရသည်။

“ ဝမ်လင်ကျောက်ရဲ့ လက်ရှိ ကျင့်ကြံမှုက ဘယ်အဆင့်လဲ။ ”

“ နှောင်းပိုင်း ချီစုစည်းခြင်းအဆင့် ... သူကအရမ်း ထက်မြက်ပြီး တိုးတက်မှုမြန်တယ် ‌တစ်နှစ်အတွင်း မဟာသခင် ဖြစ်နိုင်တယ်လို့ အကြီးအကဲတွေ မှတ်ချက်ပေးထားတယ် ...

... ဒီလိုသာအမှန်ဖြစ်ရင် (၁၈) နှစ်နဲ့ မဟာသခင်တစ်ပါး ဖြစ်လာတာပဲ အကယ်ဒမီရဲ့ နှစ်တစ်ရာအတွင်း အငယ်ဆုံး မဟာသခင်။ ”

ကျန်းမူယောင်၏ စကားများကို ကြားပြီးနောက် စုရီမှ ပြုံးမိသည်။ တစ်ဖက်လူ အဘယ်ကြောင့် ဤမျှ ကြိုးစားနေရသည်ကို သူအသိဆုံးပေပင်။

ကြိုးတံတားကို ဖြတ်ကာ တောင်ပေါ် ဆက်တက်လာခဲ့၏။ တောင်ထိပ်တစ်နေရာတွင် ရှေးဟောင်းနှစ်ထပ်နန်းတော်တစ်လုံး ရှိသည်။

ထိုအချိန်တွင် ငွေရောင်ဝတ်ရုံနှင့် လူငယ်တစ်စု တောင်တက်လမ်းမှ တက်ရောက် လာသည်။ အဖွဲ့ကို ဦးဆောင်သည့် လူငယ်ကို မြင်ချိန်၌ ကျန်းမူယန်မှ သတိကြီးစွာ ထားလာခဲ့၏။

လူငယ်သည် တောက်ပသော မျက်လုံးများနှင့် သူရဲကောင်းဆန်ပြီး ရုပ်ရည် ချောမောသူ ဖြစ်သည်။

“ ဂျူနီယာ ညီမကျန်း ... မင်းဘာလို့ ဒီကို ရောက်နေရတာလဲ။ ”

ကျန်းမူယန်ကို မြင်သောအခါ ငွေရောင်ဝတ်ရုံဖြင့် ထိုလူငယ်လေးက အံ့သြစွာ မေးမြန်းလာသည်။

“ လမ်းလျှောက်ရုံပါ။ ”

“ ကောင်းပြီ ... ဒါဆို ငါမင်းကို မနှောင့်ယှက်တော့ဘူး။ ”

ထို့နောက်တွင် လျစ်လျူရှုလျက် ထွက်ခွာသွားတော့သည်။ ကျန်းမူယောင်က လေသံတိုးတိုးဖြင့်၊

“ ဦးလေးစု၊ ဒီကောင်က ပြည်နယ်သခင် ရှန့်တျန်းချီရဲ့သား ရှန့်မင်ပဲ အတွင်းတပည့်တွေ ထဲမှာ ပဉ္စမမြောက်တပည့် ... သူ့ဆရာသခင်က လက်ထောက်နန်းတော်သခင် ဝမ်ကျန့်ချုံး ...

... သူက ဝမ်လင်ကျောက်နောက်ကို လိုက်နေတဲ့အရူးပဲ ... နှုတ်ဆက်ဖို့ ဒီကို နေ့တိုင်း လာတယ် ... ဒါကို အကယ်ဒမီက လူတိုင်းသိတယ် ...

... အစောက မင်းတွေ့ခဲ့တဲ့ ဝေကျန်းရန်ကို ရိုက်နှက်နေတဲ့ လူတွေက သူ့ရဲ့ လက်ပါးစေတွေ အကယ်ဒမီမှာ ဝမ်လင်‌ကျောက်အနား ကပ်ဝံ့တဲ့ လူတိုင်း သူ့လက်ကနေ မလွတ်ဘူး။ ”

“ ဝမ်လင်ကျောက်က ရှန့်မင်ရဲ့ အချစ်ကို လက်ခံခဲ့တာလား။ ”

စုရီက စိတ်ဝင်စားသွားသည်။

“ ဘယ်ဟုတ်မလဲ ... ရှန့်မင်ရဲ့ အဖေ ပြည်နယ်သခင်ကတောင် ဝမ်လင်ကျောက်ရဲ့ အိမ်ထောင်ရေးကို ဖျက်သိမ်းပေးဖို့ ကူညီမယ် ကြေငြာခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်။ ”

“ ဒါဆို ဒီလူက အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ကို ဖျားယောင်းပြီး ခိုးယူချင်တဲ့ မယားခိုးပဲပေါ့။ ”

ကျန်းမူယောင်ခမျာ ပါးစပ် အဟောင်းသားဖြင့် စုရီကို ပြန်ကြည့်လိုက်မိ၏။ ထို့နောက် အတွေးဖြင့် ပြုံးစိစိ ဖြစ်လာပြီး၊

“ ဦးလေးစု ... မင်းရဲ့ နာမ်စားတွေက အရမ်းမိုက်တယ်။ ”

-ဟု လက်မထောင်ပြ လိုက်တော့သည်။

***

All Chapters