← Chapters

ရှုံးတဲ့လူ ဒူးထောက်ပါ ... ။

Vol. 13 Ch. 151

ရှုံးတဲ့လူ ဒူးထောက်ပါ ... ။

Vol. 13 Ch. 151

ဝမ်လင်ကျောက်ဟူသည် မြင့်မြတ်ပြီး အေးစက်သော စိတ်ထားမျိုးရှိကာ မာနကြီးသူ တစ်ဦးဖြစ်သည်။

ယခုကဲ့သို့ ဒေါသထွက်နေသည်မှာ ယုံနိုင်ဖွယ် မရှိချေ။ ရှန့်မင်က စိုးရိမ်သော အသွင်ဖြင့် လျင်မြန်စွာ ရောက်ရှိလာပြီး၊

“ ညီမလင်ကျောက် မင်းအဆင်ပြေလား။”

-ဟု မေးမြန်းလိုက်၏။

သို့သော် ဝမ်လင်ကျောက်နှင့် စုရီသည် သူ့အပေါ် လျစ်လျူရှုထားသဖြင့် မျက်နှာ ပျက်ယွင်းသွားသည်။

“ မင်းကို ရှင်းပြဖို့ ... ငါပျင်းလွန်းတယ် စာရွက်နဲ့စုတ်တံပေးပါ လင်ရွယ်ကြောင့် မင်းကို စဉ်းစားဖို့ ဆယ့်ငါးမိနစ် အချိန်ပေးမယ် မဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့။ ”

စုရီမှ မတုန်မလှုပ် ပြန်ပြောလိုက်၏။

“ စိတ်ပျက်စရာပဲ ... နင့်ရဲ့ ရယ်စရာ နည်းလမ်းတွေကို မေ့လိုက်ပါ စုရီ၊ ဒီလက်ထပ်ပွဲ ဖျက်သိမ်းဖို့ ငါကိုယ်တိုင် လုပ်ယူမယ်။ ”

အဆုံးတွင် ဝမ်လင်ကျောက်တစ်ယောက် ဒေါသတကြီး လှည့်ထွက်သွား၏။ စုရီဟူသည့် အမည်သည် လူအုပ်ကို ချက်ချင်း တိတ်ကျ သွားစေသည်။

သို့သော် ထူးဆန်းသော အကြည့်များကို သတိမထားမိသလို စုရီက ထင်းရှူးပင်အောက်၌ လက်နှစ်ဖက်နောက်ပို့ကာ ရပ်နေ၏။

တစ်ဖက်လူကို သူ အချိန်ပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် သဘာဝအတိုင်း အလျင် မလိုချေ။ စောင့်ဆိုင်း ရပေမည်။

“ ဒါဆို ... မင်းက ဂျူနီယာညီမလေး ဝမ်လင်ကျောက်ရဲ့ ဂုဏ်ကျက်သရေကို ညှိုးနွမ်း စေခဲ့တဲ့ သမက်စုရီပေါ့ ... ။ ”

ထိုအချိန်တွင် ရှန့်မင်က အေးစက်သော အကြည့်ဖြင့် လှမ်းတက်လာ၏။ စုရီမှ လှည့်ပင် မကြည့်ချေ။

ဤသို့ အမူအရာသည် ရှန့်မင်ကို မျက်နှာမည်းမှောင်သွားစေသည်။ သူ့အနားတွင် စုဝေးနေကြသော လူငယ်နှင့် အမျိုးသမီးအချို့ သည်ပင် မပျော်မရွှင် ဖြစ်လာ၏။

ဤအသုံးမကျသော သားမက်သည် ပလွှားလွန်းချေ၏။ အနက်ဝတ် လူငယ်တစ်ဦးမှ သည်းမခံနိုင်တော့ဘဲ၊

“ စုရီ ... အကယ်ဒမီဆိုတာ မင်းလို ရိုင်းစိုင်းတဲ့လူတွေ လာတဲ့နေရာ မဟုတ်ဘူး။ ”

-ဟု အော်ငေါက်လိုက်သည်။

“ မင်းဘာတွေ အော်နေတာလဲ၊ တခြားသူတွေကို အနိုင်ကျင့်ဖို့ ... ကြိုးစား နေတာလား။ ”

ရုတ်တရက် ကျန်းမူယောင်မှ စုရီရှေ့ ဝင်ရပ်ကာ ပြန်လည်အော်ငေါက် လိုက်သည်။ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွား၏။

ကျန်းမူယောင်သည် အသုံးမဝင်သော ဤသားမက်အတွက် မည်သည့်အတွက်ကြောင့် ဝင်ရောက် ပြောဆိုနေသနည်း။

ရှန့်မင်နှင့် သူ့ဘေးရှိ တျန်ထောင်တို့ သည်လည်း မျက်မှောင်ကြုတ်ကာ အံ့သြသွား ကြလေသည်။

“ စီနီယာ အစ်မကျန်း ... စုရီနဲ့ သိလား။ ”

အနက်ဝတ်လူငယ်မှ တွန့်ဆုတ်စွာ မေးမြန်းလာသည်။

“ ဒါ ... ငါ့ဦးလေးပဲ ကျေးဇူးပြုပြီး လေးလေးစားစား ဆက်ဆံပါ ... ။ ”

“ စီနီယာအစ်မကျန်း ... မင်း မှားနေတာများလား စုရီက ညီမလင်ကျောက်ရဲ့ အသုံးမကျတဲ့ ခင်ပွန်းပဲ ... ဘယ်လိုလုပ် မင်းရဲ့ဦးလေး ဖြစ်နိုင်မှာလဲ။ ”

ကျန်းမူယောင်က စိတ်မရှည်တော့ဘဲ၊

“ ဘာပဲဖြစ်ဖြစ် ... ဒီနေ့ ဦးလေးစုကို ငါ ဒီခေါ်လာခေါ်ခဲ့တာ သူ့ကို မရိုသေပြုတဲ့လူတိုင်း ငါ့ကိုစော်ကားတာနဲ့ အတူတူပဲ။

-ဟု တုန့်ပြန် ပြောကြားလိုက်သည်။

ထိုအချိန်တွင် တျန်ထောင်မှ ရှန့်မင်ကို ပြန်လှည့်ကြည့်သည်။ ဤနေရာရှိ အများစုသည် ကျန်းမူယောင်ကို စော်ကားခြင်းငှာ မတတ်နိုင်ကြချေ။

သို့တိုင် ရှန့်မင်မှ ခေါင်းညိတ်ပြလာသဖြင့် အံကြိတ်ပြီး၊

“ ဒါ ... ညီမလင်ကျောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ် ဒီနေ့ဘယ်သူနဲ့ပဲ လာလာ ... စုရီ ညီမလင်‌ကျောက်ကို သွားတောင်းပန်ရမယ်။”

-ဟု ဝင်ပြောလိုက်သည်။

သူသည် ရှန့်မင်၏ ညာလက်ရုံး ဖြစ်၏။ သူ့စကားများသည် ရှန့်မင်ကို ကိုယ်စားပြုသည်။ ထို့ကြောင့် လူတိုင်းအနည်းငယ် ရဲဝံ့လာကြ၏။

“ ဟုတ်တယ် ... သူက အပြင်လူတစ်ယောက်ပဲ ငါတို့ အကယ်ဒမီကို ပြဿနာရှာဝံ့တယ် ... သူ အသက်ရှင်ရတာ ပင်ပန်းပြီထင်တယ်။ ”

“ စုရီ ... ဂျူနီယာညီမလင်‌ကျောက်ကို အခုသွားတောင်းပန်ပါ ။”

ပြည်နယ်သခင် သားကို နောက်ခံ ပြုထားသဖြင့် ကျန်းမူယောင်ကို လူတိုင်းမှ လျစ်လျူရှုလိုက်ကြသည်။ ကျန်းမူယောင်က မျက်ခုံးပင့်လျက် ရှန့်မင်ကို ပြန်ကြည့်၏။

“ ညီမကျန်း ... မင်းပြောချင်နေတာ ငါသိတယ် ဒါပေမယ့် ... အခြေအနေတွေအရ ... မင်းမြင်တဲ့အတိုင်းပဲ ငါမှာ ပြောစရာ စကားလုံး မရှိပါဘူး။ ”

ခေတ္တရပ်ပြီးနောက် သူက သက်ပြင်းချလိုက်ကာ၊

“ ဒါပေမယ့် ... ညီမလင်ကျောက်ကို တောင်းပန်ပေးရင်တော့ သူတို့အားလုံးက သူ့ နှောက်ယှက်မှာ မဟုတ်ဘူးလို့ ... ငါ ယုံကြည်ပါတယ် ...

... တကယ်တော့ သူက အသုံးမကျတဲ့ သားမက်တစ်ယောက်ပဲ ငါတို့ကောင်းကင်မူလ အကယ်ဒမီရဲ့ အတွင်းတပည့်ကို အနိုင်ကျင့်တာ လက်ခံလိုက်ရင် လူတွေအမြင်မှာ ရယ်စရာ ကောင်းသွားလိမ့်မယ်။ ”

ကျန်းမူယောင်တစ်ယောက် ပြောစရာစကား မဲ့သွားလေသည်။

“ စုရီ ... ယောက်ျားဆိုရင် မိန်းမတစ်ယောက်နောက်မှာ ပုန်းမနေနဲ့ မင်း တိုက်ဝံ့သလား မင်းရှုံးရင် ညီမလင်ကျောက်ကို သွားတောင်းပန်ပါ ဘယ်လိုလဲ။ ”

အနက်ဝတ် လူငယ်မှ ရဲဝံ့စွာ စိန်ခေါ် လိုက်၏။ ရွစိရွစိဖြစ်နေသော ပုရွက်ဆိတ်များထံ ကြည့်ပြီး စုရီတစ်ယောက် နောင်တရ သွားသည်။

ယနေ့ ချာကျင်ကိုသာ ခေါ်လာမိပါက များစွာ အချိန်ကုန်သက်သာပေမည်။ သက်ပြင်းချလျက်၊

“ ကောင်းပြီ ... မင်းရှုံးရင် ဒူးထောက်နေပါ။ ”

“ မင်းစကားကို မှတ်ထားပါ မင်းရှုံးရင် အနိုင်ကျင့်တယ်လို့ ငါတို့ကို အပြစ်မတင်နဲ့။ ”

အနက်ဝတ် လူငယ်က အေးစက်စွာ အတည်ပြုသည်။ စုရီမှ သူ့ကို လျစ်လျူရှုလျက် ရှန့်မင်ထံ လှည့်ကြည့်ကာ၊

“ မင်းရော အတူတူ လာချင်လား။ ”

-ဟု လှည့်မေးလိုက်၏။

“ မောက်မာလိုက်တာ ... ။ ”

လူတိုင်းမှ အော်ဟစ်တော့သည်။ စုရီသည် မာနကြီးလွန်းသည်ဟု မိန်းမပျိုများပင် ထင်မြင် လာကြ၏။

“ ဟမ့် ... သမက်တစ်ယောက်က မောက်မာချင်တာလား မင်းသူတို့နဲ့ တိုက်ပြီးရင် ငါ့ဆီလာဖို့ အရည်အချင်း ပြည့်မီမယ်။ ”

ရှန့်မင်မှ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ ဘေးတွင်ရပ်ကြည့်နေသော ကျန်းမူယောင်က စိတ်လှုပ်ရှားလာ၏။ ဦးလေးစု၏ အစွမ်းကို မျက်မြင် ကြုံခွင့်ရပေတော့မည်။

တစ်ဖက်တွင် အနက်၀တ် လူငယ်သည် လက်သီးဆုပ်ကို လက်ဖဝါးဖြင့် ဖိကပ်လိုက်ကာ၊

“ ကောင်းကင် မူလ အကယ်ဒမီ အတွင်းတပည့်ဟူကျင်း ... ကျေးဇူးပြု၍ လမ်းညွှန်ပါ။ ”

-ဟု စိန်ခေါ်လာလေသည်။

လူတိုင်းသည် ကျယ်ပြောလှသော တိုက်ပွဲမြေပြင်ဖြစ်စေရန် ချက်ချင်း ဆုတ်ခွာ ပေးလိုက်ကြသည်။

ဤဟူကျင်းသည် အသက် ဆယ့်ခြောက်နှစ်ဖြင့် အတွင်းတပည့် ဖြစ်လာသူ ပေပင်။ အစောပိုင်း ချီသန့်စင်ခြင်း အဆင့်၌ ခိုင်မာသော အုတ်မြစ်ရှိသည်။

“ ဂျူနီယာ ဟူကျင်း ... မင်းအရမ်း မရက်စက်ပါနဲ့ ... သတင်းတွေပျံသွားရင် ငါတို့ရဲ့ အကယ်ဒမီက အနိုင်ကျင့်တယ်လို့ နာမည်ကြီး လိမ့်မယ်။ ”

အဝါရောင်ဖျော့ဖျော့ ဝတ်စုံဝတ် မိန်းကလေးမှ သတိပေး၏။ ကျန်းမူယောင်က မျက်ခုံးပင့်လျက်၊

“ ဟူကျင်း နင်ရှုံးတဲ့အခါ ပေါ့လျော့မှုကို ဆင်ခြေအဖြစ် မသုံးရအောင် ... ခွန်အားရှိသမျှ အကုန်အသုံးချဖို့ ငါအကြံပေးချင်တယ်။ ”

-ဟု ဝင်ရောက် သတိပေးလိုက်၏။

“ ဟူကျင်း၊ သတိထားပါ သိမ်းငှက်က ယုန်တစ်ကောင်ဖမ်းရင်တောင် သူ့ရဲ့ခွန်အားကို အပြည့် သုံးတတ်တယ်။ ”

ရှန့်မင်မှ သတိပေး၏။

“ ကောင်လေး မင်းခွန်အား အကုန် သုံးခဲ့ရင်တောင် သစ်ပင်လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ပါပဲ ဒီထက် ဘာမှ မပိုပါဘူး။ ”

“ မင်းသေချင်နေတာပဲ ... ။ ”

ဟူကျင်းတစ်ယောက် ကောင်လေး အခေါ်ခံရသဖြင့် ဒေါသထွက်လာကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး ခါးကိုလိမ်လျက် ထိုးကြိတ်ပစ်လိုက်သည်။

“ ဟိတ် ... ။ ”

လေခွင်းသံများ ထွက်ပေါ်လာပြီး ရိပ်ခနဲ ရွေ့လျားသွား၏။ ဤသည်မှာ အထွတ်အထိပ် နက်နဲအဆင့် ကိုယ်ခံပညာ (၃၆)ခုအနက်မှ တစ်ခုဖြစ်သော ‘ကြယ်တာရာ လောင်ကျွမ်းခြင်း လက်သီး’ ဖြစ်သည်။

ကြယ်တာရာတောက်ပပြီး မိုးကြိုးစွမ်းအင်များကဲ့သို့ အဖျက်စွမ်းအား ပြင်းထန်ချေပြီ။

ဤလက်သီးသွားရာ လမ်းတစ်လျှောက် လေခွင်းသံများနှင့်အတူ မီးလျှံများ လောင်ကျွမ်း လာ၏။ ပြီးပြည့်စုံသော ကျွမ်းကျင်မှု ဖြစ်သည်။

ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်ရှိ တစ်စုံတစ်ဦးကို သတ်ပစ်ရန် လုံလောက်သော အဖျက်စွမ်းအားပါရှိ၏။

“ ဖပ် ... ။ ”

သို့သော် စုရီက မတုန်မလှုပ်ရပ်နေကာ လက်သီးရောက်ခါနီးတွင် ဖမ်းဆုပ်လိုက်သည်။ မျက်နှာနှင့် သုံးလက်မအလို၌ ကြယ်တာရာ လောင်ကျွမ်းခြင်း လက်သီးမှာ တုန့်ခနဲ ရပ်သွား၏။

“ ဒုန်း ... ။ ”

ကြီးမားသော တောင်ကြီးတစ်လုံး ပခုံးပေါ်ကျလာသကဲ့သို့ ဟူကျင်းတစ်ယောက် မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။

“ အား ... ။ ”

နာကျင်စွာ အော်ဟစ်လျက် ဒူးခေါင်းရိုး ကွဲအက်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန် ယင်ယင်ဖြင့် ပြန်မထနိုင်တော့ချေ။

***

All Chapters