ပွဲစတင်သည့်အချိန် (၃)
Vol. 011 Ch. 1010
ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့ပေါ်လာရာ အခြေအနေသည် လုံးဝပြောင်းလဲသွားလေသည်။ ကြားနေအဖွဲ့များသည် ချက်ချင်းပင် သူတို့ ဘက်ပါကာ ဆုန့်ချောင်းဂျီ၊ ကျောင်ရှန်းရီနှင့် သူတို့ကိုယုံကြည်သော သူများ သာ ဆက်ဆန့်ကျင်နေလေသည်။
“မင်းတို့က ဘယ်လိုလုပ်ရောက်လာတာလဲ” ကျောင်ရှန်းရီသည် သူတို့ ကိုမြင်သောအခါ အံ့သြသွားလေသည်။
ဒီမှာအတားအဆီးရှိနေတာကို ရှားကျောင်ထျန်က အင်အားနဲ့ဖျက် လိုက်တာလည်းမဖြစ်နိုင်ဘူး။ သူတို့ဝင်လာရင်တောင် ဒီမှာလူတွေအများကြီး ရှိနေတာ။ တစ်ယောက်မှမသိပဲနဲ့ ဝင်လာနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။
ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့တင်မဟုတ်ပေ။ ဂေါင်ကျိဟုန်နှင့် တခြားကိုယ်ရံတော်များ မြို့တွင်ပေါ်လာသည်ကိုမြင်ရသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ သူတို့ကိုဆန့်ကျင်သည့်သူများကို ဆက်တိုက်ဖြေရှင်းရန် လူများစွာကိုစေလွှတ်ခဲ့သည်။ သို့သော် သူတို့ကိုတစ်ယောက်မှမမိခဲ့ပေ။
ဂေါင်ကျိဟုန်နှင့် အနီတို့ မည်မျှပင် ပြောစေကာမူ သူတို့ မမှုပေ။ သို့သော် အခု ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့ပေါ်လာသည်မှာ လုံးဝ ကွဲပြားသွားလေပြီ။
“ဟင် ငါတို့ဒီကိုဘယ်လိုရောက်လာလဲဆိုတာ မင်းတို့စိုးရိမ်ဖို့မလိုပါဘူး” ရှားကျောင်ထျန် ပြောလိုက်သည် “အခု မင်းကိုမေးစရာတစ်ခုပဲရှိတယ် မင်း အညံ့ခံမှာမလား မခံဘူးလား”
“အညံ့ခံရမယ်ဟုတ်လား ဟားဟား” ဆုန့်ချောင်းဂျီသည် သူ့ဘဝတွင် အရီရဆုံးဟာသကိုကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာအော်ရယ်ပြီး ပြော လေသည် “ဒီလောက်နှစ်တွေအများကြီးကြာပြီ မင်းက ဆေးဖော်တဲ့နေရာမှာ ပဲကိုယ့်ကိုယ်ကို မြှုပ်နှံထားတယ်၊ အသင်းကိစ္စတွေကို ငါ့ကိုပဲအပ်ထားတာပဲ၊ ငါကပဲ ဒီလောက်ကြာအောင် ပင်ပင်ပန်းပန်းလုပ်ခဲ့တယ် ဒါပေမဲ့ မင်းရဲ့ ခြေထောက်အောက်မှာပဲ ဖိနှိပ်ခံထားရတုန်းပဲ၊ ဒီလောက်ဆို ငါ့အတွက် လုံလောက်နေပြီ”
“အဲဒါကြောင့် မင်းက ငါ့ကိုသစ္စာဖောက်ပြီး မြို့အပြင်ကို အဆိပ်ခတ်ဖို့ အတွင်းပိုင်းဒေသကလူတွေနဲ့ပေါင်းပြီး ငါ့ကိုလိမ်ခဲ့တာပေါ့” ရှားကျောင်ထျန် သည် နာကျင်မိသည်။ သူသည် ဆုန့်ချောင်းဂျီကို ဒုတိယအနေနှင့် ဆက်ဆံ ကာပျိုးထောင်ခဲ့သည်။ သူသည် ဒီလိုအတွေးများကို တွေးနေလိမ့်မည်ဟု သူ မထင်ထားပေ။
သူပြောလိုက်သည်ကို အနားမှလူများကြားသောအခါ ပင့်သက်ရှိုက်မိ ကြလေသည်။ ဒါဆိုရင် မြို့ပတ်ပတ်လည်မှာဖြစ်နေတာက ဆုန့်ချောင်းဂျီနဲ့ ကျောင်ရှန်းရီကြောင့်လား။ ဒါဆိုရင် အဲမှာဘာဖြစ်တာလဲဆိုတာ သွားကြည့် တဲ့သူတွေက သူတို့သတ်တာခံလိုက်ရတာပေါ့။
“လွှတ်လိုက်တဲ့သူတွေ ပြန်မလာနိုင်ကတည်းက မင်းသိလောက်ပြီလို့ ထင်နေခဲ့တာ” ဆုန့်ချောင်းဂျီသည် မငြင်းဆန်ပဲ ပြောလိုက်သည် “ဒါပေမဲ့ အကြောင်းအရင်းကိုသိတော့လည်း ဘာဖြစ်လဲ ရလဒ်ကတော့အတူတူပဲ ငါတို့က ခေါင်းဆောင်အသစ်ကိုဆုံးဖြတ်ပြီးသွားပြီ”
“ခေါင်းဆောင်အသစ်ဟုတ်လား” ကျောင်ရှန်းချီသည် မျက်မှောင်ကြုတ် လေသည် “ကြည့်ရတာ မင်းကဒီခေါင်းစဉ်ကိုစွဲလမ်းနေပြီနဲ့တူတယ်၊ ကိုယ့် ဂုဏ်သိက္ခာကိုယ်တောင်မလိုချင်တော့ဘူးပေါ့”
“ဂုဏ်သိက္ခာဟုတ်လား၊ မင်းအတွက်နှစ်ပေါင်းများစွာနေလာပေးပြီးပြီ ငါ့ဂုဏ်သိက္ခာက မင်း ဟိုသွားဒီသွားလုပ်လို့ ခိုင်းကတည်းက မရှိတော့တာ ကြာပြီ ဒါပေမဲ့သခင်နောက်လိုက်တာက မတူဘူး၊ သူ့ရဲ့အကြံသေးသေးလေး ကိုက မင်းကိုအရှုံးပေးစေလောက်တယ်၊ မင်းဘယ်လိုအသက်ရှင်လဲဆိုတာ မသိပေမယ့် ရလဒ်ကတော့အတူတူပဲ”
“ရလဒ်ဟုတ်လား ငါတို့ပြန်လာတာက မင်းရဲ့အစီအစဉ်တွေက လေပဲ ရှိတော့တာလေ” ကျောင်ရှန်းချီ ပြောလိုက်သည် “တိမ်ကာကွယ်ရေးအဖွဲ့က ကျောင်ထျန်နဲ့ ငါ့ရဲ့တိုက်ရိုက်အမိန့်ကိုပဲနာခံတာ၊ မင်းသူတို့ကို အမိန့်ပေးနိုင် သေးလို့လား”
“ဟားစား တိမ်ကာကွယ်ရေးအဖွဲ့က အရင်နဲ့တူတယ်လို့ ထင်နေတာ လား” ဆုန့်ချောင်းဂျီ ဟားတိုက်ရယ်လေသည် “သူတို့ကို အမိန့်ပေးကြည့် လိုက်လေ မင်းအမိန့်ကိုနာခံမလားလို့”
ရှားချောင်ထျန်သည် အစောင့်များကိုကြည့်လိုက်ရာ အစောင့်များသည် ချက်ချင်းပင် သူတို့ကိုဝိညာဉ်လက်နက်များဖြင့် ချိန်ရွယ်လေသည်။
“မင်း သူတို့ကိုဘာလုပ်လိုက်တာလဲ” ရှားကျောင်ထျန် မေးခွန်းထုတ် လေသည်။
“တကယ်တော့ဘာမှမလုပ်ပါဘူး” ဆုန့်ချောင်းဂျီ ပြောလိုက်သည် “အဲလူတွေက ဥက္ကဌဆီက တိုက်ရိုက်အမိန့်နာခံလာတာ နှစ်တွေအများကြီး ရှိနေပြီဆိုပေမယ့် သူတို့က ငါ့အဖွဲ့အောက်မှာရှိနေတာကြာပြီ၊ တိမ်ကာကွယ် ရေးအဖွဲ့မှာ ရင်းနှီးတဲ့သူတွေနည်းသွားပြီး မျက်နှာအသစ်တွေတိုးလာတာကို သတိမထားမိဘူးလား၊ သြော်ဟုတ်သားပဲ မင်းကဆေးဖော်တာနဲ့ပဲ အလုပ်ရှုပ် နေတာကို ဘယ်သတိထားမိမလဲ”
တိမ်ကာကွယ်ရေး အဖွဲ့…. အဲဒါက ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်တို့ကို ကာကွယ်ဖို့ဖွဲ့စည်းထားတဲ့ ကိုယ်ရံတော်အဖွဲ့လေ… ဒါပေမဲ့ အခုတော့ ဆုန့်ချောင်းဂျီတို့ကို သစ္စာခံတဲ့လူတွေနဲ့ အစားထိုးလိုက်ပြီ။
“မင်းတို့က ဘက်ပြောင်းရဲတယ်” ဂေါင်ကျိဟုတ်သည် သူတို့၏ တပည့် ဖြစ်ခဲ့သောသူများကို ခါးသီးစွာကြည့်လိုက်သည်။
“အဖွဲ့ခေါင်းဆောင် ကျွန်တော်တို့ကိုအပြစ်မတင်နဲ့ ငှက်တစ်ကောင်က သူနေလို့ရမယ့် အသိုက်ကိုရှာမှာပဲ” လူတစ်ယောက်က ပြောလိုက်သည်။
“မင်းကိုယ့်ကိုယ်တော့သိသားပဲ မင်းက သားရဲတစ်ကောင်ဆိုတာ သိ သေးတာပဲ” အနီသည် အော်လိုက်သည်။
“အနီ၊ ငါတို့ မင်းရဲ့ကုံကမံပန်းဂိုဏ်းကလူတွေကိုရှင်းပြီးသွားပြီ သူတို့ အရိုးကိုတောင် မင်းရှာလို့ရပါ့မလားလို့ သိချင်နေပြီ”
“ဟင်း မင်းတို့ သူတို့ကိုလုပ်ခဲ့တာတွေအတွက် သွေးကြွေးဆပ်ပေးရ မယ်” အနီသည် ပြန်ချေပလေသည်။
“မင်းတစ်ယောက်တည်းနဲ့လား၊ ကိုယ့်လူတို့ သူတို့ကို မြေပေါ်ကနေ ဖျောက်ပစ်လိုက်တော့” ကျန့်ရှင်းသည် အစကတည်းကပင် အနီကိုသဘော မကျခဲ့ပေ။ သူမအကြောင်းစဉ်းစားလိုက်လျှင် သူမ၏ ညှဉ်းပန်းနှိပ်စက်သည့် နည်းအသွယ်သွယ်ကိုသာ စဉ်းစားမိသည်။ အခုတော့ သူမကိုရှင်းပစ်ရမည့် ရတောင့်ရခဲအခွင့်အရေးပင်။ သူလက်လွတ်ခံမည်မဟုတ်ပေ။
“ဥက္ကဌနဲ့ အဖွဲ့ခွဲခေါင်းဆောင်တို့ကိုကာကွယ်”
အစောင့်များသည် လှုပ်ရှားကြကာ ပွဲကြည့်စင်မှအစောင့်များသည် ပျံ ဆင်းလာကြသည်။ သူတို့သည် တခြားသူမကိုလျစ်လျူရှုနိုင်သော်လည်း ဥက္ကဌနှင့် အဖွဲ့ခွဲခေါင်းဆောင်တို့ကို ကာကွယ်ရမည်။ သူတို့လှုပ်ရှားချိန်တွင် နောက်လိုက်များနှင့် ဆန့်ကျင်သူများလည်း လှုပ်ရှားကြလေသည်။
ထိုအချိန်မှပင် နားနေခန်းနေရာသည် ၄ပိုင်းပိုင်းခြားထားသည်ကို သူမ သတိထားမိလိုက်သည်။ ထိုအထဲမှ၁နေရာသည် အတွင်းပိုင်းဒေသမှလူများ ဖြစ်လေသည်။ သူတို့သည် ထိုအရာကိုဂရုမပြုမိကြပေ။ နောက်တစ်နေရာမှာ ဆုန့်ချောင်းဂျီ၏ အပေါင်းအပါများဖြစ်ကြသည်။ နောက်နေရာနှစ်ခုမှာ ရှားကျောင်ထျန်ကို သစ္စာခံသောသူများဖြစ်ကြသည်။
သူတို့လှုပ်ရှားသည်နှင့် အတွင်းပိုင်းဒေသမှလူများသည် စတင်တိုက် ခိုက်ကြလေသည်။ ပြိုင်ပွဲနေရာတစ်ခုလုံးသည် ရှုပ်ယှက်ခတ်ကုန်သည်။
“မင်းတို့ဒီမှာပဲနေခဲ့ အပြင်မထွက်ကြနဲ့” မုန့်ဆန်းချွယ်သည် ကာကွယ် ရေးတည်ဆောက်မှုလုပ်ကာ ကျောင်းသားများကိုညွှန်ကြားကာ ဝေ့ကျန်းနှင့် အတူထွက်သွားလေသည်။
“ရှောင်ချီ အကုန်လုံးကိုကာကွယ်ပေး” ရှီမာယူယူသည် အပြင်တွင် ထိုအံ့ဖွယ်နတ်ဆိုးမျိုးနွယ်ဝင်တွေကိုမြင်လိုက်သည်။ အများစုမှာ တိုက်ပွဲတွင် အဆွဲခံလိုက်ရသည်။ သူမသည် မုန့်ဆန်းချွယ်နောက်လိုက်ပြီး အပြင်ထွက် ကာ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူများရှိရာသို့ တိုက်ခိုက်ရင်းသွားလေ သည်။
“ဆရာဦးလေး စီနီယာ” ရှီမာယူယူသည် သူတို့ဘက်သို့လာပြီး အဝိုင်းခံ နေရာသော တပည့်တစ်ယောက်ကို ကယ်လိုက်သည်။
“ဘာလို့လာတာလဲ” ရင်ဘိုင်ချွန်းသည် ရှီမာယူယူလာသည်ကိုမြင်သော အခါ ပြောလေသည် “ကာကွယ်ရေးတည်ဆောက်မှုဆီကိုမြန်မြန်ပြန်”
“သူတို့တိုက်တာအရမ်းကြမ်းတယ် အတူတူပြန်ရအောင်” ရှီမာယူယူ သည် သူ့ကိုခေါ်လိုက်သည်။
“ဘိုင်ချွန်း သူတို့ကိုကာကွယ်ရေးတည်ဆောက်မှုဆီကိုခေါ်သွားလိုက်” လျန်ဝူမင်သည် အော်လိုက်သည်။
“ဟုတ်ကဲ့ ဆရာ” ရင်ဘိုင်ချွန်းပြန်ဖြေလိုက်သည် “ငါ့နောက်လိုက်ခဲ့”
သူနှင့် ရှီမာယူယူသည် ကျောင်းသားများကို ကောင်းကင်ဂိုဏ်းမှလူများ ရှိသည့်နေရာသို့ ဦးဆောင်သွားလိုက်သည်။ ရှောင်ချီသည် အတားအဆီးဖွင့် ကာ သူတို့ကိုဝင်ခိုင်းလိုက်သည်။
“ကျေးဇူးပဲ တောင်ကြားသခင်လေး”
ရှီမာယူယူသည် သိချင်သဖြင့် မေးလိုက်သည် “ကျွန်တော်ဆိုတာကို ဘယ်လိုသိတာလဲ”
“သခင်လေးကလွဲပြီး တောင်ကြားသခင်ကို ဆရာဦးလေးလို့ခေါ်မှာ မဟုတ်ဘူးလေ” ထိုလူသည် ပြုံးပြီးပြန်ဖြေလေသည်။
“အမှန်ပဲ” ရှီမာယူယူသည် လှည့်ပြီး တိုက်ပွဲနေရာကိုကြည့်ကာ ပြော လိုက်သည် “အခြေအနေကတော့ အကောင်းဘက်မှာမရှိဘူး”
“တိမ်ကာကွယ်ရေးအဖွဲ့က ဘက်ပြောင်းသွားတာ မထင်ထားဘူးပဲ၊ သူတို့ မထုတ်ရသေးတဲ့ ကတ်များရှိဦးမလားပဲ၊ မဟုတ်ရင် ဒီတိုက်ပွဲက…” စူးရှောင်ရှောင်သည် အနည်းငယ်စိုးရိမ်မိသည်။
“ငါလည်းအဲလိုပဲခံစားရတယ် ခေါင်းဆောင်ဂေါင်နဲ့ တခြားသူတွေက ဒီလောက်အားနည်းမှာမဟုတ်ဘူးလို့ ထင်တယ်” ဟန့်မြောင်ရွှမ်သည် သူတို့ ကိုအပြည့်အဝယုံကြည်လေသည်။
“သူတို့က ဥက္ကဌရဲ့အမိန့်ကိုတောင်မနာခံကြဘူး၊ သူတို့ကိုတားဖို့မဖြစ် နိုင်မှာစိုးတယ်” ရှောင်ချီ ပြောလိုက်သ်ည။
“ဟုတ်တယ်” ရင်ဘိုင်ချွန်း ပြောလိုက်သည် “ဒါပေမဲ့ အရမ်းကြီးစိုးရိမ်ဖို့ မလိုပါဘူး အပြင်ကကိစ္စတွေရှင်းပြီးရင်လာမဲ့သူတွေရှိတယ်”
“အပြင်မှာဟုတ်လား”
“သူတို့က အရင်ကိုယ်ရံတော်တွေပဲ၊ ကုံကမံပန်းဂိုဏ်းနဲ့ တခြား တပ်ကူ တွေလည်းရှိသေးတယ်” ရင်ဘိုင်ချွန်းပြောလိုက်သည်။
“သူတို့ကအခုဘယ်မှာလဲ”
“ဆုန့်ချောင်းဂျီကို ထောက်ခံတဲ့သူတွေကို ရှင်းနေကြတာ”
“သူတို့မြန်မြန်မလာရင် အဲလောက်အကြာကြီးမတောင့်ခံနိုင်မှာစိုးတယ်”
ရင်ဘိုင်ချွန်းသည် တစ်ဖက်မှအခြေအနေကိုမြင်သောအခါ စိုးရိမ်သွား သည်။
သို့သော် တပ်ကူများသည် လာမည့်အရိပ်အယောင်မပေါ်သေးပေ။
အချိန်သည် တရွေ့ရွေ့သွားနေသည်။ မိနစ်တိုင်း စက္ကန့်တိုင်းသည် ကုန် ဆုံးရန် အလွန်ခက်ခဲလှသည်။
“ရွှီး”
တိုက်ပွဲအဆုံးသတ်တော့မည်ဟု အားလုံးစဉ်းစားနေချိန်တွင် ဇာမဏီ ငှက်အော်သံကြားလိုက်ရသဖြင့် ရှီမာယူယူသည် အပျော်များဖြင့်ပြည့်သွား လေသည်။
***