အပြစ်မရှိရင် ... မင်းဘာလို့ အဲဒီလူရှေ့မှာ ဒူးထောက် နေရတာလဲ ... ။
Vol. 13 Ch. 156
“ သူနဲ့ ပတ်သတ်မှုကို ဒီမှာပဲ အဆုံးသတ်လိုက်တာ အကောင်းဆုံးလို့ ... ငါထင်တယ် ... သူ့လို ယောက်ျားမျိုးက ဒီကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အမျိုးသမီးကိုမှ တွယ်ဖက်ထားမှာ မဟုတ်ဘူး။ ”
နင်စစ်ဟွာက ဝမ်လင်ကျောက်ကို အကြံပြုလိုက်၏။ ထိုစကားကို ကြားချိန်တွင် ဝမ်လင်ကျောက်တစ်ယောက် အတွေးများမှ ရုတ်တရက် လန့်နိုးလာသည်။
“ သူ့ကို ဘယ်တုန်းကမှ မကြိုက်ပါဘူး။ ”
ဝမ်လင်ကျောက်မှ ကူကယ်ရာမဲ့စွာ ပြန်ဖြေ၏။ သုံးနှစ်အတွင်း မဟာသခင်အဆင့် တက်လှမ်းကာ ဘုရင်ဘွဲ့ရယူရန် ပစ်မှတ်ထားခဲ့သည်။
ဤနည်းအားဖြင့် ကျောက်စိမ်းမြို့တော် စုမိသားစုထံ သွားရောက်ပြီး အိမ်ထောင်ရေး ဖျက်သိမ်းရန် သူမ တောင်းဆိုနိုင်မည်။
သို့သော် တစ်ဖက်လူသည် ခြားနားသော လူတစ်ယောက်အဖြစ် ပြန်လာပြီး နန်းတော် သခင် လက်သီးကို ပိတ်ဆို့ပြသွား၏။
“ မင်း ... ဒီလို လက်ရေးလှရေးချင်လား။ ”
ဤအရာက လက်လှမ်းမမီနိုင်သော ကွာဟချက်မျိုးပေပင်။ နင်စစ်ဟွာမှ အကြောင်း အရာပြောင်းလိုက်သည်။
ဝမ်လင်ကျောက်က ကျောက်ဆောင်ပေါ်မှ ဝါကျတိုလေးကို ပြန်ဖတ်ကြည့်မိသည်။
“ ဟုတ်ကဲ့ ... ။ ”
“ ဒီနေ့ အရှက်တရားအဖြစ် သင်ယူပြီး သန်မာလာဖို့ ကြိုးကြိုးစားစား လုပ်ဆောင်ပါ။ ”
“ နားလည်ပါပြီ ... တစ်နေ့မှာ သူ့ထက်မညံ့ဘူးဆိုတာ ပြသနိုင်အောင် တပည့် ကြိုးစားပါ့မယ်။ ”
နင်စစ်ဟွာက ထိုစကားများကို စိတ်မဝင်စားချေ။ ယင်းအစား သနားစဖွယ် အသွင်မျိုးဖြင့် ဝမ်လင်ကျောက်ထံ ကြည့်၏။ အဆုံးတွင် သက်ပြင်းချကာ၊
“ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ... အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ ”
-ဟု ရေရွတ်လိုက်၏။
ထို့နောက် လက်ရေးလှစာရွက်ကို ကောက်ယူလိုက်ပြီး၊
“ ဒီဝါကျရဲ့ အဓိပ္ပါယ်က အရှက်ခွဲခြင်း၊ ရိုင်းစိုင်းခြင်း မရှိဘူး လောကစည်းမျဉ်းတွေက သူ့အတွက် အတားအဆီး မဟုတ်တာကို ပြောချင်နေတာ ...
... ငါ့အမြင်မှာတော့ ... သူ့နောက် လိုက်ဖို့ထက် လက်လျော့လိုက်တာ မင်းအတွက် သက်သာရာ ရစေလိမ့်မယ်။ ”
“ နန်းတော်သခင်၊ လူတိုင်းမှာ ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိပါတယ်၊ ဒီတပည့် ဘယ်တော့မှ ဒီလို ဦးမညွှတ်နိုင်ပါဘူး။ ”
ဝမ်လင်ကျောက်မှ လက်မခံလိုဟန်ဖြင့် တိုးတိုးလေးငြင်းဆန်၏။
“ ကောင်းပြီ ... ဒီနေ့ကစပြီး မင်းငါ့ရဲ့ နန်းတော်ကို ရွေ့လာပြီး လေ့ကျင့်ပါ။ ”
“ ကျေးဇူးတင်ပါတယ် နန်းတော်သခင် ဒါပေမယ့် ငါ့ဆရာ့ကို မေးခွင့်ပြုပါ။ ”
ဝမ်လင်ကျောက်က ဝမ်းသာသွား၏။
“ မလိုအပ်ဘူး ... မင်းသာဆန္ဒရှိရင် ကျူးကုချင်းသဘောတူလိမ့်မယ် ဒါနဲ့ မင်းဆရာ ဘာလို့ ရောက်မလာရတာလဲ။ ”
“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ... တိမ်မြစ်စီရင်စုကို ခရီးထွက်သွားခဲ့ပါတယ် အမှန်ဆို မနေ့က ပြန်ရောက်ရမဲ့ နေ့ပါ။ ”
“ လမ်းမှာတစ်ခုခု ဖြစ်နေလား ... လီဖုန်ရှင်း မင်းစုံစမ်းပါ။ ”
နင်စစ်ဟွာက ဓားသမားကို လှည့်ကာ အမိန့်ပေးလိုက်၏။
“ နန်းတော်သခင်ရဲ့ အမိန့်ကို နာခံပါ့မယ်။ ”
ထို့နောက် ဝမ်လင်ကျောက်ထံ ပြန်လှည့်ကြည့်ကာ ‘သွားရအောင်’-ဟု ပြောကြားလိုက်တော့သည်။
***
ဆောင်းဦးရွက်ကြွေတောင်ခြေ။ ကျန်းမူယောင်တစ်ယောက် ရထားလုံးအနားပ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေသည်။
ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် သူမကို ထိတ်လန့်စေပြီး ဆိုးရွားသော ခံစားချက်များ ပေးစွမ်းချေ၏။
“ သခင်မလေး စိတ်မပူပါနဲ့ ... သခင်လေးလိုလူက ... ထင်ရာစိုင်းနေမှာ မဟုတ်ပါဘူး။ ”
လှည်းမောင်းသမားအဖြစ် တာဝန်ယူထားသော လျောင်ပိုက နှစ်သိမ့်သည်။
“ ဦးလေးလျောင်၊ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ နန်းတော်သခင်တောင် လူကိုယ်တိုင် ရောက်လာရတယ် ဦးလေးစု အတွက် အကျိုးဆက် မကောင်းနိုင်ဘူး။ ”
ကျန်းမူရန်မှ စိုးရိမ်တကြီးပြောသည်။ လျောင်ဘိုတစ်ယောက် ခဏတာ တိတ်ဆိတ် သွားခဲ့၏။
နင်စစ်ဟွာ ဟူသည် မည်မျှ လျှို့ဝှက်ဆန်းကြယ်ပြီး တန်ခိုးကြီးမားသည်ကို သူ သိချေပြီ။
မဟာကျိုး နယ်မြေတစ်ခုလုံးတွင် ၎င်း၏တန်ခိုးသြဇာသည် သာလွန်ထူးကဲပြီး ပြိုင်ဘက်ကင်းသော အနေအထားတွင် ရှိ၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြည်နယ်သခင် ရှန့်တျန်ချီမှ ကြိမ်ဖန်များစွာ တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း အကြိမ်ကြိမ် လှည့်ပြန်လာရသည်။
“ ငါဘာလုပ်ရမလဲ ... ဒီနေ့ ဦးလေးစုကို ငါခေါ်လာတာ ဒီလိုဘေးဒုက္ခတွေ ကြုံလာရရင် အဖေက သေချာပေါက် ... ဟမ့် ... ဦးလေးစု နင်ပြန်လာပြီ ဘာမှ မဖြစ်ဘူးလား။ ”
ရုတ်တရက် တောင်တက်လှမ်းဆီမှ လက်နှစ်ဖက်နောက်ပို့ကာ ပြန်၍ဆင်းလာသော စုရီအသွင်ကြောင့် ရွှင်မြူးသွား၏။
“ ငါပုံစံက ဒုက္ခသည်တစ်ယောက်ပုံ ပေါ်နေလို့လား။ ”
စုရီက ပြုံးပြီး ပြန်မေးသည်။ သူ့တွင် စိတ်ခံစားချက် အရမ်းကောင်း၏။ ဤခရီးစဉ်ပ အကျိုးရှိချေပြီ။ သို့သော် ပြဿနာမှာ အရှင်း မပြီးသေးချေ။ စစ်မှန်သော လွတ်လပ်မှုကို လိုချင်သော် စုမိသားစုထံ သွားရပေဦးမည်။
“ ဟား ဟား ဟား ... ငါသိတယ် ဦးလေးစု အဆင်ပြေမယ်ဆိုတာ။ ”
“ ဟမ့် ... ဒီလောက် စိတ်လှုပ်ရှားနေစရာ လိုလို့လား။ ”
စုရီမှ ခေါင်းယမ်းလျက် ပြုံးရွှင်နေသော စုန်းမလေးကို လျစ်လျူရှုကာ ရထားလုံးဆီသို့ တည့်တည့် လျှောက်လှမ်းသွားသည်။
“ ဆရာစု၊ ငါတို့ ဘယ်သွားကြမလဲ။ ”
ဦးလေးလျောင်က လေးလေးစားစား မေးမြန်းလိုက်သည်။ အကယ်ဒမီ၏ အကြီးအကဲ တစ်ဦးကို သတ်ဖြတ်ပြီး ဒဏ်ရာကင်းစွာ ပြန်ထွက်လာနိုင်သည့်အတွက် ဆရာဟု ခေါ်ထိုက်ပေသည်။
“ ပြန်ရအောင်။ ”
စုရီက ရထားပေါ်တက်ကာ လှဲချလိုက်တော့၏။ ပင်ပန်းနွမ်းနယ်မှုများ လှိုင်းလုံးကြီးတစ်ခုလို ဖုံးလွှမ်းလာသည်။
နင်စီဟွာ တိုက်ခိုက်မှုကို တည်ငြိမ်သော အသွင်ဖြင့် ချေဖျက်ပြခဲ့သော်လည်း အမှန်တွင် များစွာ ပင်ပန်းချေပြီ။
စိတ်ဝိညာဉ်နှင့် ခွန်အားများ ကုန်ဆုံးသွားကာ အနားယူရန် လိုအပ်နေ၏။ ကျင့်ကြံမှုသည် အနည်းငယ် အားနည်း လွန်းချေပြီ။
“ နောက်တစ်ခါတွေ့ရင် သေချာပေါက် မင်းကို ဂရုစိုက်ပေးမယ် ကောင်မလေး။ ”
စုရီက တိတ်တိတ်လေး ကြုံးဝါး လိုက်မိသည်။
“ ဦးလေးစု မင်းခြေထောက်တွေကို ငါနှိပ်ပေးမယ်။ ”
***
ကောင်းကင်မူလ အကယ်ဒမီ စည်းကမ်း ထိန်းသိမ်းရေးခန်းမတွင် အကြီးအကဲ ရှန့်ကျန်းမှ တိတ်ဆိတ်စွာ ထိုင်နေ၏။
သူ့ဘေးတွင် ရှန့်မင်နှင့် အခြားသူများ အားလုံး စိတ်မသက်မသာ ရပ်နေခဲ့သည်။ မဟာ အကြီးအကဲသည် မှောင်မိုက်ပြီး ဆိုးရွားလှသော နေရာသို့ အဘယ်ကြောင့် ခေါ်ဆောင်လာ သည်ကို သူတို့ မသိချေ။
အချိန်အတော်ကြာပြီးနောက် ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းသည် ဒုတိယအကြီးအကဲ ဟန်ချုံးဖြစ်၏။
“ သူတို့ကို ဘာလုပ်ရမလဲ။ ”
မဟာအကြီးအကဲ ရှန့်ကျန်းမှ မေးသည်။
“ တစ်လလောက် ပိတ်ထားရမယ်။ ”
ဟန်ချုံးက ပြန်ဖြေ၏။ လူတိုင်း မျက်လုံးပြူးကုန်သည်။ ကျန်းမူယောင်သည် လွတ်လပ်စွာ သွားလာနိုင်ပြီး သူတို့မှာ အပြစ်သားများဖြစ်ရ၏။
“ ဦးလေးဟန် ငါတို့ အမှားမလုပ်ခဲ့ဘူး၊ မင်းက ငါတို့ကို ဘာလို့ အပြစ်ပေးနေတာလဲ။ ”
ရှန့်မင်က ပြန်၍ မေးခွန်းထုတ်မိသည်။ သူဟူသည် ပြည်နယ်သခင်၏ မျိုးဆက်ဖြစ်ပြီး လက်ထောက် နန်းတော်သခင်၏ တပည့်ဖြစ်ရာ မေးခွန်းထုတ်ဝံ့သည်မှာ သဘာဝပေပင်။
ဟန်ကျန့်က ဂရုမစိုက်ဘဲ၊
“ မင်းအမှား မလုပ်မိဘဲ ... ဘာလို့ အဲဒီလူရှေ့မှာ ဒူးထောက်နေတာလဲ။ ”
“ ဒါက ... ။ ”
“ ပါးစပ်ပိတ်ထား မင်းရဲ့ဆရာလည်း ... အခုပဲ နောင်တချောက်ကမ်းပါးဆီမှာ တစ်နှစ် သွားနေနေပြီ။ ”
ဤသတင်းက ရှန့်မင်ကို ကူကယ်ရာမဲ့ သွားစေ၏။ ဒုနန်းတော်သခင်ပင် အပြစ်ပေး ခံရသည်လော။ အဓိပ္ပါယ်မရှိချေ။
***
Book-13