← Chapters

ဒီမှာဘာတွေ ဖြစ်နေတာလဲ ... ။

Vol. 13 Ch. 152

ဒီမှာဘာတွေ ဖြစ်နေတာလဲ ... ။

Vol. 13 Ch. 152

ရပ်ကြည့်နေသော လူများစွာသည် တုန်လှုပ်ခြောက်ခြားလျက် အပြုံးများ ချက်ချင်း ပျောက်ကွယ်ကုန်၏။

ဟူကျင်းသည် ဤကဲ့သို့ ဆုံးရှုံးသွားခဲ့သည်လော။ ရှန့်မင်မှ မျက်ဝန်းများ မှေးစင်းသွားသည်။

“ အရမ်း အားနည်းတယ် ... ကောင်းကင်မူလအကယ်ဒမီရဲ့ အတွင်းတပည့် တစ်ယောက်ကို အများကြီး မျှော်လင့်နေမိပြီ။ ”

စုရီက တိုးတိုးလေး ပြောလိုက်သည်။ ပြိုင်ဘက်ကို မတော်တဆသတ်မိမည် ကြောက် သဖြင့် ခွန်အား အနည်းငယ်မျှသာ ထုတ်ဖော်ခဲ့ သော်လည်း ဒူးခေါင်းကွဲသွားသေးသည်။

ကောင်းကင်မူလ အကယ်ဒမီ၏ အတွင်းတပည့်များအပေါ် လွန်ကဲစွာ တွက်ဆ ထားမိပုံရသည်။

“ စုရီ၊ မင်းငါ့ကို သတ်နိုင်တယ် အရှက်မခွဲနဲ့။ ”

ဟူကျင်းမှ ဒေါသတကြီး အော်ဟစ်ကာ ထရပ်ရန် ရုန်းကန်နေခဲ့သည်။

“ ဟမ့် ... ရှုံးတဲ့သူက မြေပြင်ပေါ်မှာ ဒူးထောက်ရမယ်လို့ ငါတို့ သဘောတူထားတယ် မဟုတ်လား ဒါဆို မင်းကို အရှက်ခွဲတယ်လို့ ဘာလို့ ပြောနေရတာလဲ။ ”

“ မင်း ... ။ ”

“ နောက်တစ်ယောက် ... ။ ”

စုရီက လျစ်လျူရှုလျက် လူအုပ်ထဲ လှမ်းကြည့်လိုက်သည်။ လူတိုင်းက တစ်ခုခု မှားယွင်းနေကြောင်း နားလည်လာ၏။

“ ကောလဟာလတွေအရ ဆိုရင် ... ဒီအသုံးမကျတဲ့သမက်က ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားပြီ မဟုတ်လား ဒါဆို ဘာလို့ ဒီလောက် သန်မာနေရတာလဲ။ ”

အဝါရောင် ဖျော့ဖျော့ ဝတ်ထားသည့် အမျိုးသမီးက ကူကယ်ရာမဲ့စွာ ညည်းညူ လိုက်လေသည်။

အခြားသူများသည်လည်း အတွေးများ ရှုပ်ပွနေပြီး လေထုတစ်ခုလုံး ခဏမျှမှုန်မှိုင်း သွားတော့၏။

“ တစ်ယောက်မှ ထွက်မလာဘူးလား စောစောက ကျီးကန်တွေလိုအော်နေတာ အခု ဘယ်ရောက်ကုန်လဲ ...

... ဒီနေ့ မင်းတို့တွေ ... ဦးလေးစုကို မတိုက်ဘဲ ထွက်ပြေးဝံ့ရင် ... မနက်ဖြန်မနက်မှာ တောင်တံခါးပေါ် လူတိုင်းကို ငါချိတ်ဆွဲ ပေးမယ်လို့ ကတိပေးတယ်။ ”

ကျန်းမူယောင်မှ လက်ဝှေ့ယမ်းကာ ခြိမ်းခြောက်လိုက်၏။ လူတိုင်း၏မျက်နှာများ ဖြူဖျော့သွားသည်။ ဤစုန်းမသည် အမှန်ပင် ရက်စက် လွန်းချေပြီ။

“ ငါ ... လုပ်ပါရစေ။ ”

ရွှေရောင် ၀တ်စုံဝတ်ထားသည့် လူငယ်တစ်ယောက် လှမ်းထွက်လာကာ၊

“ အတွင်းတပည့် မင်ထို့ ... နှောင်းပိုင်း ချီစုစည်းခြင်း အဆင့် ... ။ ”

-ဟု မိတ်ဆက်တော့၏။

၎င်းသည် အတွင်းတပည့်များအတွင်း ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်သည်။ တည်ငြိမ်သော စိတ်ထားရှိပြီး အတွင်းတပည့်များအတွင်း အသန်မာဆုံး ဆယ်ဦးအဆင့်ဝင်၏။

“ မကြောက်နဲ့၊ ငါက ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်မှာပဲ ရှိသေးတယ်။ ”

တစ်ဖက်လူမှ သူ့ကျင့်ကြံမှုကို ထုတ်ဖော်ပြောကြားလာသဖြင့် စုရီက ပြုံးပြီး ပြန်လည် ပြောပြလိုက်သည်။

သို့မှသာ လူတိုင်းက အစောပိုင်း ချီသန့်စင်ခြင်းအဆင့်၌ရှိသော ဟူကျင်းကို သနားသွားကြ၏။

စုရီ အငွေ့အသက်သည် ငြိမ်သက်ပြီး လှုပ်ရှားခြင်းမပြုသော် သူ့အဆင့်ကို ခန်းမှန်းရန် မဖြစ်နိုင်ချေ။

“ ချွင် ... ။ ”

ပြိုင်ဘက်၏ ကျင့်ကြံမှုကို သိပြီးနောက် မင်ထုံတစ်ယောက် စိတ်လက်ပေါ့ပါးသွားကာ ဓားဆွဲထုတ်လိုက်သည်။

ငွေရောင် ဓားရှည်တစ်လက် လွင့်ထွက်လာကာ သတ်ဖြတ်ခြင်းရောင်ဝါများ ပေါက်ကွဲထွက်လာ၏။

“ ဟိတ် ... ။ ”

လက်ကို အနည်းငယ်မြှင့်တင်ပြီး အော်ငေါက်လျက် ရှေ့သို့ ပြေးတက်သွားသည်။ လေးညှို့မှ ပစ်လိုက်သော မြှားကဲ့သို့ အံ့အားသင့်ဖွယ် အရှိန်ဖြစ်၏။

“ ကောင်းကင်ကို ပိုင်းဖြတ်ခြင်း။ ”

ဓားကို လွှဲလိုက်သည်နှင့် ငွေဖြူရောင် ဓားအလင်းက ဒေါသတကြီး လိုက်ပါလာသည်။ သို့သော် စုရီက ယခင်အတိုင်း ငြိမ်သက်နေခဲ့ပြီး အနားရောက်လာသောအခါ မင်ထုံ၏လက်ကို ပုတ်ထုတ်ပစ်လိုက်သည်။

“ ကလန် ... ။ ”

ဓားကိုင်လက် ပြင်းစွာတုန်ခါလျက် မင်ထုံလက်မှ လွတ်ထွက်သွားသည်။ ချက်ချင်း ထိတ်လန့်စွာ နောက်ဆုတ်လိုက်မိ၏။

“ ဖြန်း ... ။ ”

သို့သော် လက်တစ်ဖက် သူ့ပါးပြင်ပေါ် ကျလာသည်။ မင်ထုံတစ်ယောက် ချက်ချင်း ဒူးထောက်ကျသွား၏။

မကြောက်မရွံ့နှင့် ယုံကြည်မှု အပြည့်ရှိနေသော ရှန့်မင်မျက်နှာပေါ်တွင် အနည်းငယ် လေးနက်လာတော့သည်။

စုရီက သူ့ပတ်ဝန်းကျင်ရှိ လူများထံ ဝှေ့ကြည့်လိုက်ပြီး၊

“ မင်းတို့အားလုံး အတူတူလာဖို့ စိတ်ကူးရှိလား။ ”

-ဟု မေးမြန်းတော့၏။

ယင်းက လူအုပ်ကို သတိဝင်စေသည်။ သို့သော် ဒူးထောက်နေသူ နှစ်ယောက်ထံသို့ အကြည့်များ အရောက်တွင် တွန့်ဆုတ် သွားပြန်၏။

“ မြန်မြန် ထွက်လာကြ ... မင်းတို့က ငါ့အကယ်ဒမီရဲ့ အတွင်းတပည့်တွေပဲ အပြင်လူ တစ်ယောက်ကို လွယ်လွယ်နဲ့ ရှုံးနိမ့်မှု ဝန်မခံ တတ်တာ ငါသိတယ် ... မင်းတို့မှာ ဂုဏ်သိက္ခာတွေ ရှိတယ်။ ”

ကျန်းမူယောင်ဟူသည် ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်မည်ကို မြင်လိုသူ ဖြစ်သဖြင့် ကျယ်လောင်စွာ တွန်းပို့လိုက်သည်။

“ ဒီစုန်းမ ... ။ ”

လူတိုင်းအံကြိတ်လျက် ကျိန်ဆဲတော့၏။ သို့သော် အသံမထွက်ဝံ့ချေ။ အဆုံးတွင် တပည့် တစ်ဦးမှ၊

“ ကောင်းပြီ ... အားလုံးအတူတူ တိုက်ကြရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

ဤမြင်ကွင်းကြောင့် တစ်ယောက်ပြီး တစ်ယောက် သဘောတူကာ လှမ်းထွက်လာ၏။ စုရီမှ ခေါင်းညိတ်ပြလျက်၊

“ မဆိုးဘူး၊ မင်းတို့မှာ မာနရှိသေးတယ်။ ”

“ ချွင် ... ။ ”

အဖွဲ့ကို ဦးဆောင်သူသည် ရှန့်မင်၏ ညာလက်ရုံး တျန်ထောင်ဖြစ်၏။ ၎င်းမှ လက်ကို ဝှေ့ယမ်းပြီး ဓားဆွဲလိုက်သည်။

အခြားသောတပည့်များ သည်လည်း ဓား၊ လှံနှင့် လက်နက်များ အသီးသီး ကိုင်ဆောင်ကာ စုရီထံ ပြေးဝင်လာကြသည်။

“ သတ် ... ။ ”

လူတိုင်း အတွင်းတပည့်များဖြစ်၏။ တစ်ဦးစီတွင် ထူးခြားသော အရည်အချင်းနှင့် လျှို့ဝှက်နည်းစနစ်များ ပိုင်ဆိုင်ထားသည်။

“ ဖြန်း ... ။ ”

“ ဖြန်း ... ။ ”

“ ဖြန်း ... ။ ”

သို့သော်စုရီက မတုန်မလှုပ် ‌ကျောက်တောင်ကြီးတစ်လုံးလို ငြိမ်သက်စွာဖြင့် ရပ်လျက် ပြေးဝင်လာသူတိုင်းကို ပါးရိုက်ပြီး ဒူးထောက်စေခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အတွင်းတပည့်ပေါင်း တစ်ဒါဇင်ကျော်သည် နာကျင်စွာ ညည်းတွားလျက် မြေပြင်၌ ဒူးထောက်နေကြ၏။

အဆုံးတွင် ရှန့်မင်တစ်ယောက်တည်း သည်သာ မြေပြင်ပေါ် ရပ်လျက် ထိတ်လန့်စွာ ကျန်ရစ်ခဲ့သည်။

အသုံးမဝင်သော ဤသားမက်သည် ကျင့်ကြံမှု ပြန်လည် ကောင်းမွန် လာသော်မှ ဤမျှသန်မာနေစရာ နည်းလမ်းမရှိချေ။

ဤလူအုပ်သည် အတွင်းတပည့်များ ကြားတွင် အထူးချွန်ဆုံးများ ဖြစ်သည်။ သူတို့ တစ်ဦးစီသည် မဟာကျိုးကောင်းကင်၌ ပြိုးပြက် လင်းလက်နိုင်သော ကြယ်ပွင့်များပေပင်။

ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းလာကာ အဝေးမှ လှမ်းကြည့်လာသော စုရီ၏မျက်ဝန်းများကို ခံစားလိုက်ရသည်။

“ အခု ... မင်းနဲ့တိုက်ဖို့ ... ငါအရည်အချင်း ပြည့်မီပြီလား ... ။ ”

စုရီမေးခွန်းသည် ပေါ့ပေါ့ပါးပါးဖြစ်၏။ ရှန့်မင်အတွက်မူ ကောင်းကင်ကြီး ပြိုကျလာ သကဲ့သို့ ခွန်အားမဲ့သွားစေသည်။

အဆုံးတွင် အံကြိတ်လျက်၊

“ စုရီ ... ငါမှားသွားတာ ငါသိပါတယ် ... ဒါပေမယ့် မင်းဒီလောက်အထိ သွားဖို့လိုလို့လား ဒီနေရာက အကယ်ဒမီဆိုတာ မင်းမမေ့ပါနဲ့။ ”

-ဟု အော်ဟစ်လိုက်သည်။

ရှန့်မင်သည် တစ်ဦးတစ်ယောက် ကြားသိနိုင်စေရန် ကျယ်လောင်စွာ အော်ဟစ် နေမှန်း စုရီမှ နားလည်လိုက်၏။ ထို့ကြောင့် ၎င်းအနား လျှောက်လှမ်းသွားကာ၊

“ မင်းအကူအညီခေါ်နေတာလား ... ဒါဆို ငါစောင့်ပေးမယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ချွင် ... ။ ”

ရှန့်မင်တစ်ယောက် ရှက်ရွံ့လာပြီး မျက်နှာအနည်းငယ် ပြောင်းသွားကာ ခါးမှဓား ဆွဲထုတ်လျက် ခုတ်ချပစ်လိုက်၏။

“ ရွှပ် ... ။ ”

“ ဖြန်း ... ။ ”

သို့သော် ဓားမရောက်ခင် စုရီသည် လျှပ်စီးပြိုးပြက်သွားကဲ့သို့ ဖျပ်ခနဲရောက်ရှိကာ ပါးရိုက်ချသွားသည်။

ချက်ချင်း မျက်နှာနီရဲလျက် တဆက်ဆက် တုန်ယင်သွား၏။ မြေပြင်ပေါ် လဲကျလုမတတ် ယိမ်းယိုင်သွားချေပြီ။

“ မင်းဘယ်လို ရိုက်ဝံ့တာလဲ။ ”

ရှက်စိတ်နှင့် ဒေါသများ ဆူပွက်လာပြီး မျက်လုံးများ ပြူးကျယ်သွား၏။

“ ဖြန်း ... ။ ”

သို့သော် နောက်ထပ် ပါးရိုက်ချက်ဖြင့် စုရီမှပြန်ဖြေ၏။ ဤတစ်ကြိမ်၌ ပြင်းထန်လေရာ ပါးချောင်ရိုးများ ကျိုးသွားသည်။

ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ထွက်ကျလာပြီး ဝက်ခေါင်းကဲ့သို့ နီရဲလာသည်။ ကျန်းမူယောင်သည်ပင် အေးစက်သော လေထုကို ရှုရှိုက်လိုက်ရ၏။

ရှန့်မင်သည် နှောင်းပိုင်းချီသန့်စင်ခြင်း အဆင့်တွင်ရှိနေပြီး ထိပ်တန်းအတွင်းတပည့် (၁၀)ဦးအဆင့် သတ်မှတ်ခံထားရသည်။

နောက်ခံအရ ပြည်နယ်သခင်၏ သားဖြစ်သည်။ ယခုမူ စုရီလက်၌ ရွှံ့တုံးတစ်တုံး ကဲ့သို့ ဆုပ်နယ်ခံနေရ၏။

ပြည်နယ်သခင်နှင့် ကောင်းကင်မူလ အကယ်ဒမီဟူသော နောက်ခံသည် အသုံးဝင်ပုံ မပြချေ။ စုရီက မြေပြင်ကို ညွှန်ပြပြီး၊

“ ဒူးထောက် ... ။ ”

-ဟု ပြောလိုက်သည်။

“ ငါ ... ။ ”

“ ဝှစ် ... ။ ”

“ ဒုန်း ... ။ ”

“ အား ... ။ ”

စုရီက စိတ်မရှည်တော့ဘဲ လည်ပင်းကိုဖမ်းကိုင်ပြီး အရုပ်တစ်ရုပ်လို မြေပြင်ပေါ် ပစ်ချလိုက်၏။

“ ဟမ့် ... မင်းအသက်ကို မလိုချင်လို့ ငါဒူးထောက်ခိုင်းနေတာ ... အချိန်မဖြုန်းနဲ့။ ”

စုန်းမလေးက ထိုမြင်ကွင်းကို ကြည့်ပြီး သူမမည်မျှ ကံကောင်းသွားကြောင်း နားလည် လိုက်လေသည်။

မဟုတ်သော် ရထားလုံးပေါ်၌ သူမဘဝ ဆုံးခန်းတိုင်သွားနိုင်မည်။ ဘဝတစ်လျှောက် သည်မျှမာနကြီးပြီး ကြီးစိုးသောလူငယ်မျိုး တစ်ကြိမ်မျှ မတွေ့ဖူးချေ။

“ အချိန်ပြည့်ပြီ ... ။ ”

စုရီက အချိန်ကို တွက်ချက်ကာ ရေရွတ်လိုက်သည်။ ခေါင်းပြန်မော့ကြည့်လိုက် ချိန်၌ ဝမ်လင်ကျောက် ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။

သူမ၏ အေးစက်စက် မျက်နှာပေါ်တွင် ထိန်းမရသော အံ့သြမှုတစ်ခု ထင်ဟပ်နေသည်။ လမ်းတဝက်၌ ဆူညံသော စိန်ခေါ်သံများကို ကြားလိုက်ရသည့်အတွက် ခဏရပ်ပြီး ဂရုတစိုက် နားထောင်ခဲ့သည်။

သို့သော် ဝေးကွာလွန်းသောကြောင့် ယောင်ဝါးဝါးသာ ကြားလိုက်ရပြီး စုရီအရိုက်ခံ နေရသည်ဟု ယူဆလိုက်မိ၏။

အဆုံးတွင် ဤစုရီသည် သူမ၏ ခင်ပွန်းသည်အဖြစ် ရှိနေဆဲဖြစ်လေသည်။ သူမ အနားတွင် အရိုက်ခံရသည့် ထိုသတင်းမျိုးသာ ထွက်လာပါက နာမည်ပျက်ရပေလိမ့်မည်။

ယခုမူ နေရာအနှံ့ ဒူးထောက်နေသော မြင်ကွင်းသည် သူမကို အံ့အားသင့်သွားစေ၏။

“ ဒါက ... ။ ”

ဟူကျင်း၊ မင်ထုံနှင့် အခြားသူများသည် ရှက်စိတ်ကြောင့် မျက်နှာများ ပြောင်းလဲသွား ကုန်သည်။

အထူးသဖြင့် ရှန့်မင်ဖြစ်၏။ ဤသို့အရှက်ရဖွယ် အသွင်အပြင်မျိုးနှင့် သူမကို ရင်မဆိုင်လိုချေ။

“ စာရွက်နဲ့ စုတ်တံ သွားယူလာခဲ့။ ”

ဤတစ်ကြိမ်၌ ဝမ်လင်‌‌ကျောက်ကို လျစ်လျူရှုကာ ကျန်းမူယောင်ထံသို့ လှည့်ပြီး ခိုင်းစေလိုက်တော့၏။

သို့မှသာလျှင် ဝမ်လင်ကျောက်က နိုးထလာပြီး၊

“ ဟမ့် ... ငါနင်နဲ့ လမ်းခွဲဖို့ ပြန်လာခဲ့တယ်လို့ ဘယ်သူပြေလဲ ... ။ ”

-ဟု ငေါက်ငမ်းလိုက်၏။

“ လက်ရှိ အခြေအနေကို ... မင်း မမြင်သေးဘူးလား ... ဒီနေ့ ဘယ်သူလာလာ ငါ့စိတ်ကို မပြောင်းလဲနိုင်ဘူးဆိုတာ မင်း သိထားသင့်တယ်။ ”

“ ဟာသပဲ။ ”

“ ဟာသလား ... အဲဒီတုန်းက မင်းပဲ ဒီအိမ်ထောင်ရေးရဲ့ သားကောင်ဖြစ်တာကို သဘောမတူဘူးလို့ ပြောပြီး အိမ်ကနေ ထွက်သွားခဲ့တာ မဟုတ်လား ...

... အဲဒီတုန်းက ကွမ်လင်တစ်မြို့လုံး ငါအပေါ် ဘယ်လိုမြင်လဲ မင်းတွေးကြည့်ခဲ့လား၊ အဲဒီတုန်းက ငါနဲ့ရန်ငြိုးရှိတဲ့ ဝေကျန်းရန်ကို ...

... မင်းအိမ်ခေါ်လာပြီး အရှက်ခွဲတယ် ... မင်းကိုယ်မင်း ... အရမ်းယဉ်ကျေးနေတယ်လို့ ထင်နေတာလား။ ”

စုရီ၏ မေးခွန်းပေါင်းများစွာက ဝမ်လင်ကျောက်အတွက် စိတ်ရှုပ်သွားစေ၏။ တုန့်ဆိုင်းစွာဖြင့်၊

“ အဲဒီတုန်းက မင်းတို့ကြားမှာ ... ရန်ငြိုးရှိထားမှန်း ငါမသိခဲ့ဘူး ပြီးတော့ သူနဲ့ငါ ဘာမှမဆိုင်ဘူး။ ”

“ ကောင်းပြီ ... ဒီနေ့ အတိတ်ကို မင်းနဲ့ငြင်းခုံဖို့ မဟုတ်ဘူး ငါတို့လမ်းခွဲရအောင် မင်းအတွက် အကယ်ဒမီမှာ ယောက်ျား မရှားပါဘူး အသုံးမကျတဲ့ သမက်ဆိုတဲ့ အမှတ်သညာကို ဖယ်ရှားပါ။ ”

ဝမ်လင်ကျောက်တစ်ယောက် ဒေါသထွက်လာ၏။ မဟာကျိုးတွင် သမက်နှင့် ပတ်သက်သော စည်းမျဉ်းများသည် ဟာသတစ်ခု မဟုတ်ချေ။

အနည်းဆုံးတော့ အိမ်ထောင်ရေးကို ဖျက်သိမ်းလိုသော် စုမိသားစု၏ ခွင့်ပြုချက် လိုချေမည်။

“ ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ။ ”

ရုတ်တရက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏အသံ အဝေးမှ ပျံ့လွင့်လာ တော့၏။ သူနှင့်အတူ ရှပ်အင်္ကျီဝတ် အဘိုးအို တစ်ဦးနှင့် ဓားလွယ်ထားသော အမျိုးသား တစ်ဦးလိုက်ပါလာလေသည်။

“ ဆရာ ... ။ ”

***

All Chapters