← Chapters

ပွဲစတင်သည့်အချိန် (၄)

Vol. 011 Ch. 1011

ပွဲစတင်သည့်အချိန် (၄)

Vol. 011 Ch. 1011

“ရွှီး”

အားလုံးသည် ခေါင်းမော့လိုက်ရာ ဇာမဏီငှက်များသည် ကောင်းကင် ကိုဖုံးနေသည်ကို တွေ့လိုက်ရသည်။

“ဇာမဏီမျိုးနွယ်လား”

“အဲဒါမီးငှက်မျိုးနွယ်ပဲ ဇာမဏီတွေထဲမှာ အဆင့်အမြင့်ဆုံးပဲ”

“သူတို့ကဘယ်လိုလုပ်ဒီရောက်လာတာလဲ”

“ဒီကလူထဲကတစ်ယောက်ယောက်က သူတို့ကိုဝင်ခိုင်းမှဖြစ်မယ် အတားအဆီးကို ဖျက်ဖို့နည်းလမ်းမရှိဘူး”

“တကယ်ပဲ မီးငှက်တွေပဲ”

“ရွှီး”

ဇာမဏီငှက်များသည် ပြိုင်ပွဲနေရာကောင်းကင်အထက်တွင် ပျံဝဲနေ သည်။

“အစ်ကိုကြီး” သက်တန့်လေးသည် ကောင်းကင်မှဆင်းသက်ပြီး ရှီမာယူယူဘေးသို့လာလေသည်။

ထို့နောက်တွင် လူဖေသည် သူ့လူများကိုဦးဆောင်ပြီးမြေပေါ်ဆင်းသက် ကာ သူမကိုဝန်းရံလိုက်သည်။

ရှီမာယူယူသည် သက်တန့်နှင့်တခြားသူများကိုတွေ့လိုက်ရသောအခါ အလွန်အံ့သြသွားသည်။ သူမ မေးလိုက်သည် “ဒီကိုဘာလာလုပ်ကြတာလဲ”

“သက်တန့်တို့်က ဒီနားမှာရောက်နေကြတာ၊ ဒီနေရာရဲ့သတင်းကို လည်းကြားကြတယ်၊ အစတုန်းကလာဖို့အစီအစဉ်မရှိဘူး ဒါပေမဲ့ အစ်ကိုကြီး လည်းဒီမှာရှိတယ်လို့ကြားတော့ အမြန်လာလိုက်တာ” သက်တန့်ပြောလေ သည်။

“ဒါဆိုရင် ဘယ်လိုလာကြတာလဲ”

“ဘယ်လိုလဲဟုတ်လား ပျံပြီးဝင်လာတာလေ” သက်တန့်ပြောလေ သည်။

“….”

သူတို့ ပျံဝင်လာသည်ကို သူမမြင်သည်။ သူမ မေးဖို့လိုဦးမှာလား။

“မင်းတို့မှာဖိတ်စာမရှိဘူး၊ အတားအဆီးကိုဖျက်နိုင်တာလည်းမဟုတ် ဘူး ဘယ်လိုဝင်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အတားအဆီးဟုတ်လား သက်တန့်တို့လာတုန်းက ဘာအတားအဆီး မှမရှိပါဘူး” သက်တန့်ပြောလေသည် “သက်တန့်တို့ဒီရောက်တော့ အတား အဆီးမှာစောင့်တဲ့သူဘယ်သူမှမရှိဘူး၊ ဒီနေရာမှာအတားအဆီးလည်းမရှိပါ ဘူး”

“အစောင့်တွေက ဆုန့်ချောင်းဂျီရဲ့လူတွေပဲ ငါတို့ရှင်းလိုက်ပြီ” ရင်ဘိုင်ချွန်း ပြောလိုက်သည်။

“သခင်လေး ကျွန်တော်တို့ကိုကြားနေလုပ်စေချင်လား” လုဖေ မေး လိုက်သည်။

“စောင့်ပြီး အခြေအနေကိုကြည့်ဦး” ရှီမာယူယူ ပြောလိုက်သည်။

“မီးငှက်မျိုးနွယ်၊ လူသားကိစ္စကို ဝင်မပါတာကောင်းလိမ့်မယ်” ဆုန့်ချောင်းဂျီသည် လုဖေကို ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလေသည်။

“ငါလည်း မင်းတို့လူသားတွေရဲ့ကိစ္စကိုစိတ်မဝင်စားပါဘူး ဒါပေမဲ့ သခင် လေးပါနေရင်တော့ လျစ်လျူရှုလို့မရဘူး” လုဖေ ပြောလိုက်သည်။

“သခင်လေး ဟုတ်လား” ဆုန့်ချောင်းဂျီသည် ရှီမာယူယူကို မျက်စိမှေး ကာကြည့်လေသည် “ဒီလူသားလား”

“ကြည့်ရတာ မင်းက အာဏာသိမ်းဖို့ပဲအလုပ်ရှုပ်နေတာနဲ့ ဂဠုန်ဘုရင် ပေါ်လာတာ မသိလိုက်ဘူးထင်တယ်” ရှားကျောင်ထျန် ပြောလေသည် “ဒဏ္ဍာရီလာဂဠုန်ငှက်က လူသားတစ်ယောက်ကိုသူ့သခင်အဖြစ် အသိအမှတ်ပြုလိုက်တယ်၊ အဲဒါကြောင့် ငှက်တွေအားလုံးက သူ့အမိန့်ကို နာခံရမယ်”

“သူက အဲလူသားလား” ဆုန့်ချောင်းဂျီသည် ရှီမာယူယူကို ကြည့်လေ သည်။ အနည်းငယ်ဆွဲဆောင်မှုရှိသည်ကလွဲလျှင် ဘာမှထူးခြားမှုမရှိပေ။ သူမ သည် ငှက်မျိုးနွယ်နှင့် ဆက်နွယ်နေသည့် သခင်တစ်ယောက်ဖြစ်လိမ့်မည်ဟု သူမထင်ထားပေ။

“သက်တန့် ဒီမှာမင်းလူတွေဘယ်လောက်ပါလဲ” ရှီမာယူယူသည် တပ်ကူများမရောက်လာသေးသည်ကိုမြင်သောအခါ မေးလိုက်သည်။

“အားလုံးပေါင်း ၁၀၀ပဲ၊ အားအနည်းဆုံးက အထွတ်အထိပ်အဆင့်ပဲ အများစုကတော့ ဝင်လာကြတယ် ကျန်တဲ့သူတွေကတော့ အပြင်မှာအစောင့် ကြောင့်ကြာနေတာ” သက်တန့်ပြောလေသည် “ဒါပေမဲ့ အဲလူတွေက သက်တန့်တို့ ပြိုင်ဘက်မဖြစ်နိုင်ပါဘူး၊ ခဏနေရင်ရောက်လာကြမှာ”

“ကောင်းတယ် တကယ်လို့နောက်ပိုင်းတိုက်ဖို့လိုလာရင် အဲလူတွေကို လွယ်လွယ်လေး အမြစ်ဖြုတ်နိုင်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

ထိုပုန်ကန်သူများကို အနာဂတ်တွင် လက်တုန့်ပြန်မည့်အခွင့်အရေးကို ပေးရန်မလိုပေ။

“ကောင်းပါပြီ” လုဖေ ခေါင်းညိတ်လေသည်။

မီးငှက်များ၏ ဝင်လာမှုနှင့်အတူ အခြေအနေများသည် ပြောင်းပြန်ဖြစ် သွားသည်။ ဆုန့်ချောင်းဂျီ၏အင်အားကြီးလာသည်မှစပြီး တိမ်ကာကွယ်ရေး အဖွဲ့၏ နောက်ကျောဓားနှင့်ထိုးမှုအထိ ကစားပွဲသည် ပုန်ကန်သူ၏ အကြိုက် ဖြစ်နေသည်။ အခုမီးငှက်များပေါ်လာသောအခါ အခြေအနေသည် တစ်မျိုး ပြောင်းသွားလေသည်။

“ဒီပွဲကတော့ ပိုပိုပြီးကောင်းလာပြီ” ဂူဂှီသည် ခုံကိုမှီပြီး ရှေ့မှမြင်ကွင်းကို အရသာခံနေလေသည်။

သူသည် အပြင်မှအင်အားများ လှုပ်ခတ်သည်ကို စိတ်မဝင်စားပေ။ သူ သည် ပြိုင်ပွဲဝင်ရန်ထိုနေရာသို့ရောက်လာခြင်းဖြစ်သည်။ ပြိုင်ပွဲမစခင်ကို ပွဲ ကြီးပွဲကောင်းကြည့်လိုက်ရတာလည်း မဆိုးဘူးပဲ။

ရှီမာမျိုးနွယ်သည် ဂူမျိုးနွယ်ဘေးတွင်ရှိနေသည်။ ရှီမာယိယွင်နှင့် တခြားသူများသည် အံ့သြမှုများဖြင့် ပြည့်နေသည်။

“သူကတကယ်ပဲ ဂဠုန်ရဲ့စာချုပ်သခင်ပဲ” ရှီမာချီချီသည် တိုးညင်းစွာ ပြောရင်းနှင့် သူမမျက်နှာမှာမယုံကြည်မှုများပြည့်နေသည်။

ရှီမာရှင်းရှို့နှင့်တခြားသူများလည်း အလားတူပင်။ သူတို့သည် ထူးဆန်း ထွေလာသတ္တဝါတစ်ကောင်ကို ကြည့်နေရသကဲ့သို့ဖြစ်နေသည်။

“အရင်က သူဘာလို့ထွက်သွားလဲဆိုတာ ပြဿနာမဟုတ်တော့ဘူး အခုကိစ္စတွေကို တွက်ကြည့်ရင် သူက မျိုးနွယ်ကိုပြန်ဖို့ သေချာပေါက် အခွင့် အရေးရှိသွားပြီ” ရှီမာယိယွင်သည် စိတ်လှုပ်ရှားစွာပြောလေသည်။

“သူ့အရည်အချင်းနဲ့ဆိုရင် မျိုးနွယ်ကိုပြန်ရင်တောင် အလုအယက် ပျိုးထောင်ချင်ကြမှာပဲ” ရှီမာချီချီ ပြောလိုက်သည်။

“သူ့ကိုပျိုးထောင်ရုံတင်မကဘူး သူသာပြန်ရင်မျိုးနွယ်ခေါင်းဆောင်တွေ က ငါတို့ကို တစ်ချက်လေးတောင်ကြည့်တော့မှာမဟုတ်ဘူး” ရှီမာရှင်းရှို့ ခါးသက်စွာပြုံးလိုက်သည်။

သူသည် မဆိုးလှဟု သူ့ကိုယ်သူအမြဲထင်ခဲ့သည်။ သို့သော် သူမနှင့် ယှဉ်ကြည့်လျှင် ကွာခြားချက်မှာကြီးမားလှသည်။

“ဦးလေးလွီရွှမ်က သမီ… အာ.. တော်တဲ့သားကိုတကယ်မွေးခဲ့တာပဲ” ရှီမာယိယွင်သည် စိတ်လှုပ်ရှားစွာပြောလေသည် “သူ့ကလေးက ဒီလောက် တော်တယ်ဆိုတာသိရင် ဘယ်လောက်တောင်ပျော်မလဲမသိဘူး”

“နှမြောစရာကောင်းတာက သူအခုဘယ်ရောက်နေလဲဆိုတာ ဘယ်သူ မှမသိနိုင်တာပဲ” ရှီမာချီချီ သက်ပြင်းချလေသည်။

“ဦးလေးလွီဖန်နဲ့ ဦးလေးလွီယွင်တို့က သူ့ကိုဒီလောက်နှစ်တွေအများ ကြီးရှာပြီးပြီ၊ အရိပ်အဖွဲ့ကိုတောင်သုံးတာကိုတောင် သူ့ကိုခြေရာခံလို့မရဘူး အခြေအနေက အကောင်းဘက်ဟုတ်ပါ့မလားလို့တောင်သံသယဝင်လာပြီ” ရှီမာရှင်းရှို့ပြောလေသည် “သူက ဒီတော်တဲ့ကလေးကို တစ်ခါမှတောင်မမြင် ဖူးသေးဘူး၊ နောင်တရနေမှာပဲ အံ့ဖွယ်ရာတစ်ခုခုဖြစ်လာမလားမျှော်နေမိ တယ်”

“ဖြစ်လာမှာပါ၊ သူ့ကျောက်စိမ်းနာမည်ပြားက အက်သွားပေမဲ့ လုံးဝ ကွဲ သွားတာမဟုတ်ဘူးလေ သူအသက်ရှင်မှာပါ” ရှီမာယိယွင် ပြောလိုက်သည် “သူ့ရဲ့ တော်တဲ့ကလေးအတွက်ပဲဖြစ်ဖြစ် သူအသက်ရှင်မှဖြစ်မယ်”

“ဦးလေးလွီရွှမ်အသက်ရှင်နေဦးမယ်လို့ ငါယုံတယ် ပြီ်းတော့ သူက ထူးခြားတာပဲ ဘယ်လိုလုပ်အဲလောက်လွယ်လွယ်နဲ့သေမလဲ” ရှီမာချီချီ ပြော လိုက်သည်။

“သဘောတူတယ်” ရှီမာရှင်းရှို့ ပြောလေသည်။

“သူသာမျိုးနွယ်ကိုပြန်ရင် ဦးလေးလွီရွှမ်လည်းပြန်လာမယ်လို့ ခံစားနေ ရတယ်” ရှီမာယိယွင်ပြောလေသည်။

“အခုတော့ ဦးလေးလွီဖန်နဲ့ တခြားသူတွေဒီအကြောင်းကို သိမယ့် အချိန်ကို မစောင့်နိုင်တော့ဘူး” ရှီမာချီချီ ပြောလိုက်သည်။

“သူတို့ သေချာပေါက်အံ့သြသွားမှာပဲ” ရှီမာယိယွင် ပြောလေသည် “ညီမတို့မျိုးနွယ်ကတပည့်တွေကို အကောင်းဆုံးဖြစ်ရမယ်လို့ သူတို့အမြဲ ကြိမ်းမောင်းနေတာ အခု ယူယူ ဒီနတ်ဆိုးလေးပေါ်လာပြီဆိုတော့ ဘယ်လို တုန့်ပြန်ကြမလဲဆိုတာ သိချင်နေပြီ”

“သူတို့ ဒါကိုကျော်လွှားနိုင်မလားဆိုတာကို အရင်ကြည့်ချင်တယ်” ရှီမာမျိုးနွယ်မှ အဖွဲ့ကိုဦးဆောင်သောအကြီးအကဲပြောလိုက်သည်။

“အကြီးအကဲ၁၀၊ ကစားပွဲအလှည့်အပြောင်းဖြစ်မယ်လို့ထင်လား” ရှီမာချီချီ မေးလိုက်သည်။

“ကြည့်လိုက် ဆုန့်ချောင်းဂျီနဲ့ ကျောင်ရှန်းရီတို့က လုံးဝစိုးရိမ်မှုမရှိကြဘူး သူတို့မှာမထုတ်ရသေးတဲ့ ကတ်ရှိနေတယ်” အကြီးအကဲ၁၀ ရှီမာဝမ့်ဝမ့် ပြော လိုက်သည်။

“အမှန်ပဲ ကြည့်ရတာအဲလိုပဲ” ရှီမာယိယွင်သည် အောက်မှလူများကို သုံးသပ်လိုက်သည်။ မီးငှက်များသည် ရုန့်ရင်းဆန်ခတ်တွင်ပါဝင်လာ သော်လည်း သူတို့သည်မျက်မှောင်ကြုတ်ရုံလောက်သာဖြစ်သည်။ သူတို့ သည် လက်လျော့မည့်ပုံ အညံ့ခံမည့်ပုံမပေါ်ပေ။ ထိုသည်မှာ သူတို့ရှုံးလိမ့် မည်ဆိုသည်ကို မျှော်လင့်မထားသည်ကို သက်သေပြနေသည်။

“ယူယူနဲ့ တခြားသူတွေနိုင်ပါ့မလား” ရှီမာချီချီသည် စိုးရိမ်နေသည် “အကြီးအကဲ၁၀ ကျွန်မတို့ကူညီသင့်သလား”

“အတွင်းပိုင်းဒေသတွေက အပြင်နဲ့အလယ်ပိုင်းဒေသကကိစ္စတွေကို ဝင်မပါကြဘူး ဒါက သဘောတူညီချက်ပဲ၊ အမည်ခံသာရှိတယ်ဆိုပေမယ့် ဘယ်သူမှမကန့်ကွက်ကြဘူး၊ ငါတို့သာ အလောတကြီးဝင်ပါလိုက်ရင် ငါတို့ကို တိုက်ဖို့ ဆင်ခြေရသွားလိမ့်မယ်” ရှီမာဝမ့်ဝမ့်ပြောလေသည်။

“ဝင်ပါလို့မရဘူးလား အဲဒါဆိုရင် ယူယူကရော”

“အခြေအနေပေါ်မူတည်တာပဲ သူတို့က သူ့ကိုမထိရဲပါဘူး၊ သူတို့က ငှက်မျိုးနွယ်တစ်ခုလုံးကို ဆန့်ကျင်ဖို့ပြင်မထားရင်ပေါ့” ရှီမာရှင်းရှို့ ပြောလိုက် သည်။ “သူတို့က အချိန်အကြာကြီးဒဏ္ဍာရီလာဂဠုန်ကိုစောင့်ခဲ့ရတာ ရဲတင်း မှုသာမဖြစ်ခဲ့ရင် တိုင်းပြည်တစ်ခုလုံး အပြောင်းအလဲဖြစ်သွားနိုင်တယ်”

“ဟုတ်တယ်” ရှီမာဝမ့်ဝမ့် ပြောလေသည် “ဆက်ပြီးစောင့်ကြည့်တာပေါ့ ဒီကနေပြီးတော့ပိုစိတ်ဝင်စားစရာကောင်းမယ်ဆိုတာ သေချာတယ်”

All Chapters