← Chapters

ပွဲစတင်သည့်အချိန် (၅)

Vol. 011 Ch. 1012

ပွဲစတင်သည့်အချိန် (၅)

Vol. 011 Ch. 1012

နှစ်ဖက်လုံးသည် တစ်ဖက်နှင့် တစ်ဖက်ကြည့်လိုက်ကြသည်။ ဘာမှ ဖြစ်မလာပေ။

“တိုက်ကြတော့” ဂေါင်ကျိဟုန်သည် အော်ရင်းနှင့် သူနှင့် မလှမ်းမကမ်း တွင်ရပ်နေသည့် ဆုန့်ချောင်းဂျီကို တိုက်ခိုက်လေသည်။

နှစ်ဖက်လုံးသည် ထပ်မံတိုက်ခိုက်ကြပြန်သည်။ မီးငှက်များထည့်ပေါင်း လိုက်သောအခါ တိမ်ကာကွယ်ရေးအဖွဲ့တစ်ဝက်သည် လျင်မြန်စွာပင် အသတ်ခံလိုက်ရတော့သည်။

ဆုန့်ချောင်းဂျီသည် အခြေအနေမဟန်သည်ကိုမမြင်သောအခါ တစ်စုံ တစ်ခုကိုထုတ်ပြီး ချိုးလိုက်လေသည်။ လျင်မြန်စွာပင် လေဟာပြင်ဧရိယာ တွင် လှုပ်ရှားမှုဖြစ်သွားကာ ဝင်ပေါက်ပွင့်သွားသည်ကို ရှီမာယူယူ သတိထား မိလိုက်သည်။ မျက်နှာဖုံးအုပ်ထားသော လူတစ်စုထွက်လာသည်။

သူတို့ရောင်ဝါထွက်လာရာ အားလုံးသည် ချက်ချင်းပင် အသိစိတ်ဝင် လာကြသည်။ အဲလူတွေက အတွင်းဒေသကလူတွေပဲ။

အတွင်းဒေသမှလူများကိုမြင်သောအခါ သူတို့၏မျက်နှာထားမှာ တည် သွားကြသည်။

အတွင်းဒေသက အင်အားကြီးတွေက ကြားဝင်ပါတာလား။

“ဘယ်ဘက်တမန်တော် ကျွန်တော်တို့ကိုကယ်ပါဦး” ဆုန့်ချောင်းဂျီ အော်လိုက်သည်။

ဝဲဘက်တမန်တော်သည် ရန်လိုသောအကြည့်ဖြင့် ဆုန့်ချောင်းဂျီနှင့် ကျောင်ရှန်းရီတို့ကို မျက်လုံးထောင့်မှကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး သည် ကျောရိုးအထိအေးစိမ့်သွားလေသည်။

“ဒါလေးကိုတောင်မကိုင်တွယ်နိုင်ဘူး အဲတော့ ခေါင်းဆောင်ရာထူးကို ဘယ်လိုများတာဝန်ယူမှာလဲ”

သူ လက်ဝေ့ရမ်းလိုက်ရာ ဆုန့်ချောင်းဂျီနှင့်ကျောင်ရှန်းရီတို့သည် လေ နှင့်အတူလွင့်သွားပြီး မြေပေါ်သို့ကြမ်းတမ်းစွာကျလေသည်။

“ဆရာ့ရဲ့လက်အောက်ကလူတွေက ကောင်းကောင်းမလုပ်ခဲ့ပါဘူး၊ ဘယ်တမန်တော် ကျေးဇူးပြုပြီးအပြစ်ပေးလိုက်ပါ” ကျောင်ရှင်းရီသည် လျင်မြန်စွာပင် အမှားကိုဝန်ခံလေသည်။

ဆုန့်ချောင်းဂျီ၏ မျက်လုံးထဲတွင် မုန်းတီးမှုများဖြတ်ပြေးသွားသော် လည်း တစ်ခဏပင်ဖြစ်သည်။ သူမတ်တတ်ရပ်ပြီး ခေါင်းငုံ့ကာပြောလိုက် သည် “ဆရာ့ရဲ့တပည့်က ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး ဘယ်လက် တမန်တော် ကျေးဇူးပြုပြီးအပြစ်ပေးပါ”

“အသုံးမကျတဲ့အမှိုက်” ဝဲဘက်တမန်တော်သည် ရှားကျောင်ထျန်ဘက် ကြည့်ပြီး သူ့နောက်မှလူကိုအမိန့်ပေးလေသည် “သူ့ကိုနေရာတင်သတ်လိုက်”

“ဟုတ်ကဲ့ပါ ဘယ်တမန်တော်”

ထိုအနက်ဝတ်လူများအားလုံးသည် အနိမ့်ဆုံးဧကရာဇ်အဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ထိုနေရာတွင် ဧကရာဇ်အဆင့်ကျွမ်းကျင်သူ အတော်များများရှိသော်လည်း ပြိုင်ဘက်မှာသန်မာလှသဖြင့် အလှည့် အပြောင်းပြန်ဖြစ်သွားသည်။

ရှီမာယူယူသည် အခြေအနေကို စိတ်နှစ်ပြီးကြည့်နေသည်။

အဲလူတွေကို ကိုင်တွယ်ရတာဘာလို့အဲလောက် ဒုက္ခရောက်ရတာလဲ။

သူမသည် ပြိုင်ပွဲနေရာတစ်ခုလုံးကိုကြည့်လိုက်သ်။ အစောပိုင်းကပင် အပြင်ဒေသမှကိစ္စဖြစ်သောကြောင့် အတွင်းဒေသမှလူများသည် ဝင်မပါကြ ပေ။ သူတို့သည် လက်လွတ်စပယ်ကြားမဝင်ရဲပေ။ သို့သော် အခုတော့ အတွင်းဒေသမှလူများသည် တိုက်ပွဲတွင်ဝင်ပါလာသည်။ သူတို့က ဘာလို့ ကူညီဖို့ခြေလှမ်းလှမ်းလိုက်တာလဲ။

သူမသည် ရှီမာမျိုးနွယ်အားကြည့်လိုက်သည်။ ထိုအကြောင်းအရင်းမှာ ဖြစ်နိုင်ချေမများဟု ခံစားမိသည်။ သူတို့ဘာလို့တိုက်ပွဲကို ဝင်ပါတာလဲ။

သို့သော် ဒီအတိုင်းသာဆက်သွားလျှင် ရှားကျောင်ထျန်တို့ မကြာခင်ပင် အရှုံးပေးလိုက်ရတော့မည်။

“ဖူး”

မုန့်ဆန်းချွယ်သည် ထိမှန်သွားကာ ပါးစပ်အပြည့်သွေးများအန်ထွက် လာသည်။ သူသည် တစ်ကိုယ်လုံးနောက်ပြန်လဲသွားသည်။

“ဒါရိုက်တာမုန့်” ရှီမာယူယူနှင့် ရှောင်ချီတို့သည် ပျံလာကြသည်။ ရှီမာယူယူသည် သူ့ကိုတွဲထားကာ ရှောင်ချီသည် ကာထားပေးသည်။ သူတို့ သုံးယောက်သည် ကာကွယ်ရေးတည်ဆောက်မှုဆီသို့ နောက်ပြန်ဆုတ်လိုက် ကြသည်။

“ဒါရိုက်တာမုန့် ဆေးလေးစားလိုက်ပါ” ရှီမာယူယူသည် ဆေးတစ်လုံး ထုတ်ပြီးသူ့ကိုကျွေးလိုက်သည်။

မုန့်ဆန်းချွယ် ဆေးစားလိုက်ရာ အခြေနေမှာအတော်အတန်တိုးတက် လာသည်။

“ဒီလိုဆက်သွားလို့မရဘူး ငါတို့ထပ်မတောင့်ခံနိုင်တော့ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“အတွင်းဒေသကလူတွေလာမယ်လို့ မမျှော်လင့်ထားကြဘူး အခု ငါတို့ တပ်ကူတွေလာတာကိုစောင့်ရင်တောင်မှ မနိုင်နိုင်ဘူး” ရင်ဘိုင်ချွန်းပြော လိုက်သည်။

“ဒါဆို ဘာလုပ်ကြမလဲ”

အားလုံး တိတ်သွားကြသည်။ ဘာလုပ်ရမည်ကို မည်သူမှမသိကြပေ။

တပ်ကူများသည် ရင်ဘိုင်ချွန်းပြောပြီးမကြာမီတွင်ရောက်လာကြသည်။ သို့သော် သူတို့သည် အတွင်းဒေသ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

ဝဲဘက်တမန်တော်သည် လေတွင်ရပ်ကာ အလယ်တွင် ကာကွယ်ခံနေ ရသော ရှားကျောင်ထန်ကိုကြည့်လိုက်သည်။ သူ့လက်နှစ်ဖက်မှ ဝိညာဉ် စွမ်းအင်ထွက်လာကာ တိုက်ပွဲကိုဝင်လိုက်သည်။

ရှားကျောင်ထန်ကိုကာကွယ်ထားသော ကိုယ်ရံတော်များသည် တိုက်ခိုက်မှုကြောင့် လွင့်သွားကာ သူသည် ချက်ချင်းပင် နစ်မြုပ်သွားလေ သည်။

ဂေါင်ကျိဟုန်သည် ရှားကျောင်ထျန်မီးတောက်တွင် နစ်မြုပ်သွားသည် ကိုမြင်သောအခါ ချက်ချင်းပင် ရူးခါသွားလေသည်။ သူသည် သူ့ပြိုင်ဘက် နှစ်ယောက်ကို တစ်ချက်တည်းနှင့်ပြင်းထန်စွာခုတ်ပြီး အပြေးသွားကာ ဝိညာဉ်မီးတောက်ကို တိုက်ခိုက်ပြီး ပျောက်ကွယ်အောင်လုပ်လိုက်သည်။

“ကျောင်ထျန်” ထိုသည်မှာရှားကျောင်ထျန် အဆင်ပြေနေသည်ကို မြင် သောအခါ သူ၏ကြက်သွေးရောင်မျက်လုံးသည် မှင်တက်စွာကြည့်လိုက် သည်။

ရှားကျောင်ထျန်သည် ဘာမှပင်မတုန့်ပြန်ရသေးပေ။ သူလုပ်ပုံအရ အခုလေးတင်ပင် သူ သေသွားတော့မည့်ပုံပေါက်နေသည်။

ထိုအဖြစ်အပျက်ကြောင့် အားလုံးအံ့အားသင့်သွားကြသည်။ သူသည် ရှားကျောင်ထျန်ကို ကယ်ရန်တုန့်ပြန်လိုက်ရုံတင်သာ…

“ပျက်စီးစေ”

ရှီမာယူယူ၏အသံသည် အားလုံးကို လန့်သွားစေသည်။ သူ့အား ဝိုင်းထားသော စက်ကွင်းမှာပျောက်ကွယ်သွားသည်ကို ရှားကျောင်ထျန် ခံစား မိလိုက်သည်။

ဂေါင်ကျိဟုန်သည် သူမရှိရာဘက်သို့ ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်ပြီးနောက် ရှားကျောင်ထျန်ဘက်လှည့်ကာ ကွာကွယ်လေသည်။

ဝဲဘက်တမန်တော်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် လေဟာပြင်ချိပ်ကို မည်သို့အသုံးပြုရမည်ကိုသိထားကာ ရှားကျောင်ထျန်ကို ကယ်နိုင်လိမ့်မည်ဟု သူမထင်ထားပေ။ သူ့မျက်လုံးတွင် လူသတ်မည့် အကြည့်ဖြစ်သွားကာ သူမကို တိုက်ခိုက်လေသည်။

“ခင်ဗျားကများ ယူယူ့ကိုထိခိုက်အောင်လုပ်ရဲတယ်” ရှောင်ချီသည် ပြေးသွားပြီး ဝဲဘက်တမန်တော်နှင့်တိုက်ခိုက်လေသည်။

“ရှောင်ချီကအရမ်းအားကောင်းတယ်” ရှောင်ချီသည် ဝဲဘက်တမန် တော်နှင့်ပင် အပြန်အလှန်တိုက်နိုင်သည်ကိုမြင်သောအခါ ဂိုဏ်းမှလူများ သည် အော်မိကြလေသည်။

ရှောင်ချီသည် အဂ္ဂိရတ်ပညာရှင်အသင်းမှ အစောင့်များအားလုံးကို တစ်ခါတည်း တိုက်ခိုက်နိုင်သောကြောင့် ရှောင်ချီအားကောင်းသည်ကို သူတို့ သိကြသည်။ သို့သော် ဒီလောက်အားကောင်းလိမ့်မည်ဟု သူတို့မထင်ထား ကြပေ။

ဝဲဘက်တမန်တော်ကို ရှောင်ချီတိုက်ခိုက်နေသည်ကို အနက်ဝတ်လူ များမြင်သောအခါ ရှီမာယူယူကိုတိုက်ခိုက်ကြလေသည်။ သူတို့အားလုံးသည် ဧကရာဇ်အဆင့်ကျွမ်းကျင်သူများဖြစ်ကြကာ ရှီမာယူယူတစ်ယောက်တည်း မကာကွယ်နိုင်ပေ။

“ရွှီး ရွှမ်း”

ထိုလူများ၏ ခန္ဓာကိုယ်သည် ရှီမာယူယူကို မီးတောက်များဖြင့်တိုက် ခိုက်လေသည်။ ထိုတိုက်ခိုက်မှုသည် အစောပိုင်းကတိုက်ခိုက်မှုထက်ပင် ပို၍ ရှုပ်ထွေးလေသည်။

“ဘယ်သူလဲ” ဆုန့်ချောင်းဂျီသည် လှည့်ပတ်ကြည့်ရာ ထိုအားကောင်း သောသူကိုရှာမတွေ့ပေ။

“အတွင်းဒေသကလူတွေကို အပြင်ဒေသကကိစ္စတွေကို ဝင်ပါဖို့ ဘယ်တုန်းကခွင့်ပြုလိုက်တာလဲ” အရိပ်တစ်ခုသည် လေထဲတွင် အသံ မထွက်ပဲပေါ်လာကာ အားလုံးကိုကြည့်ရုံသာကြည့်လုကိသည်။ သူတို့သည် ချက်ချင်းပင် အသက်မရှုနိုင်သကဲ့သို့ ခံစားလိုက်ရသည်။

ရှီမာယူူယူသည် သူ့ကို မှတ်မိသည်။ ထိုလူသည် ရွှမ်းချုံမျိုးနွယ်၏ တာဝန်ရှိသူဖြစ်သည်။

သူမ သူ့ကိုကြည့်နေသည်ကို ရွှမ်းချုံလိုင်မြင်သောအခါ ရှင်းပြလေသည် “ဒီနေ့ဖြစ်တဲ့အဖြစ်အပျက်ကြောင့် မင်းထိခိုက်သွားမှာကို သခင်လေးက စိုးရိမ် နေတယ် အဲဒါကြောင့် ငါ့ကိုဒီကိုလာပြီးစောင့်ကြည့်ခိုင်းတာ”

ရှီမာယူယူသည် သူ့ကိုခေါင်းညိတ်ပြကာ “ကျေးဇူးအများကြီးတင်ပါ တယ်”

“မင်းကဘယ်သူလဲ” ဝဲဘက်တမန်တော်နှင့် ရှောင်ချီတို့ လူခွဲလိုက်ကြ သည်။ သူသည် ရွှမ်းချုံလိုင်ကိုမြင်သောအခါ အလွန်ကြောက်ရွံ့သွားလေ သည်။

ဒီလူက ဧကရာဇ်အဆင့်ကျွမ်းကျင်သူထက် အများကြီးအားကောင်း တယ်။

“မင်းက အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ကိစ္စတွေကို ဝင်ပါခွင့်မရှိဘူးလေ၊ မင်းရဲ့ မဖြစ်စလောက်ရည်မှန်းချက်လေးကို စွန့်ပစ်လိုက်တော့” ရွှမ်းချုံလိုင် ဟိန်းဟောက်လိုက်သည်နှင့် အနက်ဝတ်လူများသည် သွေးအန်ကြလေ သည်။

ဒီလောက်ရိုးရှင်းတဲ့ ပစ်ချက်လေးတစ်ခုပဲလေ။ သူ ဘယ်လောက် တောင် အားကောင်းတာလဲ။

အားလုံးသည် သူ့ကိုကြည့်လိုက်ကြသည်။ သူသည် ပိန်လှီသော အဘိုး ကြီးပုံပေါက်သော်လည်း တောင်တစ်လုံးသဖွယ် မြင့်သည်ဟု ခံစားရသည်။

“ဘာလဲ မသွားချင်ဘူးလား” ရွှမ်းချုံလိုင်သည် မျက်လုံးမှေးလိုက်ရာ လေထဲတွင် ကြောက်မက်ဖွယ်အာရုံများပြန့်သွားသည်။

“သွားပါ့မယ်” ဝဲဘက်တမန်တော်သည် ထပ်ခါထပ်ခါ စဉ်းစားကြည့် သည်။ သူတို့သည် သူ့နှင့်တိုက်ခိုက်ရန် မလုံလောက်ပေ။ သူတို့သာနေခဲ့လျှင် သေချာပေါက်သေမည်။ သူတို့အသက်ရှင်အောင်ထားပြီးမှ ပြန်သွားပြီး အပြစ် ခံရတော့မည်။ အနည်းဆုံးတော့ အသက်ကလေးရှင်ဦးမည်။

သူတို့သည် ဝင်ပေါက်ဖွင့်ကာ သူ့လူများကိုခေါ်ပြီးထွက်သွားလေသည်။

“ဘယ်ဘက်တမန်တော် ကျွန်တော်တို့ကိုမစွန့်ပစ်လိုက်ပါနဲ့” သူတို့ ထွက်သွားသည်ကို မြင်သောအခါ ကျောင်ရှန်းရီသည် အော်လိုက်သည်။

သို့သော် ဘာတုန့်ပြန်မှုမှမရလိုက်ပေ။ အနီဝတ်လူများ ဝင်ပေါက်သို့ ဝင် ပြီးချိန်တွင် ဝင်ပေါက်သည်ပိတ်သွားလေပြီ။

ရွှမ်းချုံလိုင်သည် ရှီမာယူယူဘက် လက်သီးဆုပ်နှုတ်ဆက်ကာ ပြော လိုက်သည် “သခင်လေးက သခင်လေးရှီမာကို ဧည့်သည်အဖြစ်အိမ်ကိုဖိတ် ပါတယ် သခင်လေးအဆင်ပြေတဲ့အချိန် အချိန်မရွေးလာလည်လို့ရပါတယ်”

“ယူယူသေချာပေါက် သူ့ကိုမကြာခင်လာတွေ့ပါမယ်” ရှီမာယူယူသည် ခံစားချက်ကိုပြန်ဖော်ပြလိုက်သည်။

သူသည် သူမအသက်ကိုကယ်ထားသဖြင့် သူ့ကိုကျေးဇူးသိတတ်ခြင်း ဖြင့် အကြွေးပြန်ဆပ်ရမည်။ သူမ သေချာပေါက်သွားပြီး ကျေးဇူးတင်စကား ပြောရမည်။

ရွှမ်ချုံလိုင်သည် ရှီမာယူယူ၏ မျက်လုံးထဲမှ ကျေးဇူးသိတတ်မှုကို မြင်သောအခါ ကျေနပ်စွာဖြင့်ပြုံးလေသည်။ သူသည် လျှပ်တပြက်ပင် ပျောက် သွားလေသည်။

ရှားကျောင်ထျန်နှင့် တခြားသူများ ကြောင်စီစွာကြည့်နေသေးသည်ကို ရှီမာယူယူမြင်သဖြင့် ပြောလိုက်သည် “ဥက္ကဌ၊ အဖွဲ့ခွဲခေါင်းဆောင် ဒီကကိစ္စ တွေကိုမရှင်းသင့်ဘူးလား”

***

All Chapters