← Chapters

ဓားသမား ... ။

Vol. 13 Ch. 153

ဓားသမား ... ။

Vol. 13 Ch. 153

ရှန့်မင်က အသက်ကယ် မြက်ခြောက်တစ်ပင်ကို ဆွဲကိုင်နိုင်သကဲ့သို့ ချက်ချင်း စိတ်လှုပ်ရှားလာ၏။

ထိုနေရာတွင် ဒူးထောက်နေသော အခြားလူငယ်များသည်လည်း မျှော်လင့်ချက် အလင်းရောင်များ တောက်ပလာသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ထောက်နန်းတော်သခင် ဝမ်ကျန့်ချုံး ပေပင်။

“ တပည့်က သိုင်းဦးလေးဝမ်ကို နှုတ်ဆက်ပါတယ်။ ”

ဒေါသကြောင့် တုန်ယင်နေသော ဝမ်လင်ကျောက် နှလုံးသားသည် ချက်ချင်း ငြိမ်သက်သွားပြီး နှုတ်ဆက်လိုက်၏။

“ ဘာလို့ မတ်တပ် မရပ်သေးတာလဲ။ ”

ဝမ်ကျန့်ချုံးက သူမကို ခေါင်းညိတ်ပြကာ ထိုနေရာတွင် ဒူးထောက် နေကြဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် ဒေါသထွက်လာ၏။

ရှန့်မင်နှင့် တခြားသူများသည် အိပ်မက်ကနေ နိုးလာသကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ထရပ်လာသည်။

စုရီမှ မတားချေ။ ၎င်းတို့သည် သေးငယ်သော ဇာတ်ကောင်များသာ ဖြစ်သည်။ ဝမ်ကျန့်ချုံးက စုရီထံ စိုက်ကြည့်၏။

အခြေအနေကို ရှင်းရှင်းလင်းလင်း မသိသော်လည်း ရှစ်မင်နှင့် အဖွဲ့ ဒူးထောက် နေသည်မှာ ဤလူငယ်ကြောင့် ဖြစ်မှန်း သူ သိသည်။

စုရီတစ်ယောက် လက်နှစ်ဖက် နောက်ပို့လိုက်ကာ လူတိုင်းကို လျစ်လျူရှုလျက် အဝေးသို့ လှမ်းကြည့်လိုက်သည်။

ထိုအရပ်၌ ကျန်းမူယောင်သည် စာရွက်၊ စုတ်တံ၊ မှင်နှင့် မှင်ကျောက်တို့ကို ကိုင်ဆောင် ကာ အလျင်အမြန် ပြန်လာနေသည်။

“ မင်းတို့ ဘာလို့ အသံ မထွက်တာလဲ။ ”

ဝမ်ကျန့်ချုံးမှ သူ့တပည့်ကို ကြည့်ကာ မေးမြန်းလိုက်၏။ ရှက်စရာ ကောင်းလွန်းသဖြင့် ရှန့်မင်တစ်ယောက် အသံ မထွက်ရဲချေ။

“ ဒုနန်းတော်သခင် ... ဒီလူကို စုရီလို့ ခေါ်ပါတယ် ... ညီမလင်‌ကျောက်ရဲ့ ခင်ပွန်းပါ သူက အကယ်ဒမီကိုလာပြီး ညီမလင်ကျောက် အပေါ် စော်ကားနေတာမို့ ငါတို့က ...

... ဒေါသထွက်လွန်းလို့ တောင်းပန် ခိုင်းပေမယ့် သူ ဒီလောက် သောင်းကျန်းမယ်လို့ ဘယ်သူထင်မှာလဲ။ ”

တျန်ထောင်က ဖြောင့်မှန်သော တပည့်တစ်ဦးကဲ့သို့ သောင်းကျန်းလွန်းသည့် စုရီအဖြစ် ရည်ညွှန်းပြလိုက်၏။

ရှပ်အင်္ကျီ ဝတ်ထားသော အဘိုးအိုနှင့် ဓားတစ်လက် လွယ်ထားသည့် အမျိုးသားတို့က သူ့စကားကြောင့် အေးစက်သွားသည်။

ထိုအချိန်တွင် ကျန်းမူယောင် ပြန်ရောက်ရှိလာပြီး စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်တို့ကို စုရီထံပေးအပ်လာ၏။

တစ်ဆက်တည်းမှာပင် တျန်ထောင်ကို လှည့်ကြည့်ကာ ဒေါသတကြီးဖြင့်၊

“ တျန်ထောင် ... နင်အရှက် ရှိသေးရဲ့လား ငါ့ရှေ့မှာ နင့်စကားတွေကို ထပ်ပြောကြည့်စမ်း။ ”

-ဟု ကြိမ်းမောင်းလိုက်၏။

“ ငါ ... ။ ”

တျန်ထောင်တစ်ယောက် မျက်နှာ ပျက်ယွင်းသွားလေသည်။ ကျန်းမူယောင်က သူ့ကို စကားပြောခွင့်မပေးဘဲ ဝမ်ကျန့်ချုံးထံ အရိုအသေပေးကာ၊

“ ဒုနန်းတော်သခင်၊ ခုနက ဖြစ်ပျက်ခဲ့ သမျှကို ငါမြင်ပါတယ် ... တျန်ထောင်ပြောတာ လုံးဝမဟုတ်ပါဘူး။ ”

-ဟု ဆိုလျက် အဖြစ်အပျက်များ ပြန်ပြောပြလိုက်သည်။

ထိုကာလအတွင်း ရှန့်မင်၊ တျန်ထောင်နှင့် အခြားသူများသည် လုံးဝတိတ်ဆိတ်နေခဲ့သည်။ စုရီကြောင့် ဤစုန်းမသည် သူတို့ကို လုံးလုံး လျားလျား လျစ်လျူရှုထားလိမ့်မည်ဟု မထင်မိခဲ့ချေ။

ဝမ်ကျန့်ချုံးက နားထောင်ရ အဆင်မပြေဖြစ်လာပြီး ကျန်မူယောင်စကားကို ဖြတ်ရန် လက်ဝှေ့ယမ်းပြ လိုက်သည်။

“ ထပ်ပြောနေစရာ မလိုပါဘူး ... ဘာပဲဖြစ်ဖြစ် သူက အပြင်လူတစ်ယောက်ပဲ အကယ်ဒမီရဲ့ တပည့်တွေကို ဒူးထောက် ခိုင်းနေတာ ခွင့်မလွှတ်နိုင်ဘူး။ ”

“ ..... ။ ”

ထိုစကားက ကျန်းမူယောင်ကို အံ့အားသင့်သွားပြီး၊

“ ဒုနန်းတော်သခင် အမှားအမှန်ကို မင်းအရင်ကတည်းက ... ရှင်းရှင်းလင်းလင်း သိနေခဲ့တာလား ဒါဆို ဘာကြောင့်လဲ။ ”

-ဟု ပြန်လည် မေးခွန်းထုတ်မိစေ၏။

“ ကျန်းမူယောင် ... အကယ်ဒမီရဲ့ အတွင်းတပည့်တစ်ယောက် အနေနဲ့ တိုက်ပွဲကို မကူညီဘူး ... အခု မင်းက အပြင်လူအတွက် စာကားတွေချေပပေးနေတယ် ... မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ”

ဒုနန်းတော်သခင်မှ တင်းမာသွား၏။ ကျန်းမူယောင်တစ်ယောက် စကားမပြောနိုင် လောက်အောင် ဒေါသထွက်လာခဲ့သည်။

အကယ်ဒမီ၏ ဒုနန်းတော်သခင် တစ်ယောက်အနေဖြင့် ဤသို့သော စကားမျိုး ပြောကြားလိမ့်မည်ဟု မယုံနိုင်သေးချေ။

“ ဟမ့် ... မင်းအဖေနဲ့ ... မင်းရဲ့ ဆရာအတွက်ကြောင့် မင်းကို အပြစ်ပေးမှာ မဟုတ်ဘူး ... ဒါပေမယ့် ထပ်ပြီး ကျေးဇူးကန်း နေမယ်ဆိုရင် မင်းငါ့ကို အပြစ်မတင်နဲ့။ ”

အဆုံးတွင် ကျန်းမူယောင်မှ သည်းမခံနိုင်တော့ဘဲ တုန့်ပြန်ပြောကြားရန် ပြင်လိုက်စဉ် စုရီက သူမပုခုံးကို ပုတ်လျက်၊

“ အမှားအမှန် မသိတဲ့ လူတွေနဲ့ တွေ့တဲ့အခါမှာ ... မင်းပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ ... သူ့ကို ဂရုမစိုက်ပါနဲ့ ... သူတကယ် သေချင်နေရင် သူ့ဆန္ဒကို ငါဖြည့်ဆည်းပေးလိုက်မယ်။ ”

-ဟု ပြောကြားလာ၏။

ဒုနန်းတော်သခင်ကိုပင် ဂရုမစိုက်သော စုရီစကားကြောင့် ဝမ်လင်ကျောက်မှ မျက်ခုံးပင့် မိသည်။ ကျန်းမူယောင်က အံ့သြသွား၏။

“ "မင်း ဘာပြောလိုက်တာလဲ။ ”

ဝမ်ကျန့်ချုံး၏ မျက်ဝန်းများ မှေးစင်း သွားလေသည်။ ဒေါသဖြင့် သတ်ဖြတ်လိုသည့် ဆန္ဒများ ပေါက်ဖွားလာ၏။

“ အစ်ကိုဝမ် စိတ်အေးအေးထားပါ၊ အမှန်တရားက ရှင်းရှင်းလင်းလင်း ဖြစ်နေမှ ဒီလောက်လည်း စိတ်ဆိုးနေစရာ မလိုပါဘူး ... ဒီကိစ္စ ငါနဲ့ထားခဲ့ပါ။ ”

ရှပ်အင်္ကျီနှင့် အဘိုးအိုက ပြုံးပြီး လှမ်းထွက်လာကာ၊

“ ကောင်လေး ... အခု မင်းကို အခွင့်အရေးပေးမယ် ... ဒူးထောက်ပြီး မင်းရဲ့ ပြစ်ဒဏ်ကို ခံယူ ... ”

“ စကား မများနဲ့ ... မင်းသေချင်ရင် လာ ... ။ ”

စုရီမှ အဖိုးအိုစကားကို ဖြတ်ပြောပြီး ထင်းရှူးပင်တစ်ပင် အနားရှိ ကျောက်တုံးထံ လျှောက်လှမ်းသွားကာ စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်တို့ကို တင်ထားလိုက်၏။

ရှပ်အင်္ကျီနှင့် အဖိုးအိုအမည်သည် ချူခုံချောင်ဟုခေါ်ပြီး အဋ္ဌမအဆင့် အကြီးအကဲ ဖြစ်သည်။ မဟာသခင် ဒုတိယအဆင့်ဖြစ်၏။

“ ဘယ်လိုတောင် ရိုင်းပျလိုက်လဲ။ ”

ချူခုံချောင်မှ ဒေါသအလွန်ထွက်ကာ မျက်နှာမည်းသွားသည်။ မဟာသခင် ရောင်ဝါကို ထုတ်ဖော်လျက် သွေးနှင့် ချီကို လောင်မြိုက် စေလိုက်၏။

သွေးစွမ်းအင်သည် ပြင်းထန် လွန်းသောကြောင့် အနားရှိ ကျောက်တုံးများ လွင့်ပျံလာကာ လှိုင်းဂယက်များ လှုပ်ခါသွားသည်။

“ အရမ်းသန်မာတယ်။ ”

အတွင်းတပည့်များက ချက်ချင်း ဆုတ်ခွာလိုက်သည်။ မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲစွမ်းအားများဖြင့် ချွန်ထက်သော လက်သည်းကို ဖွင့်ကာ ချူခုံချောင်မှ စုရီထံလှမ်းဆွဲလိုက်သည်။

“ ဝှစ် ... ။ ”

လက်ချောင်းများကြားတွင် စူးရှတောက်ပသော အလင်းနှင့် ဓားရောင်ဝါများ ပြိုးပြက်လွင့်မျောနေ၏။

“ ဘောင်း ... ။ ”

လက်သည်းကုပ်ချက်သွားရာ လမ်းတစ်လျှောက်ရှိ လေထုသည် ဂွမ်းစိုင်ကဲ့သို့ အပိုင်းပိုင်းကွဲလျက် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အလယ်အလတ် မြေကြီးအဆင့် လျှို့ဝှက်ပညာရပ် ပျံသန်းနေသော ဖီးနစ် လက်သည်း ဖြစ်သည်။

သံမဏိ ကျောက်ဆောက်များကိုပင် စက္ကူတစ်စလို အပိုင်းပိုင်း ကျိုးသွားအောင် ကုပ်စွဲပစ်နိုင်၏။

သို့သော် တစ်ဖက်တွင် စုရီဟူသည် လဂိုဏ်း၏ တတိယအဆင့် မဟာသခင်ကိုပင် သတ်ပစ်ထားသူ ဖြစ်သည်။

သူ့လက်၌ မဟာသခင် မည်မျှ သေဆုံးခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။ စုရီမှ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။

“ ဝှစ် ... ။ ”

ဖီးနစ်လက်သည်း ရောက်လာသည်အထိ စောင့်ကာ လက်သီးဖြင့် ပြန်လည် ထိုးနှက်ပစ် လိုက်သည်။

“ ခရစ် ... ။ ”

လေထဲပေါင်တူတစ်လက် ပေါ်လာပြီး ချွန်ထက်သော လက်သည်းများကို ​ချိုးဖြတ်ကာ ချူခုံချောင်ရင်ဘတ်ကို ထိမှန်သွား၏။

“ ဘုန်း ... ။ ”

“ အား ... ။ ”

လက်ချောင်းများ ကြေမွလျက် နံရိုးများကျိုးကြေကုန်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ ဆယ်ပေအကွာရှိ ကျောက်ဆောင်၌ မြုပ်ဝင်သွားသည်။

အရိုးများနှင့် ကြွက်သားများ ကွဲအက်နေသောအသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

အဆုံးတွင် ခေါင်းငိုက်စိုက်ကျကာ သေဆုံးသွား၏။ လက်သီးတစ်ချက်တည်းဖြင့် သေခြင်း မည်ချေပြီ။

ဤမြင်ကွင်းသည် အလွန်အမင်း ကြီးစိုးနေသောကြောင့် ရပ်ကြည့်နေသူတိုင်း၏ နှလုံးသားများ ခုန်ထွက်မတက် ဖြစ်ကုန်တော့၏။

“ ဒါ ... ။ ”

ရှန့်မင်နှင့် အခြားသော အတွင်းတပည့်များသည် ထိတ်လန့်သွားပြီး မယုံနိုင် ဖြစ်ခဲ့ကြသည်။

ထိုကဲ့သို့ တန်ခိုးကြီးသော အဋ္ဌမမြောက် အကြီးအကဲသည် လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်လော။

ဤနတ်ဆိုးသည် မည်သည့် အရပ်မှလာသနည်း။ ဝမ်လင်ကျောက်ခမျာ ခံစားချက်များ ဗလာဖြစ်နေသည်။

ထိုလက်သီးချက်သည် လေးလံသော တောင်ကြီးကဲ့သို့ သူမ နှလုံးသားကို ထုချေသွား ချေပြီ။ မာနနှင့် ယုံကြည်မှုသည် အပိုင်းပိုင်း ပျက်သုဉ်းသွား၏။

ဝမ်ကျန့်ချုံးနှင့် ဓားလွယ်ထားသော အမျိုးသားတို့၏ မျက်နှာများတွင် မကြုံစဖူး လေးနက်သော အမူအရာများ ပေါ်လာသည်။

သူတို့သည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ တစ်ဖက်လူ ခွန်အားသည် ယုံနိုင်ဖွယ် မရှိချေ။

“ ငါအချိန် မဖြုန်းချင်တော့ဘူး ... မကျေနပ်တဲ့သူ လာတိုက်။ ”

စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် ပြောကြားလိုက်သည်။

“ မင်း အကယ်ဒမီရဲ့ အကြီးအကဲ တစ်ယောက်ကို သတ်ပစ်တဲ့ အကျိုးဆက်ကို သိလား ... ဒီနေ့ ငါ့အကယ်ဒမီကနေ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။ ”

ဓားလွယ်ထားသော အမျိုးသားက အေးစက်စွာ​ ပြောကြားလိုက်သည်။ စုရီမှ ၎င်းထံ လှည့်ကြည့်ပြီး၊

“ မင်းရဲ့ဓားနဲ့ ... မင်းကို ငါပြန်သတ်မယ်။ ”

-ဟု ပြောကြားလိုက်၏။

ဤအမျိုးသားသည် သတ္တမမြောက် အတွင်းအကြီးအကဲ လီဖုန်ရှင်း ဖြစ်ချေသည်။ တစ်ချိန်က မဟာကျိုးကို (၁၃) နှစ်ကြာအောင် ခရီးနှင်ပြီး ‘တိမ်လွှာကိုးပွင့်’-ဟုခေါ်သော ကိုယ်ပိုင်ဓားရေးကို ဖန်တီးနိုင်ခဲ့၏။

ဓားတာအို အောင်မြင်မှုသည် အကြီးအကဲကိုးဦးတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခံထားရသည်။

“ မင်းတကယ် ရိုင်းတဲ့ လူငယ်ပဲ။ ”

“ ချွင် ... ။ ”

လီဖုန်ရှင်းက သက်ပြင်းချလိုက်ပြီး ဓားရှည်ကို သူ့နောက်ကျောမှ ဖြည်းညှင်းစွာ ဆွဲထုတ်လေသည်။ ထို့နောက် ကောင်းကင်ကို ထိုးညွှန်ပြလိုက်ရာ ထူးခြားသော သဘာဝ ဖြစ်စဉ်များ လိုက်ပါလာတော့၏။

“ ရပ် စမ်း ... ။ ”

***

All Chapters