← Chapters

ချီစွမ်းအင်ကို စိတ်ဝိညာဉ်အဖြစ် ထင်ရှားစေသော ပညာရပ်။

Vol. 13 Ch. 155

ချီစွမ်းအင်ကို စိတ်ဝိညာဉ်အဖြစ် ထင်ရှားစေသော ပညာရပ်။

Vol. 13 Ch. 155

ဝမ်ကျန့်ချုံးက ကျောက်နံရံမှ ရုန်းထွက်လိုက်ပြီး ခေါင်းငုံ့လျက် ချက်ချင်း ထွက်ခွာသွားတော့သည်။

သူ့နှလုံးသားထဲတွင် မသက်သာ ဖြစ်စေသော ခါးသီးမှုနှင့် ရှုပ်ထွေးမှုများစွာ ပြည့်နှက်နေ၏။

သူသည် မည်သို့သော ပြစ်မှုကို ကျူးလွန်မိမှန်း တွေးမရချေ။ သူ့ပုံသဏ္ဍာန် ပျောက်ကွယ်သွားချိန်၌၊

“ ငါ့မျက်စိအောက်ကနေ အသက်နှစ်ချောင်းကို မင်းကယ်သွားတယ်။ ”

-ဟု စုရီမှ အပြစ်တင်လိုက်သည်။

“ လောကီမှာ ကန့်သတ်ချက်တွေ ရှိနေတာ ပုံမှန်ပါပဲ ... အသေးအဖွဲအရာတွေအတွက် ငါ့မှာ အချိန်မရှိဘူး တစ်ယောက်ယောက် ငါ့ကိုယ်စား ဆောင်ရွက်ပေးဖို့ လိုသေးတယ်။ ”

“ ဒါဆို ... ဒီနေ့ မင်းဘယ်လို ဖြေရှင်းမလဲ။ ”

စုရီက အရမ်း စိတ်ဝင်စားသွား၏။ နင်စစ်ဟွာတစ်ယောက် အချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေခဲ့ပြီး၊

“ ငါမင်းကို အရက်တိုက်မယ် ဘယ်လို သဘောရလဲ။ ”

-ဟု ပြန်လည်မေးလိုက်၏။

“ အရက်သောက်ပြီး အတိတ်ကို မေ့ပစ်စေချင်တာလား။ ”

နင်စစ်ဟွာက အပြစ်ကင်းစင်သော အပြုံးမျိုးဖြင့်၊

“ ဘာလို့လဲ ... ငါတို့မှာ ရန်ငြိုးရှိလို့လား။ ”

-ဟု ထပ်မေး၏။

“ ဒီနေ့အတွက် မရှိဘူး။ ”

စုရီက ခေါင်းယမ်းကာ စုတ်တံကို ကောက်ယူလျက် မှင်ကျောက်ဖျော်ရည်ထဲသို့ နှစ်လိုက်ပြီး၊

“ နောင်မှာ အခွင့်အရေးရရင် ... ငါမင်းနဲ့ အမူးလာသောက်မယ်။ ”

-ဟု ကတိပေးလိုက်၏။

‘သောက်မယ်’ -ဟူသော ဝါကျသည် ပုံမှန်မဟုတ်ကြောင်းကို နင်စစ်ဟွာမှ သတိပြုမိ လိုက်သည်။ ဤလူငယ်နှင့် သူမသည် ယနေ့ ကိစ္စများကို ဂရုမစိုက်ကြောင်း ပြောနိုင်၏။

“ ကောင်းပြီ ... ။ ”

နင်စစ်ဟွာက ဘေး၌ရပ်လိုက်ပြီး ကျောက်တုံးပေါ် ဖြန့်ခင်းထားသော စက္ကူဖြူကို စိုက်ကြည့်ကာ ငြိမ်သက်နေခဲ့၏။

“ စုရီ၊ ငါသဘောမတူဘူး ... ဒီကိစ္စက ငါ့အတွက် အရမ်း ရှက်စရာကောင်းတယ်။ ”

ဝမ်လင်ကျောက်က ထိတ်လန့်တကြား ငြင်းဆန်သည်။ မျက်ဝန်းများ၌ နာကျည်းမှုများ ပြည့်နှက်လာ၏။

နင်စစ်ဟွာက ဝမ်လင်ကျောက်ထံ လှည့်ကြည့်ပြီး စကားမဆိုခဲ့ချေ။ စုရီသည်လည်း သူမကို လျစ်လျူရှုလျက် ဝါကျတို တစ်ကြောင်း ရေးသားလိုက်၏။

“ ဝှစ် ... ။ ”

“ စွပ် ... ။ ”

ဝါကျဆုံးသည်နှင့် စုတ်တံပစ်ပေါက်ကာ စာရွက်ကို ကျောက်တုံး၌ တွယ်ချိတ်ပစ်သည်။

“ ဒါက ကွာရှင်းစာလည်း မဟုတ်သလို အရှက်ခွဲမဲ့ စာလည်း မဟုတ်ဘူး ... အရှက်ခွဲ ရအောင် ငါစိတ်မ၀င်စားဘူး ...

... ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု မရှိတဲ့ သူစိမ်းတွေပဲ ... အခုချိန်ကစပြီး ငါတို့ကြားမှာ ပတ်သတ်မှု ကင်းသွားပြီ။ ”

စကားဆုံးသည်နှင့် လက်နှစ်ဖက်ကို နောက်ပို့ကာ အကယ်ဒမီ ထွက်သွားရန် ပြင်မိ တော့၏။ ဝမ်လင်ကျောက်၏ တုံ့ပြန်မှုကို စောင့်ရန်ပျင်းချေပြီ။

သည်ကနေ့ပြီးနောက် ဝမ်လင်ကျောက်သည် ဧကရာဇ်ကျိုးနှင့်အတူ ရှိနေခဲ့လျှင်ပင် သူနှင့် သက်ဆိုင်တော့မည် မဟုတ်ချေ။

စက္ကူဖြူပေါ်ရှိ စကားလုံး ရှစ်လုံးပါရှိသော ဝါကျတိုသည် ဤဘဝကို ချည်နှောင်ထားသည့် ကြိုးများကို ဖြတ်တောက်ပေးသည့် ဓားတစ်လက်ပေပင်။

“ တာအိုမိတ်ဆွေ ... ။ ”

နင်စစ်ဟွာမှ ဟန့်တားလိုက်၏။

“ ဘာကိစ္စလဲ။ ”

စုရီက လှည့်မကြည့်ဘဲ ဆက်လျှောက်နေလျက်မှ ပြန်မေးလေသည်။

“ ငါတို့ အခုလို ဆုံတွေ့ခွင့်ရတာ ... ကံကြမ္မာပဲ တစ်ယောက်နဲ့တစ်ယောက် ဘာလို့ လမ်းညွှန်ချက် မပေးကြရမှာလဲ။ ”

ဤတစ်ကြိမ်တွင် စုရီက ပြန်လှည့်ကြည့်သည်။

“ တစ်ကြိမ်တည်းနဲ့ ဆုံးဖြတ်ချင်လား။ ”

“ ဘယ်သူက အောင်နိုင်မလဲဆိုတာ သိဖို့မလိုပါဘူး ... ငါတို့ရဲ့ မျက်သိပွင့်စေဖို့ပဲ ရည်ရွယ်ပါတယ်။ ”

“ ဒါဆို ဆက်လုပ်ပါ။ ”

စုရီမှ သဘောတူသဖြင့် နင်စစ်ဟွာက လေထဲတွင် တံဆိပ်တစ်ခု ရေးဆွဲကာ လှမ်းပုတ် လိုက်၏။

“ ကျီး ... ။ ”

ရုတ်တရက် ကြည်လင်သော ငှက်တစ်ကောင်အော်သံ နှင့်အတူ တိမ်လွှာများ လွင့်ထွက်သွားလေသည်။

ကောင်းကင်နှင့် မြေကြီးကြား ပွင့်လန်းလာသော လျှို့ဝှက်ဆန်းကြယ်သည့် ကြာပန်းတစ်ပွင့် ပေါ်လာ၏။

ဤသည်မှာ မြေကြီးအဆင့် ကိုယ်ခံပညာရပ်များကို ကျော်လွန်နေသည်။ ဒဏ္ဍာရီလာ မှော်ပညာအဆင့်ဖြစ်၏။

“ ဘယ်လို စွမ်းအားကြီးလဲ ... ။ ”

ဝမ်လင်ကျောက်တစ်ယောက် အံ့အားသင့်သွားကာ ခံစားချက်များ ဗလာ ဖြစ်သွားသည်။

နန်းတော်သခင်သည် ကောလဟာလများအတိုင်း ဆန်းကြယ်ချေပြီ။ သို့သော် စုရီမှ သူ့လက်များကို ဝှေ့ယမ်းကာ လေထဲမြှောက်လိုက်၏။

“ ဝှစ် ... ။ ”

ရုတ်တရက် သဏ္ဍာန်မဲ့ စွမ်းအင်တစ်ခု သူ့လက်ဖဝါးမှထွက်လာပြီး လေဟာနယ်ကို ဖြည်းညှင်းစွာ ပိတ်ပစ်တော့သည်။

“ ဘောင်း ... ။ ”

ယင်နှင့်ယန် လည်ပတ်လာပြီး ကြာပန်းပုံလက်သီးဖြင့် ထိပ်တိုက်တွေ့ လေသည်။

“ ကျီး ... ။ ”

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာကာ ငှက်အော်သံနှင့်အတူ ကြာပန်းက အလွှာလိုက် ကွာကျသွား၏။

အဆုံးတွင် ကြာပန်းအတွင်းမှ မီးငှက်တစ်ကောင် ပြေးထွက်လာခဲ့သည်။ ၎င်းက မီးလျှံများခြုံလျက် စုရီထံ ဆက်၍ တိုးဝင်လာ၏။

ကြောက်မက်ဖွယ်ကောင်းသော လေထုလောင်ကျွမ်းမှုများ လိုက်ပါလာကာ အသက်ရှူ ကြပ်သွားစေသည်။

စုရီမှ လှောင်ပြုံး ပြုံး၏။ ဝိညာဉ် စွမ်းအင်များကို ကိုယ်ခံပညာနှင့် ပေါင်းစပ်ကာ အသုံးပြုခြင်းမည်သည်။ သေမျိုးများက မှော်ပညာဟု မြင်ကြ၏။

စုရီက လက်ဟန်ကို ‌ကျောက်ကြိတ်ဆုံတစ်ခုကဲ့သို့ ဆန့်ကျင်ဘက် ဝှေ့ယမ်းလျက် လေဟာနယ်ဒိုင်းကို ဖန်တီးသည်။

၎င်း၌ကွဲပြားခြားနားသော မာကျောမှုနှင့် ပျော့ပျောင်းမှုဟူသည့် ဆန့်ကျင်ဘက် နိယာမ နှစ်ခုကို ယှဉ်တွဲထား၏။

“ ဘန်း ... ဘန်း ... ။ ”

ယင်နှင့်ယန် ဆုံဆည်းရာ လေဟာနယ်တစ်လုံးသည် ဘဝနှင့် သေခြင်း သံသရာကဲ့သို့ လည်ပတ်လာပြီး မီးငှက်၏ အတောင်ပံဖြင့် ထိမှန်သွားသည်။

အဆုံးတွင် ထိုးဝင်လာသော မီးငှက်သည် ကျောက်ကြိတ်ဆုံအလယ်တွင် ဖိသိပ်ထားသည့် ဆန်စေ့များသဖွယ် ပျောက်ကွယ်သွား၏။ ကြိတ်ဆုံသည်လည်း ပျက်စီးသွားသည်။

လီဖုန်ရှင်းတစ်ယောက် လုံးဝ မင်သပ်သွားချေပြီ။ နန်းတော်သခင်သည်သာ ‘ရပ်’ဟု အချိန်မီ မတားဆီးပါက စုရီလက်၌ သူသည် သေဖွယ်ရှိ၏။

စုရီပြောသော အသက်နှစ်သက်ကို ကယ်တင်ခဲ့သည်ဟူသော အဓိပ္ပါယ်မှာ သူနှင့် ဒုနန်းတော်သခင် ဖြစ်ချေပြီ။

ထိုအတွေးက ငရဲတံခါးကို ဖြတ်လျှောက်လာခဲ့ပြီမှန်း သိလိုက်ရကာ ချွေးများ စီးကျလာတော့၏။

“ စွမ်းအင်လမ်း (၁၀၈)ခုကို ဖွင့်လှစ်ထားတာလား ... မယုံနိုင်စရာပါပဲ လမ်းကြောင်းအားလုံး ဝိညာဉ်အဆင့် ရောက်ရှိနေပြီ။ ”

နင်စစ်ဟွာတစ်ယောက် ထူးဆန်းသော အကြည့်များဖြင့် စုရီထံ ပြန်ကြည့်လိုက်မိ၏။ ယုံကြည်ရ ခက်နေချေပြီ။

“ စွမ်းအင်တွေကို စိတ်ဝိညာဉ်အဖြစ် ထင်ရှားစေနိုင်တဲ့အတွက် ... မင်းရဲ့ကျင့်ကြံမှုကို သိုင်းတာအိုနယ်ပယ် လေးပါးကို ပြီးသွားပြီလို့ ငါထင်ခဲ့တာ ဒါပေမယ့် မင်းဟာ မဟာသခင် အဆင့်မှာပဲ ရှိသေးတာပဲ။ ”

သိုင်းတာအိုနယ်ပယ် လေးပါးဟူသည် သွေးသန့်စင်ခြင်း၊ ချီစုစည်းခြင်း၊ အတွင်းအင်္ဂါ ငါးပါး သန့်စင်ခြင်း၊ ရှန်ရှင်းအဆင့်ဖြစ်သည်။

ရှန်ရှင်းနယ်ပယ်တွင် မှော်ဆန်သောစွမ်းအားမျိုး ပြသနိုင်ရန် ရောင်စဉ်ငါးပါးစွမ်းအင်ကို သန့်စင်ရသည်။

ရောင်စဉ်ငါးပါးစွမ်းအင်ဟူသည် နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်၊ ကျောက်ကပ် စသည်တို့မှ လာသော စွမ်အင် ဖြစ်သည်။

တနည်းအားဖြင့် ဆိုသော် သစ်သား၊ သတ္တု၊မီး၊ရေနှင့်မြေကြီးဖြစ်၏။ မဟာသခင်များ အတွက် စစ်မှန်သောစွမ်းအင်ဖြစ်သည်။

သို့သော် ချီသန့်စင်ခြင်းအဆင့်ဖြင့် စွမ်းအင်လမ်းကြောင်းတိုင်းကို ဝိညာဉ်အဆင့် မြှင့်တင်ထားသော စုရီကို မမီသည်မှာ သဘာဝပေပင်။

“ နောင်မှာ အခွင့်အရေးရရင် မင်းကို အကြံဉာဏ်တောင်းပါ့မယ် အဲဒီအခါမှာ မင်းရဲ့ လမ်းညွှန်မှုက စေတနာပါလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် တာအိုမိတ်ဆွေ။ ”

နင်စစ်ဟွာစကားကြောင့် စုရီက လှောင်ပြုံးပြုံး၏။

“ နောက်တစ်ခါ ဆုံလို့ ... မင်းငါ့ကို အနိုင်ယူသရွေ့ ... ငါအရက် ကောင်းကောင်းနဲ့ ဧည့်ခံမယ်။ ”

“ ဒါဆို၊ တာအိုမိတ်ဆွေက ငါ့ကို လက်စားချေချင် နေတာလား။ ”

“ မင်းရဲ့ လက်သီးကို ငါမခံနိုင်ခဲ့ရင် ... ဒီကနေ့ ထွက်သွားခွင့်မရမှာ ငါကြောက်မိတယ် နှုတ်ဆက်ပါတယ်။ ”

ကျောက်စိမ်းရောင် ဝတ်စုံများ တဖျပ်ဖျပ်ခတ်လျက် စုရီမှ ကျောက်လှေကား အတိုင်း ပျောက်ကွယ်သွားလေသည်။

နင်စစ်ဟွာက သက်ပြင်းချကာ ထင်ရှူးပင်ဘေးနားရှိ ကျောက်တုံးကြီးထံသို့ လှည့်ကြည့်လိုက်၏။

“ လမ်းခွဲပြီး ပျော်ရွှင်ကြရအောင်။ ”

စကားလုံးတိုင်းသည် လွတ်လပ်ပေါ့ပါးပြီး နှောင်ကြိုးအားလုံးကို ဖြတ်တောက်ပစ်နိုင်သော ဓားတစ်လက်ကဲ့သို့ ခံစားရစေ၏။

***

All Chapters