← Chapters

ကျုပ်ထက် နည်းနည်းဆိုးတယ်..

Vol. 51 Ch. 754

ကျုပ်ထက် နည်းနည်းဆိုးတယ်..

Vol. 51 Ch. 754

#ဘာသာပြန် = စနိုးဝှိုက်

နောက်ထပ်အစီအစဥ်က...ဒိုင်လူကြီးတွေကို..ဆုပေးပွဲ အခမ်းအနားပါ..။ကြည့်ရူသူတွေ အတွက်ကတော့..အသန်မာဆုံး..ကောင်းကင်သံစဥ် ပြိုင်ပွဲက အလျင်အမြန်ပြီးသွားတဲ့ အတွက် အားမလို အားမရ ဖြစ်နေကြပါတယ်..။

အထူးသဖြင့်..လင်းဖန် ဟာ ကျေနပ်နေခဲ့တယ်..။ဒါက..သူ့အတွက်..ပထမဆုံး ပြိင်ပွဲမှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်တာကြောင့်တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါပဲ..။

သို့ပေမယ့်..ပြိုင်ပွဲက အဆုံးကို ရောက်ရှိလာခဲ့ပါပြီ..။

အစီစဥ် တက်ဆက်သူဟာ ပြောလိုက်တယ်..။

"ကျွန်တော် တို့ရဲ့ အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲမှာ ပရိတ်သတ်တွေကလည်း..အစိတ်အပိုင်း တစ်ခုပါ..။သို့ပေမယ့်..ကျွန်တော်တို့.ပရိတ်သတ်တွေဟာ..ပြိုင်ပွဲကို အဆုံးမသတ်စေချင်သေးဘူးလို့ သိကြရပါတယ်..။ဒါကြောင့် ရလာဒ်အနေနဲ့..ပရိတ်သတ်တွေကို နှစ်သိမ့်ဖို့..ဒိုင်လေးယောက်ကို..သီချင်းဆိုပေးပြီး..ပြိုင်ပွဲကို အဆုံးသတ်ဖို့..တောင်းဆိုပါရစေ..."

ဒီစကားကို ပြောလိုက်တ​ဲ့ အချိန်မှာ ပြိုင်ပွဲဝင်တွေ အကုန်လုံး စိတ်လှုပ်ရှားသွားခဲ့ရတယ်..။

တိုက်ရိုက်ထုတ်လွင့်မူတွင်..။

"ဒါက ရှက်စရာပဲ..။မာစတာလင်း ကြည့်ရတာ သီချင်း ဆိုတတ်တဲ့ ပုံမဟုတ်ဘူးနော်.."

"ဒီလို မဟုတ်နိုင်လောက်ဘူးနော်..။မာစတာလင်း ရေးထားတဲ့ သီချင်းတွေက အရမ်းကောင်းတာလေ..။ဘယ်လိုလုပ် သူက သီချင်း မဆိုတတ်ပဲ နေမှာလဲ..."

"ဒါအဓိပ္ပါယ် ရှိတယ်..။ငါ စတင်ဖို့ မစောင့်နိုင်တော့ဘူး..."

"ငါကတော့..မာစတာလင်း..ဆိုးဆိုးဝါးဝါး အသံ ရှိမယ့် ဘက်ကနေ လောင်းတယ်ကွာ.."

"ဟိုကောငိ...မာစတာလင်းကို သိက္ခာမချနဲ့..။ငါ သူဆိုတတ်တယ် ဆိုတာကို..တကယ်မယုံပေမယ့်လည်း..သိတော့ သိချင်မိတယ်..."

…

တစ်ဖက်မှာတော့ လင်းဖန် ရှက်ရွံ့နေခဲ့တယ်..။ပြိုင်ပွဲ ရဲ့ အပိတ်မှာ ဒီလို အစီစဥ် ရှိလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။​ကောင်းကင်ဘုံကများ တမင်တကာ စီစဥ် ပေးလိုက်တာလား..။

ကောင်းကင်ဘုံက..သူ..အသိပညာအခန်း အသစ်တစ်ခုကို ဖွင့်ထားတာ သိတာကြောင့်..စမ်းသပ်ခိုင်းစေချင်တာ ဖြစ်နိုင်လောက်ပါတယ်..။

တကယ်လို့ ဒါသာ အမှန်ဆိုရင် တကယ် ဟာသပါပဲ..။

ဟောင်ဂျင်ရှင်း ပြုံးပြီး ပြောလိုက်တယ်..။

"ဆရာလင်း..သီချင်းဆိုတာက ဘယ်လိူရှိလဲ..။ငါ့ရဒ့ တပည့်တွေက..မင်းတပည့်တွေကို မနိုင်ရင်တောင် ငါကတော့ မင်းကို ရှုံးမှာ မဟုတ်ဘူးနော်..."

လင်းဖန် တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်..။

"ခင်ဗျား ကျိန်းသေ ရှုံးလိမ့်မယ်..ဆရာဟောင်..။ကျွန်တော် သီချင်းဆိုတာက တကယ်ကောင်းတာ..။ဒါကို ကြားတဲ့ အချိန်ဆို ဆရာဟောင် ငိုတောင် ငိုချင်သွားလိမ့်မယ်..."

ဟောင်ဂျင်ရှင်း ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"ငါတော့ ဒါကို မယုံနိုင်ဘုး..။မင်း စကားပြောတာကို ကြည့်ရတာတော့..အသံအိမ်က သိပ်မဆိုးပါဘူး..။တကယ်လို့ မင်းသာ ငါ့ထက်သာနေမယ် ဆိုရင် ငါတကယ် ခံစားသွားရမှာ..."

ကျိူးလီ နဲ့..လီယင်ဒေါင် တို့ဟာ..လည်း..လင်းဖန်ကို စင်ပေါ်မှာ ရိုက်ချနိုင်ဖို့ မျှော်လင့်နေကြပါတယ်..။သူတို့ တစ်ခြားနေရာတွေမှာ ရှုံးနိမ့်နိုင်ပေမယ့် ဒါက သူတို့ ကျွမ်းကျင်တဲ့..နယ်ပယ်ပါ..။

ဒီလောကမှာ အကြာကြီး ရပ်တန့်နေနိုင်ခဲ့တာက..သူတို့ရဲ့ ကောင်းမွန်လွန်းတဲ့ အသံတွေကြောင့်လည်း ပါဝင်ပါတယ်..။ပြိုင်ပွဲဝင်တွေတောင် သူတို့နဲ့ ယှဥ်လို့မရပါဘူး..။

အဆိုတော် တစ်ယောက် အတွက် အရေးကြီးဆုံးက အသံပါ..။ဂီတလောကမှာ သူတို့ ရဲ့ အသံက မနိမ့်ကျပေမယ့်..တော်တော်များများက အရက်သေစာ မသောက်စားကြပေ..။သူတို့က မြင့်မားတဲ့ အဆင့်မှာ အကြာကြီး ရပ်တည်နိုင်ဖို့ အတွက်ဆ်ိုရင်..လည်ချောင်းကို အမြဲတမ်း ဂရုစိုက်နေဖို့ လိုအပ်ပါတယ်..။

သူတို့က အများတမ်း သောက်စားနေတဲ့ ယန်ဂျင်လို မဟုတ်ပါဘူး..။ယန်ဂျင် ရဲ့ အသံကတော့ အစောကြီးကတည်းက ပျက်ဆီးနေခဲ့ပါပြီ..။

သူမက ဒီလောကမှာ အဆင့်အတန်းနဲ့ပဲ..ဆက်ရပ်တည်နေခဲ့တာပါ..။

တကယ်လို့ သူတို့သာ တူတူ ဆိုရမယ် ဆိုရင် ယန်ဂျင်ရဲ့ အသံက..သူမတို့ရဲ့ တပည့်တွေလောက်တောင် ရှိတော့မှာ မဟုတ်ပေ..။

အစီစဥ် တင်ဆက်သူဟာ ပြောလိုက်တယ်..။

"ဆရာလီ ကို စင်ပေါ် ဖိတ်ခေါ်လိုက်ရအောင်..."

လီယင်ဒေါင်ကတော့..ယုံကြည်မူရှိစွာ တည်ငြိမ်နေပြီး ကြောက်ရွံ့နေတဲ့ အမူအရာ လုံးဝ မရှိပါဘူး..။သူရဲ့..မျက်နှာပေါ်မှာ ကြီးမားတဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်...။

"ကျုပ်တပည့် တွေက..ချန်ပီယံ မဖြစ်ခဲ့ပေမယ့် ဆရာတစ်ယောက်အနေနဲ့တော့ သူတို့ အားမငယ်ရအောင် လုပ်ပေးရမှာပေါ့..။ဒီသီချင်းက..အားလုံးအတွက်ပါ..."

ပြိုင်ပွဲဝင်တွေဟာ သီချင်စွာ စောင့်နေခဲ့ကြတယ်..။

သူတို့ ပြိုင်ပွဲဝင်တွေ ဆိုတာပြီးသွားတဲ့ အချိန်မှာ ဒိုင်တွေ ဆက်ဆိုတာကို ကြည့်ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

လီယင်ဒေါင်က..မောက်မာတတ်တဲ့ လူတစ်ယောက် မဟုတ်ပေမယ့်လည်း..သူ့ရဲ့အသံကေယင်းမွန်တာကို လူတိုင်းခံစားမိစေပါတယ်..။သူ့ရဲ့ ပင်ကိုယ်အသံကိုက အတော်ကောင်းမွန်နေခဲ့တာပါ..။

သူ့ရဲ့ အသံက..အနည်းငယ် ကွဲရှပေမယ့်...ဒါကိုက သူ့ရဲ့ အားသာချက်တစ်ခုပါ..။

ပရိတ်သတ်တွေဟာ..သူ့ရဲ့ သီချင်းကို ခံစားနေကြရတယ်..။အခုချိန်မှာတော့..ခန်းမတစ်ခုလုံးတိတ်ဆိတ်နေကြပါတယ်..။

လီယင်ဒေါင်ပြီးသွားတဲ့ အချိန်မှာ ပရိတ်သတ်တွေက..လက်ခုပ်တီးလိုက်ကြပါတယ်..။

"အံ့ဩစရာပဲ..ဒါက တကယ်ကို အံ့ဩစရာပဲ.."

"ဒီ သီချင်းမျိုးက အကြိမ်တစ်ရာလောက် နားထောင်ရမယ် ဆိုရင်တောင် ထိုက်တန်တယ်..."

"ဒီနေ့က တကယ်ကျေနပ်စရာပဲ..။လီယင်ဒေါင် သီချင်းဆိုတာကို တိုက်ရိုက်ကြည့်လိုက်ရတယ်..."

လီယင်ဒေါင် ပြုံးလိုက်ပြီး..အားရကျေနပ်းစွာပဲ..စင်ပေါ်က ဆင်းသွားခဲ့ပါတယ်..။

ပြိုင်ပွဲဝင်တွေဟာလည်း သူတို့ ဆရာရဲ့ အသံကို အားကျနေခဲ့ကြတယ်...။သူတို့ အသံက ကောင်းနေပြီလို့..သူတို့ ထင်ထားခဲ့ကြပေမယ့်...သူတို့ ဆရာနဲ့ ယှဥ်လိုက်တဲ့ အချိန်မှာတော့..အတော် ဝေးဝေးမှာ ရှိနေပါသေးတယ်..။

ကျိူးလီ စင်ပေါ်ကို တက်သွားလိုက်တယ်..။ပရိတ်သတ်တွေဟာ..ကျိုးလီ..ကို..မကြိုက်ကြပေမယ့်လည်း..သူမရဲ့ အသံက တကယ်ကောင်းတယ် ဆိုတာကိုတော့ လက်ခံရမှာပါ..။သူမရဲ့ သီချင်းက အကုန်လုံးကို ခံစားစေခဲ့ရပါတယ်..။

သူမပြီးဆုံးသွားတဲ့အခါမှာ..ပြိုင်ပွဲဝင်တွေဟာ..လက်ခုပ်တီးပြီး အားပေးဖို့ တွန့်တို မနေခဲ့ကြပေ..။

ကျိူးလီဟာ လက်ခုပ်သံတွေကို ကြားတဲ့ အချိန်မှာ ငိုတောင် ငိုချင်နေခဲ့ကြပါတယ်..။

တကယ်လို့ မသမာတဲ့ အပေးအယူကို..ပရိတ်သတ်တွေ ခွင့်မလွှတ်ရင် ဘယ်လိူလုပ်ရမလဲလို့ပဲ တစ်ချိန်လုံး စိတ်ပူနေခဲ့ရတာပါ..။

အခုချိန်မှာ သူမ အကုန်လုံးကို ချစ်သလို..အားပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ချစ်ပါတယ်..။သူမ ဒါတွေကို ဆုံးရှုံးလိုက်ရမယ် ဆိုရင် ရှေ့ဆက်လို့ရတော့မှာ မဟုတ်ပါဘူး..။တစ်ချိန်တည်းမှာပဲ..သူမ နောက်ဆိုရင် ဘယ်လို မသမာမူမျိုးကိုမှ မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ..။

ဟောင်ဂျင်ရှင်း ပြုံးပြီး ပြောလိုက်တယ်..။

"ဘယ်လိုခံစားရလဲ မာစတာလင်း..."

လင်းဖန် ရယ်မောလိုက်ပြီး...

"မဆိုးပါဘူး..သူတို့အကုန်လုံး တကယ်မဆိုးဘူး..။ဒါပေမဲ့ သူတို့တွေ ကျွန်တော့်လောက်တော့ မကောင်းသေးဘူးထင်တာပဲ.."

"ကောငိလေး ဆက်ပြောထားဦး..။ငါက နောက်ထပ်ဆိုရမယ့်လူပဲ..။ကြည့်ရတာ ရှန်ဟိုင်း TV က မင်းကို နောက်ဆုံးမှ ဆိုခိုင်းမယ် ထင်တယ်..."

ဟောငိဂျင်ရှင်းပြုံးပြီး ပြောလိုက်တာပါ..။

အခုချိန်မှာ..သူ မာစတာလင်းရဲ့ ဆွဲဆောင်မူကို ခံနေရပါပြီ..။

သူက တကယ်ကို အံ့ဩစရာ လူတစ်ယောက်ပါပဲ..။

လင်းဖန် ပြောလိုက်တယ်..။

"ဆရာဟောင်...ကျွန်တော်..ဆရာ့ရဲ့ သီချင်းကို တကယ် စိတ်လှုပ်ရှားနေပြီနော်..။ကျွန်တော့်ကို စိတ်မပျက်စေနဲ့ဦး.."

"မင်း ခနနေ သိရမှာပဲ.."

ဟောင်ဂျင်ရှင်း စင်ပေါ်ကို ရောက်သွားတဲ့ အချိန်မှာ ပရိတ်သတ်တွေက..ပိုပြီး..စိတ်လှုပ်ရှားသွားခဲ့ကြတယ်..။

ပရိတ်သတ်တွေ အများစုက..ဟောင်ဂျင်ရှင်းရဲ့ သီချင်းတွေကို နားထောင်းပြီး ကြီးပြင်းလာကြတဲ့လူတွေပဲ..။

ဒီိမျ်ိုးဆက်မှာတော့...ဟောင်ဂျင်ရှင်းကို မသိတဲ့လူ မရှိပါဘူး..။အခုချိန် KTV တွေမှာဆိုရင်တောင်..လူတိုင်းက သူ့သီချင်းတွေကို..အရမ်းသလောကျ ကြပါတယ်..။

ဒီလို လူမျိုးက..ဒီနေ့ စင်ပေါ်မှာ ဖျော်ဖြေကြမှာ ဆိုတော့..သူတို့ မစောင့်နိုင်ကြတော့ပေ..။

ဟောင်ဂျင်ရှင်း စင်ပေါ်ရောက်တဲ့ အချိန်မှာ ပြောလိုက်တယ်..။

"ပရိတ်သတ်တို့ လက်ခုပ်လေးတီးပေးပါဦး...။ကျုပ် အခုမှ မာစတာလင်းနဲ့ စကားပြောလာတာ..သူ့ကို စစ်မှန်တဲ့ အနုပညာစွမ်းရည်ကို..ပြမယ် ဆိုပြီးတော့လေ..။ကျုပ်..ဟောငိဂျင်ရှင်းက..လူက အိုနေပြီ ဆိုပေမယ့် နှလုံးသားက မအိုသေးဘူးဆိုတာကိုပေါ့..."

"ဟားဟား.."

"ဆရာဟောင်က..တကယ် ရီရတာပဲ.."

"ဆရာဟောင် ငယ်ငယ်ကတည်းက..ငါ သူ့သီချင်းတွေကို နားထောင်လာတာ..။သူ့ အကျင့်စရိုက်က အရင်ကတည်းက ဒီလိုပဲ.."

"ငါတကယ် မစောင့်နိုင်တော့ဘူး..။သူက မာစတာလင်း အပေါ် ဖိအား ပိုစေတယ်..."

ဒီသီချင်းက.အခုချိန်မှာ မဟောင်းသေးကါဘူး..။သူ့ရဲ့ ..ရိုးရှင်းတဲ့ အသံက သီချင်းနဲ့ အတော် စည်းချက်ညီလှပါတယ်..။

ပရိတ်သတ်တွေဟာ လက်ခုပ်တီးလိုက်ကြတယ်.။

အတိတ်တုန်းက..မှတ်ဥာဏ်တွေကတော့.သူတို့ရဲ့ ဦးနှောက်ထဲမှာ စီးမြောနေခဲ့ပါပြီ..။

သိီချင်းပြီးသွားခဲ့တယ်..။

လင်းဖန် လက်ခုပ်တီးပြီး ​ပြောလိုက်တယ်..။

"ဆရာဟောင်ရဲ့ သီချင်းကို နားထောင်ရတာ ကျွန်တော့်အပေါ် ဖိအားတွေ ရောက်လာသလိုပဲ.."

ဟောင်ဂျင်ရှင်း သဘောကျစွာ ပြုံးလိုက်ပြီး...

"အခုတော့..ငါ ဘယ်လောက်တော်လဲ ဆိုတာ မင်းသိပြီမလား..."

လင်းဖန် ရယ်မောပြီး ​ပြောလိုက်တယ်..။

"ဒီလိုဆိုရင်တောင်မှ ကျွန်တော့်ကို မှီမှာ မဟုတ်သေးဘူးနော်..။ကျွန်တော်တို့ကြားမှာ နည်းနည်းတော့ ကွာခြားနေတုနထးပဲ.."

ပရိတ်သတ်တွေက သက်ပြင်းချလိုက်ကြတယ်..။သူတို့လင်းဖန်ကို အထင်သေးလို့ မဟုတ်ပေမယ့်..သူပြောနေတာတွေက တကယ်ကို ဟာသပါ..။

"ဆရာလင်းတော့ ယုံကြည်မူမရှိတော့ဘူးထင်တယ်..။ပြောချင်တာတွေ လျောက်ပြောနေတော့တာပဲ..။ခနနေကျရင် သူ ဘယ်လောကိဆိုးဆိုး လက်ခုပ်တီးပြီးအားပေးကြရအောင်.."

"ဒါအမှန်ပဲ..ငါ မာစတာလင်းဆိုတာကို ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး..။ဒီတစ်ခါတော့ ကံကောင်းပြီ.."

"မာစတာလင်း အသံကောင်းမယ်လို့ မင်းတို့ထင်လား..."

"အများကြီးတွေးမနေနဲ့..မာစတာလင်းက အဆိုတော် မဟူတ်ဘူး..။သူက ပရိုအဆင့်တွေနဲ့ ဘယ်လို ယှဥ်နိုင်မှာလဲ..."

"စောင့်ကြည့်ကြတာပေါ့..."

…

အစီစဥ် တင်ဆက်သူ ပြောလိုက်တယ်..။

"မာစတာလင်းကို ဖိတ်ခေါ်လိုက်ရအောင်..."

လင်းဖန် ပြုံးပြီး ထရပ်လိုက်ကာ..စင်ပေါ်လမ်းလျောက်ရင်း ပရိတ်သတ်တွေကို လက်ဝေ့ယမ်းပြလိုက်ပါတယ်..။

အစီစဥ် တင်ဆက်သူ ပြောလိုက်တယ်..။

"မာစတာလင်း..ဘာသီချင်းဆိုမှာလဲ..."

လင်းဖန် ယုံကြည်မူရှိစွာ ပြောလိုက်တယ်..။

"ကိုယ်ပိုင် လက်ရာလေးပေါ့..."

ပြိုင်ပွဲဝင်တွေဟာ ကြောင်အသွားပြီးမှ အပြင်းအထန် အားပေးလိုက်ကြပါတယ်..။

"ချီးပဲ..မာစတာလင်က ကိုယ်ပိုင်သီချင်းကို ဆိုတော့မှာလား..."

"မာစတာလင်း ကိုယ်ပိုင်သီချင်းထွက်မလာတာ အတော်ကြာနေပြီနော်..."

"ဟုတ်တယ် ဒီလောက် ကံကောင်းမယ်လို့ မထင်ထားခဲ့ဘူး..."

"အတော် စိတ်လှုပ်ရှားနေပြီ..."

အစီစဥ် တင်ဆက်သူ ပြောလိုက်တယ်..။

"မာစတာလင်း..တီးခတ်ဖို့ ဘာ တူရိယာ လိူအပ်သေးပါသလဲ..."

လင်းဖန် ပြောလိုက်တယ်..

"ခနလေး ကျုပ်ဘာဆိုရမလဲ စဥ်းစားလိုက်ဦးမယ်..။ဒီအတွက်တော့...ဘာမှ မလိုတော့ဘူး..။ဒီသီးချင်းကို တီးလုံး မပါပဲ ဖျော်ဖြေပါ့မယ်.."

ဟင်....

အကုန်အံ့ဩသွားကြတယ်..။

ဟောင်ဂျင်ရှင်း လင်းဖန်ကို ဆွံ့အစွာကြည့်လိုက်ပါတယ်..။မာစတာလင်းက တီးလုံးမပါပဲ ဆ်ိုလိမ့်မယ်လို့ သူတို့ မထင်ထားကြပါဘူး..။သူ့ကြည့်ရတာ ယုံကြည်မူလွန်ကဲနေတာ ဖြစ်နိုင်ပါတယ်..။

လီယင်ဒေါင် နဲ့ ကျိုးလီ တို့လည်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြပါတယ်.။

ဒီလို ယုံကြည်မူ လွန်ကဲနေတဲ့ လူတွေ ဆိုတာက ရှားပါးပါတယ်..။

သိူ့ပေမယ့် သူတို့ မာစတာလင်းရဲ့ ကိုယ်ပိုင်သီချင်းကိုတော့ စိတ်ဝင်စားမိတာ အမှန်ပါပဲ..။ဒါက သူ့ရဲ့ အရင်က သီချင်းတွေလို..ပြောင်မြောက်နိုင်ဦးမှာလား..။

All Chapters