← Chapters

အခန်း (၇၅၅)

Vol. 51 Ch. 755

အခန်း (၇၅၅)

Vol. 51 Ch. 755

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် မိုက်ကရိုဖုန်းကို ယူလိုက်ပြီး စင်အောက်က ပရိတ်သတ်တွေကို ကြည့်ကာ ပြောလိုက်တယ်..။

"ကျွန်တော်..အကုန်လုံး ကြိုက်နှစ်သက်လောက်တဲ့ ကိုယ်ပိုင်သီချင်း အနည်းငယ်ကို ရေးထားတယ်..။ဒါပေမဲ့ ကိုယ်တိုင် သီဆ်ိုရတာကတော့ ဒါ ပထမဆုံးအကြိမ်ပဲလေ..။စိတ်အေးအေးထားကြတာ..အရမ်းကြီး မဆိုးဘူးလို့ ကျွန်တော် အာမခံနိုင်ပါတယ်..."

"မာစတာလင်း..ဒါက ဘယ်လောက်ပဲ ဆိုးဆိုး အဆင်ပြေပါတယ်.."

"ဟုတ်တယ်..လူတိုင်းက အားပေးဖို့ အဆင်သင့်ပဲ..."

တစ်စုံတစ်ယောက်က..လှမ်းအော်လိုက်တာပါ..။

ယင်းနောက်..ခန်းမထဲက လူတွေ အကုန်လုံးလက်ခုပ်တီးကြလိုက်ပါတယ်..။

ကျိုးလီ နဲ့ ကျန်တဲ့လူတွေဟာ..မာစတာလင်းကိုတောင် မနာလိုဖြစ်သွားခဲ့တယ်..။သူက အတော်ကို ပေါ်ပြူလာဖြစ်တာပါ..။

သူက ဒီလောကထဲ မဟုတ်တာတောင် လူတိုင်းက သူ့ကို ချစ်ခင်ကြပါတယ်..။သူ့မှာ ဘာလျို့ဝှက်ချက် တွေများ ရှိနေတာလဲ..။

ဟောင်ဂျင် တွင်..။

ယွန်ယွဲ့ယောင်..ရဲ့ မျက်လုံးတွေဟာ..TV ပေါ်မှာပဲ..ရှိနေခဲ့တယ်.။

သူမရဲ့..မိန်းကလေး သူငယ်ချင်းတွေဟာ..သူမကို ကြည့်ပြီး ရယ်မောလိုက်ကြပါတယ်..။

"ယွဲ့ယောင်..နင်က နေ့တိုင်း ဒီရှိုးကို စောင့်ကြည့်ပြီး မာစတာလင်းကို..အားပေးနေတော့တာပဲ..။သူက နင့်ရဲ့ ကောင်လေး မို့လို့လား..."

ယွန်ယွဲ့ယောင် ရယ်မောပြီး ပြန်ဖြေလိုက်တယ်.။

"နင်တို့ပြောတာ မှန်တယ်..သူက ငါ့ရဲ့ ကောင်လေးပဲ..."

သူမရဲ့ သူငယ်ချင်းတွေက..သူဌေးသမီးတွေ ဖြစ်ပြီး..ဟောင်ဂျင်မှာ နာမည်ကြီးတဲ့ လူတွေပါ..။ရလာဒိအနေနဲ့..သူတို့ အဆင့်အတန်း တူတဲ့လူတွေ အချင်းချင်း သူငယ်ချင်းဖြစ်ကြတာက မထူးဆန်းပါဘူး..။

သီးသန့်နေထိုင်တဲ့ အချိန်မှာတော့..ယွန်ယွဲ့ယောင်က တစ်ခြား မိန်းကလေးတွေ နဲ့ မကွဲပြား​ေ့ပ..။သို့ပေမယ့် လုပ်ငန်းခွင်ကို ရောက်သွားမယ် ဆိုရင်တော့ ဒါက မတူညီတော့ပါဘူး..။

သူမက..အသန်မာဆုံးကောင်းကင် သံစဥ် ပြိုင်ပွဲကို တစ်ရက်မှ မလွတ်ပဲ စောင့်ကြည့်လေ့ရှိပါတယ်..။

အထူးသဖြင့်..ဒီနေ့က နောကိဆုံးနေ့ ဖြစ်တာကြောင့်.သူမ ဝမ်းနည်းသလိုတောင် ခံစားပါတယ်..။ဒါကြောင့် သူမ ဒီအပိုင်းကို မျက်စိနဲ့ မလွတ်တမ်း ကြည့်နေခဲ့တာပါ..။

…

ခန်းမတွင်..။

လင်းဖန် စွယ်စုံကျမ်းထဲကနေ သီချင်း ရွေးနေခဲ့တယိ..။

ဘယ်သီချင်းဆိုရမလဲ တောငိ သူ မဆုံးဖြတ် ရသေးပါဘူး..။

အဆုံးမှာတော့ သူ ရောင်းအကောင်းဆုံး စာရင်း ထဲက တစ်ပုဒ်ကိုပဲ ရွေးလိုက်ပါတယ်..။

ဒီတစ်ခုပဲ..။

"အားလုံးပဲ...အခုဆိုမယ့် သီချင်းရဲ့ နာမည်က နှုတ်ဆက် အနမ်း လို့ ခေါ်ပါတယ်.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

စွယ်စုံကျမ်းမှာ ရေးထားတာကတော့..ဒီသီချင်းက တကယ်ကို အံ့ဩလောက်စရာပါပဲ..။ဒီသီချင်းကို..ဆုတံဆိပ်တွေ အများကြီး ရစေပြီး...စျေးကွက်မှာလည်း ရောင်းအား.. ၂.၅ သန်း အထိရှိပါတယ်..။

ပြီးတော့ ဒီသီချင်းကို ပရိဂျူဆာ..ငါးယောက်က ရေးထားခဲ့တာပါ..။ဒါက လုံးဝကို.. သာမန် သီချင်း တစ်ပုဒိ မဟုတ်ပါဘူး..။

သူက..တီးလုံး မပါပဲ..ဆိုမှာဆိုတော့..ဘာတူရိယာမှ မလိုအပ်ပေ..။

လင်းဖန် အဆိုခင်မှာတော့..ပရိတ်သတ်တွေဟာ..ဘယ်လို အသံထွက်လာမလဲ ဆိုတာကို မသိကြသေးပါဘူး..။

သို့ပေမယ့် လင်းဖန် စတင်ပြီး ဆိုလိုက်တဲ့ အချိန်ကြရင် အကုန်လုံး ကြက်သီး မွှေးညှင်းပါ ထသွားကြမှာပါ..။

ဒါက..ဘာလို့လဲ ဆိုတော့ လင်းဖန်..စတင်သီချင်းလိုက်တာနဲ့ စွယ်စုံကျမ်းက ချက်ချင်း အားဖြည့်ပေးထားမှာ မို့လို့ပါပဲ...။

လင်းဖန် အသက်ကို..ပြင်းပြင်းရူလိုက်ပြီး ခံစားချက်တွေကို တည်ငြိမ်အောင် လုပ်ကာ..စတင်ပြီး သီဆိုလိုက်တယ်..။

"ငါတိုရဲ့ အတိတ်က ဇာတ်လမ်းလေးတွေက...တိမ်တွေ...မီးခိုးငွေ့ တွေ ဖြစ်လာပြီး...ငါတို့ရဲ့ ရှေ့မှာတငိ ပျောက်ကွယ်သွား ခဲ့ရပြီ...."

သီချင်းစာကြောင်း ဆုံးသွားတာနဲ့..ဒီ အသံက ..ခန်းမထဲမှာ ပျောက်ကွယ်သွားခဲ့တယ်..။

လူတိုင်းက..လင်းဖန်ကို မျက်လုံးတွေ ပြူးပြီး မယုံကြည်နိုင်စွာ..စိုက်ကြည့်နေခဲ့ကြပါတယ်..။

မာစတာလင်းက..ဘာ တီးလုံးကိုမှ အသုံးမပြုထားပေမယ့်..သူ သီချင်းဆိုတာကို စတင် ကြားလိုက်ရတဲ့ အချိန်မှာတင်ပဲ..ရင်ထဲမှာ ခံစားချက်တွေ ပေါက်ဖွားလာခဲ့ပါတယ်..။

ရင်ဘတ်ထဲကနေ လှိုက်တက်လာတဲ့ ဝမ်းနည်းမူကဘသူတိူ့ရဲ့ စိတ်ဝိဥာဥ်ကိုတောင် လှုပ်ခတ်သွားစေခဲ့တယ်..။

မမြင်နှိုင်တဲ့ အားအင်တစ်ခုက..သူတို့ရဲ့ မျက်လုံးထဲကို ထိုးဖောက်ဝင်လာပြီး..သူတိူ့ရဲ့ စိတ်ဝိဥာဥ်ကို ရိုက်ခတ်နေသလို့ပါပဲ..။

ဟောင်ဂျင်ရှင်း မျက်လုံး ပြူးကျယ်သွားခဲ့တယ်..။သူက ကျွမ်းကျငိအဆင့်တစ်ယောက်ဖြစ်ပေမယ့်လည်း လင်းဖန် ရဲ့ သီချင်းသံကို ကြားလိုက်ရတဲ့ အချိန်မှာ တကယ်ကို ဆွံ့အသွားခဲ့ပါပြီ..။

အခုချိန်းမှာ..သူ့ မျက်လုံးထဲမှာ ပုံရိပ်တွေ ပေါ်လာပြီး..ရင်ထဲမှာ ဝမ်းနည်းမူ တစ်ခု ပေါက်ဖွားလာခဲ့ပါတယ်.။

"ငါတို့..တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ပါတယ်လို့ ပြောတဲ့ အချိန်မှာတောင် မင်းရဲ့ အမူအရာက ဝမ်းနည်းနေတဲ့ ပုံစံ ရှိမနေဘူးလေ..."

"မင်း ငါ့အပေါ်မှာ ကောင်းပေးခဲ့တဲ့ အရာတွေက...အမှန်တကယ်ပဲ..မင်းရဲ့ နှလုံးသားထဲက လာခဲ့တာ ဟုတ်ရဲ့လား...."

…

လင်းဖန် သီချင်းရဲ့..စာသားအတိုင်း ခံစားချက် အပြည့်နဲ့ ဆက်ဆိုနေခဲ့ပါတယ်..။

စင်အောက်မှာ ရှ်ိတဲ့ အခြေအနေကတော့ ပြောင်းလဲနေခဲ့ပါပြီ..။

"ငါ..ကိုယ့်ကိုကို မထိန်းနိုင်ဘူး..ငိုမိတော့မယ်ထင်တယ်..."

လူတိုင်းရဲ့ စိတ်ထဲမှာ ဒီလို အတွေးပဲ ရှိနေခဲ့ပါတယ်..။သူတိူ့က..အတတ်နိုင်ဆုံး မျက်ရည်မကျမိအောင် ထိန်းချုပ်နေခဲ့ကြတယ်..။

သိူ့ပေမယ့်..သီချင်းက အမြင့်ပိုင်းကို ရောက်လာလေလေ ထိန်းချုပ်နိုင်ဖို့က ခက်ခဲလာလေလေပါပဲ..။နောက်ဆုံးမှာ တစ်ယောက်ဟာ စတင်ပြီး လက်လျော့လိုက်တယ်..။

သူတို့ထဲက တစ်ချို့ဆိုရင် စတင်ပြီးတောင် ငိုကြွေးနေကြပါပြီ..။

…

အင်တာနက် ကဖေး တစ်ခုတွင်..။

နက်ဝါ့ မန်နေဂျာ တစ်ယောက်ဟာ..သူရဲ့ နားကြပ်ကို တက်ပြီး..အသန်မာဆုံး ကောင်းကင်သံစဥ်ပြိုင်ပွဲကို ကြည့်ရူ နေခဲ့ပါတယ်..။

သူအစက..ပျော်ပျော်ရွှင်ရွှင် ကြည့်နေခဲ့ပေမယ့်..ခနကြာတဲ့ အချိန်မှာ စတင်ငိုကြွေးလာပါတော့တယ်..။

ငယ်ရွယ်တဲ့ အလုပ်သမား မိန်းမငယ်လေး တစ်ယောက်ဟာ..သူမဘေးနားက လူကြီး ငိုနေတာတွေ့ပြီး ကြောင်အသွားခဲ့ပါတယ်..။သိူ့ပေမယ့် လူကြီး အမှန်တကယ် မျက်ရည်တွေ ကျလာတာကို မြင်တဲ့ အချိန်မှာ အကူညီမဲ့စွာ တစ်ရူး ကမ်းပေးလိုက်တယ်...။

"မျက်ရည်တွေ သုတ်လိုက်ပါဦး..။ဘာဖြစ်တာလဲ.."

သို့ပေမယ့်..လူကြီးက ပြန်မဖြေခဲ့ပေ..။သူ့မျက်လုံးတွေက..ရှိုးပွဲမှာပဲ ရှိနေခဲ့ပါတယ်..။

မိန်းကလေးဟာ စိတ်ရှုပ်သွားခဲ့တယ်..။

သူမက နှစ်သိမ့်ပေးဖို့ ကြိုးစားပေမယ့် အမှန်တကယ်ပဲ..လျစ်လျူရူခံခဲ့ရတာပါ..။

မိန်းမငယ်လေးဟာ..လူကြီးကို တွန်းလိုက်တယ်..။သူမတွန်းလိုက်တာကြောင့်..လူကြီးဟာ ဟန်ချက်ပျက်သွားပြီး..နားကြပ်ပြုတ်ကျသွားခဲ့ပါတယ်..။

"မင်း ဘာလုပ်တာလဲ.."

လူကြီး အော်ဟစ်လိုက်ပါတယ်..။

"ငါ့ဟာငါ သီချင်းနားထောင်နေတာလေ..။ဒါက အရမ်းခံစားရတာပဲ.."

ရုတ်တရက်.။

လူကြီးရဲ့ နားကြပ်ကြိုးက ပြုတ်သွားတာကြောင့်..သီချင်းသံက အပြင်ကို ထွက်လာခဲ့တယ်..။

လှုပ်လှုပ်ရှားရှား ဖြစ်နေကြတဲ့..အင်တာနက် ကဖေးဟာ..ရှုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့ပါပြီ..။

သူတို့ထဲက တစ်ချို့...DNF ဂိမ်းကို လေးလေးနက်နက် ကစားနေခဲ့ကြတယ်..။သို့ပေမယ့် ရုတ်တရက်ပဲ သူတို့ ခံစားနေတဲ့လက်တွေဟာ ရပ်တန့်သွားကြပြီး..သီချင်းရဲ့ သက်ရောက်မူကို ခံလိုက်ရပါတယ်.။

ဂိမ်းထဲတွင်..။

"မင်းတို့ ဘာလုပ်နေတာလဲ..အမြန်တိုက်ကြလေ.."

"ချီးပဲ..မြန်မြန်...။ငါတို့ သူတို့ကို ရှုံးလို့မရဘူး..."

ဂိမ်းဆော့ နေတဲ့လူဟာ..နားကြပ်ကို ဘေးနားမှာ ချထားလိုက်ပြီး..စတင်ငိုကြွေးပါတော့တယ်..။ဇ

"ဘာလို့ သီချင်းက ဒီလောက် ခံစားနေရတာလဲကွာ..။ဘာလို့လဲ....။ငါ့ရဲ့ ပြတ်သွားတဲ့ ရည်းစားကို အရမ်းလွမ်းတာပဲ..."

ဒါက သူတစ်ယောက်တည်း ခံစားနေကြရတာမဟုတ်ပါဘူး..။

အင်တာနက် ကဖေး ထဲမှာ ရှိနေကြတဲ့ လူတွေ အကုန်ခံစားနေကြရတာပါ..။ဂိမ်းဆော့နေတဲ့ လူတွေဟာလည်း ဆက်မဆော့ကြတော့ပဲ..သီချင်းကိုသာ ငြိမ်သကစွာ နားထောင်ပြီး ငိုကြွေးနေကြပါတယ်..။

စီရင်စုတစ်ခုတွင်..။

မိဘတစ်ချို့ဟာ..သူတို့ သားသမီးတွေ နားကြပ်ကြီးတွေ တပ်ပြီး ငိုကြွေးနေကြ​တာကြောင့် ကြောင်အနေခဲ့ကြပါတယ်..။ဘာတွေ ဖြစ်နေလဲ သူတို့ မသိကြပါဘူး..။

ဒီလိူ အဖြစ်အပျက်က တစ်နိုင်ငံလုံးမှာ ဖြစ်နေခဲ့တာပါ..။

အထူးသဖြင့် စားသောက်ဆိုင် သေးသေးလေးတွေမှာ ပါပဲ..။

သူတို့ရဲ့ နံရ့မှာ ချိတ်ဆွဲထားတဲ့ TV တွေမှာ အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲကို ပြသ ထားကြပါတယ်..။

အစက ဆူညံနေတဲ့ စားသောက်ဆိုင်ဟာ ရုတ်တရက် တိတ်ဆိတ်ကုန်ကြတယ်..။

ညစာစားနေကြတဲ့ လူတွေဆိုရင် သီချင်းသံကို ကြားပြီး ဆက်မစားနိုင်ကြတော့ပါဘူး..။သူတို့က..အရက်တွေကို သာ သောက်ပြီး မျက်ရည်တွေ ကျလာခဲ့ကြပါတယ်..။

ဖြတ်သွားဖြတ်လာလူတွေက..ကတော့ သူတို့ကို အဝေးက လှမ်းကြည့်ပြီး ကြောင်တောင်တောင်တွေ ဖြစ်နေကြပါတယ်..။

…

ခန်းမထဲတွင်..။

လင်းဖန်ရဲ့ သီချင်း သံက ဆက်လက်ပြီး လွှမ်းမိုးထားဆဲပါ..။

ဒိုင်သုံးယောက် ဖြစ်တဲ့ လီယင်ဒေါင်..ကျိုးလီ နဲ့ ဟောင်ဂျင်ရှင်းတို့ဟာ ပါးစပ်တွေပွင့်နေခဲ့ကြတယ်..။

ဘာလို့လဲ မသိပေမယ့် သူတို့ ဒီသီချင်းကို..ပိုပြီးနားထောင်လေလေ ရင်ဘတ်ထဲက နာကျင်လာလေပါပဲ..။သူ့တို့ရဲ့ မျက်လုံးတွေကတော့ နီရဲနေခဲ့ပါပြီ..။

ခနကြာပြီးနောက်..။

သီချင်း ပြီးသွားခဲ့တယ်..။

လင်းဖန် မျက်လုံးကို ဖွင့်လိုက်တဲ့ အချိန်မှာ စင်အောက်က အခြေအနေတွေကို မြင်ပြီး ဆွံ့အသွားခဲ့ပါတယ်..။

ချီးပဲ..ဘာတွေဖြစ်နေကြတာလဲ...

သူတို့ အကုန်လုံးက ဘာလို့ အသုဘ အိမ်ရောက်သလို ငိုနေကြတာလဲ..

ယင်းနောက် သူ တစ်ခုခုကို တွေးမိလိုက်တယ်..။

ငါ့ကြောင့်များလား..။

သူ့ သီချင်းက ကောင်းနေတယ် ဆိုရင်တောင် ဒီလူတွေ အကုန်လုံးတော့ မငိုကြသင့်ပါဘူး..။ဖြစ်နိုင်တာက တစ်ခုတည်းရှိပါတယ်..။ဒါက စွယ်စုံကျမ်းရဲ့ အားဖြည့်မူကြောင့်ပါ..။

အဲ့အချိန်မှာပဲ..လင်းဖန် ပြုံးပြီး မိုက်ကရိုဖုန်းကနေ တဆင့်မေးလိုက်တယ်...

"အားလုံးပဲ..ဘယ်လိုထင်ကြလဲ..."

ဟောင်ဂျင်ရှင်း လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"စကားမပြောနဲ့ဦး..ငါတို့ စိတ်ခံစားချက်ကို ထိန်းချုပ်လိုက်ဦးမယ်..."

ကျိူးလီ နဲ့ လီယင်ဒေါင်လဲ ဒီတိုင်းပါပဲ..။သူတိို့ သီချင်း ပြီးဆုံးသွားတာတောင် ဝမ်းနည်းတဲ့ ခံစားချက်ကို ထိန်းချုပ်ဖို့ အခက်တွေ့နေကြပါတယိ..။

ဘာလို့လဲ မသိပေမယ့် ဒီသီချင်းကို ကြားတဲ့ အချိန်မှာ မျက်ရည် မဆည်နိုင်ခဲ့ကြပေ..။

"အံ့ဩစရာပဲ.."

အဲ့အချိန်မှာပဲ..ပရိတ်သတ်တွေလည်း အသိစိတ်ပြန်ဝင်လာခဲ့ကြတယ်..။

"ငါကြားဖူးသမျှထဲမှာ အကောင်းဆုံးပဲ.."

"အရမ်းခံစားရလို့..ငိုတောင်ငိုရတယ်.."

"မာစတာလင်း..ဒီထဲက သံစဥ်လေးထည့်လို့မရဘူးလား..။အဲတာဆိုပိုလှပ သွားမယ် ထင်တယ်..."

"ဟုတ်တယ်..."

"ထပ်ဆိုပါဦး.."

လူတိုင်းက ဒီလို သီချင်းမျိုး ကမ္ဘာပေါ်မှာ တည်ရှိမယ်လို့ ယုံတောင် ယုံနိုင်ကြပါဘူး..။

ဒီလို ဝမ်းနည်းဖို့ကောင်းတဲ့ ခံစားချက်က အတော်ကို လက်တွေ့ကျလွန်းပါတယ်..။

လင်းဖန်ကတော့ ထပ်ဆိုမှာမဟုတ်ပဲ..။ဒီ ပိတ်ပွဲ အခမ်းအနားက..မာစတာ ကဘာလဲ ဆိုတာ သူတို့ မြင်တွေ့ခွင့်ရခဲ့တာပါ..။

ဒီလိူ သီချင်းတွေက..သူတို့ စိတ်တိုင်းကျ နားထောင်ချင်တိုင်း နားထောင်လို့ရတဲ့ သီချင်းတွေ မဟုတ်ပါဘူး..။

A Valiant Life 756

အပိုင်း ( ၇၅၆ ) နိမ့်ချပြီးနေ...

#ဘာသာပြန် = စနိုးဝှိုက်

လူတိုင်းက သူ့ရဲ့ အသံကြောင့်..ကြောင်အနေခဲ့ကြပြီး အသိစိတ်ပြန်ဝင် မလာခဲ့ကြသေးပါဘူး..။

လင်းဖန် သူတို့ကို မနှောက်ယှက်ဖို့ ဆုံးဖြတ်လိုက်တယ်..။သူ တိတ်တဆိတ်ပဲ..စင်ပေါ်ကနေ ဆင်းဖို့ လုပ်လိုက်ပါတယ်..။သိူ့ပေမယ့်.သူ..ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တာနဲ့..ပရိတ်သတ်တွေဟာ..တုန့်ပြန်လာခဲ့ကြပါတယ်..။

"နောက်တစ်ပုဒ်လောက် ဆိုပါဦး..."

"မာစတာလင်း ဒီလို လုပ်လို့မရဘူးလေ..။ငါတို့ကို တာဝန်ယူရမယ်.."

"ဟုတ်တယ်..တစ်ပုဒ်ထဲနဲ့က မလုံလောက်ဘူး နောက်ထပ် တစ်ပုဒ်လောက်ဆိုပါဦး.."

အသန်မာဆုံး ကောင်းကင်သံစဥ် အစကနေ အဆုံးအထိ ..ပရိသတ်တွေက..သာမန်ပဲ ရှိနေခဲ့ကြတာပါ..။သူတို့ ဘာကိုမှ ထူးထူးခြားခြား မတောင်းဆိုခဲ့ဖူးကြပါဘူး..။သို့ပေမယ့် သူတို့ အခုတော့..ကိုယ့်ကိုကို မထိန်းချုပ်နိုင်ကြတော့ပေ..။

ဆရာတွေ ဖြစ်တဲ့..ဟောင်ဂျင်ရှင်း နဲ့ ကျန်တဲ့လူတွေဟာလည်း လင်းဖန် ရဲ့ အသံကို ကြားပြီးတော့...ကြောင်အနေခဲ့ကြတယ်..။သူတို့ထားတာက..ဆရာလင်းရဲ့ အသံက ပုံမှန်လောက်သာ ရှိလိမ့်မယ်လို့ ထင်ထားပေမယ့်..ဒီလို အံ့ဩဖို့ကောင်းတဲ့..အသံမျိုးကို ဖုံးကွယ်ထားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

သီချင်း တစ်ပုဒ်တည်းနဲ့တင် သူတို့ရဲ့ ခံစားချက်တွေကို သိမ်းပိုက်ထားနိုင်ပြီး..လုံးဝ ရုန်းမထွက်နိုင်ခဲ့ကြပေ..။

တကယ်လို့..ဆရာလင်းသာ..ဂီတလောကထဲကို ဝင်လာမယ် ဆိုရင်..ဘယ်သူတွေက ဒီလောက်ထဲမှာ..ရှင်သန်နိုင်တော့မှာလဲ..။

ဒါက တွေးကြည့်ယုံနဲ့တင် ကြောက်ဖို့ကောင်းပါတယိ..။

လင်းဖန်..ပရိတ်သတ်တွေ ဒီလိုအခြေအနေ ရှိနေတာ မြင်နေတာတောင်မှ...တည်ငြိမ်နေခဲ့တယ်..။သူ မိုက်ကရိုဖုန်းကို ကိုင်ပြီး ပြောလိုက်ပါတယ်..။

"အားလုံးပဲ..ခနလောက် ငြိမ်ငြိမ်နေပေးကြပါ..။ဒီနေ့အတွက်တော့ ကျွန်တော် တစ်ပုဒ်တည်း ဆိုပါ့မယ်..။တကယ်လို့ အနာဂတ်မှာ အခွင့်ကြုံလာရင်တော့ ထပ်ဆိုဖြစ်ရင် ဆိုဖြစ်မှာပါ..။အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲက..အံ့ဩစရာ ကောင်းစွာပဲ..အဆုံးသတ်သွားပြီ ဆိုတော့..ကျွန်တော် အစီစဥ် တင်ဆက်သူကို..မိုက်ကရိုဖုန်း ပြန်ပေးလိုက်တော့မယ်..."

ပြီးတဲ့နောက်မှာ..သူ စင်ပေါ်ကနေ ဆင်းလိုက်တယ်..။

"မဆင်းနဲ့ဦး..."

ပရိတ်သတ်တွေဟာ..ခါးသက်ပြီး မုန်းတီးသွားခဲ့တယ်..။သူတို့ လုံလောက်အောင် နားမထောင်ရသေးခင်မှာပဲ..ဒါက ပြီးသွားခဲ့ပါပြီ..။

ပရိတ်သတ်တွေဟာ..စိုးရိမ်နေခဲ့ကြတယ်..။

သူတို့..ဒီလို အသံမျိုးကို..ဘယ်တုန်းကမှ မကြားခဲ့ရဖူးဘူး ဆိုတာကို အာမခံနိုင်ပါတယ်..။ဒီလို အသံမျိုးရဲ့ ဆွဲဆောင် နိုင်စွမ်းက မူးယစ်ဆေးလိုပါပဲ..။သူတိူ့ တစ်ခါကြားလိုက်တာနဲ့တင် မေ့ဖို့ခက်ခဲနေခဲ့ပါပြီ..။

အစီစဥ် တက်ဆက်သူ ချီဝေကတော့..ဒီလိူတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။သို့ပေမယ့်..မာစတာလင်း ရဲ့ အသံက..မှော်ဆန်လွန်းတယ် ဆိုတာကိုတော့ လက်ခံရမှာပါ..။

သူတောင်မှ စင်နောက်မှာ ရပ်နေရင်းနဲ့ ငိုခဲ့ရပါသေးတယ်..။

စင်နောက်တွင်..။

လက်ထောက်ဒါရိုက်တာဟာ..သီချင်းဆုံးသွားတဲ့ အချိန်မှာ..လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး..ပြောလိုက်တယ်..။

"နောကိဆုံးတော့...နောက်ဆုံးတော့..ငါတို့ရှိုးက ပြီးခါနီးမှာတောငိ..အထွပ်အထိပ်ကို ရောက်နိုင်ခဲ့တာပဲ..."

လက်ထောက် ဒါရိုက်တာဟာ..စိတ်လှုပ်ရှားနေခဲ့တယိ..။ဒီသီချင်းကို နားထောင် နေရင်းနဲ့ သူတောငိမှ ငိုခဲ့ရတာပါ..။

ဒီ ခံစားချက်က..တကယ်ကို အံ့ဩစရာပါပဲ..။

…

အစီစဥ် တင်ဆက်သူ ချီဝေဟာ ပြောလိုက်တယ်..။

"အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲက..အဆုံးသတ်ကို ရောက်ရှိလာပါပြီ..။ပရိတ်သတ်တွေ...ဒိုင်တွေနဲ့..အံ့ဩစရာကောင်းလောက်အောင် ​ဖျော်ဖြေသွားကြတဲ့..ပြိုင်ပွဲဝင်တွေကို ကျေးဇူးတင်ပါတယ်..။ပိုပြီး ကောင်းမွန်တဲ့ အစီစဥ်တွေ ကြည့်ရူနိုင်ဖို့..ရှန်ဟိုငိး TV ကို စောင့်ကြည့်ပေးကြပါ.."

အသန်မာဆုံးကောင်းကင် သံစဥ် အစီစဥ်ဟာ ရှန်ဟိုင်း TV အတွက် အမြင့်မားဆုံး..ကြည့်ရူနှုန်းကို ရောက်ပြီး ပြီးဆုံးသွားခဲ့တယ်..။

ကျိုးလီ ကြောလိုက်ပါတယ်..။

"ဆရာလင်း..ဆိုသွားတဲ့ သီချင်းက တကယ်ကို ကောင်းမွန်တာပဲ..."

လင်းဖန် တည်ငြိမ်စွာ ပြုံးပြီး ပြောလိုက်တယ်..။

"ဒါက မဆိုးပါဘူး..."

ဟောင်ဂျင်ရှင်း ဘေးနားမှာ ရပ်ပြီး ပြောလိုက်တယ်..။

"စားသားတွေက တကယ်ကို အံ့ဩစရာပဲ..။ဒါပေမဲ့ ဆရာလင်း ရဲ့ အသံက ပိုပြီးတောင် အံ့ဩဖို့ကောင်းသေးတယ်..။ဆရာလင်း ရဲ့ အသံက ဒီလောက်တောငိ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.."

လင်းဖန် ရယ်မောလိုက်ပြီး..ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။

ဒါက စွယ်စုံကျမ်းရဲ့ ဆန်းကျယ်မူတွေပါ..။စွယ်စုံကျမ်းရဲ့..အားဖြည့်မူသာ မပါရင်..သူ ဒီလို တုန့်ပြန်မူ ကို ရခဲ့မှာ မဟုတ်ပေ..။

ဝမ်မင်ယန် သီချင်းကို ကြားတဲ့ အချိန်မှာ. မျက်လုံးတွေ နီရဲလာပြီး မယုံကြည်နိုင်ခဲ့ပေ..။ပြီးသွားတဲ့ အချိန်မှာ..သူ လင်းဖန် ဆီကို..ပြေးသွားလိုက်ပြီး...

"ချီးပဲ..ညီအစ်ကို..။မင်းက ဒီလောက် သီချင်းဆိုကောင်းတာ ဘာလို့ ငါ့ကို မပြောတာလဲ..။မင်းသာ ငါ့ကို ပြောမယ် ဆိုရင်..ငါ တစ်ခြားလူတောင် လိုတော့မှာ မဟုတ်ဘူး..။မင်းကို အခွေထုတ်ပေးလိုက်တာနဲ့တင်..တစ်ကမ္ဘာလုံးကို ထိုးဖောက်နိုင်နေလောက်ပြီ.."

"နိမ့်ချပြီးနေ...နိမ့်ချပြီးနေ..."

လငိးဖန် နိမ့်ချစွာ ပြောလိုက်တာပါ..။

"ကျုပ်သာ ဂီတလောကထဲဝင်လိုက်ရင် တစ်ခြားလူတွေ ထမင်းငတ်ကုန်မှာပေါ့..။ကျုပ် သာ ဒီနေ့

ဒီအစီစဥ်မှာ မပါရဘူးဆိုရင်..သီချင်း ဆိုဖြစ်ဦးမှာ မဟုတ်သေးဘူး..."

ဝမ်မင်ယန် လင်းဖန်ကို ဆုပ်ကိုင်ပြီး ပြောလိုက်တယ်..။

"လာ..အခု သွားကြရအောင်..."

"ဘယ်ကိုလဲ.."

လင်းဖန် ကြောင်အသွားခဲ့တယ်..။ဝမ်မင်ယန် ရဲ့ မျက်လုံတွေက..ထူးဆန်းနေပြီး အနည်းငယ် ကြောက်ဖို့ ကောင်းနေခဲ့ပါတယ်..။

ဝမ်မင်ယန်..စိတ်လှုပိရှားစွာ ပြောလိုက်တယ်..။

"ဘယ်ကို ဖြစ်နိုင်ဦးမှာလဲ...ငါ့ရဲ့ ရုံးခန်းကိုပေါ့..။မင်း စာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့..အကြီးကျယ်ဆုံးအနုပညာရှင်ဖြစ်လာတော့ မှာလေ..။မင်း အမ်ဘမ်လ်တွေ ထုတ်ပြီး ကမ္ဘာ့ကြီးကို ဖြန့်ဝေရတော့မှာ.."

"ချီးပဲ ခင်ဗျား ဘာလုပ်ချင်နေတာလဲ..။ကျုပ် သီချင်း ဆိုတာ ဝါသနာ မပါဘူး."

သူ ဝမ်မင်ယန် လောက် မတွေးခဲ့ပေ..။ဒီငနဲက..တကယ်ကို အတွေးလွန်နေတာပါ..။

သိူ့ပေမယ့် သူပြောတာက အဓိပ္ပါယ်တော့ ရှိပါတယ်..။

လက်ရှ်ိ သူ့ရဲ့..စွမ်းဆောင်ရည်နဲ့ဆိုရင် အယ်ဘမ်လ် တစိခု ထုတ်ဝေရင်တောင် တစ်ကမ္ဘာလုံးကို လွမ်းမိုးသွားနိုင်ပါတယ်..။

ဒါပေမဲ့..မာစတာလင်းက အောင်မြင်မူကို လိုချင်တဲ့လူလား...။

ကျိန်းသေ မဟုတ်ပါဘူး..။

"ဒီလို မလုပ်စမ်းပါနဲ့ ညီအစ်ကို ..။သေချာ တွေးကြည့်စမ်းပါဥှီး..။ငါတို့ နှစ်ယောက်သာ လက်တွဲလိုက်ရင် စိန်ခေါ်နိုင်တဲ့လူ ရှိမှာ မဟုတ်တော့ဘူး..။ငါ ပြောပြမယ်...."

ဝမ်မင်ယန် လင်းဖန် ထွက်ပြေးဖို့ လုပ်နေတာကို ကြည့်ပြီး တောက်ကနေ အမြန်လိုက်ရှင်းပြဖို့ လုပ်လိုက်ပါတယ်..။

ဟောငိဂျင် ရှင်းနဲ့ ကျန်တဲ့လူတွေဟာ ဒါကိုမြင်ပြီးဟအကူညီမဲ့စွာ သင်ပြင်းချလိုက်တယ်..။

အထူးသဖြင့် ဟောငိဂျင်ရှင်းဟာ အစောက..သူ ပြောမိခဲ့တဲ့ စကားတွေကို ပြန်တွေးမိပြီး ရှက်ရွံ့သွားခဲ့ပါတယ်..။

ဒါက..ကျွမ်းကျင်ပညာရှင် ရှေ့မှာ ဟိတ်ဟန် သွားပြသလိုပဲ..အတော်ကို ရှက်ဖို့ကောင်းတဲ့ အရာပါ..။

ဟောင်ဂျင်..။

ယွန်ယွဲ့ယောင် ဝမ်းနည်းသွာ ငိုကြွေးနေခဲ့တယ်..။သူမရဲ့ မိန်းကလေး..သူငယ်ချင်းတွေကိုတောင် ဂရုမစိုက်နိုင်တော့ပါဘုး..။

သူမ ရဲ့ သူငယ်ချင်း တစ်ယောက် ဟာ ပြောလိုက်တယ်..။

"ယွဲ့ယောင်..နင့်ရဲ့ ကောင်လေး ဆိုသွားတာက..အရမ်းကောင်းပါလား..။သူက လူတိုင်းကိုတောင် ငိုအောင် လုပ်နိုင်တယ်..။နောက်လ ငါ့ရဲ့ မွေးနေ့ကြရင် သူ့ကိုခေါ်ပြီး သီချင်း ဆိုခိုင်းလို့ ရနိုင်မလား..."

ယွန်ယွဲ့ယောငိ ကြောင်အသွားခဲ့တယိ..။အစ်ကိုလင်း သီဆိုသွားတဲ့ သီချက်းက..တကယ်ကို ကောင်းမွန်နေခဲ့တာပါ..။

သို့ပေမယ့်..သူမ သူငယ်ချင်းတွေ..က အစ်ကိုလင်းကို သူမရဲ့ ကောင်လေးလို့..ပြောတာကို မငြင်းပယ်ခဲ့ပါဘူး..။သူမ စိတ်ထဲကနေတောငိ ကျေနပ်နေမိခဲ့ပါတယ်..။

…

ရှန်ဟိုင်း..။

လူလိမ်ထျန် ပြောလိုက်တယ်..။

"ချီးပဲ..ဒီကလေးက သီချင်းဆိုတာ တကယ်ကောင်းပါလား..။ငါ့လို အဖိုးကြီးတောင်..မျက်ရည်တွေ ကျမ်ိတယ်..။ဒါတော့ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ..."

ဝူတန်ဟီကလည်း အသက်ကြီးနေပြီ ဖြစ်ပြီး..ငယ်ရွယ်တဲ့ လူတွေလို လွယ်လွယ်ကူကူ မခံစားတတ်တော့ပါဘူး..။

သို့ပေမယ့်..စွယ်စုံကျမ်း ရဲ့စွမ်းအားတွေကြောငိ့..သူ့နှလုံးသားကိုတောင် ..ရိုက်ခတ်ပြီး ခံစားရလွယ်ကူစေခဲ့ပါတယိ..။

လင်းဖန် ကတော့ သူဆိုတဲ့ သီချင်းကြောင့် ဒီနေ့ လူတွေ အများကြီး ငိုခဲ့ရတာကို မသိပေ..။သူ သီဆိုတဲ့အသံကို ကြားလိုက်တာနဲ့..တစ်ခြားလူတွေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး..။

စွယ်စုံကျမ်းကရဲ့..စွမ်းရည်တွေက..အံ့ဩဖို့ကောင်းသလို ထိပ်လန့်ဖို့ပဲ..ကောင်းပါတယ်..။

A Valiant Life 757

အပိုင်း ( ၇၅၇ )

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

အင်တာနက်မှာ သတင်းတွေ နာပျံ့နေခဲ့တယိ..။

ပုံမှန်အားဖြင့်..အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲက..ပေါ်ပြူလာဖြစ်တယ် ဆိုပေမယ့်.ဒီလောက်အထိ တော့ သတင်းတွေ တက်လေ့မရှိပါဘူး..။သိူ့ပေမယ့်..ဒီနေ့ကတော့ မတူညီပေ..။အင်တာနက် စာမျက်နှာ တစိခုလုံး..အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲနဲ့ ဖုံးအုပ်နေခဲ့တာပါ..။

"ရှန်ဟိုင်း TV က ပိုက်ဆံတွေ အတော်ကို ပေါနေတာပဲ..။သူတို့..တကယ်ပဲ..သတင်းတွေ အများကြီးကို ဝယ်ယူထားတယ်..။ဒါက တကယ်ရော လိုအပ်လို့လား..."

"ဒါက ဖိုင်နယ် ဆိုရင်တောင် အဲလောက်အထိတော့ မလိုဘူးလေ..."

"အသန်မာဆုံးကောင်းကင် ပြိုင်ပွဲရဲ့ အဆုံးသတ်က တကယ်ကို အကောင်းဆုံးပဲ..။မာစတာလင်းရဲ့ နှုတ်ဆက် အနမ်း သီချင်းက အကုန်လုံးကိုငိုစေခဲ့တယ်..."

"မာစတာလငိး..အကုန်လုံးကို ငိုရအောင် ဘယ်လိုတွေများ လုပ်ခဲ့တာလဲ မသိဘူး..."

"မာစတာလင်းက..မဖြစ်နိုင်တာတွေကိုပဲ..လုပ်နေခဲ့တာ..။မင်းတို့တွေ မာစတာလင်း မနေ့က ဆိုသွားတဲ့ သီချင်းကို နားမထောင်ရသေးရင် တကယ်ကို နောင်တရလိမ့်မယ်.."

…

အင်တာနက် တစ်ခုလုံး ဒီသတင်းတွေနဲ့ပဲ..ပြည့်နှက်နေခဲ့ပါတယ်..။မသိသေးတဲ့ လူတွေကတော့..ဘာတွေဖြစ်နေမှန်း မသိကြသေးပါဘူး..။ဒါက တကယ်ကို ကြောက်စရာပါ..။

သတင်း အယ်ဒီတာ တွေက..ဆေးမှားစားလာတာလား..။

အသန်မာဆုံးကောင်းကင် သံစဥ် ပြိုင်ပွဲက ပြီးသွားပြီ ဖြစ်ပြီး ချန်ပီယံလည်း ပေါ်လာခဲ့ပါပြီ..။သို့ပေမယ့်..ရှက်စရာ အခြေအနေ တစ်ခုက..ချန်ပီယံ အကြောင်း သတင်းတွေက..မရှိသလောက်ကို နည်းနေတာပါပဲ..။

မနက်နိုးတာနဲ့ ချန်းယူအန်းဟာ..သတင်းတွေကို ကြည့်လိုက်ပအတယိ..။သူ..အသန်မာဆုံးကောင်းကင် သံစဥ် ရဲ့ သတင်းတွေ ပြည့်နေတာ မြင်တဲ့ အချိန်မှာ ပျော်သွားခဲ့တယ်..။သို့ပေမယ့်..သူ အနီးကပ် ကြည့်လိုကိတဲ့ အချိန်မှာ အကုန်လုံးက မာစတာလင်းရဲ့ သီချင်းဖြစ်နေတာကို မြင်ပြီး ကြောင်အသွားခဲ့ပါတယ်..။

ဒါက ဘယ်လို အရာမျိုးလဲ...။

ငါက ချန်ပီယံ မဟုတ်ဘူးလား..။ဘာလို့..ငါ့အကြောင်းက သတင်းတွေမှာ ပါမလာရတာလဲ..။

သတင်းဌာန အချိုကသာ..သူ့အကြောင်း တင်ထားတာ တွေ့လိုက်ရပါတယ်..။ဒါကိုတွေ့လိုက်တဲ့ အချိန်မှာ သူ ပျော်သွားခဲ့တယ်..။သူ ကျန်တာတွေ ဂရုမစိုကိပေ..သူ့အကြောင်း သတင်းမှာ ပါလာတယ် ဆိုရင်ပဲ..ဒါက လုံလောက်ပါပြီ..။

ဝိုက်ဘို၏ အဓိက စာမျက်နှာတွင်..။

"ချီးပဲ..ဒီမာစတာလင်းရဲ့ အသံက တကယ်ကို ကြောက်ဖို့ကောင်းတယ်..."

"ဟားဟား..မင်းတို့ နားထောင်လိုက်ရတာလား..။ငါက ကိစ္စတစ်ခု ရှိနေလို့ နားမထောင်လိုက်ရဘူး..။မဟုတ်ရင် အိပ်ပျော်မှာ မဟုတ်တော့ဘူး.."

"မင်းဘာပြောတာလဲ..။မင်းတကယ် နားမ​ေထာင်ရသေးတာလား..။ဒါက တကယ် နောင်တရ စရာပဲနော်..."

"မာစတာလင်းရဲ့ အသံက အကုန်လုံးကို ဆွံအစေခဲ့တာပဲ..။ဒီအသံမျိုးက ဖြစ်ရောဖြစ်နိုင်လို့လား..."

"ကောင်းကင်နဲ့ မြေကြီး ငါ့ကို ကယ်ပါဦး..။ငါ ဒီလောက် အသက်ကြီးနေပြီ လွန်ခဲ့တဲ့ ၁၀ နှစ်လုံး လုံဝ မငိုခဲ့ဘူး..။ဒါပေမဲ့ မနေ့ညက ငါတကယ် ငိုခဲ့ရတယိ..."

"ချီးပဲ..မင်းတို့ အကုန် အတုအယောင်တွေ..။သီချင်းတစ်ပုဒ်က ဒီလောက်အထိ ဖြစ်စရာလိုလို့လား.."

"မင်း မယုံဘူးဆိုရင်လည်း ကိုယ်တိုင်နားထောင်ကြည့်လိုက်..။ပြီးရင် နားလည်သွားလိမ့်မယ်...x

ရုံးခန်းတစ်ချို့တွင်..။

ဝမ်ဟွား..က..သာမန် ရုံးဝန်ထမ်း တစ်ယောက်ပါ..။သူ ပျင်းတဲ့ အချိန်ဆိုင်း..ဘာဝိုက်ဘို စာမျက်နှာကို ဖတ်လေ့ရှိပါတယ်..။သူ ..ဝိုက်ဘိုရဲ့ အဓိက စာမျက်နှာကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။

ဒီလိုမျိုး...ခေါင်းကြီးပိုင်းတွေ အကုန်လုံးကို တစ်ပြိုငိတည်း နေရာယူဖို့က ဖြစ်နိုင်လို့လား...

ဘယ်လို သီချင်းမို့လို့ လူတိုင်းက နားထောင်လိုက်တာနဲ့ ငိုကြရတာလဲ..။ဘယ်သူ့ကို လိမ်ညာချင်နေကြတာလဲ..။

ဒီမှာ သီချင်း အရမ်းကောင်းကြောင်း ဆွေးနွေးမူတွေ ရှိနေကြပေမယ့်လည်း သူမယုံကြည်နိုင်သေးပါဘူး..။

မာစတာလင်းက တစ်ခြားနေရာတွေမှာ ကျွမ်းကျင်တယ် ဆိုရင်တောင် ဘယ်လိုလုပ်ပြီး..သီချင်းဆိုတဲ့နေရာမှာပါ..ကျွမ်းကျငိနေနိုင်မှာလဲ..။ရုံခန်းမှာ သီချင်းတစ်ပုဒ်ဖွင့်တယ် ဆိုတာက..အရမ်းမကျယ်ပဲ..တစ်ခြားလူတွေကို အနှောက်အယှက်မဖြစ်ဘူး ဆိုရင် ဒါက ပုံမှန်ပါပဲ..။

သို့ပေမယ့်..သူ့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တော့.အသိပေးလိုက်ပါသေးတယ်..။

"ငါ သီချငိးတစ်ပုဒ် ဖွင့်ကြည့်မလို့..။တကယ်လို့ မင်းတို့ အဆင်မပြေဘူးလိူ့ ခံစားရမယ် ဆိုရင်ပြောပါ.."

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့ဟာ ရယ်မောပြီးမေးလိုက်တယ်..။

"ဘယ်သူ့ သီချင်းလဲ.."

"မာစတာလင်း.."

ဝမ်ဟွား စကားတွေ အများကြီး မပြောတော့ပဲ..ကီးဘုတ်နဲ့ ရိုက်ရှာလိုက်ပါတယ်..။သူ ခနလောက် ရှာပြီးတဲ့နောက်မှာ..သီချင်းကို တွေ့လိုက်ရတယ်..။

ဒါကို လူတစ်ယောက်က..ပြိုင်ပွဲမှာ မာစတာလငိးဆိုတဲ့ အပိုင်းကို ဖြတ်ထုတ်ထားခဲ့တာပါ..။ခေါင်းစဥ်က ပိုပြီးတောင် စိတ်ဝင်စားဖို့ကောင်းလှပါတယ်..။

"ငါ ဒီ ဗီဒီယို ကလစ်ကို လုပ်နေတုန်းတောင် မျက်ရည်တွေ ကျနေခဲ့ရတယ်..။သီချင်းကို နားထောင်ပြီးရင်တော့ ကျေးဇူးပြုပြီး လိုက်ခ် ပေးခဲ့ပါ.."

ဝမ်ဟွားကို ပိုပြီး သိချင်စေခဲ့တာကတော့..သူ့အောက်မှာ ရှိနေတဲ့ မှတ်ချက်တွေပါပဲ..။

"ငါတကယ် ကြိုက်နေပြီ..."

"မင်းက အံ့ဩဖို့ကောင်းတာပဲ..!

"တကယ် အမေးဇင်းပဲ..။ဒါကို နားထောင်နေရင်း ငါငိုနေလို့ ဘေးနားက လူတောင် ငါ့ကို အရူးတစ်ယောက်လို ကြည့်နေခဲ့တယ်.."

"ငါတောင်းပန်ပါတယ်.။သူဆိုထားတဲ့ နောက်ထပ် သီချင်းတွေ ရှိသေးလား.."

ဝမ်ဟွားခေါင်းခါယမ်းလိုက်တယ်..။ဒီလူတွေက တကယ် ချဲ့ကားနေကြတာပါ..။ချဲ့ကားနေတဲ့ ခွေးသား တစ်သိုက်..။ယင်းနောက် သူ သီချင်းကို စဖွင့်လိုက်တယ်..။

ဒီမှာ..ဘာ သံစဥ်မှ မပါပါဘူး..။

အဲ့အချိန်မှာ အကုန် တိတ်ဆိတ်နေခဲ့ပါတယ်..။

ရုတ်တရက်..သီချင်းစတင်ပွင့်လာခဲ့တယိ..။ရုတ်တရက် ဝမ်ဟွား မယုံကြည်နိုင်ဖြစ်ပြီး ကြောင်အသွားခဲ့ပါတယ်..။

အစကတော့..သူ့ လုပ်ဖော်ကိုင်ဖက် တွေဟာ ကီးဘုတ်တွေ ရိုက်နေခဲ့ကြတာပါ..။သို့ပေမယ့် သူတို့ရဲ့ ကီးဘုတ်သံတွေဟာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး..အကုန်လုံးဟာ အာရုံစိုက်လာခဲ့ကြပါတယ်..။

သူတို့ ပိုပိုပြီး..စိတ်ခံစားလာခဲ့ပြီး ဆက်လက်နားထောင်နေခဲ့ကြတယ်..။

*မျက်ရည်*

သူတို့ စတင်ငိုကြွေး နေခဲ့ကြပါပြီ..။

ဝမ်ဟွား မျက်လုံးကို ပွတ်လိုက်တဲ့ အချိန်မှာ အမှန်တကယ် မျက်ရည်တွေ ရှိနေခဲ့တယ်..။

ဒါက လုံးဝ ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး..။ဒီသီချင်းသံက..သူတို့ရဲ့ အားအနည်းဆုံးနေရာကို..စိုက်ဝင်သွားသလိုပါပဲ..။

သီချင်း ပြီးဆုံးသွားခဲ့တယ်..။

ရုံးခန်းတစ်ခုလုံး..တိတ်ဆိတ်နေခဲ့ပါတယ်..။ယင်းနောက်..သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟာ အလျင်အမြန်မေးလိုက်တယ်..။

"ဝမ်ဟွား သီချင်းနာမည်က ဘာလဲ..။ငါဘာလို့ အရင်က မကြားဖူးကတာလဲ..။ဒါက တကယ်ကောင်းလွန်းတယ်.."

အင်တာနက်ကလူတွေ ဘာပြောနေကြတာလဲ ဆိုတာကို ဝမ်ဟွား နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ..။

"ဒါက ဆရာလင်း..အသန်မာဆုံးကောင်းကင်သံစဥ် မှာ ဖျော်ဖြေခဲ့တဲ့ နှုတ်ဆက်အနမ်း သီချင်းပဲ..။ဒီမှာဘာ သံစဥ်မှတောင် မပါဘူး.."

သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ..သီချင်းနာမည်ကို ကြားတာနဲ့ အင်တာနက်ကနေ ရှာဖွေပြီး ထပ်ခါ ထပ်ခါနားထောင်လိုက်ကြပါတယ်..။

အကုန်လုံး သီချင်းထဲမှာ နစ်မြုပ်သွားခဲ့ကြတယ်..။

…

အင်တာနက်..။

ဂီတလောကရဲ့ အထင်ကရ ပုဂ္ဂိုလ် တွေဟာ..နိုးလာကြတဲ့ အချိန််မှာ..အင်တာနက် တစ်ခုလုံးပွက်လောရိုက်နေတာကို သိလိုက်ကြတယ်..။

အမြဲတမ်း ခေါင်းကြီးပိုင်းမှာ ပါဝင်နေကြဖြစ်တဲ့ ဆယ်လီ တွေဟာလည်း..ဒီသတင်းတွေကို မြင်ပြီး မသာမယာဖြစ်ကာ..သူတို့ရဲ့ နေရာကို ခိုးယူခံရသလို ခံစားနေကြရပါတယ်..။

ထပ်ပြောရရင်..ဂီတလောကရဲ့..လူတော်တော် များများက..ဒီလိုတွေ ဖြစ်နေတာကို သိပ်မကြိုက်ကြပါဘူး..။

အကောင်းဆုံးအသံ...။

အကောင်းဆုံး စာသား..။

အကောငိးဆုံး သီချင်း..။

သူတို့ဒီလို ခေါင်းစဥ် တွေကိုအပြင်လူတစ်ယောက်က ရသွားတဲ့အပတွက် မပျော်ရွှင်ကြပေ..။

ကိုယ်ခံပညာမှာသာ.. နံပါတ် တစ် ရှိနိုငိပေမယ့်..စာပေမှာတော့ နံပါတ် တစ် မရှိနိုင်ပါ ဘူး.။

သီတို့အတွက်တော့ ဂီတ ဆိုတာ စာပေ တစ်ခုလိုပါပဲ..။

တစ်စုံတစ်ယောက်က...ဘယ်လောက်ပဲ အသံကောင်းနေပါစေ..ဆိုးနေပါစေ..သူ့ကိုယ်သူ အကောင်းဆုံးလို့ လုံးဝ ပြောလို့မရပေ..။

ဒါက ဘာလို့လဲ ဆိုတော့ သီချင်းတစ်ပုဒ်ထွက်လာပြီ ဆိုရင် ကြိုက်တဲ့လူ ရှိသလို မကြိုက်တဲ့လူလဲ..ရှိနေလို့ပါပဲ..။ဒါကြောင့် တစ်စုံတစ်ယောက်က..သူ့ရဲ့ သီချင်းက ရလာဒိတွေကောင်းနေတယ် ဆိုရင်တောင် နိမ့်ချပြီးနေဖို့ လိုအပ်ပါတယ်..။

အဲ့အချိန်မှာတော့ သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ..။

သူတို့..ဂီတလောက သမား တွေ စုပေါင်းထားတဲ့ ဂရုထဲကနေ စာပို့လိုက်ကြတယ်..။

"မောက်မာလွန်းတယ်..။ဂီတလောက ရဲ့ အကောင်းဆုံး သီချင်းဆိုပါလား...။ဒါကဟာသတစ်ခုမဟုတ်ဘူးလား..."

"ဒီနေ့ခေတ်မှာဒီလိုလူတွေက..အများကြီးပဲ..။မေ့ထားလိုက်..."

"မာစတာလင်း ဆိုရင်တောင် သူ ဒီလို မောက်မာလို့ မရဘူးလေ..။ငါတို့ သူ့ကို ပညာပေးမှ ရမယ်.."

ဆွေးနွေးမူတွေက ပိုပြင်းထန်လာခဲ့ပါတယိ..။သူတို့..ဒီလို သက်သေမပြနိုင်တဲ့ အရာကြောင့်..စိတ်ရှုတ်ရတာတော့ အမှန်ပါပဲ..။

သို့ပေမယ့် အဲ့အချိန်မှာပဲ...။

"ဆရာတို့...ဒီသီချင်းကို နားထောင်ပြီးကြပြီလား.."

"ဟင့်အင်.."

"ငါတို့က ဘာလို့နားထောင်ရမှာလဲ.."

"ဘယ်လောကိကောင်းနိုင်မှာမို့လို့လဲ..။ငါ ဂီတလောကမှာ ကျင်လည် လာတဲ့ ၁၀ နှစ်လုံး စာသားပေါင်းများစွာ နဲ့ သီချင်းပေါင်းများစွာကို နားထောင်လာခဲ့ပြီးပြီ..."

"ဆရာတို့ မှတ်ချက်မပေးခင်..သီချင်းကို..အရင်နားထောင်ကြည့်ကြပါ..။မဟုတ်ရင် ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်နော်..."

"အဲ့ခွေးသားလေးကို ဂရု က ထုတ်လိုက်..။ဘယ်မှာလာပြီး စာလာ သင်နေတာလဲ.."

"ကျွန်တော် ထုတ်ပစ်လိုက်ပြီ..."

ဂရု ခေါင်းဆောင်ဟာ ချက်ချင်းထုတ်ပယ်ပစ်လိုက်ပါတယ်..

သို့ပေမယ့် ဂရုထဲက ..ကျော်ကြားတဲ့..အဆိုတော် တစ်ချ်ို့ဟာ သီချင်းကို နားထောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်..။

သူတို့ သီချင်းကို နားထောင်လိုက်တဲ့ အချိန်မှာ အကုန်ညိမ်သွားခဲ့ကြတယ်..။ဘယ်သူကမှစကားတစ်ခွန်း တောင် မပြောခဲ့ကြတော့ပါဘူး..။

လင်းဖန်ကို ပြစ်တင်ထားတဲ့...နာမည်ကြီး အဆိုတော် တစ်ချို့တောင် ပိုစ့်ပြန်ဖျက်လိုက်ကြပါတယ်..။ဒါက ဘာမှမဖြစ်ခဲ့တဲ့ အတိုင်းပါပဲ..။

A Valiant Life 758

အပိုင်း ( ၇၅၈ ) အားလုံးအဆင်ပြေတယ်..

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

လင်းဖန် ရောက်လာတာနဲ့ ဆိုင်ပိုင်ရှင်တွေရဲ့..ဝန်းရံမူက်ို ခံလိုက်ရတယ်..။

"သူဌေးလေး..မင်း ငါတို့ကို တာဝန်ယူရတော့မယ်.."

"ဟုတ်တယ်..ငါတို့က မင်းရဲ့ ရှိုးပွဲကို အားပေးခဲ့ကြ​ပေမယ့် မင်းက ငါတို့ကို ငိုအောင် လုပ်ခဲ့တယ်လေ.."

"မင်း ငါတို့ကို နောက်တစ်ခါ ဆိုပြရင်ရော ဘယ်လိုလဲ..။ဒါဆိုရင် ငါတို့လည်း အားပေးရကျိူး နပ်သွားပြီလေ..."

လင်းဖန် ပါးစပ် အဟောင်းသားနဲ့ ကြည့်နေခဲ့တယိ..။

"ခင်ဗျားတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ..။ခင်ဗျားတို့က ဒီကို သီချင်းလာဆိုခိုင်းနေရအောင်..ဆိုင်မှာ အလုပ်ပြန်မလုပ် ကြတော့ဘူးလား..."

လင်းဖန် သူ့ရဲ့..အိမ်နီးချင်းတွေကြောင့် အကူညီမဲ့နေခဲ့တယ်..။ဒါက သူ ဒီတိုင်း သီချင်းလေးတစ်ပုဒိဆိုခဲ့တာပဲ..မဟုတ်ဘူးလား..။အဲတာကို ဒီလောက်အထိ ဖြစ်နေဖို့ လိုလို့လား..။

"သူဌေးလေး..သာ ကျုပ်တို့ကို သီချင်းဆို့ပြမယ် ဆိုရင်..အလုပ်မလုပ်ရလဲ ဒါက အရေးမကြီးဘူးလေ.."

ဆိုင်ပိုင်ရှင် တစ်ယောက်က ပြောလိုက်တာပါ..။

"ချီးပဲ.."

လင်းဖန် အနည်းငယ် စိတ်မရှည်ဖြစ်နေခဲ့တယ်..။ဒီလူတွေက..ကိစ္စလေးကို..မကြီးကြီးအောင် လုပ်နေကြသလိုပါပဲ..။

"အားလုံး သွားကြတော့..။ကျုပ် နောက်တစ်ခါမှ ဆိုပြမယ်..."

လင်းဖန် မထင်မှတ်ထားတဲ့ အခြေအနေကြောင့် အကူညီမဲ့နေခဲ့တယ်..။သူ အင်တာနက် ပေါ်က အခြေအနေတွေကို ကြည့်မိတဲ့ အချိန်တုန်းကလည်း တကယ်ကို ကြောက်စရာပါပဲ..။

အရင်တုန်းက သူက သီချင်းစာသားတွေသာ ရေးခဲ့ပြီး ကိုယ်တိုင် မဆ်ို ခဲ့ပေ..။

ဒါကြောင့်..တစ်ခြားလူတွေက..သူ့အပေါ် သိပ်ပြီး စိတ်မရှိကြပါဘူး..။သို့ပေမယ့်..မနေ့က..ကိစ္စအပြီးမှာတော့ အကုန်လုံးက..မာစတာလင်း သီချင်း ဘယ်တော့ ထုတ်မှာလဲ ဆိုတာကိုပဲ..စဥ်းစားနေခဲ့ကြပါတယ်..။

လင်းဖန် ကိုယ်တိုင်က..ကျော်ကြားတဲ့ အဆိုတော်ကြီးဖြစ်မလာချင်ခဲ့ပေ..။သူ ဒီလို သီချင်းဆိုတဲ့ အလုပ်ကို ဝါသနာကို မပါပါဘူး..။

အရင်တုန်းကလို အေးဆေးတဲ့ နေ့ရက်တွေ ဘယ်ရောက်သွားတာလဲ..။

ငါ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလား...

ထပ်ပြောရရင်...သူ့ ညီအစ်ကို ဝမ်မင်ယန်ကတောင် သူ့ကို သေလောကိအောင် တွန်းအားပေးချင်နေခဲ့တာပါ..။

အဆုံးမှာတော့ သူ ရွေးချယ်စရာ မရှိပဲ ..လက်လျော့ခဲ့ရတယ်..။သူ နှုတ်ဆက် အနမ်း သီချင်းကို သံစဥ် နဲ့ပါ တွဲဖက်ပြီး ထုတ်ဝေဖို့ သဘောတူခဲ့ပါတယ်..။ပြီးတဲ့ နောက်မှာတော့ ဒီလူ သူ့ကို ထပ်ပြီး မနှောက်ယှက်တော့ပါဘူး..။

အဲ့အချိန်မှာပဲ..ပန်ကိတ်ဝယ်ဖို့ လာကြတဲ့ မြို့သားတွေဟာ..လာရောက် တန်းစီပြီး အဆင်သင့် ဖြစ်နေခဲ့ကြတယ်..။

လင်းဖန် ရယ်မောလိုက်ပြီး..

"အားလုံးပဲ..စိတ်မပူကြပါနဲ့..မကြာခင် အဲ့သီချင်းက ထွက်လာတော့မှာပါ.."

မြို့သားတွေဟာ ပြောလိုက်တယ်..။

"သူဌေးလေး ဒီနေ့ ပန်ကိတ် မရောင်းရင်ရော ဘယ်လိုလဲ..။မင်း ငါတို့ကို သီချင်းဆိုပြလေ..အဲတာဆို ငါတို့ ပြန်သွားလိုက်မယ်..."

လငိးဖန် ကြောင်အသွားခဲ့တယ်..။ဒီလို လည်း အလုပ်ဖြစ်တာပဲလား...။

သို့ပေမယ့်..သူကိုယ်တိုင်လည်း ပန်ကိတ်ရောင်းချင်သေးတော့ ဒါမျိုးမလုပ်ချင်ပါဘူး..။

"ကျုပ် ဒီနေ့တော့ သီချင်းဆိုမှာ မဟုတ်ဘူး..။နောက်ရက် အနည်းငယ် ဆိုရင်..သီချင်းထွက်လာလိမ့်မယ်..။ဒါဆို ခင်ဗျားတို့ စိတ်ကြိုက်နားထောင်လို့ ရပြီ..."

လင်းဖန် ပြောလိုက်တာပါ..။

"တကယ်လား..."

တစ်ချ်ို့လူတွေက မယုံကြည်ချင်ကြပေ...။

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ကျုပ်ဘာလို့ ခင်ဗျားတို့ကို ညာရမှာလဲ..."

သိသာစွာပဲ..မြို့သားတွေ ဒါကိုကြားတဲ့ အချိန်မှာ..စိတ်လှုပ်ရှားသွားခဲ့ကြတယ်..။သူတိူ့ သူဌေးလေးရဲ့..သီချင်းကြောင့်.. အတော် ခံစားခဲ့ကြရပြီး..ထပ်ခါတလဲလဲတောငိ နားထောင်ချင်နေခဲ့ကြပါတယ်..။

သူ့ သီချင်းကို နားထောင်ပြီးနောက်မှာ..တစ်ခြားသီချင်းတွေတောင် သိပ်ပြီး မတိုးတော့ပါဘူး..။

လင်းဖန်..သူ့အလုပ်ပြီးသွားတဲ့ အချိန်ကြမှ စိတ်သက်သာရာ ရသွားခဲ့တယ်.။

"ခင်ဗျားတို့ ဆိုင်ကို ကြည့်ထားလိုက်ဦး..ကျုပ်အပြင်ကို ခနသွားလိုက်ဦးမယ်.."

လင်းဖန် ပြောလိုက်တယ်..။ယင်းနောက်..သူ ကားပေါ် တက်ပြီး ဝမ်မင်ယန် ဆီကို ထွက်ခွာလိုက်ပါတယ်..။

သူ အလျင်အမြန်ပဲ..အသံသွင်းပြီး ထုတ်ဝေချင်နေခဲ့ပါပြီ..။ဒါမှလည်း သူ ဒီ ဒုက္ခက ကင်းလွတ်မှာ အသေအချာပါပဲ..။

စွယ်စုံကျမ်းရဲ့ အားဖြည့်မူက..အစွမ်းထက် တယ် ဆိုတာကို သိပေမယ့်လည်း ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ..။

သီချင်းတစ်ပုဒ်နဲ့တင်..သက်ရောက်မူ အကြီးကြီး ဖြစ်လာခဲ့ပါတယ်..။

အရှေ့ဘက် ဟန် အုပ်စု..။

"ဟဲလို မာစတာလင်း..."

ဧည့်ကြိုဟာ..လင်းဖန်ကို မြင်ပြီး ချက်ချင်း မတ်တတ်ထရပ်လိုက်တယ်..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဒါရိုက်တာ ဝမ်..ဒီမှာ ရှိလား..."

"ဟုတ်ကဲ့ ရှ်ိပါတယ်ရှင့်..."

ဧည့်ကြိုဟာ ​ပြန်ဖြေလိုက်ပါတယ်..။

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"အိုကေ..လုပ်စရာ ရှိတာ ဆက်လုပ်ပါ..။ကျွန်တော် တက်သွားလိုက်မယ်..."

ဧည့်ကြိုအနေ နဲ့ကတော့ မာစတာလင်းကို ကျိန်းသေ မှတ်မိပါတယ်..။ဒါက သူမတို့ သူဌေးရဲ့ သူငယ်ချင်းပါ..။ဒါကြောင့်..သူလာပြီ ဆိုရင် ဘာအတားအဆီးမှ မရှိပါဘူး.။

အထူးသဖြင့် မနေ့က မာစတာလင်း သီချင်းဆိုတာကို လူတွေ အများကြီး ကြားခဲ့ကြပါတယ်..။

သူမ ကိုယ်တိုင်တောင် မာစတာလင်းရဲ့..မိန်းကလေး ပရိတ်သတ်တစ်ယောက်ဖြစ်နေခဲ့ပါပြီ...။

ဝမ်မင်ယန် သဘောကျစွာ ရယ်မောပြီး ပြောလိုက်တယ်..။

"မင်းက ဘယ်သူ့ကို မကျေမနပ်ဖြစ်နေတာလဲ..။ငါတို့က ညီအစ်ကိုတွေပဲ..။မင်းက လွဲပြီး ဘယ်သူမှ ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး..။ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် မင်းရဲ့ သီချင်းက တကယ်ကို ကောင်းတာပဲ..။မင်းက ငါ့လူပဲ..ဟားဟား..."

"အိုကေ အိုကေ..တော်လိုက်တယ်..။အကုန် လူစုံပြီလား..."

လင်းဖန် မေးလိုက်တယပါ..။သူ့ရဲ့အဓိက ရည်ရွယ်ချက်က နှုတ်ဆက်အနမ်း သီချင်းကို အကောင်းဆုံး သံစဥ်နဲ့ အသံသွင်းပြီး အင်တာနက်ပေါ်တင်ဖို့ပါပဲ..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"ကိစ္စတွေကို ငါကိုယ်တွယ်လို့ရှ်ိရင် ဘယ်တော့မှ စိတ်မပူနဲ့..။ဒီမှာ ရှိနေကြတဲ့လူတွေက..ဝါရင့်တွေချည်းပဲ..။လာ..ရုံးခန်းထဲကို သွားရအောင်..."

ရုံးခန်းထဲတွင်..

ဝန်ထမ်းတွေဟာ အလုပ်ရှုပ်နေခဲ့ကြတယ်..။လင်းဖန် အခန်းထဲကို ဝင်လိုက်တဲ့ အချိန်မှာ..ဝန်ထမ်းတွေက သူ့ကို မတူညီတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို သတိထားမိလိုက်ပါတယ်...။သူတို့ မျက်လုံးထဲမှာတော့ လေးစားမူတွေ အပြည့်ပါပဲ..။

"ဆရာလင်း..."

"ဟဲလို..ဆရာလင်း..."

…

လငိးဖန်..က ငယ်ရွယ်ပေမယ့်လည်း..သူ့ရဲ့ အရည်အချငိးတွေက..ပြောစရာတောင် မလိုတော့ပေ..။ဒါက တကယ်ကို လေးစားစရာပါ..။

"အားလုံးပဲ..အနှောက်မယှက်ဖြစ်သွားလို့ တောင်းပန်ပါတယ်..။ကျုပ် သီချင်း သံစဥ် အတွတ် နုတ်တွေကို ရေးပေးမယ် ခင်ဗျားတို့က အဲ့အတိုင်း သံစဥ် ဖန်းတီးပေးကြပါ.."

လငိးဖန် ပြောလိုက်တယ်..။ယင်းနောက် သူ စာရွက်တစ်ရွက်ကို ယူပြီး နှုတ်ဆက်အနမ်း သီချင်းအတွက် သံစဥ် နုတ်တွေကို ချရေးလိုက်ပါတယ်..။

လူတိုင်းဟာ..လင်းဖန်ကို ကြောင်အစွာ ကြည့်နေခဲ့ကြပါတယ်..။

"ပြီးပြီ..."

လငိးဖန် အကုန်ချရေးပြီးနောက်မှာ ပြောလိုက်တယ်..။

ဝမ်မင်ယန် ဆွံ့အစွာ ပြောလိုက်ပါတယ်..။

"ဒါပဲလား..."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ခင်ဗျားက ဘာထပ်လိုချင်သေးလို့လဲ.."

ဝမ်မင်ယန် ကြောင်အစွာပြောလိုက်တယ်..။

"တကယ်လို့..ဒီသံစဥ်ကို ထည့်လိုက်ရင် ဒီသီချင်းက ပိုပြီးကောငိးလာနိုင်တာ သေချာတယ်မလား..."

ဝန်ထမ်းတစ်ယောက်ဟာ ပြောလိုက်တယ်..။

"တကယ်တော့ ဒီသီချင်းက တကယ်ကောင်းတယ်..။ဒါပေမဲ့..မာစတာလင်း မဟုတ်ရင်..ဒီသီချင်းကို ဘယ်သူမှ..ဒီအဆင့်ကို ရောက်အောင် ဆိိုနိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး..။ပြီးတော့ တစ်ခြားအဆိုတော် တွေလည်း ဒီသီချင်းကို ကာဗာ ပြန်ဆိုရဲကြမှာ မဟုတ်ဘူး..။အဆိုတော် တွေ အများကြီးရှိတယ် ဆိုရင်တောင် သူတို့ထိရဲမှာ မဟုတ်ဘူးလေ..."

ဝန်ထမ်းတွေကတော့...ဒီလို သီချင်းမျ်ိုးကို မြင်တွေ့ခွင့်ရတာကတင် ကံကောင်းနေပြီလို့ မှတ်ယူနေခဲ့ကြပါတယ်..။

တစ်ခြားအဆိုတော်ကတော့ သူတို့ ဒီသီချင်းကို ဆိုချင်တယ် ဆိုရင်တောင်..ဆိုရဲကြမှာ မဟုတ်ပါဘူး..။ဒါက ကိုယ့်အရှက်ကို ခွဲသလိုပဲ ဖြစ်နေတော့မှာပါ..။

မူရင်းက အရမ်းကောင်းနေကြတဲ့ အချိန်မှာ..သူတို့ ကိုယ့်အရှက်ကို ခွဲမှာ မဟုတ်ပေ..။

လင်းဖန် ပြောလိုက်တယ်..။

"ကောငိးပြီလေ.. အတူတူ အလုပ်လုပ် လိုက်ကြရအောင်..."

"ဟင်..."

ဝန်ထမ်းတွေဟာ ကြောင်အသွားခဲ့တယ်..။

"မာစတာလင်းက..တည်းဖြတ်တာလည်း လုပ်တတ်တာပဲလား.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဒါပေါ့..ကျုပ်ဒါတောင် မလုပ်တတ်ရင် သီချင်းဘယ်လိုဆိုတော့မလဲ.."

ဝန်ထမ်းတွေဟာ ဘာမှ ပြန်မပြောပေမယ့် သံသယတော့ ရှိနေခဲ့ကြပါတယ်..။

သို့ပေမယ့် သိပ်မကြာခင်မှာပဲ..သူတို့ တစ်ယောက်ပြီး တစ်ယောက် ယုံကြည်လာခဲ့ကြတယ်..။

သူက ကျွမ်းကျင်သူတွေ ထက်တောင် ပိုပြီး ကျွမ်းကျင်နေခဲ့တာပါ..။

ဝမ်မင်ယန် ဂုဏ်ယူနေခဲ့တယ်..။ဒါက သူ့ရဲ့ ညီအစ်ကိုပါပဲ..။

ဒီကောင် ဘယ်အရာကို မလုပ်တတ်တာလဲ ဆိုတာ​ြို သူသိတောင် မသိတော့ပေ..။

တစ်နာရီ ကြာပြီးနောက်..။

ပြင်ဆင်မူတွေ အကုန်ပြီးသွားခဲ့တယ်....

ဝန်ထမ်းတွေဟာ လင်းဖန် ကို ဆွံ့အစွာ ကြည့်နေခဲ့ကြပါတယ်..။တကယ်လို့ သူတို့သာ ဆိုရင် နာရီ အနည်းင

ယ် ကြာမှာ ဖြစ်ပေမယ့် မာစတာလင်းကတော့ အချိန်အနည်းငယ်နဲ့ အလုပ်လုပ်သွားခဲ့တာပါ..။

အထူးသဖြင့်..ကျွမ်းကျင်သူတွေက ကောင်းပြီလို့ ပြောနေပေမယ့် မာစတာလင်းက မကျေနပ်သေးတာပါပဲ..။သူက ထပ်ပြီး ပြင်ဆင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်..။သူတို့အတွက်ကတော့..သံစဥ် အတွဲအဖက်က အတော်ကို ​ကောင်းနေခဲ့ပါပြီ..။

မာစတာလင်း ရဲ့ သတ််မှတ်ချက် နှုန်းထားတွေက အတော်ကို မြင့်မားတာပါ..။

A Valiant Life 759

အပိုင်း ( ၇၅၉ )

#ဘာသာပြန် = စနိုးဝှိုက်

စတူဒီယို ထဲတွင်..။

အကုန်လုံး ပြင်ဆင်ပြီးနေခဲ့ပါပြီ..။

စတူဒီယို အပြင်ဘက်မှာတော့ ဝန်ထမ်းတွေဟာ သီချင်စွာ စောင့်နေခဲ့ကြတယ်..။သူတို့က..ဒီသီချင်းထဲကို..သံစဥ်တွေ ပေါင်းထည့်ပြီးသွားရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာကို သိချင်နေခဲ့ကြတာပါ..။

လင်းဖန် လက်ကို မြှောက်လိုက်ပြီး..အိုကေ..လို့ အချက်ပြလိုက်တယ်..။

အဲ့အချိန်မှာပဲ..သံစဥ်က စတင်ထွက်ပေါ်လာခဲ့ပါတယ်..။

လင်းဖန် မျက်လုံးကို မှိတ်ပြီး..သီချက်စတင်ဆိုလိုက်တယ်..။

အဲ့အချိန်မှာပဲ..ဝန်ထမ်းတွေရဲ့ အမူအရာဟာ ပြောင်းလဲသွားခဲ့ပါတယ်..။သူတို့ ရင်ထဲမှာ ရှိတဲ့..ပူဆွေးမူတွေကို ..တစ်စုံတစ်ခုက ဆွဲထုတ်လိုက်သလိုပါပဲ..။

အဲ့အချိန်မှာတော့ လူတိုင်း မျက်ရည်တွေ ကျလာခဲ့တယ်..။

အပြင်ဘက်မှာ ရှိနေတဲ့ ..လူတွေကတော့ တည်ငြိမ်စွာ ပဲ..ဒီထူးဆန်းတဲ့ မြင်ကွင်းကို ကြည့်နေခဲ့ကြတယ်..။သူတို့ အပြင်ဘက်ကနေ သီချင်းကို မကြားရပေမယ့်..ဝန်ထမ်းတွေရဲ့ အမူအရာကို ကြည့်ပြီး..ဒီသီချင်းက သန်မာတဲ့ စိတ်ခွန်အားပေးတယ် ဆိုတာ သိနိုင်ပါတယ်..။

"အရမ်း ကောင်းလွန်းတယ်.."

ဝန်ထမ်းတစ်ယောက်က ရေရွတ်လိုက်တာပါ..။သူ မျက်ရည်ကို မထိန်းနိုင်ခဲ့ပေ..။ဒီလို ဆိုရင်တောင်မှ..သူက သူ့အလုပ်ကို ဆက်လုပ်နေပါသေးတယ်..။ဇ

တကယ်လို့ အပြင်လူတွေ မြင်ရင် ကျိန်းသေ အံ့ဩမိကြမှာပါ..။သူတို့ရဲ့ အမူအရာတွေက တကယ်ကို ချဲ့ကားနေကြသလိုပါပဲ..။

လင်းဖန် သီချင်းက အခုမှ ပိုကောင်းလာသလို ခံစားလိုက်ရတယ်..။အထူးသဖြင့်..သီချင်းရဲ့ အဓိက နေရာ တွေကို ရောက်တဲ့ အချိန်မှာပါ..။သူတောင်မှာ..ခံစားချက်တွေက..ပြောင်းလဲ နေတာကို ခံစားမိပါတယ် .။

သီချင်းပြီးသွားခဲ့တယ်..။

ဒါက လုံးဝကို ပြီးပြည့်စုံတဲ့ အဆုံးသတ်ပါပဲ..။

လင်းဖန် သူ့ ရဲ့ နားကြပ်ကို အောက်ဘက်ချလိုက်ပြီး ပြုံးကာ ပြောလိုက်တယ်..။

"ဘယ်လိုလဲ..ပြန်နားထောင်ကြည့်ရအောင်.."

ထိုင်ခုံတွေမှာ ထိုင်ပြီးနားထောင်နေကြတဲ့..ဝန်ထမ်းတွေဟာ ကြောင်အသွားခဲ့ကြတယ်..။သူတို့ မတုန့်ပြန်နိုင်ခင်မှာ အချိန်အနည်းငယ်တောင် ယူရပါသေးတယ်..။

"ကောင်းတယ်...တကယ်ကောင်းတယ်..။ဒါက..ရှိုးပွဲမှာ သံစဥ် မပါပဲ..ဆိုသွားတာနဲ့ ဘာမှ မဆိုင်ဘူး။ကျွန်တော့် ခန္တာကိုယ်ထဲက..စိတ်ခံစားချက်တွေ ဆိုရင် အပေါ်ကို ခုန်ထွက်တော့မယ် အတိုင်းပဲ..။ဒါက လူတွေကို..မျက်ရည်မဆည်နိုင်အောင် ဖြစ်စေလိမ့်မယ်..။ဒါက ကျွန်တော့် တစ်ဘဝလုံးမှာတောင် အကောင်းဆုံး သီချင်း တစ်ပုဒ်ပဲ.."

"မဟုတ်ဘူး..ငါ တို့ ဆရာလင်း ရဲ့ အသံကိုပဲ .ပြောသင့်တယ်..။ငါထင်တာတော့...ဆရာလင်း ဘယ်လို သီချင်းကိုပဲ ဆိုဆို မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်မှာ ကျိန်းသေတယ်..."

လူတိုင်း ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။

ဝမ်မင်ယန် ကတော့..တစ်ခြားဘာကိုမှ ဂရုမစိုက်နေတော့ပါဘူး..။သူ ချက်ချင်းပဲ..သီချင်းကို ပြန်ဖွင့်လိုက်တယ်..။

သီချင်း လာတဲ့ အချိန်မှာတော့..အကုန်ငြိမ်သက်သွားခဲ့ပါပြီ..။

ဘယ်သူကမှ..စကားတစ်ခွန်းမှ မပြောကြပေ..။သူတို့ ကိုယ့်ကိုကို မထိန်းချုပ်နိုင်တော့ပဲ..စာသားထဲမှာ နစ်မြောသွားခဲ့ကြပါတယ်..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"ချီးပဲ..သူတို့က..အကြိမ်အများကြီးနားထောင် ပြီးတာတောငိ...ဒီအမူအရာ ဖြစ်နေတုန်းလား..."

လင်းဖန် အပြင်က အခြေအနေတွေကို မြင်နေခဲ့တယ်..။သူ တိတ်တဆိတ်ပဲ..သီချင်းပြီးတဲ့ အထိ စောင့်နေခဲ့ပါတယ်..။

အစကနေ အဆုံးအထိ..ဘယ်သူကမှ..ဒီသီချင်းရဲ့ မှော်ဆန်မူကို တောင့်မခံနိုင်ခဲ့ပါဘူး..။

သီချင်း ပြီးသွားခဲ့ပါတယ်..။

လူတိုင်းဟာ..ဝမ်းနည်းတဲ့ ခံစားချက်တွေနဲ့ ငြိမ်သက်နေခဲ့ကြတယ်..။ယင်းနောက် သူတို့ လက်ခုပ်တွေ တီးလိုက်ကြပါတယ်..။

ဝမ်မင်ယန်ဟာ စိတ်လှုပ်ရှား လွန်းနေပြီး လင်းဖန်ရဲ့ ပုခုံးကို ဆုပ်ကိုင်လိုက်တယ်..။

"ညီအစ်ကို ဒါက တကယ် အံ့ဩဖို့ကောင်းတာပဲ..။မင်း အဆိုတော် တစ်ယောက်လုပ်ရင်ရော ဘယ်လိုလဲ..။ငါ မင်းရဲ့ မန်နေဂျာ လုပ်ပြီး တစ်ကမ္ဘာလုံးကို ထိုးဖောက်ကြမယ်..."

လင်းဖန် ဝမ်မင်ယန် ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်..။

"ဒါက လုံလောက်ပြီ..။ခင်ဗျား..ကျုပ်ကို ရောင်းစားချင်နေတာမလား..။အခု ..သီချင်းသွင်းပြီးသွားပြီ ဆိုတော့ ကျုပ်လုပ်စရာ ဘာမှ မရှိတော့ဘူး..။ကျုပ်သွားတော့မယ်..။သီချင်းဖြန့်တာကိုတော့ ခင်ဗျားပဲ ကြည့်လုပ်လိုက်တော့.."

ဝမ်မက်ယန် ကြောင်အသွားပြီး..

"ဒါက သီချင်းကောင်းတစ်ပုဒ်ပဲလေ..။ဘာလို့ အယ်လ်ဘမ် မထုတ်တာလဲ.."

လငိးဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"အဲလို လုပ်ဖို့ မလိုပါဘူး..။အင်တာနကိပေါ် အရင်တင်လိုက်..။တကယ်လို့ ခင်ဗျား အယ်လ်ဘမ် ထုတ်ချင်တယ် ဆိုရင်လည်း ထုတ်လို့ရတယ်..."

အခုချိန်မှာ သူ့ မစ်ရှင် ပြည့်ဖို့ကိုပဲ ဦးစားပေးရမှာပါ..။ဒီသီချင်းကနေ ရလာမယ့် အကျိုးအမြတ်တွေကို ဂရုစိုက်နေရမယ့် အချိန်မဟုတ်ပါဘူး..။

တကယ်လို့ တစ်ခြားလူတစ်ယောက်သာ ဆိုရင်..မင်း ဦးနှောက်လွတ် နေတာလားလို့ ဝမ်မင်ယန် ပြောမိမှာပါ..။ဘာလို့များ အယ်လ်ဘမ် ထုတ်ပြီး ပိုက်ဆံတွေ အများကြီး မလိုချင်တာလဲ..။

သို့ပေမယ့် သူ့ရှေ့မှာ ရှိတဲ့လူက..သူ့ရဲ့ ညီအစ်ကို ဖြစ်နေခဲ့ပါတယိ..။တကယ်လို့ သူ့ညီအစ်ကိုက အရူးဖြစ်ချင်တယ် ဆိုရင်..အရူးဖြစ်အောင် လုပ်ပေးလိုက်မှာပါ..။အခု သူက အင်တာနက်ပေါ် အရင်တင်စေချင်နေတော့..အင်တာနက်ပေါ် တင်ပေးရမှာပါပဲ..။သူ ဘာမှ တွေဝေ မနေခဲ့ပေ..။

နောက်တစ်ရက်..။

သီချင်းဟာ..ဘာ အတားအဆီး မှ မရှိပဲ ဝက်ဆိုဒ်တွေပေါ်ကို ရောက်သွားခဲ့တယ်..။

တက္ကစီ ပေါ်တွင်..။

ဒါရိုက်ဘာ..လေဆိပ်ကို မောင်းပေးပါ.."

လူတစ်ယောက်ဟာ..အလျင်အမြန်ပြောပြီး..ချက်ချင်းပဲ..ဖုန်းကို ထုတ်ကာ ခေါ်လိုက်တယ်..။

"ရှောင်လီ..ငါအခု လေဆိပ်ကို လာနေပြီ..။ငါမင်းကို လိုက်ပို့ပေးမယ် စောင့်နေပါဦး..."

တစ်ဖက်က..လူကတော့..ဖုန်းထဲက နေ တည်ငြိမ်စွာပဲ ပြောလိုက်တယ်..။

"ကောင်းပြီလေ..မြန်မြန်လာခဲ့..။ငါ နင့်ကို စောင့်နေပါ့မယ်..."

ဖုန်းချပြီးနောက်..။

လူငယ်လေးဟာ အတော် ပျော်နေခဲ့တယ်..။ဒီ မိန်းကလေးက သူ့ရဲ့ ကောင်မလေး ဖြစ်ပြီး သူတို့ အတူတူ ရှိနေခဲ့တာ ၂ နှစ် ရှိပါပြီ..။သို့ပေမယ့် ရုတ်တရက် သူ့ရဲ့ ကောင်မလေးက နိုင်ငံခြားမှာ စာလေ့လာဖို့ သွားရမှာကို သိလိုက်တယ်..။သူကတော့ သူ့ရဲ့ ကောင်မလေးကို မသွားစေချင်ပေမယ့် စိတ်လည်း စိတ်လှုပ်ရှားမိပါတယ်..။အခုချိန်ကစပြီး..သူ့ကို စောင့်ကြည့်နေတဲ့လူ မရှိတော့ပါဘူး..။

ပုံမှန်အားဖြင့်တော့..သူက ကောင်မလေးကို သူ့အနားမှာပဲ ရှိနေစေချင်တဲ့ အကြောင်းပြောခဲ့ပါသေးတယ်..။သို့ပေမယ့် သူမက..သဘောမတူပဲ..နိုင်ငံခြားသွားဖို့ကိုသာ ရွေးချယ်ခဲ့တော့..သူ ကိုယ်တိုင်လည်း..သဘောတူဖို့ကိုသာ တတ်နိုင်ခဲ့ပါတယ်..။

သူ အခုချိန်မှာ လွတ်လပ်မူရဲ့ အရသာကို စတင်ပြီး ခံစားနေခဲ့ရတယ်..။ဒီ အနေဝေးနေတဲ့..လက်တွဲမူက ခိုင်မြဲပါ့မလား ဆိုတာကတော့ သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး..။သူ သူ့ကောင်မလေးကို ယုံကြည်သလို ကိုယ့်ကိုကိုလည်း ယုံကြည်ပါတယ်..။အခုချိန်မှာ သူတွေးနေမိတာကတော့..ဘယ်သူမှ စောင့်ကြည့်မခံရပဲ..လွတ်လပ်တဲ့ အချိန်တစ်ခူကို ကုန်ဆုံးဖို့ပါပဲ..။

အခုချိန်မှာ အခွင့်အရေးက သူ့ မျက်စိရှေ့မှာ ဆိုတော့ သူ စိတ်လှုပ်ရှားမိတာ အမှန်ပါ..။

ရှောင်လီ ဖုန်းကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။သူမ လည်း..နိုင်ငံခြားကို အရမ်းသွားတယ်လို့တော့ မဟုတ်ပါဘူး..။နိုင်ငံခြားကို သွားပြီး ပညာသင်ရတာက အရေးကြီးတယ် ဆိုပေမယ့်..သူမကတော့ သူမရဲ့..သမီးရည်းစား ဆက်ဆံရေးကို ပိုပြီး တန်ဖိုးထားပါတယ်..။

သိူ့ပေမယ့်..သူမ ထွက်သွားခါနီး အချိန်မှာတောင် သူမရဲ့ ကောင်လေးက နာကျင်နေတဲ့ပုံ မပြပေ..။သူက ထွက်မသွားဖို့ ပြောနေပေမယ့်လည်း ဒါက ပုံမှန်လေသံနဲ့ပါ..။သူ့ကြည့်ရတာ သူမ နိုင်ငံခြားကို သွားသွား မသွားသွား အဆင်ပြေတဲ့ ပုံပါပဲ..။သို့ပေမယ့် သူမသာ သွားမယ် ဆ်ိုရင် သူမ ရဲ့..ပညာရေးက ထိပ်ဆုံးကို ရောက်သွားပြီး..ဘဝ အတွက် စိတ်အေးရတော့မှာပါ..။

ရှောင်လီ ရဲ့ မျက်လုံးထဲမှာတော့ သူမရဲ့ကောင်လေးက သူမကို တန်ဖိုးမထားပါဘူး..။တကယ်လို့ သူသာ..သူမ ရှေ့မှာ ငိုနေမယ် ဆိုရင် သူမ လုံးဝ ဆက်သွားဖို့ ဆုံးဖြတ်မှာ မဟုတ်ပေ..။

ဒါက သူမရဲ့ကောငိလေးက..သူမကို မသွားစေချင်ဘူး ဆိုတဲ့ အကောင်းဆုံးသက်သေပါပဲ..။

သို့ပေမယ့် ဒီလို ဖြစ်မလာတာကတော့ စိတ်မကောင်းစရာပါ..။

တက္ကစီ ပေါ်တွင်..။

ဒါရိုက်ဘာဟာ မေးလိုက်တယ်..။

"လူငယ်လေး..လေဆိပ်ကို တစ်ယောက်ယောက်လိုက်ပို့ ရအောင် သွားမလို့လား..."

လူငယ်လေးဟာ ပြောလိုက်တယ်..။

"ဟုတ်တယ်..ကျွန်တော့်ရဲ့ ကောင်မလေးက နိုင်ငံခြားကို စာသွားလေ့လာမှာမလို့ ကျွန်တော်လိုက်ပို့မလို့လေ..."

ပြီးတဲ့ နောက်မှာ သူ..ဘာမှ မပြောတော့ပဲ..ဖုန်းကို ထုတ်ကာ..သီချင်းဖွင့်တဲ့နေရာကို ဝင်လိုက်တယ်..။သူ သီချင်းအနည်းငယ် နားထောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..။

အဲ့အချိန်မှာပဲ..သူ သီချင်းအသစ်တစ်ပုဒ်ကို တွေ့လိုက်ရတယ်..။သူ သိချင်သွားခဲ့ပါတယ်..။ဒီ သီချင်းက အဆင့်သတ်မှတ်ချက် အမြင့်ပိုင်းမှာရောက်နေတော့ ကောင်းမယ့်ပုံပါပဲ..။

ယင်းနောက် သူ နားကြပ်ကို တပ်ပြီးဟသီချင်းကို စတင်နားထောင်လိုက်ပါတယ်..။

ဒါရိုက်ဘာဟာ လူငယ်လေးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။သူ့ရဲ့ ကောင်မလေးက နိုင်ငံခြားကို သွားတော့မှာ ဆိုတော့ သူတို့နှစ်ယောက် ပြတ်နိုင်တယ် အခြေအနေက အရမ်းမြင့်မားပါတယ်..။ဒါပေမဲ့ ဒီလူငယ်လေးကို ကြည့်ရတာတော့ ဝမ်းနည်းတဲ့ အမူအရာ တစ်ခုမှ မရှိပါဘူး..။

ရုတ်တရက်..။

ဒါရိုက်ဘာဟာ..နောက်ကြည့်မှန်ကနေ ကြည့်လိုက်တဲ့ အချိန်မှာ ကောင်လေး မူမမှန်တာကို တွေ့လိုက်ရပါတယ်..။

သူက ငိုနေခဲ့တာပါ..။

ချီးပဲ..လူငယ်လေးက ငိုနေပြီ..။

လူငယ်လေးက ..မျက်လုံးကို ပွတ်ပြီး ငိုနေတာကို ရပ်တန့်ဖို့ ကြိုးစားတာကို သူတွေ့နေရတယ်..။သို့ပေမယ့် မျက်ရည်တွေက..ထပ်ခါထပ်ခါ ကျလာနေခဲ့ပါတယ်..။သူ့ကြည့်ရတာ အတော်ကို နာကျင်နေရတဲ့ ပုံပါပဲ...။

ကျန်းဟီ ကြောင်အနေခဲ့တယ်..။

သူ ဒီသီချင်းနားထောင်တာနဲ့ ဘာလို့ မျက်ရည်တွေ ကျလာတာလဲ..မသိတော့ပါဘူး..။

သို့ပေမယ့် သူ့ရဲ့ နှလုံးသားက နာကျင်နေပြီး မျက်ရည်တွေကို ထိန်းမထားနိုင်ခဲ့ပေ..။

သံစဥ်နဲ့ သီချင်းသံကပဲ..သူ့နားထဲမှာ ပဲ့တင်ထပ် နေခဲ့ပါတယ်..။

သူ ဆက်ပြီး နားထောင်လေလေ ပိုပြီး နာကျင်ရလေ ပါပဲ..။

ဒါရိုက်ဘာဟာ ကောင်လေးကို ကြည့်ပြီး..ဒီခံစားချက်ကို နားလည်တဲ့ အမူအရာနဲ့ စိတ်မကောင်းဖြစ်နေခဲ့တယ်..။

သူ ဖုန်းပြောတဲ့ အချိန်မှာတုန်းကတော့ အသံက လုံးဝကို ပုံမှန်ပါပဲ..။ဖုန်းပြောပြီး နောက်မှာမှ ဒီလောက်အထိ ငိုနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

သူက သူအရမ်းနာကျင်နေရတာကို..သူ့ကောင်မလေးကို မသိစေချင်တာ ဖြစ်နိုင်ပါတယ်..။

နာရိီဝက်ကြာပြီးနောက်..။

ဒါရိုက်ဘာဟာ စိတ်ခံစားချက် ဖြစ်ပေါ်နေခဲ့တယ်..။

ဒီနာရီဝက်လုံး လူငယ်လေးက ဆက်တိုက်ငိုနေတာ ဖြစ်ပြီး သူ့မျက်လုံးတွေကလည်း နီရဲနေခဲ့ပါပြီ..။

သို့ပေမယ့် သူ မသိတာက ကျန်းဟီက နားကြပ်တပ်ထားတယ် ဆိုတာပါပဲ..။သူက နားမထောင်ချင်တော့ပေမယ့်လည်း ကိုယ့်ကိုကို မထိန်းချုပ်နိုင်ခဲ့ပေ..။သူ သီချင်းကို ..ထပ်ခါ ထပ်ခါ နားထောင်တဲ့ အချိန်မှာ နက်နက်ရှိုင်းရှိုင်း ခံစားမိပြီး မျက်ရည်တွေ ပိုပိုကျလာခဲ့ပါတယိ..။

"လူငယ်လေး..မငိုနဲ့တော့..။ငါတို့ လေဆိပ်ကို ရောက်နေပြီလေ..။ကျသင့်ငွေက ဒေါ်လာ ၁၀၀..."

ဒါရိုက်ဘာ ပြောလိုက်တာပါ..။

ကျန်းဟီ ခေါင်းညိမ့်လိုက်တယ်..။သူ အလျင်အမြန်ပဲ..ကျသင့်ငွေကို ပေးပြီး တက္ကစီပေါ်က ဆင်းဘိုက်ပါတယ်.။

အဲ့အချိန်မှာပဲ..သူ့ဆီကို အရိပ်တစ်ခုက ပြေးလာနေတာကို တွေ့လိုက်ရတယ်..။

ရှောင်လီ သူမရဲ့ ကောင်လေး အချိန်ကြာနေတာကြောင့် ရင်ဘတ်ထဲမှာ တဖြည်းဖြည်း လောင်ကျွမ်းလာသလိုပါပံ..။သို့ပေမယ့်..သူမကောင်လေးရဲ့ မျက်လုံးတွေက နီရဲနေတာကို တွေ့လိုက်ရတယ်...။

"နင် အခု ငိုနေတာလား..."

ရှောင်လီ သူ့ကောင်လေးအတွက် စိတ်မကောင်းဖြစ်ပြီး ခံစားသွားခဲ့ရတယ်..။သူတကယ် ငိုနေခဲ့တာပါ..။သူက လမ်းတစ်လျောက်လုံး ငိုနေခဲ့တာလား..။

"ငါ..ငါ မငိုပါဘူး..."

ကျန်းဟီ မျက်လုံးတွေကို ပွတ်လိုက်တယ်..။သူ တကယ်ကို မငိုချင်ပါဘူး..။ဘယ်သူက ဒီသီချင်းကို ဆိုခဲ့တာလဲ..။ဘာလို့ လူတွေကို ပိုပိုပြီး ငိုချင်အောင်လုပ်ရတာလဲ..။

ရှောငိလီ ကျန်းဟီ ကို ဖက်ပြီး ပြောလိုက်တယ်..။

"ငါ့ကို လိမ်နေတာ ရပ်လိုက်တော့..။နင်ငိုနေတာ သိသာနေတာပဲကို..။ငါ သွားတော့မှာမဟုတ်ဘူး..။ငါ နိုင်ငံခြားကို စာလေ့လာဖို့ မသွားတော့ဘူး..။နင်နဲ့ အတူတူပဲ ရှိနေတော့မယ်..."

အဲ့အချိန်မှာပဲ ဒါရိုက်ဘာယာ လျောက်လာခဲ့တယိ..။

"မိန်းကလေး ဒိီလူငယ်လေးက မဆိုးဘူး..။သူက

အန်ကယ့် တက္ကစီပေါ်မှာ ထိုင်လာတဲ့ လမ်းတစ်လျောက်လုံး ငိုနေတာ..။အန်ကယ်က အသက်ကြီးနေပြီ ဆိုပေမယ့် အတော်ကို စိတ်မကောင်းဖြစ်ရတယ်လေ..။ထွက်မသွားပါနဲ့..။ဖြစ်နိုင်ရင် မင်းတ်ို့ နှစ်ယောက် အတူတူ ရှိနေကြပါ..."

ဒါရိုက်ဘာက ပြောလိုက်တာပါ..။

ရှောင်လီ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ဟုတ်ကဲ့ပါ..သမီး သွားတော့မှာ မဟုတ်ပါဘူး.."

ကျန်းဟီ.. " ?????"

ဘာတွေ ဖြစ်နေတာလဲ....

ငါ..သူမ သွားမှာကို တားမှာ မဟုတ်ဘူးလေ...။

ငါ့ရဲ့ လွတ်လပ်ဖို့..အခွင့်အရေးလေး...

A Valiant Life 760

အပိုင်း ( ၇၆၀ )

#ဘာသာပြန် = စနိုးဝှိုက်

"ငါ သီချင်းတစ်ပုဒ်ကို..ထောက်ခံပေးချင်တယ်..။အဲတာက နှုတ်ဆက်အနမ်း ဆိုတဲ့ သီချင်းပဲ..။ပြီးတော့..သီချင်း တင်တဲ့ နေရာတိုင်းမှာ ရောက်နေပြီ..."

"ဒါက မာစတာလင်း အသန်မာဆုံး ကောင်းကင်သံစဥ်ပြိုင်ပွဲမှာ ဆိုခဲ့တဲ့ သီချင်းလေ..။ဒါပေမဲ့..သူက..ဒီသီချင်းကို..ဘာ သံစဥ်မှ မပါပဲ သီဆိုခဲ့တာ..။အခုက..သံစဥ်တွေနဲ့ပါ..ထွက်လာပြီ ဆိုတော့..ကမ္ဘာကျော်သွားမှာ ကျိန်းသေပဲ.."

"မင်း အရှက်မရချင်ဘူးဆိုရင် အဲ့သီချင်းကို နားမထောင်နဲ့..။တကယ်လို့ မင်းနားထောင်ချင်တယ် ဆိုရင်လည်း တစ်ယောက်တည်း နားထောင်..။ပြီးမှ သတိမပေးဘူးလို့ မပြောနဲ့နော်..."

"ငါ မာစတာလင်းရဲ့ သီချင်းတွေကို ကြားရဖို့ ဒူးထောင်ဆိုရင်လည်း ဒူးထောက်ပါ့မယ်..။မာစတာလင်းက ဒီသီချင်းတစ်ပုဒ်တည်းကိုပဲ..သီဆိုတယ် ဆိုတာ မဖြစ်သင့်ဘူးလေ.."

"မာစတာလင်းက..သီချင်း အနည်းငယ်ကို ရေးခဲ့တာပဲ..။ဒါပေမဲ့ သူ သီဆိုတဲ့ သီချင်းဆိုလို့ ဒီတစ်ပုဒ်တည်း ရှိတယိလေ..."

ဒီသီချင်းအကြောင်း ဆွေးနွေးမူတွေက အတော်ကို များပြားနေခဲ့တယ်..။လူတိုင်းက သီချင်းအပေါ်ကို ထောက်ခံချက်ပေးနေခဲ့ကြပါတယ်..။

ဝိုက်ဘိုတွင်..။

"နှုတ်ဆက် အနမ်း သီချင်း ထွက်လာတဲ့ အချိန်မှာတော့ တစ်ခြား သီချင်းတွေဟာ အပိုသက်သက်ပဲ.."

သတင်းရဲ့ ခေါင်းကြီးပိုင်းမှာ..ဒီလို ခေါင်းစဥ်က နေရာယူထားခဲ့ပါတယ်..။တစ်ချို့ အောင်မြင်တဲ့ အဆိုတော်တွေဟာ..ဒီလို ခေါင်းစဥ်မျိုးကို မြင်ပြီး စိတ်မသက်မသာ ခံစားနေကြရတယ်..။သို့ပေမယ့် သူတို့ ဘာတစ်ခွန်းမှ ဝင်မပြောရဲ့ကြပါဘူး..။

သူတို့ သီချင်းကို နားထောင်ပြီးသွား ကြပါပြီ..။သီချင်း ဆုံးသွားတဲ့ အချိန်မှာတော့ သူတို့ အကုန်လုံးက မျက်ရည်နဲ့ မျက်ခွက်တွေချည်းပါပဲ..။သူတို့ အတွက်ကတော့ ဒီသီချင်းက အတော်ကို မှော်ဆန်ပါတယ်..။ပြီးတော့..ဒီသီချင်းက..သူတို့ရဲ့ ဘဝကိုတောင်..ဝင်ရောက်စွတ်ဖက် သွားသလိုပါပဲ..။

QQ ဂီတ..။

Netease ဂီတ...။

…

နှုတ်ဆက်အနမ်း သီချင်းက..ဒီဇယားတွေရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နေခဲ့ပါတယ်..။ပြီးတော့..ဒါက..ဆက်တိုက် အထက်ပိုင်းကို မြင့်တက်လာခဲ့တယ်..။တစ်ညတည်းမှာပဲ..ဒီသီချင်းကို ဒေါင်းလော့ဆွဲတဲ့ အရေအတွက်က. .လူ သန်း ၂၀ ကျော် ရှိပါတယ်..။

ဒါက..အတော် ကြောက်ဖို့ကောင်းတယ် လို့တောင် ပြောလို့ရပါတယ်..။

ပြီးတော့ ဒီသီချင်းကို..နားထောင်ခဲ့တဲ့ အရေအတွက်ကလည်း တကယ်ကို ကြောက်စရာပါပဲ..။ဒါက အကြိမ်ရေ ပေါင်း သန်း ၁၆၀ အထိ ရှိပါတယ်..။

သီချင်းတစ်ပုဒ် အကြောင်းကို ပြောမယ် ဆိုရင် နံပါတ်တွေက မပါမဖြစ်ပါပဲ..။ဒါက တကယ်ကို ကြောက်ဖို့ ကောင်းပါတယ်..။

အရှေ့ဘက် ဟန် အုပ်စု..။

ဝမ်မင်ယန် သူ့ သီချင်းရဲ့ ရလာဒ်ကို တွေ့လိုက်တဲ့ အချိန်မှာ သူချက်ချင်းပဲ..သူ့ညီအစ်ကိုကို ဖုန်းခေါ်လိုက်ပါတယ်..။

"ဟေး .ညီအစ်ကို..ဆုံးရှုံးပြီ...အကြီးကြီး ဆုံးရှုံးပြီ.."

"ဘာဖြစ်လို့လဲ..။ဘာတွေ ဆုံးရှုံးနေတာလဲ.."

"မင်းဟာမင်း အဆင့်သတ်မှတ်ချက်တွေကို ကြည့်လိုက်ဦး..။တကယ်လိူ့ ငါ တို့ အယ်လ်ဘမ်တစ်ခု သာ လုပ်လိုက်ရင် ဘယ်လောက်တောင် ချမ်းသာလိုက်မလဲ ဆိုတာကို..."

"ချမ်းသာ ဖို့ အကြောင်းပဲ..တွေးမနေနဲ့..။ခင်ဗျား မျက်လုံးတွေက ဘာလိူ့ ပိုက်ဆံတစ်ခုတည်းကိုပဲ..မြင်နေရတာလဲ.."

"ငါသာ ပိုက်ဆံမရှာနိုင်မယ်...မင်းတို့အပေါ်မှာ ဘယ်လိုလုပ် လက်ဖွာနိုင်တော့မှာလဲ..။ငါ့အပေါ်မှာ ဖိအားတွေ ဘယ်လောက်တောင်ရှိလဲ ဆိုတာကိုရော မင်းသိရဲ့လား.."

"ငါ့ရဲ့ သောက်ကျိုးနဲ ဒေါ် လာ က အခုတော့..မြောင်းထဲရောက်သွားပြီ..။ဘယ်လိူလုပ်မလဲ..."

"တကယ်မှားသွားတာပဲ.."

…

လင်းဖန်ကတော့ ဒီလို ရလာဒ်ထွက်လာမယ် ဆိုတာကို မျှော်လင့်ထားပြီးသားပါ..။တကယ်လို့ သူ့ရဲ့ သီချင်းက ဒီလောက်အဆင့်ကိုတောင် မရောက်နိုင်ဘူးဆိုရင် စွယ်စုံကျမ်းဆိုတာက အလကား သက်သက်အရာ တစ်ခုလိုဖြစ်သွားမှာပါ..။

ထပ်ပြောရရင်..ဒီရလာဒ်တွေက မြင့်တယ်လို့ ပြောလို့ မရသေးပါဘူး..။သူ့ရဲ့ ရည်မှန်းချက်က ဒီထက်ပိုမြင့်တဲ့ အဆင့်တွေကို ရောက်နိုင်ဖို့ပါ..။

တိမ်ဖြူလမ်းတွင်..။

လင်းဖန် သတင်းတွေကို ဖတ်ပြီး သဘောကျစွာ ပြုံးနေခဲ့တယ်..။ဒါက..သူ့ရဲ့ မစ်ရှင်အတွက် လုပ်နေရတာ ဖြစ်ပေမယ့်..ဒီလို အောင်မြင်မူရလာဒ်က သူ့ကို ကျေနပ်စေပါတယ်..။

ဝူရွှန်းယွဲ့ ဖုန်းခေါ်လာခဲ့တယ်..။

"အစ်ကိုလင်း..ဂုဏ်ယူပါတယ်..."

"ဟီးဟီး..ဘယ်လိုနေလဲ..။ကောင်းလား မကောင်းဘူးလား.."

"ကောင်းတယ်...အရမ်းကောင်းတယ်..။အစ်ကိုလင်း သီချင်းဆိုတာ ဒီလောက်ကောင်းလိမ့်မယ်လို့ ညီမတကယ် မထင်ထားခဲ့ဘူး..။အရင်တုန်းက ဆိုရင်..အစ်ကိုလင်း ပေးတဲ့ သီချင်းတွေကိုပဲ ဆိုဖူးပေမယ့် အခုတော့ မတူတော့ဘူးလေ..။ညီမက အစ်ကိုလင်း ရေးပေးတဲ့ သီချင်းတွေကို အပြည့်အဝ ထိရောက်အောင် မဆိုနိုင်ဘူးလိူ့တောင် ခံစားနေရတယ်..။မဟုတ်ဘူး..အခုက စပြီး ညီမ ပိုကြိုးစားမှ ဖြစ်တော့မယ်.."

ဝူရွှန်းယွဲ့ ပြောလိုက်တာပါ..။

သူမ နှုတ်ဆက် အနမ်း သီချင်းကို ကြားတဲ့ အချိန်မှာ..သီချင်းက သူမစိတ်ထဲမှာ စွဲနေခဲ့ပါတယ်..။

အစကတော့..သူမ အစ်ကိုလင်းရေးပေးတဲ့ သီချင်းတွေကို အပြည့်အဝ ပုံဖော်ပြီး သီချင်နိုင်ခဲ့တယ် လို့ပဲ ယူဆထားခဲ့တာပါ..။သို့ပေမယ့် အခုကြည့်ရတာတော့..သူမက အစ်ကိုလင်းရဲ့ ခြေဖျားကိုတောင် မမှီပါဘူး..။ဒါက နှိုင်းယှဥ်လို့တောင် မရပေ.."

လင်းဖန် ပြောလိုက်တယ်..။

"တကယ်တော့ မင်းဆိုတာကလည်း အတော်ကောငိးနေပါပြီ..။ကိုယ့်ကိုကို အစ်ကိုလင်းနဲ့ မနှိုင်းယှဥ်နဲ့..။ငါက..မော့ကြည့်ဖို့ မဖြစ်နိုင်တဲ့ တောင်ကြီး တစ်တောင်ပဲ..။နားလည်ရဲ့လား.."

"အစ်ကိုလင်း..ဒီလို ပြောတာက ညီမကို နာကျင်ရတယ်နော်..။အနည်းဆုံးတော့..ညီမက်ို တွန်းအားပေးသင့်တယ်လေ.."

"ဟားဟား.."

လင်းဖန် သူမ နဲ့အချိန်အတော်ကြာအောင် ပြောပြီးနောက်မှာ ဖုန်းချလိုက်ပါတယ်..။

ယင်းနောက် သူ..ဝက်ဆိုဒ်ပေ့ချ် တွေကို ရှာကြည့်လိုက်တဲ့ အချိန်မှာ..သူ့မှာ ပရိတ်သတ်တွေ ရှိနေပြီ ဆိုတာကို သိလိုက်ပါတယ်..။

ဒီလိူ အဆင့်အထိ ရောက်လာတာက တကယ်ကိုကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါ..။

သို့ပေမယ့် သူ့ရဲ့ မစ်ရှင်က ဘာလို့ ဒီချိန်အထိ မပြီးမြောက်သေးတာလဲ သူနားမလည်တော့ပါဘူး..။ဒါက တကယ်ကို မဖြစ်နိုင်ပေ..။

သူက ဒီလောက်အထိ ကြိုးစား လုပ်ထားတာတောင် မစ်ရှင်က မပြည့်သေးပါဘူး..။ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ..။

"ဆရာ.."

အဲ့အချိန်မှာပဲ သိပ်မဝေးတဲ့ နေရာကနေ ကျိုးမင်ချင်းရဲ့ အသံကို ကြားလိုက်ရတယ်..။

လင်းဖန် ကြောင်အသွားခဲ့ပါတယ်..။သူ စိတ်ထဲမှာ ဝမ်းသာ သွားခဲ့ပြီး..

"မင်ချင်း ဘယ်တုန်းက ပြန်ရောက်တာလဲ.."

ကျိူးမင်ချင်း ရယ်မောပြီး ပြောလိုက်တယ်..။

"ဆရာ့ရဲ့ တပည့်က ဒီနေ့ပဲ ပြန်ရောက်တာလေ..။ကျွန်လေဆိပ်ကနေပြီးတော့ ဒီကို သတင်းပို့ဖို့ တန်းလာခဲ့တာ.."

လင်းဖန် ကျိူးမင်ချင်းရဲ့ အသွင်အပြင်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ခင်ဗျားက အသားတွေ မဲပြီး ပိန်တောင် ပိန်လာပါလား..။ကြည့်ရတာ အတော်ခက်ခဲခဲ့တယ် ထင်တယ်..."

ကျိူးမင်ချင်း ပြောလိူက်တယ်..။

"ဒီလောက်တော့ မခက်ခဲပါဘူး..ဒါပေမဲ့ တောင်တန်းဒေသတွေက လမ်းလျောက်ဖို့တော့ အတော်ခက်ခဲတယ်.."

ယင်းနောက် သူ့ရဲ့ မိတ်ဆွေ နဲ့ သူ မိတ်ဆက်ပေးလိုက်ပါတယ်..။

"ဆရာ ဒါက နှုတ်ဆိတ်တဲ့ အန်ကယ်လေ...။သူက ရှန် ဟိုင်းမှာ သူ့ရဲ့ သမီးကို ရှာဖို့ လိုက်လာခဲ့တာ..."

လင်းဖန် ကျိုးမင်ချင်း ဘေးနားက လူအိူကြီးကို ကြည့်လိုက်တယ်..။သူ့ကြည့်ရတာတော့ အနည်းဆုံး အသက် ၇၀ လောက်ရှိနေပါပြီ..။ယင်းနောက် သူ နှုတ်ဆက်လိုကိတယ်..။

"ဟဲလို..နှုတ်ဆိတ်တဲ့ အန်ကယ်..."

နှုတ်ဆိတ်တဲ့ အန်ကယ်ဟာ လက်ကို ဝေ့ယမ်းပြပြီး ပြန်နှုတ်ဆက်လိုက်တယ်..။သူ့ပါးစပ်ကတော့..'အ.အာ..အ.." ဆိုတဲ့ စကားလုံးတွေပဲ..ထွက်လာနေခဲ့ပါတယ်..။ကြည့်ရတာ သူက လင်းဖန်ကို နှုတ်ဆက်ဖို့ ကြိုးစားနေသလိုပါပဲ..။

"ဒီတစ်ခေါက်ပြန်လာ အပြီးမှာတော့ ခင်ဗျား ထပ်မသွားတော့ဘူးမလား.."

လင်းဖန် မေးလိုက်တာပါ..။

ကျိူးမင်ချင်း ပြောလိုက်တယ်..။

"ကျွန်တော် ဒီနှစ်ထဲတော့ ပြန်မသွားတော့ဘူး ဒါပေမဲ့ နောက်နှစ်ကြရင်တော့ ပြန်သွားဖို့ အစီစဥ် ရှိတယ်..။ဟိုမှာ ရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မူတွေက အရမ်း ချို့တဲ့ တယ်လေ..။ကျွန်တော် ဝ်ိုက်ဘိူကနေတဆင့် အကူညီတစ်ချို့တောင်းပြီး နောက်နှစ်မှာ ပြန်သွားဖို့ စီစဥ်ထားတယ်..။ကျွန်တော် ဆေးဝါး ကိရိယာတွေကို ပါ ယူသွားနိုင်အောင် ကြိူးစားမယ်လေ.."

လင်းဖန် ကျိုးမင်ချင်းရဲ့ ပုခုံးကို ပုတ်ပြီး ​ပြောလိုက်တယ်..။

"ကောငိးပြီလေ.ဒါပေမဲ့ ခင်ဗျား ကိူယ့်ခန္တာကိုယ်လည်း ဂရုစိူက်ဦး..။အရမ်း တွန်းအားမပေးနဲ့..."

သူ့ဆရာရဲ့ စိုးရမ်မူကြောင့် ကျိူးမင်ချင်း ပျော်ရွှင်သွားခဲ့ပါတယ်..။သူ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"သိပါပြီ ..ဆရာ..."

ယင်းနောက် လင်းဖန် နှုတ်ဆိတ်သော အန်ကယ် ကို ကြည့်ကာ မေးလိုက်ပါတယ်..။

"ခင်ဗျား သမီးက ဘယ်မှာလဲ.."

ကျိူးမင်ချင်း ပြောလိုက်တယ်..။

"ကျွန်တော် ရွာက လူတွေပြောတာကို ကြားတာတော့ သူ့သမီးက ရှန်ဟိုင်းက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်လို့ ပြောတာပဲ..။ကျွန်တော်ထင်တာတော့..သူမက..ရှန်ဟိုင်း TV က အစီစဥ် တငိဆက်သူ တစ်ယောက် ဖြစ်မယ်လို့ ထင်တယ်..."

လသ်းဖန် ကြောင်အသွားခဲ့တယ်..။ရှန်ဟိုင်း TV မှာ အလုပ်လုပ်နေတယ် ဆိုတာက သိပ်ပြီးတော့..မလျော်ညီတဲ့ အရာတစ်ခုပါပဲ..။

နှုတ်ဆိတ်သော အန်ကယ် ရဲ့ ဟောင်းနွမ်းနေတဲ့ အင်္ကျီတွေကို ကြည့်ရင်တောင် ဒါက ပြောနိုင်ပါတယ်..။

တကယ်လို့ သူ့မှာသာ ဒီလို သမီးမျိုးရှ်ိရင် ဒီအခြေအနေကို ရောက်နေမှာ မဟုတ်ပေ..။

ကျိုးမင်ချင်း သူ့ ဆရာရဲ့ သံသယ အကြည့်တွေကို မြင်ကာ ပြောလိုက်တယ်..။

"ဆရာ ကျွန်တော် ရွာသားတွေကို မေးပြီးပြီ..။သူ့ရဲ့ သမီးက တစ်ချိန်လုံး ရှန်ဟိုင်းမှာပဲ..နေနေတာတဲ့..။ဒါပေမဲ့ သူတို့နောက်ဆုံး ဆက်သွယ်ခဲ့တာက လွန်ခဲ့တဲ့ ၂ နှစ်ကလေ..။ပြီးတဲ့နောက်မှာ ဘာအဆက်အသွယ်မှ မရတော့ဘူး..။နှုတ်ဆိတ်သော အန်ကယ်က.. ဒါက စိတ်ပူနေခဲ့တာလေ..။ဒါကြောင့် ကျွန်တော်က ရှန်ဟိုင်းကမှန်း သိတာနဲ့ ချက်ချင်းလိုက်လာခဲ့တာ.."

"အာ..ကျွန်တော်လည်း..သူ့သမီးက ဘယ်လိူ အခြေအနေ ရှိလဲတော့ မသိဘူး..။သူမက အလုပ်ရှုပ်နေတယ် ဆိုရင် တောင် ၂ နှစ်လုံးလုံးတော့..ဖုန်းမဆက်ပဲ နေမှာ မဟုတ်ဘူးလေ..။တကယ်လို့ ကျွန်တော့် ကလေးတွေသာ ဒီလိူ လုပ်ရင် သူတို့ခြေထောက်တွေကို ရိုက်ချိုးပြီးနေလောက်ပြီ..."

လငိးဖန် တီးတိုးပြောလိုက်တယ်..။

"မင်ချင်း..ကျုပ်ကတော့ ..ဒီမိန်းကလေးက နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးအရင်း မဖြစ်လောက်ဘူးလို့ထင်တယ်နော်..။သူ့ကိုပဲ..ကြည့်လေ..သူ့ တစ်ဘဝလုံးမှာ သားလည်းမရှိဘူး သမီးလည်း မရှိဘူး..။ကျုပ်ထင်တာတော့ သူမကို မွေးစားထားတာဖြစ်မယ်.."

ကျိူးမင်ချင်း သူ့ဆရာ ရဲ့အကြောင်းကို သိတော့ ဘာသံသယမှ မရှိပါဘူး.။သူ ပြောလိုက်တယ်..။

"ဆရာ..ကျွန်တော် ရွာသားတွေဆီက ကြားတာကတော့..သူက လွန်ခဲ့တဲ့ အနှစ် ၂၀ က ကလေးကို လမ်းဘေးက ကောက်ရပြီး ကိုယ်တိုင် မွေးခဲ့တာလို့ ပြောတာပဲ..။သူက သူမကို ဒီအခြေအနေထိ ရောက်အောင် ပျိုးထောင်ခဲ့တာ..။သူမက လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး..မဆက်သွယ်ဘူးဆိုတော့ တစ်ခုခု ဖြစ်နေမှာတောင် စိုးရိမ်မိတယ်..."

လင်းဖန် နှုတ်ဆိတ်သော အန်ကယ်ကို ကြည့်ပြီး ​ခေါင်းခါယမ်းလိုကိတယ်..။

"သူ့ အခြေအနေကို တွက်ချက်ကြည့်ရသလောကိတော့..သူမ တစ်ခုခု ဖြစ်တဲ့အရာမျိုး မရှိဘူး..။ဒါပေမဲ့ နှုတ်ဆိတ်သော အန်ကယ် ရောက်လာပြီ ဆိုမှတော့ ကျုပ်တို့ သူ့ကို ရှန်ဟိုင်း TV ကို အရင်လိုက်ပို့လိုက်ရအောငိ..။ပြီးမှ ခင်ဗျားကို အိမ်လိုက်ပို့ပေးမယ်..."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ကောငိးပါပြီ ဆရာ..."

ယင်းနောက် ကျိူးမင်ချင်း နှုတ်ဆိတ်သော အန်ကယ်ကို ကြည့်ကာ ပြောလိုက်တယ်..။

"နှုတ်ဆိတ်သော အန်ကယ်...ကျွန်တော်တို့ ခင်ဗျားသမီးကို ရှာဖို့ ခေါ်သွားပေးမယ်..."

နှုတ်ဆိတ်သော အန်ကယ်လက်ဝေ့ယမ်းလိုက်တယ်..။သူ့ အိပ်ကပ်ထဲကနေ..ဒေါ်လာ အနည်းငယ်ကို ထုတ်ပြပြီး ..တစ်ခုခု ပြောဖို့ ကြိုးစားနေခဲ့ပါတယ်..။ကြည့်ရတာတော့..သူက သူ့ဟာသူ သွားနိုင်ပြီး..ကျိူးမင်ချင်းတို့ကို အနှောက်အယှက် မပေးချင်တဲ့ ပုံပါပဲ..။

လင်းဖန် ဘာမှ ထပ်မပြောချင်တော့ပဲ..ပြောလိုက်ပါတယ်..။

"သွားကြရအောင်..."

…

A Valiant Life 761

အပိုင်း ( ၇၆၁ ) ဒီ လူအိုကြီးက ဘယ်ကလာတာလဲ..

#ဘာသာပြန် = စနိုးဝှိုက်

ရှန်ဟိုင်း TV တွင်..။

သူတို့ ရောက်လာတဲ့ အချိန်မှာ နှုတ်ဆိတ်သော အန်ကယ်က..စတင်ပြီး စိတ်ဖိစီးနေတာကို..လင်းဖန် နားလည်လိုက်တယ်..။သူ့ ရဲ့ လက်တွေက..အိုဟောင်းပြီး..ပျက်စီးနေတဲ့ လွယ်အိတ်ကို အကူညီမဲ့စွာပဲ..တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့တယ်..။

လင်းဖန် ကားကို ရပ်ကာ ပြောလိုက်တယ်..။

"နှုတ်ဆိတ်သော အန်ကယ် ရဲ့..သမီးနာမည်က ဘယ်သူလဲ..."

ကျိုးမင်ချင်း ပြန်ပြောလိုက်တယ်..။

"ဟီရှောင်လီ..."

"အိုး..."

ပုံမှန်အားဖြင့် လင်းဖန် သတင်းတွေကို သိပ်အာရုံစိုက်ပြီး မထတ်တော့..ရှန်ဟိုင်း..TV မှာ..ဟီရှောင်လီ လို့ အမည်ရတဲ့ အစီစဥ် တင်ဆက်သူ ရှိလား မရှိလား မသိပါဘူး..။

အဲ့အချိန်မှာပဲ..ကားထဲမှာ ဖွင့်ထားတဲ့..ရေဒိီယိုကနေ အမျိူးသမီး အစီစဥ် တင်ဆက်သူရဲ့အသံဟာ ထွက်ပေါ်လာခဲ့တယိ..။

"ချစ်လှစွာသော ပရိတ်သတ်ကြီးကို နှုတ်ဆက်ပါတယ်..။ကျွန်မကတော့..အစီစဥ် တင်ဆက်သူ ဟီရှောင်လီ ပါ..."

"အိုး ..အိုး.."

နှုတိဆိတ်သော အန်ကယ်ဟာ ချက်ချင်းလက်ကို မြောက်ပြီး..အသံလာရာ နေရာကို ညွှန်ပြလိုက်တယ်..။ယင်းနောက်..သူ့ကိုယ်သူ လက်ညိုးပြန်ထိုးပြလိုက်ပြီး ပျော်ရွှင် အပြစ်ကင်းစွာ ပြုံးနေခဲ့ပါတယ်..။

လူအ်ိုကြီး မျက်နှာရဲ့ အပြုံးက အတော်ကို..ပီတိ ဖြစ်နေတဲ့ ပုံပါပဲ..။

ကျိူးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..ကြည့်ရတာ..နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးထင်တယ်..."

အဲ့အချိန်မှာပဲ..နှုတ်ဆိတ်သော.အန်ကယ်ဟာ ကိုယ့်ကိုကို တည်ငြိမ်အောင် လုပ်လိုက်တယ်..။ယင်းနောက်..သူ့နားကို.ရေဒီယို နားကို ကပ်ပြီး...သေချာ နားထောင်လိုက်ပါတယ်..။သူ့မျက်နှာက..အပြုံးဟာ ပိုပိုပြီး တောက်ပလာခဲ့တယ်..။

လင်းဖန် ဘာမှ မပြောတော့ပေ..။သူ နဲ့ ကျိုးမင်ချင်းတို့ဟာ ကားပေါ်မှာ တိတ်တဆိတ်ထိုင်ပြီး..တိုက်ရိုက်ထုတ်လွင့်မူ ပြီးတဲ့ အထိသာ စောင့်နေခဲ့ပါတယ်..။

ကျိုးမင်ချင်းရဲ့..စိတ်ထဲမှာ..တော့ အတော်ကို သံသယဖြစ်နေခဲ့တယ်..။သူ တစ်ခုခု မကောင်းတာဖြစ်တော့မယ့် ခံစားချက်တွေတောငိ ရနေခဲ့ပါတယ်..။သို့ပေမယ့် သူ ဒါကို ဘယ်လို ပြောပြရမှန်း မသိပေ.။

အဲ့အချိန်မှာတော့ နှုတ်ဆိတ်သော..အန်ကယ်ဟာ..တိတ်ဆိတ်စွာ နားထောင်နေခဲ့တယ်..။ကျ်ိုးမင်ချင်း မနှောက်ယှက်ချင်တာကြောင့်...သူ့ဆရာနဲ့ မဆွေးနွေးခင်မှာ..တိုက်ရိုက်ထုတ်လွင့်မူ ဆုံးအောင် စောင့်နေခဲ့ပါတယ်.။

အတော်ကြာပြီးနောက်မှာ တိုက်ရိုက်ထုတ်လွင့်မူ..ရပ်သွားခဲ့တယ်..။

နှုတ်ဆိတ်သော အန်ကယ်ကတော့...သူမရဲ့ အသံကို ကြားရတဲ့ အတွက် အတော်ကို ကျေနပ်နေတဲ့ ပုံပါပဲ..။

လင်းဖန် တစ်ဖက်ကို ညွှန်ပြပြီး ပြောလိုက်တယ်..။

"နှုတ်ဆိတ်သော..အန်ကယ် ခင်ဗျားရဲ့ သမီးက ဒီမှာ အလုပ်လုပ်နေတာလား.."

နှုတ်ဆိတ်သော အန်ကယ်..ဟာ အဆောက်အဦး အမြင့်ကြီးတွေကို တစ်ချက်ကြည့်လိုက်ပြီ..သူ့မျက်နှာမှာ ဂုဏ်ယူတဲ့ အမူအရာတွေ ရှိနေခဲ့တယ်..။သို့ပေမယ့် ချက်ချင်း ဆိုသလိုပဲ..သူ့ကြည့်ရတာ ကြောက်ရွံ့သွားပြီး..အနည်းငယ် ကြောက်ရွံ့မူတွေ ပေါ်လာခဲ့ပါတယ်..။

ကျိုးမင်ချင်း လင်းဖန်ရဲ့ နားနားကို ကပ်ပြီး တီးတိုး ပြောလိုက်တယ်..။

"ဆရာ..လက်ရှိအခြေအနေက နည်းနည်းတော့ မဟုတ်သေးဘူးထင်တယ်နော်..။ရွားသားတွေ ပြောတာကတော့..နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးက ရွာက ထွက်သွားပြီး နောက်ပိုင်း ၁ နှစ် ၂ နှစ် အတွင်းမှာတောင်..ပြန်လာသေးတယ်တဲ့..။ဒါပေမဲ့ လေးငါးနှစ်လောက် ကြာလာတော့ သူမက ပြန်မလာတော့ပဲ..ဖုန်းပဲ ပြောတော့တယ်..။ပြီးတဲ့နောက်မှာတော့ သူမက ဖုန်းတောင် မဆက်တော့ဘူး..။ကျွန်တော် စိုးရိမ်တာက..."

ဒါကို ပြောပြီးနောက်မှာ. ကျိူးမင်ချင်း ရပ်လိုက်တယ်..။ဒါက..နှုတ်ဆိတ်သော အန်ကယ်..သူတိူ့ပြောနေတာတွေကို ကြားနေတယ် ဆိုတာကို သတိထားမိသွားလို့ပါ..။နှုတ်ဆိတ်သော..အန်ကယ်ဟာ..ကျိုးမင်ချင်းကို ခေါင်းခါယမ်းပြီး လက်ဝေ့ယမ်းပြလိုက်တယ်..။

သူ့ကြည့်ရတာတော့ သူ့သမီးက ဒီလို လူမျိုးမဟုတ်ဘူးဆိုတာကို ပြောချင်နေတဲ့ပုံပါပဲ..။သူမက ဒီလို လူမျိုးတစ်ယောက် မဟုတ်ပေ..။သူမက ဖုန်းပျောက်သွားပြီး..အိမ်ကို ဆက်မယ့် ဖုန်းနံပါတ်ကို ..မသိတော့တာ တောင် ဖြစ်နိုင်ပါတယ်..။

အဲ့အချိန်မှာပဲ..ရှန်ဟိုင်း TV ...ရဲ့ တံခါးဟာ ပွင့်သွားခဲ့တယ်..။မိန်းမငယ်လေး နှစ်ယောက်ဟာ တံခါးကနေ လမ်းလျောက် ထွက်လာခဲ့ကြပါတယ်..။

မိန်းကလေးနှစ်ယောက်ထဲက..တစ်ယောက်ကို မြင်တဲ့ အချိန်မှာ ပြိုင်ကားတစ်စီးပေါ်ကနေ..လူတစ်ယောက်ဟာ ပန်းစည်းကို ကိုင်ပြီး ထွက်လာခဲ့ပါတယ်..။

နှုတ်ဆိတ်သော အန်ကယ်ဟာ..ဒီမိန်းကလေးကို မြင်ပြီး စိတ်လှုပ်ရှားသွားခဲ့တယ်..။သူ ကျိုးမင်ချင်းရဲ့ လက်မောင်းကို ..ဆုပ်ကိုင်ပြီး..ညွှန်ပြလိုက်ပါတယ်..။

"အာဘာ..အဘာ..."

"အဲတာ ခင်ဗျားရဲ့ သမီးလား..."

လင်းဖန် မေးလိုက်တာပါ..။

"အ.အ.."

နှုတ်ဆိတ်သော အန်ကယ် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ ကားတံခါးက်ို အလျင်အမြန် ဖွင့်လိုက်ပါတယ်..။ယင်းနောက် သူ..ကျိုးမင်ချင်းနဲ့ လင်းဖန်ကို ပြန်ကြည့်ပြီး အလျင်အမြန် ခေါင်းညိမ့်လိုက်တယ်..။သူ စကားမပြောနိုင်ပေမယ့်လည်း သူ့ရဲ့ အမူအရာနဲ့ အချက်ပြမူ တွေက အကုန်လုံးကို နားလည်စေပါတယ်..။

သူတို့ နှုတ်ဆက်သော အန်ကယ် မိန်းကလေး ဆီ ပြေးသွားတာကို ကြည့်နေခဲ့ကြတယ်..။

ကျိုးမင်ချင်း အနည်းငယ် စိတ်ပူပြီး မေးလိုက်တယ်.။

"ဆရာ..အခြေအနေက အဲလောက်အထိ မရိုးရှင်းဘူး ထင်တယ်နော်..."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ကြည့်ရတာပေါ့..။ကျုပ်တို့ အရင်ဆုံးစောင့်ကြည့်ပြီး..အခြေအနေ ဘယ်လို ဖြစ်လာမလဲ..စောင့်နေရမယ်..."

ဒါက ကျိုးမင်ချင်း တစ်ယောက် တည်းမြင်နိုင်တဲ့ အရာမဟုတ်ပါဘူး..။လင်းဖန် လည်း ဒီအခြေအနေက တစ်ခုခု မူမမှန်ဘူးဆိုတာကို မြင်နိုင်ပါတယ်..။

…

"ရှောင်လီ..ကိုယ် မင်းကို သဘောကျတယ်..။ကျေးဇူးပြုပြီး..ကိုယ့်ရဲ့ ကောင်မလေး ဖြစ်ပေးနိုင်မလား..."

လူငယ်လေးဟာ..ပန်းစည်းကို ကိုင်ပြီး ရှောင်လီ ရဲ့ အနားကို လာကာ ပြောလိုက်တာပါ..။

ဟီရှောင်လီ ကတော့ ဒီလို အခြေအနေမျိုးကို အတော်သဘောကျနေခဲ့တယ်..။မိန်ကလေးတစ်ယောက်က..သူ့ကို ကောင်းလေးတွေ ဝိုင်းနေတာကို သဘောကျတာက ဖြစ်သင့်ပါတယ်..။

သူမ ရှေ့မှာ ရောက်နေတဲ့ ကောင်လေးက..သူမကို သဘောကျနေကြတဲ့ လူတွေ အများကြီးထဲကမှ တစ်ယောကိပါ..။ဘယ်သူ့ကို ရွေးရမလဲ ဆိုတာကတော့..သူမ သေချာ မဆုံးဖြတ်ရသေးပါဘူး..။

အဲ့အချိန်မှာပဲ..ဟီရှောင်လီဟာ..သိပ်မဝေးတဲ့ နေရာကနေ သူမဆီကို လှမ်းလာနေတဲ့ သူမရဲ့ အန်ကယ်ကို တွေ့လိုက်ရတယ်..။သူမကြည့်ရတာတော့.. မမြင်တွေ့ချင်တဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသလိုပဲ..ကြောက်ရွံ့သွားခဲ့ပါတယ်..။

"ရှောင်လီ ဘာဖြစ်တာလဲ.."

လူငယ်လေး..ဟာ ရှောင်လီ ရဲ့ ထူးဆန်းသွားတဲ့ အမူအရာကြောင့် ဘာဖြစ်မှန်း မသိခဲ့ပေ..။သူ ရှောင်လီ ကြည့်နေတဲ့ နေရာကို လိုက်ကြည့်လိုက်တဲ့ အချိန်မှာ အနည်းငယ် သံသယ ဖြစ်သွားခဲ့တယ်..။

ဒီအဖိုးကြီးက ဘယ်သူလဲ....

ဘာလို့ ရှောင်လီက သူ့ကို မြင်တာနဲ့ ဒီလို အမူအရာ ဖြစ်သွားရတာလဲ..။

အဲ့အချိန်မှာပဲ..နှုတ်ဆိတ်သော အန်ကယ်ဟာ ရှောင်လီ ရဲ့..ရှေ့ကို ရောက်လာခဲ့တယ်..။နှုတ်ဆိတ်သော အန်ကယ်ဟာ..မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သမီးလေးကို ပြန်တွေ့ရတာကြောင့် မျက်လုံးတွေ နီရဲနေခဲ့ပါတယ်..။သူ့ ပါးစပ်ကနေ...အသံတွေ ထွက်နေခဲ့ပြီး..လက်တွေန့လည်း အမူအရာ ပြနေခဲ့တယ်..။

"ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ.."

ဟီရှောငိလီ မေးလိုက်တာပါ..။သူမ နှုတ်ဆိတ်သော အန်ကယ်ကို မြင်တဲ့ အချိန်မှာ..အနည်းငယ် ထိပ်လန့်ပြီး ရှက်ရွံ့သွားခဲ့တယ်..။သူမ မေးတဲ့ အချိန်မှာလေသံက သိပ်ပြီးရင်းနှီးတဲ့ ပုံစံမရှိပါဘူး..."

"အာ..အာ..."

နှုတ်ဆိတ်သော အန်ကယ် ရဲ့ အမူအရာကတော့ မပြောင်းလဲပဲ ဆက်ပြီး ပြုံးနေခဲ့တယ်..။ယင်းနောက်..သူ အိတ်ကို ညွှန်ပြလိုက်ပါတယ်...။သူ စကားမပြောနိုင်ပေမယ့်လည်း သူ့ရဲ့..ဂရုစိုက်မူတွေနဲ့..ချစ်ခြင်း မေတ္တာတွေကိုတော့ တွေ့မြင်နေခဲ့ရတယ်...။

အဲ့အချိန်မှာ..ပဲ နှုတ်ဆိတ်သော အန်ကယ်ဟာ..သူ့ရဲ့ မဲနက်ပြီး..တင်းတိတ်တွေ ရှိနေတဲ့ လက်ကို ဆန့်တန်းလိုက်တယ်..။သူက ငယ်ရွယ်စဥ်အခါတုန်းက သူ့ရဲ့သမီးလေးကို ဖက်ထားပေးခဲ့သလိုမျိုး ဖက်ဖို့ပြုလုပ်ခဲ့တာပါ..။

ဟီရှောင်လီ ဒီလက်ကို မြင်ပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်..။သူမကို ကြည့်ရတာတော့ ကြောက်လန့်နေတဲ့ ပုံပါပဲ..။

*ဖြန်း*

ရုတ်တရက် ရှောင်လီ ဘေးနားက လူငယ်လေးဟာ..နှုတ်ဆိတ်သော အန်ကယ်ရဲ့..လက်ကို ရိုက်ထုတ်လိုက်တယ်..။သူ့ရဲ့ လေသံကတော့..လေးနက်သွားခဲ့ပြီး...

"လူအိုကြီး..ခင်ဗျား ဘာလုပ်ချင်တာလဲ..."

ဒီ နှုတ်ဆိတ်သော..အန်ကယ် ဟာ ​ထိပ်လန့်သွားခဲ့တယ်..။အခြေအနေက ဘာလို့ ဒီလို ဖြစ်သွားလဲ သူမသိတော့ပါဘူး..။သို့ပေမယ့် သူ အပြုံးကို ဆက်ထိန်ထားပြီး..အိတ်ကို ဖွင့်လိုက်ပါတယ်..။

သူ အိတ်အသေး လေးတွေကို ဖွင့်လိုက်တယ်..။

ဒီအိတ်တွေက..အခွံခွာပြီးသား ဖြစ်တဲ့ ဖရဲသီးစေ့တွေပါ..။ဒါက..တောင်တန်းဒေသ ရဲ့ ဖရဲသီး စစ်စစ်ပါပဲ..။

နှုတ်ဆိသော အန်ကယ် အတွက်ကတော့...အရင်တုန်းက သူ့ရဲ့ သမီးလေး စိတ်ဆိုးပြီဆိုရင် ဒါကို အသုံးပြုပြီး ချော့နေကြပါ..။အခုလည်း သူ့ရဲ့ သမီးလေးက..သူ့ကို ဒီလို ပြောနေတာက...အစောကြီးကတည်းက လာမရှာလို့ စိတ်ဆိုးနေတာ ဖြစ်နိုင်ပါတယ်..။

နှုတ်ဆိတ်သော အန်ကယ်ဟာ...အိတ်ကိုယူပြီး..သူမရဲ့..လက်ထဲကို လှမ်းထည့်ပေးလိုက်တယ်..။ပြီးတော့ သူ့ ပါးစပ်ကလည်း ပြောနေခဲ့ပါတယ်..။

"ဒီ လူအိုကြီးက ဦးနှောက်များ လွတ်နေတာလား.."

လူငယ်လေးက ပြောလိုက်တာပါ..။သူချက်ချင်းပဲ..နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်ကို ပုတ်ထုတ်လိုက်တဲ့ အချိန်မှာ အစေ့တွေဟာ ပြန့်ကျဲသွားခဲ့တယ်..။ယင်းနောက် သူ နှုတ်ဆိတ်သော အန်ကယ်ကို..လက်ညိုးထိုးကာ ပြောလိုက်ပါတယ်..။

"အမြန် လစ်လိုက်တော့..။ခင်ဗျားလို အရူးက ဘယ်ကနေ ရောက်လာတာလဲ..."

ကားထဲတွင်.။

ကျိုးမင်ချင်း ဒေါသထွက်သွားခဲ့တယ်..။သူ ပြောလိုက်ပါတယ်..။

"ဒီ ရိုင်းစိုင်းတဲ့ လူငယ်လေး..။ငါ သူ့ကို သင်ခန်းစာ သွားပေးမှရမယ်..."

လင်းဖိ် လှမ်းတားပြီး ပြောလိုက်ပါတယ်..။

"ဒီအခြေအနေကို ...ခနလောက် စောင့်ကြည့်ရအောင်..."

အပြင်ဘက်...။

နှုတ်ဆိတ်သော အန်ကယ်ဟာ သူယူလာတဲ့..ဖရဲစေ့ တွေဟာ မြေကြီးပေါ် ပြုတ်ကျသွားတာကြောင့် ဘာလုပ်ရမလဲ မသိတော့ပေ..။သူ ချက်ချင်းပဲ..ဒူးထောက်ချလိုက်ပြီး အစေ့တွေကို..ပြန်ကောက်လိုက်ပါတယ်..။သူ အစေ့တွေကို ကောက်နေရင်းကနေ ဟီရှောင်လီကိုလည်း အမူအရာတွေ ပြနေခဲ့တယ်.။

“Ah… Ah… Ah…”

သူ့ရဲ့ အမူအရာကတော့ ထိပ်ထိပ်ပြာပြာ ဖြစ်နေပြီး ဘာဆက်လုပ်ရမယ် မှန်း မသိတော့ပါဘူး..။

အခုချိန်မှာ သူ တကယ်ပဲ စကားပြောချင်နေခဲ့ပါတယ်..။သူ့ရဲ့ ကိုယ်ဟန် အမူအရာတွေကို သူ့ရဲ့ သမီးလေး နားမလည်မှာကို စိုးရိမ်နေခဲ့တာပါ..။သို့ပေမယ့်..သူ ပါးစပ်ဟလိုက်တဲ့ အချိန်တိုင်းမှာ..ဘယ်သူမှ နားမလည်နိုင်တဲ့ စကားတွေသာ ထွက်လာနေခဲ့ပါတယ်..။

သူ စိတ်ပူလွန်းလို့ ငိုတောင် ငိုချင်နေခဲ့ပါပြီ..။

ဟီရှောင်လီ သူမ လက်ကိုင်အိတ်ထဲကနေ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး..သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဆီကပါ ပိုက်ဆံတောင်းလိုက်တယ်..။

ယင်းနောက် သူမ ရှေ့ကို တိုးသွားပြီး..နှုတ်ဆိတ်သော အန်ကယ်ကို ဆွဲထူလိုက်ပါတယ်..။

"ဒီပိုက်ဆံ တွေကို ယူပြီး ပြန်တော့..။ဒီကို ဘယ်တော့မှ ထပ်မလာနဲ့တော့..."

ဟီရှောင်လီ..ပိုက်ဆံတွေကို...နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်ထဲကို ထည့်ပေးလိုက်ပြီး...သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့...လူငယ်လေးကို ကြည့်ကာ ပြောလိုက်ပါတယ်..။

"ငါ ဒီမှာ..စကားနည်းနည်းပြောစရာ ရှိလို့.. ရှေ့နားကနေ စောင့်နေကြပါ..."

သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဟာ..ခေါင်းညိမ့်လိုက်တယ်..။လူငယ်လေးကတော့...နှုတ်ဆိတ်သော အန်ကယ်ကို ပိုပြီးတောင်..စိုက်ကြည့်သွားခဲ့ပါသေးတယ်..။

"ခင်ဗျား မဟုတ်တာတွေ လုပ်ဖို့ စိတ်မကူးနဲ့..."

ဟီရှောင်လီ..ကျန်တဲ့လူတွေ ထွက်သွားတဲ့ အချိန်ကြမှ... နှုတ်ဆိတ်သော အန်ကယ်ကို ကြည့်ကာ..ပြောလိုက်တယ်..။

"ဒီကို ဘယ်လို ရောက်လာတာလဲ..."

"ထားလိုက်တော့...။အဖေ ဘယ်လို ရောက်လာတာလဲ ဆိုတာကို သမီး စိတ်မဝင်စားဘူး..။သမီး ဒီမှာ..ကိုယ့်ဟာကို နေနေတာ အတော် အဆင်ပြေနေပြီ..။ဘယ်သူ့ ရဲ့ စိုးရိမ်ပူပန် မူမှလည်း မလိုတော့ဘူး..။ပြီးတော့..ဘယ်သူ့ကိုမှလဲ..သမီးရဲ့ အထိတ်ကို မသိစေချင်ဘူး..."

"သမီး အခု အစီစဥ် တင်ဆက်သူ တစ်ယောက်ဖြစ်နေပြီ..။တကယ်လို့ လူတွေသာ..သမီးမှာ ဒီလို အဖေမျိုးရှိနေတာကို သိသွားကြရင် ဝိုင်းရယ်ကြလိမ့်မယ်..။ကျေးဇူးပြုပြီး ပြန်ပါတော့..။ဒီကို ဘယ်တော့မှ ထပ်မလာပါနဲ့..။အဖေ့မှာ သမီးတစ်ယောက်..မရှိဘူးလို့ပဲ..သဘောထားပါ..."

နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်တွေဟာ တုန်ရီလာခဲ့တယ်..။သူ့ကြည့်ရတာ ဒါကို မယုံကြည်နိုင်ဖြစ်နေတဲ့ အတိုင်းပါပဲ..။

သို့ပေမယ့် သူ ဆက်တိုက်ပြုံးပြီး ခေါင်းညိမ့်နေပါသေးတယ်..။သူ့ကြည့်ရတာ...သူ့သမီးလေးကို စိတ်သက်သာရာ ရစေပြီး..သူ့အတွက် မစိုးရိမ်ချင်တဲ့ ပုံပါပဲ..။

တစ်ချိန်တည်းမှာပဲ..သူ ပိုက်ဆံကို ဟီရှောင်လီ ရဲ့ လက်ထဲ ပြန်ထည့်ပေးလိုက်တယ်..။ယင်းနောက် သူ့ရဲ့ အိပ်ကပ်ထဲက ဒေါ်လာ ဆယ်တန် အနည်းငယ်ကိုပါ ထပ်ထုတ်ပြီး..ဟီရှောင်လီ ရဲ့ လက်ထဲကို ထပ်ထည့်ပေးလိုက်ပါတယ်..။

ယင်းနောက် ပါးစပ်က်ိုဟပြီး...အစာအိမ်ကို လက်ညိုးထိုးပြကာ..စားတဲ့ အမူအရာ လုပ်ပြနေခဲ့ပါတယ်..။

"အာ...အာ..."

ဟီရှောင်လီ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"သမီး သိပါတယ်..။သမီး အစားကို ကောင်းကောင်းစားမှာပါ..။အဖေ သမီးကို စိုးရိမ်စရာ မလိုပါဘူး..။အခုတော့ အိမ်ကို ပြန်လိုက်ပါ..။နောက်မှပဲ..သမီး လာလည်ပါ့မယ်...."

နှုတ်ဆိတ်သော အန်ကယ်ဟာ ဒါကိုကြားတဲ့ အချိန်မှာ..မျက်ရည်တွေ ဝိုင်းလာခဲ့တယ်...။သူ ခေါင်းညိမ့်ပြီး လက်ပြ နှုတ်ဆက်လိုက်ပါတယ်..။သူ ..သူ့သမီး အထဲဝင်သွားတာကို စောင့်ကြည့်ချင်ပေမယ့်လည်း အဆုံးမှာတော့ လှည့်ထွက်လာခဲ့ပါတယ်..။

ဟီရှောင်လီဟာလည်း..စကားတစ်ခွန်းမှ မပြောတော့ပဲ...ရှန်ဟိုင်း TV ရဲ့ အဆောက်အဦးထဲကိုသာ ပြန်ဝင်သွားခဲ့ပါတယ်..။

A Valiant Life 762

အပိုင်း ( ၇၆၂ ) ငါဘာလို့ ကံဆိုးနေရတာလဲ..

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ကားပေါ်မှာ ထိုင်နေရင်းနဲ့ မျက်မှောင်ကျုတ်လိုက်တယ်..။

သူ့ရဲ့ လက်ရှိစွမ်းဆောင် ရည်နဲ့ ဆိုရင် ဒီလူတွေ ဘာပြောနေကြတာလဲ ဆိုတာကို ကောင်းကောင်းကြားရပါတယ်..။

အခြေအနေတွေက ဒီလောက်အထိ ဖြစ်လာလိမ့်မယ် လို့ သူ မထင်ထားခဲ့ပေ..။ရှောင်လီက..ဒီလို လူမျိုး ဖြစ်နေလိမ့်မယ်လိူ့ ဘယ်သူက ထင်ထားမိမှာလဲ...။

"ဆရာ..အခု အခြေအနေက ဘယ်လိုဖြစ်နေတာလဲ.."

ကျိုးမင်ချင်း အတွက်ကတော့ ဒီလူတွေ ဘာပြောနေကြတာလဲ ဆိုတာကို..မကြားရပါဘူး..။သို့ပေမယ့်လည်း..အခြေအနေက သိပ်တော့မကောင်းဘူး ဆိုတာကို သူ ပြောနိုင်ပါသေးတယ်..။

နှုတ်ဆိတ်သော..အန်ကယ် ယူလာတဲ့ အစေ့တွေ..ကြမ်းပြင်ပေါ် ကျသွားကတည်းက..သူ..ဒေါသ ထွက်နေခဲ့တာပါ..။

သူ့..ဒီငနဲကို ချက်ချင်း သွားပြီး သင်ခန်းစာ ပေးချင်ပေမယ့်လည်း သူ့ဆရာ တားဆီးထားတဲ့ အတွက် လက်လျော့လိုက်ရပါတယ်..။

"ကားပေါ်က ဆင်းကြရအောင်.."

လင်းဖန် ပြောလိုက်တာပါ..။

သိပ်မဝေးသည့် နေရာတွင်..။

နှုတ်ဆိတ်သော..အန်ကယ်ဟာ...သူ့ရဲ့ သမီးလေးရဲ အရိပ်ပျောက်ကွယ်သွားတဲ့ အထိ လှည့်ကြည့် လှည့်ကြည့်လုပ််နေခဲ့တယ်..။သူကတော့...သူမကို နှုတ်ဆက်ချင် နေတုန်းပါပဲ..။တကယ်လို့...သူ့ရဲ့ သမီးလေး.ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေနိုင်တယိ ဆိုရင်ပဲ..သူ ကျေနပ်ပါပြီ..။

အဆောက်အဦးထဲတွင်..။

"ရှောင်လီ..အဲ့အန်ကယ်က ဘယ်သူလဲ.."

သူမရဲ့ လုပ်ဖော်ကိုင်ဖက်က မေးလိုက်တာပါ..။

ဟီရှောင်လီ ခနလောက် တွေဝေနေခဲ့ပြီးမှ...

"ငါ့ရဲ့ မွေးရပ်ဇာတ်က.. ဆွေမျိုးတစ်ယောက်ပါ..."

သူမ ရဲ့ လုပ်ဖော်ကိုင်ဖက်ဟာ မေးလိုက်တယ်..။

"နင့်မှာ ဘာလို့ ဒီလိူ ဆွေမျိုး ရှိနေရတာလဲ..။သူ့ပုံစံကလည်း သူတောင်းစားလို ဝတ်ဆင်ထားသေးတယ်..။သူက နင့်ကို မှီခိုနေတာပဲ ဖြစ်ရမယ်..။ငါပြောပြမယ်..ဒီလို ဆွေမျိုးတွေ အပေါ်ကို နင်အများကြီး ကောင်းပေးလို့ မဖြစ်ဘူးနော်..။နင်က အရမ်း သဘောကောင်းလွန်းတယ်..။နင်က သူ့ကို ပိုက်ဆံတွေ အများကြီးပေးလိုက်တာပဲ..။ဒါက မထိုက်တန်ဘူးလေ.."

ဟီရှောင်လီ တိတ်ဆိတ်နေခဲ့တယ်..။သူ ခေါင်းကိုသာ ဝမ်းနည်းစွာ ငုံ့ထားခဲ့ပါတယ်..။သို့ပေမယ့် သူမ လက်ရှိ အခြေအနေကို ပြန်တွေး ကြည့်လိုက်တဲ့ အချိန်မှာတော့ အမှန်တရားကို ဝန်မခံချင်ခဲ့ပါဘူး..။

ဘာလို့လဲ..ဆိုတော့..လူတွေ သူမကို လှောင် ပြောင်ကြမှာကို မလိုချင်လို့ပါ..။

သူမ ပြန်လှည့်ပြီး..သူမရဲ့ အဖေကို ကြည့်ချင်ပေမယ့်..တံတိုင်းက ကာဆီးထားခဲ့ပါပြီ..။သူမ အသက်ကိုသာ ပြင်းပြင်းရူလိုက်ပြီး...ဘာမှ မတွေးတော တော့ပေ..။

အပြင်ဘက်..။

နှုတ်ဆိတ်သော အန်ကယ်ဟာ..သူ့သမီးလေးရဲ့ အရိပ်ပျောက်ကွယ်သွားတဲ့ အချိန်ကြမှ..ကြမ်းပြင်ပေါ်က ဖရဲစေ့ တွေကို ကြည့်လိုက်တယ်..။ဇယသ်းနောက်..သူ သေချာမသန့်ရှင်းခင်မှာ..ဖရဲသီးစေ့တွေကို ပြန်ကောက်လိုက်ပါတယ်..။

"လူအိုကြီး..ခင်ဗျားက..ဘယ်သူလဲ..။ကျုပ် ရှောင်လီကို လိုက်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ ဆိုတာကို သိရဲ့လား..။အခုတော့ ခင်ဗျားကြောင့် အကုန် ပျက်ဆီးသွားပြီ..."

ပန်းစည်းကို ကိုင်ထားတဲ့ လူငယ်လေးက..နှုတ်ဆိတ်သော အန်ကယ်ဆီကို လျောက်လာပြီး ပြောလိုက်တာပါ..။

နှုတ်ဆိတ်သော အန်ကယ်ဟာ ဒီလူငယ်လေးက.သူ့သမီးရဲ့ အချစ်ကို ရဖို့ ကြိုးစားနေတယ် ဆိုတာကို ကြားပြီး..သဘောမကျစွာ ခေါင်းခါယမ်းလိုက်တယ်..။

"ခင်ဗျား အမူအရာက ဘာဖြစ်တာလဲ...။ခင်ဗျား နောက်တစ်ခါပေါ်မလာ ရင် ပိုကောင်းလိမ့်မယ်နော်..။မဟုတ်ရင် ကျုပ် ခင်ဗျားကို သင်ခန်းစာ ပေးမိလိမ့်မယ်.။ကျုပ်ပြေတာ ကြားလား..."

လူကြီးက ဒေါသတကြီး ပြောလိုက်တာပါ..။

"အာ..အာ."

နှုတ်ဆိတ်သော အန်ကယ်ဟာ.မပျော်မရွှင်ဖြစ်မိပေမယ့်လည်း..ခေါင်းကို ငုံ့ပြီးသာ..အစေ့တွေကို ကောက်နေခဲ့ပါတယ်..။

"ခင်ဗျားက ဒါတွေကို ဘာလို့ကောက်နေတာလဲ..။ဒါက အမှိုက် သက်သက်ပဲ.."

လူငယ်လေးဟာ..ဖရဲသီးစေ့ကို ခြေထောက်နဲ့ ကျိတ်လိုက်တဲ့ အချိန်မှာ..ချက်ချင်း အမှုန့်ဖြစ်သွားခဲ့တယ်...။

"အာ.."

နှုတ်ဆိတ်သော အန်ကယ်ဟာ..လူငယ်လေးရဲ့ ခြေထောက်ကို လှမ်းတားလိုက်ပြီး..သူ့ကို အစေ့တွေလိုက်နင်းတာကနေ ရပ်စေချင်နေခဲ့ပါတယ်..။

"ဟားးဟား.ခင်ဗျားက တကယ်ဟာသပဲ.."

လူငယ်လေးဟာ ရယ်မောလိုက်တယ်..။ဒီလို လူမျိုးက တည်ရှိနေလိမ့်မယ်လိူ့ သူမထင်ထားခဲ့ပါဘူး..။သူက ဖရဲသီးစေ့တွေကို ရွှေလိုမျိုး တန်ဖိုးထားနေခဲ့တာပါ..။ယင်းနေက်..သူ နောက်ထပ် အစေ့တွေကို ဒေါသတကြီး လိူက်နင်းလိူက်တယ်..။

ဒီလူကြီးသာ..ပေါ်မလာရင်...သူ့ ရဲ့ အစီစဥ် တွေက ကျဆုံးစရာ အကြောင်းမရှိပါဘူး..။

"ကျုပ် ခင်ဗျားရဲ့ ဖရဲသီးစေ့ တွေကို အကုန် နင်းချေပြီးရင်ရော..ခင်ဗျား မျက်နှာ ဘယ်လိူဖြစ်နေမလဲ ကြည့်ကြသေးတာပေါ့.."

လူငယ်လေးဟာ ရယ်မောပြီး အစေ့တွေကို ဆက်တိုက် နင်းခြေနေခဲ့တယ်..။

ရုတ်တရက်..။

* ဖြောင်း *

လူငယ်လေးဟာ...ရုတ်တရက် ပါးရိုက်ခံလိုက်ရပြီး မြေပြင်ပေါ်လဲကျ သွားခဲ့တယ်..။

"ဘယ်ကောင်က ငါ့ကို ရိုက်ရဲတာလဲ.."

လူငယ်လေးဟာ..ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ကို ရိုက်တဲ့လူရဲ့ မျက်နှာကို ကြည့်လိုက်ပါတယ်..။

သိူ့ပေမယ့် ဘယ်သူလဲ ဆိုတာကို သူမြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။

"မာစတာလင်း..."

သူ့ကို ရိုက်တဲ့လူက မာစတာလင်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

ရှန်ဟိုင်းမှာ...ဘယ်သူက မာစတာလင်းကို မသိပဲ နေမှာလဲ..။

အထူးသဖြင့် ချမ်းသူတဲ့...မျိုးဆက်က သခင်လေးတစ်ယောက် အနေနဲ့..မာစတာလင်းရဲ့ အင်အားကို သိထားပါတယ်..။

သူတို့ အကြောင်းအရာတစ်ခုကို ပြောတဲ့ အချိန်မှာ..မာစတာလင်းကတော့ မပါမဖြစ်ပါပဲ..။သာမန်လူတစ်ယောက်ကတော့..မာစတာလင်းက..လွတ်လပ်ပြီး ပျော်ပျော်နေတတ်တယ်လို့ပဲ သိထားကြမှာပါ..။

သိူ့ပေမယ့် သူတို့ကတော့ မာစတာလင်း ဘယ်လောက် မယုံနိုင်စရာ ကောင်းလဲ ဆိုတာကို သိထားပါတယ်..။

အထူးသဖြင့်...ချင်ကျိုးရဲ့ မတော်တဆမူပါပဲ..။မာချင်ကျိူး ဆိုတာက ချင်ကျိုးမှာ ဘယ်လို လူမျိုးလဲ ဆိုတာ သူတို့ကောင်းကောင်း သိထားပြီးသားပါ..။

ထပ်ပြောရရင် .မာစတာလင်းက..ရှန်ဟိုင်းရဲ့ သခင်လေးတွေ ​ကြားထဲမှာ ပေါ်ပြူလာ ဖြစ်တယ်လို့ ပြောလို့ရပါတယ်..။သူ့မှာက မိတ်ဆွေတွေ အများကြီးရှိပြီး သူတို့ရဲ့ အဖေတွေတောင် မာစတာလင်းနဲ့မိတ်ဆွေ ဖြစ်ချင်ကြတယ်လို့ ပြောရင် မမှားပါဘူး..။

သိူ့ပေမယ့် ဒီလို ဖြစ်လာဖို့ ဆိုတာက လွယ်ကူတဲ့ အရာတစ်ခုမဟုတ်ပေ..။

ဥပမာ အနေနဲ့ ပြောရရင်..သာမန်သူဌေး တစ်ယောက်ဖြစ်တဲ့ ဟီချန်းဟန် ဆိုရင်တောင် အခုဆိုရင် အတော် ကွာပြားနေခဲ့ပါပြီ..။

မာစတာလင်းရဲ့ မိတ်ဆွေတွေက..အဖွဲ့အစည်းတစ်ခုလိုပါပဲ..။ဒီ အဖွဲ့အစည်းကို ဝင်ဖို့ဆိုတာက သိပ်မလွယ်ကူပေ..။

အဖွဲ့ထဲက လူတွေက..တစ်ယောက်နဲ့ တစ်ယောက် မိသားစုတွေလို သင်ပြပေးပြီး..ငွေကိုလည်း အတူတူ ဖို့..စိတ်ဝင်စားကြပါတယ်..။

"ဒီတော့..မင်းငါ့ကို သိတယ်ပေါ့.."

လင်းဖန် မေးလိုက်တာပါ..။

"ဟုတ်တယ်..ဟုတ်တယ်..."

လူငယ်လေးဟာ ကြောက်လန့်တကြား ပြောလိုက်တာပါ..။

လင်းဖန် ..ဘာမှ ထပ်မပြောတော့ပေ..။

"အဲ့အစေ့တွေကို အကုန်ပြန်ကောက်လိုက်..."

"မာစတာလင်း..ကျွန်တော် အခုပဲ..ကောက်လိုက်ပါ့မယ်..."

မောက်မာတဲ့ လူငယ်လေးဟာ..အခုတော့ ရိုကျိုးသွားခဲ့ပါပြီ..။

လင်းဖန်ကတော့ ဘာမှ လုပ်ဖို့ မလိုအပ်ပါဘူး..။သူ့ရဲ့ တည်ရှိမူကတင်ကို..လူငယ်လေးကို ဖိအားပေးဖို့ လုံလောက်ပါတယ်..။

ကျိုးမင်ချင်း...နှုတ်ဆိတ်သော အန်ကယ်ကို..နှစ်သိမ့်ဖို့ ကြိုးစားနေပေမယ့်လည်း..ဘာပြောရမယ်မှန်း မသိပေ..။

အဲ့အချိန်မှာတော့..လူငယ်လေးဟာ တုန်ရီနေခဲ့ပါတယ်..။သူ မာစတာလင်းကို ဘယ်တုန်းက..စိတ်ဆိုးအောင် လုပ်မိလိုက်တာလဲ မသိတော့ပါဘူး..။

တကယ်လို့ သူ့အဖေသာ ဒါကို သိမယ် ဆိုရင်..သူ အရေခွံစုတ်ခံ ရမှာပါ..။အထူးသဖြင့်..သူ့သားကသာ..တစ်စုံတစ်ယောက်ကို အနိုင်ကျင့်တယ်ဆိုတာသိသွားခဲ့ရင် ဒါက သူ့အတွက်တော့ ကပ်ဆိုးပါပဲ..။

ခနကြာပြီးနောက်...။

"မာစတာလင်း ကျွန်တော် အကုန်ကောက်ပြီးသွားပြီ.."

လူငယ်လေးဟာ ပြောလိုက်တယ်..။

လင်းဖန် သူ့ကို ကြည့်လိုက်ပြီး...

"မင်း ဘာလို့ သူ့ကို အနိုင်ကျင့်တာလဲ..."

လူငယ်လေးဟာ..ငိုတောငိ ငိုချင်နေခဲ့တယ်..။

"မာစတာလင်း...ကျွန်တော်က သူ့ကို မာစတာလင်းနဲ့ သိတယ် ဆိုတာ မသိခဲ့လို့ပါ..။တကယ်လို့ ကျွန်တော်သာ သိတယ် ဆိုရင် ဒါမျိုးလုပ်ရဲမှာ မဟုတ်ဘူးလေ.."

"ဒီတော့ မင်းပြောချင်တာက..ဒီလူသာ ငါနဲ့ မသိဘူးဆိုရင်..သူ့ကို အနိုင်ကျင့်မယ်ပေါ့.."

လင်းဖန် ပြောလိုက်တာပါ..။

"ဒါ...ဒါက..."

ဝမ်ချန်း ဘယ်လို ပြန်ပြောရမလဲ မသိတော့ပေ..။လတ်တလော သူ့စိတ်ထဲမှာ ရှိနေတာကတော့ နောင်တတရား တွေပါပဲ..။

ဒီနေ့က သူ့အတွက်တော့ တကယ်ကို ကံဆိုးတာပါ..။

သူ ဒီစိတ်ရှုတ်စရာကောင်းတဲ့ အဖိုးကြီးနဲ့ မာစတာလင်းနဲ့ တွေ့ခဲ့ရပါတယ်..။

ထပ်ပြောရရင်...သူ ပြန်လုပ်နိုင်တာကလည်း ဘာမှ မရှိပါဘူး..။

"ငါ ဘာမှ ထပ်မပြောချင်တော့ဘူး..။မင်း နင်းခြေခဲ့တဲ့ အမှုန့်တွေ..။အခု..အဲ့အမှုန့်တွေကို လျာနဲ့ယက်ပြီး လစ်လိုက်တော့..."

သူ့ကြည့်ရတာ သာမန်တောင်းဆိုမူ တစ်ခုလိုပါပဲ..။

"ဟင်..."

ဝမ်ချန်း လင်းဖန်ကို ဆွံ့အစွာ ကြည့်လိုက်တယ်..။မာစတာလင်းက..သူ့ကို ကြမ်းပြင်ကို လျာနဲ့ယက်ပြီး သန့်ရှင်း ခိုင်းလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဘယ်လိုဖြစ်နိုင်မှာလဲ..။

ဒါက သူ့ကို အနိုင်ကျင့်နေတယ် ဆိုတာ ရှင်းလင်းပါတယ်..။

"ဘာလဲ...မင်းပြောစရာ တစ်ခုခု ရှိလို့လား..။ငါ မင်းကို စဥ်းစားဖို့ သုံးစက္ကန့် အချိန်ပေးမယ်..။ငါ မင်းအဖေကို ဒီအကြောင်းပြောဖို့ စိတ်ရှ်ိမှာ မဟုတ်ဘူးနော်..။သူ သဘောတူရင်တော့ မင်း လျာနဲ့ယက်စရာ မလိုဘူး..။မင်း နေ့တိုင်း စက်ဘီးပြောင်းစီးရတာတောင် ဖြစ်နိုင်တယ်လေ..။ထပ်ပြောရရင် မင်းမှာ စက်ဘီးတောင် မရှိဘူးမလား.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။သို့ပေမယ့် ဝမ်ချန်း ဒါကိုကြားတဲ့ အချိန်မှာ ထိပ်လန့်သွားခဲ့တယ်..။

တကယ်လို့..တစ်စုံတစ်ယေယက်က ဒီလိုပြောလာရင်တောင် သူယုံကြည်မှာ မဟုတ်ပါဘူး..။

သို့ပေမယ့် မာစတာလင်းက ပြောလာမှတော့ သူ မယုံကြည်လို့ မရပေ..။

သူ လုံးဝ သံသယတောင် မဖြစ်မိပေ..။

တကယ်လို့ မာစတာလင်းသာ သူ့ဘဝကို ခက်ခဲအောင် လုပ်မယ် ဆိုရင် ဒါက သူကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ပေ..။

"ကျွန်တော် လုပ်မယ်..."

ဝမ်ချန်း တွေဝေ မနေတော့ပေ..။သူ ချက်ချင်း မျက်လုံး မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လျစ်လျူရူလိုက်ပါတယ်..။သူ ကြမ်းပြင်ကို စတင်ပြီး..ယက်လိုက်ပါတယ်..။

သူ ကြမ်းပြင်ကို အလျင်အမြန် လျာနဲ့ယက်နေပြီး..အမြန်နှုန်းကလည်း ကြောက်ဖို့ကောင်းပါတယ်..။

"မာစတာလင်း..ကျွန်တော် ပြီးသွားပြီ..."

ဝမ်ရှမ်းဟာ..သူ့လျာ ထူပူနေသလို ခံစားနေခဲ့ရတယ်..။သူ့ရဲ့ ပါးစပ်မှာ ဖုန်တွေနဲ့ ပြည့်နေတာတောင် ဖြစ်နိုင်ပါတယ်..။

"လစ်တော့..."

ဝမ်ချန်း ဒါကိုကြားတဲ့ အချိန်မှာ..စိတ်သက်သာရာ ရသွားခဲ့ပြီး..သူ့ကားဆီကို တွေဝေခြင်းမရှိပြေးသွားခဲ့တယ်..။

သူ ချက်ချင်းပဲ..မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်..။

A Valiant Life 763

အပိုင်း ( ၇၆၃ ) ကံကောင်းချင်တော့...

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန်..ဖရဲစေ့တွေ ထည့်ထားတဲ့..အထုတ်ကို နှုတ်ဆိတ်သော အန်ကယ် ဆီလှမ်းပေးလိုက်တယ်..။နှုတ်ဆိတ်သော အန်ကယ်ဟာ..အထုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး..ပြုံးပြလိုက်ပါတယ်..။သူ အသိအမှတ်ပြုစွာ..လင်းဖန်ကို ခေါင်းညိမ့်ပြခဲ့ပါတယ်..။

သူ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပါပြီ..။

လင်းဖန် နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်ကို ဖမ်းဆွဲလိုက်တယ်..။

"ဘယ်ကို သွားမလို့လဲ.."

လင်းဖန် မေးလိုက်တာပါ..။

နှုတ်ဆိတ်သော အန်ကယ်ဟာ..အသံတစ်ချို့ကို ပြုလုပ်ပြီး သူ ထွက်သွားတော့မယ် ဆိုတာကို အချက်ပြနေခဲ့ပါတယ်..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"အစ်ကိုကြီး..ခင်ဗျား..ဒီလိုထွက်သွားလို့ မရဘူးလေ..။ခင်ဗျားရဲ့ သမီးက..ခင်ဗျားကို မလိုချင်တော့တဲ့ ပုံပဲ..။ကျုပ်တို့ ခင်ဗျား အတွက် ..ရှင်ပြချက် တစ်ခု ရအောင်လုပ်ပေးမယ်..."

နှုတ်ဆိတ်သော အန်ကယ်ဟာ ဒါကို ကြားတဲ့ အချိန်မှာ ချက်ချင်း ခေါင်းခါယမ်းလိုက်တယ်..။

ကျိုးမင်ချင်း ထပ်ပေါင်းပြောလိုက်တယ်..။

"ဒါက အဆင်ပြေပါတယ်..သူက ကျုပ်ရဲ့ ဆရာပဲ..။သူက ရှန်ဟိုင်း TV ကလူတွေနဲ့ သိတယ်လေ..။ဆရာက ခေါင်းဆောင်တွေနဲ့တောင် ဒီကိစ္စကို ဆွေးနွေးပေးလိူ့ရတယ်..။သူမလို သမီးမျိုးက ဘယ်လိူလုပ်ပြီး တည်ရှိနေရတာလဲ..."

"ခင်ဗျားက သူမကို မွေးစားပြီး ဒီနေ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့ရတာလေ..။ဘယ်လိုလုပ် သူမက ခင်ဗျားကို စွန်ပစ်ခွင့်ပြုနိုင်မှာလဲ..။ကျုက်ဒါကို သည်းမခံနိုင်တော့ဘူး..."

လင်းဖန် ပြောလိုက်တယ်..။

"ကျွန်တော် ဒီက ခေါင်းဆောင်နဲ့ စကားနည်းနည်း ပြောကြည့်ပါ့မယ်..."

နှုတ်ဆိတ်သော အန်ကယ်ဟာ ဒါကိုကြားတဲ့ အချိန်မှာ စိတ်ပူသွားခဲ့တယ်..။သူ လင်းဖန် ရဲ့ လက်မောင်းကို ဆုပ်ကိုင်ပြီး ခေါင်းခါယမ်းနေခဲ့ပါတယ်..။ယင်းနောက် သူက လင်းဖန်ရဲ့ ရှေ့မှာရပ်လိုက်ပြီး..ခေါင်းဆောင်ပိုင်းတွေနဲ့ သွားမတွေ့ဖို့ အတွက် ဒူးထောက်တောင်းပန်ဖို့တောင် လုပ်နေခဲ့ပါတယ်..။

လင်းဖန် ချက်ချင်း နှုတ်ဆိတ်သော အန်ကယ်ကို ဆွဲထူလိုက်ပြီး...

"ခင်ဗျား... ဟင်း...."

နှုတ်ဆိတ်သော အန်ကယ်ကတော့..ဟန်အမူအရာတွေကို ပြနေခဲ့ပြီး..ရှန်ဟိုင်း TV ကို လက်ညိုးထိုးပြပြီး သူ့ရင်ဘတ်ကို ပုတ်နေခဲ့တယ်..။

"သူမကို မြင်ရတာနဲ့တင် ငါကျေနပ်ပါပြီ..။တကယ်လို့ မင်းက သူတို့ခေါင်းဆောင်နဲ့ သွားတွေ့လို့.သူမအပေါ် အခက်အခဲတွေ ရောက်လာရင် ငါ ရင်ကွဲရလိမ့်မယ်..."

လင်းဖန် မျက်မှောင်ကျုတ်လိုက်တယ်..။သူ နဲ့ ရှန်ဟိုင်း TV ရဲ့ ဆက်ဆံရေး အရ..တကယ်လို့..သူသာ ဒီကိစ္စကို ဖော်ထုတ်လိုက်ရင် နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးက အလုပ်ပြုတ်မှာ ကျိန်းသေပါပဲ..။တကယ်လို့ အင်တာနက်ပေါ်တင်လိုက်ပြန်ရင်လည်းသူမကို အကုန်ဝိုင်းပြီး အပြစ်တင်ကြမှာပါ..။

သို့ပေမယ့် နှုတ်ဆိတ်သော ..အန်ကယ် က သူ့သမီး အရင်း မဟုတ်တဲ့ လူတစ်ယောက်ကို ဒီလောက်ထိ ချစ်တာကို သူ အံ့ဩမိပါတယ်..။သူရဲ့ သမီးက သူ့အပေါ် ဒီလိုတွေ ဆက်ဆံနေတာတောင်..သူ့ သမိီး အပေါ် ပြသနာ ဖြစ်လာမှာကို စိုးရိမ်နေပါသေးတယ်..။

နှုတ်ဆိတ်သော အန်ကယ်ဟာ စိတ်ပူနေခဲ့တယ်..။ယင်းနောက် သူ ကျိုးမင်ချင်းကို ကိုယ်ဟန် အမူရာတွေနဲ့ ဆက်တိုက်ပြောနေခဲ့ပါတယ်..။

ကျိုးမင်ချင်း တိတ်ဆိတ်နေခဲ့တယ်..။ ဒီလူ ဘာပြောနေတာလဲ ဆိုတာကို ..သူ နားလည်ပါတယ်..။

တကယ်လို့ ဒါသာ မင်းရဲ့ သမီးဆိုရင် မင်းဘာလုပ်မှာလဲ...

သူမကို.ဖော်ထုတ်ပြီးတော့...လူမဆန်ဘူးဆိုပြီး အရှက်ခွဲမှာလား..။ဒါက သူ လိုချင်တဲ့ အရာလို့ ထင်နေတာလား..။

"ဆရာ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ.."

ကျိုးမင်ချင်းမေးလိုက်တာပါ..။

လင်းဖန် ခနလောက် တွေဝေနေခဲ့တယ်..။

"သူ့ကို ခင်ဗျား အိမ်ကို ခနခေါ်ထားလိုက်..။ဒီပြသနာကိုတော့ ကျုပ်ဖြေရှင်းလိုက်မယ်..."

ဒါက သူတို့ လုပ်နိုင်တာ အကုန်ပါပဲ..။ကျိုးမင်ချင်းဟာ တောင်တန်းဒေသက ပြန်လာကတည်းက အနားမယူရသေးပေ..။အခုလည်း နှုတ်ဆိတ်သော အန်ကယ် ရဲ့ ပြသနာကြောင့် သူပါ ပင်ပန်းရပါတယ်..။

လင်းဖန်ထွက်လာကာ နီးမှာ နှုတ်ဆိတ်သော အန်ကယ်ဟာ လင်းဖန်ကို လှမ်းဆွဲပြီး ဆုပ်ကိုင်ထားခဲ့တယ်...။သူ ..ဒီတစ်ကိစ္စကို တစ်ခြားလူတွေ မသိစေချင်သလို..သူ့သမီးလေးကိုလည်း ဒုက္ခမရောက်စေချင်ပါဘူး..။

လင်းဖန် သေဘာတူစွာ ခေါင်းညိမ့်ရုံပဲ တတ်နိုင်ပါတော့တယ်..။

အရှေ့ဘက် ဟန် အုပ်စု..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"ညီအစ်ကို..မင်းပုံစံကြည့်ရတာ..သိပ်မကောင်းပါလား..။တစ်ခုခု ဖြစ်လာလို့လား.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ဟင့်အင်..ကျုပ် ကိစ္စတစ်ချို့ကို တွေ့ပြီး စိတ်ပူစရာ ကြုံလာလို့..။ကျုပ် သီချင်း စတူဒီီယို ထဲ ခနသွားလိုက်ဦးမယ်..။ကျုပ်ကို မနှောက်ယှက်နဲ့ဦး..."

"မင်း တကယ် အဆင်ပြေရဲ့လား.."

ဝမ်မင်ယန် မေးလိုက်တာပါ..။

"ဟားဟား...ကျုပ်ဘာလို့ စတူဒီယို ထဲသွားတာလဲလို့ ဘာလိူ့ မမေးတာလဲ.."

ဝမ်မင်ယန် ခေါင်းခါယမ်းလိုက်တယ်..။

"ငါက မင်းအပေါ်ကိုပဲ..ပိုပြီး ဂရုစိုက်တာလေ.."

လင်းဖန်ဘာမှ ထပ်မပြောတော့ပေ..။သူ စတူဒီယိုထဲကိုပဲ..လျောက်သွားခဲ့ပါတယ်..။

သူ စွယ်စုံကျမ်းကို ဖွင့်ပြီး..သီချင်းတစ်ပုဒ်ကို ရှာလိုက်တယ်..။

သီချင်းရဲ့ နောက်ခံ အချက်အလက်တွေက သူ့ရဲ့ အခြေအနေနဲ့ တူညီတဲ့ တစ်ပုဒ်ကို တွေ့လိုက်ပါတယ်..။မတူညီတာဆိုလို့..သမီး ဖြစ်သူရဲ့ အလုပ်အကိုင်ပါပဲ..။

သူ တီးခတ်တဲ့ တူရိယာ တေကိုယူပြီး..သီချင်းကို စတင်ပြင်ဆင်လိုက်တယ်.. ။

လက်ရှိအချိန်မှာ...သီချင်းစတိုဒီယို ထဲမှာ လင်းဖန် တစ်ယောက်တည်း ရှိနေခဲ့တာပါ..။

သူ တစ်နာရီ နီးပါးလောက် အလုပ်များနေပြီးတဲ့ နောက်မှာ သီချင်း သံစဥ် ဖန်တီးမူက ပြီးဆုံးသွားခဲ့ပါတယ်..။

ယင်းနောက် သူ စတင်ပြီး အသံသွင်းလိုက်တယ်..။

…

နောက်တစ်ရက်..။

ရှန်ဟိုင်း TV.

"ဒုတိယ ဥက္ကဌ..ဆရာလင်းက..ဒါကို ပို့လိုက်တယ်..။သူက ဒါကို..TV အစီအစဥ် မှာ တိုက်ရိုက်ထုတ်လွင့်စေချင်နေတာ..."

အလုပ်သမားတစ်ယောက်က..USB တစ်ခုကို ယူလာပြီး ပြောလိုက်တာပါ..။

ဒုတိယ ဥက္ကဌ ကြောင်အသွားခဲ့တယ်..။

"ဘာကြီးလဲ..."

"ဆရာလင်းက သီချင်း တစ်ပုဒ် ဆိုထားတာ.."

အလုပ်သမားက ပြောလိုက်တာပါ..။

"သူက မနေ့က တစ်နေ့လုံး အသံသွင်းထားတာတဲ့..။တစ်ချိန်တည်းမှာပဲ..သူက ဒါကို ဟီရှောင်လီ ရဲ့ အစီစဥ်မှာ တိုက်ရိုက် ထုတ်လွင့်ပေးဖို့ ​တောင်းဆိုထားတယ်..."

ဒုတိယ ဥက္ကဌ ဟာ ကြောင်အသွားခဲ့တယ်..။တကယ်လို့ မာစတာလင်း မနေ့က မှ သီချင်းသွင်းထားတယ် လို့ ပြောတယ် ဆိုရင် ဒါက သီချင်းသစ် မဟုတ်ဘူးလား..။

ဆရာလင်းက ပထမသီချင်း တစ်ပုဒ် ထွက်တုန်းက ဆိုရင် အကုန်လုံးကို လွမ်းမိုးနိုင်ခဲ့တာပါ..။အခု ဆရာလင်း ရဲ့ ဒုတိယမြောက်သီချင်းကို ဒီမှာ ထုတ်လွင့်ရမယ် ဆိုတော့..ဒါက သူ့တို့..ထပ်ပြီး ကျော်ကြားတော့မှာ မဟုတ်ဘူးလား..။

ဒါကို တွေးမိလိုက်တဲ့ အချိန်မှာ ဒုတိယ ဥက္ကဌဟာ ပြုံးလိုက်တယ်..။

"ကောင်းပြီ ဟီရှောင်ဟီ ဆီကို ပို့လိုက်ပြီး..ဘာမှ အမှားမရှိအောင်လုပ်ဖို့ မှာလိုက်..။အိုး.. ဒါကို တိုက်ရိုက်ထုတ်လွင့်တဲ့ အချိန်ကြရင်လည်း ဌာနတိုင်းက လူတွေ အကုန် နားထောင်ရအောင် ဒီဘက်ကိုလည်း ဖွင့်ထားပေးဦး..."

"သိပါပြီ..."

အလုပ်သမားဟာ ခေါင်းညိမ့်ပြီး ပြောလိုက်တာပါ..။

…

တိုက်ရိုက် ထုတ်လွင့်သည့်နေရာတွင်..။

ဟီရှောင်လီဟာ အလုပ်တွေ ရှုပ်နေခဲ့တယ်..။သူမက အလုပ်ကို အမှန်တကယ် ကြိုးစားနေပြီး..သူမဘဝကိုပါ ပြောင်းလဲ ပစ်ချင်နေခဲ့ပါတယ်..။

သူမရဲ့ အစတုန်းက ရည်ရွယ်ချက်ကတော့...အလုပ်ကို အစွမ်းကုန်ကြိုးစားပြီး ပိုက်ဆံရှာကာ...တောင်တန်းဒေသကနေ သူ့အဖေနဲ့ အတူထွက်ခွာပြီး ရွှေ့ပြောင်းနေနိုင်ဖို့ပါ..။

ရှန်ဟိုင်းကို ရောက်ပြီးတဲ့ နောက်မှာ..ရှန်ဟိုင်း TV ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်အောင် ကိုယ့်အစွမ်းအစနဲ့ကို ကြိုးစားနိုင်ခဲ့ပါတယ်..။သူမရဲ့ အဆင့်အတန်းတူ တွေရဲ့ ချီးကျူးမူတွေက သူမရဲ့ မူလ ရည်ရွယ်ချက်ကိုတောင် မေ့ပျောက်စေခဲ့ပါတယ်..။

သူမရဲ့ နှုတ်ဆိတ်သော အဖေအကြောင်းကို ပြန်တွေးမိတဲ့ အချိန်မှာတော့ သူမ ရှန်ဟိုင်းကို ခေါ်မလာရဲခဲ့ပေ..။လူတွေက သူမရဲ့ အဖေကြောင့်.. ဝိုင်းပြီး လှောင်ပြောင်ကြမှာကို သူမ စိုးရိမ်နေမိတာပါ..။

ဒါကြောင့်..သူမ အဖေနဲ့ အဆက်အသွယ် မလုပ်တော့ပဲ..နုံချာစုတ်ပဲ့တဲ့ တောင်တန်းဒေသကိုပါ မပြန်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

သူမ အတွေးထဲမှာ နစ်မြောနေတုန်းမှာပဲ..ဝန်ထမ်းတစ်ယောက်ဟာ ရောက်လာခဲ့တယ်..။

"ရှောင်လီ...ဆရာလင်းရဲ့ သီချင်းသစ်ပဲ..။ခနနေရင်

နင့်ရဲ့ အစီအစဥ်မှာ ဖွင့်ရလိမ့်မယ်..."

ရှောင်လီ ခေါင်းညိမ့်လိုက်ပြီး..

"သိပါပြီ..."

ဆရာလင်း ရဲ့ နာမည်ကို ကြားတဲ့ အချိန်မှာဟသူမ တစ်ခုခုကို မှတ်မိလိုက်ပါတယ်..။မနေက သူမကို..တွေ့ဖို့လာခဲ့တဲ့ ချမ်းသာတဲ့ သခင်လေးက..စကားမပြောတတ်တဲ့ လူအိုကြီးက မာစတာလင်းနဲ့ ဘယ်လိုသိတာလဲ ဆိုပြီး စာနဲ့ပို့ကာမေးထားခဲ့တာပါ..။

သူမ ဒါက မဖြစ်နိုင်ဘူးလို့ ခံစားလိုက်ရတယ်..။

ဆရာလင်းက ဘယ်သူလဲ..။ဆရာလင်းက အင်အားကြီးတဲ့ လူတစ်ယောက်ပါ..။သူမ အဖေလို တောင်တန်းဒေသမှာ နေတဲ့လူက..ဆရာလင်းနဲ့ သိနေတယ် ဆိုတာက ဘယ်လိုဖြစ်နိုင်မှာလဲ...။

သူမ အများကြီး ထပ်ပြီး မတွေးချင်တော့ပဲ..။USB ကို..ကွန်ပြူတာထဲ ထိုးထည့်လိုက်ပြီး..အစီစဥ် တင်ဆက်တဲ့ အချိန်ဖွင့်ပြဖို့သာ ပြင်ဆင်နေခဲ့ပါတယ်..။

ဒါက ဘာသီချင်းများ ဖြစ်နိုင်မလဲ....

အချိန်ကျရောက်လာခဲ့တယ်..။

ထုတ်ရိုက်ထုတ်လွင့်ဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်မှာ အလုပ်သမားတွေက အချက်ပြလိုက်ပါတယ်..။

" ဟဲလို အားလုံးပဲ မင်္ဂလာပါ..အစီစဥ် တင်ဆက်သူဟီရှောင်လီ ဖြစ်ပါတယ်..။အစီစဥ် မစတင်ခင်မှာ သီချင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါ စေ..။ဒီသီချင်းက အခုမှ စတူဒီယိုကို ရောက်ထားတာပါ..။သီချင်းရေး တာရော ဆိုတဲ့ လူရောက..နှုတ်ဆက်အနမ်းကို သီဆိုထားတဲ့ ဆရာလင်းပါ.။ထပ်ပြောရမယ်ဆိုရင်တော့ သီချင်းရဲ့နာမည်လေးက အတော်ကို အဓိပ္ပါယ် ရှိပါတယ်..."

"ကျွန်မတို့ အစီစဥ်ကို အခုပဲ...ဘီယာတစ်လုံးလောက် ရောင်းဖို့ ရှိလား... ဆိုတဲ့ သီချင်းလေးနဲ့ စလိုက်ကြရအောင်..."

ယင်းနောက် မရေမတွက် နိုင်တဲ့ လူတွေဟာ..ဆရာလင်းရဲ့ သီချင်းလို့ ကြားတဲ့ အချိန်မှာ..သေချာ အာရုံစိုက်ပြီး နားထောင်လိုက်ကြတယ်..။ဆရာလင်းရဲ့ နောက်ထပ် သီချင်းတစ်ပုဒ်က မကြာခင်မှာ ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

ရှန်ဟိုင်း TV က ဝန်ထမ်းတွေဟာလည်း သေချာ အာရုံစိုက်ပြီး နားထောင်လိုက်ကြတယ်..။သူတို့ အကုန်လုံး ဆရာလင်းရဲ့ သီချင်းအသစ်ကို နားထောင်ဖို့ စိတ်လှုပ်ရှားနေခဲ့ကြပါတယ်..။

ရုတ်တရက်..။

သီချင်း ကို စတင်ဖွင့်လှစ်လိုက်တယ်..။

အစကပိုင်းမှာတော့..သီချင်းရဲ့..သံစဥ်ဟာ အေးအေးဆေးဆေး နဲ့ စတင်ဖွင့်လှစ်လိုက်ပါတယ်..။

ရုတ်တရက်...သံစဥ်ဟာ စတင် မြင့်တက်လာခဲ့တယ်..။ဆွဲဆောင်မူ ရှိလွန်းတဲ့ အသံက ထွက်ပေါ် လာခဲ့ပါပြီ..။

"ငယ်စဥ်အခါက ရင်းနှီးတဲ့ အသံလေးကို ပြန်တမ်းတနေမိတယ်..."

"ဘယ်တော့မှ သတိမရချင်သလို...ဘယ်တော့မှလည်း မမေ့ပျောက်ချင်ခဲ့ဘူး..."

"ဒီ ကမ္ဘာမြေကြီး သာ မတည်းရှ်ိဘူးဆိုရင် မိုးကောင်းကင် ဆိုတာလည်း မတည်ရှိနိုင်တာကို အခုတော့ သဘောပေါက်ပါပြီ...။ဒီ ကမ္ဘာမြေကြီး မရှိရင် အိမ်ဆိုတဲ့ အရာကလည်း ဖြစ်လာမှာ မဟုတ်ဘူး...."

"အဖေ မရှိရင် အိမ်ဆ်ိုတာ ရှိလာမှာ မဟုတ်သလို...အဖေ မရှိရင် သမီးဆ်ိုတာ လည်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူး..."

…

ဟီရှောင်လီ ဒီသီချင်စာသားတွေကို ကြားတဲ့ အချိန်မှာ ရင်ဘတ်ထဲက..အောင့်တက်လာခဲ့တယ်..။တစ်စုံတစ်ခုက...သူမရဲ့ နှလုံးသားထဲကို ထိုးဖောက်နေသလို ခံစားနေရပါတယ်..။

"တကယ်လို့ အဖေသာ သမီးကို..ကြီးပြင်းအောင် စောက်ရှောက်ပြီး နွေးထွေးမူတွေ မပေးခဲ့ရင်...."

"တကယ်လို့...အဖေသာ မရှိရင် သမီးရဲ့ ဘဝက ..ဘယ်လို အခြေအနေများ ရောက်နေလိမ့်မလဲ...."

…

"အဖေက..စကားမပြောနိုင်ပေမယ့်...လိမ်ညာနေလား..အမှန်အတိုင်း ပြောနေလား ဆိုတာကို သူ သိတယ်လေ.."

ယင်းနောက် ဟိီရှောင်လီ..ထပ်ပြီး မထိန်းချုပ်နိုင်တော့ပဲ..သူမရဲ့ ပါးစပ်ကို ပိတ်ကာ စတင်ငိုကြွေးပါတော့တယ်..။

မှတ်ဥာဏ်တွေဟာ သူမရဲ့ စိတ်ထဲမှာ စတင်ဖြတိပြေးနေခဲ့တယ်..။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေက သူမရဲ့ ခေါင်းထဲမှာတော့ မှတ်ဥာဏ်တစ်ခုလိုပါပဲ..။

သူမရဲ့ နှုတ်ဆိတ်သောအဖေက.. သူမကို နှင်းတောထဲကနေ အိမ်ကို ခေါ်လာခဲ့ပါတယ်..။သူမအတွက် စားစရာ မုန့်တွေကိုဝယ်ယူနိုင်ဖို့...သူမရဲ့ အဖေက မူးလဲတဲ့ အထိတောင် အလုပ်လုပ်ခဲ့ရတာပါ..။သူမ စိတ်ဓာတ်ကျတဲ့ အချိန်တိုင်း သူမရဲ့ အဖေဟာ အမြဲတမ်း အားပေးခဲ့ပါတယ်..။သူမလုပ်တဲ့ အရာတွေက မှားနေရင်တောင်...အမြဲတမ်း အကောင်းဘက်ကနေ တွေးပေးတာက သူမရဲ့ အဖေပါ..။သူက စကားမပြောနိုင်ပေမယ့်လည်း..သူမ အပေါ်မှာတော့အမြဲတမ်း အကောင်းဆုံး စောင့်ရှောက်မူတွေ ပေးလေ့ရှိပါတယ်..။

ယင်းနောက် ဟီရှောင်လီ..နှာရည်တွေပါ..စတင်ထွက်လာပြီး..ပြင်းပြင်းထန်ထန် ငိုကြွေးပါတော့တယ်..။

"ရှောင်လီ..ဘာ...ဘာဖြစ်တာလဲ..."

တစ်ခြား အလုပ်သမားတွေဟာ..ဟီရှောင်လီ ဆိုးဆိုးရွားရွား ငိုကြွေးနေတာကိုမြင်ပြီး...ကြောင်အနေခဲ့တယ်..။သူတို့ စိတ်ပူနေတာက...တကယ်လို့..အစီစဥ် တင်ဆက်သူသာ.. ကမောက်ကမ ဖြစ်နေရင်..ဒီပရိုဂရမ်ကတော့ တကယ်ကို အဆုံးသတ်ပါပြီ..။

သူတို့လည်း ဒီ သီချင်းကြောင့် ဝမ်းနည်းရတယ် ဆိုပေမယ့် ကိုယ့်ခံစားချက်ကိုတော့ ထိန်းနိုင်ပါသေးတယ်..။

"ကလင် ကလင်.."

ယင်းနောက် ဟီရှောငိလီ ရဲ့ ဖုန်းဝင်လာခဲ့တယ်..။

"ဟဲလို ဒါက မစ္စဟီ လား မသိ..။စကားမပြောနိုင်တဲ့.. လူနာတစ်ယောက်က မတော်တဆ ဖြစ်ထားလို့ပါ..။ခင်ဗျားက သူ့ရဲ့ သမီးလား..။ဖုန်းထဲမှာတော့ သမီးလေး ဆိုပြီး မှတ်ထားတယ်..။သူ့အခြေအနေက သိပ်မကောင်းဘူးနော်..။ခင်ဗျား ဒီမှာ ရှိနေမှ ဖြစ်လိမ့်မယ်..။ခင်ဗျား..."

ဟီရှောင်လီ.ဖုန်းထဲက လူပြောနေတဲ့လူရဲ့ စကားတွေကို ကြားတဲ့ အချိန်မှာ..ကိုင်ထားတဲ့ ဖုန်းဟာ လွတ်ကျပြီး မျက်ရည်တွေ ကျလာခဲ့ပါတယ်..။ယင်းနောက်..သူမ..ချက်ချင်းပဲ..သူမရဲ့ ပစ္စည်းတွေကို ယူပြီး ပြေးထွက်သွားလိုက်တယ်..။

အလုပ်သမားတွေဟာ..ဒါကို မြင်တဲ့ အချိန်မှာ ကြောင် အသွားခဲ့တယ်..။

"ရှောင်လီ...ဘယ်ကိုသွားနေတာလဲ..."

…

တိမ်ဖြူလမ်း..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..နှုတ်ဆိတ်သော အန်ကယ်က ကားမတော်တဆမူ ဖြစ်လို့တဲ့..။ဒီနေ့မနက်ကတည်းက ကျွန်တော်သူ့ကို မတွေ့ရသေးတာ..။သူကအပြင်သွားတယ်ဆိုတဲ့ စာရွက်တစ်ရွက်ပဲ ထားပြီး အစောကြီး ထွက်သွားခဲ့တာလေ..။ဒါပေမဲ့ အခုပဲ သူ လမ်းပေါ်မှာမတော်တဆ ဖြစ်ပြီး ဆေးရုံးကို သွားနေတယ် ဆိုတဲ့ သတင်းကို ရလိုက်တယ်.."

လင်းဖန်ကြောင်အသွားခဲ့တယ်...။သောက်ကျိုးနဲ ဘာတွေဖြစ်နေတာလဲ..။

ဆေးရုံတွင်..။

ဟီရှေင်လီ အတော်စိတ်ပူနေခဲ့ပါတယ်..။သူမ စိတ်ထဲမှာ ဖြတ်ပြေးနေတဲ့ ပုံရိပ်တွေက သူမရဲ့ စိတ်ဝိဥာဏ်အထိပါ ရိုက်ခတ်နေခဲ့ပါတယ်..။

တကယ်လို့ သူမ ရဲ့ အဖေသာ..သူမကိုပြန်မခေါ်ခဲ့ရင်နေရာမှာတင်..အေးခဲပြီး သေသွားတော့မှာပါ..။

သူမ အဖေကို သူမ တစ်ခုခု ပူဆာတဲ့ အချိန်တိုင်း..အကောင်းဆုံး ကြိုးစားပြီး ဖြည့်စည်းပေးခဲ့တာပါ..။

သူကိုယ်တိုင်တော့ ..အဝတ်အစား အသစ်ကိုမပေးပေမယ့်...သူမကို တော့ အမြဲတမ်း အကောင်းတွေပဲ ပေးခဲ့တဲ့ အဖေတစ်ယောက်ပါ..။

သူမ အဖေ..သူမ အတွက် လုပ်ပေးခဲ့တာတွေကို ပြန်တွေးမိပြီး...ဟီရှောင်လီ ရဲ့ နှလုံးသားတွေဟာ အစိတ်စိတ် အမွာမွာ ကွဲကြေမလို ခံစားနေကြရတယ်..။

သူမ ဘာလို့ ဒီလိုတွေ လုပ်နေမိတာလဲ...

လူနာဆောင်တွင်..။

ဟီရှောင်လီ အိပ်ယာပေါ်က ..လူနာကို ကြည့်ကာ ရှေ့ကို လျောက်သွားခဲ့တယ်...။

"အဖေ...သမီး မှားသွားပါတယ်..."

နှုတ်ဆိတ်သော အန်ကယ်ဟာ သူ့သမီးလေးကို မြင်တဲ့ အချိန်မှာ...စတင်ပြီး ငိုကြွေးလိုက်တယ်..။သူဘာတစ်ခုမှ မပြောနိုင်ပါဘူး..။သူ မျက်ရည်တွေနဲ့သာ ပြုံးနေပြီး တုန်ရီနေတဲ့ လက်တွေကို မြောက်လိုက်ပါတယ်..။သူ ဖရဲစေ့ထည့်ထားတဲ့ အထုတ်လေးကို ထုတ်လိုက်ပြီး...သူ့ သမီးလေးကို ပေးလိုက်ပါတယ်...။

သူ့ အပြုံးတွေဟာ...ပိုပိုကြီးမားလာပြီး မျက်လုံးကတော့ ဖြည်းဖြည်းချင်း မှိတ်သွားခဲ့ပါတယ်...။

ဟီရှောင်လီ...နာကျင်စွာ အော်ဟစ်လိုက်ပြီး..နာကျင်မူတွေနဲ့ ပြည့်နေခဲ့တယ်...။

"အဖေ..မဟုတ်ဘူး..."

သူမ တကယ်ကို...ဝမ်နည်းခံစားနေရပြီး...နောင်တကြီးမားစွာ ရနေခဲ့ပါပြီ..။သူမ ရဲ့ တစ်ယောက်တည်းသော အဖေ အပေါ်မှာ အေးစက်စက် ဆက်ဆံပြီး နှစ်ပေါင်းများစွာ လျစ်လျူရူ မိခဲ့တဲ့ အတွက် နောင်တရနေခဲ့တယ်...။

အဲ့အချိန်မှာပဲ...လင်းဖန်နဲ့ ကျိုးမင်ချင်း လူနာဆောင် က်ို ရောက်လာခဲ့ပါတယ်..။ယင်းနောက် လက်ဆောင် ရှေ့ကို ထွက်လာခဲ့တယ်...။

သူ နှုတ်ဆိတ်သော အန်ကယ်ရဲ့..လက်ကို...ဆုပ်ကိုင်လိုက်တဲ့ အချိန်မှာ..မျက်မှောင်ကျုတ်လိုက်တယ်..။အသက်စွမ်းအင် အငွေ့အသက်လေးဟာ...နှုတ်ဆိတ်သော အန်ကယ်ရဲ့...ခန္တာကိုယ်ထဲ ဝင်ရောက်သွားခဲ့ပါတယ်...။

"မင်ချင်း...ကျေးဇုးပြုပြီး...အလယ်အလတ် ခွဲစိတ်မူ တစ်ခုအတွက် စီစဥ်ပေးပါဦး.."

"သိပါပြီ..ဆရာ...."

တကယ်လို့ သူတို့သာ တစ်မိနစ် လောက်ထပ်ပြီး နောက်ကျရင် နှုတ်ဆိတ်သော အန်ကယ်က အမှန်တကယ် သေသွားတော့မှာပါ..။

လင်းဖန် အိပ်ယာပေါ်မှာ ငိုကြွေးနေတဲ့ ဟိီရှောင်လီကို တော့ အများကြီး မပြောတော့ပေ..။သူမ...ဒီအမှားကနေ သင်ခန်းစာ ယူပြီး... အနာဂတ်မှာ သူမရဲ့ အဖေအပေါ်ကို ကောင်းကောင်းမွန်မွန်နဲ့ လေးလေးစားစား ဆက်ဆံဖို့သာ မျှော်လင့်မိပါတယ်....။

A Valiant Life 764

အပိုင်း ( ၇၆၄ )

#ဘာသာပြန် = စနိုးဝှိုက်

ကျိုးမင်ချင်းက..ရှန်ဟိုင်းဆေးပညာ အကယ်ဒမီရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး...လင်းဖန်က ကျော်ကြားတဲ့ နတ်ဆေးဆရာလေးပါ..။ဒါကြောင့် သူတို့ အနေနဲ့ ဆေးရုံက..ခွဲစိတ်ခန်းတစ်ခုကို အသုံးပြုဖို့...ဆိုတာ..ခက်ခဲတဲ့ အရာတစ်ခုတော့ မဟုတ်ပေ...။

ထပ်ပြောရရင်...ဆေးရုံက ဒေါက်တာတွေဟာလည်း နတ်ဆေးဆရာလေးရဲ့...စွမ်းဆောင်ရည်ကို မြင်တွေ့ခွင့်ရချင်နေကြပါတယ်..။

ဒီကိစ္စက သာမန် ဒေါက်တာ တွေ အတွက်..ကိုင်တွယ်ဖိူ့ ခဲယဥ်းလှပါတယ်..။သို့ပေမယ့် လင်းဖန် အတွက်ကတော့ ပြသနာ တစ်ခု မဟုတ်ပါဘူး..။

ခွဲစိတ်မူပြီးသွားတဲ့ အချိန်မှာ ဆေးရုံးက ဒေါက်တာတွေဟာ...မယုံကြည်နိုင်ဖြစ်နေခဲ့ကြတယ်..။တကယ်လို့..သူတို့သာ ခွဲစိတ်ရမယ် ဆိုရင်..အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းက 0 လိုတောင် ပြောလို့ရပါတယ်..။

ကျိုးမင်ချင်းကတော့ လုံးဝ မအံ့ဩခဲ့ပေ။သူ့ဆရာက.. တရုတ်ဆေးပညာ နဲ့ အနောက်တိုင်းဆေးပညာကို ပေါင်းစပ်ပြီး အသုံးချခဲ့တာပါ..။

ခွဲစိတ်မူပြီးတဲ့နောက်မှာ လင်းဖန်နဲ့ ကျိုးမင်ချင်းယာ...ဆေးရုံမှာ ထပ်မနေတော့ပေ..။သူတို့ ချက်ချင်းပဲ ထွက်ခွာသွားခဲ့ပေ..။

ဒီမတော်တဆမူက ပြီးသွားခဲ့ပါပြီ..။နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးဟာလည်း သူ့အမှားကို နားလည်နိုင်ခဲ့ပါတယ်..။

အပြင်ဘက်..။

ကျိုးမင်ချင်း ကျေနပ်စွာ ပြောလိုက်တယ်..။

"ဆရာ...ဒါက ပျော်ရွယ်ဖွယ် အဆုံးသတ်လေးပဲ..."

လင်းဖန် ပြောလိုက်တယ်..။

"ဒါအဆင်ပြေတယ်..။ကျေးဇူးတင်စွာပဲ..ကျုပိတို့ အချိန်မှီ လုပ်နိုင်ခဲ့တာလေ..."

ဒါက တကယ်ကို တိုက်ဆိုင်မူ တစ်ခုလိူ့လည်း ပြောလို့ရပါတယ်..။တကယ်လိူ့ သူတို့သာ..အချိန်မှီ မရောက်နိုင်ခဲ့ရင် နောက်ဆက်တွဲတွေကတော့ မတွေးရဲစရာ ပါပဲ.။

လူနာဆောင်တွင်..။

ဟီရှောင်လီကတော့...ကုတင်ဘေးမှာ ဒူးထောက်နေပြီး နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့တယ်..။သူနာပြုမလေးတွေဟာလည်း တစ်ခုခု မှားယွင်းနေသလို ခံစားနေကြရပါတယ်..။သူတို့ သိချင်နေကြပေမယ့်လည်း..ဒီပြသနာက နောက်ဆုံးမှာ ပြီးဆုံးသွားတဲ့ အတွက် စိတ်သက်သာရာ ရသွားခဲ့တယ်..။

"ဒေါက်တာ..ကျွန်မရဲ့ အဖေ...အန္တရာယ် ကင်းသွားပြီလား..."

ဒေါက်တာဟာ ပြုံးလိုက်ပြီး...

"အင်း..သူ လုံခြုံသွားပြီ..။မာစတာလင်းရဲ့ အကူအညီကြောင့်..ဒီလို အန္တရာယ် ရှိတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တာလေ..။ဒါကြောင့် မစိုးရိမ်နဲ့တော့..."

ဟီရှောင်လီ ဘာမှ ထပ်မပြောတော့ပေ..။သူမရဲ့အဖေ က ဆရာလင်းနဲ့ ဘယ်လို သိနေတာလဲ သူမ မပြောတတ်တော့ပါဘူး..။သူမ သီချင်းကို ပြန်စဥ်းစားလိုက်တော့လည်း ဒီသီချင်းက..ဆရာလင်း ရေးထားတာပါ..။

ဒါကို တွေးမိလိုက်တဲ့ အချိန်မှာ သူမ ဆရာလင်းကို ကျေးဇူးတင်မိလိုက်တယ်...။တစ်ချိန်တည်းမှာပဲ..သူမအဖေ ဆရာလင်းနဲ့ သိနေတာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်..။မဟုတ်ရင်..နောက်ဆက်တွဲတွေက ဘယ်လိုဖြစ်လာမလဲ ..မပြောနိုင်ပါဘူး..။

…

လင်းဖန် ဒီ သီချင်းသစ်နဲ့ ပတ်သက်ပြီးတော့ အများကြီး မတွေးထားပေ..။သိူ့ပေမယ့်..သူ မသိတာက..သူ့သီချင်းက..ဟိီရှောင်လီ အပေါ် သက်ရောက်မူ ကြီးမားခဲ့တယ် ဆိုတာပါပဲ..။

လူတွေ အများကြီးက နောက်ထပ် သိီချင်း အသစ်ကို နားထောင်ခဲ့ကြရပါတယ်..။

သိူ့ပေမယ့်...နားထောင်တဲ့ အချိန်မှာတော့ သူတို့ ခံစားချက်ကို မထိန်းနိုင်ကြပဲ...ဘယ်နေရာမှာပဲ..ရောက်ရောက် ငိုကြရတာ ချည်းပါပဲ..။

တိမ်ဖြူလမ်း..။

"ဟေး..ဒါက ထူးဆန်းတယ်နော်...။ငါ့ မစ်ရှင်က ပြီးမြောက်သင့်နေပြီနော်..။ဘာလို့..မစ်ရှင်ပြီးမြောက်တဲ့ အသံက ထွက်မလာသေးတာလဲ...။ဒါက စိတ်ပျက်စရာပဲ..."

လင်းဖန် တစ်ခုခု မှားသလိူ ခံစားနေခဲ့ရတယ်..။သူ ဘယ်နားမှား နေတာလဲ..သေချာမသိပါဘူး..။

ပြီးတဲ့နောက်မှာ လင်းဖန် အများကြီး ထပ်မတွေးတော့ပေ..။သူ လုပ်နိုင်သလောက်တော့ အကောင်းဆုံး လုပ်ထားပြီးပါပြီ..။

အင်တာနက်...။

"ဒိီသီချင်းက အတော် ခံစားရတာပဲ..."

"ဒါက အတော်ခံစားရတယ်..။ဒီသီချင်း နားထောင်လိုက်တာ ငါ့အဖေကို အရမ်းသတိရတာပဲ..."

"မာစတာလင်းက ဒီသီချင်းကို ဘယ်လိုရေးခဲ့တာလဲ..။မာစတာလင်းက အရင်က ဒီလို ခံစားဖူးလို့ ဖြစ်နိုင်တယ်နော်..."

"ငါကတော့ နှုတ်ဆက် အနမ်း သီချင်းက ပိုကောင်းတယ်လို့ ထင်တယ်..."

"ငါကတော့...ဘီယာတစ်လုံးလောက် ရောင်းဖို့ရှိလား..သီချင်းက ပိုကောင်းတယ် ထင်တာပဲ..."

နောက်တစ်ရက်..။

သီချင်းခေါင်းစဥ်တွေဟာ ပေါ်ထွက်လာခဲ့ပါပြီ..။

'မာစတာလင်းရေး ထားပြီး...နောက်ခံဇာတ်လမ်း ပါဝင်တဲ့...ဘီယာတစ်လုံးလောက် ရောင်းဖို့ရှိလား.."

"ချီးပဲ...ဒီမှာ နောက်ခံ ဇာတ်လမ်းတောင် ပါနေသေးတယ်..."

"ဒီသီချင်းကို မနေ့က ရှန်ဟိုင်း TV ကနေ ထုတ်လွင့်ခဲ့တာလေ..."

"ရှန်ဟိုင်း TV ရဲ့ အစီစဥ် တင်ဆက်သူ..ဟီရှောင်လီ က သူမ ရဲ့ အကြောင်းတွေကို ကိုယ်တိုင် ဖော်ထုတ်ခဲ့တယ်နော်..."

"ချီးပဲ...အဲ့တာ ကြည့်ပြီးနောက်မှာ ငါ ဟီရှောင်လီကို သတ်တောင် သတ်ချင်သွားတယ်..။ကျေးဇူးတင်စွာပဲ..သူမ မာစတာလင်းနဲ့ တွေ့ခွင့်ရလို့သာပေါ့..."

"ဒါက တကယ်ခံစားရတာပဲ..။စကာမပြောနိုင်တဲ့ အဖေကို ပစ်ပယ်မိခဲ့တာ..။ဖြစ်နိုင်ရင် ငါသာ..သူ့ရဲ့ သမီး ဖြစ်ချင်တော့တယ်..."

"မာစတာလင်းက..တကယ်ကြင်နာတတ်တာပဲ..။သူက တစ်စုံတစ်ယောက်အတွက် တကယ်ပဲ သီးသန့် သီချင်း ဖန်တီးပေးတယ်..။သူမသာ မာစတာလင်းနဲ့ မတွေ့ရင် အမှားကို သိနိုင်မှာ မဟုတ်ဘူး..."

"အားလုံးပဲ..သူမကို အပြစ်မတင်ကြနဲ့..။မင်းတို့ သူမရဲ့ အခြေအနေကို နားလည်သင့်တယ်..။နောက်ဆုံး

ရလာဒ်က ကောင်းမွန်တယ် ဆိုရင်ပဲ..ဒါက အဆင်ပြေပြီလေ..."

ဟီရှောင်လီ...ရှန်ဟိုင်း TV ကို ရောက်တဲ့ အချိန်မှာ..သူမရဲ့ ဇာတ်လမ်းကို အကုန်လုံးကို ပြောပြခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ...ဒါကို တိုက်ရိုက်ထုတ်လွင့်ထားခဲ့ပါတယ်..။သူမက ကိုယ့်ကိုကို ဥပမာ ပေးပြီး..တစ်ခြားလူတွေ မိဘအပေါ်ကို ဒါမျိူး မလုပ်စေချင်ခဲ့တာပါ..။

ဒီဇာတ်လမ်းလေးကို အားလုံးသိသွားတဲ့ အချိန်မှာ သီချင်းရဲ့ အဆင့်အတန်းက ပိုတောင် မြင့်မားသွားခဲ့ပါတယ်..။

အစကတော့...လူတွေက ဒီသီချင်းကို ကြားတဲ့ အချိန်မှာ ဝမ်းနည်းမူသာ ခံစားရပြီး..နောက်ကွယ်က အဓိပ္ပါယ်ကိုတော့ မသိကြပေ..။

အခု ဇာတ်လမ်းကို သိလိုက်တဲ့ အချိန်မှာ နောက်တစ်ကြိမ်..နားထောင်ကြည့်လိုက်တော့...မတူညီစွာ ခံစားလိုက်ရပါတယ်..။

ဝိုက်ဘိုတွင်..။

ဂီတလောကရဲ့...အဓိက ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဆရာကျိုးဟာ..သူ့ ရဲ့ ခံစားချက်တွေကို ထုတ်ဖော်လိုက်တယ်..။

"လတ်တလောမှာ...နှုတ်ဆက်အနမ်းသီချင်း ကြောင့် လူတွေ အများကြီး မျက်ရည်ကျခဲ့ရတယ်..။ဒီသီချင်းက အကောင်းဆုံး အချစ်သီချင်းလိူ့တောင် ပြောလိူ့ရတယ်လေ..။သူ့ ရဲ့ သီချင်းဆိုတဲ့ အရည်အသွေးက ဂီတလောကမှာတောင် အကောင်းဆုံးပဲ..။ဒါကလုံးဝ ငြင်းခုန်စရာ တောင် မလိုဘူး.."

"သို့ပေမယ့် ဒုတိယ သီချင်းဖြစ်တဲ့ ဘီယာတစ်လုံးလောက် ရောင်းဖို့ရှိလား ဆိုတဲ့ သီချင်းထွက်လာတဲ့ အချိန်မှာ နည်းနည်း စိတ်ပျက်မိတာတော့ အမှန်ပဲ..။ဒါက နက်နက်ရှိုင်းရှိုင်းခံစားရပေမယ့် ပထမ သီချင်းဖြစ်တဲ့ နှုတ်ဆက်အနမ်းကို လိုက်မမှီခဲ့ဘူးလေ..။ဒါပေမဲ့ နောက်ခံ ဇာတ်လမ်းကို သိလိုက်ရတဲ့ အချိန်မှာ..ခံစားချက်ချင်း တိုက်ဆိုင်တဲ့ လူတွေ အတွက် ဘယ်လောက်တောင် သက်ရောက်မူ ရှိနိုင်မလဲ ဆိုတာကို နားလည်လိုက်တယ်..."

"ဆရာလင်း ရဲ့ သီချင်းဆိုတဲ့..အရည်အသွေးက..လက်ရှိ ဂီတလောကမှာတောင် တစ်ခါမှ..မမြင်ဖူးသေးတဲ့ အရာပဲ..။ဒါက ပါဝါက နေ လာတာပဲ ဖြစ်လိမ့်မယ်..."

သာမန်လူတွေကတော့..ဆရာကျိုးက ဘယ်သူလဲ ဆိုတာ မသိပါဘူး..။သို့ပေမယ့်..ဂီတလောကရဲ့ အောင်မြင်သူတိုင်းကတော့...ဆရာကျိုးက ဘယ်သူလဲ ဆိုတာ ကို သိကြပါတယ်..။

သူက ကျော်ကြားတဲ့ တေးရေးဆရာတစ်ယောက်ပါ..။

သူက နိုင်ငံရဲ့..အတော်ဆုံး..ဝေဖန်ရေး ဆရာတစ်ယောက် ဆိုရင်လည်း ဟုတ်ပါတယ်..။သူ ဒီလို ပြောလိုက်ပြီ ဆိုတာနဲ့..သီချင်းရဲ့ အဆင့်အတန်းက နေူက်တစ်ဆင့်ကို ရောက်သွားပြီလိူ့ ဆိုလိုတာပါပဲ..။

နိုင်ငံ၏ နေရာအနှံတွင်..။

"မင်းတို့ ဆရာလင်းရဲ့ သီချင်းအသစ်ကို နားထောင်ပြီးပြီလား..."

"ဘာသီချင်းလဲ..."

"ဘီယာတစ်လုံးလောက် ရောင်းဖို့ရှိလား ဆိုတဲ့ သီချင်းလေ..။ငါ ဒါကို နားထောင်ဖို့ အကြံပြုချင်တယ်..။အရင်ဆုံးနောက်ခံ ဇာတ်လမ်းကို အရင်ဖတ်..။ဒါမှ ခံစားရတာ ကွဲပြားမှာ..."

"တကယ်လား...ငါ အခုရှာလိုက်မယ်..."

"ဟုတ်တယ် အမြန် နားထောင်လိုက်..။အင်အားအကြီးဆုံး ဝေဖန်ရေးသမား...ဆရာကျိုးကတောင် ထောက်ခံထားတာ..။တကယ်ကောင်းတယ်..."

တိမ်ဖြူလမ်း..။

"အစ်ကိုလင်း ဘာတွေ တွေးနေတာလဲ..။စိတ်ထဲမှာ တစ်ခုခု ဖြစ်နေလို့လား.."

ဝူယူလန် မေးလိုက်တာပါ..။

လင်းဖန် အကူညီမဲ့စွာ မေးလိုက်တယ်..။

"ဘာမှ မဟုတ်ပါဘူး..အကောင်းဆုံး သီချင်းတွေကို ဆိုထားတာတောင် ဘာလိူ့...မကျော်ကြားသေးတာလဲလို့ စဥ်းစားနေတာ..."

"ဟင်..."

ဝူယူလန် ကြောင်အသွားခဲ့တယ်..။သူမ အံ့ဩမူကိူတောင် ...မထိန်းချုပ်နိုင်ခဲ့ပါဘူး..။အစ်ကိုလင်းက ဟာသတစ်ခု ပြောနေသလိုတောင် သူမ ခံစားလိုက်ရပါတယ်..။ယင်းနောက် သူမ ပြုံးလိူက်ပြီ...

"အစ်ကိုလင်းက အောင်မြင်နေပါပြီ... ဟုတ်ပြီလား..။လက်ရှိ ဝိုက်ဘိုက မှတ်ချက်တွေကို ကြည့်လိုက်ဦး...။ဒါက တစ်ခြား ဆယ်လီတွေထက် အများကြီး သာတယ်..."

လူလိမ် ထျန် သက်ပြင်းချလိုက်တယ်..။

"မင်းက ဘယ်လို စိတ်ကျေနပ်ရမလဲ ဆိုတာ မသိဘူးပဲ..။မင်းမှာ ရှိတာနဲ့ ရောင့်ရဲတတ်အောင် ကြိူးစားလေ့ကျင့်သင့်တယ်..."

"တော်လိုက်ပါတော့..."

လင်းဖန် ပြန်ပြောလိုက်တယ်...။စွယ်စုံကျမ်းရဲ့ အချက်ပေးမူက အခုထိရောင်မလာသေးပါဘူး..။

သူ ဒိိီလောက်အထိ ကြိုးစားထားတာတောင် မစ်ရှင်က အပြီးမြောက်သေးဘူးဆိုတော့ တစ်ခုခုတော့ မဟုတ်သေးပေ..။

A Valiant Life 765

အပိုင်း ( ၇၆၅ ) ကျုပ် ဗေဒင် ဆက်မဟော တော့ဘူး

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် အတွေးနက်နေတုန်းမှာပဲ..တစ်စုံတစ်ယောက်ဟာ သူ့ ဆိုင်ကို ရောက်လာခဲ့တယ်..။

ဟိီရှောင်လီဟာ...ဝင်ပေါက်မှာ စိုးရိမ်စွာ ရပ်နေခဲ့ပြီး..သူမရဲ့ မျက်လုံးထဲမှာတော့...ကျေးဇူးတင်မူတွေ ပြည့်နေခဲ့ပါတယ်..။

"ဆရာလင်း..."

ဟီရှောင်လီ ပြောလိုက်တယ်..။သူမ ဘာပြောရမှန်းတောင် မသိတော့ပါဘူး...။

သူမ ဆရာလင်းကို ပြောစရာ တွေ အများကြီး ရှိနေပေမယ့်လည်း ဒါတွေကို ဘယ်လို စတင်ရမလဲ မသိပေ..။

"ဘာကိစ်စလဲ..."

လင်းဖန် ဒီ ဟီရှောင်လီ အပေါ် သိပ်ပြီး သဘောမကျတာကြောင့်...သိပ်ပြီး မကြိုဆိုခဲ့ပါဘူး..။သ်ို့ပေမယ့်..သူမက အမှားကို သိပြီး..နောင်တရနေပြီ ဆိုတော့..ခွင့်လွတ်ခံရဖို့ အတွက် ထိုက်တန်ပါတယ်..။

ဟီရှောင်လီဟာ..ဆရာလင်း သူမကို မကြိုဆိုတာ​ကို မြင်ပေမယ့်လည်း ကျေးဇူးတင်တဲ့ အနေနဲ့ ဂါဝရ ပြုလိုက်ပါသေးတယ်..။

"ဆရာလင်း ကျေးဇူးတင်ပါတယ်..။ဆရာလင်း ကြောင့်သာ မဟုတ်ရင် ညီမ တစ်သက်လုံး..နောင်တရနေတော့မှာ..။ညီမကို အသိစိတ်ပြန်ဝင်အောင် လုပ်ပေးတဲ့ အတွက် ကျေးဇူးပါ.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ဒါ အဆင်ပြေပါတယ်..။အနာဂတ်မှာ အဖေဖြစ်သူကိုသာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ..။သူက မင်းအပေါ်ကို...အကောင်းဆုံးတွေ ပေးခဲ့တဲ့ တစ်ယောက်တည်းသော သူပဲ.."

ဟီ​ေရှာင်လီ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်..ညီမသိပါတယ်..။ညီမ အဖေ နဲ့ အတူ ရှန်ဟိုင်းမှာ အတူတူနေဖို့လည်း ဆုံးဖြတ်ပြီးပါပြီ..။ညီမ ဒီလို အတွေးမျိုးကို ဘယ်တော့မှ ထပ်တွေးမှာ မဟုတ်တော့ဘူး..."

လင်းဖန် ဟီရှောင်လီကို ပြောစရာ အများကြီး မရှိပေ..။ဒါက သူ့အတွက် မတော်တဆမူ အသေးလေးတစ်ခု ဖြစ်ပေမယ့်လည်း ကာယကံရှင်တွေ အဖို့တော့ အတော်ကို ကြီးမားပါတယ်..။

သူမက...သူ့အပေါ်မှာ ဒိီလောက်အထိ ကျေးဇူးတင်နေတယ် ဆိုတာက ပုံမှန်ပါပဲ..။

ဟီရှောင်လီဟာ...ဆရာလင်းက သူ့ကို စကား သိပ်မပြောချင်မှန်းသိလိုက်တယ်...။ဒါကြောင့် ကျေးဇူးတင်စကား ပြောပြီးတဲ့ နောက်မှာ ချက်ချင်း ပြန်ထွက်သွားလိုက်ပါတယ်..။

ဝူယူလန် ပြောလိုက်တယ်...။

"အစ်ကိုလင်း...သူမကြောင့် နောက်သီချင်းတစ်ပုဒ်ကို ရေးခဲ့တာလား..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်...သူမကြောင့်ပဲ..."

ဝူယူလန် အဝေးကို လျောက်သွားတဲ့ အရိပ်ကို ကြည့်လိုက်တယ်..။

"ကျေးဇူးတင်စွာပဲ...အစ်ကိုလင်း သူမကို ..အသိစိတ်ပြန်ဝင်အောင် လုပ်ပေးနိုင်ခဲ့တာပဲ..."

လင်းဖန် ရယ်မောလိုက်ပြီး...

"ငါက ဒီတိုင်း မျက်စိရှေ့မှာ မြင်နေရတဲ့ အခြေအနေက မကောင်းလို့ ကူညီပေးခဲ့တာလေ..။ဒါက ပြသနာ မဟုတ်ပါဘူး.."

"ဒီကိစ္စမှာတော့...ညီမပြောချင်တာက..အစ်ကိုလင်းက တကယ်ကို အမှန်တရား ဘက်တော်သား တစ်ယောက်ပဲ.."

ဝူယူလန် ချီးကျူးလိုက်တယ်..။

လင်းဖန် ခံစားချက်ကောင်းမွန်သွားခဲ့ပြီး...

"ဒါပေါ့...ဒါက ပြောစရာ လိုသေးလို့လား..။ငါ့မှာ တရားမျှတတဲ့ နှလုံးသား ရှိတာ လူတိုင်းသိကြတယ်..။ငါ လင်းဖန်က အမှန်တရားကို မြတ်နိုးတယ် ဆိုတာ မသိတဲ့လူ ရှိသေးလို့လား..."

ကျောက်ကျန်းယန်ဟာ တိုက်ရိုက်ထုတ်လွင့်နေရင်းကနေ..ဒါကိုကြားပြီး ကြောင်အသွားခဲ့ပါတယ်..။

倒不是他认为林哥说的不对,而是感觉这自己夸自己,实在是太特么的让人难以接受了.

ဒါက အစ်ကိုလင်း ပြောနေတာတွေက မှားယွင်းနေလို့ မဟုတ်ပါဘူး...။အစ်ကိုလင်းက...သူ့ ဂုဏ်သူ အရမ်းဖော်နေတယ်လိူ့ ခံစားလိုက် ရလို့ပါ..။

တိုက်ရိုက် ထုတ်လွင့်မူထဲက လူတွေဟာလည်း စတင်ပြီး မှတ်ချက်တွေ ပေးလိုက်ကြတယ်..။

“66666…”

"ဟားဟား...မာစတာလင်းက ကိုယ့်ကိုကို ပြန်ပြီး ချီးကျူးနေပါလား..."

"ငါတော့...မာစတာလင်းရဲ့ သင်ခန်းစာတွေကို နေ့တိုင်း နားထောင်ခွင့်ရနေတဲ့..အစ်ကိုယန် ကိုတောင် မနာလိုဖြစ်မိတယ်.."

"မာစတာလင်း ပြောနေတာတွေက လေပေါ်ရောက်နေတယ် လိူ့ ထင်ရပေမယ့် ဒါက အမှန်တရားပဲ..။ငါ့ဖုန်းထဲမှာတောင် မာစတစာလင်းရဲ့ သီချင်းကို ringtone အဖြစ် ထားထားလိုက်ပြီ..။နောက်ဆို..ဘယ်သူပဲ ဖုန်းခေါ် ဖုန်းခေါ်...ငါ မာစတာလင်းရဲ့ သီချင်းသံကို နားထောင်ရတော့မယ်.."

"အကြံကောင်းပဲ...."

…

ယင်းနောက် ဇိမ်ခံကားတစ်စီးဟာ အပြင်မှာ ရပ်တန့်သွားခဲ့ပါတယ်...။လူလိမ် ထျန်ဟာ ဒီကားကို မြင်တဲ့ အချိန်မှာ..တက်ကြွသွားခဲ့ပါတယ်..။

"ချမ်းသာတဲ့ သခင်လေးတစ်ယောက်ပါလား..."

သူ ချမ်းသားတဲ့ မိသားစုက ဆင်းသက်လာတဲ့ သခင်လေးတွေကို တကယ်သဘောကျပါတယ်..။သူတို့ရဲ့ လက်ဖွာတဲ့..အကျင့်စရိုက်ကြောင့်...သူ့ဆီကို ပိုက်ဆံတွေ ရောက်လာတဲ့ အချိန်တိုင်း ပျော်ရွှင်စရာပါပဲ..။

ပုံမှန်အားဖြင့်...ချမ်းသာတဲ့ သခင်လေးတွေ အများစုက..တိမ်ဖြူလမ်းကို မလာကြပေ..။သို့ပေမယ့် သူတို့ လာပြီ ဆိုရင်လည်း မာစတာလင်းရဲ့ ဆိုင်ကိုပဲ.လာကြတာ များပါတယ်..။

လင်းဖန် လှမ်းကြည့်လိုက်ပြီး...

"ဒီကားက တကယ် ကောင်းတာပဲ..။စျေးကလည်း အတော်ကြီးလောက်မယ်..."

ဝူယူလန် ပြန်ပြောလိုက်တယ်...။

"ညီမ အရင်က ဒီလို ကားမျိုးမြင်ဖူးတယ်..။ဒါက ဒေါ်လာ ၁၀ သန်း နီးပါးပဲ..။ဒီလိူ ကားမျိုးကိုတောင် စီးနိုင်တယ် ဆိုတော့ ဒီလူရဲ့ နက်ဝါ့က တကယ်ကို ကြောက်စရာ ကောင်းလိမ့်မယ်..။ဒါပေမဲ့ အဲလိုလူက တိမ်ဖြူလမ်းကို ဘာလာလုပ်တာလဲ..."

လူလိမ် ထျန် ပြောလိုက်တယ်...။

"ဘာရှိရဦးမှာလဲ...။သူက ကျိန်းသေ ငါတ်ို့ဆီကို လာတာပဲ ဖြစ်မှာပေါ့...."

ကျောက်ကျန်းယန်ဟာ ကင်မရာကို ဇိမ်ခံကားဆီကို လှည့်လိုက်ပါတယ်...။

ပရိတ်သတ်တွေဟာ..ကားကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်...။ကားပုံစံက အတော် ကို ကြည့်လိူ့ လှပါတယ်..။ဒီလို...ကောင်းမွန်ပြီး တန်ကြေးမြင့်တဲ့..ဇိမ် ခံကား တစ်စီးကို မြင်ရတာက တကယ်ကို အားကျစရာပါပဲ...။

လင်းဖန် ကားက်ို ကြည့်ပြီး သံသယဖြစ်သွားခဲ့တယ်..။ဒီလူက...သူ့ဆီကို လာတဲ့ ဖြစ်နိုင်ချေက အတော်များပါတယ်...။

လတ်တလောမှာ..သူ့ကို ရှာဖွေတဲ့ လူက သိပ်မရှိတော့..သူ့ဘဝက သက်သောင့်သက်သာ ရှိနေခဲ့တာပါ..။

ကားတံခါးဟာ ပွင့်သွားခဲ့တယ်...။

သက်လတ်ပိူင်းအရွယ်လူကြီး တစ်ယောက်ဟာ..ကားပေါ်ကနေ ထွက်လာခဲ့တယ်..။သူ့ကြည့်ရတာတော့..အသက် ၆၀ ဝန်းကျင်လောက် ရှိပါတယ်..။သူက ဂျာကင်ကို ဝတ်ဆင်ထားခဲ့ပြီး..မတူ ညီတဲ့..အင်အားတစ်ခုကို ဖော်ပြနေခဲ့တယ်..။

"သူက SAIC မော်တာ ကော်ပိုရေးရှင်း လီမီတက်က မဟုတ်ဘူးလား..."

ကျောက်ကျန်းယန် မေးလိုက်တာပါ..။

လင်းဖန် ပြန်ပြောလိုက်တယ်..။

"မင်း သူ့ကို သိလို့လား..."

ကျောက်ကျန်းယန် ဖြေလိုက်တယ်...။

"အင်း..ကျွန်တော် အရင်တုန်းက သူ့ကို ငွေကြေးနဲ့ စီးပွားရေး ပရိုဂရမ် တစ်ခုမှာ မြင်ဖူးတယ်..။သူက..က ကြီးမားတဲ့ လျှပ်စစ် ကုမ္ပဏီတစ်ခုရဲ့ ချမ်းသာတဲ့ ပိုင်ရှင်တစ်ယောက်လေ..။သူရဲ့ ကုမ္ပဏီက နိုင်ငံရဲ့ အချမ်းသာဆုံး ကုမ္ပဏီ အခု ၅၀ မှာတောင် ထိပ်ပိုင်းမှာ စာရင်းဝင်တယ်..."

တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင် တစ်ယောက်ဟာလည်း..ဇိမ်ခံကားကြီးကို မြင်လိုက်တာကြောင့် ဘယ်လို လူမျိုး ရောက်လာတာလဲ ဆိုတာကို ထွက်ကြည့်လိုက်ပါတယ်..။

သို့ပေမယ့် သူတိူ့ သူ့ကို မမှတ်မိကြပေ..။

တစ်ချို့လူတွေက..သူ့ လျှပ်စစ်ကုမ္ပဏီက ထုတ်လုပ်တဲ့..အသုံးအဆောင်တွေကို သုံးနေကြတယ် ဆိုပေမယ့် သူ့ကိုတော့ မဖြစ်မနေသိနေဖို့ မလိုအပ်ပါဘူး...။

သူ့ ဘော်ဒီဂတ်တွေဟာလည်း အောက်ကို ဆင်းလာပြီး ဝန်းရံလိုက်ကြတယ်...။

သက်လတ်ပိုင်း အရွယ် လူကြီးဟာ ဆိုင်းဘုတ်ကို သေချာ ကြည့်လိုက်တယ်...။ယင်းနောက် သူ ခေါင်းညိမ့်ပြီး ဆိုင်ထဲကို ဝင်သွားလိုက်ပါတယ်...။

လူလိမ် ထျန် ရှေ့ကို တက်သွားကာ ပြုံးလိုက်တယ်..။

"ဆရာ..ကျေးဇူးပြုပြီး..."

ကျောက်ကျန်းယန်...ချက်ချင်းပဲ..တိုက်ရိုက်ထုတ်လွင့်မူကို ရပ်လိုက်တယ်..။သူ ဒီလိူ သူဌေးကြီးတစ်ယောက်ကို တိုက်ရိုက် မထုတ်လွင့်ရဲပါဘူး..။ဒါက..တစ်ခုခု ဖြစ်လာမှာကို သူ စိုးရိမ်နေခဲ့တာပါ..။

ဘာပဲဖြစ်ဖြစ်...ရာထူးကြီးတဲ့ လူတွေက သူတို့ရဲ့ အပြုအမူ နဲ့ စကားလုံးတွေကို သတိထားကြရပါတယ်..။တကယ်လို့ သူသာ ပြသနာ သွားရှာမိရင်..ဒါက သူကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ပါဘူး..။

လင်းဖန် တည်ငြိမ်စွာ ထိုင်လိုက်တယ်...။ဒီလူက အကောင်ကြီး ဆိုတာ သိပေမယ့်လည်း သူ တည်တည်ငြိမ်ငြိမ် ရှိနေဖို့ လိူအပ်ပါတယ်...။

"ခင်ဗျားက..."

လင်းဖန် သေချာကြည့်ပြီး မေးလိုက်တာပါ..."

"ဟိုင်း မာစတာလင်း...ကျွန်တော်က SAIC မော်တာ ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာ ဟောင်ဂိုဟွေး ပါ..။ကျွန်တော် ဒီကို လာတာက..မာစတာလင်း ရဲ့ အကူညီလေး လိုချင်လို့ပါ..."

ဟောင်ဂိုဟွေး ပြုံးပြီး မေးလိုက်တာပါ..။

လင်းဖန် ပြုံးလိုက်ပြီး...

"ကျွန်တော် လုပ်တာဆိုလိူ့ ပန်ကိတ်ရောင်းတာပဲလေ..။ကျွန်တော် ဘာများ ကူညီပေးရမလဲ..."

ဟောင်ဂိုဟွေး လက်ဝေ့ယမ်းလိုက်တယ်...။

"ကျွန်တော် ကြားတာကတော့ မာစတာလင်းရဲ့ ဗေဒင်ပညာက ဒုတိယ မရှိဘူးတဲ့..။အစကတော့..ကျွန်တော် ..နည်းနည်းသံသယ ဖြစ်မိပေမယ့်..သေချာ ရှာဖွေပြီးတဲ့ နောက်မှာတော့..အမှန်တကယ်ပဲ ယုံကြည်သွားခဲ့တယ်လေ..။ဒါကြောင့် ကျွန်တော်ကို ဗေဒင်တွက်ခိူင်းဖို့ မာစတာလင်း ဆီကို လာခဲ့တာပါ..။အထူးသဖြင့် နောက် သုံးနှစ် အတွင်းကိုပေါ့..."

လသ်းဖန် ပြုံးပြီး လက်ဝေ့ယမ်းလိုက်တယ်..။

"ကျွန်တော်က ဗေဒင်မတွက်ပေးတော့ပါဘူး..။တကယ်လို့ ခင်ဗျား တကယ် ဗေဒင်မေးချင်တယ် ဆိုရင် ဒိီက မာစတာကို တောင်းဆိုသင့်တယ်..။သူက ရုပ်လွန် ဒသနိက ဗေဒ ရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဝူတန်ဟီ ပဲ..."

ဟောင်ဂိုဟွေး ဝူတန်ဟီ ကို ကြည့်ကာ ပြုံးလိုက်ပြီး...

"တကယ်လို့...သူသာ ကျွန်တော့်ကို ဗေဒင်တွက်ပေးမယ် ဆိုရင် ဒါက မစ္စတာ ဝူ နဲ့ ဒုတိယ အကြိမ် တွေ့ဆုံမူ ဖြစ်သွားပြီ..."

ဝူတန်ဟီ ..သူ့ကို ကြည့်ပြီး..ခေါင်းညိမ့်လိုက်တယ်..။

"ဒါရိုက်တာ ဟောင် ရဲ့ ကံတရားက တကယ်ကောသ်းတယ်..။ကျွန်တော် သူ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်က ဟောပေးခဲ့ဖူးတယ်လေ..."

ဝူတန်ဟီ နဲ့ ဟောင်ဂိုဟွေး တို့က တစ်ယောက်နဲ့ တစ်ယောက် သိနေကြလိမ့်မယ်လိူ့ မထင်ထားခဲ့ပေ..။

ဝူတန်ဟီဟာ လင်းဖန် စိတ်ရှုတ်နေတာ မြင်ပြီး ရှင်းပြလိုက်ပါတယ်..။

"လွန်ခဲ့တဲ့ ၁၀ နှစ်က ဒါရိုက်တာဟောင်က..ဒီက လူအိုကြီး ဆီလာပြီး ဗေဒင်မေးဖူးတယ်လေ..။သူ့ဆီမှာ ချမ်းသာ ခြင်းကံတရားတွေ ပြည့်နှက်နေပြီး..အောင်မြင်မူ လမ်းကြောင်းတစ်ခု ရှိနေခဲ့တာပေါ့..။ဒါပေမယ့် ဒီလောက်အထိကြီးမားတဲ့ ကုမ္ပဏီကြီး ဖြစ်လိမ့်မယ်လိူ့ မထင်ထားခဲ့ဘူး.."

လင်းဖန် နားလည်သွားခဲ့တယ်...။လွန်ခဲ့တဲ့ ၁၀ နှစ်က ဝူတန်ဟီ ရဲ့ အောင်မြင်နေတဲ့ အချိန် ဖြစ်တာကြောင့် ဟောငိဂိုဟွေးက ဝူတန်ဟီ ဆီကို ဗေဒင်သွားမေးတာက ထူးဆန်းတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး..။

ဟောင်ဂိုဟွေ အတွက်က​တော့ ဒိီတစ်ခေါက် သူ ဒိီကို လာတာက မာစတာလင်းဆီမှာ ဗေဒင်မေးဖို့ပါ..။

သူ လင်းဖန် ရဲ့ တည်ရှိမူကို အရင်ကတည်းက သိနေပေမယ့်လည်း မယုံကြည်ခဲ့ပေ..။ရှာဖွေမူ တစ်ချို့ လုပ်ပြီးတဲ့ အချိန်မှာ ဝူတန်ဟီ ကိုယ်တိုင် ဒီလို ဆိုင်လေး သေးသေးလေးမှာ အလုပ်လာလုပ်နေတာကြောင့် သူ ထူးဆန်းသွားခဲ့ပါတယ်..။

ဝူတန်ဟီက ချမ်းသာ တဲ့လူတစ်ယောက် မဟုတ်ပေမယ့် ထူးချွန်တဲ့ လူတစ်ယောက်ပါ..။ဒီလိူ လူကိုတောင် ဆိုင်မှာ အလုပ်လာလုပ်စေနိုင်တယ် ဆိုတော့ မာစတာလင်းက.. သာမန်ထက် ထူးကဲတဲ့လူတစ်ယောက် ဖြစ်ပါလိမ့်မယ်...။

သူ့ရဲ့ ရှာဖွေမူ အရတော့ မာစတာလင်းရဲ့ ဗေဒင်ပညာက သဘာဝကိုတောင် ဆန့်ကျင်နေပြီး အနာဂတ်ကို​တောင် ပြောင်းလဲ နိုင်တယ်လို့ ပြောကြပါတယ်..။

ဒါကြောင့်လည်း..သူ ရှန်ဟိုင်းကို လာပြီး မာစတာလင်း ဆီမှာ သူ့ရဲ့ ကံကြမ္မာကို မေးဖို့ ဆုံးဖြတ်ခဲ့တာပါ..။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း စီးပွားရေးတွေက သိပ်ပြီး မကောင်းလှပါဘူး..။သူ နောက်ထက် စီးပွားရေး အင်အားစုကြီးတစ်ခု ဖန်တီးချင်ပေမယ့်..ကောင်းကောင်း မလုပ်နိုင်ခဲ့ပေ..။သူ ပစ်မှတ်အသစ်ကို ထပ်ပြီး ရှာဖွေချင်နေခဲ့ပါတယ်..။ဒါကြောင့် သူ မာစတာလင်းရဲ့ လမ်းညွှန် ပြသမူကို ခံယူဖို့ လာခဲ့တာပါ..။

A Valiant Life 766

အပိုင်း ( ၇၆၆ ) ခင်ဗျားက ပြသနာပဲ...

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ပြောလိုက်တယ်...။

"ဒါရိုက်တာ ဟောင်...ခင်ဗျားကို...မာစတာ ဝူက..လွန်ခဲ့တဲ့ ၁၀ နှစ်က..ဟောပေးခဲ့ပြီး..ကောင်းတယ်လို့လည်း ပြောထားတယ်လေ..။ဒါကို ဘာလို့...အခုထပ်ပြီး..မေးချင်နေသေးတာလဲ..."

ဟောင်ဂိုဟွေး သက်ပြင်းချလိုက်တယ်..။

"မာစတာလငိးက...၁၀ နှစ်ဆိုတဲ့ အရာက ဘယ်လောက်အထိတောင် ပြောင်းလဲ စေလဲ ဆိုတာ မသိသေးဘူးကို.။ကျွန်တော် လွန်ခဲ့တဲ့...နှစ်နှစ်လုံးလုံး မအောင်မြင်ခဲ့ဖူးလေ..။ဒါကြောင့်..ကျွန်တော်

မာစတာလင်းရဲ့ လမ်းညွှန်မူကို ရယူဖို့ လာခဲ့တာပါ..."

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး...

"ကျွန်တော် တောင်းပန်ပါတယ်..။ကျွန်တော် ဗေဒင်ဟောတာကို ရပ်တန့်ထားလိုက်ပြီ..."

ဟွန်ဂေါင်ဟွေး..လင်းဖန် ဗေဒင်ဟောတာကို တကယ်ရပ်တန့်လိုက်လိမ့်မယ်လို့ မယုံကြည်ခဲ့ပေ..။သူ့လို အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့..လူတစ်ယောက်က..ကျွမ်းကျင်ရာတစ်ခုကို ရပ်တန့်လိုက်တယ် ဆိုတာက မဖြစ်နိုင်တဲ့အရာပါ..။ကြည့်ရတာ..သူ လုံလောက်တဲ့ အကျိုးအမြတ်နဲ့ ကမ်းလှမ်းမှ ရမယ့်ပုံပါပဲ..။

သူ့ဆီမှာက တစ်ကခြားအရာတွေသာ ရှားရင် ရှားပါးလိမ့်မယ်...ပိုက်ဆံတော့ မရှားပါးပါဘူး..။

သသသာ...ပိုက်ဆံအချို့ကို ..အသုံးပြုပြီးဟအနာဂတ်ကို သိနိုင်မယ် ဆိုရင်...ဒါက ရေရှည်ရင်းနှီးမြုပ်နှံမူတစ်ခုကို လုပ်လိုက်သလိုပါ..။

လူတော်တော် များများက...ဗေဒင်ပညာ ဆိုရင် ..အလိမ်အညာတစ်ခုလို့ပဲ ထင်နေကြတာပါ..။သို့ပေမယ့် သူဒါတွေကို ယုံကြည်ပါတယ်..။သူ ရုံးခန်း တည်ဆောက် အလှဆင်တုန်းကတောင်မှ..ကျွမ်းကျင်တဲ့ မာစတာတွေကိုတွက်ချက် ခိုင်းပြီးမှ ..ပရိဘောဂတွေကို ထားခဲ့ပါတယ်..။ပြီးတော့..သူ့ရဲ့ အဓိက စာချုပ်ကို ဘယ်အချိန်မှာ လက်မှတ်ထိုးသင့်လဲ ဆိုတာကိုလည်း သိချင်ပါသေးတယ်..။

သူ ဒါတွေကို အရမ်းယုံကြည်ပါတယ်...။တစ်ခြားလူတွေ ယုံတာ မယုံတာကတော့...ဒါက သူ့အလုပ်မဟုတ်ပေ..။

ချမ်းသာတဲ့ လူတွေ အများစုကတော့...သူတို့ ပါးစပ်ကနေ ဒီလို အရာတွေကို မယုံကြည်ဘူးလို့ ပြောနေကြရင်တောင်..စိတ်ထဲမှာတော့ တိတ်တဆိတ်ယုံကြည်နေကြမှာ အသေအချာပါပဲ..။

ဘာပဲဖြစ်ဖြစ် သူတို့ နှုတ်က ထုတ်ပြောရင် ဒါက သူတို့ရဲ့ ဂုဏ်သိက္ခာ အတွက်မကောင်းနိုင်ပေ..။

ဟောင်ဂိုဟွေး ဟာ..မာစတာလင်းရဲ့ ငြင်းပယ်မူ အပေါ် လုံးဝ စိတ်မပူခဲ့ပါဘူး..။

"မာစတာလင်း...အရင်ဆုံး စဥ်းစားကြည့်ရင်ရော ဘယ်လိုလဲ..။ပညာကြေးနဲ့ ပတ်သက်ပြီး..ဘာပြသနာ မှ မရှိစေရပါဘူး..။ကျွန်တော် ကျေနပ်အောင် ပေးမှာပါ..."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ဒါက ..အခကြေးငွေ..နဲ့ မဆိုင်ပါဘူး..။ကျွန်တော်ရဲ့ ဟောပြောမူတွေက..100 ရာခိုင်နှုန်း..တိကျတယ် ဆိုပေမယ့် အခုတော့ ဆက်မဟောတော့ဘူးလေ..။ဒါကြောင့် ကျေးဇူးပြုပြီး ဒီလောက်နဲ့ပဲ ပြန်ပါတော့...x

ကျောက်ကျန်းယန် ကြောင်အသွားခဲ့တယ်..။

အစ်ကိုလင်း က ဒီလောက်အထိ ပြတ်သားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဟေင်ဂိုဟွေး လို သူဌေးကြီးက သူ့ဆီကို လာပြီး...ဗေဒင်တွက်ချင်နေခဲ့တာပါ..။တကယ်လို့ တခြား..ဗေဒင်ဆရာတွေသာ ဒီလို အခြေအနေနဲ့ ကြုံရမယ်ဆိုရင်..ပျော်လွန်းလို့ ထခုန်ကြမှာ အသေအချာပါပဲ.။

သို့ပေမယ့် အစ်ကိုလင်းက ချက်ချင်း လက်ဝေ့ယမ်းပြီး ငြင်းပယ်ခဲ့ပါတယ်...။ဒါက သူ့အတွက်တော့ တကယ်ကို အထူးအဆန်းပါပဲ..။

ချမ်းသာတဲ့ လူတွေက..ကပ်စေးမနဲကြပေ..။သူတိူ့ အနည်းဆုံးတော့ ဒေါ်လာ သန်းအနည်းငယ် ပေးမှာ သိသာပါတယ်..။ထပ်ပြောရရင် အစ်ကိုလင်းရဲ့ ဟောပြောမူတွေက တိကျတာကြောင့် သူတို့အတွက် ဒီလောက် သုံးရတာက ထိုက်တန်တယ်လိူ့ ခံစားကြရမှာပါ..။

သို့ပေမယ့် အစ်ကိုလင်းက ချက်ချင်းငြင်းပယ်လိုက်ပြီး...တစ်ဖက်လူကို..ပိုက်ဆံအကြောင်းပြောဖို့တောင် အခွင့်အရေး မပေးခဲ့ပေ..။

သူ ဘာလို့လဲ နားမလည်တော့ပါဘူး..။

အမှန်တကယ်တော့ လင်းဖန် ရဲ့ အကြောင်းပြချက်က ရိုးရှင်းပါတယ်..။

လူစိမ်းတစ်ယောက်ကို သူ ဗေဒင်ဟော ပေးမှာ မဟုတ်ပါဘူး..။

သူက အရမ်း ရင်းနှီးပါတယ် ဆိုတဲ့ တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေကိုတောင်...ဗေဒင််မဟောပေးတော့ပေ..။ဟောင်ဂိုဟွေးက ဒါကို မသိပဲ ပိုက်ဆံနဲ့ လာကမ်းလှမ်းနေခဲ့တာပါ..။ဒါက သူ့ကို ငွေမက်တဲ့ လူလို့ ထင်နေတာ မဟုတ်ဘူးလား..။ငွေနဲ့ ခိုင်းရင် လူတိုင်းက မငြင်းနိုင်တော့ဘူးလိူ့ ဒီလူက ထင်နေတာလား...။

ဒါက ပိုက်ဆံလေးပဲလေ....

ဝူတန်ဟီ မျက်မှောင်ကျုတ်လိုက်တယ်...။ဒါက လင်းဖန် ဟောင်ဂိုဟွေးကို မဟောပေးလို့ မဟုတ်ပါဘူး..။ဘာလို့လဲ..ဆိုတော့..သူ လွန်ခဲ့တဲ့ ၁၀ နှစ်က..ဟောင်ဂိုဟွေးရဲ့ ကံကြမ္မာကို တွက်ကြည့်ခဲ့ပေမယ်...တကယ်ကို ကောင်းမွန်ခဲ့ပါတယ်..။သူက လူတွေနဲ့ ရင်းနှီးတဲ့ ပုံစံ ဟန်ဆောင် တတ်ပေမယ့်..စိတ်ထဲမှာတော့ သူ့ကို မလေးစားတဲ့လူတွေကို မနှစ်သက်ပါဘူး..။

ဒီနေ့ မာစတာလင်းက သူ့ကို ငြင်းပယ်လိုက်တော့ သူ မပျော်မရွှင်ဖြစ်မှာ ကျိန်းသေသလောက်ရှိပြီး..သူ့ရဲ့ အကျင့်စရိုက်အရ ဒီတိုင်း ..ကျော်သွားမှာ မဟုတ်ပေ..။

ဟောင်ဂိုဟွေးဟာ..လင်းဖန် ဟောပြောတာတွေက ၁၀၀ ရာခိုင်နှုန်း တိကျတယ်လို့ ကြားတဲ့အချိန်မှာ သူ တကယ် ယုံကြည်ပါတယ်..။သိူ့ပေမယ့်..မာစတာလင်း ပြောတဲ့ စကားတွေက သူ့ကို မပျော်မရွှင်ဖြစ်စေတာတော့ အမှန်ပါပဲ..။

သူ အပြုံးကို ထိန်းထားလိုက်ပြီး...

"မာစတာလင်း..ကျွန်တော့်ကို အရင်မငြင်းပယ်ပါနဲ့..။ကျွန်တော်ရဲ့ ရိုးသားတဲ့..တောင်းဆိူမူကို နားထောင်ပေးပါဥိီး..."

ယင်းနောက် ဟောင်ဂိုဟွေး လက်ချောင်းတွေကို မြောက်ပြလိုက်တယ်..။

"ဒေါ်လာ ၁၀ သန်း..။မာစတာလင်းက ကျွန်တော်ရဲ့ နောင် ၁၀ နှစ်တာကို ဟောပြောပေးယုံပဲ..။ပြီးတော့ ကျွန်တော် ကတ်တစ်ကတ်ကိုလည်း ပေးခဲ့မယ်..။အဲ့ကတ်နဲ့ ဆိုရင်..SAIC မော်တာ စတိုးမှာ..ဘယ်အရာကိုမဆို အခမဲ့ ရယူနိုင်တယ်လေ..။ဒါကို ကျေနပ်ရဲ့လား..."

ကျောက်ကျန်းယန် ပါးစပ်ကျယ်သွားခဲ့တယ်..။ဒါက တကယ်ကို မယုံနိုင်စရာပါပဲ..။

ပထမအချက်က..ဒေါ်လာ ၁၀ သန်း နဲ့တင် အတော်များပြားတဲ့ ပမာဏ ဖြစ်နေခဲ့ပါပြီ..။ဒါက သာမန်လူတစ်ယောက် တစ်ဘဝလုံးရှာရင်တောင် မရနိုင်တဲ့ ပမာဏ တစ်ခုပါပဲ..။

သို့ပေမယ့်...အဓိက အချက်က..အခမဲ့ ရယူနိုင်တဲ့ ကတ်ပါ..။

SAIC မော်တာ ကော်ပိုရေးရှင်းက နိုင်ငံအနှံ့မှာ ဆိုင်ခွဲတွေ အများကြီးရှိပါတယ်..။ဒါက သူ ကြိုက်တဲ့ ဆိုင်ကို သွားပြီး ကြိုက်တဲ့ အရာကို ..ယူလိူ့ရတယ်လို့ ဆိုလိုချင်တာလား..။

ကားတွေ...ဆိုင်ကယ်တွေ...ဒါမှမဟုတ် တစ်ခြားအရာတွေ...

ပြီးတော့ သူသာ ဒီကတ်နဲ့ စျေးဝယ်သွားရင် လူအများရဲ့ လေးစားမူကို ခံရဦးမှာပါ..။

ဝူတန်ဟီ ဂေါင်ဂိုဟေါးကိုကြည့်လိုက်တယ်...။ဟောင်းဂိုဟွေးက သူ့နည်းလမ်း အတိုင်းသွားချင်နေတဲ့ပုံပါပဲ..။

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလည်း..သူ များပြားလှတဲ့ ပမာဏ တစ်ခုကို အသုံးပြုခဲ့ပါတယ်..။သူက ..ဒေါ်လဟ ၃ သန်းကို ပြောလိုက်တာပါ..။ဒါက..သူ့ဘဝ တစ်လျောက်လုံးမှာ အများဆုံးရဖူးတဲ့ ပမာဏ တစ်ခုပါပဲ..။

ဘင်းဖန် တည်ငြိမ်နေခဲ့တယ်...။ဒေါ်လာ ၁၀ သန်းလောက်ကတော့ သူ ဝမ်မင်ယန် ဆီကနေ ကြိုက်တဲ့ အချိန်တောင်းလို့ရပါတယ်..။သူက ဘာလို့ ဒေါ်လာ ၁၀ သန်းလောက်ကို စိတ်လှုပ်ရှားနေရမှာလဲ..။

ကတ်အတွက်ကတော့ သူ အသုံးလိုမှာ မဟုတ်ပေ..။

ဘဝမှာ..မော်တာ ပစ္စည်းတွေ ဘယ်လောက်များများ လိုနိုင်မှာမို့လို့လဲ..။ထပ်ပြောရရင် သူ့မှာလည်း ပိုက်ဆံ မရှားပါဘူး..။

"ဒါရိုက်တာ ဟောင် ဒါက အဆင်ပြေပါတယ်..။ကျွန်တော် တကယ် ဗေဒင် မဟောတော့ဘူး..။တကယ်လို့ ခင်ဗျား ဗေဒင်ဟောချင်တယ် ဆိုရင် မစ္စတာ ဝူကို ကြည့်ခိုင်းလိုက်ပါ..။အခု ကျွန်တော် လက်ရှိလုပ်နေတာက ပန်ကိတ်ရောင်းတာလေ..."

လင်းဖန် ပြောလိုက်တာပါ..။

ဟောင်ဂိုဟွေး မပျော်မရျွင်ဖြစ်သွားပေမယ့်လည်း ဆက်ပြုံးနေခဲ့တယ်..။

"မာစတာလင်း အလျင်မလိုပါနဲ့..ကျုပ်တို့ ဆွေးနွေးလို့ရပါတယ်..။ကျုပ် ဟောင်ဂိုဟွေးက နိုင်ငံမှာ အချမ်းသာဆုံး မဟုတ်ပေမယ့် ဂုဏ်သိက္ခာ​တော့ရှိပါသေးတယ်..။မာစတာလင်းသာ..ကျွန်တော့်ကို ကူညီမယ် ဆိုရင် အနာဂတ်မှာ မာစတာလင်းရဲ့ ဘယ်လို တောငိးဆိုမူ မျိုးကို မဆိုလိုက်လျောပေးမယ်..."

လင်းဖန် အနည်းငယ် ကြောင်အသွားခဲ့ပြီး...

"ဒါရိုက်တာ ဟောင်..ကျွန်တော် တကယ် ဗေဒင်

မဟောတော့လို့ပါ..။တစ်စုံတစ်ယောက် ရဲ့ ဘဝကို တွက်ချက်ရတာက ကျွန်တော့်ကို အသက်ပိုတို စေတယိလေ. "

ဟောင်ဂိုဟွေး ပြုံးလိုက်ပြီး...

"မာစတာလင်းက..အဓိပ္ပါယ် မရှိတာကို ပြောနေတာပဲ..။ကျွန်တော်က..ခနလေးပဲ ကြည့်ခိုင်းတာပါ..."

ယင်းနောက် လင်းဖန် ဒေါသထွက်သွားခဲ့တယ်..။ဒီလူက အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေရင်တောင် သူ ထပ်ပြီး မျက်နှာသာ မပေးနိုင်တော့ပါဘူး..။

"ခင်ဗျား နားမှာ ပြသနာ ရှိနေတာလား..။ကျုပ် ခင်ဗျားကို ဗေဒင်ဟောမပေးနိုင်ဘူးလို့ ပြောနေတယ်လေ..။ခင်ဗျား လူစကားကို နားမလည်ဘူးလား..."

"ကျုပ်ထပ်ပြောလိုက်မယ်..ခင်ဗျားကို ဗေဒင် မဟောပေးနိုင်ဘူး..."

ဒါကို ပြောလိုက်တဲ့ နောက်မှာ ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်..။

လင်းဖန် သက်ပြင်းချလိုက်တယ်..။သူ ဒီလ်ို ပြောချင်နေတာ ကြာပါပြီ..။ဒီလူက တကယ် စိတ်ပျက်စရာပါပဲ..။သူက မဟောပေးနိုင်ဘူးလို့ ပြောနေတာတောငိ ဆက်ပြီး တွန်းအားပေးဖို့ ကြိုးစားနေခဲ့တာပါ..။

လူတွေကို အနိုင်ကျင့်ရတာ လွယ်တယ် ထင်နေတာလား...

ဟောင်ဂိုဟွေးနောက်က ဘော်ဒီဂတ်တွေဟာ အံ့ဩနေခဲ့ကြတယ်..။ဒါရိုက်တာဟောင် ငြင်းပယ်ခံရလိမ့်မယ့်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။

ဒီလို မျိုးက သူတို့ ပထမဆုံးအကြိမ်မြင်ရတာပါ..။

ဟောင်ဂိုဟွေး ဒေါသထွက်သွားပေမယ့်..သူ ကိုယ့်ကိုကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်တယ်..။သူ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး..

"မာစတာလင်း နောက်နေတာပဲ ဖြစ်ရမယ်..."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ် နောက်နေတာ မဟုတ်ဘူး..။ကျုပ် ဗေဒင်ဟောတာကို ရပ်တန့်ထားလိုက်ပြီ...။ဘာလို့လဲ ကျုပ်ပြောပြရဦးမလား...။ဒါက ကျုပ်လူစိမ်းတွေရဲ့..အနာဂတ်တွေကို မကြည့်ပေးချင်တော့လိူ့ပဲ..."

ဟောငိဂိုဟွေး..ပြောလိုက်တယ်..။

"မာစတာလင်း ကျုပ်တို့ မိတ်ဆွေတွေဖြစ်လာရင်ရော ဒါက အဆင်ပြေပါ့မလား..."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ဒါရိုက်တာ ဟောင် ဒါက အဆငိပြေပါတယ်..။ပြန်လိုက်ပါတော့..။ခင်ဗျားရဲ့ လက်ရှိအဆင့်အတန်းနဲ့..ဂုဏ်သိက္ခာအရဆိုရင်..ဒီလို အရာတွေကို ယုံကြည်ဖို့ မလိူဘူးလေ..."

"ထပ်ပြောရရင်..မိတ်ဆွေဖြစ်သင့်တဲ့လူကို ကျုပ်ကပဲ..ရွေးချယ်တာ..။တစ်ခြားလူတွေ..မိတိဆွေဖြစ်ချင်လား မဖြစ်ချင်လား ဆိုတဲ့ အပေါ်မှာ မမူတည်ဘူးလေ..။ကျွန်တော် မိတ်ဆွေဖြစ်ချင်တဲ့ အပေါ်မှာပဲ မူတည်တယ်..."

လင်းဖန် ဒါကို ပြောပြီးနောက်မှာ..တစ်စုံတစ်ယောက်ဟာ..အပြင်ဘက်ကနေ လှမ်းခေါ်လိုက်တယ်..။

"သူဌေးလေး အခု ခနလောက် စကားပြောလိူ့ အဆင်ပြေရဲ့လား.."

ဆိုင်ပိုင်ရှင်တစ်ယောက်ဟာ..ဘော်ဒီဂတ်တွေ တားထားမူကြောင့် ဝင်လို့မရတဲ့ အတွက် မာစတာလင်းကို လှမ်းအော်လိုက်တာပါ..။

လင်းဖန် ပြောလိုက်တယ်..။

"ခင်ဗျားတို့က ဘာလို့ တားထားတာလဲ..။ဒါက ကျုပ်ဆိုင်လေ ခင်ဗျားတို့ ဆိုင်မှတ်နေလား..။အကြီးအကဲ လိနိ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ..."

အကြီးအကဲ လိန်ဟာ စာရွက်တစ်ရွက်ကို ကိုင်ထားရင်းနဲ့ စိတ်လှုပ်ရှားစွာ လျောက်လာခဲ့တယ်..။ယင်းနေုက် သူ ပြုံးလိုက်ပြီး..

"သူဌေးလေး ကျွန်တော် ရဲ့ တူလေးက မင်္ဂလာ ဆောင်တော့မှာလေ..။ကျွန်တော် သူတို့ရဲ့ မွေးဖွားမူ ရှစ်ချက်ကို ယူလာခဲ့တယ်..။အဲတာ သူတို့နှစ်ယောက် လိုက်ဖက်ရဲ့လား ဆိုတာ အကြီးအကဲ ဝူကို ကြည့်ခိုင်းမလို့..."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်ကို ပြပါဦး..."

အကြီးအကဲ လိန်ဟာ..သူဌေးလေး ကိုယ်တိုင် ကြည့်ပေးမယ် ဆ်ိုတာကို ကြားတဲ့ အချိန်မှာ ပျော်ရွှင်စွာ ထခုန်လိုက်တယ်..။

"ဝိုး သူဌေးလေး..ကိုယ်တိုင်ကြည့်ပေးမယ်ဆိုတော့..ဒီနေ့ စိတ်ကြည်နေတာပဲ..ဖြစ်ရမယ်.."

A Valiant Life 767

အပိုင်း ( ၇၆၇ )

#ဘာသာပြန် = စနိုးဝှိုက်

အကြီးအကဲ လိန်ဟာ..ဘေးနားမှာရပ်နေရင်းကနေ..ချမ်းသာတဲ့ လူကြီးကို အကဲခတ်နေခဲ့တယ်..။

ယင်းနောက် သူ ပြုံးလိုက်ပြီး...

"ညီအစ်ကို ခင်ဗျား ဒီကို.ဗေဒင်တွက်ဖို့ လာခဲ့တာလား..။သူဌေးလေးရဲ့..အရည်အချင်းက တကယ် ဒုတိယ မရှိဘူး.။သူတိူ့က ၁၀၀ ရာခိုင်းနှုန်း အမှန်တရားတွေ ချည်းပဲ..။တကယ်လို့ သူက ခင်ဗျားမှာ ပြသနာ ရှိနေတယ်လို့ ပြောရင် ဒါက ကျိန်းသေ ပြသနာ ရှိနေလို့ပဲ..။ခင်ဗျား သူ ပြောတာ နားထောင်လိူက်တာနဲ့ ဒီပြသနာက ကျိန်းသေ ပြေလည်သွားမှာပဲ.."

"ဒါပေမဲ့..သူဌေးလေးက..နောက်ထပ် ဗေဒင်မဟောတော့တာက..စိတ်မကောင်းစရာပဲ..။ဒီနေ့ သူဌေးလေး ကျုပ်ကို ကြည့်ပေးတာကတင် အတော် ကံကောင်းနေပြီ..."

အကြီးအကဲ လိန်ဟာ လင်းဖန်ကို ဆက်တိုက် ချီးကျူး နေခဲ့ပေမယ့်...ဟောင်ဂိုဟွေးရဲ့ မျက်နှာ နက်မှောင်နေတာကိုတော့ သတိမထားမိခဲ့ပါဘူး..။

ဟောင်ဂိုဟွေးကတော့..မာစတာလင်းက သူ့ရဲ့တောင်းဆိုမူကို ငြင်းပယ်ပြီး..နောက်ထပ် လူတစ်ယောက်ရဲ့ မွေးဖွားမူ ရှစ်ချက်ကို ကြည့်ပေးတာဟာ..သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားနေရပါတယ်..။

သူက အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်လို့ ပြောလို့ရပြီး..အရင်တုန်းက ဒီလို အရှက်ခွဲခံရမူမျိုးကို လုံးဝ မကြုံဖူးပါဘူး..။

ဝူတန်ဟီဟာ လင်းဖန်ကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။ယင်းနောက် သူ သက်ပြင်းချလိုက်ပါတယ်..။ငယ်ရွယ်တာက တကယ်ကို ကောင်းမွန်တာပါ..။သူတိူ့က ဘာကိုမှ ကြောက်လန့်တဲ့ စိတ် မရှိကြပါဘူး..။

သူက ဟောင်ဂိုဟွေးကို လုံးဝ မျက်နှာသာ မပေးခဲ့ပေ..။နောက်ဆက်တွဲက..ဘယ်လိုတွေ ဖြစ်လာမှာလဲ ဘယ်သူသိနိုင်မှာလဲ..။

လင်းဖန် စာရွက်ကို သေချာကြည့်လိုက်တယ်..။ယင်းနောက် သူ မေးလိုက်ပါတယ်..။

"သူတို့ လက်ထပ်မှာက ဘယ်နေ့လဲ.."

"မတ်လ..၃ ရက်နေ့..."

"၄ ရက်နေ့ကို ရွေ့လိုက်ပါ..။သူတို့ရဲ့ မွေးဖွားမူ ၈ ချက်ကို ကြည့်ရသလောက်တော့... ၄ ရက်နေ့မှာ လက်ထပ်ထိမ်းမြားတာက..ပိုပြီး သင့်တော်လိမ့်မယ်..."

အကြီးအကဲ လိန် သိချင်သွားခဲ့တယ်..။

"သူဌေးလေး...မတ်လ ၄ ရက်နေ့ကို ပြောင်းလိုက်ရင် ဘာတွေ ပြောင်းလဲ သွားမှာလဲ..."

"ဒါက တကယ်ပြောင်းလဲမှာပေါ့..။တကယ်လို့ သူတို့သာ ၄ ရက်နေ့မှာ လက်ထပ်နိုင်ခဲ့ရင် အနာဂတ်မှာ ပိုပြီး ကောင်းမွန်လိမ့်မယ်..။သူတို့မှာ..သားတစ်ယောက် သမီးတစ်ယောက် စုစုပေါင်း သားသမီးနှစ်ယောက် ရလိမ့်မယ်..။ပြီးတော့ ပျော်ရွှင်တဲ့ ဘဝကို ရောပေါ့..။တကယ်လို့..ကျုပ်ပြောတာကို နားထောင်မယ် ဆိုရင် ၄ ရက်နေ့ကို ရွေ့လိုက်ပါ..။မဟုတ်ရင်လည်း သူ တို့ ကြိုက်သလို စီမံခိုင်းလိုက်ပါ..။ဒါပေမဲ့ ဒါက ၄ ရက်နေ့လောက်တော့ ကောင်းနိုင်မှာ မဟုတ်ဘူး..."

အကြီးအကဲ လိန် ဒါကို ကြားပြီး ကြောင်အသွားခဲ့တယ်..။

"သူဌေးလေး..က သားတစ်ယောက် သမီးတစ်ယောက် ဆိုတာကိုတောင် ပြောနိုင်ျာလား..။တကယ်လို့ သူတို့ ၃ ရက်နေ့မှာ ဆောင်လိုက်ရင် သားတစ်ယောက် သမီးတစ်ယောက် မရတော့ဘူးပေါ့..."

လင်းဖန် ပြုံးလိုက်ပြီး...

"ထပ်ပြောလို့မရတော့ဘူး...။ခင်ဗျား ခန့်မှန်းကြည့်ပေါ့..."

အကြီးအကဲ လိန် လင်းဖန်ကို အတော်ယုံကြည်ပါတယ်..။သူ ဘာသံသယမှ မရှိပေ..။သူ စာရွက်ကို ပျော်ရွှင်စွာ ပြန်ယူလိုက်ပြီး..

"သူဌေးလေး ကျွန်တော် ကျိန်းသေပေါက် နားထောင်မှာပါ..။ကျွန်တော့် အသက်ပေးရမယ်ဆိုရင်တောင် သူတိူ့ မင်္ဂလာပွဲကို ၄ ရက်နေ့မှာပဲ ကျင်းပရအောင် လုပ်ပေးမယ်..။တကယ်လို့ သူတိူ့သာ သားတစ်ယောက် သမီးတစ်ယောက် ရမယ် ဆိုရင် ဒါက တကယ်ကို ဆုလာဒ်ကြီးပဲ..."

ယင်းနောက် အကြီးအကဲ လိန် ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့တယ်..။

လင်းဖန် ဟောင်ဂိုဟွေးကို ကြည့်လိုက်ပြီး..

"ဒါရိုက်တာဟောင် သွားလို့ရပါပြီ..."

ဟောင်ဂိုဟွေး လင်းဖန်က်ို ဒေါသတကြီးကြည့်လိုက်ပြိး...

"ငါက ဒီလောက် အဝေးကြီးကနေ..ဒီအထိရောက်အောင် လာခဲ့ရတာတောင်..မျက်နှာသာ မပေးတော့ဘူးလား..."

လင်းဖန် ပြုံးလိုက်ပြီး...

"ကျွန်တော်က ခင်ဗျားကို မျက်နှာသာ မပေးတာ မဟုတ်ပါဘူး..။ဒီတိုင်း လူစိမ်းတွေကို ဗေဒင်မဟောပေးတော့တာပါ..။လူလိမ်.ကျေးဇူးပြုပြီး ဧည့်သည်ကို ပြန်ပို့ပေးလိုက်ပါဦး..."

လူလိမ် ထျန်ကတော့ မချိတင်ကဲ ဖြစ်နေခဲ့တယ်..။ဒီလို ချမ်းသာတဲ့ လူမျိုးက..လာဖို့ အတော်ခက်ခဲပါတယ်..။အခုတော့ သူတောင် ဘာအကျိုးအမြတ်မှ မရလိုက်ပါဘူး..။

သိူ့ပေမယ့် လင်းဖန်က..မဟောပေးချင်ဘူးဆိုတော့ သူ လုပ်နိုင်တာ ဘာမှ မရှိပေ..။

"ဒါရိုက်တာ ဟောင် ကျေးဇူးပြုပြီး..။အနာဂတ်မှာ..ပန်ကိတ်စားချင်ရင်တော့ ဒီမှာ လာပြီး တန်းစီလို့ရပါတယ်..။ကျွန်တော်တို့ရဲ့ ပန်ကိတ်တွေက စျေးပေါပြီး တကယ်ကို အရသာ ရှိတယ်..။ခင်ဗျား တစ်ကြိမ်စားပြီးတာနဲ့ နောက်တစ်ကြိမ်စားချင်မှာ အသေအချာပဲ..။ခင်ဗျား ရှန်ဟိုင်းကိုတောင် ​ပြောင်းနေချင်သွားလိမ့်မယ်..."

လူလိမ် ထျန် ရှေ့ကို တက်လာပြီး ပန်ကိတ်နဲ့ ပြန်ဆွဲဆောင်ဖို့ ကြိူးစားလိုက်တယ်..။

လင်းဖန်က..အခွင့်အရေးကို မဆုပ်ကိုင်တတ်တော့..သူ့ဟာသူပဲ ကျိူးစားအားထုတ်ရတော့မှာပါ..။

တကယ်လို့..ဒီလို သူဌေးသာ..ပုံမှတ်ကာစတန်မာ ဖြစ်လာမယ် ဆိုရင် သူ့အတွက်တော့ အရှုံးထဲက အမြတ်ပါပဲ..။

"ဟမြ့..."

ဟောင်ဂိုဟွေး..မပျော်ရွှင်တဲ့ အမူအရာနဲ့ ချက်ချင်းလှည့်ထွက်သွားခဲ့ပါတယ်..။

…

"မာစတာလင်းက သူ့ကို တကယ် အပြစ်ပြုချင်တာလား..."

ဝူတန်ဟီ မေးလိုက်တာပါ..။

လင်းဖန် ပုခုံးတွန့်လိုက်တယ်..။

"ကျွန်တော် သူ့ကို အပြစ်မပြုပါဘူး..။ဒီတိုင်း အမှန်တရားကိုပဲ ပြောလိုက်တာ..။ကျွန်တော် ထပ်ပြီး ဗေဒင်မဟောတော့ဘူးလေ..။သူက ဘယ်လိုလုပ် ကျွန်တော့်ကို တွန်းအားပေးနိုင်မှာလဲ..."

ဝူတန်ဟီ ပြန်ပြောလိုက်တယ်..။

"ဒါပေမဲ့..သူ့ရှေ့မှာပဲ...အကြီးအကဲ လိန်ကို..ဟောပေးလိုက်တယ်လေ..။ဒါက သူ့ကို ဒေါသထွက်စေမှာတော့ အမှန်ပဲ..."

လင်းဖန် ပြုံးလိုက်ပြီး...

"အကြီးအကဲ ဝူ..ဒါက ကျွန်တော် တမင်တကာ လုပ်လိုက်တာပါ..။ပိုက်ဆံနဲ့ အရာရာတိုင်းကို မရနိုင်ဘူးဆိုတာ သူသိအောင် ပြလိုက်တာလေ..."

ဝူတန်ဟီ ခေါင်းခါယမ်းလိုက်ပြီး...ခါးသက်စွာ ပြုံးလိုက်တယ်...။

ငါ သူ့ကို ပထမဆုံးမြင်တော့..သူက လူကောင်းတစ်ယောက် မဟုတ်တာကို ခံစားမိတယ်..။ဘယ်လိုလုပ်..မကောင်းတဲ့လူတစ်ယောက်က..ဒီလောက် အထိတောငိ ချမ်းသာလာခဲ့တာလဲ..။ဟင်း...."

ဝူတန်ဟီ လင်းဖန်ကို ကြည့်လိုက်တယ်..။တကယ်လိို့ ဟောင်ဂိုဟွေးရဲ့ အကျင့်စရိုက်အရ ဆိုရင် သူ ဒါကို ကျိန်းသေပေါက် မှတ်ထားမှာပါ..။သူ ဘာလုပ်မယ် ဆိုတာကိုလဲ ဘယ်သူမှ မပြောနိုင်ပါဘူး..။

ကျောက်ကျန်းယန် ပြောလိုက်တယ်...။

"အစ်ကိုလင်း...ကျွန်တော် ..တကယ်လေးစားသွားပြီ..။ကျွန်တော်သာ ဆိုရင် ဒီလို ပြောရဲမှာ မဟုတ်ဘူး..."

လူလိမ် ထျန် ..သူ့ကို လှမ်းကြည့်လိုက်ပြီး...

"အဲတာကြောင့်လည်း မင်း အဲ့ဘဝကနေ မတက်တာလေ..."

"ချီးပဲ..လူလိမ် ခင်ဗျား..။ဒီတစ်လော ခင်ဗျား ကျုပ်ကို ဆန့်ကျင်နေသလိုပဲနော်...။အဲတာက ကျုပ် ဟို မိန်းမလှလေး ရဲ့ ဓာတ်ပုံကို ပြပြီး ဖုန်းနံပါတ် မပေးလို့ရမလား..။ကျုပ် ခင်ဗျားကို ဖုန်းနံပါတ် ပေးလိုက်ရင် ဒါက သူမရဲ့ ဘဝကို ဖျက်ဆီးသလိုဖြစ်သွားမှာလေ..။ခင်ဗျား ဝီချပ် ဆော့ဝဲမှာ...ကျုပ်ဓာတ်ပုံကို ပရိုဖိုင်ထားပြီး တစ်ခြားကောင်မလေးတွေကို စကားလိုက်ပြောနေတာ မသိဘူးထင်နေလို့လား..."

ကျောက်ကျန်းယန် ပြောလိုက်တာပါ..။

လူလိမ်ထျန် ဒါကို ကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..။

"ချီးပဲ...မင်း...မင်း ငါ့ဖုန်းကို ခိုးကြည့်ထားတာလား..."

ကျောက်ကျန်းယန် ပြန်ပြောလိုက်တယိ...။

"ဘယ်သူမှ ခင်ဗျားဖုန်းကို မကြည့်ဘူး...မပိုတွေ ပြောမနေနဲ့..."

လင်းဖန် သူတို့နှစ်ယောက် ငြင်းခုန်နေကြတာကို ကြည့်ပြီး ရယ်မောလိုက်တယ်..။

ဟောင်ဂိုဟွေး ကိုတော့ သူတကယ် စိတ်ထဲ မရှိပေ..။တကယ်လို့ ဒီလူ ပြသနာ ရှာမယ် ဆိုရင်လည်း..သူ ဖြည့်ဆည်းပေးဖို့ အဆင့်ပါပဲ.. ။သူသာ..ထပ်လာရဲမယ် ဆိုရင် ကောင်းကောင်း သင်ခန်းစာ ပေးလိုက်တော့မှာပါ..။

…

ဟောင်ဂိုဟွေး ကားပေါ်မှာ ဒေါသတကြီး ထိုင်နေခဲ့တယိ..။ရလာဒ်က ဒီလို ဖြစ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။

မာစတာလင်းက...သူ့ကို လုံးဝ မျက်နှာသာ မပေးပဲ ဒေါသတွေကိုပဲ လာဆွနေခဲ့တာပါ..။

သူက နိုင်ငံရဲ့...အချမ်းသာဆုံး အယောက် ၅၀ စာရင်းမှာတောင် ပါဝင်ပြီး..ပိုင်ဆိုင်မူ အသားတင်ကဘီလီယံ ၃၀ ရှိပါတယ်..။လူတွေက သူ့ကို နတ်ဘုရားတစ်ပါးလိုပဲ ဆက်ဆံကြရတာပါ..။သူဒီလိူ ဆိုင်သေးသေးလေးကို ရောက်မှ အမှိုက်လို ဆက်ဆံခံရမယ်လို့ မထင်ထားခဲ့ပေ..။

"ဒါရိုက်တာဟောင်..ဒီ မာစတာလင်းက..သူ ဘယ်လို လူမျိုးတဲ့ တွေ့နေရတာကို မသိသေးတဲ့ပုံပဲ.."

ဒါရိုက်တာဟာ ဒေါသတကြီး ပြောလိုက်တာပါ..။

ဟောင်ဂိုဟွေး..နှာခေါင်းရှုတ်လိုက်ပြီး..

"ဟမ့်..သူက..ဘာလုပိနေတယ် ဆိုတာ မသိမှတော့ ငါက သိအောင် လုပ်ပေးရမှာပေါ့..."

သူ့လို အဆင့်အတန်းရှိတဲ့ လူတစ်ယောက်က..ဒီလို ဆိုင်ပိုင်ရှင် အသေးအမွားလေးတွေကို အဆုံးသတ်ပေးဖို့ ဆိုတာက သာမန်လိုပါပဲ..။

သူ ..အေးအေးဆေးဆေးပဲ..နင်းခြေ ပစ်လိုက်လို့ရပါတယ်.။

သိူ့ပေမယ့် လင်းဖန်ကတော့..မတူပေ..။သူက ဆိုင်ပိုင်ရှင်တစ်ယောက်သာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ အဆင့်အတန်းနဲ့ အင်အားကတော့ တကယ်ကို ကြီးမားပါတယ်..။

ဟောင်ဂိုဟွေးရဲ့ သား ဟောင်ဟွားဟာ..အိမ်ထဲမှာ ရှိနေခဲ့တယ်..။

ဟောင်ဟွားက ဝိုက်ဘိုမှာ အနည်းငယ် ကျော်ကြားတယ်လို့ ပြောလို့ရပါတယ်..။သူတိူ့ ဝိုက်ဘို ဂရုထဲမှာတော့..သူက မိန်းကလေးတွေနဲ့ ပတ်သက်လာရင်တော့ ထိပ်ဆုံး သုံးယောက် စာရင်းဝင်ပါပဲ..။

တစ်ခြားနှစ်ယောကိက..ဒီနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေး နှစ်ယောက်ရဲ့ သားတွေပါ..။

သူ ဒီတစ်ကြိမ် နိုင်ငံခြားက ပြန်လာတဲ့ အချိန်မှာ..သူ့ရဲ့ ဘော်ဒါတွေက အင်တာနက်ပေါ်မှာ တစ်ခြားလူတွေကို ဝေဖန်တိုက်ခိုက်ရင်း..နာမည်ကြီးနေကြတာကို သတိထားမိလိုက်ပါတယ်..။သူလည်း နာမည်ကြီးချင်တာကြောင့်..ဒီလို ဝေဖန်တဲ့..စစ်ပွဲအတွင်းကို ဝင်ရောက်လာခဲ့တယ်..။

ဒါပေါ့..သူ..ကအောင်မြင်နေတဲ့ ဘော်ဒါ နှစ်ယောက်ကိုတော့ မယှဥ်နိုင်ခဲ့ပါဘူး..။

ဒါကြောင့် သူက လူတွေကို ဝေဖန်တဲ့ နေရာမှာ နောက်ခံကို သေချာ အလေးထားပါတယ်..။တကယ်လို့ ဒီလူက အင်အားကြီးတဲ့လူတစ်ယောက်ဆိုရင်..သူ လုံးဝ မဝေဖန်ပါဘူး..။

ဒါကြောင့်..သူ ဝေဖန်ပြီဆိုရင် အများအားဖြင့်..နောက်ခံ မရှိတဲ့ သရုပ်ဆောင်တွေ...ဝက်ဆိုဒ်သေးသေးလေးက ဒါရိုက်တာတွေကိုပဲ..ဝေဖန်လေ့ရှိတာပါ..။

ပြီးတော့ သူ ပိုက်ဆိုင်မူ..ဒေါ်လာ ၁၀ ဘီလီယံ မပြည့်တဲ့ လူတွေကို ဆိုရင်လည်း ဝေဖန်ပါတယ်..။

ဘာပဲဖြစ်ဖြစ် ဒီလူတွေက သူ့ အဖေလောက် မချမ်းသာတဲ့ အတွက် သူ ကြောက်စရာမလိုပေ..။

ဟောင်ဟွား ဝက်ဆိုဒ်တစ်ခုက ဆွေးနွေးခု တစ်ခုမှာ မှတ်ချက် ဝင်ရေးရင်းကနေ ပျော်ရွှင်စွာ စောင့်နေခဲ့တယ်..။သို့ပေမယ့်...တစ်ခုခု မှားနေတာကို သူနားလည်လိုကိပါတယ်..။

အရင်တုန်းက...သူ တစ်စုံတစ်ယောက်ကို ဝေဖန်ပြီ ဆိုရင် ..အကောင်ဘက်ကသာ လူတွေက ပြောကြပြီး..မကောင်းတဲ့ဘက်က အနည်းငယ်သာ ရှိပါတယ်...။

သို့ပေမယ့် ဒီတစ်ကြိမ်တော့ မတူတော့ပါဘူး..။

ဘာတွေဖြစ်နေတာလဲ..။

သူ မှတ်ချက်တွေကို ဖတ်ကြည့်လိုက်တဲ့ အချိန်မှာဟအကုန်လုံးက မကောင်းတဲ့ ဘက်က ပြောထားတာကို ကြည့်ပြီး ကြောင်အသွားခဲ့ပါတယ်..။

"မအိမ်လုံး..မင်းက မာစတာလင်းကို ဝေဖန်ရဲတဲ့ သောက်ရူးပဲ..။မင်းအဖေကြောင့်သာ မဟုတ်ရင် မင်းက ဘာကောင်မှ မဟုတ်ဘူး..."

"ချီးပဲ..မင်းက မာစတာလင်းကို လာအပြစ်တင်နေတယ်..။မင်းက သေချင်နေတာလား..."

"မအိမ်လုံးလေး..."

"ခွေးသားလေး မင်းက မာစတာလင်းကို အပြစ်တင်ရအောင် တကယ် သောက်ရူးပဲ..။မင်းဦးနှောက်မှာ ချီးတွေ ပြည့်နေတာလား..."

…

A Valiant Life 768

အပိုင်း ( ၇၆၈ )

#ဘာသာပြန် = စနိုးဝှိုက်

ဟောင်ဟွား ကြောင်အသွားခဲ့တယ်..။

သူ့အဖေ တိမ်ဖြူလမ်းက တစ်ယောက်ယောက် ဆီကို ဗေဒင်သွားမေးခဲ့ပေမယ့်လည်း အငြင်းခံရတယ် ဆိုတာကို သူ သိထားပါတယ်..။ထပ်ပြောရရင် အဲ့လူက သူ့အဖေကို လုံးဝ မျက်နှာသာ မပေးခဲ့ပါဘူး..။

အင်တာနက်ပေါ်က တိုက်ခိုက်မူတွေ အတွက်ကတော့ သူ တစ်ခုခု ပြန်လုပ်မှ ရမှာပါ..။

သူ လင်းဖန် ရဲ့ အကြောင်းအရာတွေကို ရှာဖွေလိုက်တယ်...။

.

ကိုယ်ခံပညာ အဖွဲ့အစည်း ရဲ့ ဒုတိယ ဥက္ကဌ..။

သူ ဒါကို မြင်တဲ့ အချိန်မှာ ချက်ချင်းလျစ်လျူ ရူလိုက်တယ်..။ဒီငနဲကို သေအောင် ရိုက်သတ်ဖို့ဆိုတာက မဖြစ်နိုင်တော့ပါဘူး..။

တရုတ်အနုပညာ အဖွဲ့အစည်း၏ အဖွဲ့ဝင်..။

သူ စိတ်ပူပန်မူတွေ ပိုတောင် လျော့ကျသွားသေးတယ်..။ဒါက ဒီတိုင်း ပုံဆွဲတာပါ..။သူ့အမြင်အရ ဆိုရင်တော့...ဒီပညာရပ်က ပညာရပ်တွေ ထဲမှာတောင်မှ အသုံးမကျဆုံးပါပဲ..။ သူတို့လုပ်ရတာဆိုလို့..စာရွက်ပေါ်မှာ ဟိုခြစ် ဒီခြစ် လုပ်ရတာ လောက်ပါပဲ..။

သေချာ ရှာဖွေးပြီးနောက်မှာ...လင်းဖန်က သူ့ထက် ဘယ်အရာမှ မသာတာကို သေချာသွားခဲ့ပြီး..ဟောင်ဟွားဟာ စတင်တိုက်ခိုက်လိုက်ပါတော့တယ်..။

သိူ့ပေမယ့်...သူ ဝိုက်ဘိုမှာ ပို့စ်တင်ပြီးတာနဲ့...ဒီငနဲရဲ့ ပရိတ်သတ်တွေက သူ့ကိုဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။ဒါက..ဘယ်သူမှ သူ့ဘက်မှာ မရှိတဲ့ အတိုင်းပါပဲ..။

တိမ်ဖြူလမ်း..။

ကျောက်ကျန်းယန်ဟာ ဖုန်းသုံးနေရင်းကနေ ဒီဝိုက်ဘို ပို့စ်ကို မြင်ပြီး ကြောင်အသွားခဲ့တယ်..။သူ သေချာကြည့်ပြီး အမှန်ဟုတ်ရဲ့လား လိူ့တောင် အတည်ပြုလိုက်ပါသေးတယ်..။

"အစ်ကိုလင်း..ချမ်းသာတဲ့..သခင်လေးတစ်ယောက်က အစ်ကိုလင်းကို...တိုက်ခိုက်နေတယ်..."

လင်းဖန်..သိချင်သွားခဲ့တယ်..။

"ဘယ်သူက တိုက်ခိုက်နေတာလဲ...။ငါ ဒီတစ်လော ဘယ် သခင်လေးကိုမှ...မရှုပ်မိပါဘူး..."

"မဟုတ်ဘူး သူက..ဂေါင်ဟိုဟွေးရဲ့ သားပဲ..။သူက ဝိုက်ဘိုပေါ်မှာ ဆိုရင် အတော် မောက်မာတာ..။သူက သူမကြိုက်တဲ့လူဆိုရင် တန်းပြီး.အပြစ်တင်ဆဲဆိုတာတွေ လုပ်တတ်တယ်..။ကြည့်ရတာ ဒီမှာ ဖြစ်နေတာတွေကို သူသိသွားတဲ့ ပုံပဲ.."

ကျောကိကျန်းယန် ပြောလိုက်တာပါ..။

လင်းဖန် ဝိုက်ဘိုကို ဖွင့်လိုက်ပြီး ပို့စ်ကို ကြည့်လိုက်တယ်..။သူ ဒီငနဲ ရေးထားတာကို ဆုံးအောင်တောင် မဖတ်ချင်ခဲ့ပါဘူး..။

"ဒီအဖေရဲ့သားက ဒီလိူဖြစ်နေတာ မထူးဆန်းတော့ပါဘူး..။သူ ငါ့ကို ဆဲချင်တယ် ဆိုရင်လည်း ဆဲပါစေ..."

ကျောက်ကျန်းယန်ဟာ လင်းဖန်ကို လှမ်းကြည့်လိုက်တယ်..။အစ်ကိုလင်းက...ဥာဏ်ပိုကောင်း လာသလိုပါပဲ...။သူ့ရဲ့ အပြုအမူတွေက အရင်ကနဲ့ မတူတော့ပါဘူး..။

အရင်တုန်းက လင်းဖန် ဆိုရင် သူ တစ်ဖက်လူကို ချက်ချင်း အပြင်းအထန် တုန့်ပြန်မှာပဲ..။သို့ပေမယ့် အခူဆိုရင် သူက လျစ်လျူရူ တတ်နေပါပြီ..။

လူလိမ်ထျန်ကတော့..ဒီငနဲ ပြောင်းလဲ သွားတာကို မယုံကြည်ခဲ့ပေ..။

"ဘယ်လိူလဲ...။ဒါက မင်းရဲ့ စတိုင်မဟုတ်ပါဘူး.."

လင်းဖန် ပြန်ပြောလိုက်တယ်...။

"အဲ့မှာ ကျုပ်အစား မြို့သားတွေက ဝိုင်းပြီး တိုက်ခိုက်နေကြတာ ခင်ဗျား မတွေ့ဘူးလား..။ကျုပ်က ဘာထပ်လုပ်ဖို့လိုသေးလို့လဲ..."

အမှန်တကယ်ပဲ..ကျောက်ကျန်းယန်ဟာ ...ဟောင်ဟွားရဲ့ ဝိုက်ဘိုက မှတ်ချက်တွေကို ကြည့်လိုက်တဲ့ အချိန်မှာ...ဝိုင်းဆဲထားကြတဲ့...မှတ်ချက်တွေကတင် ထောင်ချီပါတယ်..။ဒါက တကယ်ကြောက်စရာပါပဲ..။

ရုတ်တရက်..။

လင်းဖန် ပြုံးလိုက်တယ်...။နောကိဆုံးတော့ သူ ကြားချင်နေတဲ့ ...အရာက ထွကိပေါ်လာခဲ့ပါပြီ..။

"ပရိတ်သတ်များအား ဆွဲဆောင်မည့် မစ်ရှင် ပြည့်မြောက်သွားပါပြီ : စွယ်စုံအမှတ် ၂၀ ..."

"18 ခု မြောက် အသိပညာ အခန်းကို ဖွင့်လှစ်လိုက်ပါပြီ..."

"ရှန်းရှ...( အင်မော်တယ် သူရဲကောင်း ) တိရစ္ဆာန် များအား လေ့ကျင့်ပေးသည့် အကိုင်းအခွဲ အသိပညာ..။စွယ်စုံကျမ်း၏ အားဖြည့်ပေးမူ ပါဝင်သည်..."

"မစ်ရှင် : အကြီးအကဲ ခွေး နီကိုးလပ်အား ထူးကဲသည့်..ခွေးတစ်ကောင်ဖြစ်အောင် လေ့ကျင့်ပေးရမည်"

"ဆုလာဒိ : စွယ်စုံအမှတ် ၂၀ ..။၁၉ ခုမြောက် အသိိပညာ အခန်းအား...အဓိက အသိပညာ အခန်းဖြစ်စေနိုင်ရန် ၆၀ ရာခိုင်နှုန်း မြင့်တင်ပေးမည်..."

"မှတ်ချက် : အကိူင်းအခွဲအသိပညာခန်း ဖြစ်သည့်အတွက် ပရိုအဆင့် ပါဝင်ရန် မလိုအပ်ပေ..."

"လက်ရှိ စွယ်စုံအမှတ် ; ၅၀၀၀..."

"ဟင်..."

လင်းဖန် ကြောင်အသွားခဲ့တယ်..။ဘာတွေ ဖြစ်နေတာလဲ...။

သူ ဥာဏ်ကောင်းစေသော ဆေးလုံးပြီးတဲ့နောက်မှာ..နောက်ထပ် ရှန်းရှ အကိုင်းအခွဲ အသိပညာကို ထပ်ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒါက သိပ်ပြီး အသုံးမဝင်နိုင်ဘူးဆိုရင်တောင် ရှန်းရှ ရဲ့ အသိပညာအခန်းတွေက မယုံကြည်စရာကောင်းပါတယ်..။

အဲ့အချိန်မှာပဲ...။

ကြမ်းပြင်ပေါ်မှာ အေးအေးဆေးဆေး လဲလျောင်းနေတဲ့ အကြီးအကဲ ခွေး နီကိုးလပ်ဟာ လင်းဖန်ကို လှမ်းကြည့်လိုက်တယ်..။သူတစ်ခုခု ထူးခြားနေတယ်လို့ ခံစားလိုက်ရလို့ပါ..။

အကြီးအကဲခွေး နီကိုးလပ် လင်းဖန်ကို ကြည့်လိုက်တဲ့အချိန်မှာပဲ..လင်းဖန်က သူ့ကို ပြုံးပြီး ကြည့်နေတာကို တွေ့လိုက်ရတယ်..။သူတို့ နှစ်ယောက် အချိန်အတော်ကြာအောင် အကြည့်ချင်းဆုံးသွားခဲ့ပါတယ်..။

ဘာလို့လဲမသိပေမယ့် အကြီးအကဲ ခွေးဟာ ဒီငနဲရဲ့..အပြုံးကို မြင်ပြီး စိတ်ပူသွားခဲ့ပါတယ်..။တစ်ခုခု ဆိုးရွားတာ ဖြစ်တော့မယ်လို့ သူ ခံစားနေခဲ့ရတယ်..။ဒါက ချက်ချင်းဆိုသလို သူ့အနေအထားက..စောင့်ကြည့်ခံရတဲ့ ဘဝကို ရောက်သွားသလိုပါပဲ..။

"အကြီးအကဲ ခွေး..."

လင်းဖန် လှမ်းခေါ်လိုက်တယ်..။သူ့မျက်နှာပေါ်က အပြုံးက ပိုပိုပြီး..ကျယ်လာခဲ့ပါတယ်...။

"ဝုတ် ဝုတ်"

အကြီးအကဲ ခွေးဟာ လင်းဖန် ရဲ့ အကြည့်တွေကို မြင်ပြီး..မြင်ပြီး စိုးရိမ်သွားခဲ့တာတော့ အမှန်ပါပဲ..။တိမ်ဖြူလမ်းက ခွေးတွေကို အုပ်ချုပ်တဲ့ ခွေးဘုရင် တစ်ယောက် အနေနဲ့.. သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ လိုအပ်ပါတယ်..။သူချက်ချင်းပဲ..ကိုယ့်ကိုကို ကာကွယ်ပြီး လေးနက်တဲ့..အမူအရာဖြစ်သွားခဲ့တယ်..။

"ဟားဟား."

လင်းဖန် ရယ်မောလိုက်ပါတယ်..။၁၈ ခုမြောက် အသိပညာ အခန်းက တကယ်ကို..စိတ်ဝင်စားစရာပါပဲ..။

သူ့ ခေါင်းထဲမှာ..အသိပညာ အသစ်တွေ ရောက်နေခဲ့ပြီ ဖြစ်ပြီး...စွယ်စုံကျမ်းရဲ့..အားဖြည့်မူကိုပါ ရရှိထားခဲ့တာပါ..။

စွယ်စုံကျမ်းရဲ့ အားဖြည့်မူကို ရလိုက်တဲ့ အချိန်တိုင်းမှာ..အရာရာတိုင်းက ဆန်းကျယ်စွာ ပြောင်းလဲ သွားလေ့ ရှိပါတယ်..။

လူလိမ် ထျန်ဟာလည်း လင်းဖန် ရဲ့ ရယ်သံတွေက..အတော်ကို တွက်ချက်နေသလို ခံစားလိုက်ရတယ်..။ဒီငနဲ ဒီလို ပြုံးလိုက်တိုင်း ဖြစ်လာတဲ့ အရာတွေက..တစ်ခုမှ..ကောင်းတာ မရှိပါဘူး..။

ညဘက်အချိန်..။

ဟောင်ဟွား ဒေါသထွက်နေခဲ့တယ်..။သူ တစ်နေ့လုံး မြို့သားတွေရဲ့..ဆဲဆိုမူတွေ ခံနေရတာကြောင့် သိပ်ပြီး စိတ်မကြည်လင်ခဲ့ပါဘူး..။

သူ့ရဲ့ ဝိုက်ဘို အကောင့်ကို ဖျက်ပစ်လိုက်ဖို့ ဆိုတာကလည်း သူ့အတွက်တော့ မဖြစ်နိုင်ပေ..။တကယ်လို့သူ ဒီလို..ဝေဖန် တိုက်ခိုက် ခံနေရမယ် ဆိုရင်တောင်...တစ်ဖက်လူကိုတော့..ရအောင် ဆွဲခေါ်သွားမှာပါ..။

ဘေဂျင်းတွင်..။

မတူညီတဲ့ ဇိမ်ခံဗီလာ ၂ လုံးမှာ...လူငယ်နှစ်ယောက်ဟာ ဝီချပ်ကနေ တဆင့် စကားပြောနေခဲ့ကြတယ်..။

ကျောင်းဟောင်ဟောင် ပြောလိုက်တယ်..။

"ဟောင်ဟွား က တကယ်ကို တုံးအတာပဲ..။သူက တိမ်ဖြူလမ်းက မာစတာလင်းကိုတောင် ဝေဖန်ရဲသေးတယ်..။မာစတာလင်းက ဘယ်လိုလူလဲ ဆိုတာကို သူ မသိဘူးလား..."

ရှန်လိန်ချောင်း ပြန်ပြောလိုက်တယ်..။

"ဟားဟား..ဒီငနဲက အခုမှ နိုင်ငံခြားကနေ ပြန်လာတာလေ..။သူက ဝိုက်ဘို ဂရုကို ဝင်လာပြီးကာမှ ငါတို့လိုပဲ..ကျော်ကြားချင်နေတာ..။အခုတော့ သူ့ အခြေအနေကို ကြည့်လိုက်ဦး..။မြို့သားတွေက ဝိုင်းဆဲလို့ သောက်ရှက်တွေလဲ ကွဲနေပြီ..."

ကျောင်းဟောင်ဟောင် ပြန်ပြောလိုက်တယ်..။

"ဟေး..ငါကတော့ တစ်ခုခု မှားနေပြီလိူ့ ခံစားနေရတယ်နော်..။ဘာလို့ မာစတာလင်းက ဟောင်ဟွား ကို ဘာမှ ပြန်မတုန့်ပြန်သေးတာလဲ..။ငါသိသလောက် ဆိုရင် မာစတာလင်းက..ဒီလိူ လူမျိုးမဟုတ်ဘူးလေ.."

ရှန်းလိန်ချောင် ပြန်ပြောလိုက်တယ်..။

"ဒီကောင်က..စောက်ပြသနာ ကောင်ပါကွာ..။မာစတာလင်းက သူ့ကို စောက်ရေးမစိုက်တာတောင် ဖြစ်နိုင်တယ်..။အိုး... ဟုတ်သားပဲ.မင်း အခုနောက်ပိုင်း သတင်းတစ်ခုကို ကြားပြီးပြီလား..။မြောက်ပိူင်းက ဂေါ့ဖားသား လီက..မာစတာလင်းကို ..တစ်ခုခု လုပ်တော့မယ် ထင်တယ်နော်..."

ကျောင်းဟောငိဟောင် ပြောလိုက်တယ်..။

"ငါ့ဖင်ကြီး..။ငါ သိသလောက်ကတော့ ဂေါ့ဖားသား လီ သတိပေးလိုက်ရတယ် ဆိုတာပဲ..။ဘာလို့လဲ ဆိုတော့ မာစတာလင်းက..နိုဘယ် ခေါင်းဆောင်တစ်ယောက် နဲ့...သိနေတာကြောင့်လေ..။ငါလည်း သေချာ အသေးစိတ်တော့ မသိပေမယ့် ဒါက ဖြစ်နိုင်ချေ အတော်များတယ်..."

"ဒါက မယုံနိုင်စရာပဲ..."

ချန်းလိန်ချောင် ပြန်ပြောလိုက်တာပါ..။

"ဟုတ်တယ် သူက တကယ်မယုံနိုင်စရာပဲ..။ကောင်းပြီလေ..ဒီအကြောင်းမပြောပဲ နေရအောင်..။လတ်တလော ငါက ..ရုပ်ရှင်ကားတစ်ကား ရိုက်ဖို့ စီစဥ်နေတာလေ..။အဲ​တာကြောင့် မာစတာလင်းနဲ့ ဆက်ဆံရေး ကောင်းတွေ..တည်ဆောက်ချင်နေတာ..."

ရှန်လိန်ချောင် ပြန်ပြောလိုက်တယ်..။

"ချီးပဲ..မင်းက ငါ့ရဲ့..နဂါးဝတ်စုံကို ဝတ်ခဲ့သေးလား.."

"တော်စမ်းပါ..အတော် ရုပ်ဆိုးတယ်..။တကယ်လို့ ဒါတွေကိုသာ..ဇာတ်ကားထဲမှာ ထည့်ရိုက်ရင်...လူတိုင်းက ကြောက်ရွံ့နေမှာ အသေအချာပဲ..။ကောင်းပြီလေ..ဒီလောက်နဲ့ တော်ကြရအောင် ငါ အိပ်တော့မယ်..."

ကျောင်းဟောင်ဟောင်..က တရုတ်ပြည်ရဲ့ အချမ်းသာဆုံး သူဌေးတွေထဲက တစ်ယောက်ရဲ့ သားဖြစ်ပြီး..ရှန်လိန်ချောင်..က နိုင်ငံရဲ့..အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင် ဆယ်ယောက်ထဲက တစ်ယောက်ပါ..။

သူတို့ ဟောင်ဟွား မာစတာလင်းကို..ကျိန်းဆဲနေတာတွေကို တွေ့ပြီး..ဒီကောင်က သောက်ရူးတစ်ယောက်ဆိုတာ ချက်ချင်းသိလိုက်ကြပါတယ်..။

မာစတာလင်းက..မြင့်မားတဲ့..အဆင့်အတန်းရှ်ိ လူတစ်ယောက် မဟုတ်ပေမယ့်လည်း..သာမန်လူတစ်ယောက်တော့ လုံးဝ မဟုတ်ပေ..။

ဒါက လတ်တလော ဖြစ်ပျက်ထားတဲ့ မာချင်ကျိုး ကိစ္စကို ကြည့်ရင် သိနိုင်ပါတယ်..

တကယ်လို့ လူတွေက..မာချင်ကျ်ိုးနဲ့ ပြသနာ ဖြစ်ထားပြီ ဆိုရင် ဘယ်သူမှ ချင်ကျိုးကို မသွားရဲကြပါဘူး..။ဘာပဲဖြစ်ဖြစ်..မာချင်ကျ်ိုးက တရုတ်ပြည်က အချမ်းသာဆုံးလူရဲ့ သား ကိုတောင်..သေအောင်ရိုက်မယ့် လူစားမျိုးပါ..။

ဒါပေမဲ့ မာစတာလင်း..က ချင်ကျ်ိုးအထိ သွားပြီး

မာချင်ကျိုးကို အဆုံးသတ်ခဲ့တာပါ..။ဒါက..မကြမ်းတမ်းလွန်းဘူးလား...။

ဘာပဲဖြစ်ဖြစ်..တစ်ခြားလူတွေ ဘယ်လို တွေးသလဲဆိုတာကို သူတို့ ဂရုမစိုက်ကြပေ..။သူတို့နှစ်ယောက်ကတော့..မာစတာလင်း လုပ်ခဲ့တဲ့ အရာတွေကို တကယ်လေးစား မိပါတယ်..။

All Chapters