အဲတော့သူက စီစဉ်တဲ့သူပဲ
Vol. 011 Ch. 1013
ရှားကျောင်ထျန်နှင့်တခြားသူများ မြို့တွင်ရှိစဉ်က ရွှမ်းချုံမျိုးနွယ်မလာခဲ့ သဖြင့် သူတို့သည်မတွေ့ဖူးကြပေ။ အခုဒီလူရုတ်တရက်ပေါ်လာချိန်တွင် သူ နှင့် ကျောင်ရှန်းချီတို့သည် အနည်းငယ်မျှပြင်ဆင်ထားခြင်းမရှိပေ။
ရွှမ်းချုံထွက်သွားချိန်မှပင် သူတို့သတိဝင်လာသည်ကို ရှီမာယူယူ သတိ ပြုမိလိုက်သည်။
“ယူယူ အဲဒါဘယ်သူလဲ” ရှားကျောင်ထျန် မေးလိုက်သည်။
“ရွှမ်းချုံမျိုးနွယ်ကတစ်ယောက်ပါ ဥက္ကဌ မသိဘူးလား” ရှီမာယူယူသည် အနည်းငယ်အံ့သြသွားသည်။
“ရွှမ်းချုံမျိုးနွယ်ကလူတွေလာတာလား” ရှားကျောင်ထျန်သည် တအံ့ တသြဖြင့် အော်လိုက်သည် “အဲပုန်းကွယ်နေတဲ့မျိုးနွယ်က ဒီမှာပေါ်လာမယ် လို့မထင်ထားဘူးပဲ”
“အတွင်းဒေသက အဲအင်အားစုတွေတောင် ဒီမှာပေါ်လာရဲမှတော့ သူတို့လည်း သူတို့သရုပ်မှန်ကို ဖုံးကွယ်နေဖို့အစီအစဉ်မရှိတော့တာလို့ ထင် တယ်” ကျောင်ရှန်းချီ ပြောလိုက်သည် “အဲကျွမ်းကျင်သူကြောင့်သာမဟုတ် ရင် ငါတို့တော့ အဲလူတွေကိုခက်ခက်ခဲခဲ ရှင်းရမှာပဲ”
“အဲဒါကိုအရင်မပြောနဲ့ဦး၊ ဒီနေရာကိုရှင်းပြီးမှပဲထပ်ပြောကြတာပေါ့” ဂေါင်ကျိဟုန် ပြောလိုက်သည်။
“အင်း ဒီကကိစ္စကိုအရင်အဆုံးသတ်ကြတာပေါ့” ရှားကျောင်ထျန် ပြန် ဖြေလေသည်။
သူသည် ထိုကိစ္စများကိုရှင်းရန်တွင် မကျွမ်းကျင်သော်လည်း သူ့ကို ကူညီပေးသည့်သူရှိသည်။
လျင်မြန်စွာပင် သူတို့သည် ဆုန့်ချောင်းဂျီနှင့် ကျောင်ရှန်းရီ၏ လူများကို ဖမ်းမိလေသည်။ သူတို့သည် အလောင်းများကိုဖယ်ပစ်ကာ ဆန့်ကျင်စိတ်ရှိ နေသည့်လူများကို သတိပေးလေသည်။
အခုအခြေအနေမှာ ထိုအထိရောက်သွားသဖြင့် ပြိုင်ပွဲမှာဆက်ကျင်းပ မရတော့ပေ။ သည်လိုနှင့် သူတို့သည် ဆွေးနွေးကာ ဆေးပြိုင်ပွဲကို ၁၀ရက် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် အရင်ကနေထိုင်ကြ သည့် သူတို့နေရာသို့ပြန်ကြလေသည်။
ကျောင်ရှန်းချီနှင့် အနီတို့သည် လူများကို ဆေးအဖွဲ့ခွဲသို့ပြန်ခေါ်သွား သည်။ ကျောင်းမှလူများသည် ပါဝင်ကူညီထားသဖြင့် သူတို့သည် ရှားကျောင် ထျန်နှင့် တခြားသူများနှင့်လိုက်ကာ အဂ္ဂိရတ်ပညာရှင်အသင်းသို့ပြန်ကြလေ သည်။
ထိုသည်မှာ သူတို့အတွက် အသင်းသို့ ဒုတိယအကြိမ်လာခြင်းဖြစ် သည်။ သူတို့အဖမ်းခံရသည့်အချိန်နှင့် ကွာခြားမှုရှိနေသည်။ ဒီတစ်ခေါက် တွင် သူတို့သည် လေးစားစွာကြိုဆိုခံရသည်။
သူမသည် ရှားကျောင်ထျန်ကိုကယ်လိုက်သည့် သတင်းကို တိမ် ပင်လယ်မြို့တစ်ခုလုံး ကြားသိကြသည်။ သူမသည် ဒီလောက်ငယ်ငယ်ရွယ် ရွယ်နှင့် လေဟာပြင်ချိပ်ကိုအသုံးပြုနိုင်ကာ ပြိုင်ပွဲကိုဝင်ပြိုင်မည့် အဂ္ဂိရတ် ပညာရှင်တစ်ဦးလည်းဖြစ်နေသေးသည်။ ဂဠုန်ကဲ့သို့ ငှက်မျိုးကို စာချုပ် သားရဲအဖြစ်ရရှိထားသည်ကို ထပ်ပေါင်းလိုက်သောအခါ အင်အားစု အများစု သည် သူမကို စိတ်ဝင်စားမှုမြင့်တက်လာသည်။ သူမကို သူတို့နာမည်အောက် တွင် ဆွဲနိုင်မလားသိချင်ကြသည်။
သူမ လမ်းပေါ်လျှောက်သွားသည်နှင့် ဖြတ်သွားသမျှလူတိုင်း၏ တန်ဖိုး ဖြတ်သည့်အသားတုံးတစ်တုံးကဲ့သို့ ခံစားရသည်။ သူမကို မြင်သောအခါ အများစုသည် စတင်ဆွေးနွေးကြကာ သူမကို ဟိုဟိုဒီဒီပြောကြလေသည်။
သူမသည် ထိုခံစားချက်မျိုးကိုသဘောမကျသဖြင့် ရှောင်ချီနှင့် ဟန့်မြောင်ရွှမ်တို့ကိုဆွဲကာ အပန်းဖြေရန် ဆေးဥယျာဉ်သို့လာလိုက်သည်။
သူမသည် ဟိန်းသံလေးကိုခေါ်ထုတ်ပြီး ပေါင်းစပ်လုကိသည်။ သို့သော် သူမကို အတားအဆီးဖွင့်ပေးသည့်သူရှိသဖြင့် အတားအဆီးသည် ပျောက် ကွယ်သွားလေသည်။
“ဒီမှာလူရှိနေတယ်”
ရှီမာယူယူသည် အထဲကိုကြည့်လိုက်ရာ ရွှမ်းချုံဟော်သည် ဥယျာဉ်ထဲ တွင်ထိုင်ကာ သူတို့ကိုကြည့်နေသည်။
“ဒီမှာဘာလုပ်နေတာလဲ” ရှောင်ချီ မေးလိုက်သည်။
“ဆေးအနံ့ရှုနေတာ၊ ဒါငါနေ့တိုင်းလုပ်တဲ့အရာပဲ” ရွှမ်းချုံဟော်သည် ပြုံး ပြီးကြည့်လေသည်။
“ဟုတ်လား” ရှောင်ချီသည် နှာခေါင်းရှုံ့လေသည် “ဒီကဆေးအနံ့တွေ ကအတူတူတွေပဲ ဦးလေးမှာရှိတဲ့အပင်လောက်တောင်မကောင်းဘူး”
“လောကကြီးကပန်းတစ်ပွင့်ကိုကြည့်မယ်ဆိုရင် သစ်ရွက်တစ်ရွက်ကို တောင်မြင်တတ်ရမယ်၊ ဒီဆေးပင်တွေက ဈေးမကြီးပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်အနံ့တွေ ခြားနားမှုရှိတယ်” ရွှမ်းချုံဟော် ပြောလိုက်သည် “ဆေးပင် တွေအားလုံးကမတူကြဘူး”
ရွှမ်းချုံဟော်ကိုပတ်ရံထားသော ငြိမ်းချမ်းသောရောင်ဝါသည် တည်ငြိမ် နေကာ ရှီမာယူယူ၏ ရောင်ဝါသည် တိုက်ပွဲမှလှုပ်ရှားမှုများရှိနေသည်။
“ကျွန်တော် ဒီနေ့အတွက်ကျေးဇူးတင်ရဦးမယ်” သူမသည် သူ့ရှေ့သို့ လျှောက်လာရင်း ပြောလိုက်သည်။
“ငါတို့ကမိတ်ဆွေတွေပါလို့ အရင်ကပြောဖူးတယ်လေ၊ မင်းက အဲပွဲမှာ ဝင်ပါနေတယ်ဆိုတာကို သိတော့ စောင့်ကြည့်ဖို့လူလွှတ်ရုံလောက်ပဲ လုပ်နိုင် တယ်” ရွှမ်းချုံဟော် ပြောလိုက်သည် “မင်းနဲ့ငါ့ကြားမှာ ကျေးဇူးတင်ဖို့မလိုပါ ဘူး”
ရှီမာယူယူသည် ရှက်ရွံ့မိသည်။ သူတို့နှစ်ယောက်က ရင်းနှီးနေသလို မျိုး သူဘာလို့ပြောနေတာလဲ။
ထင်ထားသည့်အတိုင်းပင် ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် နားလည်မှုလွဲသွားကြလေသည်။
“ဂျူနီယာမောင်လေး မင်း ဒီသခင်ကြီးနဲ့အရမ်းရင်းနှီးတာလား” ဟန့်မြောင်ရွှမ် မေးလေသည်။
“မိတ်ဆက်ပေးရဦးမယ် သူက ရွှမ်းချုံမျိုးနွယ်ကသခင်လေးပါ ဒါက ကျွန်တော့်စီနီယာအစ်မဟန့်မြောင်ရွှမ်ပါ၊ ဒါကကျွန်တော့်စီနီယာ စူးရှောင်ရှောင်နဲ့ ဒါကသက်တန့်ပါ”
“သခင်လေးရွှမ်းချုံလား မင်းကိုဒီနေ့ကယ်လိုက်တဲ့သခင်လေးလား” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူနဲ့ ကျွန်တော်နဲ့က မိတ်ဆွေတွေ၊ ပြီးတော့ ကျွန်တော်တို့ဘယ်တုန်းကတွေ့ခဲ့လဲဆိုတာ စီနီယာ သိပါတယ် ကျွန်တော်အရင်တစ်ခေါက်ကပြောဖူးတယ်မလား၊ ကျွန်တော်နဲ့ အပြင်မှာတွေ့ခဲ့တဲ့တစ်ယောက်လေ”
“သြော် သူက မင်းပြောတဲ့မိတ်ဆွေဆိုတာလား” ဟန့်မြောင်ရွှမ် ပြော လိုက်သည် “ဒါဆိုရင် တွေ့တာမကြာသေးဘူးမလား”
“သိတာနှစ်ထောင်ချီရှိပြီး ဘယ်တော့မှမိတ်ဆွေဖြစ်မလာနိုင်တဲ့သူတွေ လည်းရှိတယ်၊ မိတ်ဆွေဖြစ်ဖို့ တဒင်္ဂအချိန်လေးပဲလိုတဲ့သူတွေလည်းရှိတယ်” ရွှမ်းချုံဟော် ပြောလိုက်သည်။
ရှီမာယူယူသည် သဘောတူညီဖြင့် ခေါင်းညိတ်လိုက်သည်။ သူမလည်း ထိုအတိုင်းယုံကြည်သည်။ အနီးစပ်ဆုံးအရေးကြီးသော်လည်း အပြည့်အဝ မဟုတ်ပေ။
“အဲဒါလည်းဟုတ်တာပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “တချို့လူတွေ က ဘယ်တော့မှမိတ်ဆွေမဖြစ်နိုင်ဘူး၊ မင်းတို့ကမိတ်ဆွေမှတော့ စကားပြော ကြပေါ့ ငါတို့ဒီနားလေးပတ်ကြည့်လိုက်မယ်”
“မင်းတို့က ယူယူရဲ့စီနီယာတွေဆိုမှတော့ အတူတူသွားလို့ရပါတယ်၊ ပြဿနာတွေဖြစ်ပြီးတော့ ဒီနားမှာပိုပြီးအေးအေးချမ်းချမ်းရှိမှာပါ” ရွှမ်းချုံဟော် ပြောလေသည်။
သူလက်တစ်ချက်ဝေ့လိုက်သည်နှင့် အစိတ်စိတ်အမွှာမွှာကွဲသွားသော အတားအဆီးသည် မူလအသွင်ဖြစ်သွားလေသည်။
“အဲလိုဆိုမှတော့ အားလုံးဒီမှာပဲနေကြတာပေါ့” ရှီမာယူယူ ပြောလိုက် သည် “အပြင်ကလူတွေကခေါင်းကိုက်တယ်”
“ယူယူ မင်းအဲလောက်ထူးချွန်မယ်လို့မထင်ထားဘူးပဲ၊ ကျောင်းကလူ တွေက တခြားနယ်ပယ်မှာလည်း သူတို့အင်အားကိုသေချာပေါက်မြှင့်ထား မှာပဲ သူတို့ကမင်းလိုရှားပါးတဲ့အရည်အချင်းရှိတဲ့သူကိုတွေ့မှတော့ သေချာ ပေါက် မင်းနဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်မှာပဲ” ရွှမ်းချုံဟော် ပြောလေ သည်။
ရှီမာယူယူသည် အရင်က အလွန်အံ့အားသင့်ဖွယ်ရာကို လုပ်ခဲ့သည်ကို သူ သိပြီးသည်မှာကြာပြီဖြစ်သည်။ သူသည် သတင်းကိုအစာကြေရန်ပင် အချိန်ယူရသည်။
အနိမ့်တိုင်းပြည်မှ လူတစ်ယောက်သည် အချိန်တိုအတွင်းတွင် ဒီအဆင့် ထိရောက်အောင်လာနိုင်ခဲ့သည်။ သူမအရည်အချင်းများပင် မဖြစ်နိုင်ဟုပြော ရမလား မဟုတ်လျှင် တခြားသူများပင် အားနည်းသည်ဟု ပြောရမလားကို ပင် သူ မသိတော့ပေ။
သူတည်ငြိမ်ပုံကို ရှီမာယူယူကြည့်ပြီး ရုတ်တရက်ပြောလိုက်သည် “ခင်ဗျားက သက်တန့်နဲ့တခြားသူတွေကို အသိပေးလိုက်တဲ့တစ်ယောက် တော့မဟုတ်ဘူးမလား”
ရွှမ်းချုံဟော် ပြုံးလိုက်သည် “အတွင်းဒေသကလူတွေက ဝင်မပါရင် ငါတို့လည်း ရှေ့ထွက်မှာမဟုတ်ဘူး သူတို့ဒီနားမှာရှိတယ်ဆိုတာ သိလိုက်လို့ သူတို့ကို ပြောဖို့လူလွှတ်လိုက်တာ”
ဆိုလိုတာက သူမမှာ ဂဠုန်ဘုရင်ရှိတယ်ဆိုတာ သူက အစောကြီး ကတည်းကသိပြီးသားပေါ့။
စဉ်းစားကြည့်လျှင်လည်း မျှော်လင့်ထားပြီးသားပင်။ သူသာ မစုံစမ်းခဲ့ပါ က သူ့ဂိုဏ်းမှလူများသည် သူမကိုစုံစမ်းမည်။ သူ့လိုအင်အားကြီးလူတစ် ယောက်အတွက်ကတော့ သူမ အရင်ကလုပ်ခဲ့တဲ့ကိစ္စတွေကို စုံစမ်းဖို့က မခက်ပေ။
“အဲတော့ ကျွန်မတို့ကို သတင်းပေးတာက သခင်လေးပေါ့” သက်တန့် ပြုံးလေ သည် “ကျေးဇူးတင်ပါတယ်”
“ရပါတယ်” ရွှမ်းချုံဟော် ပြောလိုက်သည် “ဒါပေမဲ့ ဒီနေ့ဖြစ်သွားတဲ့ အဖြစ်အပျက်ကတော့ အဲအတွင်းဒေသကဂိုဏ်းက အင်အားကြီးတွေက မင်း ကို သေချာပေါက်ဒေါသထွက်ကြမှာပဲ သေချာလေးဂရုစိုက်ရမယ်”
“ဂရုစိုက်ပါ့မယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“သခင်လေးက ဆေးအနံ့တွေရှုဖို့ဒီရောက်နေတာမလား ဟိုမှာဖြစ်ပျက် နေတာတွေကို ဘယ်လိုလုပ်သိတာလဲ”
“ငါက မိုင်ထောင်ချီပြီးမမြင်ရပေမယ့် အကြားအာရုံကကောင်းတယ် လေ” ရွှမ်းချုံဟော်သည် ထောက်ပြလေသည်။
“သခင်လေးရဲ့ ကိုယ်ရံတော်ကပြန်လာတော့ ပြောတာဖြစ်ရမယ်” ရှောင်ချီ ပြောလိုက်သည်။
ရွှမ်းချုံဟော်သည် မငြင်းသလို ဝန်မခံပေ။ သူသည် ထိုသတင်းကိုလိုက် နေသည်ဟု သူမကို ပြောမည့်အစီအစဉ်မရှိပေ။
“ဒါကိုယူလိုက်” ရွှမ်းချုံဟော်သည် ကျောက်စိမ်းပြားတစ်ခုထုတ်ကာ ရှီမာယူယူအား ပေးလိုက်သည်။
“ဒါဘာလဲ”
“မင်း အတွင်းဒေသကိုသွားလို့ အန္တရာယ်တွေ့ရင် သူတို့ကိုဒီတံဆိပ်ပြား ပြလိုက်၊ အသုံးဝင်မှာပါ” ရွှမ်းချုံဟော် ပြောလေသည်။
ထိုကျောက်စိမ်းပြားသည် သစ်ခွပန်းပုံသဏ္ဍာန်ဖြစ်သည်။ ပိုင်ရှင်ကဲ့သို့ ပင် ကြည်လင် ရိုးရှင်းပြီး တင့်တယ်သည်။ ယစ်မူးလောက်စရာပင်။
သူသာ ကိုယ်တိုင်မြင်နိုင်မည်ဆိုလျှင်….
***