← Chapters

ငါဘာလို့ ကံဆိုးနေရတာလဲ..

Vol. 51 Ch. 762

ငါဘာလို့ ကံဆိုးနေရတာလဲ..

Vol. 51 Ch. 762

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ကားပေါ်မှာ ထိုင်နေရင်းနဲ့ မျက်မှောင်ကျုတ်လိုက်တယ်..။

သူ့ရဲ့ လက်ရှိစွမ်းဆောင် ရည်နဲ့ ဆိုရင် ဒီလူတွေ ဘာပြောနေကြတာလဲ ဆိုတာကို ကောင်းကောင်းကြားရပါတယ်..။

အခြေအနေတွေက ဒီလောက်အထိ ဖြစ်လာလိမ့်မယ် လို့ သူ မထင်ထားခဲ့ပေ..။ရှောင်လီက..ဒီလို လူမျိုး ဖြစ်နေလိမ့်မယ်လိူ့ ဘယ်သူက ထင်ထားမိမှာလဲ...။

"ဆရာ..အခု အခြေအနေက ဘယ်လိုဖြစ်နေတာလဲ.."

ကျိုးမင်ချင်း အတွက်ကတော့ ဒီလူတွေ ဘာပြောနေကြတာလဲ ဆိုတာကို..မကြားရပါဘူး..။သို့ပေမယ့်လည်း..အခြေအနေက သိပ်တော့မကောင်းဘူး ဆိုတာကို သူ ပြောနိုင်ပါသေးတယ်..။

နှုတ်ဆိတ်သော..အန်ကယ် ယူလာတဲ့ အစေ့တွေ..ကြမ်းပြင်ပေါ် ကျသွားကတည်းက..သူ..ဒေါသ ထွက်နေခဲ့တာပါ..။

သူ့..ဒီငနဲကို ချက်ချင်း သွားပြီး သင်ခန်းစာ ပေးချင်ပေမယ့်လည်း သူ့ဆရာ တားဆီးထားတဲ့ အတွက် လက်လျော့လိုက်ရပါတယ်..။

"ကားပေါ်က ဆင်းကြရအောင်.."

လင်းဖန် ပြောလိုက်တာပါ..။

သိပ်မဝေးသည့် နေရာတွင်..။

နှုတ်ဆိတ်သော..အန်ကယ်ဟာ...သူ့ရဲ့ သမီးလေးရဲ အရိပ်ပျောက်ကွယ်သွားတဲ့ အထိ လှည့်ကြည့် လှည့်ကြည့်လုပ််နေခဲ့တယ်..။သူကတော့...သူမကို နှုတ်ဆက်ချင် နေတုန်းပါပဲ..။တကယ်လို့...သူ့ရဲ့ သမီးလေး.ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေနိုင်တယိ ဆိုရင်ပဲ..သူ ကျေနပ်ပါပြီ..။

အဆောက်အဦးထဲတွင်..။

"ရှောင်လီ..အဲ့အန်ကယ်က ဘယ်သူလဲ.."

သူမရဲ့ လုပ်ဖော်ကိုင်ဖက်က မေးလိုက်တာပါ..။

ဟီရှောင်လီ ခနလောက် တွေဝေနေခဲ့ပြီးမှ...

"ငါ့ရဲ့ မွေးရပ်ဇာတ်က.. ဆွေမျိုးတစ်ယောက်ပါ..."

သူမ ရဲ့ လုပ်ဖော်ကိုင်ဖက်ဟာ မေးလိုက်တယ်..။

"နင့်မှာ ဘာလို့ ဒီလိူ ဆွေမျိုး ရှိနေရတာလဲ..။သူ့ပုံစံကလည်း သူတောင်းစားလို ဝတ်ဆင်ထားသေးတယ်..။သူက နင့်ကို မှီခိုနေတာပဲ ဖြစ်ရမယ်..။ငါပြောပြမယ်..ဒီလို ဆွေမျိုးတွေ အပေါ်ကို နင်အများကြီး ကောင်းပေးလို့ မဖြစ်ဘူးနော်..။နင်က အရမ်း သဘောကောင်းလွန်းတယ်..။နင်က သူ့ကို ပိုက်ဆံတွေ အများကြီးပေးလိုက်တာပဲ..။ဒါက မထိုက်တန်ဘူးလေ.."

ဟီရှောင်လီ တိတ်ဆိတ်နေခဲ့တယ်..။သူ ခေါင်းကိုသာ ဝမ်းနည်းစွာ ငုံ့ထားခဲ့ပါတယ်..။သို့ပေမယ့် သူမ လက်ရှိ အခြေအနေကို ပြန်တွေး ကြည့်လိုက်တဲ့ အချိန်မှာတော့ အမှန်တရားကို ဝန်မခံချင်ခဲ့ပါဘူး..။

ဘာလို့လဲ..ဆိုတော့..လူတွေ သူမကို လှောင် ပြောင်ကြမှာကို မလိုချင်လို့ပါ..။

သူမ ပြန်လှည့်ပြီး..သူမရဲ့ အဖေကို ကြည့်ချင်ပေမယ့်..တံတိုင်းက ကာဆီးထားခဲ့ပါပြီ..။သူမ အသက်ကိုသာ ပြင်းပြင်းရူလိုက်ပြီး...ဘာမှ မတွေးတော တော့ပေ..။

အပြင်ဘက်..။

နှုတ်ဆိတ်သော အန်ကယ်ဟာ..သူ့သမီးလေးရဲ့ အရိပ်ပျောက်ကွယ်သွားတဲ့ အချိန်ကြမှ..ကြမ်းပြင်ပေါ်က ဖရဲစေ့ တွေကို ကြည့်လိုက်တယ်..။ဇယသ်းနောက်..သူ သေချာမသန့်ရှင်းခင်မှာ..ဖရဲသီးစေ့တွေကို ပြန်ကောက်လိုက်ပါတယ်..။

"လူအိုကြီး..ခင်ဗျားက..ဘယ်သူလဲ..။ကျုပ် ရှောင်လီကို လိုက်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ ဆိုတာကို သိရဲ့လား..။အခုတော့ ခင်ဗျားကြောင့် အကုန် ပျက်ဆီးသွားပြီ..."

ပန်းစည်းကို ကိုင်ထားတဲ့ လူငယ်လေးက..နှုတ်ဆိတ်သော အန်ကယ်ဆီကို လျောက်လာပြီး ပြောလိုက်တာပါ..။

နှုတ်ဆိတ်သော အန်ကယ်ဟာ ဒီလူငယ်လေးက.သူ့သမီးရဲ့ အချစ်ကို ရဖို့ ကြိုးစားနေတယ် ဆိုတာကို ကြားပြီး..သဘောမကျစွာ ခေါင်းခါယမ်းလိုက်တယ်..။

"ခင်ဗျား အမူအရာက ဘာဖြစ်တာလဲ...။ခင်ဗျား နောက်တစ်ခါပေါ်မလာ ရင် ပိုကောင်းလိမ့်မယ်နော်..။မဟုတ်ရင် ကျုပ် ခင်ဗျားကို သင်ခန်းစာ ပေးမိလိမ့်မယ်.။ကျုပ်ပြေတာ ကြားလား..."

လူကြီးက ဒေါသတကြီး ပြောလိုက်တာပါ..။

"အာ..အာ."

နှုတ်ဆိတ်သော အန်ကယ်ဟာ.မပျော်မရွှင်ဖြစ်မိပေမယ့်လည်း..ခေါင်းကို ငုံ့ပြီးသာ..အစေ့တွေကို ကောက်နေခဲ့ပါတယ်..။

"ခင်ဗျားက ဒါတွေကို ဘာလို့ကောက်နေတာလဲ..။ဒါက အမှိုက် သက်သက်ပဲ.."

လူငယ်လေးဟာ..ဖရဲသီးစေ့ကို ခြေထောက်နဲ့ ကျိတ်လိုက်တဲ့ အချိန်မှာ..ချက်ချင်း အမှုန့်ဖြစ်သွားခဲ့တယ်...။

"အာ.."

နှုတ်ဆိတ်သော အန်ကယ်ဟာ..လူငယ်လေးရဲ့ ခြေထောက်ကို လှမ်းတားလိုက်ပြီး..သူ့ကို အစေ့တွေလိုက်နင်းတာကနေ ရပ်စေချင်နေခဲ့ပါတယ်..။

"ဟားးဟား.ခင်ဗျားက တကယ်ဟာသပဲ.."

လူငယ်လေးဟာ ရယ်မောလိုက်တယ်..။ဒီလို လူမျိုးက တည်ရှိနေလိမ့်မယ်လိူ့ သူမထင်ထားခဲ့ပါဘူး..။သူက ဖရဲသီးစေ့တွေကို ရွှေလိုမျိုး တန်ဖိုးထားနေခဲ့တာပါ..။ယင်းနေက်..သူ နောက်ထပ် အစေ့တွေကို ဒေါသတကြီး လိူက်နင်းလိူက်တယ်..။

ဒီလူကြီးသာ..ပေါ်မလာရင်...သူ့ ရဲ့ အစီစဥ် တွေက ကျဆုံးစရာ အကြောင်းမရှိပါဘူး..။

"ကျုပ် ခင်ဗျားရဲ့ ဖရဲသီးစေ့ တွေကို အကုန် နင်းချေပြီးရင်ရော..ခင်ဗျား မျက်နှာ ဘယ်လိူဖြစ်နေမလဲ ကြည့်ကြသေးတာပေါ့.."

လူငယ်လေးဟာ ရယ်မောပြီး အစေ့တွေကို ဆက်တိုက် နင်းခြေနေခဲ့တယ်..။

ရုတ်တရက်..။

* ဖြောင်း *

လူငယ်လေးဟာ...ရုတ်တရက် ပါးရိုက်ခံလိုက်ရပြီး မြေပြင်ပေါ်လဲကျ သွားခဲ့တယ်..။

"ဘယ်ကောင်က ငါ့ကို ရိုက်ရဲတာလဲ.."

လူငယ်လေးဟာ..ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ကို ရိုက်တဲ့လူရဲ့ မျက်နှာကို ကြည့်လိုက်ပါတယ်..။

သိူ့ပေမယ့် ဘယ်သူလဲ ဆိုတာကို သူမြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။

"မာစတာလင်း..."

သူ့ကို ရိုက်တဲ့လူက မာစတာလင်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

ရှန်ဟိုင်းမှာ...ဘယ်သူက မာစတာလင်းကို မသိပဲ နေမှာလဲ..။

အထူးသဖြင့် ချမ်းသူတဲ့...မျိုးဆက်က သခင်လေးတစ်ယောက် အနေနဲ့..မာစတာလင်းရဲ့ အင်အားကို သိထားပါတယ်..။

သူတို့ အကြောင်းအရာတစ်ခုကို ပြောတဲ့ အချိန်မှာ..မာစတာလင်းကတော့ မပါမဖြစ်ပါပဲ..။သာမန်လူတစ်ယောက်ကတော့..မာစတာလင်းက..လွတ်လပ်ပြီး ပျော်ပျော်နေတတ်တယ်လို့ပဲ သိထားကြမှာပါ..။

သိူ့ပေမယ့် သူတို့ကတော့ မာစတာလင်း ဘယ်လောက် မယုံနိုင်စရာ ကောင်းလဲ ဆိုတာကို သိထားပါတယ်..။

အထူးသဖြင့်...ချင်ကျိုးရဲ့ မတော်တဆမူပါပဲ..။မာချင်ကျိူး ဆိုတာက ချင်ကျိုးမှာ ဘယ်လို လူမျိုးလဲ ဆိုတာ သူတို့ကောင်းကောင်း သိထားပြီးသားပါ..။

ထပ်ပြောရရင် .မာစတာလင်းက..ရှန်ဟိုင်းရဲ့ သခင်လေးတွေ ​ကြားထဲမှာ ပေါ်ပြူလာ ဖြစ်တယ်လို့ ပြောလို့ရပါတယ်..။သူ့မှာက မိတ်ဆွေတွေ အများကြီးရှိပြီး သူတို့ရဲ့ အဖေတွေတောင် မာစတာလင်းနဲ့မိတ်ဆွေ ဖြစ်ချင်ကြတယ်လို့ ပြောရင် မမှားပါဘူး..။

သိူ့ပေမယ့် ဒီလို ဖြစ်လာဖို့ ဆိုတာက လွယ်ကူတဲ့ အရာတစ်ခုမဟုတ်ပေ..။

ဥပမာ အနေနဲ့ ပြောရရင်..သာမန်သူဌေး တစ်ယောက်ဖြစ်တဲ့ ဟီချန်းဟန် ဆိုရင်တောင် အခုဆိုရင် အတော် ကွာပြားနေခဲ့ပါပြီ..။

မာစတာလင်းရဲ့ မိတ်ဆွေတွေက..အဖွဲ့အစည်းတစ်ခုလိုပါပဲ..။ဒီ အဖွဲ့အစည်းကို ဝင်ဖို့ဆိုတာက သိပ်မလွယ်ကူပေ..။

အဖွဲ့ထဲက လူတွေက..တစ်ယောက်နဲ့ တစ်ယောက် မိသားစုတွေလို သင်ပြပေးပြီး..ငွေကိုလည်း အတူတူ ဖို့..စိတ်ဝင်စားကြပါတယ်..။

"ဒီတော့..မင်းငါ့ကို သိတယ်ပေါ့.."

လင်းဖန် မေးလိုက်တာပါ..။

"ဟုတ်တယ်..ဟုတ်တယ်..."

လူငယ်လေးဟာ ကြောက်လန့်တကြား ပြောလိုက်တာပါ..။

လင်းဖန် ..ဘာမှ ထပ်မပြောတော့ပေ..။

"အဲ့အစေ့တွေကို အကုန်ပြန်ကောက်လိုက်..."

"မာစတာလင်း..ကျွန်တော် အခုပဲ..ကောက်လိုက်ပါ့မယ်..."

မောက်မာတဲ့ လူငယ်လေးဟာ..အခုတော့ ရိုကျိုးသွားခဲ့ပါပြီ..။

လင်းဖန်ကတော့ ဘာမှ လုပ်ဖို့ မလိုအပ်ပါဘူး..။သူ့ရဲ့ တည်ရှိမူကတင်ကို..လူငယ်လေးကို ဖိအားပေးဖို့ လုံလောက်ပါတယ်..။

ကျိုးမင်ချင်း...နှုတ်ဆိတ်သော အန်ကယ်ကို..နှစ်သိမ့်ဖို့ ကြိုးစားနေပေမယ့်လည်း..ဘာပြောရမယ်မှန်း မသိပေ..။

အဲ့အချိန်မှာတော့..လူငယ်လေးဟာ တုန်ရီနေခဲ့ပါတယ်..။သူ မာစတာလင်းကို ဘယ်တုန်းက..စိတ်ဆိုးအောင် လုပ်မိလိုက်တာလဲ မသိတော့ပါဘူး..။

တကယ်လို့ သူ့အဖေသာ ဒါကို သိမယ် ဆိုရင်..သူ အရေခွံစုတ်ခံ ရမှာပါ..။အထူးသဖြင့်..သူ့သားကသာ..တစ်စုံတစ်ယောက်ကို အနိုင်ကျင့်တယ်ဆိုတာသိသွားခဲ့ရင် ဒါက သူ့အတွက်တော့ ကပ်ဆိုးပါပဲ..။

ခနကြာပြီးနောက်...။

"မာစတာလင်း ကျွန်တော် အကုန်ကောက်ပြီးသွားပြီ.."

လူငယ်လေးဟာ ပြောလိုက်တယ်..။

လင်းဖန် သူ့ကို ကြည့်လိုက်ပြီး...

"မင်း ဘာလို့ သူ့ကို အနိုင်ကျင့်တာလဲ..."

လူငယ်လေးဟာ..ငိုတောငိ ငိုချင်နေခဲ့တယ်..။

"မာစတာလင်း...ကျွန်တော်က သူ့ကို မာစတာလင်းနဲ့ သိတယ် ဆိုတာ မသိခဲ့လို့ပါ..။တကယ်လို့ ကျွန်တော်သာ သိတယ် ဆိုရင် ဒါမျိုးလုပ်ရဲမှာ မဟုတ်ဘူးလေ.."

"ဒီတော့ မင်းပြောချင်တာက..ဒီလူသာ ငါနဲ့ မသိဘူးဆိုရင်..သူ့ကို အနိုင်ကျင့်မယ်ပေါ့.."

လင်းဖန် ပြောလိုက်တာပါ..။

"ဒါ...ဒါက..."

ဝမ်ချန်း ဘယ်လို ပြန်ပြောရမလဲ မသိတော့ပေ..။လတ်တလော သူ့စိတ်ထဲမှာ ရှိနေတာကတော့ နောင်တတရား တွေပါပဲ..။

ဒီနေ့က သူ့အတွက်တော့ တကယ်ကို ကံဆိုးတာပါ..။

သူ ဒီစိတ်ရှုတ်စရာကောင်းတဲ့ အဖိုးကြီးနဲ့ မာစတာလင်းနဲ့ တွေ့ခဲ့ရပါတယ်..။

ထပ်ပြောရရင်...သူ ပြန်လုပ်နိုင်တာကလည်း ဘာမှ မရှိပါဘူး..။

"ငါ ဘာမှ ထပ်မပြောချင်တော့ဘူး..။မင်း နင်းခြေခဲ့တဲ့ အမှုန့်တွေ..။အခု..အဲ့အမှုန့်တွေကို လျာနဲ့ယက်ပြီး လစ်လိုက်တော့..."

သူ့ကြည့်ရတာ သာမန်တောင်းဆိုမူ တစ်ခုလိုပါပဲ..။

"ဟင်..."

ဝမ်ချန်း လင်းဖန်ကို ဆွံ့အစွာ ကြည့်လိုက်တယ်..။မာစတာလင်းက..သူ့ကို ကြမ်းပြင်ကို လျာနဲ့ယက်ပြီး သန့်ရှင်း ခိုင်းလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဘယ်လိုဖြစ်နိုင်မှာလဲ..။

ဒါက သူ့ကို အနိုင်ကျင့်နေတယ် ဆိုတာ ရှင်းလင်းပါတယ်..။

"ဘာလဲ...မင်းပြောစရာ တစ်ခုခု ရှိလို့လား..။ငါ မင်းကို စဥ်းစားဖို့ သုံးစက္ကန့် အချိန်ပေးမယ်..။ငါ မင်းအဖေကို ဒီအကြောင်းပြောဖို့ စိတ်ရှ်ိမှာ မဟုတ်ဘူးနော်..။သူ သဘောတူရင်တော့ မင်း လျာနဲ့ယက်စရာ မလိုဘူး..။မင်း နေ့တိုင်း စက်ဘီးပြောင်းစီးရတာတောင် ဖြစ်နိုင်တယ်လေ..။ထပ်ပြောရရင် မင်းမှာ စက်ဘီးတောင် မရှိဘူးမလား.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။သို့ပေမယ့် ဝမ်ချန်း ဒါကိုကြားတဲ့ အချိန်မှာ ထိပ်လန့်သွားခဲ့တယ်..။

တကယ်လို့..တစ်စုံတစ်ယေယက်က ဒီလိုပြောလာရင်တောင် သူယုံကြည်မှာ မဟုတ်ပါဘူး..။

သို့ပေမယ့် မာစတာလင်းက ပြောလာမှတော့ သူ မယုံကြည်လို့ မရပေ..။

သူ လုံးဝ သံသယတောင် မဖြစ်မိပေ..။

တကယ်လို့ မာစတာလင်းသာ သူ့ဘဝကို ခက်ခဲအောင် လုပ်မယ် ဆိုရင် ဒါက သူကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ပေ..။

"ကျွန်တော် လုပ်မယ်..."

ဝမ်ချန်း တွေဝေ မနေတော့ပေ..။သူ ချက်ချင်း မျက်လုံး မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လျစ်လျူရူလိုက်ပါတယ်..။သူ ကြမ်းပြင်ကို စတင်ပြီး..ယက်လိုက်ပါတယ်..။

သူ ကြမ်းပြင်ကို အလျင်အမြန် လျာနဲ့ယက်နေပြီး..အမြန်နှုန်းကလည်း ကြောက်ဖို့ကောင်းပါတယ်..။

"မာစတာလင်း..ကျွန်တော် ပြီးသွားပြီ..."

ဝမ်ရှမ်းဟာ..သူ့လျာ ထူပူနေသလို ခံစားနေခဲ့ရတယ်..။သူ့ရဲ့ ပါးစပ်မှာ ဖုန်တွေနဲ့ ပြည့်နေတာတောင် ဖြစ်နိုင်ပါတယ်..။

"လစ်တော့..."

ဝမ်ချန်း ဒါကိုကြားတဲ့ အချိန်မှာ..စိတ်သက်သာရာ ရသွားခဲ့ပြီး..သူ့ကားဆီကို တွေဝေခြင်းမရှိပြေးသွားခဲ့တယ်..။

သူ ချက်ချင်းပဲ..မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်..။

All Chapters