← Chapters

ခင်ဗျားက ပြသနာပဲ...

Vol. 51 Ch. 766

ခင်ဗျားက ပြသနာပဲ...

Vol. 51 Ch. 766

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ပြောလိုက်တယ်...။

"ဒါရိုက်တာ ဟောင်...ခင်ဗျားကို...မာစတာ ဝူက..လွန်ခဲ့တဲ့ ၁၀ နှစ်က..ဟောပေးခဲ့ပြီး..ကောင်းတယ်လို့လည်း ပြောထားတယ်လေ..။ဒါကို ဘာလို့...အခုထပ်ပြီး..မေးချင်နေသေးတာလဲ..."

ဟောင်ဂိုဟွေး သက်ပြင်းချလိုက်တယ်..။

"မာစတာလငိးက...၁၀ နှစ်ဆိုတဲ့ အရာက ဘယ်လောက်အထိတောင် ပြောင်းလဲ စေလဲ ဆိုတာ မသိသေးဘူးကို.။ကျွန်တော် လွန်ခဲ့တဲ့...နှစ်နှစ်လုံးလုံး မအောင်မြင်ခဲ့ဖူးလေ..။ဒါကြောင့်..ကျွန်တော်

မာစတာလင်းရဲ့ လမ်းညွှန်မူကို ရယူဖို့ လာခဲ့တာပါ..."

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး...

"ကျွန်တော် တောင်းပန်ပါတယ်..။ကျွန်တော် ဗေဒင်ဟောတာကို ရပ်တန့်ထားလိုက်ပြီ..."

ဟွန်ဂေါင်ဟွေး..လင်းဖန် ဗေဒင်ဟောတာကို တကယ်ရပ်တန့်လိုက်လိမ့်မယ်လို့ မယုံကြည်ခဲ့ပေ..။သူ့လို အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့..လူတစ်ယောက်က..ကျွမ်းကျင်ရာတစ်ခုကို ရပ်တန့်လိုက်တယ် ဆိုတာက မဖြစ်နိုင်တဲ့အရာပါ..။ကြည့်ရတာ..သူ လုံလောက်တဲ့ အကျိုးအမြတ်နဲ့ ကမ်းလှမ်းမှ ရမယ့်ပုံပါပဲ..။

သူ့ဆီမှာက တစ်ကခြားအရာတွေသာ ရှားရင် ရှားပါးလိမ့်မယ်...ပိုက်ဆံတော့ မရှားပါးပါဘူး..။

သသသာ...ပိုက်ဆံအချို့ကို ..အသုံးပြုပြီးဟအနာဂတ်ကို သိနိုင်မယ် ဆိုရင်...ဒါက ရေရှည်ရင်းနှီးမြုပ်နှံမူတစ်ခုကို လုပ်လိုက်သလိုပါ..။

လူတော်တော် များများက...ဗေဒင်ပညာ ဆိုရင် ..အလိမ်အညာတစ်ခုလို့ပဲ ထင်နေကြတာပါ..။သို့ပေမယ့် သူဒါတွေကို ယုံကြည်ပါတယ်..။သူ ရုံးခန်း တည်ဆောက် အလှဆင်တုန်းကတောင်မှ..ကျွမ်းကျင်တဲ့ မာစတာတွေကိုတွက်ချက် ခိုင်းပြီးမှ ..ပရိဘောဂတွေကို ထားခဲ့ပါတယ်..။ပြီးတော့..သူ့ရဲ့ အဓိက စာချုပ်ကို ဘယ်အချိန်မှာ လက်မှတ်ထိုးသင့်လဲ ဆိုတာကိုလည်း သိချင်ပါသေးတယ်..။

သူ ဒါတွေကို အရမ်းယုံကြည်ပါတယ်...။တစ်ခြားလူတွေ ယုံတာ မယုံတာကတော့...ဒါက သူ့အလုပ်မဟုတ်ပေ..။

ချမ်းသာတဲ့ လူတွေ အများစုကတော့...သူတို့ ပါးစပ်ကနေ ဒီလို အရာတွေကို မယုံကြည်ဘူးလို့ ပြောနေကြရင်တောင်..စိတ်ထဲမှာတော့ တိတ်တဆိတ်ယုံကြည်နေကြမှာ အသေအချာပါပဲ..။

ဘာပဲဖြစ်ဖြစ် သူတို့ နှုတ်က ထုတ်ပြောရင် ဒါက သူတို့ရဲ့ ဂုဏ်သိက္ခာ အတွက်မကောင်းနိုင်ပေ..။

ဟောင်ဂိုဟွေး ဟာ..မာစတာလင်းရဲ့ ငြင်းပယ်မူ အပေါ် လုံးဝ စိတ်မပူခဲ့ပါဘူး..။

"မာစတာလင်း...အရင်ဆုံး စဥ်းစားကြည့်ရင်ရော ဘယ်လိုလဲ..။ပညာကြေးနဲ့ ပတ်သက်ပြီး..ဘာပြသနာ မှ မရှိစေရပါဘူး..။ကျွန်တော် ကျေနပ်အောင် ပေးမှာပါ..."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ဒါက ..အခကြေးငွေ..နဲ့ မဆိုင်ပါဘူး..။ကျွန်တော်ရဲ့ ဟောပြောမူတွေက..100 ရာခိုင်နှုန်း..တိကျတယ် ဆိုပေမယ့် အခုတော့ ဆက်မဟောတော့ဘူးလေ..။ဒါကြောင့် ကျေးဇူးပြုပြီး ဒီလောက်နဲ့ပဲ ပြန်ပါတော့...x

ကျောက်ကျန်းယန် ကြောင်အသွားခဲ့တယ်..။

အစ်ကိုလင်း က ဒီလောက်အထိ ပြတ်သားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဟေင်ဂိုဟွေး လို သူဌေးကြီးက သူ့ဆီကို လာပြီး...ဗေဒင်တွက်ချင်နေခဲ့တာပါ..။တကယ်လို့ တခြား..ဗေဒင်ဆရာတွေသာ ဒီလို အခြေအနေနဲ့ ကြုံရမယ်ဆိုရင်..ပျော်လွန်းလို့ ထခုန်ကြမှာ အသေအချာပါပဲ.။

သို့ပေမယ့် အစ်ကိုလင်းက ချက်ချင်း လက်ဝေ့ယမ်းပြီး ငြင်းပယ်ခဲ့ပါတယ်...။ဒါက သူ့အတွက်တော့ တကယ်ကို အထူးအဆန်းပါပဲ..။

ချမ်းသာတဲ့ လူတွေက..ကပ်စေးမနဲကြပေ..။သူတိူ့ အနည်းဆုံးတော့ ဒေါ်လာ သန်းအနည်းငယ် ပေးမှာ သိသာပါတယ်..။ထပ်ပြောရရင် အစ်ကိုလင်းရဲ့ ဟောပြောမူတွေက တိကျတာကြောင့် သူတို့အတွက် ဒီလောက် သုံးရတာက ထိုက်တန်တယ်လိူ့ ခံစားကြရမှာပါ..။

သို့ပေမယ့် အစ်ကိုလင်းက ချက်ချင်းငြင်းပယ်လိုက်ပြီး...တစ်ဖက်လူကို..ပိုက်ဆံအကြောင်းပြောဖို့တောင် အခွင့်အရေး မပေးခဲ့ပေ..။

သူ ဘာလို့လဲ နားမလည်တော့ပါဘူး..။

အမှန်တကယ်တော့ လင်းဖန် ရဲ့ အကြောင်းပြချက်က ရိုးရှင်းပါတယ်..။

လူစိမ်းတစ်ယောက်ကို သူ ဗေဒင်ဟော ပေးမှာ မဟုတ်ပါဘူး..။

သူက အရမ်း ရင်းနှီးပါတယ် ဆိုတဲ့ တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေကိုတောင်...ဗေဒင််မဟောပေးတော့ပေ..။ဟောင်ဂိုဟွေးက ဒါကို မသိပဲ ပိုက်ဆံနဲ့ လာကမ်းလှမ်းနေခဲ့တာပါ..။ဒါက သူ့ကို ငွေမက်တဲ့ လူလို့ ထင်နေတာ မဟုတ်ဘူးလား..။ငွေနဲ့ ခိုင်းရင် လူတိုင်းက မငြင်းနိုင်တော့ဘူးလိူ့ ဒီလူက ထင်နေတာလား...။

ဒါက ပိုက်ဆံလေးပဲလေ....

ဝူတန်ဟီ မျက်မှောင်ကျုတ်လိုက်တယ်...။ဒါက လင်းဖန် ဟောင်ဂိုဟွေးကို မဟောပေးလို့ မဟုတ်ပါဘူး..။ဘာလို့လဲ..ဆိုတော့..သူ လွန်ခဲ့တဲ့ ၁၀ နှစ်က..ဟောင်ဂိုဟွေးရဲ့ ကံကြမ္မာကို တွက်ကြည့်ခဲ့ပေမယ်...တကယ်ကို ကောင်းမွန်ခဲ့ပါတယ်..။သူက လူတွေနဲ့ ရင်းနှီးတဲ့ ပုံစံ ဟန်ဆောင် တတ်ပေမယ့်..စိတ်ထဲမှာတော့ သူ့ကို မလေးစားတဲ့လူတွေကို မနှစ်သက်ပါဘူး..။

ဒီနေ့ မာစတာလင်းက သူ့ကို ငြင်းပယ်လိုက်တော့ သူ မပျော်မရွှင်ဖြစ်မှာ ကျိန်းသေသလောက်ရှိပြီး..သူ့ရဲ့ အကျင့်စရိုက်အရ ဒီတိုင်း ..ကျော်သွားမှာ မဟုတ်ပေ..။

ဟောင်ဂိုဟွေးဟာ..လင်းဖန် ဟောပြောတာတွေက ၁၀၀ ရာခိုင်နှုန်း တိကျတယ်လို့ ကြားတဲ့အချိန်မှာ သူ တကယ် ယုံကြည်ပါတယ်..။သိူ့ပေမယ့်..မာစတာလင်း ပြောတဲ့ စကားတွေက သူ့ကို မပျော်မရွှင်ဖြစ်စေတာတော့ အမှန်ပါပဲ..။

သူ အပြုံးကို ထိန်းထားလိုက်ပြီး...

"မာစတာလင်း..ကျွန်တော့်ကို အရင်မငြင်းပယ်ပါနဲ့..။ကျွန်တော်ရဲ့ ရိုးသားတဲ့..တောင်းဆိူမူကို နားထောင်ပေးပါဥိီး..."

ယင်းနောက် ဟောင်ဂိုဟွေး လက်ချောင်းတွေကို မြောက်ပြလိုက်တယ်..။

"ဒေါ်လာ ၁၀ သန်း..။မာစတာလင်းက ကျွန်တော်ရဲ့ နောင် ၁၀ နှစ်တာကို ဟောပြောပေးယုံပဲ..။ပြီးတော့ ကျွန်တော် ကတ်တစ်ကတ်ကိုလည်း ပေးခဲ့မယ်..။အဲ့ကတ်နဲ့ ဆိုရင်..SAIC မော်တာ စတိုးမှာ..ဘယ်အရာကိုမဆို အခမဲ့ ရယူနိုင်တယ်လေ..။ဒါကို ကျေနပ်ရဲ့လား..."

ကျောက်ကျန်းယန် ပါးစပ်ကျယ်သွားခဲ့တယ်..။ဒါက တကယ်ကို မယုံနိုင်စရာပါပဲ..။

ပထမအချက်က..ဒေါ်လာ ၁၀ သန်း နဲ့တင် အတော်များပြားတဲ့ ပမာဏ ဖြစ်နေခဲ့ပါပြီ..။ဒါက သာမန်လူတစ်ယောက် တစ်ဘဝလုံးရှာရင်တောင် မရနိုင်တဲ့ ပမာဏ တစ်ခုပါပဲ..။

သို့ပေမယ့်...အဓိက အချက်က..အခမဲ့ ရယူနိုင်တဲ့ ကတ်ပါ..။

SAIC မော်တာ ကော်ပိုရေးရှင်းက နိုင်ငံအနှံ့မှာ ဆိုင်ခွဲတွေ အများကြီးရှိပါတယ်..။ဒါက သူ ကြိုက်တဲ့ ဆိုင်ကို သွားပြီး ကြိုက်တဲ့ အရာကို ..ယူလိူ့ရတယ်လို့ ဆိုလိုချင်တာလား..။

ကားတွေ...ဆိုင်ကယ်တွေ...ဒါမှမဟုတ် တစ်ခြားအရာတွေ...

ပြီးတော့ သူသာ ဒီကတ်နဲ့ စျေးဝယ်သွားရင် လူအများရဲ့ လေးစားမူကို ခံရဦးမှာပါ..။

ဝူတန်ဟီ ဂေါင်ဂိုဟေါးကိုကြည့်လိုက်တယ်...။ဟောင်းဂိုဟွေးက သူ့နည်းလမ်း အတိုင်းသွားချင်နေတဲ့ပုံပါပဲ..။

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလည်း..သူ များပြားလှတဲ့ ပမာဏ တစ်ခုကို အသုံးပြုခဲ့ပါတယ်..။သူက ..ဒေါ်လဟ ၃ သန်းကို ပြောလိုက်တာပါ..။ဒါက..သူ့ဘဝ တစ်လျောက်လုံးမှာ အများဆုံးရဖူးတဲ့ ပမာဏ တစ်ခုပါပဲ..။

ဘင်းဖန် တည်ငြိမ်နေခဲ့တယ်...။ဒေါ်လာ ၁၀ သန်းလောက်ကတော့ သူ ဝမ်မင်ယန် ဆီကနေ ကြိုက်တဲ့ အချိန်တောင်းလို့ရပါတယ်..။သူက ဘာလို့ ဒေါ်လာ ၁၀ သန်းလောက်ကို စိတ်လှုပ်ရှားနေရမှာလဲ..။

ကတ်အတွက်ကတော့ သူ အသုံးလိုမှာ မဟုတ်ပေ..။

ဘဝမှာ..မော်တာ ပစ္စည်းတွေ ဘယ်လောက်များများ လိုနိုင်မှာမို့လို့လဲ..။ထပ်ပြောရရင် သူ့မှာလည်း ပိုက်ဆံ မရှားပါဘူး..။

"ဒါရိုက်တာ ဟောင် ဒါက အဆင်ပြေပါတယ်..။ကျွန်တော် တကယ် ဗေဒင် မဟောတော့ဘူး..။တကယ်လို့ ခင်ဗျား ဗေဒင်ဟောချင်တယ် ဆိုရင် မစ္စတာ ဝူကို ကြည့်ခိုင်းလိုက်ပါ..။အခု ကျွန်တော် လက်ရှိလုပ်နေတာက ပန်ကိတ်ရောင်းတာလေ..."

လင်းဖန် ပြောလိုက်တာပါ..။

ဟောင်ဂိုဟွေး မပျော်မရျွင်ဖြစ်သွားပေမယ့်လည်း ဆက်ပြုံးနေခဲ့တယ်..။

"မာစတာလင်း အလျင်မလိုပါနဲ့..ကျုပ်တို့ ဆွေးနွေးလို့ရပါတယ်..။ကျုပ် ဟောင်ဂိုဟွေးက နိုင်ငံမှာ အချမ်းသာဆုံး မဟုတ်ပေမယ့် ဂုဏ်သိက္ခာ​တော့ရှိပါသေးတယ်..။မာစတာလင်းသာ..ကျွန်တော့်ကို ကူညီမယ် ဆိုရင် အနာဂတ်မှာ မာစတာလင်းရဲ့ ဘယ်လို တောငိးဆိုမူ မျိုးကို မဆိုလိုက်လျောပေးမယ်..."

လင်းဖန် အနည်းငယ် ကြောင်အသွားခဲ့ပြီး...

"ဒါရိုက်တာ ဟောင်..ကျွန်တော် တကယ် ဗေဒင်

မဟောတော့လို့ပါ..။တစ်စုံတစ်ယောက် ရဲ့ ဘဝကို တွက်ချက်ရတာက ကျွန်တော့်ကို အသက်ပိုတို စေတယိလေ. "

ဟောင်ဂိုဟွေး ပြုံးလိုက်ပြီး...

"မာစတာလင်းက..အဓိပ္ပါယ် မရှိတာကို ပြောနေတာပဲ..။ကျွန်တော်က..ခနလေးပဲ ကြည့်ခိုင်းတာပါ..."

ယင်းနောက် လင်းဖန် ဒေါသထွက်သွားခဲ့တယ်..။ဒီလူက အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေရင်တောင် သူ ထပ်ပြီး မျက်နှာသာ မပေးနိုင်တော့ပါဘူး..။

"ခင်ဗျား နားမှာ ပြသနာ ရှိနေတာလား..။ကျုပ် ခင်ဗျားကို ဗေဒင်ဟောမပေးနိုင်ဘူးလို့ ပြောနေတယ်လေ..။ခင်ဗျား လူစကားကို နားမလည်ဘူးလား..."

"ကျုပ်ထပ်ပြောလိုက်မယ်..ခင်ဗျားကို ဗေဒင် မဟောပေးနိုင်ဘူး..."

ဒါကို ပြောလိုက်တဲ့ နောက်မှာ ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်..။

လင်းဖန် သက်ပြင်းချလိုက်တယ်..။သူ ဒီလ်ို ပြောချင်နေတာ ကြာပါပြီ..။ဒီလူက တကယ် စိတ်ပျက်စရာပါပဲ..။သူက မဟောပေးနိုင်ဘူးလို့ ပြောနေတာတောငိ ဆက်ပြီး တွန်းအားပေးဖို့ ကြိုးစားနေခဲ့တာပါ..။

လူတွေကို အနိုင်ကျင့်ရတာ လွယ်တယ် ထင်နေတာလား...

ဟောင်ဂိုဟွေးနောက်က ဘော်ဒီဂတ်တွေဟာ အံ့ဩနေခဲ့ကြတယ်..။ဒါရိုက်တာဟောင် ငြင်းပယ်ခံရလိမ့်မယ့်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။

ဒီလို မျိုးက သူတို့ ပထမဆုံးအကြိမ်မြင်ရတာပါ..။

ဟောင်ဂိုဟွေး ဒေါသထွက်သွားပေမယ့်..သူ ကိုယ့်ကိုကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်တယ်..။သူ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး..

"မာစတာလင်း နောက်နေတာပဲ ဖြစ်ရမယ်..."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ် နောက်နေတာ မဟုတ်ဘူး..။ကျုပ် ဗေဒင်ဟောတာကို ရပ်တန့်ထားလိုက်ပြီ...။ဘာလို့လဲ ကျုပ်ပြောပြရဦးမလား...။ဒါက ကျုပ်လူစိမ်းတွေရဲ့..အနာဂတ်တွေကို မကြည့်ပေးချင်တော့လိူ့ပဲ..."

ဟောငိဂိုဟွေး..ပြောလိုက်တယ်..။

"မာစတာလင်း ကျုပ်တို့ မိတ်ဆွေတွေဖြစ်လာရင်ရော ဒါက အဆင်ပြေပါ့မလား..."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ဒါရိုက်တာ ဟောင် ဒါက အဆငိပြေပါတယ်..။ပြန်လိုက်ပါတော့..။ခင်ဗျားရဲ့ လက်ရှိအဆင့်အတန်းနဲ့..ဂုဏ်သိက္ခာအရဆိုရင်..ဒီလို အရာတွေကို ယုံကြည်ဖို့ မလိူဘူးလေ..."

"ထပ်ပြောရရင်..မိတ်ဆွေဖြစ်သင့်တဲ့လူကို ကျုပ်ကပဲ..ရွေးချယ်တာ..။တစ်ခြားလူတွေ..မိတိဆွေဖြစ်ချင်လား မဖြစ်ချင်လား ဆိုတဲ့ အပေါ်မှာ မမူတည်ဘူးလေ..။ကျွန်တော် မိတ်ဆွေဖြစ်ချင်တဲ့ အပေါ်မှာပဲ မူတည်တယ်..."

လင်းဖန် ဒါကို ပြောပြီးနောက်မှာ..တစ်စုံတစ်ယောက်ဟာ..အပြင်ဘက်ကနေ လှမ်းခေါ်လိုက်တယ်..။

"သူဌေးလေး အခု ခနလောက် စကားပြောလိူ့ အဆင်ပြေရဲ့လား.."

ဆိုင်ပိုင်ရှင်တစ်ယောက်ဟာ..ဘော်ဒီဂတ်တွေ တားထားမူကြောင့် ဝင်လို့မရတဲ့ အတွက် မာစတာလင်းကို လှမ်းအော်လိုက်တာပါ..။

လင်းဖန် ပြောလိုက်တယ်..။

"ခင်ဗျားတို့က ဘာလို့ တားထားတာလဲ..။ဒါက ကျုပ်ဆိုင်လေ ခင်ဗျားတို့ ဆိုင်မှတ်နေလား..။အကြီးအကဲ လိနိ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ..."

အကြီးအကဲ လိန်ဟာ စာရွက်တစ်ရွက်ကို ကိုင်ထားရင်းနဲ့ စိတ်လှုပ်ရှားစွာ လျောက်လာခဲ့တယ်..။ယင်းနေုက် သူ ပြုံးလိုက်ပြီး..

"သူဌေးလေး ကျွန်တော် ရဲ့ တူလေးက မင်္ဂလာ ဆောင်တော့မှာလေ..။ကျွန်တော် သူတို့ရဲ့ မွေးဖွားမူ ရှစ်ချက်ကို ယူလာခဲ့တယ်..။အဲတာ သူတို့နှစ်ယောက် လိုက်ဖက်ရဲ့လား ဆိုတာ အကြီးအကဲ ဝူကို ကြည့်ခိုင်းမလို့..."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်ကို ပြပါဦး..."

အကြီးအကဲ လိန်ဟာ..သူဌေးလေး ကိုယ်တိုင် ကြည့်ပေးမယ် ဆ်ိုတာကို ကြားတဲ့ အချိန်မှာ ပျော်ရွှင်စွာ ထခုန်လိုက်တယ်..။

"ဝိုး သူဌေးလေး..ကိုယ်တိုင်ကြည့်ပေးမယ်ဆိုတော့..ဒီနေ့ စိတ်ကြည်နေတာပဲ..ဖြစ်ရမယ်.."

All Chapters