← Chapters

အခန်း (၇၆၇)

Vol. 51 Ch. 767

အခန်း (၇၆၇)

Vol. 51 Ch. 767

#ဘာသာပြန် = စနိုးဝှိုက်

အကြီးအကဲ လိန်ဟာ..ဘေးနားမှာရပ်နေရင်းကနေ..ချမ်းသာတဲ့ လူကြီးကို အကဲခတ်နေခဲ့တယ်..။

ယင်းနောက် သူ ပြုံးလိုက်ပြီး...

"ညီအစ်ကို ခင်ဗျား ဒီကို.ဗေဒင်တွက်ဖို့ လာခဲ့တာလား..။သူဌေးလေးရဲ့..အရည်အချင်းက တကယ် ဒုတိယ မရှိဘူး.။သူတိူ့က ၁၀၀ ရာခိုင်းနှုန်း အမှန်တရားတွေ ချည်းပဲ..။တကယ်လို့ သူက ခင်ဗျားမှာ ပြသနာ ရှိနေတယ်လို့ ပြောရင် ဒါက ကျိန်းသေ ပြသနာ ရှိနေလို့ပဲ..။ခင်ဗျား သူ ပြောတာ နားထောင်လိူက်တာနဲ့ ဒီပြသနာက ကျိန်းသေ ပြေလည်သွားမှာပဲ.."

"ဒါပေမဲ့..သူဌေးလေးက..နောက်ထပ် ဗေဒင်မဟောတော့တာက..စိတ်မကောင်းစရာပဲ..။ဒီနေ့ သူဌေးလေး ကျုပ်ကို ကြည့်ပေးတာကတင် အတော် ကံကောင်းနေပြီ..."

အကြီးအကဲ လိန်ဟာ လင်းဖန်ကို ဆက်တိုက် ချီးကျူး နေခဲ့ပေမယ့်...ဟောင်ဂိုဟွေးရဲ့ မျက်နှာ နက်မှောင်နေတာကိုတော့ သတိမထားမိခဲ့ပါဘူး..။

ဟောင်ဂိုဟွေးကတော့..မာစတာလင်းက သူ့ရဲ့တောင်းဆိုမူကို ငြင်းပယ်ပြီး..နောက်ထပ် လူတစ်ယောက်ရဲ့ မွေးဖွားမူ ရှစ်ချက်ကို ကြည့်ပေးတာဟာ..သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားနေရပါတယ်..။

သူက အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်လို့ ပြောလို့ရပြီး..အရင်တုန်းက ဒီလို အရှက်ခွဲခံရမူမျိုးကို လုံးဝ မကြုံဖူးပါဘူး..။

ဝူတန်ဟီဟာ လင်းဖန်ကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။ယင်းနောက် သူ သက်ပြင်းချလိုက်ပါတယ်..။ငယ်ရွယ်တာက တကယ်ကို ကောင်းမွန်တာပါ..။သူတိူ့က ဘာကိုမှ ကြောက်လန့်တဲ့ စိတ် မရှိကြပါဘူး..။

သူက ဟောင်ဂိုဟွေးကို လုံးဝ မျက်နှာသာ မပေးခဲ့ပေ..။နောက်ဆက်တွဲက..ဘယ်လိုတွေ ဖြစ်လာမှာလဲ ဘယ်သူသိနိုင်မှာလဲ..။

လင်းဖန် စာရွက်ကို သေချာကြည့်လိုက်တယ်..။ယင်းနောက် သူ မေးလိုက်ပါတယ်..။

"သူတို့ လက်ထပ်မှာက ဘယ်နေ့လဲ.."

"မတ်လ..၃ ရက်နေ့..."

"၄ ရက်နေ့ကို ရွေ့လိုက်ပါ..။သူတို့ရဲ့ မွေးဖွားမူ ၈ ချက်ကို ကြည့်ရသလောက်တော့... ၄ ရက်နေ့မှာ လက်ထပ်ထိမ်းမြားတာက..ပိုပြီး သင့်တော်လိမ့်မယ်..."

အကြီးအကဲ လိန် သိချင်သွားခဲ့တယ်..။

"သူဌေးလေး...မတ်လ ၄ ရက်နေ့ကို ပြောင်းလိုက်ရင် ဘာတွေ ပြောင်းလဲ သွားမှာလဲ..."

"ဒါက တကယ်ပြောင်းလဲမှာပေါ့..။တကယ်လို့ သူတို့သာ ၄ ရက်နေ့မှာ လက်ထပ်နိုင်ခဲ့ရင် အနာဂတ်မှာ ပိုပြီး ကောင်းမွန်လိမ့်မယ်..။သူတို့မှာ..သားတစ်ယောက် သမီးတစ်ယောက် စုစုပေါင်း သားသမီးနှစ်ယောက် ရလိမ့်မယ်..။ပြီးတော့ ပျော်ရွှင်တဲ့ ဘဝကို ရောပေါ့..။တကယ်လို့..ကျုပ်ပြောတာကို နားထောင်မယ် ဆိုရင် ၄ ရက်နေ့ကို ရွေ့လိုက်ပါ..။မဟုတ်ရင်လည်း သူ တို့ ကြိုက်သလို စီမံခိုင်းလိုက်ပါ..။ဒါပေမဲ့ ဒါက ၄ ရက်နေ့လောက်တော့ ကောင်းနိုင်မှာ မဟုတ်ဘူး..."

အကြီးအကဲ လိန် ဒါကို ကြားပြီး ကြောင်အသွားခဲ့တယ်..။

"သူဌေးလေး..က သားတစ်ယောက် သမီးတစ်ယောက် ဆိုတာကိုတောင် ပြောနိုင်ျာလား..။တကယ်လို့ သူတို့ ၃ ရက်နေ့မှာ ဆောင်လိုက်ရင် သားတစ်ယောက် သမီးတစ်ယောက် မရတော့ဘူးပေါ့..."

လင်းဖန် ပြုံးလိုက်ပြီး...

"ထပ်ပြောလို့မရတော့ဘူး...။ခင်ဗျား ခန့်မှန်းကြည့်ပေါ့..."

အကြီးအကဲ လိန် လင်းဖန်ကို အတော်ယုံကြည်ပါတယ်..။သူ ဘာသံသယမှ မရှိပေ..။သူ စာရွက်ကို ပျော်ရွှင်စွာ ပြန်ယူလိုက်ပြီး..

"သူဌေးလေး ကျွန်တော် ကျိန်းသေပေါက် နားထောင်မှာပါ..။ကျွန်တော့် အသက်ပေးရမယ်ဆိုရင်တောင် သူတိူ့ မင်္ဂလာပွဲကို ၄ ရက်နေ့မှာပဲ ကျင်းပရအောင် လုပ်ပေးမယ်..။တကယ်လို့ သူတိူ့သာ သားတစ်ယောက် သမီးတစ်ယောက် ရမယ် ဆိုရင် ဒါက တကယ်ကို ဆုလာဒ်ကြီးပဲ..."

ယင်းနောက် အကြီးအကဲ လိန် ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့တယ်..။

လင်းဖန် ဟောင်ဂိုဟွေးကို ကြည့်လိုက်ပြီး..

"ဒါရိုက်တာဟောင် သွားလို့ရပါပြီ..."

ဟောင်ဂိုဟွေး လင်းဖန်က်ို ဒေါသတကြီးကြည့်လိုက်ပြိး...

"ငါက ဒီလောက် အဝေးကြီးကနေ..ဒီအထိရောက်အောင် လာခဲ့ရတာတောင်..မျက်နှာသာ မပေးတော့ဘူးလား..."

လင်းဖန် ပြုံးလိုက်ပြီး...

"ကျွန်တော်က ခင်ဗျားကို မျက်နှာသာ မပေးတာ မဟုတ်ပါဘူး..။ဒီတိုင်း လူစိမ်းတွေကို ဗေဒင်မဟောပေးတော့တာပါ..။လူလိမ်.ကျေးဇူးပြုပြီး ဧည့်သည်ကို ပြန်ပို့ပေးလိုက်ပါဦး..."

လူလိမ် ထျန်ကတော့ မချိတင်ကဲ ဖြစ်နေခဲ့တယ်..။ဒီလို ချမ်းသာတဲ့ လူမျိုးက..လာဖို့ အတော်ခက်ခဲပါတယ်..။အခုတော့ သူတောင် ဘာအကျိုးအမြတ်မှ မရလိုက်ပါဘူး..။

သိူ့ပေမယ့် လင်းဖန်က..မဟောပေးချင်ဘူးဆိုတော့ သူ လုပ်နိုင်တာ ဘာမှ မရှိပေ..။

"ဒါရိုက်တာ ဟောင် ကျေးဇူးပြုပြီး..။အနာဂတ်မှာ..ပန်ကိတ်စားချင်ရင်တော့ ဒီမှာ လာပြီး တန်းစီလို့ရပါတယ်..။ကျွန်တော်တို့ရဲ့ ပန်ကိတ်တွေက စျေးပေါပြီး တကယ်ကို အရသာ ရှိတယ်..။ခင်ဗျား တစ်ကြိမ်စားပြီးတာနဲ့ နောက်တစ်ကြိမ်စားချင်မှာ အသေအချာပဲ..။ခင်ဗျား ရှန်ဟိုင်းကိုတောင် ​ပြောင်းနေချင်သွားလိမ့်မယ်..."

လူလိမ် ထျန် ရှေ့ကို တက်လာပြီး ပန်ကိတ်နဲ့ ပြန်ဆွဲဆောင်ဖို့ ကြိူးစားလိုက်တယ်..။

လင်းဖန်က..အခွင့်အရေးကို မဆုပ်ကိုင်တတ်တော့..သူ့ဟာသူပဲ ကျိူးစားအားထုတ်ရတော့မှာပါ..။

တကယ်လို့..ဒီလို သူဌေးသာ..ပုံမှတ်ကာစတန်မာ ဖြစ်လာမယ် ဆိုရင် သူ့အတွက်တော့ အရှုံးထဲက အမြတ်ပါပဲ..။

"ဟမြ့..."

ဟောင်ဂိုဟွေး..မပျော်ရွှင်တဲ့ အမူအရာနဲ့ ချက်ချင်းလှည့်ထွက်သွားခဲ့ပါတယ်..။

…

"မာစတာလင်းက သူ့ကို တကယ် အပြစ်ပြုချင်တာလား..."

ဝူတန်ဟီ မေးလိုက်တာပါ..။

လင်းဖန် ပုခုံးတွန့်လိုက်တယ်..။

"ကျွန်တော် သူ့ကို အပြစ်မပြုပါဘူး..။ဒီတိုင်း အမှန်တရားကိုပဲ ပြောလိုက်တာ..။ကျွန်တော် ထပ်ပြီး ဗေဒင်မဟောတော့ဘူးလေ..။သူက ဘယ်လိုလုပ် ကျွန်တော့်ကို တွန်းအားပေးနိုင်မှာလဲ..."

ဝူတန်ဟီ ပြန်ပြောလိုက်တယ်..။

"ဒါပေမဲ့..သူ့ရှေ့မှာပဲ...အကြီးအကဲ လိန်ကို..ဟောပေးလိုက်တယ်လေ..။ဒါက သူ့ကို ဒေါသထွက်စေမှာတော့ အမှန်ပဲ..."

လင်းဖန် ပြုံးလိုက်ပြီး...

"အကြီးအကဲ ဝူ..ဒါက ကျွန်တော် တမင်တကာ လုပ်လိုက်တာပါ..။ပိုက်ဆံနဲ့ အရာရာတိုင်းကို မရနိုင်ဘူးဆိုတာ သူသိအောင် ပြလိုက်တာလေ..."

ဝူတန်ဟီ ခေါင်းခါယမ်းလိုက်ပြီး...ခါးသက်စွာ ပြုံးလိုက်တယ်...။

ငါ သူ့ကို ပထမဆုံးမြင်တော့..သူက လူကောင်းတစ်ယောက် မဟုတ်တာကို ခံစားမိတယ်..။ဘယ်လိုလုပ်..မကောင်းတဲ့လူတစ်ယောက်က..ဒီလောက် အထိတောငိ ချမ်းသာလာခဲ့တာလဲ..။ဟင်း...."

ဝူတန်ဟီ လင်းဖန်ကို ကြည့်လိုက်တယ်..။တကယ်လိို့ ဟောင်ဂိုဟွေးရဲ့ အကျင့်စရိုက်အရ ဆိုရင် သူ ဒါကို ကျိန်းသေပေါက် မှတ်ထားမှာပါ..။သူ ဘာလုပ်မယ် ဆိုတာကိုလဲ ဘယ်သူမှ မပြောနိုင်ပါဘူး..။

ကျောက်ကျန်းယန် ပြောလိုက်တယ်...။

"အစ်ကိုလင်း...ကျွန်တော် ..တကယ်လေးစားသွားပြီ..။ကျွန်တော်သာ ဆိုရင် ဒီလို ပြောရဲမှာ မဟုတ်ဘူး..."

လူလိမ် ထျန် ..သူ့ကို လှမ်းကြည့်လိုက်ပြီး...

"အဲတာကြောင့်လည်း မင်း အဲ့ဘဝကနေ မတက်တာလေ..."

"ချီးပဲ..လူလိမ် ခင်ဗျား..။ဒီတစ်လော ခင်ဗျား ကျုပ်ကို ဆန့်ကျင်နေသလိုပဲနော်...။အဲတာက ကျုပ် ဟို မိန်းမလှလေး ရဲ့ ဓာတ်ပုံကို ပြပြီး ဖုန်းနံပါတ် မပေးလို့ရမလား..။ကျုပ် ခင်ဗျားကို ဖုန်းနံပါတ် ပေးလိုက်ရင် ဒါက သူမရဲ့ ဘဝကို ဖျက်ဆီးသလိုဖြစ်သွားမှာလေ..။ခင်ဗျား ဝီချပ် ဆော့ဝဲမှာ...ကျုပ်ဓာတ်ပုံကို ပရိုဖိုင်ထားပြီး တစ်ခြားကောင်မလေးတွေကို စကားလိုက်ပြောနေတာ မသိဘူးထင်နေလို့လား..."

ကျောက်ကျန်းယန် ပြောလိုက်တာပါ..။

လူလိမ်ထျန် ဒါကို ကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..။

"ချီးပဲ...မင်း...မင်း ငါ့ဖုန်းကို ခိုးကြည့်ထားတာလား..."

ကျောက်ကျန်းယန် ပြန်ပြောလိုက်တယိ...။

"ဘယ်သူမှ ခင်ဗျားဖုန်းကို မကြည့်ဘူး...မပိုတွေ ပြောမနေနဲ့..."

လင်းဖန် သူတို့နှစ်ယောက် ငြင်းခုန်နေကြတာကို ကြည့်ပြီး ရယ်မောလိုက်တယ်..။

ဟောင်ဂိုဟွေး ကိုတော့ သူတကယ် စိတ်ထဲ မရှိပေ..။တကယ်လို့ ဒီလူ ပြသနာ ရှာမယ် ဆိုရင်လည်း..သူ ဖြည့်ဆည်းပေးဖို့ အဆင့်ပါပဲ.. ။သူသာ..ထပ်လာရဲမယ် ဆိုရင် ကောင်းကောင်း သင်ခန်းစာ ပေးလိုက်တော့မှာပါ..။

…

ဟောင်ဂိုဟွေး ကားပေါ်မှာ ဒေါသတကြီး ထိုင်နေခဲ့တယိ..။ရလာဒ်က ဒီလို ဖြစ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။

မာစတာလင်းက...သူ့ကို လုံးဝ မျက်နှာသာ မပေးပဲ ဒေါသတွေကိုပဲ လာဆွနေခဲ့တာပါ..။

သူက နိုင်ငံရဲ့...အချမ်းသာဆုံး အယောက် ၅၀ စာရင်းမှာတောင် ပါဝင်ပြီး..ပိုင်ဆိုင်မူ အသားတင်ကဘီလီယံ ၃၀ ရှိပါတယ်..။လူတွေက သူ့ကို နတ်ဘုရားတစ်ပါးလိုပဲ ဆက်ဆံကြရတာပါ..။သူဒီလိူ ဆိုင်သေးသေးလေးကို ရောက်မှ အမှိုက်လို ဆက်ဆံခံရမယ်လို့ မထင်ထားခဲ့ပေ..။

"ဒါရိုက်တာဟောင်..ဒီ မာစတာလင်းက..သူ ဘယ်လို လူမျိုးတဲ့ တွေ့နေရတာကို မသိသေးတဲ့ပုံပဲ.."

ဒါရိုက်တာဟာ ဒေါသတကြီး ပြောလိုက်တာပါ..။

ဟောင်ဂိုဟွေး..နှာခေါင်းရှုတ်လိုက်ပြီး..

"ဟမ့်..သူက..ဘာလုပိနေတယ် ဆိုတာ မသိမှတော့ ငါက သိအောင် လုပ်ပေးရမှာပေါ့..."

သူ့လို အဆင့်အတန်းရှိတဲ့ လူတစ်ယောက်က..ဒီလို ဆိုင်ပိုင်ရှင် အသေးအမွားလေးတွေကို အဆုံးသတ်ပေးဖို့ ဆိုတာက သာမန်လိုပါပဲ..။

သူ ..အေးအေးဆေးဆေးပဲ..နင်းခြေ ပစ်လိုက်လို့ရပါတယ်.။

သိူ့ပေမယ့် လင်းဖန်ကတော့..မတူပေ..။သူက ဆိုင်ပိုင်ရှင်တစ်ယောက်သာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ အဆင့်အတန်းနဲ့ အင်အားကတော့ တကယ်ကို ကြီးမားပါတယ်..။

ဟောင်ဂိုဟွေးရဲ့ သား ဟောင်ဟွားဟာ..အိမ်ထဲမှာ ရှိနေခဲ့တယ်..။

ဟောင်ဟွားက ဝိုက်ဘိုမှာ အနည်းငယ် ကျော်ကြားတယ်လို့ ပြောလို့ရပါတယ်..။သူတိူ့ ဝိုက်ဘို ဂရုထဲမှာတော့..သူက မိန်းကလေးတွေနဲ့ ပတ်သက်လာရင်တော့ ထိပ်ဆုံး သုံးယောက် စာရင်းဝင်ပါပဲ..။

တစ်ခြားနှစ်ယောကိက..ဒီနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေး နှစ်ယောက်ရဲ့ သားတွေပါ..။

သူ ဒီတစ်ကြိမ် နိုင်ငံခြားက ပြန်လာတဲ့ အချိန်မှာ..သူ့ရဲ့ ဘော်ဒါတွေက အင်တာနက်ပေါ်မှာ တစ်ခြားလူတွေကို ဝေဖန်တိုက်ခိုက်ရင်း..နာမည်ကြီးနေကြတာကို သတိထားမိလိုက်ပါတယ်..။သူလည်း နာမည်ကြီးချင်တာကြောင့်..ဒီလို ဝေဖန်တဲ့..စစ်ပွဲအတွင်းကို ဝင်ရောက်လာခဲ့တယ်..။

ဒါပေါ့..သူ..ကအောင်မြင်နေတဲ့ ဘော်ဒါ နှစ်ယောက်ကိုတော့ မယှဥ်နိုင်ခဲ့ပါဘူး..။

ဒါကြောင့် သူက လူတွေကို ဝေဖန်တဲ့ နေရာမှာ နောက်ခံကို သေချာ အလေးထားပါတယ်..။တကယ်လို့ ဒီလူက အင်အားကြီးတဲ့လူတစ်ယောက်ဆိုရင်..သူ လုံးဝ မဝေဖန်ပါဘူး..။

ဒါကြောင့်..သူ ဝေဖန်ပြီဆိုရင် အများအားဖြင့်..နောက်ခံ မရှိတဲ့ သရုပ်ဆောင်တွေ...ဝက်ဆိုဒ်သေးသေးလေးက ဒါရိုက်တာတွေကိုပဲ..ဝေဖန်လေ့ရှိတာပါ..။

ပြီးတော့ သူ ပိုက်ဆိုင်မူ..ဒေါ်လာ ၁၀ ဘီလီယံ မပြည့်တဲ့ လူတွေကို ဆိုရင်လည်း ဝေဖန်ပါတယ်..။

ဘာပဲဖြစ်ဖြစ် ဒီလူတွေက သူ့ အဖေလောက် မချမ်းသာတဲ့ အတွက် သူ ကြောက်စရာမလိုပေ..။

ဟောင်ဟွား ဝက်ဆိုဒ်တစ်ခုက ဆွေးနွေးခု တစ်ခုမှာ မှတ်ချက် ဝင်ရေးရင်းကနေ ပျော်ရွှင်စွာ စောင့်နေခဲ့တယ်..။သို့ပေမယ့်...တစ်ခုခု မှားနေတာကို သူနားလည်လိုကိပါတယ်..။

အရင်တုန်းက...သူ တစ်စုံတစ်ယောက်ကို ဝေဖန်ပြီ ဆိုရင် ..အကောင်ဘက်ကသာ လူတွေက ပြောကြပြီး..မကောင်းတဲ့ဘက်က အနည်းငယ်သာ ရှိပါတယ်...။

သို့ပေမယ့် ဒီတစ်ကြိမ်တော့ မတူတော့ပါဘူး..။

ဘာတွေဖြစ်နေတာလဲ..။

သူ မှတ်ချက်တွေကို ဖတ်ကြည့်လိုက်တဲ့ အချိန်မှာဟအကုန်လုံးက မကောင်းတဲ့ ဘက်က ပြောထားတာကို ကြည့်ပြီး ကြောင်အသွားခဲ့ပါတယ်..။

"မအိမ်လုံး..မင်းက မာစတာလင်းကို ဝေဖန်ရဲတဲ့ သောက်ရူးပဲ..။မင်းအဖေကြောင့်သာ မဟုတ်ရင် မင်းက ဘာကောင်မှ မဟုတ်ဘူး..."

"ချီးပဲ..မင်းက မာစတာလင်းကို လာအပြစ်တင်နေတယ်..။မင်းက သေချင်နေတာလား..."

"မအိမ်လုံးလေး..."

"ခွေးသားလေး မင်းက မာစတာလင်းကို အပြစ်တင်ရအောင် တကယ် သောက်ရူးပဲ..။မင်းဦးနှောက်မှာ ချီးတွေ ပြည့်နေတာလား..."

…

All Chapters