← Chapters

ရှီမာမျိုးနွယ်၏ အစီအစဉ်

Vol. 011 Ch. 1014

ရှီမာမျိုးနွယ်၏ အစီအစဉ်

Vol. 011 Ch. 1014

ဗလာကျင်းနေသော အကြည့်နှင့် အပြုံးသဲ့သဲ့… သူမ ငြင်းဆန်ချင် သော်လည်း မငြင်းခဲ့ပေ။

“ကျေးဇူးတင်ပါတယ်” သူမသည် ကျောက်စိမ်းပြားကိုယူလိုက်သည်။ သူ့ကိုယ်ပိုင်မျက်လုံးဖြင့် လောကကြီးကိုမြင်ခွင့်ပေးမည်ဟု သူမ ဆုံးဖြတ်ချက် ချလိုက်သည်။

သူသည်ချမ်းသာသောကြောင့် သူ့လိုလူမျိုးသည် အထီးကျန်သည်ကို သူမ နားလည်သည်။ သူသည် လူတစ်ယောက်ကို မြင်တွေ့ခွင့်ပါက ထိုလူကို ကောင်းမွန်စွာဆက်ဆံနိုင်သည်။

“ရွှမ်းချုံမျိုးနွယ်ရဲ့ ဘယ်လူကမဆို မင်းသိတယ်ဆိုရင် ဒီတံဆိပ်ပြား ကိုပေးလိုက်ရင် မင်းကိုအထက်လူကြီးတစ်ယောက်အနေနဲ့ တလေးတစား ဆက်ဆံလိမ့်မယ်၊ မင်းတစ်ယောက်မှမသိဘူးဆိုရင်တော့ ဒါက သာမန် ကျောက်စိမ်းပြားဖြစ်လိမ့်မယ်” ရွှမ်းချုံဟော် ဆက်ပြောလေသည် “အဲတော့ ဒါက ရာနှုန်းပြည့်အသုံးဝင်တာတော့မဟုတ်ဘူး”

အသုံးမဝင်ဟုဆိုသော်ငြား သူမအတွက် တွေးပေးသည်။ သူမသည် ထို ခင်မင်မှုကို အမြဲတမ်းအမှတ်ရနေမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှီမာမျိုးနွယ်နေသောနေရာတွင် ရှီမာရှင်းရှို့နှင့် တခြားသူများသည် ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့ကို ထိုနေ့အဖြစ်အပျက်များ ကို စိတ်လှုပ်ရှားစွာပြောပြနေလေသည်။

စာရွက်ထူတစ်အုပ်သည် စားပွဲပေါ် သခင်နေရာ၏အရှေ့တွင်ပုံနေ သည်။ ထိုသည်မှာ အရိပ်အဖွဲ့၏ ပေးပို့လိုက်သော ပထမအသုတ်သတင်းများ ဖြစ်သည်။

“ဦးလေးလွီဖန်၊ မီးငှက်မျိုးနွယ်ဒီကိုပျံပြီး သူမဘေးကိုဆင်းသက်လိုက် တဲ့အချိန်ကို မမြင်လိုက်ဘူးလား၊ အဲတည်ဆောက်မှုက ကျွန်တော်တို့်ဘက်က လူတွေလောက်ကိုသန်မာတယ်” ရှီမာယီဖေ ဆက်ပြောလေသည် “ပြီးတော့ ဒီနေ့ ယူယူ့ကြောင့်သာမဟုတ်ရင် အဲအသင်းဥက္ကဌတော့ သေပြီးလောက်ပြီ၊ အဲလေဟာပြင်ချိပ်ကလှတယ်၊ အားကောင်းတဲ့ တိုက်ချက်တွေအားလုံးကို ပိတ်နိုင်ပြီး အဲလောက်ကျယ်တဲ့နယ်ပယ်ကို ချိပ်ပိတ်နိုင်တဲ့သူရှိမယ်လို့ တစ်ခါ မှမထင်ထားခဲ့ဘူး၊ အဲလေဟာပြင်ကဘယ်လောက်တောင် ကြံ့ခိုင်လဲဆိုတာ ကိုတောင် မြင်နိုင်တယ်”

ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမပြပဲ ခေါင်းညိတ်ကြလေသည်။

“ဦးလေးလွီဖန်၊ မအံ့သြဘူးလား” ရှီမာယီဖေသည် သူတို့တည်ငြိမ်နေ သည်ကို မြင်သောအခါ အော်လိုက်သည်။

“အံ့သြတယ်လေ” ရှီမာယီဖန် ပြောလိုက်သည်။

“ဒါဆို ဘာလို့ဒီလိုတည်ငြိမ်နိုင်ရတာလဲ”

ရှီမာယီဖန်သည် စားပွဲပေါ်မှ စာရွက်ကိုယူလိုက်သည် “မင်းတို့ပြောတာ တွေကို ငါသိပြီးသားပဲ”

“ဦးလေးတို့ပြိုင်ပွဲကွင်းကိုမသွားဘူးလို့ထင်နေတာ” ရှီမာချီချီ မေးလိုက် သည်။

ရှီမာလွီဖန်သည် တိတ်နေဆွဲဖြစ်ကာ သူတို့ကို စာရွက်ပေးလိုက်သည်။

ရှီမာယိယွင်စာရွက်ယူပြီးဖတ်ကြည့်လိုက်ချိန်တွင် ရှီမာယူယူ၏ လတ် တလော လှုပ်ရှားမှုများကို ရှင်းလင်းစွာရေးထားသည်။ အမှောင်တောတွင် ဖြစ်ခဲ့သော အဖြစ်အပျက်များကို ဖန်တီးသူမှာ သူမဖြစ်သည်ကို သူတို့သိ လိုက်ရသည်။  ထိုကဲ့သို့အင်အားမျိုးသည် လူများကို လေးစားမှုဖြစ်စေသည်။

“ဘုရားရေ….”

သူတို့လေးယောက်သည် ဝိုင်းစုပြီးဖတ်ကြည့်ရာ ထိုကိစ္စများသည် သူ တို့ကိုအော်မိစေသည်။

“ဒါကအရမ်းကို ထူးချွန်နေတာပဲ” ရှီမာယီဖေသည် ဖတ်ပြီးသည်နှင့် အော်လိုက်သည်။

“သူမက လူသားရောဟုတ်ရဲ့လား” ရှီမာချီချီသည် မယုံကြည်စွာဖြင့် ပြောလိုက်သည် “အမှောင်တောရဲ့ ကိစ္စမှာ အမှားတစ်ခုခုများရှိမလား၊ ဒီမှာ ရေးထားတာတွေက ယူယူ့ပုံစံနဲ့မတူဘူးပဲ”

“အစပိုင်းတော့အဲလိုထင်စရာပဲ ဒါပေမဲ့အနောက်ပိုင်းကိစ္စတွေကို ဆက်စပ်တွေးကြည့်ရင် သေချာပေါက် သူမပဲ” ရှီမာလီဖန် အတိအကျပြော လေသည်။

“ဘုရားရေ ဒါကကြောက်ဖို့ကောင်းလိုက်တာ သူမက အသက်သုံးဆယ် ကျော်ပဲရှိသေးတာကို အသက်၃၀၀အရွယ်ရှိတဲ့လူထက်တောင် အတွေ့ အကြုံများသေးတယ်” ရှီမာချီချီသည် အံ့အားသင့်စွာပြောလေသည်။

“သူမနဲ့ယှဉ်ရင် ငါတို့ကလုံးဝအားနည်းနေသေးတယ်” ရှီမာရှင်းရှို့ မှတ်ချက်ပေးလေသည်။

“ဟုတ်တယ် ဒါပေမဲ့ သူမက ဦးလေးလွီရွှမ်းရဲ့ သမီးလေ အဖေတူသမီး ပေါ့” ရှီမာယိယွင်ပြောလိုက်သည်။

“ဒီမှာမရေးထားတဲ့ကိစ္စတွေရှိသေးတယ်၊ ဒါနဲ့ဆိုရင်တောင် လူတွေကို တုန်လှုပ်သွားစေလောက်တယ်၊ သူ့သမီးဘယ်လောက် အားကောင်းလဲဆို တာ လွီရွှမ်းသိရင် ပျော်သွားမှာပဲ” ရှီမာလွီဖန် ပြောလိုက်သည်။

“ဦးလေးလွီဖန် ဦးလေးလွီရွှမ်းရဲ့ နေရာကိုခြေရာခံလို့ရပြီလား” ရှီမာယိယွင် မေးခွန်းမေးလေသည်။

“မရသေးဘူး ဒါပေမဲ့ ဦးတည်ဘက်ကိုတော့ အကြမ်းဖျင်းသိတယ်” ရှီမာလွီဖန် ပြန်ဖြေလေသည်။

“သူဘယ်မှာလဲဆိုတာ ဦးလေးကသိတယပေါ့”

“သူရှိခဲ့တဲ့နောက်ဆုံးနေရာကိုတော့သိပြီးပြီ ဒါပေမဲ့အဲနောက်ကို ခြေရာ ပြတ်သွားတယ်၊ ဦးတည်ဘက်ခန့်မှန်းချက်နဲ့ဆိုရင် ရှာဖို့လွယ်ပါတယ်” ရှီမာလွီဖန် ရှင်းပြလေသည်။

“ဦးလေးတို့ကို မျိုးနွယ်ကရှာခွင့်မပြုဘူးမလား”

“ဟင်း အဲလူတွေကတော့….” ရှီမာလွီယွင်သည် မကျေနပ်မှုနှင့် အထင် သေးမှုကို ပြသကာအေးစက်စွာ နှာမှုတ်လိုက်သည်။

“မင်းတို့လို လူငယ်မျိုးဆက်တွေက လွီရွှမ်းရဲ့ ကိစ္စတွေကို အများကြီး မေးဖို့မလိုဘူး” ရှီမာလွီဖန် ဆက်ပြောလေသည် “မှတ်ထား ယူယူရဲ့ ကိစ္စက အပြင်ကိုပြန့်လို့လုံးဝမဖြစ်ဘူး မျိုးနွယ်ကိုမသိစေနဲ့”

“မရလာက်ဘူးထင်တယ်” ရှီမာရှင်းရှို့ ဆက်ပြောလေသည် “အတွင်း ဒေသမှာ ကျွန်တော်တို့တင် လွှမ်းမိုးမှုရှိတာမဟုတ်ဘူး၊ ဂူမျိုးနွယ်နဲ့ တခြား မျိုးနွယ်တွေလည်းလာကြတယ်၊ ကျွန်တော်တို့က ဘယ်သူ့ကိုမှမပြောပေမယ့် ယူယူရဲ့နာမည်က မှတ်မိဖို့လွယ်လွန်းတယ်၊ သူမက ကျွန်တော်တို့မျိုးနွယ်က ဆိုတာ တခြားသူတွေချက်ချင်းသိသွားကြလိမ့်မယ်”

“ယူမျိုးဆက်တွေကရှားတယ် ထူးချွန်တဲ့သူကပိုရှားတယ် အပြင်ကလူ တွေကလည်း အများကြီးမသိလောက်ဘူး ဒါပေမဲ့ ကျွန်မတို့က ဂူမျိုးနွယ်နဲ့ အနီးကပ်ဆက်သွယ်မှုရှိတယ် သူတို့သိလောက်တယ်” ရှီမာယိယွင် ပြောလေ သည်။

“ဂူမျိုးနွယ်ရဲ့ အဖွဲ့ခေါင်းဆောင်ကဘယ်သူလဲ” ရှီမာလွီဖန် မေးလိုက် သည်။

“ဂျူရှီချောင်နဲ့ သူ့အကြီးအကဲ၁၅” ရှီမာရှင်းရှို့ပြန်ဖြေလေသည်။

“သူတို့… ငါတို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့နဲ့ပြောရလိမ့်မယ် သူတို့ကို လျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းဖို့ပြောလိုက်မယ်” ရှီမာလွီဖန် ပြောလိုက်သည်။

“မလိုဘူး” ရှီမာလွီယွင် ငြင်းဆန်လေသည်။

“ဘာလို့လဲ”

“ငါတို့က သူတို့ကိုအထူးတလည်သွားရှာရင် ယူယူ့ကိုပိုစိတ်ဝင်စားသွား လိမ့်မယ် ငါတို့ဘာမှမပြောဘူးဆိုရင် သူတို့ဘာမှမပြောနိုင်လောက်ဘူး” ရှီမာလွီယွင် ဆက်ပြောလေသည် “သူတို့သာ တကယ်သိသွားမှ အဲ အကြောင်းကို သူနဲ့ပြောရမှာပဲ”

“အဲဒါလည်းအလုပ်ဖြစ်တယ် ဒါဆိုရင် မင်းတို့ သူမကို ခဏခဏ သွား မရှာနဲ့ဦး သူမနဲ့ဝေးဝေးနေဦး၊ သူတို့ကိုသံသယဝင်အောင်မလုပ်နဲ့ နားလည် လား” ရှီမာလွီဖန် ပြောလိုက်သည်။

“သိပါပြီ ယူယူ့ဦးနှောက်ကိုဖွင့်ပြီး ဖွဲ့စည်းပုံကိုကြည့်ရဖို့ ဆုတောင်းရ မလိုတောင်ဖြစ်နေပြီ၊ ဦးလေးလွီရွှမ်းက ဘယ်လိုလုပ်နတ်ဆိုးတစ်ယောက်ကို မွေးထုတ်လိုက်ရတာလဲ” ရှီမာယီဖေ သက်ပြင်းချလိုက်လေသည်။

“ညီမတို့သန်မာလာတဲအထိစောင့်ရင် သူမကို အိမ်ပြန်ခေါ်လို့ရမှာပါ” ရှီမာယိယွင် ပြောလိုက်သည်။

“အဲလိုလုပ်မှာပါ” ရှီမာရှင်းရှို့ ဆက်ပြောလေသည် “ကျွန်တော်ထင်တာ တော့ သူမရဲ့ သဘာဝကပေးတဲ့လက်ဆောင်နဲ့ လုပ်နိုင်စွမ်းတွေက ပြန်ဖို့ကို မကြာတော့ပါဘူး”

“အင်း အဲလိုပဲဖြစ်လိမ့်မယ်”

ထိုနေ့မှာ မဝေးကွာတော့သည်ကို သူတို့ယုံကြည်ကြသည်။

ရှီမာယူယူနှင့် တခြားသူများသည် မုန့်ဆန်းချွယ်တို့ ပြန်ရန်ဆက်သွယ် လာသည်အထိ ဆေးဥယျာဉ်တွင် နေကြသည်။ သူတို့သည် မုန့်ဆန်းချွယ်တို့ ကိုရှာရန် အရှေ့သို့သွားကြလေသည်။

“ယူယူ ဒီနေ့အတွက် ကျေးဇူးပဲ” ရှားကျောင်ထျန်သည် ရှီမာယူယူကို မြင်သောအခါ ကျေးဇူးတင်စွာဖြင့် နှုတ်ဆက်လေသည်။

သူမကြောင့်သာမဟုတ်လျှင် သူ ဒီနေ့အဆုံးသတ်သွားနိုင်သည်။

“ဥက္ကဌ ရပါတယ်” ရှီမာယူယူသည် သူ၏ရိုသေမှုကိုရှောင်ဖယ်ကာ ဘေးတွင်ရပ်လိုက်သည် “ဒါကကျွန်တော်လုပ်ရမယ့်အရာပါ ဆရာ့ရဲ့ ဦးညွှတ် မှုကို မထိုက်တန်ပါဘူး”

သူ၏ အသင်းဥက္ကဌရာထူးအပြင် သူ့အသက်အရွယ်နှင့်ဆိုလျှင် သူ သည် သက်ကြီးဝါကြီးတစ်ယောက်ဖြစ်သည်။ သူမကဲ့သို့ အငယ်တစ်ယောက် သည် သူအရိုအသေပေးသည်ကို လက်ခံခြင်းမပြုနိုင်ပေ။

“ဥက္ကဌ ကိစ္စတွေကိုအကုန်နီးပါးဖြေရှင်းပြီးပြီဆိုတော့ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်” မုန့်ဆန်းချွယ် ပြောလေသည်။

“သွားပါ အကုန်လုံးဒီနေ့ပင်ပန်းသွားကြပြီ ကောင်းကောင်းအနားယူပြီး လာမယ့်ပြိုင်ပွဲကိုပြင်ဆင်ထားပါ” ရှားကျောင်ထျန် ပြောလိုက်သည် ပြီးနောက် ရှီမာယူယူကို မျက်စိမှိတ်ပြကာ “ကံကောင်းပါစေ မင်းရဲ့ရလဒ်အတွက် မျှော်လင့်နေမယ်”

သူ မျက်စိမှိတ်ပြသည်ကို မြင်လိုက်သောအခါ ရှီမာယူယူသည် ကြက်သီးထသွားလေသည်။

ဒီလူကြီးရဲ့ အပြုံးကတခြားရည်ရွယ်ချက်ရှိတယ်လို့ သူမ ဘာလို့ခံစားမိ နေရတာလဲ။ အဲအပြုံးကလူတစ်ယောက်ကို ကြက်သီးထသွားစေတယ်။

ဘေးတွင်ရှိနေသော ဂေါင်ကျိဟုန်သည် ထိုလူ၏အတွေးကိုသိသည်။ သူမ၏ ဆေးဖော်သည့်ရလဒ်သာ ကောင်းကောင်းထွက်လာပါက သူမကို အသင်းသို့ခေါ်သွင်းမည့် သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းမိသည်။

ရှားကျောင်ထျန်ပုံစံကို ရှီမာယူယူမြင်ပြီးနောက် သူမသည် လွတ်လို လွတ်ငြား အဂ္ဂိရတ်ပညာရှင်အသင်းမှထွက်ခဲ့လိုက်သည်။

သူတို့သည် ပြန်ပြီး ၁၀ရက်ကြာအနားယူလေသည်။ ထို၁၀ရက်အတွင်း တွင် ရှီမာယူယူသည် ဟန့်မြောင်ရွှမ်နှင့် တခြားသူများကို ဝိညာဉ်စေတီ အတွင်းသို့ခေါ်သွားပြီး တံခါးပိတ်ကျင့်ကြံစေသည်။ သူတို့သည် အဆင့်၈သို့ မတက်နိုင်သေးသော်လည်း နီးကပ်လာပြီဟု ခံစားရသည်။

***

All Chapters