← Chapters

ယူယူကြားညပ်ခြင်း

Vol. 011 Ch. 1015

ယူယူကြားညပ်ခြင်း

Vol. 011 Ch. 1015

ရှီမာယူယူ ကျင့်ကြံနေသည့်ရက်များ၌ တိမ်ပင်လယ်မြို့တွင် သူမ အကြောင်းများကို ပြောကြလေသည်။ လေဟာပြင်ပိတ်၍ ရှားချောင်ထျန်ကို ကယ်ခဲ့သည်အကြောင်းများ… မဟုတ်လျှင် ဂဠုန်ဘုရင်ကို စာချုပ်သားရဲ အဖြစ်ပိုင်ဆိုင်ထားသည့်အကြောင်းများ အရာအားလုံးသည် သတင်းမွှေးနေ သည်။

ရှီမာယူယူသည် အချိန်ရလျှင် လမ်းလျှောက်ထွက်ချင်သော်လည်း သူမ အပြင်ထွက်လိုက်သည်နှင့် လူများသည် မျောက်တစ်ကောင်ကို ဝိုင်းကြည့် သကဲ့သို့ဝိုင်းလာရာ အပြင်မထွက်ရန်ဆုံးဖြတ်လိုက်ပြီး ဝိညာဉ်စေတီအတွင်း ၌သာ ကျိုးနွံစွာဖြင့် နေပြီးဆေးဖော်ရတော့သည်။

“ယူယူ ထွက်လာခဲ့ဦး” ရှောင်ချီနှင့် မုန့်ဆန်းချွယ်တို့ဝင်လာသည်နှင့် သူမ အောက်ဆင်းလာသည်ကိုမြင်သောအခါ ရှောင်ချီသည် ခုန်ပေါက်ပြီး ပြေးလာလေသည်။

“ဘယ်တွေသွားနေတာလဲ” ရှီမာယူယူသည် သူမကို ဖက်ရင်းနှင့်မေး လိုက်သည်။

“လောင်မုန့်နဲ့ ရှောင်ချီတို့ လမ်းလျှောက်ထွက်ကြတာ” ရှောင်ချီ ပြန်ဖြေ လေသည်။

“မင်း ဒါရိုက်တာမုန့်ကို အတူအပြင်သွားဖို့ တောင်းဆိုလိုက်တာလား” ရှီမာယူယူသည် မုန့်ဆန်းချွယ်ကို အကူအညိမဲ့စွာကြည့်ပြီး ပြုံးလိုက်သည်။

“ဟီးဟီး” ရှောင်ချီ ပြုံးလိုက်သည်။ “ရှောင်ချီလည်းပျင်းနေတာ ယူယူတို့ ကလည်း ကျင့်ကြံနေကြတာ အဲတော့ ရှောင်ချီ့ကိုအဖော်ပြုပေးဖို့ သူ့ကို တောင်းဆိုရုံပဲရှိတော့တာ”

“မင်းကတော့လေ” ရှီမာယူယူသည် သူမ နဖူးကိုပုတ်လိုက်သည် “ဒါရိုက်တာမုန့်က ဒီလောက်အလုပ်များတာကို မင်းနဲ့ကစားပေးသေးတယ်”

ရှောင်ချီသည် ထိုကျောင်းသားများကို ကာကွယ်ပေးသင့်သည်ဟု ခံစား ရသော်လည်း သူတို့နှင့်မရင်းနှီးပေ။ ရှီမာယူယူကြောင့်သာ ဟန့်မြောင်ရွှမ်တို့ နှင့် ရင်းနှီးခြင်းဖြစ်သည်။

သူမနှင့် လည်ပတ်ရန် တခြားသူတွေကိုရှာရမည်မှာ အဆင်မပြေလှ ပေ။ ထို့ကြောင့် သူမကို အဖော်ပြုရန် မုန့်ဆန်းချွယ်ကို မေးခဲ့သည်။

ရှောင်ချီအပြင် ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့သည်လည်း လောကအသေး မှထွက်လာပြီး အဂ္ဂိရတ်ပညာရှင်အသင်းသို့ပြောင်းရွှေ့ခဲ့ကြသည်။

ရှားကျောင်ထျန်နှင့် ဝူလာမိုင်တို့သည် လောကအသေးတွင် သိကျွမ်းပြီး ဖြစ်ကာ သူတို့သည် ယူယူ၏ မွေးစားမိဘများဖြစ်သည်ကိုသိသည်နှင့် မြို့ အပြင်မှအခြေအနေများကို ကြည့်စေချင်သဖြင့် အဂ္ဂိရတ်ပညာရှင်အသင်း တွင်နေရန် ရှားကျောင်ထျန်မှ ဖိတ်ကြားခဲ့သည်။

ရှင်းလင်းပြီးနောက်တွင် တိမ်ပင်လယ်မြို့လူဦးရေမှာ ပိုလျော့နည်းသွား ပြီး လုံခြုံမှုပိုရှိလာသည်။ ငြင်းခုံမှုတချို့ရှိခဲ့သော်လည်း ဝူလာမိုင်၏ အင်အား နှင့် ကိစ္စကြီးမဖြစ်တော့ပေ။

ထို့အပြင် အဂ္ဂိရတ်ပညာရှင်အသင်းနှင့် ဆေးအဖွဲ့ခွဲတို့၏ အထူးခွင့်ပြု ချက်ဖြင့် သူတို့သည် သွားလိုသည့်နေရာသွားနိုင်ရာ သူတို့ကို ထိရဲသည့်သူ မရှိပေ။

ပြီးလျှင် ရွှမ်ရှင်းမန်၏လက်ရီအခြေအနေမှာ ပိုတည်ငြိမ်သွားပြီဖြစ် သည်။ သူမသည် ရှီမာယူယူပေးသည့်ဆေးကို နေ့စဉ်စားသဖြင့် ဘာမှမဖြစ် တော့ပေ။

ထို့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအားလပ်ချိန်များတွင် ဝူလာမိုင်နှင့်သူမတို့ သည် ရံဖန်ရံခါ ရှောင်ချီကိုခေါ်ပြီးအပြင်ထွက်ကြသည်။ တစ်ခါတလေတွင် ရှောင်ချီကိုထားခဲ့ကာ အိမ်ထောင်သည်ဘဝကို ပျော်မွေ့ကြသည်။

ထို့နောက်တွင်တော့ ရှောင်ချီသည် မုန့်ဆန်းချွယ်ကိုဆွဲကာ ထွက်ကစား ရတော့သည်။

“ပြိုင်ပွဲက မနက်ဖြန်ပဲ မင်းတို့အကောင်းဆုံးကြိုးစားရမယ်” မုန့်ဆန်းချွယ် ဆက်ပြောလေသည် “ဆေးအဖွဲ့ခွဲက အင်အားကြီးတွေကို ရှင်းလိုက်ပြီဆိုတော့ ငါတို့နေရာတော့ပြန်တည်ငြိမ်သွားပြီ”

ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ သည်။ နှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက်၏ စိတ်သက်သာ ရာရမှုကိုတွေ့လိုက်ရသည်။

ပြိုင်ပွဲသက်ရောက်မှုသည် ဂိုဏ်းအတွက် ဆေးအဖွဲ့ခွဲတွင်နေခြင်းမနေ ခြင်းတွင် သက်ရောက်နေပါက သူတို့၏ဂုဏ်သိက္ခာအတွက် ဖိအားတစ်ခုဖြစ် နေမည်။

အခုသူတို့တွင် ဖိအားမရှိတော့သဖြင့် စိတ်လက်သက်သာစွာ ပြိုင်နိုင် တော့မည်။

ညပိုင်းတွင် ရှီမာယူယူသည် စားပွဲဘေးတွင်ထိုင်ကာ စာအုပ်ဖတ်နေ သည်။ ဝူလင်းယူထွက်သွားပြီးနောက်တွင် ရှောင်ချီသည် သူမ အိမ်တွင်နေ သည်။ သူမသည် အိပ်ရာပေါ်တွင် စာအုပ်ဖတ်နေသည်။

ထိုစာအုပ်များသည် ရှီမာယူယူမှပေးထားခြင်းဖြစ်ကာ ထိုနေရာ၏ လောကကို ပိုနားလည်လာမည်ဟု ပြောခဲ့သည်။

“ယူယူ ယူယူ့ရဲ့စီနီယာအစ်ကိုကဘယ်သွားတာလဲ” ရှောင်ချီသည် အိပ်ရာပေါ်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် မေးလေသည်။

“စီနီယာအစ်ကိုလား” ရှီမာယူယူသည် ခေါင်းမော့ပြီးပြောလေသည် “ပြောမှပဲ ပြီးခဲ့တဲ့ပြိုင်ပွဲစတော့ သူ့မျက်နှာတောင်ပေါ်မလာဘူးပဲ ပညာရှိ စံအိမ်တော်ကလူတွေလာတယ်လို့ ကြားခဲ့တယ်လေ၊ သူတို့ကိုဘာလို့ မမြင်မိ တာပါလိမ့်”

“ရှောင်ချီလည်းမသိဘူး” ရှောင်ချီ ဆက်ပြောလေသည် “ရှောင်ချီ အပြင် ထွက်လည်တုန်းက ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက အဲဒီပညာရှိစံအိမ်တော်က မတက်ဘူးလို့ကြားတယ် ကြည့်ရတာ သူတို့တစ်ခုခုနဲ့ ချုပ်နှောင်ခံနေရတာ ထင်တယ်”

“ဒါဆိုရင် ဒီပြိုင်ပွဲကိုလည်း သူတို့မလာကြဘူးလား” ရှီမာယူယူ ပြော လိုက်သည်။

“ဖြစ်နိုင်လောက်တယ်၊ သူ့ကိုလွမ်းနေပြီလား လွမ်းရင် သူ့ကိုပြောလိုက် လေ” ရှောင်ချီသည် ရယ်မောရင်း စနောက်လေသည်။

“မင်းက ကလေးပဲရှိသေးတာ မဟုတ်တာတွေမပြောရဘူး” ရှီမာယူယူ သည် စာအုပ်သိမ်းကာ မနက်ဖြန်ပြိုင်ပွဲအတွက် နားရန်ပြင်လေသည်။ သို့သော် သူမ ထလိုက်ချိန်တွင် အနီးအနားတွင် တစ်စုံတစ်ယောက်ရှိနေ သလို ခံစားရလေသည်။

“ယူယူ ရှီမာလွီယွင်ပဲ” ရှောင်ချီ ခုန်လာလေသည် “သူ့ကိုတားလိုက်ရ မလား”

“သူကဒီကိုဘာလာလုပ်တာလဲ” ရှီမာယူယူသည် သံသယဝင်မိသည်။ သူမ တွေဝေနေစဉ်ပင် ရှီမာလွီယွင်သည် အိမ်ထဲသို့ရောက်နေလေပြီ။

ရှီမာလွီယွင်သည် ပြီးခဲ့သည့်ရက်များတွင် ပြန့်နေသည့် သူမနှင့် ပတ်သတ်သည့် သတင်းများကိုတွေးရင်းနှင့် ရှီမာယူယူကိုကြည့်ရင်း စိတ်ထဲ တွင် ခံစားချက်ပေါင်းများစွာဖြင့် ပြည့်နေသည်။

ဒီလောက်ထူးချွန်တဲ့သူက သူ့ကလေးဆိုတာကို သက်သေရှိသေတယ်။ နှမြောစရာကောင်းတာက ဒီကလေးကို မျိုးနွယ်ကိုပြန်ခေါ်သွားလို့မရဘူး။

“ပြဿနာတစ်ခုခုများရှိလို့လား” ရှီမာယူယူ မေးလိုက်သည်။

“အင်း” ရှီမာလွီယွင်သည် သူမပခုံးကိုကိုင်ပြီး ပျံထွက်သွားလိုက်သည်။

“ခဏလေး” သူ ယူယူ့ကိုခေါ်သွားမည်ဟု ရှောင်ချီမထင်ထားသဖြင့် အချိန်မှီမတားလိုက်နိုင်သဖြင့် သူတို့နောက်လိုက်သွားလေသည်။

အခန်းထဲတွင် တရားထိုင်နေသည့် မုန့်ဆန်းချွယ်သည် ရုတ်တရက် မျက်လုံးဖွင့်ပြီး ပြတင်းပေါက်မှပျံထွက်လိုက်သည်နှင့် ရှီမာလွီယွင်သည် ရှီမာယူယူကိုကိုင်ပြီး အဝေးသို့ပျံထွက်သွားသည်ကိုမြင်လိုက်သဖြင့် သူတို့ နောက်လိုက်သွားလိုက်သည်။

ရှီမာလွီယွင်၏ အားအင်သည် ရှောင်ချီနှင့်မယှဉ်နိုင်သော်လည်း သူ့ အရှိန်နှုန်းမှာ အလွန်မြန်ဆန်သည်။ ရှောင်ချီ သူတို့နောက် ဆက်လိုက်လာရာ လူသူပြတ်လပ်သည့်နေရာသို့ ရောက်လာသည်။

ရှီမာလွီယွင်သည် ရပ်ပြီး ရှီမာယူယူကိုလွှတ်လိုက်သည်။

“ဒါဘယ်နေရာလဲ ကျွန်တော့်ကိုဘာလို့ဒီနေရာကိုခေါ်လာတာလဲ” ရှီမာယူယူသည် သူ့ကိုသတိကပ်ကာ စိုက်ကြည့်လိုက်သည်။

“မင်းကို ပြောကိုပြောရမယ့်ကိစ္စရှိလို့ မင်းကိုလာရှာတာ” ရှီမာလွီဖန် သည် တခြားတစ်ဖက်မှ သူမဆီသို့ပျံလာပြီး သူ့ဘေးတွင် ဆင်းသက်လိုက် သည်။

“တည်းခိုဆောင်မှာပြောမရပဲ ဒီအထိခေါ်လာပြီးပြောမယ့်ကိစ္စက ဘာများပါလိမ့်” ရှီမာယူယူသည် သူမခွင့်ပြုချက်မရှိပဲ ထိုနေရာအထိ ခေါ်လာ သည်အတွက် ဒေါသထွက်မိသည်။

မုန့်ဆန်းချွယ်လည်း လိုက်လာရာ ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် ရှီမာယူယူကို ကြားညှပ်ထားသည်ကိုတွေ့သောအခါ ပြောလိုက်သည် “ခင်ဗျားတို့ကဘယ်သူတွေလဲ ဘာလို့ကျွန်တော့်ဂိုဏ်းကကျောင်းသားကို ဖမ်းရတာလဲ”

“ဒါရိုက်တာမုန့်” မုန့်ဆန်းချွယ်ပါရောက်လာမည်ဟု ရှီမာယူယူ မထင် ထားပေ။

“မုန့်ဆန်းချွယ်လား ကောင်းကင်ဂိုဏ်းရဲ့ ဒါရိုက်တာ” ရှီမာလွီဖန်သည် မုန့်ဆန်းချွယ်အား ကြည့်ပြီးပြောလိုက်သည် “ကျွန်တော်တို့ ယူယူ့ကိုရှာတာ မကောင်းတဲ့ရည်ရွယ်ချက်ကြောင့်မဟုတ်ပါဘူး ကျွန်တော်တို့ကိုရန်လိုစရာ မလိုပါဘူး”

“ယူယူ…” မုန့်ဆန်းချွယ်သည် ရှီမာယူယူဘက်သို့ မျက်လုံးပင့်ကြည့် လိုက်သည်။

ရှီမာယူယူသည် ရှီမာလွီယွင်ဘက်သို့တစ်ချက်ကြည့်ကာ ပြောလိုက် သည် “ဒါရိုက်တာမုန့် သူတို့က ကျွန်တော့်ကိုထိခိုက်အောင်မလုပ်ပါဘူး ဒီမှာ ကျွန်တော့်ဆီကဘာလိုချင်လို့လဲ”

“ယူယူ မင်းအဲလောက်မျက်နှာတင်းထားစရာမလိုပါဘူး မင်းကိုပြော စရာရှိလို့လာရှာတယ်၊ ဒီအဂ္ဂိရတ်ပြိုင်ပွဲမှာ မင်းပထမရမှဖြစ်မယ်” ရှီမာလွီဖန် ပြောလိုက်သည်။

“ဘာလို့လဲ ကျွန်တော် ဘယ်ရလဒ်ပဲရရ ခင်ဗျားတို့နဲ့ဆိုင်လို့လား” ရှီမာယူယူသည် မျက်နှာထားတင်းစွာဖြင့် မေးလေသည်။

“ငါတို့နဲ့ဆိုင်တာပေါ့” ရှီမာလွီဖန် ဆက်ပြောလေသည် “မင်းရဲ့ အဂ္ဂိရတ် ပြိုင်ပွဲက နှစ်ဖွဲ့ခွဲလိမ့်မယ် မင်းက မင်းရဲ့အဖွဲ့သေးထဲမှာ ပထမရမှဖြစ်မယ်”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ပထမဆုက နှစ်တစ်သောင်းရယ်မောခြင်းဗုဒ္ဓအသီး ပဲ မင်းရမှဖြစ်မယ်” ရှီမာလွီယွင် ပြောလိုက်သည်။

“စိတ်မဝင်စားဘူး” သူမသည် ထိုအရာကို မသိချင်ပေ။ ဝိညာဉ်စေတီ အတွင်းတွင် ထိုကဲ့သို့အသီးမျိုးရှိပြီးသားပင်။

“မင်းရမှဖြစ်မယ် ဘာလို့လဲဆိုတာ အဲဒါက မင်းအိမ်ပြန်ရဖို့အတွက် သော့ချက်ပဲ”

***

All Chapters