← Chapters

ဖခင်၏ အသက်ကျောက်စိမ်း

Vol. 011 Ch. 1016

ဖခင်၏ အသက်ကျောက်စိမ်း

Vol. 011 Ch. 1016

ရှီမာယူယူသည် ရှီမာလွီယွင်စားစိုက်ကြည့်ပြီး ခေတ္တမျှတိတ်သွားကာ ပြောလေသည် “ကျွန်တော်အိမ်မပြန်ချင်ဘူးဆိုတာ ရှင်းအောင်ပြောပြီးပါပြီ”

“မင်းက ပြန်ဖို့လိုပေမယ့် မင်းအဖေကတော့ ပြန်ရမယ်လေ” ရှီမာလွီယွင် ဆက်ပြောလေသည် “မင်းအဖေက နှစ်တစ်သောင်းရယ်မောခြင်း ဗုဒ္ဓအသီးရမှာပဲ ပြန်လာလို့ရမှာ”

“ဘာကိုဆိုလိုတာလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။

“အရင်တုန်းက မင်းအဖေက မင်းအမေကြောင့်အိမ်ကနေနှင်ထုတ်ခံရ တာလ ဒါပေမဲ့ သူကမျိုးနွယ်ကိုအရမ်းချစ်တဲ့အတွက်ကြောင့် မျိုးနွယ်က သူ့ရဲ့ အရင်းအမြစ်ဆိုတာကို အရင်ကပြောဖူးတယ်” ရှီမာလွီဖန် ပြောလေသည်။

“အဲဒါက နှစ်တစ်သောင်းရယ်မောခြင်းဗုဒ္ဓအသီးနဲ့ဘာဆိုင်လို့လဲ”

“မင်းမိဘတွေကြောင့် မျိုးနွယ်ထဲက အစွမ်းရှိပြီး သြဇာကြီးမားတဲ့လူ တစ်ယောက်ထိခိုက်သွားတယ်၊ သူပြန်မကောင်းဘူးဆိုရင် မင်းအဖေက ပြန် လာလို့မရဘူး၊ သူပြန်ကောင်းသွားပြီဆိုရင် မင်းအဖေလည်းပြန်လာချင်တယ် ဆိုရင် မျှော်လင့်ချက်အရိပ်အယောင်ရှိသေးတယ်”

“ကျွန်တော့်အဖေကပြန်လာချင်ရင်ဆိုတာက ဘာကိုဆိုလိုတာလဲ သူ အခုဘယ်မှာလဲ” ရှီမာယူယူသည် နမိတ်မကောင်းမှုကို ကြိုမြင်နေရသလိုပင်။

ရှီမာလွီယွင်သည် ခေတ္တမျှတွေဝေသွားပြီးနောက် ပြောလိုက်သည် “မင်း ကိုမင်းအဖေခေါ်သွားပြီးနောက်ပိုင်း သူဘယ်တော့မှပြန်မလာခဲ့ဘူး၊ သူ ဘယ်မှာလဲဆိုတာ ငါတို့လည်းမသိဘူး သူ့ကိုရှာနေတာ၁၀နှစ်ကျောင်ပြီ ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး”

ထင်ထားတဲ့အတိုင်းပဲ….

ရှီမာယူယူ၏ ရင်ထဲတွင်စူးနစ်သွားကာ မေးလိုက်သည် “သူအခု အသက်ရှင်သေးလား”

“အခြေအနေက အခုတော့မကောင်းဘူး” ရှီမာလွီယွင်သည် သေတ္တာ တစ်လုံးထုတ်ပြီးဖွင့်လိုက်ရာ ရှီမာလွီရွှမ်၏ အသက်ကျောက်စိမ်းပြားသည် အထဲတွင်ရှိနေသည်။ ထိုကျောက်စိမ်းသည် လုံးဝပျက်ဆီးသွားသည်တော့ မဟုတ်ပဲ ကွဲအက်ရာများဖြင့်ပြည့်နေသည်။

ရှီမာယူယူ ထိုအသက်ကျောက်စိမ်းကိုမြင်လိုက်သည်နှင့် ငြိမ်သက်ခြင်း အာရုံကိုခံစားမိကာ ရင်ထဲတွင် စူးရှစွာနာကျင်သွားသည်။

“အဖေ….” သူမသည် လက်များကိုဆန့်ထုတ်ကာ အသက်ကျောက်စိမ်း ကိုထိတွေ့ရာ လုံးဝပျက်ဆီးခြင်းမဟုတ်သည့်အတွက်ကြောင့် နွေးထွေးမှုရှိ နေသေးသည် “ဒါဘယ်တုန်းကဖြစ်သွားတာလဲ”

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က” ရှီမာလွီဖန် ဆက်ပြောလေသည် “မျိုးနွယ် ရဲ့ ပင်မတပည့်တွေက အကောင်းဆုံးကျောက်စိမ်းကိုသုံးတယ်၊ ဒါက အသက်ဝင်တယ်၊ ပိုင်ရှင်ကပြန်ကောင်းသွားရင် ကွဲအက်ရာတွေက သူ့အလိုလို ပြန်ကောင်းသွားမှာ”

“အဲတော့ ကျွန်တော့်အဖေက ဆိုးဆိုးရွားရွားထိခိုက်ထားပြီး ဒီလောက် နှစ်တွေကြာတောင် ပြန်မကောင်းသေးပဲ အဲအတိုင်းပဲဖြစ်နေတာပေါ့” ရှီမာယူယူ၏ မျက်လုံးများသည် ဝိုးတိုးဝါးတားဖြစ်လာသည်။ ဝိညာဉ်သခင် တစ်ယောက်ကို နှစ်ပေါင်းများစွာ ပြန်မကောင်းအောင်လုပ်နိုင်သည့် ပတ်ဝန်း ကျင်တစ်ခုကို သူမ တွေးလို့ပင်မရပေ။

“ငါတို့ သတင်းတချို့သိထားတယ်၊ သူ့ကိုရှာမတွေ့ပေမယ့် သူပျောက် မသွားခင်ကို သဲလွန်စတွေ့ထားတယ်” ရှီမာလွီဖန် သူမကို နှစ်သိမ့်လေ သည်။

ရှီမာယူယူသည် မျက်လုံးပင့်ပြီး သူ့ကိုမှေးမှိန်စွာကြည့်လေသည်။ သူ့ မျက်နှာမှ စိုးရိမ်မှုများသည် အစစ်အမှန်ဖြစ်သည်။

သူမသည် ပင့်သက်ပြင်းပြင်းရှိုက်ကာ စိတ်ငြိမ်အောင်ပြုလုပ်လိုက်ပြီး ပြောလိုက်သည် “အဲသတင်းကိုကျွန်တော့်ကိုပြောပြပါ”

“မရဘူး” ရှီမာလွီယွင်သည် တွေဝေခြင်းမရှိ ငြင်းဆန်လိုက်သည်။  “အဲဒါတွေက မင်းထိလို့ရတဲ့ဟာတွေမဟုတ်ဘူး မင်းအရွယ်ရောက်လာလို့ ဒါမှမဟုတ်ရင် မျိုးနွယ်ကိုပြန်လာလို့ရတဲ့တစ်နေ့မှ သိရလည်းနောက်မကျပါ ဘူး”

“ကျွန်တော့်ကိုပြောပြပါ” ရှီမာယူယူသည် သူ့ကို မြဲမြံစွာကြည့်လေ သည်။

“မင်းရယ်မောခြင်းဗုဒ္ဓအသီးရပြီးမှပဲ မင်းသိလို့ရမယ့် တချို့အရာတွေကို ပြောပြမယ်” ရှီမာလွီယွင် ဆက်ပြောလေသည် “မဟုတ်ရင် အဲဒီအန္တရာယ် များတဲ့ကိစ္စတွေကို မင်းကိုမပြောပြနိုင်ဘူး”

ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ပြောလိုက်သည် “ကျွန်တော်က နှစ် တစ်သောင်းရယ်မောခြင်းဗုဒ္ဓအသီးပေးမှ ပြောပြမယ်ပေါ့ဟုတ်လား”

“ဟုတ်တယ်”

ရှီမာယူယူသည် စိတ်ကူးကြည့်လိုက်ရာ နှစ်တစ်သောင်းရယ်မောခြင်း ဗုဒ္ဓအသီးနှင့်တူသော အသီးတစ်လုံးသည် သူမလက်တွင်ပေါ်လာသည်။ သူမ ပြောလိုက်သည် “အခု ကျွန်တော့်ကိုပြောပြပါတော့”

“….”

ရှီမာလွီယွင်သည် မှင်တက်သွားကာ သူမကိုပြောပြမည့် သတင်းများ ကိုရွေးပြောလိုက်သည်။ နာရီဝက်အကြာတွင် သူတို့စကားဝိုင်းအဆုံးသတ် သွားလေသည်။

“ကျွန်တော့်ကိုပြောတဲ့ သတင်းတွေကအဖေနဲ့ ဆက်စပ်မှုလည်းမရှိဘူး” ရှီမာယူယူသည် မကျေနပ်သေးပေ။

“မင်းကိုပြောသားပဲ မင်းအရွယ်မရောက်ခင်ကို စွန့်စားခွင့်မပြုနိုင်ဘူးလို့” ရှီမာလွီယွင်သည် တင်းခံနေသည် “သူ့သမီးကိုကာကွယ်ပါ့မယ်လို့ သူ့ကို ကတိပေးထားတယ်”

“ကျွန်တော် ကိုယ့်ဘာသာသိအောင်လုပ်မယ်” ရှီမာယူယူ ဆက်ပြော လေသည် “ခင်ဗျားတို့ကျွန်တော့်ကိုပေးတဲ့ သတင်းတွေကနေ”

“မလုပ်တာကောင်းမယ်” ရှီမာလွီဖန် ဆက်ပြောလေသည် “ငါတို့ဆီမှာ မင်းထက်ကျယ်ပြန့်တဲ့ ကွန်ရက်ရှိတယ်၊ ဒါပေမဲ့ ဒီအနှစ်၃၀အတွင်းမှာ ဘာ သတင်းမှမရခဲ့ဘူး၊ မင်းဘယ်လိုခံစားနေရလဲဆိုတာ ငါတို့နားလည်ပါတယ် ဒါပေမဲ့ အခုမင်းရဲ့လက်ရှိမစ်ရှင်က ပိုပြီးအားကောင်းအောင်လုပ်ရမယ်၊ အဲဒါ မှ မင်းမျိုးနွယ်ကိုပြန်လာနိုင်ပြီး မင်းအဖေကိုရှာတွေ့တဲ့အချိန်မှာလည်း အရမ်း မခံစားရမှာ”

“ငါတို့သူ့ကိုရှာတွေ့ရင် မင်းကိုလူလွှတ်ပြီးသတင်းပို့လိုက်ပါမယ်” ရှီမာလွီယွင် ပြောလေသည်။

“ကျွန်တော်က ခင်ဗျားတို့ကို ဘယ်လိုယုံရမှာလဲ”

“မင်းက သာမန်လူသာဆိုရင် မင်းကိုသာမန်ဘဝမှာပဲ ဆက်နေခိုင်းမှာပဲ ဒါပေမဲ့ မင်းကမဟုတ်ဘူး မင်းလုပ်တဲ့ကိစ္စတွေ မင်းမှာရှိတဲ့အင်အားတွေက မင်းကသာမန်လူမဟုတ်ဘူးဆိုတာကို ပြနေတယ်၊ မင်းကိုဖုံးကွယ်မယ့်အစား ပြောပြတာကပိုကောင်းလိမ့်မယ်” ရှီမာလွီယွင် ပြောလေသည်။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်စကားပြောရဦးမှာလား” ရှီမာယူယူ ဟင်းခနဲပြုလုပ်လေသည်။

“မင်းက သူ့သမီးပဲ” ရှီမာလွီယွင်သည် တောင်းဆိုမှုပြုလုပ်နေသော် လည်း ရှီမာယူယူကို မကျေမနပ်မဖြစ်ပေ  “မင်း ဦးလေးလွီဖန် ပြောတာမှန် တယ် မင်းရဲ့စိတ်ကို မဖြစ်နိုင်တဲ့ရှာဖွေမှုမှာမသုံးသင့်ဘူး မင်းအားတိုးလာဖို့ပဲ လုပ်ရမယ်၊ မင်းက ထက်မြက်ပါတယ် ဒီအကြောင်းအရင်းကိုလည်း နားလည် မှာပါ”

ရှီမာယူယူသည် ခေတ္တမျှတိတ်သွားပြီးနောက်တွင် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်တော်တောင်းဆိုစရာတစ်ခုရှိတယ်”

“ဘာလဲ”

“ကျွန်တော့်ကိုအသက်ကျောက်စိမ်းပေး”

ရှီမာလွီယွင်သည် ခေတ္တမျှတိတ်သွားပြီးနောက် သေတ္တာကိုလွှဲပေး လိုက်သည်။

“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် အနည်းငယ်တုန်ယင်နေသော လက်များဖြင့် ဂရုတစိုက်ယူလိုက်သည်။

“မင်းမသန်မာလာခင်ကို မျိုးနွယ်က မင်းအကြောင်းမသိတာကောင်း မယ်၊ တိမ်ပင်လယ်မြို့ကကိစ္စတွေကို မင်းအတွက်နဲ့ ငါတို့ဖုံးကွယ်ပေးထား မယ် ဒါပေမဲ့ မင်းတစ်ယောက်တည်းအပြင်သွားရင်လည်း ဂရုစိုက်ရမယ်၊ မျိုးနွယ်ထဲမှာ မင်းပြန်လာတာကို လိုချင်တဲ့သူ ဘယ်သူမှမရှိဘူး” ရှီမာလွီယွင် ဆက်ပြောလေသည် “တကယ်လို့ ငါမင်းကိုလူလွှတ်ရှာရင် သူဒါကိုကိုင်ထား လိမ့်မယ် ဒါကလွဲပြီး မင်းဆီကိုလာတဲ့ဘယ်သူ့ကိုမဆိုမယုံနဲ့”

ပြောပြီးနောက်တွင် သူ ကျောက်စိမ်းပြားတစ်ခုထုတ်ကာ တစ်ဝက်ပိုင်း လိုက်ပြီး တစ်ဝက်ကို သူမကိုပေးကာ ကျန်တစ်ဝက်ကို သူသိမ်းလိုက်သည်။

ရှီမာယူယူသည် သူဂရုတစိုက်ရှိသည်ကိုမြင်သောအခါ အခြေအနေများ သည် သူမခန့်မှန်းသည်ထက် ပို၍ရှုပ်ထွေးသည်ကို နားလည်လိုက်သဖြင့် ခေါင်းညိတ်လိုက်သည်။

“မင်းကလိမ္မာတဲ့ မိန်းကလေးပဲ သူမင်းကို အရမ်းတွေ့ချင်နေမှာ သေချာတယ်” ရှီမာလွီယွင်သည် ဆက်ပြောလေသည် “ငါတို့သတင်းကို စောင့်နေ”

“အင်း” ရှီမာယူယူသည် ကျိုးနွံစွာပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် မျိုးဆက်ငယ်မှ မျိုးဆက်အကြီးကို ဆက်ဆံသည့်ပုံရိပ်မျိုးဖြစ်သွားသည်။

ရှီမာလွီယွင်၏ နှုတ်ခမ်းမှာတွန့်တက်သွားပြီး ခပ်သဲ့သဲ့ပြုံးလိုက်သည်။ သူ စာအုပ်တစ်အုပ်ထုတ်ပြီး ပြောလိုက်သည် “မင်းအချိန်ရရင် ဒါကိုလေ့လာ ထားပါ”

ရှီမာယူယူသည် ပထမစာမျက်နှာကိုလှန်လိုက်ရာ စာလုံးကြီးလေးလုံး ရှိနေသည်… ရှီမာမျိုးနွယ်

“ဒါက မျိုးနွယ်ရဲ့သမိုင်းကြောင်းလား”

“ဟုတ်တယ် ဒါကပင်မအကြောင်းအကုန်လုံးပဲ ဒီကနေပြီးတော့ မျိုးနွယ် ဝင်တွေ၊ မျိုးနွယ်အကြောင်းကိုသင်ယူလို့ရတယ်”

“ကောင်းပါပြီ”

“တစ်ခုခုရှိရင် ဒါကိုသုံးပြီး ငါနဲ့ လွီဖန်ကိုဆက်သွယ်လို့ရတယ်၊ တခြား သူတွေကို လက်လွတ်စပယ်သွားမရှာနဲ့” ရှီမာလွီယွင်သည် သူမကို နောက် သေတ္တာတစ်လုံးပေးလိုက်သည်။

ရှီမာယူယူ သေတ္တာကိုယူလိုက်သည်။

ရှီမာလွီယွင်သည် လက်ကိုဆန့်ကာ ရှီမာယူယူ၏ ခေါင်းကိုရိုက်လိုက် သည် ။ရှီမာယူယူသည် သူမမှတ်ဉာဏ်ထဲတွင် နောက်ပုံရိပ်တစ်ခုရှိသလို ခံစားလိုက်ရသည်။

“ဦးလေးလွီယွင်လား” ရှီမာယူယူသည် မျက်လုံးပြူးများဖြင့် သူ့ကို စိုက်ကြည့်လေသည်။

ရှီမာလွီယွင်သည် ဘာမှမပြောပဲနှင့် ရှီမာလွီဖန်နှင့်အတူ အဝေးသို့ ပျံ သွားလေသည်။

***

All Chapters