← Chapters

အခန်း (၇၆၀)

Vol. 51 Ch. 760

အခန်း (၇၆၀)

Vol. 51 Ch. 760

#ဘာသာပြန် = စနိုးဝှိုက်

"ငါ သီချင်းတစ်ပုဒ်ကို..ထောက်ခံပေးချင်တယ်..။အဲတာက နှုတ်ဆက်အနမ်း ဆိုတဲ့ သီချင်းပဲ..။ပြီးတော့..သီချင်း တင်တဲ့ နေရာတိုင်းမှာ ရောက်နေပြီ..."

"ဒါက မာစတာလင်း အသန်မာဆုံး ကောင်းကင်သံစဥ်ပြိုင်ပွဲမှာ ဆိုခဲ့တဲ့ သီချင်းလေ..။ဒါပေမဲ့..သူက..ဒီသီချင်းကို..ဘာ သံစဥ်မှ မပါပဲ သီဆိုခဲ့တာ..။အခုက..သံစဥ်တွေနဲ့ပါ..ထွက်လာပြီ ဆိုတော့..ကမ္ဘာကျော်သွားမှာ ကျိန်းသေပဲ.."

"မင်း အရှက်မရချင်ဘူးဆိုရင် အဲ့သီချင်းကို နားမထောင်နဲ့..။တကယ်လို့ မင်းနားထောင်ချင်တယ် ဆိုရင်လည်း တစ်ယောက်တည်း နားထောင်..။ပြီးမှ သတိမပေးဘူးလို့ မပြောနဲ့နော်..."

"ငါ မာစတာလင်းရဲ့ သီချင်းတွေကို ကြားရဖို့ ဒူးထောင်ဆိုရင်လည်း ဒူးထောက်ပါ့မယ်..။မာစတာလင်းက ဒီသီချင်းတစ်ပုဒ်တည်းကိုပဲ..သီဆိုတယ် ဆိုတာ မဖြစ်သင့်ဘူးလေ.."

"မာစတာလင်းက..သီချင်း အနည်းငယ်ကို ရေးခဲ့တာပဲ..။ဒါပေမဲ့ သူ သီဆိုတဲ့ သီချင်းဆိုလို့ ဒီတစ်ပုဒ်တည်း ရှိတယိလေ..."

ဒီသီချင်းအကြောင်း ဆွေးနွေးမူတွေက အတော်ကို များပြားနေခဲ့တယ်..။လူတိုင်းက သီချင်းအပေါ်ကို ထောက်ခံချက်ပေးနေခဲ့ကြပါတယ်..။

ဝိုက်ဘိုတွင်..။

"နှုတ်ဆက် အနမ်း သီချင်း ထွက်လာတဲ့ အချိန်မှာတော့ တစ်ခြား သီချင်းတွေဟာ အပိုသက်သက်ပဲ.."

သတင်းရဲ့ ခေါင်းကြီးပိုင်းမှာ..ဒီလို ခေါင်းစဥ်က နေရာယူထားခဲ့ပါတယ်..။တစ်ချို့ အောင်မြင်တဲ့ အဆိုတော်တွေဟာ..ဒီလို ခေါင်းစဥ်မျိုးကို မြင်ပြီး စိတ်မသက်မသာ ခံစားနေကြရတယ်..။သို့ပေမယ့် သူတို့ ဘာတစ်ခွန်းမှ ဝင်မပြောရဲ့ကြပါဘူး..။

သူတို့ သီချင်းကို နားထောင်ပြီးသွား ကြပါပြီ..။သီချင်း ဆုံးသွားတဲ့ အချိန်မှာတော့ သူတို့ အကုန်လုံးက မျက်ရည်နဲ့ မျက်ခွက်တွေချည်းပါပဲ..။သူတို့ အတွက်ကတော့ ဒီသီချင်းက အတော်ကို မှော်ဆန်ပါတယ်..။ပြီးတော့..ဒီသီချင်းက..သူတို့ရဲ့ ဘဝကိုတောင်..ဝင်ရောက်စွတ်ဖက် သွားသလိုပါပဲ..။

QQ ဂီတ..။

Netease ဂီတ...။

…

နှုတ်ဆက်အနမ်း သီချင်းက..ဒီဇယားတွေရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နေခဲ့ပါတယ်..။ပြီးတော့..ဒါက..ဆက်တိုက် အထက်ပိုင်းကို မြင့်တက်လာခဲ့တယ်..။တစ်ညတည်းမှာပဲ..ဒီသီချင်းကို ဒေါင်းလော့ဆွဲတဲ့ အရေအတွက်က. .လူ သန်း ၂၀ ကျော် ရှိပါတယ်..။

ဒါက..အတော် ကြောက်ဖို့ကောင်းတယ် လို့တောင် ပြောလို့ရပါတယ်..။

ပြီးတော့ ဒီသီချင်းကို..နားထောင်ခဲ့တဲ့ အရေအတွက်ကလည်း တကယ်ကို ကြောက်စရာပါပဲ..။ဒါက အကြိမ်ရေ ပေါင်း သန်း ၁၆၀ အထိ ရှိပါတယ်..။

သီချင်းတစ်ပုဒ် အကြောင်းကို ပြောမယ် ဆိုရင် နံပါတ်တွေက မပါမဖြစ်ပါပဲ..။ဒါက တကယ်ကို ကြောက်ဖို့ ကောင်းပါတယ်..။

အရှေ့ဘက် ဟန် အုပ်စု..။

ဝမ်မင်ယန် သူ့ သီချင်းရဲ့ ရလာဒ်ကို တွေ့လိုက်တဲ့ အချိန်မှာ သူချက်ချင်းပဲ..သူ့ညီအစ်ကိုကို ဖုန်းခေါ်လိုက်ပါတယ်..။

"ဟေး .ညီအစ်ကို..ဆုံးရှုံးပြီ...အကြီးကြီး ဆုံးရှုံးပြီ.."

"ဘာဖြစ်လို့လဲ..။ဘာတွေ ဆုံးရှုံးနေတာလဲ.."

"မင်းဟာမင်း အဆင့်သတ်မှတ်ချက်တွေကို ကြည့်လိုက်ဦး..။တကယ်လိူ့ ငါ တို့ အယ်လ်ဘမ်တစ်ခု သာ လုပ်လိုက်ရင် ဘယ်လောက်တောင် ချမ်းသာလိုက်မလဲ ဆိုတာကို..."

"ချမ်းသာ ဖို့ အကြောင်းပဲ..တွေးမနေနဲ့..။ခင်ဗျား မျက်လုံးတွေက ဘာလိူ့ ပိုက်ဆံတစ်ခုတည်းကိုပဲ..မြင်နေရတာလဲ.."

"ငါသာ ပိုက်ဆံမရှာနိုင်မယ်...မင်းတို့အပေါ်မှာ ဘယ်လိုလုပ် လက်ဖွာနိုင်တော့မှာလဲ..။ငါ့အပေါ်မှာ ဖိအားတွေ ဘယ်လောက်တောင်ရှိလဲ ဆိုတာကိုရော မင်းသိရဲ့လား.."

"ငါ့ရဲ့ သောက်ကျိုးနဲ ဒေါ် လာ က အခုတော့..မြောင်းထဲရောက်သွားပြီ..။ဘယ်လိူလုပ်မလဲ..."

"တကယ်မှားသွားတာပဲ.."

…

လင်းဖန်ကတော့ ဒီလို ရလာဒ်ထွက်လာမယ် ဆိုတာကို မျှော်လင့်ထားပြီးသားပါ..။တကယ်လို့ သူ့ရဲ့ သီချင်းက ဒီလောက်အဆင့်ကိုတောင် မရောက်နိုင်ဘူးဆိုရင် စွယ်စုံကျမ်းဆိုတာက အလကား သက်သက်အရာ တစ်ခုလိုဖြစ်သွားမှာပါ..။

ထပ်ပြောရရင်..ဒီရလာဒ်တွေက မြင့်တယ်လို့ ပြောလို့ မရသေးပါဘူး..။သူ့ရဲ့ ရည်မှန်းချက်က ဒီထက်ပိုမြင့်တဲ့ အဆင့်တွေကို ရောက်နိုင်ဖို့ပါ..။

တိမ်ဖြူလမ်းတွင်..။

လင်းဖန် သတင်းတွေကို ဖတ်ပြီး သဘောကျစွာ ပြုံးနေခဲ့တယ်..။ဒါက..သူ့ရဲ့ မစ်ရှင်အတွက် လုပ်နေရတာ ဖြစ်ပေမယ့်..ဒီလို အောင်မြင်မူရလာဒ်က သူ့ကို ကျေနပ်စေပါတယ်..။

ဝူရွှန်းယွဲ့ ဖုန်းခေါ်လာခဲ့တယ်..။

"အစ်ကိုလင်း..ဂုဏ်ယူပါတယ်..."

"ဟီးဟီး..ဘယ်လိုနေလဲ..။ကောင်းလား မကောင်းဘူးလား.."

"ကောင်းတယ်...အရမ်းကောင်းတယ်..။အစ်ကိုလင်း သီချင်းဆိုတာ ဒီလောက်ကောင်းလိမ့်မယ်လို့ ညီမတကယ် မထင်ထားခဲ့ဘူး..။အရင်တုန်းက ဆိုရင်..အစ်ကိုလင်း ပေးတဲ့ သီချင်းတွေကိုပဲ ဆိုဖူးပေမယ့် အခုတော့ မတူတော့ဘူးလေ..။ညီမက အစ်ကိုလင်း ရေးပေးတဲ့ သီချင်းတွေကို အပြည့်အဝ ထိရောက်အောင် မဆိုနိုင်ဘူးလိူ့တောင် ခံစားနေရတယ်..။မဟုတ်ဘူး..အခုက စပြီး ညီမ ပိုကြိုးစားမှ ဖြစ်တော့မယ်.."

ဝူရွှန်းယွဲ့ ပြောလိုက်တာပါ..။

သူမ နှုတ်ဆက် အနမ်း သီချင်းကို ကြားတဲ့ အချိန်မှာ..သီချင်းက သူမစိတ်ထဲမှာ စွဲနေခဲ့ပါတယ်..။

အစကတော့..သူမ အစ်ကိုလင်းရေးပေးတဲ့ သီချင်းတွေကို အပြည့်အဝ ပုံဖော်ပြီး သီချင်နိုင်ခဲ့တယ် လို့ပဲ ယူဆထားခဲ့တာပါ..။သို့ပေမယ့် အခုကြည့်ရတာတော့..သူမက အစ်ကိုလင်းရဲ့ ခြေဖျားကိုတောင် မမှီပါဘူး..။ဒါက နှိုင်းယှဥ်လို့တောင် မရပေ.."

လင်းဖန် ပြောလိုက်တယ်..။

"တကယ်တော့ မင်းဆိုတာကလည်း အတော်ကောငိးနေပါပြီ..။ကိုယ့်ကိုကို အစ်ကိုလင်းနဲ့ မနှိုင်းယှဥ်နဲ့..။ငါက..မော့ကြည့်ဖို့ မဖြစ်နိုင်တဲ့ တောင်ကြီး တစ်တောင်ပဲ..။နားလည်ရဲ့လား.."

"အစ်ကိုလင်း..ဒီလို ပြောတာက ညီမကို နာကျင်ရတယ်နော်..။အနည်းဆုံးတော့..ညီမက်ို တွန်းအားပေးသင့်တယ်လေ.."

"ဟားဟား.."

လင်းဖန် သူမ နဲ့အချိန်အတော်ကြာအောင် ပြောပြီးနောက်မှာ ဖုန်းချလိုက်ပါတယ်..။

ယင်းနောက် သူ..ဝက်ဆိုဒ်ပေ့ချ် တွေကို ရှာကြည့်လိုက်တဲ့ အချိန်မှာ..သူ့မှာ ပရိတ်သတ်တွေ ရှိနေပြီ ဆိုတာကို သိလိုက်ပါတယ်..။

ဒီလိူ အဆင့်အထိ ရောက်လာတာက တကယ်ကိုကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါ..။

သို့ပေမယ့် သူ့ရဲ့ မစ်ရှင်က ဘာလို့ ဒီချိန်အထိ မပြီးမြောက်သေးတာလဲ သူနားမလည်တော့ပါဘူး..။ဒါက တကယ်ကို မဖြစ်နိုင်ပေ..။

သူက ဒီလောက်အထိ ကြိုးစား လုပ်ထားတာတောင် မစ်ရှင်က မပြည့်သေးပါဘူး..။ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ..။

"ဆရာ.."

အဲ့အချိန်မှာပဲ သိပ်မဝေးတဲ့ နေရာကနေ ကျိုးမင်ချင်းရဲ့ အသံကို ကြားလိုက်ရတယ်..။

လင်းဖန် ကြောင်အသွားခဲ့ပါတယ်..။သူ စိတ်ထဲမှာ ဝမ်းသာ သွားခဲ့ပြီး..

"မင်ချင်း ဘယ်တုန်းက ပြန်ရောက်တာလဲ.."

ကျိူးမင်ချင်း ရယ်မောပြီး ပြောလိုက်တယ်..။

"ဆရာ့ရဲ့ တပည့်က ဒီနေ့ပဲ ပြန်ရောက်တာလေ..။ကျွန်လေဆိပ်ကနေပြီးတော့ ဒီကို သတင်းပို့ဖို့ တန်းလာခဲ့တာ.."

လင်းဖန် ကျိူးမင်ချင်းရဲ့ အသွင်အပြင်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ခင်ဗျားက အသားတွေ မဲပြီး ပိန်တောင် ပိန်လာပါလား..။ကြည့်ရတာ အတော်ခက်ခဲခဲ့တယ် ထင်တယ်..."

ကျိူးမင်ချင်း ပြောလိူက်တယ်..။

"ဒီလောက်တော့ မခက်ခဲပါဘူး..ဒါပေမဲ့ တောင်တန်းဒေသတွေက လမ်းလျောက်ဖို့တော့ အတော်ခက်ခဲတယ်.."

ယင်းနောက် သူ့ရဲ့ မိတ်ဆွေ နဲ့ သူ မိတ်ဆက်ပေးလိုက်ပါတယ်..။

"ဆရာ ဒါက နှုတ်ဆိတ်တဲ့ အန်ကယ်လေ...။သူက ရှန် ဟိုင်းမှာ သူ့ရဲ့ သမီးကို ရှာဖို့ လိုက်လာခဲ့တာ..."

လင်းဖန် ကျိုးမင်ချင်း ဘေးနားက လူအိူကြီးကို ကြည့်လိုက်တယ်..။သူ့ကြည့်ရတာတော့ အနည်းဆုံး အသက် ၇၀ လောက်ရှိနေပါပြီ..။ယင်းနောက် သူ နှုတ်ဆက်လိုကိတယ်..။

"ဟဲလို..နှုတ်ဆိတ်တဲ့ အန်ကယ်..."

နှုတ်ဆိတ်တဲ့ အန်ကယ်ဟာ လက်ကို ဝေ့ယမ်းပြပြီး ပြန်နှုတ်ဆက်လိုက်တယ်..။သူ့ပါးစပ်ကတော့..'အ.အာ..အ.." ဆိုတဲ့ စကားလုံးတွေပဲ..ထွက်လာနေခဲ့ပါတယ်..။ကြည့်ရတာ သူက လင်းဖန်ကို နှုတ်ဆက်ဖို့ ကြိုးစားနေသလိုပါပဲ..။

"ဒီတစ်ခေါက်ပြန်လာ အပြီးမှာတော့ ခင်ဗျား ထပ်မသွားတော့ဘူးမလား.."

လင်းဖန် မေးလိုက်တာပါ..။

ကျိူးမင်ချင်း ပြောလိုက်တယ်..။

"ကျွန်တော် ဒီနှစ်ထဲတော့ ပြန်မသွားတော့ဘူး ဒါပေမဲ့ နောက်နှစ်ကြရင်တော့ ပြန်သွားဖို့ အစီစဥ် ရှိတယ်..။ဟိုမှာ ရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မူတွေက အရမ်း ချို့တဲ့ တယ်လေ..။ကျွန်တော် ဝ်ိုက်ဘိူကနေတဆင့် အကူညီတစ်ချို့တောင်းပြီး နောက်နှစ်မှာ ပြန်သွားဖို့ စီစဥ်ထားတယ်..။ကျွန်တော် ဆေးဝါး ကိရိယာတွေကို ပါ ယူသွားနိုင်အောင် ကြိူးစားမယ်လေ.."

လင်းဖန် ကျိုးမင်ချင်းရဲ့ ပုခုံးကို ပုတ်ပြီး ​ပြောလိုက်တယ်..။

"ကောငိးပြီလေ.ဒါပေမဲ့ ခင်ဗျား ကိူယ့်ခန္တာကိုယ်လည်း ဂရုစိူက်ဦး..။အရမ်း တွန်းအားမပေးနဲ့..."

သူ့ဆရာရဲ့ စိုးရမ်မူကြောင့် ကျိူးမင်ချင်း ပျော်ရွှင်သွားခဲ့ပါတယ်..။သူ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"သိပါပြီ ..ဆရာ..."

ယင်းနောက် လင်းဖန် နှုတ်ဆိတ်သော အန်ကယ် ကို ကြည့်ကာ မေးလိုက်ပါတယ်..။

"ခင်ဗျား သမီးက ဘယ်မှာလဲ.."

ကျိူးမင်ချင်း ပြောလိုက်တယ်..။

"ကျွန်တော် ရွာက လူတွေပြောတာကို ကြားတာတော့ သူ့သမီးက ရှန်ဟိုင်းက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်လို့ ပြောတာပဲ..။ကျွန်တော်ထင်တာတော့..သူမက..ရှန်ဟိုင်း TV က အစီစဥ် တငိဆက်သူ တစ်ယောက် ဖြစ်မယ်လို့ ထင်တယ်..."

လသ်းဖန် ကြောင်အသွားခဲ့တယ်..။ရှန်ဟိုင်း TV မှာ အလုပ်လုပ်နေတယ် ဆိုတာက သိပ်ပြီးတော့..မလျော်ညီတဲ့ အရာတစ်ခုပါပဲ..။

နှုတ်ဆိတ်သော အန်ကယ် ရဲ့ ဟောင်းနွမ်းနေတဲ့ အင်္ကျီတွေကို ကြည့်ရင်တောင် ဒါက ပြောနိုင်ပါတယ်..။

တကယ်လို့ သူ့မှာသာ ဒီလို သမီးမျိုးရှ်ိရင် ဒီအခြေအနေကို ရောက်နေမှာ မဟုတ်ပေ..။

ကျိုးမင်ချင်း သူ့ ဆရာရဲ့ သံသယ အကြည့်တွေကို မြင်ကာ ပြောလိုက်တယ်..။

"ဆရာ ကျွန်တော် ရွာသားတွေကို မေးပြီးပြီ..။သူ့ရဲ့ သမီးက တစ်ချိန်လုံး ရှန်ဟိုင်းမှာပဲ..နေနေတာတဲ့..။ဒါပေမဲ့ သူတို့နောက်ဆုံး ဆက်သွယ်ခဲ့တာက လွန်ခဲ့တဲ့ ၂ နှစ်ကလေ..။ပြီးတဲ့နောက်မှာ ဘာအဆက်အသွယ်မှ မရတော့ဘူး..။နှုတ်ဆိတ်သော အန်ကယ်က.. ဒါက စိတ်ပူနေခဲ့တာလေ..။ဒါကြောင့် ကျွန်တော်က ရှန်ဟိုင်းကမှန်း သိတာနဲ့ ချက်ချင်းလိုက်လာခဲ့တာ.."

"အာ..ကျွန်တော်လည်း..သူ့သမီးက ဘယ်လိူ အခြေအနေ ရှိလဲတော့ မသိဘူး..။သူမက အလုပ်ရှုပ်နေတယ် ဆိုရင် တောင် ၂ နှစ်လုံးလုံးတော့..ဖုန်းမဆက်ပဲ နေမှာ မဟုတ်ဘူးလေ..။တကယ်လို့ ကျွန်တော့် ကလေးတွေသာ ဒီလိူ လုပ်ရင် သူတို့ခြေထောက်တွေကို ရိုက်ချိုးပြီးနေလောက်ပြီ..."

လငိးဖန် တီးတိုးပြောလိုက်တယ်..။

"မင်ချင်း..ကျုပ်ကတော့ ..ဒီမိန်းကလေးက နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးအရင်း မဖြစ်လောက်ဘူးလို့ထင်တယ်နော်..။သူ့ကိုပဲ..ကြည့်လေ..သူ့ တစ်ဘဝလုံးမှာ သားလည်းမရှိဘူး သမီးလည်း မရှိဘူး..။ကျုပ်ထင်တာတော့ သူမကို မွေးစားထားတာဖြစ်မယ်.."

ကျိူးမင်ချင်း သူ့ဆရာ ရဲ့အကြောင်းကို သိတော့ ဘာသံသယမှ မရှိပါဘူး.။သူ ပြောလိုက်တယ်..။

"ဆရာ..ကျွန်တော် ရွာသားတွေဆီက ကြားတာကတော့..သူက လွန်ခဲ့တဲ့ အနှစ် ၂၀ က ကလေးကို လမ်းဘေးက ကောက်ရပြီး ကိုယ်တိုင် မွေးခဲ့တာလို့ ပြောတာပဲ..။သူက သူမကို ဒီအခြေအနေထိ ရောက်အောင် ပျိုးထောင်ခဲ့တာ..။သူမက လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး..မဆက်သွယ်ဘူးဆိုတော့ တစ်ခုခု ဖြစ်နေမှာတောင် စိုးရိမ်မိတယ်..."

လင်းဖန် နှုတ်ဆိတ်သော အန်ကယ်ကို ကြည့်ပြီး ​ခေါင်းခါယမ်းလိုကိတယ်..။

"သူ့ အခြေအနေကို တွက်ချက်ကြည့်ရသလောကိတော့..သူမ တစ်ခုခု ဖြစ်တဲ့အရာမျိုး မရှိဘူး..။ဒါပေမဲ့ နှုတ်ဆိတ်သော အန်ကယ် ရောက်လာပြီ ဆိုမှတော့ ကျုပ်တို့ သူ့ကို ရှန်ဟိုင်း TV ကို အရင်လိုက်ပို့လိုက်ရအောငိ..။ပြီးမှ ခင်ဗျားကို အိမ်လိုက်ပို့ပေးမယ်..."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ကောငိးပါပြီ ဆရာ..."

ယင်းနောက် ကျိူးမင်ချင်း နှုတ်ဆိတ်သော အန်ကယ်ကို ကြည့်ကာ ပြောလိုက်တယ်..။

"နှုတ်ဆိတ်သော အန်ကယ်...ကျွန်တော်တို့ ခင်ဗျားသမီးကို ရှာဖို့ ခေါ်သွားပေးမယ်..."

နှုတ်ဆိတ်သော အန်ကယ်လက်ဝေ့ယမ်းလိုက်တယ်..။သူ့ အိပ်ကပ်ထဲကနေ..ဒေါ်လာ အနည်းငယ်ကို ထုတ်ပြပြီး ..တစ်ခုခု ပြောဖို့ ကြိုးစားနေခဲ့ပါတယ်..။ကြည့်ရတာတော့..သူက သူ့ဟာသူ သွားနိုင်ပြီး..ကျိူးမင်ချင်းတို့ကို အနှောက်အယှက် မပေးချင်တဲ့ ပုံပါပဲ..။

လင်းဖန် ဘာမှ ထပ်မပြောချင်တော့ပဲ..ပြောလိုက်ပါတယ်..။

"သွားကြရအောင်..."

…

ယ်..။

All Chapters