ဒီ လူအိုကြီးက ဘယ်ကလာတာလဲ..
Vol. 51 Ch. 761
#ဘာသာပြန် = စနိုးဝှိုက်
ရှန်ဟိုင်း TV တွင်..။
သူတို့ ရောက်လာတဲ့ အချိန်မှာ နှုတ်ဆိတ်သော အန်ကယ်က..စတင်ပြီး စိတ်ဖိစီးနေတာကို..လင်းဖန် နားလည်လိုက်တယ်..။သူ့ ရဲ့ လက်တွေက..အိုဟောင်းပြီး..ပျက်စီးနေတဲ့ လွယ်အိတ်ကို အကူညီမဲ့စွာပဲ..တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့တယ်..။
လင်းဖန် ကားကို ရပ်ကာ ပြောလိုက်တယ်..။
"နှုတ်ဆိတ်သော အန်ကယ် ရဲ့..သမီးနာမည်က ဘယ်သူလဲ..."
ကျိုးမင်ချင်း ပြန်ပြောလိုက်တယ်..။
"ဟီရှောင်လီ..."
"အိုး..."
ပုံမှန်အားဖြင့် လင်းဖန် သတင်းတွေကို သိပ်အာရုံစိုက်ပြီး မထတ်တော့..ရှန်ဟိုင်း..TV မှာ..ဟီရှောင်လီ လို့ အမည်ရတဲ့ အစီစဥ် တင်ဆက်သူ ရှိလား မရှိလား မသိပါဘူး..။
အဲ့အချိန်မှာပဲ..ကားထဲမှာ ဖွင့်ထားတဲ့..ရေဒိီယိုကနေ အမျိူးသမီး အစီစဥ် တင်ဆက်သူရဲ့အသံဟာ ထွက်ပေါ်လာခဲ့တယိ..။
"ချစ်လှစွာသော ပရိတ်သတ်ကြီးကို နှုတ်ဆက်ပါတယ်..။ကျွန်မကတော့..အစီစဥ် တင်ဆက်သူ ဟီရှောင်လီ ပါ..."
"အိုး ..အိုး.."
နှုတိဆိတ်သော အန်ကယ်ဟာ ချက်ချင်းလက်ကို မြောက်ပြီး..အသံလာရာ နေရာကို ညွှန်ပြလိုက်တယ်..။ယင်းနောက်..သူ့ကိုယ်သူ လက်ညိုးပြန်ထိုးပြလိုက်ပြီး ပျော်ရွှင် အပြစ်ကင်းစွာ ပြုံးနေခဲ့ပါတယ်..။
လူအ်ိုကြီး မျက်နှာရဲ့ အပြုံးက အတော်ကို..ပီတိ ဖြစ်နေတဲ့ ပုံပါပဲ..။
ကျိူးမင်ချင်း ပြောလိုက်တယ်..။
"ဆရာ..ကြည့်ရတာ..နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးထင်တယ်..."
အဲ့အချိန်မှာပဲ..နှုတ်ဆိတ်သော.အန်ကယ်ဟာ ကိုယ့်ကိုကို တည်ငြိမ်အောင် လုပ်လိုက်တယ်..။ယင်းနောက်..သူ့နားကို.ရေဒီယို နားကို ကပ်ပြီး...သေချာ နားထောင်လိုက်ပါတယ်..။သူ့မျက်နှာက..အပြုံးဟာ ပိုပိုပြီး တောက်ပလာခဲ့တယ်..။
လင်းဖန် ဘာမှ မပြောတော့ပေ..။သူ နဲ့ ကျိုးမင်ချင်းတို့ဟာ ကားပေါ်မှာ တိတ်တဆိတ်ထိုင်ပြီး..တိုက်ရိုက်ထုတ်လွင့်မူ ပြီးတဲ့ အထိသာ စောင့်နေခဲ့ပါတယ်..။
ကျိုးမင်ချင်းရဲ့..စိတ်ထဲမှာ..တော့ အတော်ကို သံသယဖြစ်နေခဲ့တယ်..။သူ တစ်ခုခု မကောင်းတာဖြစ်တော့မယ့် ခံစားချက်တွေတောငိ ရနေခဲ့ပါတယ်..။သို့ပေမယ့် သူ ဒါကို ဘယ်လို ပြောပြရမှန်း မသိပေ.။
အဲ့အချိန်မှာတော့ နှုတ်ဆိတ်သော..အန်ကယ်ဟာ..တိတ်ဆိတ်စွာ နားထောင်နေခဲ့တယ်..။ကျ်ိုးမင်ချင်း မနှောက်ယှက်ချင်တာကြောင့်...သူ့ဆရာနဲ့ မဆွေးနွေးခင်မှာ..တိုက်ရိုက်ထုတ်လွင့်မူ ဆုံးအောင် စောင့်နေခဲ့ပါတယ်.။
အတော်ကြာပြီးနောက်မှာ တိုက်ရိုက်ထုတ်လွင့်မူ..ရပ်သွားခဲ့တယ်..။
နှုတ်ဆိတ်သော အန်ကယ်ကတော့...သူမရဲ့ အသံကို ကြားရတဲ့ အတွက် အတော်ကို ကျေနပ်နေတဲ့ ပုံပါပဲ..။
လင်းဖန် တစ်ဖက်ကို ညွှန်ပြပြီး ပြောလိုက်တယ်..။
"နှုတ်ဆိတ်သော..အန်ကယ် ခင်ဗျားရဲ့ သမီးက ဒီမှာ အလုပ်လုပ်နေတာလား.."
နှုတ်ဆိတ်သော အန်ကယ်..ဟာ အဆောက်အဦး အမြင့်ကြီးတွေကို တစ်ချက်ကြည့်လိုက်ပြီ..သူ့မျက်နှာမှာ ဂုဏ်ယူတဲ့ အမူအရာတွေ ရှိနေခဲ့တယ်..။သို့ပေမယ့် ချက်ချင်း ဆိုသလိုပဲ..သူ့ကြည့်ရတာ ကြောက်ရွံ့သွားပြီး..အနည်းငယ် ကြောက်ရွံ့မူတွေ ပေါ်လာခဲ့ပါတယ်..။
ကျိုးမင်ချင်း လင်းဖန်ရဲ့ နားနားကို ကပ်ပြီး တီးတိုး ပြောလိုက်တယ်..။
"ဆရာ..လက်ရှိအခြေအနေက နည်းနည်းတော့ မဟုတ်သေးဘူးထင်တယ်နော်..။ရွားသားတွေ ပြောတာကတော့..နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးက ရွာက ထွက်သွားပြီး နောက်ပိုင်း ၁ နှစ် ၂ နှစ် အတွင်းမှာတောင်..ပြန်လာသေးတယ်တဲ့..။ဒါပေမဲ့ လေးငါးနှစ်လောက် ကြာလာတော့ သူမက ပြန်မလာတော့ပဲ..ဖုန်းပဲ ပြောတော့တယ်..။ပြီးတဲ့နောက်မှာတော့ သူမက ဖုန်းတောင် မဆက်တော့ဘူး..။ကျွန်တော် စိုးရိမ်တာက..."
ဒါကို ပြောပြီးနောက်မှာ. ကျိူးမင်ချင်း ရပ်လိုက်တယ်..။ဒါက..နှုတ်ဆိတ်သော အန်ကယ်..သူတိူ့ပြောနေတာတွေကို ကြားနေတယ် ဆိုတာကို သတိထားမိသွားလို့ပါ..။နှုတ်ဆိတ်သော..အန်ကယ်ဟာ..ကျိုးမင်ချင်းကို ခေါင်းခါယမ်းပြီး လက်ဝေ့ယမ်းပြလိုက်တယ်..။
သူ့ကြည့်ရတာတော့ သူ့သမီးက ဒီလို လူမျိုးမဟုတ်ဘူးဆိုတာကို ပြောချင်နေတဲ့ပုံပါပဲ..။သူမက ဒီလို လူမျိုးတစ်ယောက် မဟုတ်ပေ..။သူမက ဖုန်းပျောက်သွားပြီး..အိမ်ကို ဆက်မယ့် ဖုန်းနံပါတ်ကို ..မသိတော့တာ တောင် ဖြစ်နိုင်ပါတယ်..။
အဲ့အချိန်မှာပဲ..ရှန်ဟိုင်း TV ...ရဲ့ တံခါးဟာ ပွင့်သွားခဲ့တယ်..။မိန်းမငယ်လေး နှစ်ယောက်ဟာ တံခါးကနေ လမ်းလျောက် ထွက်လာခဲ့ကြပါတယ်..။
မိန်းကလေးနှစ်ယောက်ထဲက..တစ်ယောက်ကို မြင်တဲ့ အချိန်မှာ ပြိုင်ကားတစ်စီးပေါ်ကနေ..လူတစ်ယောက်ဟာ ပန်းစည်းကို ကိုင်ပြီး ထွက်လာခဲ့ပါတယ်..။
နှုတ်ဆိတ်သော အန်ကယ်ဟာ..ဒီမိန်းကလေးကို မြင်ပြီး စိတ်လှုပ်ရှားသွားခဲ့တယ်..။သူ ကျိုးမင်ချင်းရဲ့ လက်မောင်းကို ..ဆုပ်ကိုင်ပြီး..ညွှန်ပြလိုက်ပါတယ်..။
"အာဘာ..အဘာ..."
"အဲတာ ခင်ဗျားရဲ့ သမီးလား..."
လင်းဖန် မေးလိုက်တာပါ..။
"အ.အ.."
နှုတ်ဆိတ်သော အန်ကယ် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ ကားတံခါးက်ို အလျင်အမြန် ဖွင့်လိုက်ပါတယ်..။ယင်းနောက် သူ..ကျိုးမင်ချင်းနဲ့ လင်းဖန်ကို ပြန်ကြည့်ပြီး အလျင်အမြန် ခေါင်းညိမ့်လိုက်တယ်..။သူ စကားမပြောနိုင်ပေမယ့်လည်း သူ့ရဲ့ အမူအရာနဲ့ အချက်ပြမူ တွေက အကုန်လုံးကို နားလည်စေပါတယ်..။
သူတို့ နှုတ်ဆက်သော အန်ကယ် မိန်းကလေး ဆီ ပြေးသွားတာကို ကြည့်နေခဲ့ကြတယ်..။
ကျိုးမင်ချင်း အနည်းငယ် စိတ်ပူပြီး မေးလိုက်တယ်.။
"ဆရာ..အခြေအနေက အဲလောက်အထိ မရိုးရှင်းဘူး ထင်တယ်နော်..."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ကြည့်ရတာပေါ့..။ကျုပ်တို့ အရင်ဆုံးစောင့်ကြည့်ပြီး..အခြေအနေ ဘယ်လို ဖြစ်လာမလဲ..စောင့်နေရမယ်..."
ဒါက ကျိုးမင်ချင်း တစ်ယောက် တည်းမြင်နိုင်တဲ့ အရာမဟုတ်ပါဘူး..။လင်းဖန် လည်း ဒီအခြေအနေက တစ်ခုခု မူမမှန်ဘူးဆိုတာကို မြင်နိုင်ပါတယ်..။
…
"ရှောင်လီ..ကိုယ် မင်းကို သဘောကျတယ်..။ကျေးဇူးပြုပြီး..ကိုယ့်ရဲ့ ကောင်မလေး ဖြစ်ပေးနိုင်မလား..."
လူငယ်လေးဟာ..ပန်းစည်းကို ကိုင်ပြီး ရှောင်လီ ရဲ့ အနားကို လာကာ ပြောလိုက်တာပါ..။
ဟီရှောင်လီ ကတော့ ဒီလို အခြေအနေမျိုးကို အတော်သဘောကျနေခဲ့တယ်..။မိန်ကလေးတစ်ယောက်က..သူ့ကို ကောင်းလေးတွေ ဝိုင်းနေတာကို သဘောကျတာက ဖြစ်သင့်ပါတယ်..။
သူမ ရှေ့မှာ ရောက်နေတဲ့ ကောင်လေးက..သူမကို သဘောကျနေကြတဲ့ လူတွေ အများကြီးထဲကမှ တစ်ယောကိပါ..။ဘယ်သူ့ကို ရွေးရမလဲ ဆိုတာကတော့..သူမ သေချာ မဆုံးဖြတ်ရသေးပါဘူး..။
အဲ့အချိန်မှာပဲ..ဟီရှောင်လီဟာ..သိပ်မဝေးတဲ့ နေရာကနေ သူမဆီကို လှမ်းလာနေတဲ့ သူမရဲ့ အန်ကယ်ကို တွေ့လိုက်ရတယ်..။သူမကြည့်ရတာတော့.. မမြင်တွေ့ချင်တဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသလိုပဲ..ကြောက်ရွံ့သွားခဲ့ပါတယ်..။
"ရှောင်လီ ဘာဖြစ်တာလဲ.."
လူငယ်လေး..ဟာ ရှောင်လီ ရဲ့ ထူးဆန်းသွားတဲ့ အမူအရာကြောင့် ဘာဖြစ်မှန်း မသိခဲ့ပေ..။သူ ရှောင်လီ ကြည့်နေတဲ့ နေရာကို လိုက်ကြည့်လိုက်တဲ့ အချိန်မှာ အနည်းငယ် သံသယ ဖြစ်သွားခဲ့တယ်..။
ဒီအဖိုးကြီးက ဘယ်သူလဲ....
ဘာလို့ ရှောင်လီက သူ့ကို မြင်တာနဲ့ ဒီလို အမူအရာ ဖြစ်သွားရတာလဲ..။
အဲ့အချိန်မှာပဲ..နှုတ်ဆိတ်သော အန်ကယ်ဟာ ရှောင်လီ ရဲ့..ရှေ့ကို ရောက်လာခဲ့တယ်..။နှုတ်ဆိတ်သော အန်ကယ်ဟာ..မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သမီးလေးကို ပြန်တွေ့ရတာကြောင့် မျက်လုံးတွေ နီရဲနေခဲ့ပါတယ်..။သူ့ ပါးစပ်ကနေ...အသံတွေ ထွက်နေခဲ့ပြီး..လက်တွေန့လည်း အမူအရာ ပြနေခဲ့တယ်..။
"ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ.."
ဟီရှောငိလီ မေးလိုက်တာပါ..။သူမ နှုတ်ဆိတ်သော အန်ကယ်ကို မြင်တဲ့ အချိန်မှာ..အနည်းငယ် ထိပ်လန့်ပြီး ရှက်ရွံ့သွားခဲ့တယ်..။သူမ မေးတဲ့ အချိန်မှာလေသံက သိပ်ပြီးရင်းနှီးတဲ့ ပုံစံမရှိပါဘူး..."
"အာ..အာ..."
နှုတ်ဆိတ်သော အန်ကယ် ရဲ့ အမူအရာကတော့ မပြောင်းလဲပဲ ဆက်ပြီး ပြုံးနေခဲ့တယ်..။ယင်းနောက်..သူ အိတ်ကို ညွှန်ပြလိုက်ပါတယ်...။သူ စကားမပြောနိုင်ပေမယ့်လည်း သူ့ရဲ့..ဂရုစိုက်မူတွေနဲ့..ချစ်ခြင်း မေတ္တာတွေကိုတော့ တွေ့မြင်နေခဲ့ရတယ်...။
အဲ့အချိန်မှာ..ပဲ နှုတ်ဆိတ်သော အန်ကယ်ဟာ..သူ့ရဲ့ မဲနက်ပြီး..တင်းတိတ်တွေ ရှိနေတဲ့ လက်ကို ဆန့်တန်းလိုက်တယ်..။သူက ငယ်ရွယ်စဥ်အခါတုန်းက သူ့ရဲ့သမီးလေးကို ဖက်ထားပေးခဲ့သလိုမျိုး ဖက်ဖို့ပြုလုပ်ခဲ့တာပါ..။
ဟီရှောင်လီ ဒီလက်ကို မြင်ပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်..။သူမကို ကြည့်ရတာတော့ ကြောက်လန့်နေတဲ့ ပုံပါပဲ..။
*ဖြန်း*
ရုတ်တရက် ရှောင်လီ ဘေးနားက လူငယ်လေးဟာ..နှုတ်ဆိတ်သော အန်ကယ်ရဲ့..လက်ကို ရိုက်ထုတ်လိုက်တယ်..။သူ့ရဲ့ လေသံကတော့..လေးနက်သွားခဲ့ပြီး...
"လူအိုကြီး..ခင်ဗျား ဘာလုပ်ချင်တာလဲ..."
ဒီ နှုတ်ဆိတ်သော..အန်ကယ် ဟာ ထိပ်လန့်သွားခဲ့တယ်..။အခြေအနေက ဘာလို့ ဒီလို ဖြစ်သွားလဲ သူမသိတော့ပါဘူး..။သို့ပေမယ့် သူ အပြုံးကို ဆက်ထိန်ထားပြီး..အိတ်ကို ဖွင့်လိုက်ပါတယ်..။
သူ အိတ်အသေး လေးတွေကို ဖွင့်လိုက်တယ်..။
ဒီအိတ်တွေက..အခွံခွာပြီးသား ဖြစ်တဲ့ ဖရဲသီးစေ့တွေပါ..။ဒါက..တောင်တန်းဒေသ ရဲ့ ဖရဲသီး စစ်စစ်ပါပဲ..။
နှုတ်ဆိသော အန်ကယ် အတွက်ကတော့...အရင်တုန်းက သူ့ရဲ့ သမီးလေး စိတ်ဆိုးပြီဆိုရင် ဒါကို အသုံးပြုပြီး ချော့နေကြပါ..။အခုလည်း သူ့ရဲ့ သမီးလေးက..သူ့ကို ဒီလို ပြောနေတာက...အစောကြီးကတည်းက လာမရှာလို့ စိတ်ဆိုးနေတာ ဖြစ်နိုင်ပါတယ်..။
နှုတ်ဆိတ်သော အန်ကယ်ဟာ...အိတ်ကိုယူပြီး..သူမရဲ့..လက်ထဲကို လှမ်းထည့်ပေးလိုက်တယ်..။ပြီးတော့ သူ့ ပါးစပ်ကလည်း ပြောနေခဲ့ပါတယ်..။
"ဒီ လူအိုကြီးက ဦးနှောက်များ လွတ်နေတာလား.."
လူငယ်လေးက ပြောလိုက်တာပါ..။သူချက်ချင်းပဲ..နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်ကို ပုတ်ထုတ်လိုက်တဲ့ အချိန်မှာ အစေ့တွေဟာ ပြန့်ကျဲသွားခဲ့တယ်..။ယင်းနောက် သူ နှုတ်ဆိတ်သော အန်ကယ်ကို..လက်ညိုးထိုးကာ ပြောလိုက်ပါတယ်..။
"အမြန် လစ်လိုက်တော့..။ခင်ဗျားလို အရူးက ဘယ်ကနေ ရောက်လာတာလဲ..."
ကားထဲတွင်.။
ကျိုးမင်ချင်း ဒေါသထွက်သွားခဲ့တယ်..။သူ ပြောလိုက်ပါတယ်..။
"ဒီ ရိုင်းစိုင်းတဲ့ လူငယ်လေး..။ငါ သူ့ကို သင်ခန်းစာ သွားပေးမှရမယ်..."
လင်းဖိ် လှမ်းတားပြီး ပြောလိုက်ပါတယ်..။
"ဒီအခြေအနေကို ...ခနလောက် စောင့်ကြည့်ရအောင်..."
အပြင်ဘက်...။
နှုတ်ဆိတ်သော အန်ကယ်ဟာ သူယူလာတဲ့..ဖရဲစေ့ တွေဟာ မြေကြီးပေါ် ပြုတ်ကျသွားတာကြောင့် ဘာလုပ်ရမလဲ မသိတော့ပေ..။သူ ချက်ချင်းပဲ..ဒူးထောက်ချလိုက်ပြီး အစေ့တွေကို..ပြန်ကောက်လိုက်ပါတယ်..။သူ အစေ့တွေကို ကောက်နေရင်းကနေ ဟီရှောင်လီကိုလည်း အမူအရာတွေ ပြနေခဲ့တယ်.။
“Ah… Ah… Ah…”
သူ့ရဲ့ အမူအရာကတော့ ထိပ်ထိပ်ပြာပြာ ဖြစ်နေပြီး ဘာဆက်လုပ်ရမယ် မှန်း မသိတော့ပါဘူး..။
အခုချိန်မှာ သူ တကယ်ပဲ စကားပြောချင်နေခဲ့ပါတယ်..။သူ့ရဲ့ ကိုယ်ဟန် အမူအရာတွေကို သူ့ရဲ့ သမီးလေး နားမလည်မှာကို စိုးရိမ်နေခဲ့တာပါ..။သို့ပေမယ့်..သူ ပါးစပ်ဟလိုက်တဲ့ အချိန်တိုင်းမှာ..ဘယ်သူမှ နားမလည်နိုင်တဲ့ စကားတွေသာ ထွက်လာနေခဲ့ပါတယ်..။
သူ စိတ်ပူလွန်းလို့ ငိုတောင် ငိုချင်နေခဲ့ပါပြီ..။
ဟီရှောင်လီ သူမ လက်ကိုင်အိတ်ထဲကနေ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး..သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဆီကပါ ပိုက်ဆံတောင်းလိုက်တယ်..။
ယင်းနောက် သူမ ရှေ့ကို တိုးသွားပြီး..နှုတ်ဆိတ်သော အန်ကယ်ကို ဆွဲထူလိုက်ပါတယ်..။
"ဒီပိုက်ဆံ တွေကို ယူပြီး ပြန်တော့..။ဒီကို ဘယ်တော့မှ ထပ်မလာနဲ့တော့..."
ဟီရှောင်လီ..ပိုက်ဆံတွေကို...နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်ထဲကို ထည့်ပေးလိုက်ပြီး...သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့...လူငယ်လေးကို ကြည့်ကာ ပြောလိုက်ပါတယ်..။
"ငါ ဒီမှာ..စကားနည်းနည်းပြောစရာ ရှိလို့.. ရှေ့နားကနေ စောင့်နေကြပါ..."
သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဟာ..ခေါင်းညိမ့်လိုက်တယ်..။လူငယ်လေးကတော့...နှုတ်ဆိတ်သော အန်ကယ်ကို ပိုပြီးတောင်..စိုက်ကြည့်သွားခဲ့ပါသေးတယ်..။
"ခင်ဗျား မဟုတ်တာတွေ လုပ်ဖို့ စိတ်မကူးနဲ့..."
ဟီရှောင်လီ..ကျန်တဲ့လူတွေ ထွက်သွားတဲ့ အချိန်ကြမှ... နှုတ်ဆိတ်သော အန်ကယ်ကို ကြည့်ကာ..ပြောလိုက်တယ်..။
"ဒီကို ဘယ်လို ရောက်လာတာလဲ..."
"ထားလိုက်တော့...။အဖေ ဘယ်လို ရောက်လာတာလဲ ဆိုတာကို သမီး စိတ်မဝင်စားဘူး..။သမီး ဒီမှာ..ကိုယ့်ဟာကို နေနေတာ အတော် အဆင်ပြေနေပြီ..။ဘယ်သူ့ ရဲ့ စိုးရိမ်ပူပန် မူမှလည်း မလိုတော့ဘူး..။ပြီးတော့..ဘယ်သူ့ကိုမှလဲ..သမီးရဲ့ အထိတ်ကို မသိစေချင်ဘူး..."
"သမီး အခု အစီစဥ် တင်ဆက်သူ တစ်ယောက်ဖြစ်နေပြီ..။တကယ်လို့ လူတွေသာ..သမီးမှာ ဒီလို အဖေမျိုးရှိနေတာကို သိသွားကြရင် ဝိုင်းရယ်ကြလိမ့်မယ်..။ကျေးဇူးပြုပြီး ပြန်ပါတော့..။ဒီကို ဘယ်တော့မှ ထပ်မလာပါနဲ့..။အဖေ့မှာ သမီးတစ်ယောက်..မရှိဘူးလို့ပဲ..သဘောထားပါ..."
နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်တွေဟာ တုန်ရီလာခဲ့တယ်..။သူ့ကြည့်ရတာ ဒါကို မယုံကြည်နိုင်ဖြစ်နေတဲ့ အတိုင်းပါပဲ..။
သို့ပေမယ့် သူ ဆက်တိုက်ပြုံးပြီး ခေါင်းညိမ့်နေပါသေးတယ်..။သူ့ကြည့်ရတာ...သူ့သမီးလေးကို စိတ်သက်သာရာ ရစေပြီး..သူ့အတွက် မစိုးရိမ်ချင်တဲ့ ပုံပါပဲ..။
တစ်ချိန်တည်းမှာပဲ..သူ ပိုက်ဆံကို ဟီရှောင်လီ ရဲ့ လက်ထဲ ပြန်ထည့်ပေးလိုက်တယ်..။ယင်းနောက် သူ့ရဲ့ အိပ်ကပ်ထဲက ဒေါ်လာ ဆယ်တန် အနည်းငယ်ကိုပါ ထပ်ထုတ်ပြီး..ဟီရှောင်လီ ရဲ့ လက်ထဲကို ထပ်ထည့်ပေးလိုက်ပါတယ်..။
ယင်းနောက် ပါးစပ်က်ိုဟပြီး...အစာအိမ်ကို လက်ညိုးထိုးပြကာ..စားတဲ့ အမူအရာ လုပ်ပြနေခဲ့ပါတယ်..။
"အာ...အာ..."
ဟီရှောင်လီ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"သမီး သိပါတယ်..။သမီး အစားကို ကောင်းကောင်းစားမှာပါ..။အဖေ သမီးကို စိုးရိမ်စရာ မလိုပါဘူး..။အခုတော့ အိမ်ကို ပြန်လိုက်ပါ..။နောက်မှပဲ..သမီး လာလည်ပါ့မယ်...."
နှုတ်ဆိတ်သော အန်ကယ်ဟာ ဒါကိုကြားတဲ့ အချိန်မှာ..မျက်ရည်တွေ ဝိုင်းလာခဲ့တယ်...။သူ ခေါင်းညိမ့်ပြီး လက်ပြ နှုတ်ဆက်လိုက်ပါတယ်..။သူ ..သူ့သမီး အထဲဝင်သွားတာကို စောင့်ကြည့်ချင်ပေမယ့်လည်း အဆုံးမှာတော့ လှည့်ထွက်လာခဲ့ပါတယ်..။
ဟီရှောင်လီဟာလည်း..စကားတစ်ခွန်းမှ မပြောတော့ပဲ...ရှန်ဟိုင်း TV ရဲ့ အဆောက်အဦးထဲကိုသာ ပြန်ဝင်သွားခဲ့ပါတယ်..။