အခန်း (၇၆၄)
Vol. 51 Ch. 764
#ဘာသာပြန် = စနိုးဝှိုက်
ကျိုးမင်ချင်းက..ရှန်ဟိုင်းဆေးပညာ အကယ်ဒမီရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး...လင်းဖန်က ကျော်ကြားတဲ့ နတ်ဆေးဆရာလေးပါ..။ဒါကြောင့် သူတို့ အနေနဲ့ ဆေးရုံက..ခွဲစိတ်ခန်းတစ်ခုကို အသုံးပြုဖို့...ဆိုတာ..ခက်ခဲတဲ့ အရာတစ်ခုတော့ မဟုတ်ပေ...။
ထပ်ပြောရရင်...ဆေးရုံက ဒေါက်တာတွေဟာလည်း နတ်ဆေးဆရာလေးရဲ့...စွမ်းဆောင်ရည်ကို မြင်တွေ့ခွင့်ရချင်နေကြပါတယ်..။
ဒီကိစ္စက သာမန် ဒေါက်တာ တွေ အတွက်..ကိုင်တွယ်ဖိူ့ ခဲယဥ်းလှပါတယ်..။သို့ပေမယ့် လင်းဖန် အတွက်ကတော့ ပြသနာ တစ်ခု မဟုတ်ပါဘူး..။
ခွဲစိတ်မူပြီးသွားတဲ့ အချိန်မှာ ဆေးရုံးက ဒေါက်တာတွေဟာ...မယုံကြည်နိုင်ဖြစ်နေခဲ့ကြတယ်..။တကယ်လို့..သူတို့သာ ခွဲစိတ်ရမယ် ဆိုရင်..အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းက 0 လိုတောင် ပြောလို့ရပါတယ်..။
ကျိုးမင်ချင်းကတော့ လုံးဝ မအံ့ဩခဲ့ပေ။သူ့ဆရာက.. တရုတ်ဆေးပညာ နဲ့ အနောက်တိုင်းဆေးပညာကို ပေါင်းစပ်ပြီး အသုံးချခဲ့တာပါ..။
ခွဲစိတ်မူပြီးတဲ့နောက်မှာ လင်းဖန်နဲ့ ကျိုးမင်ချင်းယာ...ဆေးရုံမှာ ထပ်မနေတော့ပေ..။သူတို့ ချက်ချင်းပဲ ထွက်ခွာသွားခဲ့ပေ..။
ဒီမတော်တဆမူက ပြီးသွားခဲ့ပါပြီ..။နှုတ်ဆိတ်သော အန်ကယ်ရဲ့ သမီးဟာလည်း သူ့အမှားကို နားလည်နိုင်ခဲ့ပါတယ်..။
အပြင်ဘက်..။
ကျိုးမင်ချင်း ကျေနပ်စွာ ပြောလိုက်တယ်..။
"ဆရာ...ဒါက ပျော်ရွယ်ဖွယ် အဆုံးသတ်လေးပဲ..."
လင်းဖန် ပြောလိုက်တယ်..။
"ဒါအဆင်ပြေတယ်..။ကျေးဇူးတင်စွာပဲ..ကျုပိတို့ အချိန်မှီ လုပ်နိုင်ခဲ့တာလေ..."
ဒါက တကယ်ကို တိုက်ဆိုင်မူ တစ်ခုလိူ့လည်း ပြောလို့ရပါတယ်..။တကယ်လိူ့ သူတို့သာ..အချိန်မှီ မရောက်နိုင်ခဲ့ရင် နောက်ဆက်တွဲတွေကတော့ မတွေးရဲစရာ ပါပဲ.။
လူနာဆောင်တွင်..။
ဟီရှောင်လီကတော့...ကုတင်ဘေးမှာ ဒူးထောက်နေပြီး နှုတ်ဆိတ်သော အန်ကယ်ရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့တယ်..။သူနာပြုမလေးတွေဟာလည်း တစ်ခုခု မှားယွင်းနေသလို ခံစားနေကြရပါတယ်..။သူတို့ သိချင်နေကြပေမယ့်လည်း..ဒီပြသနာက နောက်ဆုံးမှာ ပြီးဆုံးသွားတဲ့ အတွက် စိတ်သက်သာရာ ရသွားခဲ့တယ်..။
"ဒေါက်တာ..ကျွန်မရဲ့ အဖေ...အန္တရာယ် ကင်းသွားပြီလား..."
ဒေါက်တာဟာ ပြုံးလိုက်ပြီး...
"အင်း..သူ လုံခြုံသွားပြီ..။မာစတာလင်းရဲ့ အကူအညီကြောင့်..ဒီလို အန္တရာယ် ရှိတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တာလေ..။ဒါကြောင့် မစိုးရိမ်နဲ့တော့..."
ဟီရှောင်လီ ဘာမှ ထပ်မပြောတော့ပေ..။သူမရဲ့အဖေ က ဆရာလင်းနဲ့ ဘယ်လို သိနေတာလဲ သူမ မပြောတတ်တော့ပါဘူး..။သူမ သီချင်းကို ပြန်စဥ်းစားလိုက်တော့လည်း ဒီသီချင်းက..ဆရာလင်း ရေးထားတာပါ..။
ဒါကို တွေးမိလိုက်တဲ့ အချိန်မှာ သူမ ဆရာလင်းကို ကျေးဇူးတင်မိလိုက်တယ်...။တစ်ချိန်တည်းမှာပဲ..သူမအဖေ ဆရာလင်းနဲ့ သိနေတာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်..။မဟုတ်ရင်..နောက်ဆက်တွဲတွေက ဘယ်လိုဖြစ်လာမလဲ ..မပြောနိုင်ပါဘူး..။
…
လင်းဖန် ဒီ သီချင်းသစ်နဲ့ ပတ်သက်ပြီးတော့ အများကြီး မတွေးထားပေ..။သိူ့ပေမယ့်..သူ မသိတာက..သူ့သီချင်းက..ဟိီရှောင်လီ အပေါ် သက်ရောက်မူ ကြီးမားခဲ့တယ် ဆိုတာပါပဲ..။
လူတွေ အများကြီးက နောက်ထပ် သိီချင်း အသစ်ကို နားထောင်ခဲ့ကြရပါတယ်..။
သိူ့ပေမယ့်...နားထောင်တဲ့ အချိန်မှာတော့ သူတို့ ခံစားချက်ကို မထိန်းနိုင်ကြပဲ...ဘယ်နေရာမှာပဲ..ရောက်ရောက် ငိုကြရတာ ချည်းပါပဲ..။
တိမ်ဖြူလမ်း..။
"ဟေး..ဒါက ထူးဆန်းတယ်နော်...။ငါ့ မစ်ရှင်က ပြီးမြောက်သင့်နေပြီနော်..။ဘာလို့..မစ်ရှင်ပြီးမြောက်တဲ့ အသံက ထွက်မလာသေးတာလဲ...။ဒါက စိတ်ပျက်စရာပဲ..."
လင်းဖန် တစ်ခုခု မှားသလိူ ခံစားနေခဲ့ရတယ်..။သူ ဘယ်နားမှား နေတာလဲ..သေချာမသိပါဘူး..။
ပြီးတဲ့နောက်မှာ လင်းဖန် အများကြီး ထပ်မတွေးတော့ပေ..။သူ လုပ်နိုင်သလောက်တော့ အကောင်းဆုံး လုပ်ထားပြီးပါပြီ..။
အင်တာနက်...။
"ဒိီသီချင်းက အတော် ခံစားရတာပဲ..."
"ဒါက အတော်ခံစားရတယ်..။ဒီသီချင်း နားထောင်လိုက်တာ ငါ့အဖေကို အရမ်းသတိရတာပဲ..."
"မာစတာလင်းက ဒီသီချင်းကို ဘယ်လိုရေးခဲ့တာလဲ..။မာစတာလင်းက အရင်က ဒီလို ခံစားဖူးလို့ ဖြစ်နိုင်တယ်နော်..."
"ငါကတော့ နှုတ်ဆက် အနမ်း သီချင်းက ပိုကောင်းတယ်လို့ ထင်တယ်..."
"ငါကတော့...ဘီယာတစ်လုံးလောက် ရောင်းဖို့ရှိလား..သီချင်းက ပိုကောင်းတယ် ထင်တာပဲ..."
နောက်တစ်ရက်..။
သီချင်းခေါင်းစဥ်တွေဟာ ပေါ်ထွက်လာခဲ့ပါပြီ..။
'မာစတာလင်းရေး ထားပြီး...နောက်ခံဇာတ်လမ်း ပါဝင်တဲ့...ဘီယာတစ်လုံးလောက် ရောင်းဖို့ရှိလား.."
"ချီးပဲ...ဒီမှာ နောက်ခံ ဇာတ်လမ်းတောင် ပါနေသေးတယ်..."
"ဒီသီချင်းကို မနေ့က ရှန်ဟိုင်း TV ကနေ ထုတ်လွင့်ခဲ့တာလေ..."
"ရှန်ဟိုင်း TV ရဲ့ အစီစဥ် တင်ဆက်သူ..ဟီရှောင်လီ က သူမ ရဲ့ အကြောင်းတွေကို ကိုယ်တိုင် ဖော်ထုတ်ခဲ့တယ်နော်..."
"ချီးပဲ...အဲ့တာ ကြည့်ပြီးနောက်မှာ ငါ ဟီရှောင်လီကို သတ်တောင် သတ်ချင်သွားတယ်..။ကျေးဇူးတင်စွာပဲ..သူမ မာစတာလင်းနဲ့ တွေ့ခွင့်ရလို့သာပေါ့..."
"ဒါက တကယ်ခံစားရတာပဲ..။စကာမပြောနိုင်တဲ့ အဖေကို ပစ်ပယ်မိခဲ့တာ..။ဖြစ်နိုင်ရင် ငါသာ..သူ့ရဲ့ သမီး ဖြစ်ချင်တော့တယ်..."
"မာစတာလင်းက..တကယ်ကြင်နာတတ်တာပဲ..။သူက တစ်စုံတစ်ယောက်အတွက် တကယ်ပဲ သီးသန့် သီချင်း ဖန်တီးပေးတယ်..။သူမသာ မာစတာလင်းနဲ့ မတွေ့ရင် အမှားကို သိနိုင်မှာ မဟုတ်ဘူး..."
"အားလုံးပဲ..သူမကို အပြစ်မတင်ကြနဲ့..။မင်းတို့ သူမရဲ့ အခြေအနေကို နားလည်သင့်တယ်..။နောက်ဆုံး
ရလာဒ်က ကောင်းမွန်တယ် ဆိုရင်ပဲ..ဒါက အဆင်ပြေပြီလေ..."
ဟီရှောင်လီ...ရှန်ဟိုင်း TV ကို ရောက်တဲ့ အချိန်မှာ..သူမရဲ့ ဇာတ်လမ်းကို အကုန်လုံးကို ပြောပြခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ...ဒါကို တိုက်ရိုက်ထုတ်လွင့်ထားခဲ့ပါတယ်..။သူမက ကိုယ့်ကိုကို ဥပမာ ပေးပြီး..တစ်ခြားလူတွေ မိဘအပေါ်ကို ဒါမျိူး မလုပ်စေချင်ခဲ့တာပါ..။
ဒီဇာတ်လမ်းလေးကို အားလုံးသိသွားတဲ့ အချိန်မှာ သီချင်းရဲ့ အဆင့်အတန်းက ပိုတောင် မြင့်မားသွားခဲ့ပါတယ်..။
အစကတော့...လူတွေက ဒီသီချင်းကို ကြားတဲ့ အချိန်မှာ ဝမ်းနည်းမူသာ ခံစားရပြီး..နောက်ကွယ်က အဓိပ္ပါယ်ကိုတော့ မသိကြပေ..။
အခု ဇာတ်လမ်းကို သိလိုက်တဲ့ အချိန်မှာ နောက်တစ်ကြိမ်..နားထောင်ကြည့်လိုက်တော့...မတူညီစွာ ခံစားလိုက်ရပါတယ်..။
ဝိုက်ဘိုတွင်..။
ဂီတလောကရဲ့...အဓိက ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဆရာကျိုးဟာ..သူ့ ရဲ့ ခံစားချက်တွေကို ထုတ်ဖော်လိုက်တယ်..။
"လတ်တလောမှာ...နှုတ်ဆက်အနမ်းသီချင်း ကြောင့် လူတွေ အများကြီး မျက်ရည်ကျခဲ့ရတယ်..။ဒီသီချင်းက အကောင်းဆုံး အချစ်သီချင်းလိူ့တောင် ပြောလိူ့ရတယ်လေ..။သူ့ ရဲ့ သီချင်းဆိုတဲ့ အရည်အသွေးက ဂီတလောကမှာတောင် အကောင်းဆုံးပဲ..။ဒါကလုံးဝ ငြင်းခုန်စရာ တောင် မလိုဘူး.."
"သို့ပေမယ့် ဒုတိယ သီချင်းဖြစ်တဲ့ ဘီယာတစ်လုံးလောက် ရောင်းဖို့ရှိလား ဆိုတဲ့ သီချင်းထွက်လာတဲ့ အချိန်မှာ နည်းနည်း စိတ်ပျက်မိတာတော့ အမှန်ပဲ..။ဒါက နက်နက်ရှိုင်းရှိုင်းခံစားရပေမယ့် ပထမ သီချင်းဖြစ်တဲ့ နှုတ်ဆက်အနမ်းကို လိုက်မမှီခဲ့ဘူးလေ..။ဒါပေမဲ့ နောက်ခံ ဇာတ်လမ်းကို သိလိုက်ရတဲ့ အချိန်မှာ..ခံစားချက်ချင်း တိုက်ဆိုင်တဲ့ လူတွေ အတွက် ဘယ်လောက်တောင် သက်ရောက်မူ ရှိနိုင်မလဲ ဆိုတာကို နားလည်လိုက်တယ်..."
"ဆရာလင်း ရဲ့ သီချင်းဆိုတဲ့..အရည်အသွေးက..လက်ရှိ ဂီတလောကမှာတောင် တစ်ခါမှ..မမြင်ဖူးသေးတဲ့ အရာပဲ..။ဒါက ပါဝါက နေ လာတာပဲ ဖြစ်လိမ့်မယ်..."
သာမန်လူတွေကတော့..ဆရာကျိုးက ဘယ်သူလဲ ဆိုတာ မသိပါဘူး..။သို့ပေမယ့်..ဂီတလောကရဲ့ အောင်မြင်သူတိုင်းကတော့...ဆရာကျိုးက ဘယ်သူလဲ ဆိုတာ ကို သိကြပါတယ်..။
သူက ကျော်ကြားတဲ့ တေးရေးဆရာတစ်ယောက်ပါ..။
သူက နိုင်ငံရဲ့..အတော်ဆုံး..ဝေဖန်ရေး ဆရာတစ်ယောက် ဆိုရင်လည်း ဟုတ်ပါတယ်..။သူ ဒီလို ပြောလိုက်ပြီ ဆိုတာနဲ့..သီချင်းရဲ့ အဆင့်အတန်းက နေူက်တစ်ဆင့်ကို ရောက်သွားပြီလိူ့ ဆိုလိုတာပါပဲ..။
နိုင်ငံ၏ နေရာအနှံတွင်..။
"မင်းတို့ ဆရာလင်းရဲ့ သီချင်းအသစ်ကို နားထောင်ပြီးပြီလား..."
"ဘာသီချင်းလဲ..."
"ဘီယာတစ်လုံးလောက် ရောင်းဖို့ရှိလား ဆိုတဲ့ သီချင်းလေ..။ငါ ဒါကို နားထောင်ဖို့ အကြံပြုချင်တယ်..။အရင်ဆုံးနောက်ခံ ဇာတ်လမ်းကို အရင်ဖတ်..။ဒါမှ ခံစားရတာ ကွဲပြားမှာ..."
"တကယ်လား...ငါ အခုရှာလိုက်မယ်..."
"ဟုတ်တယ် အမြန် နားထောင်လိုက်..။အင်အားအကြီးဆုံး ဝေဖန်ရေးသမား...ဆရာကျိုးကတောင် ထောက်ခံထားတာ..။တကယ်ကောင်းတယ်..."
တိမ်ဖြူလမ်း..။
"အစ်ကိုလင်း ဘာတွေ တွေးနေတာလဲ..။စိတ်ထဲမှာ တစ်ခုခု ဖြစ်နေလို့လား.."
ဝူယူလန် မေးလိုက်တာပါ..။
လင်းဖန် အကူညီမဲ့စွာ မေးလိုက်တယ်..။
"ဘာမှ မဟုတ်ပါဘူး..အကောင်းဆုံး သီချင်းတွေကို ဆိုထားတာတောင် ဘာလိူ့...မကျော်ကြားသေးတာလဲလို့ စဥ်းစားနေတာ..."
"ဟင်..."
ဝူယူလန် ကြောင်အသွားခဲ့တယ်..။သူမ အံ့ဩမူကိူတောင် ...မထိန်းချုပ်နိုင်ခဲ့ပါဘူး..။အစ်ကိုလင်းက ဟာသတစ်ခု ပြောနေသလိုတောင် သူမ ခံစားလိုက်ရပါတယ်..။ယင်းနောက် သူမ ပြုံးလိူက်ပြီ...
"အစ်ကိုလင်းက အောင်မြင်နေပါပြီ... ဟုတ်ပြီလား..။လက်ရှိ ဝိုက်ဘိုက မှတ်ချက်တွေကို ကြည့်လိုက်ဦး...။ဒါက တစ်ခြား ဆယ်လီတွေထက် အများကြီး သာတယ်..."
လူလိမ် ထျန် သက်ပြင်းချလိုက်တယ်..။
"မင်းက ဘယ်လို စိတ်ကျေနပ်ရမလဲ ဆိုတာ မသိဘူးပဲ..။မင်းမှာ ရှိတာနဲ့ ရောင့်ရဲတတ်အောင် ကြိူးစားလေ့ကျင့်သင့်တယ်..."
"တော်လိုက်ပါတော့..."
လင်းဖန် ပြန်ပြောလိုက်တယ်...။စွယ်စုံကျမ်းရဲ့ အချက်ပေးမူက အခုထိရောင်မလာသေးပါဘူး..။
သူ ဒိိီလောက်အထိ ကြိုးစားထားတာတောင် မစ်ရှင်က အပြီးမြောက်သေးဘူးဆိုတော့ တစ်ခုခုတော့ မဟုတ်သေးပေ..။