အခန်း (၇၆၈)
Vol. 51 Ch. 768
#ဘာသာပြန် = စနိုးဝှိုက်
ဟောင်ဟွား ကြောင်အသွားခဲ့တယ်..။
သူ့အဖေ တိမ်ဖြူလမ်းက တစ်ယောက်ယောက် ဆီကို ဗေဒင်သွားမေးခဲ့ပေမယ့်လည်း အငြင်းခံရတယ် ဆိုတာကို သူ သိထားပါတယ်..။ထပ်ပြောရရင် အဲ့လူက သူ့အဖေကို လုံးဝ မျက်နှာသာ မပေးခဲ့ပါဘူး..။
အင်တာနက်ပေါ်က တိုက်ခိုက်မူတွေ အတွက်ကတော့ သူ တစ်ခုခု ပြန်လုပ်မှ ရမှာပါ..။
သူ လင်းဖန် ရဲ့ အကြောင်းအရာတွေကို ရှာဖွေလိုက်တယ်...။
.
ကိုယ်ခံပညာ အဖွဲ့အစည်း ရဲ့ ဒုတိယ ဥက္ကဌ..။
သူ ဒါကို မြင်တဲ့ အချိန်မှာ ချက်ချင်းလျစ်လျူ ရူလိုက်တယ်..။ဒီငနဲကို သေအောင် ရိုက်သတ်ဖို့ဆိုတာက မဖြစ်နိုင်တော့ပါဘူး..။
တရုတ်အနုပညာ အဖွဲ့အစည်း၏ အဖွဲ့ဝင်..။
သူ စိတ်ပူပန်မူတွေ ပိုတောင် လျော့ကျသွားသေးတယ်..။ဒါက ဒီတိုင်း ပုံဆွဲတာပါ..။သူ့အမြင်အရ ဆိုရင်တော့...ဒီပညာရပ်က ပညာရပ်တွေ ထဲမှာတောင်မှ အသုံးမကျဆုံးပါပဲ..။ သူတို့လုပ်ရတာဆိုလို့..စာရွက်ပေါ်မှာ ဟိုခြစ် ဒီခြစ် လုပ်ရတာ လောက်ပါပဲ..။
သေချာ ရှာဖွေးပြီးနောက်မှာ...လင်းဖန်က သူ့ထက် ဘယ်အရာမှ မသာတာကို သေချာသွားခဲ့ပြီး..ဟောင်ဟွားဟာ စတင်တိုက်ခိုက်လိုက်ပါတော့တယ်..။
သိူ့ပေမယ့်...သူ ဝိုက်ဘိုမှာ ပို့စ်တင်ပြီးတာနဲ့...ဒီငနဲရဲ့ ပရိတ်သတ်တွေက သူ့ကိုဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။ဒါက..ဘယ်သူမှ သူ့ဘက်မှာ မရှိတဲ့ အတိုင်းပါပဲ..။
တိမ်ဖြူလမ်း..။
ကျောက်ကျန်းယန်ဟာ ဖုန်းသုံးနေရင်းကနေ ဒီဝိုက်ဘို ပို့စ်ကို မြင်ပြီး ကြောင်အသွားခဲ့တယ်..။သူ သေချာကြည့်ပြီး အမှန်ဟုတ်ရဲ့လား လိူ့တောင် အတည်ပြုလိုက်ပါသေးတယ်..။
"အစ်ကိုလင်း..ချမ်းသာတဲ့..သခင်လေးတစ်ယောက်က အစ်ကိုလင်းကို...တိုက်ခိုက်နေတယ်..."
လင်းဖန်..သိချင်သွားခဲ့တယ်..။
"ဘယ်သူက တိုက်ခိုက်နေတာလဲ...။ငါ ဒီတစ်လော ဘယ် သခင်လေးကိုမှ...မရှုပ်မိပါဘူး..."
"မဟုတ်ဘူး သူက..ဂေါင်ဟိုဟွေးရဲ့ သားပဲ..။သူက ဝိုက်ဘိုပေါ်မှာ ဆိုရင် အတော် မောက်မာတာ..။သူက သူမကြိုက်တဲ့လူဆိုရင် တန်းပြီး.အပြစ်တင်ဆဲဆိုတာတွေ လုပ်တတ်တယ်..။ကြည့်ရတာ ဒီမှာ ဖြစ်နေတာတွေကို သူသိသွားတဲ့ ပုံပဲ.."
ကျောကိကျန်းယန် ပြောလိုက်တာပါ..။
လင်းဖန် ဝိုက်ဘိုကို ဖွင့်လိုက်ပြီး ပို့စ်ကို ကြည့်လိုက်တယ်..။သူ ဒီငနဲ ရေးထားတာကို ဆုံးအောင်တောင် မဖတ်ချင်ခဲ့ပါဘူး..။
"ဒီအဖေရဲ့သားက ဒီလိူဖြစ်နေတာ မထူးဆန်းတော့ပါဘူး..။သူ ငါ့ကို ဆဲချင်တယ် ဆိုရင်လည်း ဆဲပါစေ..."
ကျောက်ကျန်းယန်ဟာ လင်းဖန်ကို လှမ်းကြည့်လိုက်တယ်..။အစ်ကိုလင်းက...ဥာဏ်ပိုကောင်း လာသလိုပါပဲ...။သူ့ရဲ့ အပြုအမူတွေက အရင်ကနဲ့ မတူတော့ပါဘူး..။
အရင်တုန်းက လင်းဖန် ဆိုရင် သူ တစ်ဖက်လူကို ချက်ချင်း အပြင်းအထန် တုန့်ပြန်မှာပဲ..။သို့ပေမယ့် အခူဆိုရင် သူက လျစ်လျူရူ တတ်နေပါပြီ..။
လူလိမ်ထျန်ကတော့..ဒီငနဲ ပြောင်းလဲ သွားတာကို မယုံကြည်ခဲ့ပေ..။
"ဘယ်လိူလဲ...။ဒါက မင်းရဲ့ စတိုင်မဟုတ်ပါဘူး.."
လင်းဖန် ပြန်ပြောလိုက်တယ်...။
"အဲ့မှာ ကျုပ်အစား မြို့သားတွေက ဝိုင်းပြီး တိုက်ခိုက်နေကြတာ ခင်ဗျား မတွေ့ဘူးလား..။ကျုပ်က ဘာထပ်လုပ်ဖို့လိုသေးလို့လဲ..."
အမှန်တကယ်ပဲ..ကျောက်ကျန်းယန်ဟာ ...ဟောင်ဟွားရဲ့ ဝိုက်ဘိုက မှတ်ချက်တွေကို ကြည့်လိုက်တဲ့ အချိန်မှာ...ဝိုင်းဆဲထားကြတဲ့...မှတ်ချက်တွေကတင် ထောင်ချီပါတယ်..။ဒါက တကယ်ကြောက်စရာပါပဲ..။
ရုတ်တရက်..။
လင်းဖန် ပြုံးလိုက်တယ်...။နောကိဆုံးတော့ သူ ကြားချင်နေတဲ့ ...အရာက ထွကိပေါ်လာခဲ့ပါပြီ..။
"ပရိတ်သတ်များအား ဆွဲဆောင်မည့် မစ်ရှင် ပြည့်မြောက်သွားပါပြီ : စွယ်စုံအမှတ် ၂၀ ..."
"18 ခု မြောက် အသိပညာ အခန်းကို ဖွင့်လှစ်လိုက်ပါပြီ..."
"ရှန်းရှ...( အင်မော်တယ် သူရဲကောင်း ) တိရစ္ဆာန် များအား လေ့ကျင့်ပေးသည့် အကိုင်းအခွဲ အသိပညာ..။စွယ်စုံကျမ်း၏ အားဖြည့်ပေးမူ ပါဝင်သည်..."
"မစ်ရှင် : အကြီးအကဲ ခွေး နီကိုးလပ်အား ထူးကဲသည့်..ခွေးတစ်ကောင်ဖြစ်အောင် လေ့ကျင့်ပေးရမည်"
"ဆုလာဒိ : စွယ်စုံအမှတ် ၂၀ ..။၁၉ ခုမြောက် အသိိပညာ အခန်းအား...အဓိက အသိပညာ အခန်းဖြစ်စေနိုင်ရန် ၆၀ ရာခိုင်နှုန်း မြင့်တင်ပေးမည်..."
"မှတ်ချက် : အကိူင်းအခွဲအသိပညာခန်း ဖြစ်သည့်အတွက် ပရိုအဆင့် ပါဝင်ရန် မလိုအပ်ပေ..."
"လက်ရှိ စွယ်စုံအမှတ် ; ၅၀၀၀..."
"ဟင်..."
လင်းဖန် ကြောင်အသွားခဲ့တယ်..။ဘာတွေ ဖြစ်နေတာလဲ...။
သူ ဥာဏ်ကောင်းစေသော ဆေးလုံးပြီးတဲ့နောက်မှာ..နောက်ထပ် ရှန်းရှ အကိုင်းအခွဲ အသိပညာကို ထပ်ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒါက သိပ်ပြီး အသုံးမဝင်နိုင်ဘူးဆိုရင်တောင် ရှန်းရှ ရဲ့ အသိပညာအခန်းတွေက မယုံကြည်စရာကောင်းပါတယ်..။
အဲ့အချိန်မှာပဲ...။
ကြမ်းပြင်ပေါ်မှာ အေးအေးဆေးဆေး လဲလျောင်းနေတဲ့ အကြီးအကဲ ခွေး နီကိုးလပ်ဟာ လင်းဖန်ကို လှမ်းကြည့်လိုက်တယ်..။သူတစ်ခုခု ထူးခြားနေတယ်လို့ ခံစားလိုက်ရလို့ပါ..။
အကြီးအကဲခွေး နီကိုးလပ် လင်းဖန်ကို ကြည့်လိုက်တဲ့အချိန်မှာပဲ..လင်းဖန်က သူ့ကို ပြုံးပြီး ကြည့်နေတာကို တွေ့လိုက်ရတယ်..။သူတို့ နှစ်ယောက် အချိန်အတော်ကြာအောင် အကြည့်ချင်းဆုံးသွားခဲ့ပါတယ်..။
ဘာလို့လဲမသိပေမယ့် အကြီးအကဲ ခွေးဟာ ဒီငနဲရဲ့..အပြုံးကို မြင်ပြီး စိတ်ပူသွားခဲ့ပါတယ်..။တစ်ခုခု ဆိုးရွားတာ ဖြစ်တော့မယ်လို့ သူ ခံစားနေခဲ့ရတယ်..။ဒါက ချက်ချင်းဆိုသလို သူ့အနေအထားက..စောင့်ကြည့်ခံရတဲ့ ဘဝကို ရောက်သွားသလိုပါပဲ..။
"အကြီးအကဲ ခွေး..."
လင်းဖန် လှမ်းခေါ်လိုက်တယ်..။သူ့မျက်နှာပေါ်က အပြုံးက ပိုပိုပြီး..ကျယ်လာခဲ့ပါတယ်...။
"ဝုတ် ဝုတ်"
အကြီးအကဲ ခွေးဟာ လင်းဖန် ရဲ့ အကြည့်တွေကို မြင်ပြီး..မြင်ပြီး စိုးရိမ်သွားခဲ့တာတော့ အမှန်ပါပဲ..။တိမ်ဖြူလမ်းက ခွေးတွေကို အုပ်ချုပ်တဲ့ ခွေးဘုရင် တစ်ယောက် အနေနဲ့.. သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ လိုအပ်ပါတယ်..။သူချက်ချင်းပဲ..ကိုယ့်ကိုကို ကာကွယ်ပြီး လေးနက်တဲ့..အမူအရာဖြစ်သွားခဲ့တယ်..။
"ဟားဟား."
လင်းဖန် ရယ်မောလိုက်ပါတယ်..။၁၈ ခုမြောက် အသိပညာ အခန်းက တကယ်ကို..စိတ်ဝင်စားစရာပါပဲ..။
သူ့ ခေါင်းထဲမှာ..အသိပညာ အသစ်တွေ ရောက်နေခဲ့ပြီ ဖြစ်ပြီး...စွယ်စုံကျမ်းရဲ့..အားဖြည့်မူကိုပါ ရရှိထားခဲ့တာပါ..။
စွယ်စုံကျမ်းရဲ့ အားဖြည့်မူကို ရလိုက်တဲ့ အချိန်တိုင်းမှာ..အရာရာတိုင်းက ဆန်းကျယ်စွာ ပြောင်းလဲ သွားလေ့ ရှိပါတယ်..။
လူလိမ် ထျန်ဟာလည်း လင်းဖန် ရဲ့ ရယ်သံတွေက..အတော်ကို တွက်ချက်နေသလို ခံစားလိုက်ရတယ်..။ဒီငနဲ ဒီလို ပြုံးလိုက်တိုင်း ဖြစ်လာတဲ့ အရာတွေက..တစ်ခုမှ..ကောင်းတာ မရှိပါဘူး..။
ညဘက်အချိန်..။
ဟောင်ဟွား ဒေါသထွက်နေခဲ့တယ်..။သူ တစ်နေ့လုံး မြို့သားတွေရဲ့..ဆဲဆိုမူတွေ ခံနေရတာကြောင့် သိပ်ပြီး စိတ်မကြည်လင်ခဲ့ပါဘူး..။
သူ့ရဲ့ ဝိုက်ဘို အကောင့်ကို ဖျက်ပစ်လိုက်ဖို့ ဆိုတာကလည်း သူ့အတွက်တော့ မဖြစ်နိုင်ပေ..။တကယ်လို့သူ ဒီလို..ဝေဖန် တိုက်ခိုက် ခံနေရမယ် ဆိုရင်တောင်...တစ်ဖက်လူကိုတော့..ရအောင် ဆွဲခေါ်သွားမှာပါ..။
ဘေဂျင်းတွင်..။
မတူညီတဲ့ ဇိမ်ခံဗီလာ ၂ လုံးမှာ...လူငယ်နှစ်ယောက်ဟာ ဝီချပ်ကနေ တဆင့် စကားပြောနေခဲ့ကြတယ်..။
ကျောင်းဟောင်ဟောင် ပြောလိုက်တယ်..။
"ဟောင်ဟွား က တကယ်ကို တုံးအတာပဲ..။သူက တိမ်ဖြူလမ်းက မာစတာလင်းကိုတောင် ဝေဖန်ရဲသေးတယ်..။မာစတာလင်းက ဘယ်လိုလူလဲ ဆိုတာကို သူ မသိဘူးလား..."
ရှန်လိန်ချောင်း ပြန်ပြောလိုက်တယ်..။
"ဟားဟား..ဒီငနဲက အခုမှ နိုင်ငံခြားကနေ ပြန်လာတာလေ..။သူက ဝိုက်ဘို ဂရုကို ဝင်လာပြီးကာမှ ငါတို့လိုပဲ..ကျော်ကြားချင်နေတာ..။အခုတော့ သူ့ အခြေအနေကို ကြည့်လိုက်ဦး..။မြို့သားတွေက ဝိုင်းဆဲလို့ သောက်ရှက်တွေလဲ ကွဲနေပြီ..."
ကျောင်းဟောင်ဟောင် ပြန်ပြောလိုက်တယ်..။
"ဟေး..ငါကတော့ တစ်ခုခု မှားနေပြီလိူ့ ခံစားနေရတယ်နော်..။ဘာလို့ မာစတာလင်းက ဟောင်ဟွား ကို ဘာမှ ပြန်မတုန့်ပြန်သေးတာလဲ..။ငါသိသလောက် ဆိုရင် မာစတာလင်းက..ဒီလိူ လူမျိုးမဟုတ်ဘူးလေ.."
ရှန်းလိန်ချောင် ပြန်ပြောလိုက်တယ်..။
"ဒီကောင်က..စောက်ပြသနာ ကောင်ပါကွာ..။မာစတာလင်းက သူ့ကို စောက်ရေးမစိုက်တာတောင် ဖြစ်နိုင်တယ်..။အိုး... ဟုတ်သားပဲ.မင်း အခုနောက်ပိုင်း သတင်းတစ်ခုကို ကြားပြီးပြီလား..။မြောက်ပိူင်းက ဂေါ့ဖားသား လီက..မာစတာလင်းကို ..တစ်ခုခု လုပ်တော့မယ် ထင်တယ်နော်..."
ကျောင်းဟောငိဟောင် ပြောလိုက်တယ်..။
"ငါ့ဖင်ကြီး..။ငါ သိသလောက်ကတော့ ဂေါ့ဖားသား လီ သတိပေးလိုက်ရတယ် ဆိုတာပဲ..။ဘာလို့လဲ ဆိုတော့ မာစတာလင်းက..နိုဘယ် ခေါင်းဆောင်တစ်ယောက် နဲ့...သိနေတာကြောင့်လေ..။ငါလည်း သေချာ အသေးစိတ်တော့ မသိပေမယ့် ဒါက ဖြစ်နိုင်ချေ အတော်များတယ်..."
"ဒါက မယုံနိုင်စရာပဲ..."
ချန်းလိန်ချောင် ပြန်ပြောလိုက်တာပါ..။
"ဟုတ်တယ် သူက တကယ်မယုံနိုင်စရာပဲ..။ကောင်းပြီလေ..ဒီအကြောင်းမပြောပဲ နေရအောင်..။လတ်တလော ငါက ..ရုပ်ရှင်ကားတစ်ကား ရိုက်ဖို့ စီစဥ်နေတာလေ..။အဲတာကြောင့် မာစတာလင်းနဲ့ ဆက်ဆံရေး ကောင်းတွေ..တည်ဆောက်ချင်နေတာ..."
ရှန်လိန်ချောင် ပြန်ပြောလိုက်တယ်..။
"ချီးပဲ..မင်းက ငါ့ရဲ့..နဂါးဝတ်စုံကို ဝတ်ခဲ့သေးလား.."
"တော်စမ်းပါ..အတော် ရုပ်ဆိုးတယ်..။တကယ်လို့ ဒါတွေကိုသာ..ဇာတ်ကားထဲမှာ ထည့်ရိုက်ရင်...လူတိုင်းက ကြောက်ရွံ့နေမှာ အသေအချာပဲ..။ကောင်းပြီလေ..ဒီလောက်နဲ့ တော်ကြရအောင် ငါ အိပ်တော့မယ်..."
ကျောင်းဟောင်ဟောင်..က တရုတ်ပြည်ရဲ့ အချမ်းသာဆုံး သူဌေးတွေထဲက တစ်ယောက်ရဲ့ သားဖြစ်ပြီး..ရှန်လိန်ချောင်..က နိုင်ငံရဲ့..အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင် ဆယ်ယောက်ထဲက တစ်ယောက်ပါ..။
သူတို့ ဟောင်ဟွား မာစတာလင်းကို..ကျိန်းဆဲနေတာတွေကို တွေ့ပြီး..ဒီကောင်က သောက်ရူးတစ်ယောက်ဆိုတာ ချက်ချင်းသိလိုက်ကြပါတယ်..။
မာစတာလင်းက..မြင့်မားတဲ့..အဆင့်အတန်းရှ်ိ လူတစ်ယောက် မဟုတ်ပေမယ့်လည်း..သာမန်လူတစ်ယောက်တော့ လုံးဝ မဟုတ်ပေ..။
ဒါက လတ်တလော ဖြစ်ပျက်ထားတဲ့ မာချင်ကျိုး ကိစ္စကို ကြည့်ရင် သိနိုင်ပါတယ်..
တကယ်လို့ လူတွေက..မာချင်ကျ်ိုးနဲ့ ပြသနာ ဖြစ်ထားပြီ ဆိုရင် ဘယ်သူမှ ချင်ကျိုးကို မသွားရဲကြပါဘူး..။ဘာပဲဖြစ်ဖြစ်..မာချင်ကျ်ိုးက တရုတ်ပြည်က အချမ်းသာဆုံးလူရဲ့ သား ကိုတောင်..သေအောင်ရိုက်မယ့် လူစားမျိုးပါ..။
ဒါပေမဲ့ မာစတာလင်း..က ချင်ကျ်ိုးအထိ သွားပြီး
မာချင်ကျိုးကို အဆုံးသတ်ခဲ့တာပါ..။ဒါက..မကြမ်းတမ်းလွန်းဘူးလား...။
ဘာပဲဖြစ်ဖြစ်..တစ်ခြားလူတွေ ဘယ်လို တွေးသလဲဆိုတာကို သူတို့ ဂရုမစိုက်ကြပေ..။သူတို့နှစ်ယောက်ကတော့..မာစတာလင်း လုပ်ခဲ့တဲ့ အရာတွေကို တကယ်လေးစား မိပါတယ်