← Chapters

စိတ်ကိုသက်ရောက်ခြင်း

Vol. 011 Ch. 1017

စိတ်ကိုသက်ရောက်ခြင်း

Vol. 011 Ch. 1017

ရှီမာလွီယွင်တို့ထွက်သွားသည်ကို မုန့်ဆန်းချွယ်နှင့် ရှောင်ချီတို့ မြင် သည်နှင့် လျှောက်လာကြသည်။ ရှီမာယူယူ၏ စိတ်မတည်ငြိမ်နေသည်ကို မြင်သောအခါ စိုးရိမ်တကြီးမေးကြလေသည် “ယူယူ အဆင်ပြေရဲ့လား”

ရှီမာယူယူသည် ခေါင်းရမ်းပြီးနောက် လက်ထဲမှပစ္စည်းကိုသိမ်းလိုက် သည်။

“ပြန်သွားရအောင် ခဏနေ နေဝင်တော့မယ်” မုန့်ဆန်းချွယ် ပြောလိုက် သည်။

“ဟုတ်”

ရှီမာယူယူတို့ တည်းခိုဆောင်သို့အရောက်တွင် ကောင်းကင်သည် အရှေ့ဘက်သို့ အလင်းများဖြာနေပြီဖြစ်သည်။

မုန့်ဆန်းချွယ်သည် သူ့အခန်းသို့ပြန်မသွားတော့ပေ။ အချိန်မှာမကျန် တော့ပေ။

ရှီမာယူယူပြန်ရောက်ချိန်တွင် ဝိညာဉ်စေတီအတွင်းသွားပြီး ရှီမာလွီယွင် ပေးလိုက်သော ပစ္စည်းကို ကြောင်စီစွာကြည့်မိသည်။ သူမတွင် ထိုကဲ့သို့ ပစ္စည်းရှိနေသဖြင့် ဟိန်းသံလေးနှင့်တခြားသူများသည် အနီးအနားတွင်သာ ကြည့်နေကြပြီး အနီးကပ်မသွားရဲပေ။

ကြက်သွေးရောင်မီးတောက်သည် လူသားအသွင်ပြောင်းပြီး သူမဘေး သို့လျှောက်လာသည်။

“မင်းစိတ်တွေအခုမတည်ငြိမ်သေးဘူးပဲ၊ အဂ္ဂိရတ်ပြိုင်ပွဲအတွက် မကောင်းဘူး” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။

“သိတယ် ဒါပေမဲ့အခုမတည်ငြိမ်နိုင်ဘူး” ရှီမာယူယူသည် လှည့်ပြီး သူ့ ကိုကြည့်ပြီးမေးလိုက်သည် “ကြက်သွေးရောင်မီးတောက် ဒီလောကကြီးက တကယ်ပဲဘယ်လောက်တောင်ကြီးတာလဲ ငါသိလောက်ပြီလို့ထင်လိုက်တဲ့ အချိန်တိုင်းကို ရေခဲတုံးရဲ့ထိပ်ပိုင်းလောက်ပဲသိတယ်ဆိုတာ သိလိုက်ရတယ် မင်းထိခိုက်သွားပြီး ဥထဲမှာနှစ်တွေအများကြီးအိပ်သွားတုန်းကရော အခု ၁၀ ၂၀ရာခိုင်နှုန်းလောက်ပဲ ပြန်ကောင်းတော့ရော အားကောင်းနေပြီ၊ တကယ်ပဲ မင်းကဘယ်ကလဲ၊ အတိအကျအားဘယ်လောက်ကောင်းတာလဲ၊ မင်းက ဒီ ကမ္ဘာကလာတာရောဟုတ်ရဲ့လား၊ ဘုရင်ရဲ့အထက်မှာဘာရှိတာလဲ၊ အခု လည်း လူတစ်ယောက်က ဘုရင်ဖြစ်နိုင်လား”

“မင်းစဉ်းစားတာများနေပြီ” ကြက်သွေးရောင်မီးတောက် ဆက်ပြော လေသည် “မင်းအရွယ်ရောက်လာရင် ဒီကမ္ဘာကြီးဘယ်လောက်ကြီးလဲဆို တာသိလာပါလိမ့်မယ်၊ အခုအများကြီးစဉ်းစားလို့ မင်းအတွက်ကောင်းတာမရှိ ဘူး”

“သိပါတယ် သတ်မှတ်မျဉ်းက အဲအဆင့်ထိမရောက်သေးဘူးဆိုတာ အဲလောက်စဉ်းစားတာလည်း မင်းရဲ့စိတ်ကိုသက်ရောက်မှုရှိတယ်ဆိုတာ လည်းသိတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အဲမတွန်းလှန်နိုင် တဲ့ကိစ္စတွေအကုန်လုံး ငါ့ဆီကိုတစ်ခါတည်းရောက်လာတယ်၊ အဲဒါက တစ်ခါတလေ ငါ့စိတ်ကိုဝန်ပိပြီး ပင်ပန်းစေတယ်”

“မင်းက ကိစ္စတော်တော်များများကို ချုပ်တည်းထားတာကိုး အဲဒါ ကြောင့် ပင်ပန်းတယ်လို့ခံစားရတာ” ကြက်သွေးရောင်မီးတောက် ဆက်ပြော လေသည် “မင်းကငယ်သေးတာပဲ မင်းဒီအသက်အရွယ်နဲ့ အင်အားနဲ့ မလုပ် နိုင်တဲ့ကိစ္စတွေကလည်း အများကြီးပဲ… အချိန်တွေကြာလာတော့ မင်းပင်ပန်း မှာပဲ… အဲဒါက မင်းအများကြီးသိလို့မဖြစ်ဘူးဆိုတာကို ပြနေတာပဲ မင်းစိတ် ကိုလာသက်ရောက်မှုဖြစ်တယ်၊ အခုမင်းလုပ်ရမှာက အဲကိစ္စတွေအများကြီး ကိုမစဉ်းစားပဲနဲ့ ရှေ့ကကိစ္စကိုပဲ အာရုံစိုက်ရမှာပဲ မင်းစိတ်ကို မာအောင်လုပ် ထား နားလည်လား… မဟုတ်ရင် ရှေ့တက်လို့မရဖြစ်နေမယ်”

“နားလည်ပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ငါ့စိတ်ကိုငါ ပြန် ထိန်းပါမယ်”

“မင်းလုပ်နိုင်မယ်လို့ ငါယုံပါတယ်” ကြက်သွေးရောင်မီးတောက် ဆက် ပြောလေသည် “ဒါပေမဲ့ မင်းကြည့်ရတာပင်ပန်းနေပုံပဲ အကောင်းဆုံးကတော့ ဘာမှမစဉ်းစားပဲ အိပ်လိုက်တာကောင်းမယ်၊ အဲဒါမှ မနက်ဖြန်ပြိုင်ပွဲအတွက် အာရုံစူးစိုက်လို့ရမှာ”

“ကြိုးစားပါ့မယ်” ရှီမာယူယူ ပြောလိုက်သည်။

အစပိုင်းတွင် သူမ အိပ်မရဟုထင်ခဲ့သည်။ သို့သော် သူမ မအိပ်သည် မှာကြာပြီဖြစ်သဖြင့် အိပ်ရာပေါ်သို့လှဲလိုက်သည်နှင့် လျင်မြန်စွာပင် အိပ်ပျော် သွားခဲ့သည်။

ဒီတစ်ခေါက်အိပ်ခြင်းသည် ခဏမျှ မျက်လုံးမှိတ်လိုက်ရုံသာဖြစ်သော် လည်း ရာစုနှစ်တစ်ခုလောက် အိပ်လိုက်ရသလိုခံစားရလေသည်။ သူမ နှိုးလာပြီးနောက်တွင် ဖြတ်လပ်မှုများပြည့်နေကာ သူမစိတ်မှာလည်း ပေါ့ပါး နေကာ ဗလာဖြစ်နေသည်။

ကြက်သွေးရောင်မီးတောက်သည် သူမဘေးတွင်ထိုင်နေသည်။ သူမ မျက်လုံးဖွင့်သည်ကို မြင်သောအခါ ပြောလိုက်သည် “အပြင်ထွက်ရအောင် အားလုံးကမင်းကိုစောင့်နေကြတယ်”

“အင်း” ရှီမာယူယူသည် ထကာ အကြောဆန့်ပြီးနောက် ကြက်သွေး ရောင်မီးတောက်ကို ဖက်ပြီးပြောလိုက်သည် “ကျေးဇူးပဲ”

ကြက်သွေးရောင်မီးတောက်သည် သူမကို တွန်းမပစ်ပဲ သူမ၏ ကျော ကို ညင်သာစွာပုတ်ပြီးပြောလိုက်သည် “သွားတော့”

“အင်း ငါသေချာပေါက် ဆုပြန်ယူလာမယ် ငါ့ကိုစောင့်နေလိုက်”

ပြောပြီးနောက်တွင် သူမ လျှပ်တပြက်ထွက်သွားလေသည်။

ဟိန်းသံလေးပျံလာပြီး ကြက်သွေးရောင်မီးတောက်၏ ရင်ခွင်တွင် ဆင်းသက်ကာ ပြောလိုက်သည် “သူမက ပိုပြီးတက်ကြွလာတယ်၊ မင်းသုံး လိုက်တဲ့ စွမ်းအင်ပမာဏအများကြီးက အလဟသမဖြစ်ဘူးပဲ”

“သူမက ကိုယ့်ကိုယ်ကို လျှော့ဖို့ပဲလိုနေတာ” ကြက်သွေးရောင် မီးတောက် ဆက်ပြောလေသည် “ငါက သူမကို ကောင်းကောင်းအိပ်လို့ရ အောင်လုပ်ပေးရုံတင်ပဲ”

ရှီမာယူယူသိသည်။ ထိုအိပ်ခြင်းသည် သာမန်ညအိပ်သလိုတင်မဟုတ် ပဲ သူမကို လုံးဝလန်းဆန်းသွားအောင်လုပ်ပေးခြင်းဖြစ်သည်။ နောက်တစ် ခေါက်လျှောက်ရမည့်လမ်းသည် မည်မျှပင်ကြမ်းတမ်းပါစေ ဖြတ်လမ်းမရှိပဲနှင့် လျှောက်လှမ်းနိုင်တော့မည်။

ထိုအတွေးနှင့်အတူ သူမ စိတ်ကိုပြန်စုစည်းနိုင်လာသည်။ ကိစ္စတွေကို တစ်ခုချင်းစီ ဖြေရှင်းရမယ်လေ ဟုတ်တယ်မလား။

အပြင်သို့ထွက်လိုက်ရာ အားလုံးသည် အဆင်သင့်ဖြစ်နေကာ သူမ ထွက်လာသည်ကိုပဲ စောင့်နေကြသည်။

သူတို့ဝင်ပေါက်ရောက်သောအခါ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများ နှင့်တွေ့ရာ ရှီမာယူယူသည် သူတို့ကိုပြေးပြီးနှုတ်ဆက်လေသည်။

“မင်္ဂလာပါ ဆရာဦးလေး စီနီယာအစ်ကို” သူမသည် လျန်ဝူမင်းကို အရိုအသေပေးလိုက်သည်။

“မင်း တံခါးပိတ်ကျင့်ကြံနေတယ်လို့ကြားတယ် ပြိုင်ပွဲဝင်ပြိုင်ရမယ့် အချိန်ရောက်တာတောင် ထွက်မလာလို့စိတ်ပူနေတာ” ရင်ဘိုင်ချွန်းသည် ရယ်မောပြီး ဆက်ပြောလေသည် “သွားပုန်းနေတယ်လို့တော့ မပြောလိုက်နဲ့ နော်”

“စီနီယာအစ်ကိုက ဉာဏ်ကောင်းလိုက်တာ” ရှီမာယူယူသည် သူ့ကို ကြည့်လိုက်သည် “တကယ်တော့ ကျွန်တော် စီနီယာတို့ကို နောက်နေ့ကိုလာ ရှာမလို့ပဲ ဒါပေမဲ့ စီနီယာတို့က ဆေးအဖွဲ့ခွဲကိုသွားတယ်လို့ကြားလို့ လိုက်ခဲ့ သေးတယ် အဲဒါကျွန်တော့်ကိုအရူးတစ်ယောက်လို ကြည့်တဲ့လူတွေဝိုင်းလာ တာနဲ့ ဆေးဖော်နည်းလေ့လာရင်းနဲ့ တံခါးပိတ်ကျင့်ကြံတာကောင်းမယ်လို့ တွေးလိုက်လို့”

“ဒီတစ်ခေါက်ပြိုင်ပွဲကို အကောင်းဆုံးလုပ်မှဖြစ်မယ် မင်းက အံ့ဖွယ် နတ်ဆိုးတောင်ကြားရဲ့ သခင်လေးပဲ မင်းသာရလဒ်ကောင်းကောင်းရမယ်ဆို ရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားလည်း အရှိန်အဝါတက်လာမှာပဲ” လျန်ဝူမင် ကြေညာလေသည်။

“ကျွန်တော်အကောင်းဆုံးလုပ်ပါ့မယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်း အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဘယ်တော့ပြန်လာမှာလဲ” ရင်ဘိုင်ချွန်း မေးလေသည်။

ရှီမာယူယူသည် မုန့်ဆန်းချွယ်ဘက်ကိုတစ်ချက်ကြည့်ပြီး ပြောလိုက် သည် “ကျွန်တော် ကိစ္စတချို့ကိုရှင်းပြီးသွားရင် တောင်ကြားကိုအလည်လာပါ့ မယ်၊ အဲမတိုင်ခင်ကို ရလဒ်ကောင်းကောင်းတွေရထားရင် ဂုဏ်ယူစွာနဲ့ သွား လို့ရတာပေါ့”

“ငါ မုန့်ဆန်းချွယ်နဲ့ပြောပြီးပြီ မင်းရထားတဲ့လက်ဆောင်တွေနဲ့ အားအင် နဲ့ဆိုရင် ဂိုဏ်းမှာလုပ်တဲ့တံခါးပိတ်ကျင့်ကြံတာကို မင်းလုပ်ချင်ရင် အလယ် ပိုင်းဒေသမှာလုပ်လို့လည်းရတာပဲ၊ မင်းအလယ်ပိုင်းမှာကျင့်ကြံရင် ပိုကောင်း မယ်လို့ ငါထင်တယ်” လျန်ဝူမင် မှတ်ချက်ပေးလေသည်။

“ကျွန်တော်စဉ်းစားကြည့်လိုက်ပါမယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“မင်းအခုသွားလို့ရပြီ သူတို့ကမင်းကိုစောင့်နေကြတာ”

“အင်း သွားလိုက်ပါဦးမယ်”

ရှီမာယူယူသည် ဂိုဏ်း၏အဖွဲ့သို့ပြန်ကာ ပြိုင်ပွဲနေရာသို့သွားလိုက် သည်။

“ဆရာ ဂျူနီယာညီလေးက တောင်ကြားကို ဘယ်တော့မှတကယ်လာ မှာလဲ” ရင်ဘိုင်ချွန်းသည် ရှီမာယူယူ၏ ကျောပြင်ကိုကြည့်ကာ မေးလိုက် သည်။

“မကြာခင်ပါပဲ ငါထင်တာတော့” လျန်ဝူမင် ဆက်ပြောလေသည် “သူက ပြဿနာတွေကို ပိုပိုပြီးအတွေ့အကြုံရှိလာတယ်၊ အလယ်ပိုင်းကိုလာတာက သူနဲ့ပိုသင့်တော်မယ်၊ သူလည်းဒါကိုနားလည်ထားတယ်”

“တောင်ကြားကလူတွေလည်း အဲနေ့ကိုစောင့်နေကြတာ သူနောက်ဆုံး လာလည်တာတောင် ၁၀နှစ် နှစ်၂၀ဝန်းကျင်ရှိနေပြီ” ရင်ဘိုင်ချွန်းဆက်ပြော လေသည် “သွေးလက်စွပ်ကြောင့်သာမဟုတ်ရင် လူတော်တော်များများက ဒါ နဲ့ပတ်သတ်ပြီး ယောက်ယက်ခတ်သွားမှာစိုးရတယ်”

“သူတို့ သူ့ကိုတွေ့တဲ့အထိစောင့်လိုက် သူတို့ကို အရှုပ်တွေမလုပ် လောက်ပါဘူး အဲအစား သူတို့က သူတို့ရဲ့ဆရာဦးလေးက တပည့်ကောင်း တစ်ယောက်ရသွားတာကိုပျော်နေကြမှာပါ” လျန်ဝူမင်သည် စိတ်ထဲတွင် ထို ကိစ္စများကိုထည့်မထားပေ။

ပထမအချက်မှာ သွေးလက်စွပ်မှသူမကို အသိအမှတ်ပြုခဲ့သည်။ ဒုတိယအနေနှင့် သူမသည် ဘယ်သူမှ မနိုင်နိုင်သည့် လက်ဆောင်တစ်ခုဖြစ် သောကြောင့် အံဖွယ်နတ်ဆိုးတောင်ကြားမှလူများသည် သူမကိုတွန်းထုတ် လောက်တဲ့အထိ ရူးသွပ်မည်ဟုမထင်ပေ။

ရှီမာယူယူသည် အဖွဲ့နှင့်လိုက်ပြီး ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များကို အကဲခတ် ရန် နားနေသည့်နေရာသွားလိုက်သည်။ ထိုနေရာတွင် မျက်နှာသစ်များလည်း ရှိနေကာ ကျန်းကျူကျိသည် ကျန်းကျူရှန့်မဟုတ်တော့ပဲ ကျန်းကျူကျိ အစစ်အမှန်ဖြစ်နေသည်ကို သိလိုက်ရသည်။

***

All Chapters