← Chapters

ဗဟုသုတစုံတာလား အမှားလုပ်မိတာလား

Vol. 011 Ch. 1018

ဗဟုသုတစုံတာလား အမှားလုပ်မိတာလား

Vol. 011 Ch. 1018

“ယူယူ ကြည့်လိုက်” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး ဝင်ပေါက်ကိုကြည့်ခိုင်းလေသည်။

ရှီမာယူယူသည် ပတ်ပတ်လည်မှလူများအကြားကို ကြည့်နေရာမှာ ရှောင်ချီဆွဲသဖြင့် ဝင်ပေါက်ကိုကြည့်လိုက်သည်။

မည်သူမှရှိမနေပေ။

“အထူးဝင်ပေါက်မှာ” ရှောင်ချီ သတိပေးလိုက်သည်။

ရှီမာယူယူ ဝင်လာသောလူများကို လှည့်ကြည့်လိုက်ရာ သူမမျက်လုံး တွင် ပျော်ရွှင်မှုများဖြတ်ခနဲဖြစ်သွားသည်။

ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့သည် အရှေ့မှလျှောက်လာကာ ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့မှနောက်ကလိုက်ပြီး ရက်အနည်းငယ် သူမ လွမ်းရ သော ဝူလင်းယူနှင့် ပညာရှိစံအိမ်တော်မှ အဘိုးကြီးတို့ဝင်လာကြသည်။

“သူတို့က ပညာရှိစံအိမ်တော်က အဘိုးကြီးတွေပဲ” ရှောင်ချီသည် ပညာ ရှိစံအိမ်တော်ခေါင်းဆောင် ရှောင်ယွင်ရှောင်ကိုမြင်သောအခါ အတွေးထဲ နစ်မြောသွားသလို မေးစေ့ကိုပွတ်လေသည်။

ရှီမာယူယူသည်လည်း ရှောင်ယွင်ရှောင်ကိုသတိထားမိသည်။ သူ့ နာမည်ကို အကြိမ်ပေါင်းများစွာကြားဖူးသော်လည်း သူ့ကို ကိုယ်တိုင်မြင်တွေ့ ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူသည် ဝူလင်းယူ၏ခန္ဓာကိုယ်ကို အသုံးပြုရန်ကြိုးစားသည်ကို တွေးမိ သောအခါ ဒေါသထွက်သွားပြီး သူ့ကို ဖျတ်လပ်စွာကြည့်လိုက်သည်။

ရှောင်ယွင်ရှောင်သည် ထူခြားသောအကြည့်ကိုခံစားမိသဖြင့် အောက်မှ ပြိုင်ပွဲဝင်များကို အကဲခတ်လိုက်သေ်ာလည်း သူ့ကိုမကျေမနပ်ကြည့်နေသော လူတစ်ယောက်ကိုမှ ရှာမတွေ့ပေ။

ရှီမာယူယူသည် အကဲခတ်မှုပြီးပြီဟုခံစားရသည်နှင့် ခေါင်းမော့လိုက် သည်။

“သူတို့အချိန်ကွက်တိရောက်လာတာပဲ” ရှောင်ချီသည် ကွဲပြားစွာပြော လိုက်သည်။

ပြီးခဲ့သည့်တစ်ခေါက် ကိစ္စများဖြစ်စဉ်က သူတို့မလာခဲ့ပေ။ သို့သော် အခု သူတို့ပေါ်လာလေပြီ။

ရှီမာယူယူသည် ဝူလင်းယူ၏ ဖျော့တော့သောမျက်နှာကိုကြည့်ပြီး ပြော လိုက်သည် “စီနီယာအစ်ကို ဒဏ်ရာရထားတယ်”

“သူဒဏ်ရာရထားတာလား” ရှောင်ချီသည် အနီးကပ်ကြည့်ပြီးပြော လိုက်သည် “တစ်ခုခုဖြစ်ထားတဲ့ပုံပဲ ဒါပေမဲ့ သူ့ကိုဒီလိုမြင်ရတော့ အရမ်းကြီး တော့မပြင်းထန်ပါဘူး မစိုးရိမ်ပါနဲ့”

“အင်း မစိုးရိမ်ဘူး ဒါကိုပြိုင်ပွဲကိုသက်ရောက်မှုအဖြစ်မခံဘူး” ရှီမာယူယူ ပြန်ဖြေလေသည်။

သူ ဒဏ်ရာရထားသည်မှာ ဒီမတိုင်ခင်ကို တစ်စုံတစ်ရာဖြစ်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အဖြစ်အပျက်ပြီးသွားပြီဖြစ်ကာ သူ အခုဒီနေရာတွင်ရှိနေခြင်းသည် ထိုလူသည် သူ့အသက်ကို အလွယ်တကူ ယူ မည့်သူမဟုတ်ကြောင်းကို သူမ ပြောနိုင်သည်။

အင်း သူမ ကိစ္စကလွဲပြီး တခြားကိစ္စတွေက ဒီလိုတွေချည်းပဲ။

ရှားကျောင်ထန်နှင့်တခြားသူများသည် ပင်မပွဲကြည့်စင်ကိုတက်သွားပြီး ဝူလာမိုင်နှင့်ကျန်လူများသည် နေရာတွင်ထိုင်ကာ အောက်မှပွဲတင်ဆက်သူ အချက်ပြမည်ကို စောင့်နေသည်။

ဆုန့်ကျန်းသည် အစောပိုင်းဝရုန်းသုန်းကားအခြေအနေတွင် အသတ်ခံ လိုက်ရာကာ ဆေးအဖွဲ့ခွဲနှင့် အသင်းသည် တင်ဆက်သူအသစ်ရွေးထား သည်။

တင်ဆက်သူတက်သွားပြီးနောက်တွင် ကွင်းတစ်ခုလုံးသည် ငြိမ်သွား ကြသည်။

“ကျွန်တော်ကဒီပြိုင်ပွဲရဲ့ တင်ဆက်သူ ဂျီချင်းယွမ်ပါ၊ ဘာစကားမှမခံ တော့ပဲ ပြိုင်ပွဲဝင်အားလုံးကို ကွင်းထဲကိုဖိတ်ခေါ်ပါတယ်” ဂျီချင်းယွမ်သည် လိုရင်းတိုရှင်းပြောလိုက်ရာ သူပြောသည်ကိုကြားသည်နှင့် အားလုံးသည် ပြိုင်ပွဲနေရာသို့ဝင်လေသည်။

ဂျီချင်းယွမ်သည် လက်ကိုဝေ့ရမ်းလိုက်ရာ ထောင်ချီသော စားပွဲများ ခုံ များသည် အားလုံးရှေ့တွင်ပေါ်လာသည်။

“အားလုံးရဲ့ရှေ့က စားပွဲရဲ့အောက်ကအံ့ဆွဲထဲမှာ မေးခွန်းစာရွက်ရှိပါ တယ်၊ ပြိုင်ပွဲဝင်တွေရဲ့ ဒီနေ့မစ်ရှင်ကတော့ မေးခွန်းစာရွက်ကိုဖြေရမှာဖြစ်ပါ တယ် ထပ်ပေါင်းပြောရရင် အရှေ့မှာရှိတဲ့သူတွေက တစ်ဖွဲ့ အနောက်ကလူ တွေက ဒုတိယအဖွဲ့ပါ၊ နှစ်သင်းလုံးရဲ့ မေးခွန်းလွှာတွေကမတူကြပါဘူး မေးခွန်းမဖြေခင်ကို သေချာစစ်ကြဖို့ သတိရကြပါ” သူစကားပြောပြီးသည်နှင့် ရပ်လိုက်သည်။

ပြိုင်ပွဲဝင်အားလုံးသည် အံ့ဆွဲကိုဖွင့်လိုက်ရာ အထဲတွင် စာရွက်နှင့် စုတ်တံတစ်ခုရှိလေသည်။

ရှီမာယူယူသည် ထိုမေးခွန်းစာရွက်ကိုထုတ်ပြီး ဖတ်ကြည့်ရာ ပြီးခဲ့သည့် ဂိုဏ်းစာမေးပွဲနှင့်တူလေသည်။ စာရွက်ထောင့်ထိပ်တွင် အဖွဲ့(၂)ဟု ရေးထား လေသည်။

“အိုခေ အဖွဲ့(၂)” သူမသည် သရော်လိုက်သည်။

ငယ်တဲ့သူတွေအကုန်လုံးက ဘာလို့အဖွဲ့(၂)မှာရှိနေ၇တာလဲ။ ဒုတိယ တွေများလိုက်တာ။

သူမသည် အကြမ်းဖျင်းလှန်ကြည့်ရာ ထိုစာရွက်အထူလောက်ဆိုလျှင် ပြီးဆုံးရန်အနည်းဆုံး နေ့တစ်ဝက်အချိန်ယူရမည်။

“ဒီလောက်မေးခွန်းတွေအများကြီးပဲ အသင်းကလူတွေက ဘယ်လိုများ အမှတ်ပေးမလို့လဲ” လူတစ်ယောက်သည် တိုးညင်းစွာရေရွတ်လေသည်။

“ဘယ်သူသိမလဲ၊ စလုပ်လိုက်ပေမယ့် မပြီးရင် အရည်အချင်းမှီမှာ မဟုတ်ဘူး”

“ဟုတ်ပြီ စကြတာပေါ့”

“အားလုံးမှာ ကိုယ်ပိုင်စာရွက်တွေရှိကြတယ်၊ စည်းမျဉ်းတွေချိုးဖောက် ရင်တော့ အရည်အချင်းမမှီဘူးလို့သတ်မှတ်မယ်” ဂျီချင်းယွမ်သည် ရေရွတ် သည့်သူများကို သတိပေးလိုက်သည်။

ထိုလူများသည် လျင်မြန်စွာပင် ပါးစပ်ပိတ်သွားကြသည်။ သူတို့သည် ထိုနေရာအထိ လာခဲ့ကြရာ ဒီအတွက်ကြောင့် အထုတ်ခံရလျှင် အဂ္ဂိရတ် ပညာရှင်များအကြားတွင် သူတို့၏ မကောင်းသတင်းပြန့်သွားလိမ့်မည်။

ရှီမာယူယူသည် ပထမစာမျက်နှာကိုလှန်ပြီး တစ်ခုချင်းစီ စတင်လုပ် ဆောင်လေသည်။

ထိုမေးခွန်းသည် အခြေခံဗဟုသုတများဖြစ်သည်။ ဥပမာအနေနှင့် ဆေး ဖက်ဝင်ပါဝင်ပစ္စည်းများကို သန့်စင်ရန်အဆင့်များ သို့မဟုတ် မည်သည့်ဆေး ဖက်ဝင်ပစ္စည်းများသည် မည်သို့အသုံးဝင်သည်၊ မဟုတ်လျှင် မည်သည့် ဆေး ပစ္စည်းများသည် အတူပေါင်းစပ်၍မရသနည်း အစရှိသဖြင့် မေးခွန်းများဖြစ် သည်။ ရိုးရှင်းသည်မှစပြီး ရှုပ်ထွေးသည့်မေးခွန်းများ၊ လွယ်ရာမှ ခက်ခဲသည့် မေးခွန်းများ၊ ခက်ခဲမှုအဆင့်သည် မြင့်လာကာ ပြိုင်ပွဲဝင်များယူသည့်အချိန်မှာ ပိုပိုကြာလာသည်။

ရှီမာယူယူသည် ခေါင်းငုံ့ပြီး မေးခွန်းများဖြေနေရာမှ တစ်စုံတစ်ယောက် သည် သူမကိုကြည့်နေသလိုခံစားရသဖြင့် ခေါင်းမော့ပြီးကြည့်ရာ လူစိမ်း တစ်ယောက်သည် သူမကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် သူမကိုကြည့်နေသည်ကို လူမိသွားသော်လည်း ကိုးရို့ကားယားမဖြစ်ပဲ ခေါင်းငုံ့ပြီး စာမေးပွဲကိုဆက်ဖြေနေလေသည်။

ရှီမာယူယူသည် လက်ထဲမှမီးသွေးခဲတံကို လှည့်နေလိုက်သည်။ သူမ သည် ထိုလူကိုမသိသော်လည်း သူ့ကြည့်ရသည်မှာ သူမကိုသိပုံပင်။

သူမ ခေတ္တစဉ်းစားပြီးနောက် ထိုလူကိုသူမ မသိသည်မှာသေချာသည် နှင့် စာမေးပွဲဆက်ဖြေလေသည်။

အချိန်ကျော်လွန်ပြီးနောက်တွင် ပြိုင်ပွဲဝင်အများစုသည် စာမေးပွဲဖြေပြီး သဖြင့် လက်ထဲမှအဖြေလွှာကို ပေးရန်တန်းစီလေသည်။

ရှီမာယူယူလည်း ထိုအစီအတန်းတွင်ပါဝင်လေသည်။

အစောပိုင်းက ရှီမာယူယူသည်လည်း တခြားသူများနှင့် အတွေးတူ သည်။ မေးခွန်းများသဖြင့် အသင်းမှရလဒ်ထုတ်နိုင်ရန် အချိန်ကြာမည်ဟု ထင်ထားခဲ့သည်။ သို့သော် အခုသိလိုက်ရသည်မှာ ပြိုင်ပွဲတစ်ခုပြီးသည်နှင့် ရလဒ်ထွက်လာသည်မှာ မကြာလိုက်ပေ။

မကြာခင်တွင် အတန်း၏အရှေ့သို့ရောက်ကာ သူမအလှည့်ရောက်လာ သည်။

“အဖြေလွှာကိုဒီထဲထည့်လိုက်ပါ” ဂျီချင်းယွမ်သည် ပြုံးရုံသာပြုံးလေ သည်။

ရှီမာယူယူသည် သံသယဝင်လိုက်သော်လည်း ပြန်ပြုံးပြကာ အဖြေလွှာ ကို အထဲသို့ထည့်လိုက်သည်။

ထိုသည်မှာ အထူးစီရင်ထားသောဆေးအရည်ဖြစ်ကာ အဖြေလွှာကို မစိုစေပဲ အဖြေမှန်ကိုပြပေးလေသည်။ အဖြေမှားပါက အဖြေသည် အနီရောင် ပြောင်းသွားသည်။

“ထိပ်တန်းဆေးအရည်ပဲ” သူမသည် မတတ်သာပဲ သက်ပြင်းချလိုက် လေသည်။

“တကယ်တော့ ဒါကထိပ်တန်းအဆင့်မဟုတ်သေးဘူး” ဂျီချင်းယွမ် ဆက်ပြောလေသည် “အစကတည်းက စာရွက်ပေါ်က အဖြေက အထူးဆေး မှင်ရည်နဲ့ရေးထားတာ အခုဒီဆေးအရည်က သူ့ပုံစံကိုပဲပြပေးတာ”

“သြော် ဟုတ် ကျေးဇူးပါပဲ”

အဖြေများသည် တဖြည်းဖြည်းပေါ်လာရာ ဘေးတွင်ရပ်နေသော ဝန်ထမ်းသည် သူမစာရွက်ကိုယူပြီး အမှတ်များကိုရေတွက်လေသည်။

“၉၉မှတ်” ဝန်ထမ်းသည် ကြေညာလိုက်သည်။

“၉၉မှတ်လား”

“၉၉မှတ်….”

အားလုံးသည် တအံ့တသြအော်ကြကာ ရှီမာယူယူလည်း အော်မိလေ သည်။

ဂျီချင်းယွမ်သည် အဖြေလွှာကိုယူပြီး လှန်ကြည့်ရာ အမှန်တကယ်ပင် အနီစာလုံးတစ်ခုသာရှိသည်။

“၉၉မှတ်လား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “ဘယ်လိုလုပ် ၉၉မှတ်ရရတာလဲ အဖြေလွှာကိုကြည့်ဦးမယ်”

ဂျီချင်းယွမ်သည် သူမကိုစာရွက်ပေးလိုက်ရာ ရှီမာယူယူသည် အနီ ရောင် အမှားနေရာသို့လှန်ပြီးအနီးကပ်ကြည့်ပြီး ပြောလိုက်သည် “ဒါက အမှားဖြစ်ရမယ်”

ထိုမေးခွန်းမှာ ရေအရည်အချင်းနီရဲကြယ်မြက်ပင်သည် မီးအရည် အချင်းမီးကြယ်မြက်ပင်နှင့် တွဲဖက်အသုံးပြု၍ ရနိုင်လားဟူ၍ဖြစ်သည်။

“ဒါက အထွေထွေဗဟုသုတာပဲ ဒီဆေးဖက်ဝင်ပစ္စည်းနှစ်ခုက အတူတူ ပေါင်းစပ်လို့မရဘူး” ဂျီချင်းယွမ် ဆက်ပြောလေသည် “ဒီဆေးဖက်ဝင်အပင် နှစ်ခုက အရမ်းပြင်းတယ် သူတို့အတူတူပေါင်းစပ်လိုက်ရင် ဆေးဖိုက ပေါက် ကွဲသွားမှာပဲ အဲတော့ ဒီမေးခွန်းက အတူတူပေါင်းစပ်လို့မရဘူးလို့ ဖြေရမှာ”

ရှီမာယူယူသည် ခေါင်းရမ်းပြီး သူမ စဉ်းစားပုံကို ခိုင်မာစွာရပ်တည်ထား ကာ အကောင်းဘက်မှကြည့်ပြီးပြောလိုက်သည် “ဒီနည်းလမ်းကို မှန်မှန်သာ အသုံးပြုရင် ပေါင်းစပ်လို့ရတယ်”

“ကျွတ်…” အနောက်မှ နှာခေါင်းရှုတ်သံ ထွက်လာသည်။

“နီရဲကြယ်မြက်ပင်နဲ့ မီးကြယ်မြက်ပင်က အတူပေါင်းစပ်လို့ရတယ် ဟုတ်လား မင်းကအဂ္ဂိရတ်ပညာရှင်ရောဟုတ်ရဲ့လား ဒါကအခြေခံအကျဆုံး အထွေထွေဗဟုသုတပဲ ဒါလေးတောင်မင်းမသိဘူး”

“ဟုတ်တယ် အမှားတစ်ခုတည်းကို မင်းကအချိန်ဆွဲနေသေးတယ်၊ အဲဆေးနှစ်ခုကိုသာပေါင်းစပ်လို့ရရင် ငါဒီစာရွက်တွေကိုဝါးစားပြမယ်”

***

All Chapters