#ဧရာမဝိဉာဉ်နတ်ဘုရားဒိုင်း#
Vol. 59 Ch. 827
သွေးပင်လယ်ဝဲဂယက်က နတ်ဆိုးနဂါးသွေးအိုင်၏ ဘက်ပေါင်းစုံကနေ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
အဆုံးမဲ့ပင်လယ်ဒေသအထက်က ကောင်းကင်တစ်ခုလုံးက ထူထဲသည့် သွေးတိမ်ဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး နေကိုပင် မမြင်ရတော့ပါ။
သွေးတိမ်ထဲတွင် တစ္ဆေများက ဟစ်ကြွေးနေကြ၏။
အသက်စွန့်အလံက အဆက်မပြတ် ထုတ်လွှတ်နေသည့် မိစ္ဆာဝိဉာဉ်စစ်တပ်ကိုပါ ပေါင်းစပ်ကာ ကောင်းကင်အင်မော်တယ်နယ်ပယ်အဆောင်က ဖန်တီးထားသည့် ကျောက်နံရံကို ရိုက်ခတ်သည်။
ဒါက ကမ္ဘာတုန်လှုပ်ဖွယ်ရာဖြစ်သည်။
ကောင်းကင်တစ်ခုလုံးက တုန်ခါကာ ပြိုကျလုနီးပါး အခြေအနေကို ရောက်နေသည့်အလားပင်။
ပင်လယ်မျက်နှာပြင်က အဆက်မပြတ် မြှင့်တက်နေပြီး မုန်တိုင်းထန်နေသည့် လှိုင်းများအောက်တွင် လက်ရှိပင်လယ်က အလွန်အမင်း အန္တရာယ်များနေသည်။
လှိုင်းများက သွေးနီရောင်ရှိသည်။
၎င်းတို့က လှောင်အိမ်ထဲကနေ ချိုးဖျက်ထွက်လာကြသည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲများအလား လိမ့်တက်လာစဉ် လေဟာနယ်နှင့် အပြင်းထန်ဆုံးတိုက်မိကြသည်။
ချီရှာဒေါင်၏ တိုက်ခိုက်မှုက ဆက်ဖြစ်နေသည်။
သူ့လက်ထဲက အသက်စွန့်အလံက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည့် ဒီဧရာမမုန်တိုင်းထဲတွင် ဆက်လက်လှုပ်ယမ်းနေသည်။
အသက်စွန့်အလံကနေ ထောင်ချီသောမိစ္ဆာဝိဉာဉ်များ ပြေးထွက်လာကြ၏။
ဒီပုံရိပ်ယောင်ဝိဉာဉ်များက ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းနိုင်သည်က ပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။
၎င်းတို့၏ခြေအောက်က အရိုးများက အဆုံးမဲ့တောင်တန်းတစ်ခုကိုပင် ဖန်တီးနိုင်လောက်သည်။
တစ်ချိန်တည်းမှာပင် ငရဲဂိုဏ်း၏ ကျန်ရှိနေသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူသုံးဦးနှင့် မြေအင်မော်တယ်၂၃ဦးတို့က အစွမ်းကုန် တိုက်ခိုက်နေကြ၏။
သွေးတိမ်များက သွေးဘီလူးတစ်ကောင်အဖြစ် သိပ်သည်းကျစ်လျစ်သွားပြီး ကျောက်နံရံပေါ်သို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
ကောင်းကင်အင်မော်တယ်နယ်ပယ် စွမ်းအားရှင်သုံးဦးကလည်း သူတို့၏ လက်သည်းများကို ဆန့်ထုတ်လိုက်ကြသည်။
တောင်ငယ်လေးများနှင့်တူသည့် သွေးရောင်ထက်ရှသည့်လက်သည်းသုံးခုက လေဟာနယ်ကို ဆုတ်ဖြဲကာ ကျောက်နံရံကို ဖမ်းဆုပ်သည်။
တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးတွင် တခြားရွေးချယ်စရာမရှိပေ။
ဇီရှန်း၏ခြိမ်းခြောက်မှုအောက်တွင် သူတို့တွင် ထွက်လမ်းမရှိတော့သဖြင့် စွမ်းအားအပြည့်ကိုသာ သုံးကြလေတော့သည်။
သူတို့ပန်းတိုင်က ဇီရှန်းကို ဒီနေရာ၌ ထာ၀ရထိန်းသိမ်းထားရန်ဖြစ်သည်။
ကျွမ်းကျင်သူများစွာက တစ်ချိန်တည်းတွင် တိုက်ခိုက်လာခဲ့သည်။
တစ်ခဏအကြာတွင် ဝိဉာဉ်ချီက နဂါးသွေးနတ်ဆိုးချောက်ကနေ ကီလိုမီတာငါးထောင်အကွာအထိ ထိုးတက်သွားပြီး လေဟာနယ်က အဆက်မပြတ် တုန်ခါနေသည်။
ဒါက အထဲကကျင့်ကြံသူများကို အလွန်အမင်းထိတ်လန့်စေပြီး သူတို့၏နှလုံးသားများကို အကြောက်တရားဖြင့် ပြည့်နှက်သွားစေသည်။
အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ပိုင်းက မှော်သားရဲများက သူတို့နေရာကို စတင်ပြန်လာနေကြပြီဟုပင် သူတို့တွေးလိုက်မိကြ၏။
တကယ်တမ်းတွင် တစ်ချို့ကျင့်ကြံသူများက အဆုံးမဲ့ပင်လယ်ဒေသ၏ အလယ်ပိုင်းကနေ ကြိုတင်ထွက်သွားကြလေပြီ။
တခြားတစ်ဘက်တွင် မိုချီရွှမ်းနှင့် ကျန်သောလျှို့ဝှက်ကျင့်ကြံသူများကလည်း ဒီအစွမ်းထက်အော်ရာကို အာရုံခံမိကြသဖြင့် အတိအကျ ဘာဖြစ်ပျက်သလဲဆိုတာကို သိချင်သည့်အပေါ် သူတို့အားလုံး နဂါးသွေးနတ်ဆိုးချောက်ရှိရာသို့ ပြေးသွားကြလေတော့သည်။
.....
ထိုအချိန်မှာပင် ကျောက်နံရံက ပြိုကျလုနီးပါး အခြေအနေတွင်ရှိနေပြီး အကြီးအကဲပိုင်ချူ၏လက်ထဲက အဆောင်မှထုတ်လွှတ်သည့် စွမ်းအင်က စတင်ပါးသထက် ပို၍ပါးလာသည်။
ကောင်းကင်အင်မော်တယ်အဆောင်၏ ပုံစံကွက်များပလည်း အတော်လေးကို ဝေဝါးနေလေပြီ။
၎င်းက အများကြီးပိုကြာအောင် မတောင့်ခံနိုင်တော့တာ သိသာထင်ရှားနေသည်။
ထိုအခိုက်အတန့်မှာပင် ဇီရှန်း ကယ်တင်ရှင်တစ်ယောက်ပမာ ပြောလာသည်။
"ကာကွယ်ဖို့အတွက်ပဲဆိုရင်တော့ ကျွန်မမှာ နည်းလမ်းတစ်ခုရှိလောက်တယ်"
"ဒါပေမယ့် ကျွန်မလူတိုင်းရဲ့ အကူအညီကို လိုအပ်တယ်"
လူတိုင်းဒါကိုကြားသောအခါ သူတို့၏မျက်လုံးများက လင်း၀င်းသွားကြ၏။
ယခုသူတို့လိုနေတာက အချိန်ဖြစ်သည်။
ရှောင်ဟိုင်ကျင့်ကြံခြင်းအဆုံးသတ်ပြီးသည်အထိ သူတို့အချိန်ဆွဲရမည်ဖြစ်ကာ ပြီးမှ ထွက်ပြေးဖို့ အခွင့်အရေးတစ်ခု ရှာဖွေရပေမည်။
ဇီရှန်းဒီလိုပြောလာသောအခါ မုတ်ဆိတ်ဖြူအကြီးအကဲ၊ ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် ကျန်သောသူများက သူမကို ယုံကြသည်။
မည်သို့ပင်ဆိုစေကာမူ သူမက တျန်ကျင်းကုန်သည်များအသင်းတွင် အဆင့်မြင့်ပုံရိပ်တစ်ခုပင် မဟုတ်ပေလော။
အပြင်ပန်းအရကြည့်မည်ဆိုပါက တျန်ကျင်းကုန်သည်များအသင်းတွင် ဇီရှန်း၏ ပုံရိပ်က အလွန်အမင်းမြင့်မားသည်။
ထို့ကြောင့် သူမပြောလာသောအခါ သူမထုတ်ယူမည့်အရာများကလည်း ထူးခြားရမည်သာ။
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဇီရှန်း ဧရာမဒိုင်းတစ်ခုကို ထုတ်လိုက်၏။
ဒိုင်းရှေ့ပိုင်းက ထူးခြားတာဘာမှမရှိပေ။
လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည့် တစ်ခုတည်းသောအရာက ဒိုင်းပေါ်၌ ကျောက်စိမ်းဆွဲသီးလေးခုကို တပ်ဆင်ထားခြင်းပင်။
သို့စေကာမူ ကျောက်စိမ်းဆွဲသီးများက ယခုတွင် မှိန်နေသည်။
ဇီရှန်းလေးနက်သည့် အမူအရာဖြင့်ပြောသည်။
"ကျွန်မလူတိုင်းကို အမွေးတိုင်တစ်တိုင်စာလောက် သူတို့ကို ထိန်းသိမ်းထားစေချင်တယ်၊ ပြီးမှ ဧရာမဝိဉာဉ်နတ်ဘုရားဒိုင်းကို ကျွန်မလုံး၀အသက်သွင်းနိုင်မှာ"
"အဲဒီအချိန်ကျရင် အနည်းဆုံး ဆယ်ရက်ကြာအောင် ထိန်းသိမ်းထားမယ်ဆိုရင်တောင် ပြဿာနာရှိတော့မှာမဟုတ်ဘူး"
အမွေးတိုင်တစ်တိုင်စာလား!
မုတ်ဆိတ်ဖြူအကြီးအကဲခေါင်းညိတ်သည်။
"အမွေးတိုင်တစ်တိုင်စာလောက် အချိန်ပဲဆိုရင်တော့ အလုပ်ဖြစ်လောက်တယ်"
ထို့နောက် သူအဆောင်သုံးခုကို ထုတ်ယူလိုက်၏။
မုဖူရှန်း တိတ်တဆိတ်ရှေ့တိုးပြီး မုတ်ဆိတ်ဖြူအကြီးအကဲဘေးတွင် ရပ်လိုက်စဉ် သူ့လက်ထဲတွင် အဆောင်တစ်ခုပေါ်လာသည်။
ခြွင်းချက်တစ်ခုကတော့ ဒီအဆောင်က အရင်ကကဲ့သို့ တူညီသည့်မိုးကြိုးဂုဏ်သတ္တိမပါရှိတော့ပါ။
ဆန့်ကျင်ဘက်ပင် မည်သည့်ဂုဏ်သတ္တိမှမရှိပေ။
မုတ်ဆိတ်ဖြူအကြီးအကဲ အနည်းငယ်အံ့ဩသင့်သွား၏။ ဒါက မုဖူရှန်း အဆောင်မျှော်စင်တွင် ရေးထွင်းခဲ့သည့် အဆောင်တစ်ခုမဟုတ်ပေ။
သို့စေကာမူ ၎င်း၏အော်ရာက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ရောက်နေသည်။
မုဖူရှန်းရှင်းပြသည်။
"အရင်က ကျွန်တော့်မှာ ဘာမှလုပ်စရာမရှိတော့ အဆောင်ပုံစံအမျိုးမျိုးကို ရေးထွင်းချင်တယ်လေ၊ အဆုံးမှာ ဒါကိုတကယ်ပဲ စိတ်ကူးရသွားခဲ့တာပါ"
အကြီးအကဲပိုင်ချူ အကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။
"မင်းမွန်းစတားလေး......"
တခြားတစ်ဘက်တွင် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကလည်း ဓားအသီးသီးကို ထုတ်လိုက်ကြ၏။
အင်မော်တယ်ဓား ဓားဆန္ဒက ကောင်းကင်တွင် ပြည့်နှက်သွားခဲ့သည်။
ယဲ့ချိုးပိုင် ရှေ့တစ်လှမ်းတိုးလိုက်ပြီး ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ကိုင်ရင်း နူးညံ့စွာပြောသည်။
"ကျွန်တော်စီနီယာတို့နှစ်ယောက်ကို ကူညီပေးမယ်...."
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ စိတ်ရှုပ်ထွေးသွားကြ၏။
ဓားတာအို၌ ယဲ့ချိုးပိုင်၏ ပါရမီက အတော်လေးအားကောင်းသည်။
သို့သော် လက်ရှိမြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်နှင့် သူကဘယ်လိုမျိုး ကူညီနိုင်မည်နည်း။
ယဲ့ချိုးပိုင် ခြေတစ်ချက်ဆောင့်လိုက်စဉ် ဓားပိုင်နက်တစ်ခု မြှင့်တက်လာသည်။
ယဲ့ချိုးပိုင်သာလျှင် ပိုင်ဆိုင်သည့် ဒီဓားပိုင်နက်ထဲတွင် ယှဉ်၍မရနိုင်သည့် ဓားတာအို၏ နက်ရှိုင်းသည့်အော်ရာရှိနေတာကို သူတို့အံ့ဩသင့်စွာပင် တွေးလိုက်ရသည်။
ဓားတာအိုနိယာမ!
ဒါ့အပြင် ဒီဓားဆန္ဒကို သူတို့နှစ်ယောက် ယာယီအသုံးပြုနိုင်သည်။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ ထိတ်လန့်သွားကြ၏။
ဒီလိုဆိုပါက ယဲ့ချိုးပိုင်၏ အကူအညီနှင့် သူတို့၏ဓားဆန္ဒများက နည်းနည်းလေး တိုးတက်လာနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ထားသည်။
နင်းချန်ရှင်းက တာအိုကျမ်းစာကိုကိုင်ထားသည်။
ရှီရှန်းက အင်ပါယာမင်ရွှမ်ပုဆိန်ကို ကိုင်ထားသည်။
မု၀မ်အာက ဆေးလုံးများ ဖြန့်ဝေပေးနေသည်။
မု၀မ်အာ၏ဆေးလုံးများက ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများအတွက်ပင် အကျိုးရှိတာကို ပြောနေစရာပင်မလို။
ဒါက မုတ်ဆိတ်ဖြူအကြီးအကဲ၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကို ထိတ်လန့်သွားစေသည်။
ကောင်းကင်အင်မော်တယ်တစ်ဦး၏ ခွန်အားကို တိုးစေနိုင်သည့် ဆေးလုံးတစ်လုံး!
သာမန်ကောင်းကင်အင်မော်တယ်အဆင့် ဆေးလုံးများပင် ဒီလိုလုပ်နိုင်မည်မဟုတ်ပါ။
ဒါ့အပြင် ဒါကို မု၀မ်အာတစ်ယောက်တည်း သန့်စင်ထားခြင်းဖြစ်သည်။
သူတို့ထပ်မံသက်ပြင်းချလိုက်မိကြ၏။
ဒီလူတွေက ဘယ်လိုမွန်းစတားတွေလဲ!
ကျောက်နံရံက ပြိုကျလုနီးပါး အခြေအနေတွင် ရှိနေလေရာ လူတိုင်း၏ အမူအရာက တဖြည်းဖြည်းလေးနက်လာကြ၏။
ဝိဉာဉ်ချီက လေကဲ့သို့ပင် ပြင်းထန်နေပြီး သူတို့ကိုယ်ထဲတွင် အလုံးစုံကိုသိပ်သည်းအောင် လုပ်နေကာ ကျောက်နံရံပြိုကျသွားသည်နှင့် သူတို့ချက်ချင်းရှေ့သို့ ချီတက်သွားကြမည်ဖြစ်သည်။
ဂျုန်း.....ဂျုန်း....!
များမကြာမီ ကမ္ဘာတုန်လှုပ်ဖွယ်ရာအသံနှင့်အတူ ကောင်းကင်နှင့်မြေကြီးကို ခွဲထားသည့် ကျောက်နံရံက အက်ကြောင်းများပေါ်လာပြီးနောက် ပေါက်ကွဲသွားလေတော့သည်။
ပုံရိပ်ယောင်ဝိဉာဉ်များက တစ်ခုပြီးတစ်ခု ဘက်ပေါင်းစုံကနေ လူအုပ်စုထံ ၀င်ရောက်လာကြ၏။
အဆုံးမဲ့ဟစ်ကြွေးသံများကလည်း ၎င်းတို့နှင့်အတူ လိုက်ပါလာသည်။
တစ်ချိန်တည်းမှာပင် ငရဲဂိုဏ်းဘက်တွင် တျန်ကျင်းကုန်သည်များအသင်း၏ ကောင်းကင်အင်မော်တယ်သုံးဦးက နောက်ထပ်မနှောင့်နှေးချင်တော့တာ ရှင်းနေသည်။
သူတို့ကတုံ့ဆိုင်းမနေဘဲ စံအိမ်တော်က လူများထံ တည့်တည့်ပင် ပြေး၀င်သွား၏။
အကြီးအကဲပိုင်ချူ အေးစက်စွာ နှာခေါင်းရှုံ့ရင်း အဆောင်သုံးခုကို တစ်ပြိုက်တည်း ပစ်လွှတ်လိုက်သည်။
မိုးနှင့်မြေကြားတွင် မီးပင်လယ်က ဆူပွက်လာပြီး လေပြင်းများက ရုတ်တရက် မြှင့်တက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သွေးပင်လယ်ကနေ ရှေးဟောင်းသစ်ပင်များက ကောင်းကင်ပေါ်သို့ ထိုးတက်လာကြပြီး လူတိုင်းကို ခုခံချင်နေသည်။
မီးပင်လယ်က လေပြင်းအောက်တွင် ပို၍ပြင်းထန်စွာ လောင်ကျွမ်းနေသည်။
ရှေးဟောင်းသစ်ပင်များက တခြားတစ်ဘက်ကို အချိန်တိုအတွင်း နှောင့်နှေးစေသည်သာမက လောင်ကျွမ်းနေသည့် မီးပင်လယ်၌ပင် လောင်စာထပ်ထည့်နိုင်သည်။
ဒီကောင်းကင်အင်မော်တယ်အဆင့်အဆောင်သုံးခုက အကြီးအကဲပိုင်ချူ၏ ဝှက်ဖဲဟု ဆို၍ရသည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်း၏ အဆောင်က သူ့ကိုယ်ပေါ်၌ တိတ်တဆိတ် အလိုအလျောက် ရိုက်ခတ်ထားလေသည်။
အပိုင်း(828) coming။