← Chapters

#ကျောက်လမ်းခင်းသည့်ဝိဉာဉ်#

Vol. 59 Ch. 828

#ကျောက်လမ်းခင်းသည့်ဝိဉာဉ်#

Vol. 59 Ch. 828

အကယ်၍ ဒီနေရာက လူသတ်နေရာတစ်ခုအဖြစ် ပြောင်းသွားပါက နဂါးသွေးနတ်ဆိုးချောက်က သေခြင်းရှင်ခြင်းနယ်မြေတစ်ခု ဖြစ်လာပေလိမ့်မည်။

တစ်ဘက်ကသေသွားမှသာ သူတို့ဒီနေရာက ထွက်သွားနိုင်ပေတော့မည်။

ထိုအခိုက်အတန့်၌ မိုချီရွှမ်း၊ ရွှံ့ဗွက်ပိုင်နက်၏ ချင်းရွှမ်ရာယောင်နှင့် ဝိဉာဉ်ဖြင့် တိုက်ခိုက်သည့် ကုရှောင်တို့‌ ရောက်လာကြသည်။

ဒီဆန်းကြယ်သည့် တစ်ကိုယ်တော်ကျင့်ကြံသူသုံးဦးက ဂိုဏ်းအသီးသီးက ကြောက်ရပြီး အရိုးထဲကပင် မုန်းတီးသော သူများပေတည်း။

သူတို့ကလည်း နဂါးသွေးနတ်ဆိုးချောက်အနီးသို့ ရောက်လာကြသည်။

သူတို့ရှေ့တွင် သွေးပင်လယ်က အလိပ်လိပ်ထနေပြီး သွေးတိမ်များက ကောင်းကင်ကို ဖုံးလွှမ်းထားသည်။

ဒါကသူတို့ရှိသည့်နေရာနှင့် ဆန့်ကျင်ဘက်ဖြစ်ပုံရသည်။

တစ်ဘက်က တည်ငြိမ်နေပြီး တခြားတစ်ဘက်က သွေးပင်လယ်ဖြစ်သည်။

တစ်ဘက်က ကောင်းကင်က ကြည်လင်ပြီး ကျန်တစ်ဘက်က သွေးတိမ်များက ကောင်းကင်၌ ပြည့်နှက်နေသည်။

အလားတူနေရာတစ်ခုတည်းသာရှိသည်။

ဒါက ကမ္ဘာကိုပင်ဖျက်ဆီးနိုင်စွမ်းရှိပုံရပြီး နဂါးသွေးနတ်ဆိုးချောက်ထဲက လေဟာနယ်ကို ကွဲအက်စေနိုင်ပုံရသည့် ဝိဉာဉ်စွမ်းအင်အတက်အကျပင်။

ကောင်းကင်အင်မော်တယ်နယ်ပယ် စွမ်းအားရှင်တစ်ယောက်သာ ဒီကမ္ဘာကြီးကို သက်ရောက်နိုင်ပါသည်။

ကောင်းကင်အင်မော်တယ်ဆယ်ဦး တိုက်ခိုက်သောအခါ သက်ရောက်မှုက ဘယ်လိုလုပ်သေးငယ်မည်နည်း။

အဆုံးမဲ့ပင်လယ်ဒေသ၏ လေဟာနယ်က အတော်လေးတည်ငြိမ်ခိုင်ခံ့သည့် အချက်ကြောင့်သာ မဟုတ်ပါက ဒီလေဟာနယ်က အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်မှာ ကြာမြင့်နေပါပြီ။

ထို့နောက် အပြည့်အ၀ပြန်လည်ကောင်းမွန်လာရန်အတွက် နှစ်သောင်းချီ ကြာနိုင်လောက်သည်။

သို့တိုင် မိုချီရွှမ်း၊ ချင်းရွှမ်ရာယောင်နှင့် ကုရှောင်တို့ရောက်လာသောအခါ သူတို့ရှေ့မဆက်ကြဘဲ ယင်းအစား နဂါးသွေးနတ်ဆိုးချောက်၏ ငရဲတမျှတိုက်ပွဲကွင်းပြင်ကို ဦးတည်လိုက်ကြ၏။

သို့သော် သူတို့ထိုနေရာတွင်ရပ်‌လိုက်စဉ် ချင်းရွှမ်းရာယောင်မေးသည်။

"ကွမ်းကောဘယ်မှာလဲ၊ သူဘာလို့ဒီမှာ ရှိမနေသေးရတာလဲ"

ကွမ်းကောက ဆန်းကြယ်သည့်တစ်ကိုယ်တော်ကျင့်ကြံသူများထဲမှ ဆေဘာဓားသမားဖြစ်သည်။ သူက မြေအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်က ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်သည်။

မိုချီရွှမ်းခေါင်းခါယမ်းသည်။

"သူ့မှာ ဖြေရှင်းစရာတခြားကိစ္စတွေရှိတယ်၊ ဒီနေရာမှာ ငါတို့က လုံလောက်ပြီ"

မိုချီရွှမ်း ကုရှောင်ကိုကြည့်ကာ တည်ငြိမ်စွာပြောသည်။

"အစ်ကိုကု၊ အထဲမှာလူတွေရှိလားဆိုတာ ကြည့်ပေးပါဦး"

ကုရှောင် အမူအရာကင်းမဲ့စွာ ခေါင်းညိတ်သည်။

ထို့နောက် ကမ္ဘာမြေတုန်လှုပ်လုနီးပါး ဝိဉာဉ်စွမ်းအားက သူ့မျက်ခုံးကြားကနေ စိမ့်ထွက်လာသည်။

ကောင်းကင်အင်မော်တယ်နယ်ပယ် စွမ်းအားရှင်တစ်ဦးပင်လျှင် ဝိဉာဉ်စွမ်းအားပမာဏကို မြင်ပါက ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။

ဒါက မြေအင်မော်တယ်အထွတ်အထိပ်တစ်ယောက် လုပ်နိုင်တဲ့အရာတစ်ခုလား!

မုဖူရှန်း ဒီမြင်ကွင်းကိုမြင်လျှင်ပင် ၀မ်းနည်းသလို ခံစားရပေလိမ့်မည်။

ယခုလိုဝိဉာဉ်စွမ်းအားမျိုးက ကြီးမားထူထဲပြီး သူနှင့်ပင် အတော်လေးနီးစပ်သည်။

အကယ်၍သူသာ စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို မကျင့်ကြံသလို အဆင့်ခြောက်ဖြစ်သည့် ဝိဉာဉ်အေးမီးတောက်ဖြူကိုသာ မကျင့်ကြံခဲ့ပါက ဒီလူ၏ဝိဉာဉ်စွမ်းအားထက်ပင် နိမ့်ကျလောက်သည်။

ကုရှောင် သူ့ဝိဉာဉ်စွမ်းအားကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မလိုသောကြောင့်ဖြစ်သည်။

နဂါးသွေးနတ်ဆိုးချောက်မှ ဆူပူမှုက ယှဉ်၍မရနိုင်လောက်အောင် ကြိုးမားသည်။

အပြင်ပကမ္ဘာက ကျွမ်းကျင်သူများ သတိထားမိတာက ပုံမှန်သာ။

ကုရှောင်၏ဝိဉာဉ်က သွေးပင်လယ်ကို ဖြတ်သွား‌သောအခါ ချီရှာဒေါင်နှင့် ငရဲဂိုဏ်းမှ ကျန်သောသူများ၊ တျန်ကျင်းကုန်သည်များအသင်းက အထက်အဆင့် ပုဂ္ဂိုလ်သုံးဦး၊ ကွေ့ကောရင်ရှိသည့် ကောင်းကင်ပြာမြစ်ဝါနန်းတော်အပြင် မြင့်မြတ်အဆောင်ဂိုဏ်း၊ ကျန်းကျိယွမ်၊ လိန်ရှင်းယွန်တို့နှင့် ဇီရှန်းတို့က ဂရုမစိုက်ကြပေ။

စံအိမ်တော်တွင်လည်း မုဖူရှန်းကလွဲ၍ ကျန်သောသူများက ဂရုမစိုက်ပေ။

ဒီနေရာက ဆူပူအုံကြွမှုကို ကျွမ်းကျင်သူများ စူးစမ်းစစ်ဆေးတာက ပုံမှန်သာ။

ကွေ့ကောရင်၏ သံလိုက်အိမ်မြှောက် အစီအရင်စွမ်းအားကမူ မိုးကြိုးဂုဏ်သတ္တိအဆောင်များနှင့် အာကာသဂုဏ်သတ္တိအဆောင်များကိုသာ သီးခြားထားခြင်းဖြစ်ပြီး အော်ရာကို သီးခြားမထားနိုင်ပေ။

သို့သော် မုဖူရှန်းက ပို၍ပင်သတိထားနေသည်။

ဝိဉာဉ်က သူ့အနားကဖြတ်သွားသောအခါ မုဖူရှန်း ဝိဉာဉ်၏အရင်းအမြစ်ကို ခြေရာခံရန် ကြိုးစားသည့်အနေဖြင့် သူ့ဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်၏။

သို့သော် တစ်ဘက်လူက သူ့ဝိဉာဉ်အား ခြေရာခံခြင်းကနေ ကန့်သတ်ရန် နည်းလမ်းတစ်ချို့ကို သုံးထားပုံရသည်။

ရလဒ်အဖြစ် မုဖူရှန်း၏ ဝိဉာဉ်စွမ်းအားက တစ်ဘက်လူ၏ ဝိဉာဉ်အသိနှင့် ပေါင်းစပ်တော့မည့်အချိန်တွင် ဒါက တိုက်ရိုက် ပိတ်ဆို့ခံရသည်။

သို့စေကာမူ ဒါက မုဖူရှန်း၏နှလုံးသားကို လေးလံသွားအောင်လုပ်ရန် မလုံလောက်သေး။

မည်သို့ပင်ဆိုစေကာမူ နတ်ဝိဉာဉ်စွမ်းအားကို ကျင့်ကြံသည့်ကျင့်ကြံသူတစ်ချို့က သူတို့ဝိဉာဉ်များထဲသို့ တခြားနတ်ဝိဉာဉ်များ ကျူးကျော်၀င်ရောက်ခြင်းကနေ ကာကွယ်တားဆီးရန်အတွက် ကန့်သတ်ချက်တစ်ချို့ ချထားကြမည်သာ။

မုဖူရှန်းပင်လျှင် သူ့အသိစိတ်နှင့်ဝိဉာဉ်၌ ကန့်သတ်ချက်အလွှာများစွာ ချထားသည်။

များသောအားဖြင့် ဝိဉာဉ်တိုက်ပွဲတစ်ခု အခြေအနေတွင် တစ်ဘက်လူက ဝိဉာဉ်ကို ကိုင်တွယ်ရန်အတွက် အထူးနည်းလမ်းတစ်ခုရှိပါက အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်နိုင်ချေပိုများသည်။

တစ်ဘင်လူ၏ဝိဉာဉ်စွမ်းအားက အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်လာတာနှင့် ဒါက သေစေလောက်သည့်အရာပေတည်း။

မုဖူရှန်းကိုအံ့ဩသင့်စေတာက ဒီလွှမ်းမိုးနေသည့်ဝိဉာဉ်စွမ်းအားက သူ့ကို ရင်းနှီးနေသည့်ခံစားချက်ကို ပေးနေခြင်းပင်။

သူအရင်က တစ်နေရာရာတွင် မြင်တွေ့ဖူးသည့်အလားထင်ရသည်။

ဒီရင်းနှီးမှုအသိက ထိုသူ၏ ဝိဉာဉ်အရင်းအမြစ်ကနေ လာခြင်းမဟုတ်ပေ။

ဒါက ကြီးမားသည့်ဝိဉာဉ်တစ်ခုပင်။

ဒါကို လူတစ်ယောက်၏ အသိစိတ်ပင်လယ်ကနေ ဖန်တီးထားခြင်းမဟုတ်ဘဲ ယင်းအစား မရေမတွက်နိုင်လောက်သည့် အကြွင်းအကျန် ဝိဉာဉ်အပိုင်းအစများ အတူတကွစုစည်းထားသည့်အသွင်။

ဒါက....သေမင်းဝိဉာဉ်မြို့က အဲဒီဧရာမဝိဉာဉ်ကြီးတွေလိုမျိုးလား!

ထိုအခိုက်အတန့်၌ မုဖူရှန်း သေမင်းဝိဉာဉ်မြို့က ဆန်းကြယ်သည့်နေရာကို ရုတ်တရက်တွေးမိသွားသည်။

အဆုံးသတ်တွင် သူတို့သေမင်းဝိဉာဉ်မြို့ကို ဖန်တီးခဲ့သည့် ဉာဏ်ကြီးရှင်နှင့်တွေ့ခဲ့သည်။

ထိုဆန်းကြယ်သည့်ပုံရိပ်၏ နောက်ဆုံးစကားလုံးများက ကြယ်နယ်မြေအားလုံးကို အုပ်စိုးရန်ပင်။

တခြားနယ်မြေများနှင့် နေရာများတွင်လည်း သေမင်းဝိဉာဉ်မြို့နှင့်ဆင်တူသည့် တည်ရှိမှုများရှိရပေမည်။

ထိုနေရာက စမ်းသပ်မှုများကို အောင်မြင်ခဲ့သည့် ကျင့်ကြံသူများလည်းရှိမည်သာ။

သူတို့က သေမင်းဝိဉာဉ်မြို့နောက်ကွယ်က လူများ၏ စစ်တုရင်အပိုင်းအစများဖြစ်ပြီး သတင်းပို့ရန်ကူညီပေးသော အပိုင်းများပင်။

ဒါကိုတွေးမိသောအခါ မုဖူရှန်း၏ နှလုံးသားက အနည်းငယ်တုန်ယင်သွားရသည်။

ဖြစ်နိုင်တာက......!

မုဖူရှန်း၏ အမူအရာက လေးနက်နေသော်လည်း လက်ရှိအခြေအနေက သူ့အဖို့ တခြားကိစ္စရပ်များကို ဆွေးနွေးနေရန်အတွက် မသင့်တော်ပေ။

ဒီအကြောင်းကို တွေးမိပြီးနောက် မုဖူရှန်း ဒါကို သူ့စိတ်ထဲသို့ ယာယီပစ်ချလိုက်၏။

သူရှေ့သို့ကြည့်သောအခါ အကြီးအကဲပိုင်ချူ၏ အဆောင်သုံးခုက စတင်တိုက်ခိုက်နေလေပြီ။

မှော်ဆန်သည့်အော်ရာတစ်ခုက အဆောင်ကနေ ထွက်လာသည်။

မီးပင်လယ်က ကောင်းကင်ပေါ်ထိ မြှင့်တက်လာသည်။

လေပြင်းက ရုတ်တရက်တိုက်ခတ်သည်။

ရှေးဟောင်းသစ်ပင်က ကောင်းကင်ပေါ် ထိုးတက်သွား၏။

၎င်းတို့ကတစ်ခုကိုတစ်ခု အားဖြည့်ပေးပြီးနောက် မီးကပို၍ပင် အားကောင်းလာပြီး သွေးတိမ်များက အနည်းငယ်ပျံ့သွားသည်။

ကောင်းကင်၌ တောက်လောင်နေသည့် အဖျက်မီး‌က လေဟာနယ်ကို အရည်ပျော်စေပြီး အာကာသတစ်ခုလုံးကို မီးတောက်ကဲ့သို့ အနီရင့်ရောင်ဖြစ်စေသည်။

ချီရှာဒေါင်၊ ငရဲဂိုဏ်းက ကောင်းကင်အင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူသုံးဦးနှင့် မြေအင်မော်တယ်၂၃ဦးတို့က မီးပင်လယ်ထဲတွင် ပိတ်မိနေကြ၏။

ချီရှာဒေါင်အပြင် တခြားကောင်းကင်အင်မော်တယ်များလည်း ‌ချွေးများထွက်နေကြသည်။

သူတို့တစ်ကိုယ်လုံးကို ရစ်ပတ်ရန် ဝိဉာဉ်ချီကို သုံးကြသော်လည်း သူတို့၏ဝိဉာဉ်ချီများက လျင်မြန်စွာစီးဆင်းသွားနေတာကို ခံစားနိုင်ပါသေးသည်။

မြေအင်မော်တယ်နယ်ပယ်က သူများကမူ ချီရှာဒေါင်နှင့် ကျန်ကောင်းကင်အင်မော်တယ်သုံးဦး၏ အကူအညီမရှိပါက ‌ရုတ်ချည်းလောင်ကျွမ်းသွားမည်ဖြစ်ကာ သူတို့ဝိဉာဉ်များပင် ကျန်ရစ်ခဲ့မည်မဟုတ်။

ယဲ့ချိုးပိုင်၏ဓားပိုင်နက်က ဓားတာအိုနိယာမ၏ အကူအညီနှင့်အတူ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့၏ ဓားဆန္ဒက တိုးမြှင့်လာခဲ့သည်။

သို့စေကာမူ တျန်ကျင်းကုန်သည်များအသင်းမှ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦး၏ ဝိုင်းရံမှုကို ရင်ဆိုင်ရသောအခါ ဒါက အတော်လေးခက်ခဲနေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ကျင့်ကြံခြင်းနယ်ပယ်နှင့် အရေအတွက်က ဧရာမကွာဟချက်တစ်ခု ရှိနေသည် မဟုတ်ပေလော။

ကောင်းကင်အင်မော်တယ်နယ်ပယ်တွင် နယ်ပယ်ခြားနားချက်က နည်းနည်းလေးဆိုလျှင်ပင် တကယ့်တိုက်ခိုက်ရေးခွန်အား၌ ကြီးမားသည့်ကွာဟချက် ရှိပေလိမ့်မည်။

သို့စေကာမူ အမွေးတိုင်တစ်တိုင်စာခန့် အချိန်ထိတော့ လုံလောက်မည်သာ။

မည်သည့်အရာမှ မမှားယွင်းပါက အံ့ဩစရာမရှိဘဲ ဘာမတော်တဆမှုမှလည်း ရှိလာမည်မဟုတ်။

တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးက ဇီရှန်း၏ လုပ်ဆောင်ချက်များကို မြင်ပါသည်။

ဇီရှန်းတွင် အသက်ကယ်ရတနာတွေ အများကြီးရှိတာကို သူတို့သိကြသည်။

သူမသာအသက်သွင်းလိုက်ပါက သူမကို သူတို့လောလောဆယ် ဘာမှ လုပ်၍ ရတော့မည်မဟုတ်။

ဒါကိုတွေးမိသောအခါ သူတို့သုံးယောက် တစ်ဦးကိုတစ်ဦးကြည့်ရင်း သိုလှောင်လက်စွပ်များကနေ အတော်လေးကြောက်စရာကောင်းသည့် အရာတစ်ခုကို ပြန်လည် ထုတ်ယူလိုက်ကြ၏။

တျန်ကျင်းကုန်သည်များအသင်းက ယခုလိုအစွမ်းထက်အင်အားစုတစ်ခု ဖြစ်လေရာ ဒီအထက်အဆင့်ပုဂ္ဂိုလ်သုံးဦးတွင် ဘယ်လိုလုပ် မည်သည့်ထိပ်တန်းအဆင့်ရတနာတွေ မရှိဘဲနေမည်နည်း။

အပိုင်း(829) coming။

All Chapters