#တစ်ဦးချင်းစီက နတ်စွမ်းရည်များကို ပြသကြခြင်း#
Vol. 59 Ch. 829
အမွေးတိုင်တစ်တိုင်စာခန့်အချိန်က ပုံမှန်အချိန်များတွင် တစ်ခဏလေးနှင့် ကုန်ဆုံးသွားသည့်အလား တိုတောင်းလွန်းသည်။
သို့စေကာမူ လက်ရှိအခြေအနေတွင် မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ အသက်ရှုတိုင်းနှင့် မျက်တောင်ခတ်သည့်အကြိမ်တိုင်းက သေစေလောက်ပြီး အမွေးတိုင်တစ်တိုင်စာအချိန်က အလွန်အမင်းရှည်လျားသည်။
တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦး ထုတ်လိုက်သည့်ပစ္စည်းများက သာမန်ပစ္စည်းများမဟုတ်ပေ။
အကြီးအကဲမာလက်ထဲတွင် ဧရာမစွမ်းအင်ဖြင့် ပြည့်နှက်နေသည့် အခင်းအကျင်းအလံတစ်ခုရှိသည်။
အကြီးအကဲလီလက်ထဲတွင် ကိုးထပ်စေတီတစ်ခုရှိသည်။
၎င်းက နက်မှောင်ကာ နက်ရှိုင်းသည့် ဖိနှိပ်စွမ်းအားကို ထုတ်ဖော်နေသည်။
အကြီးအကဲဟီလက်ထဲတွင်မူ လက်ချောင်းတစ်ချောင်းခန့်ရှည်သည့် အိတ်ကပ်အရွယ် ဓားတစ်လက်ရှိသည်။
သို့စေကာမူ ဒီဓားလေးထဲတွင်ပါရှိသည့် ဓားဆန္ဒက ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကိုပင် ထိတ်လန့်စေသည်။
ဒါက အင်မော်တယ်ဓားဓားဆန္ဒဖြစ်သည်။
တျန်ကျင်းကုန်သည်များအသင်းက သုံးယောက်ထုတ်ယူသည့် ပစ္စည်းများက သာမန်ပစ္စည်းများမဟုတ်ပါ။
ထိုထဲက တစ်ခုကပင် ဂိုဏ်းအသီးသီးနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကိုပင် တိုက်ခိုက်စေနိုင်သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ဧရာမဝိဉာဉ်နတ်ဒိုင်းကို အသက်သွင်းနေသည့် ဇီရှန်း စိတ်ဖိစီးသွားသည်။
သူမစိုးရိမ်စွာသတိပေးသည်။
"သတိထားကြ၊ ဒီမှော်ရတနာသုံးခုနဲ့ဆိုရင် ခုခံဖို့အတွက် ခက်ခဲမှုက အကြီးအမား တိုးလာလိမ့်မယ်"
ဇီရှန်းအတွက် သတိပေးနေစရာပင်မလို။
ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် သူတို့နှစ်ယောက်ကို ကူညီနေသည့် ယဲ့ချိုးပိုင်တို့က ဒါကိုခံစားမိပြီးဖြစ်သည်။
တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးက ကြာရှည်စွာ မတုံ့ဆိုင်းခဲ့ကြပေ။
အချိန်က အရမ်းအရေးကြီးနေတာကို သူတို့သိကြသည်။
ဇီရှန်း ဧရာမဝိဉာဉ်နတ်ဒိုင်းကို အသက်မသွင်းသေးခင် သူတို့ဇီရှန်းကို သတ်ပစ်ရပေမည်။
မဟုတ်ပါက ပြောင်းလဲမှုများရှိလာပေလိမ့်မည်။
ချက်ချင်းဆိုသလို အကြီးအကဲမာ လက်ထဲက အခင်းအကျင်းအလံကို ပစ်လိုက်ပြီး လက်အစုံနှင့် စည်းတံဆိပ်များ ဖန်တီးကာ ပြင်းထန်သည့်ဝိဉာဉ်ချီကို အခင်းအကျင်းအလံထဲတွင် သွန်ထည့်ပေးသည်။
ရွှီး......ရွှီး.....!
တလံက မြည်ဟီးကာ အရူးအမူ တလူလူလွင့်နေစဉ် ကမ္ဘာကို ဖျက်ဆီးနိုင်သည့် စွမ်းအားရှိသော အခင်းအကျင်း အစီအရင်တစ်ခုက တိတ်တဆိတ်ပြန့်သွားသည်။
အခင်းအကျင်းထဲတွင် လေပွေတစ်စင်း ရုတ်တရက် ပေါ်လာခဲ့သည်။
လေပြင်းများက မြို့တစ်မြို့ကိုပင် တိုက်ခတ်ရန် လုံလောက်သည့် လေဆင်နှာမောင်းအဖြစ် သိပ်သည်းသွားပြီး ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် ယဲ့ချိုးပိုင်တို့အနီးတွင် သိပ်သည်းလာခဲ့သည်။
လေပြင်းတိုက်ခတ်နေချိန်တွင် လေတိုက်မှုတိုင်းက ထက်ရှလှသည့် ဆေဘာဓားများအလား မြို့တစ်မြို့ကို ဖျက်ဆီးနိုင်ရန် လုံလောက်သည်အထိ လေးလံနေသည်။
ဒါ့အပြင် ဒါက ဒီကမ္ဘာကြီးထဲက ပုံရိပ်ယောင်လှည့်စားမှုအားလုံးကို ဖြတ်တောက်ပစ်နိုင်သည်အထိ ထက်ရှသည်။
တစ်ချိန်တည်းမှာပင် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က နောက်ဆုတ်ကာ လေပြင်းတိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် အခင်းအကျင်းအစီအရင်အလယ်ကနေ ထွက်သွားရန် ပြင်နေစဉ် အကြီးအကဲလီလက်ထဲက ကိုးထပ်စေတီက လက်ဖဝါးကနေ မျောပါသွား၏။
စေတီလေးလေထဲတွင် လွင့်မြောသွားသည့်အခိုက်အတန့်၌ လေထဲတွင် ချက်ချင်းကျယ်ပြန့်သွားသည်။
ဒါက ကောင်းကင်၌ အစက်အပျောက်များပမာ ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် ယဲ့ချိုးပိုင်တို့အပေါ်၌ လွင့်မြောနေသည်။
သူတို့အနည်းငယ်ခေါင်းမော့လိုက်သောအခါ အရိပ်မည်းတစ်ခုကိုသာ တွေ့ရသည်။
ထိုအချိန်တွင် ကိုးထပ်စေတီက ကြောက်မက်ဖွယ်ရာဖိနှိပ်အားတစ်ခုနှင့်အတူ ပေါက်ကွဲသွား၏။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့မှာ ထိုနေရာတွင်ပင် အေးခဲသွားရသည်။
သူတို့က သူတို့၏လှုပ်ရှားမှုအားလုံးကို ကန့်သတ်ထားသည့် ဒီအစွမ်းထက်ဖိနှိပ်မှုအား၏ ထောင်ချောက်ထဲတွင် ပိတ်မိနေသည့်အလားပင်။
ကောင်းကင်အင်မော်တယ်နယ်ပယ်အလယ်အလတ်အဆင့်က ဓားအင်မော်တယ်ကိုပင်လျှင် ကန့်သတ်နိုင်လေရာ ဒီကိုးထပ်စေတီ၏ အဆင့်ကို စိတ်ကူးယဉ်ကြည့်၍ရသည်။
တျန်ကျင်းကုန်သည်များအသင်းက ကျန်ရှိနေသည့် အကြီးအကဲဟီကမူ လက်ချောင်းကို လှုပ်ရှားလိုက်စဉ် သူ့လက်ထဲက အိတ်ကပ်အရွယ်ဓားလေးက ငွေအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေပြင်းထဲသို့ တိုး၀င်သွား၏။
ထိုအခိုက်အတန့်မှာပင် အိတ်ကပ်အရွယ်ဓားလေးက အမှန်တကယ်စတင်ကွဲသွားပြီး ဓားဆန္ဒက သုံးပေရှည်ဓားသွားများအဖြစ် ဆက်လက်သိပ်သည်းနေကာ အင်မော်တယ်ဓားဓားဆန္ဒက အနီး၀န်းကျင်တွင်ရှိနေသည်။
ထို့နောက် လေပြင်းထဲတွင်ပေါင်းစပ်ကာ ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် ယဲ့ချိုးပိုင်တို့အား ထိုးဖောက်ပစ်သည်။
အဆောင်ပင်လယ်နှင့် ရှေးဟောင်းသစ်ပင်များ ဆင်းသက်လာခဲ့သည်။
လေပြင်းက အခင်းအကျင်းအစီအရင်ထဲကနေ ရုတ်တရက်မြှင့်တက်လာသည်။ ဧရာမကိုးထပ်စေတီက ကောင်းကင်ကိုဖုံးကာ အရာရာတိုင်းကို ဖိနှိပ်ပစ်သည်။ မရေမတွက်နိုင်လောက်သည့် ဓားသွားများက အရာတိုင်းကို ဖြတ်တောက်ပစ်သည်။
တစ်ခဏအကြာတွင် ကမ္ဘာကြီးတစ်ခုလုံးက ပရမ်းပတာဖြစ်နေခဲ့သည်။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က ဒီမြင်ကွင်းကို လေးနက်သည့်အမူအရာများဖြင့် ကြည့်နေကြ၏။
အကယ်၍ သူတို့သာအမွေးတိုင်တစ်တိုင်စာခန့် အချိန်ဆွဲထားနိုင်မည်ဆိုပါက သူတို့နှစ်ယောက် ရာနှုန်းပြည့်ယုံကြည်မှုရှိသည်။
သို့သော် ယခုတွင်မူ အခြေအနေရပ်ကို ကြည့်ပြီး ပြောရမည်ဆိုပါက ဒါက နည်းနည်းခက်ခဲလောက်ပေသည်။
ထိုအချိန်တွင် အင်မော်တယ်ဓားဓားဆန္ဒကို သယ်ဆောင်လာသည့် မရေမတွက်နိုင်လောက်သောဓားများက လေပြင်းထဲတွင် သူတို့အား ပိုင်းဖြတ်လာစဉ် ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားနှင့် ကောင်းကင်သို့ ညွှန်လိုက်သည်။
ဓားတာအိုနိယာမအမျှင်စများကို သယ်ဆောင်ထားသည့် ဓားပိုင်နက်က အဆက်မပြတ် စတင်ကျယ်ပြန့်လာသည်။
ဒါက ယဲ့ချိုးပိုင်ကိုယ်ထဲကနေ ထုတ်လွှတ်သည့် ဓားပိုင်နက်ထဲက ဘုရင်တစ်ပါး၏ အော်ရာအလားပင်။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ပင်လျှင် ထိတ်လန့်သွားကြသည်။
ယဲ့ချိုးပိုင်၏ဓားပိုင်နက် ကျယ်ပြန့်လာသည်နှင့် သူတို့ကိုယ်ထဲက ဓားဆန္ဒက အမှန်တကယ်ဖိနှိပ်ခံလိုက်ရပြီး လက်ထဲကဓားကမူ သူ့ကိုအညံ့ခံနေကုံရသည်။
သို့စေကာမူ ဒီခံစားချက်က တစ်ခဏမျှသာ ကြာမြင့်ခဲ့သည်။
ယဲ့ချိုးပိုင်တွင် သူတို့နှစ်ယောက်ကို ပစ်မှတ်ထားရန်အတွက် ဓားပိုင်နက်ရှိပုံမရပေ။
ဓားပိုင်နက် ကျယ်ပြန့်ကာ လေပြင်းထဲက မရေမတွက်နိုင်လောက်သည့် သုံးပေရှည်ဓားများကို ဖုံးလွှမ်းသွားသောအခါ ဓားများထဲက အင်မော်တယ်ဓားဓားဆန္ဒများက ဖိနှိပ်ခံလိုက်ရသည်။
ဓားချက်၏အမြန်နှုန်းက အနည်းငယ် နှေးကွေးသွားပုံရသည်။
အကြီးအကဲဟီ၏ အမူအရာက အနည်းငယ် လေးနက်သွား၏။
"မြေအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က အင်မော်တယ်ဓားတာအိုကို ပိုင်ဆိုင်နိုင်ပြီး ဒီဓားပိုင်နက်က ဓားဆန္ဒကိုတောင် ဖိနှိပ်နိုင်တာလား"
"ဒါပေမယ့် ဒီလိုဆိုရင်တောင် ဒါက အခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး"
အင်မော်တယ်ဓားနယ်ပယ်များစွာရှိသည်။ ယဲ့ချိူးပိုင်၏ ဓားပိုင်နက်က ဓားဆန္ဒနှင့်အတူ သူတို့ကို ဖိနှိပ်နိုင်လျှင်ပင် အပြည့်အ၀ ဖိနှိပ်၍မရပေ။
ယဲ့ချိုးပိုင်ကလည်း ဒီအတွေးအခေါ်ကို သိပါသည်။
သူအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
တခြားနည်းတစ်ခုခုများရှိမလားဟု သူတွေးရန်ပြင်နေခိုက် သူ့ကိုယ်ထဲတွင် ဓားနတ်ဘုရားဓားဝိဉာဉ်က ရုတ်တရက်ထွက်လာပြီး ဓားပိုင်နက်ထဲတွင် ပေါင်းစပ်သွားသည်။
ထိုအခိုက်အတန့်မှာပင် ဓားပိုင်နက်ထဲက ဓားဆန္ဒက ရုတ်ချည်း ထိုးတက်သွား၏။
တစိချိန်တည်းမှာပင် ဓားနိယာမ၏ ဖိနှိပ်မှုကလည်း အဆပေါင်းများစွာတိုးတက်လာသည်။
လေပြင်းထဲတွင် မရေမတွက်နိုင်လောက်သော အင်မော်တယ်ဓားများက ထုတ်လွှတ်သည့် အင်မော်တယ်ဓား ဓားဆန္ဒက ရုတ်ချည်းဆိုသလို မီးဖြင့် ငြိမ်းသတ်လိုက်သည့်အလား ထက်ရှမှုကိုဆုံးရှုံးသွားရပြီး သာမန်ထက်မြက်သည့်ဓားတစ်လက်ပမာ ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ဒီဓားများကို အစစ်အမှန်ဓားအင်မော်တယ်တစ်ပါးက မထိန်းချုပ်ထားသောကြောင့်ပင်။
ဓားအင်မော်တယ်တစ်ယောက်သာ ဒါကိုအသုံးပြုပါက ဓားနတ်ဘုရား၏ဓားဝိဉာဉ်ပင်လျှင် ပါ၀င်ကာ သူ့၏ဓားတာအိုကို ဖိနှိပ်လျှင်ပင် အင်မော်တယ်ဓား ဓားဆန္ဒကို အပြည့်အ၀ဖိနှိပ်နိုင်မည်မဟုတ်။
ဒီမြင်ကွင်းကိုမြင်သောအခါ အကြီးအကဲဟီ၏မျက်နှာက မည်းမှောင်သွား၏။
"ဓားဝိဉာဉ်....."
အကြီးအကဲဟီ စကားလုံးတိုင်းကို ရှင်းလင်းစွာပြောသည်။
"ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ မင်းကျင့်ကြံခြင်းက အရမ်းမမြင့်ပေမယ့် မင်းမှာ အခွင့်အရေးတွေ အများကြီးရှိနေတယ်"
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ ဒီမြင်ကွင်းကိုမြင်သောအခါ ဖိအားလျော့ကျသွားတာကို သူတို့လည်း ခံစားရသည်။
အင်မော်တယ်ဓားဆန္ဒကို သယ်ဆောင်ထားသည့် မရေမတွက်နိုင်လောက်သော ဓားများ၏စွမ်းအား မရှိတော့သဖြင့် သူတို့အတွက် အမွေးတိုင်တစ်တိုင်စာခန့် အချိန်ဟူသည် လုံလောက်ရုံမျှ လုံလောက်ပေလိမ့်မည်။
ချီရှာဒေါင်ကလည်း ဒီမြင်ကွင်းကိုမြင်သည်။
သူ့မျက်လုံးများထဲက သတ်ဖြတ်ခြင်းဆန္ဒက အဆက်မပြတ်မြှင့်တက်လာခဲ့သည်။
လအနည်းငယ်အတွင်းမှာပင် ယဲ့ချိုးပိုင်က ယခုလိုကြီးမားသည့် တိုးတက်မှုကို ရရှိခဲ့သည်။
အကယ်၍သူ့ကိုသာ မရှင်းထုတ်ပစ်ဘူးဆိုပါက အနာဂတ်တွင် အမှန်တကယ်ပင် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဒါကိုတွေးမိသောအခါ ချီရှာဒေါင် နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ ပတ်ပတ်လည်သို့ ကြည့်လိုက်၏။
ရှေးဟောင်းသစ်ပင်များ၏ ဝိုင်းရံမှုအောက်တွင် မီးပင်လယ်က ကောင်းကင်ပေါ်ထိုးတက်ကာ သူတို့နှင့် အဆက်မပြတ် နီးကပ်လာနေသည်။
"သွေးအကျဉ်းထောင်...."
ဒီစကားလုံးနှစ်လုံးကို သူပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့ဘေးက ငရဲဂိုဏ်းက တခြားကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူသုံးဦးတို့ကလည်း လေးနက်သည့် အမူအရာများဖြင့် ခေါင်းညိတ်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သူတို့ အလွန်အမင်း ထူးဆန်းသည့် စည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်ကြသည်။
ချက်ချင်းဆိုသလို ကောင်းကင်ထက်က သွေးတိမ်များက သူတို့ထံစတင်စုစည်းလာသည်။
အသက်စွန့်အလံထဲက မိစ္ဆာဝိဉာဉ်များက ပတ်၀န်းကျင်ကို တိုက်ခိုက်နေတာကို ရပ်လိုက်ကြပြီး ယင်းအစား ချီရှာဒေါင်ကိုယ်ထဲတွင် သိပ်သည်းကျစ်လျစ်သွားကြ၏။
အပိုင်း(830) coming။