← Chapters

#နတ်ဖန်တီးခြင်းအဆောင်#

Vol. 59 Ch. 830

#နတ်ဖန်တီးခြင်းအဆောင်#

Vol. 59 Ch. 830

သွေးတိမ်က သိပ်သည်းနေသည်။

ပုံရိပ်ယောင်ဝိဉာဉ်တို့၏ တစ်နေရာတည်းတွင် စုဆုံမှုနှင့်အတူ မီးပင်လယ်ရှေးဟောင်းသစ်ပင်များ၏ ဝိုင်းရံမှုအောက်တွင် သွေးရောင်ဘီလူးတစ်ကောင်က ဖြည်းဖြည်းချင်း မြှင့်တက်လာခဲ့သည်။

၎င်းက ယှဉ်၍မရနိုင်လောက်အောင် ကြီးမားပြီး တောင်တစ်တောင်ထက်ပိုမြင့်ကာ ‌သွေးတိမ်များအထက်တွင်ပင် ရှိနေသည်ဟု ထင်ရသည့် သွေးရောင်ဘီလူးက လိမ့်တက်နေသည့် သွေးပင်လယ်ပေါ် တက်လှမ်းနိုင်သည်။

ဒီဧရိယာအတွင်း သွေးချီက အရူးအမူး ထိုးတက်လာခဲ့သည်။

ထို့နောက် နေရာတိုင်း၊ လေထုတည်နေရာတိုင်းနှင့် ဖုန်မှုန့်အစက်အပျောက်တိုင်းတွင် ပြည့်နှက်နေသည်။

ဘီလူး၏ခြေလက်အင်္ဂါများနှင့် အရိုးများကို သွေးတိမ်၏ သွေးချီဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ ခြေလက်အင်္ဂါများတွင် ပုံရိပ်ယောင်ဝိဉာဉ်များ ဆက်လက်စုစည်းကာ တိုး၀င်နေသည်နှင့်အမျှ ယှဉ်၍မရနိုင်လောက်အောင် ကြမ်းကြုတ်ပြီး ဗလာမျက်လုံးများနှင့် မျက်နှာများက သွေးဘီလူးကြီး၏ကိုယ်ကနေ ကျဆင်းလာကြ၏။

ဒါက မိုးအပြီးတွင် ဝါးပင်များ ပေါက်လာသည့်အလားပင်။

အရေအတွက်က ဆက်တိုးနေသည်။

သို့စေကာမူ ၎င်းက တစ်ယောက်ယောက်ကို တရားမျှတမှုပေးရန်အတွက် ဟစ်ကြွေးနေပုံရသည်။

၎င်းက ပြင်းထန်စူးရှသည့် ဟစ်ကြွေးသံများကို ထုတ်လွှတ်သည်။

အမြင်ပိုင်းဖြစ်စေ အကြားပိုင်းဖြစ်စေ သူတို့အတော်လေး ကြောက်စရာကောင်းသည်ဟု ခံစားနေရသည်။

ဒီအသိပညာကြွယ်၀သည့် ကျင့်ကြံသူများအပြင် မြင့်မြတ်အဆောင်ဂိုဏ်း၏ အတွေ့အကြုံရှိသော အဆင့်မြင့်မဟာအကြီးအကဲပိုင်ချူပင်လျှင် ဦးရေတွန့်လုမတတ် ခံစားရသည်။

ထိုအချိန်တွင် အကြီးအကဲဟီ၏အသံက ဘေးကနေ ထွက်လာသည်။

"ဂိုဏ်းချုပ်ချီ၊ တတ်နိုင်သမျှ အမြန်ဆုံး တိုက်ခိုက်ကြရအောင်"

ထိုအခိုက်အတန့်မှာပင် ဇီရှန်းလက်ထဲက ဧရာမဝိဉာဉ်နတ်ဒိုင်းရဲ့ မျက်နှာပြင်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးလေးခုကနေ တောက်ပသည့်အလင်းနှင့် ရှေးဆန်ပြီး ဆန်းကြယ်သည့်အော်ရာတစ်ခုကို ထုတ်လွှတ်နေလေပြီ။

ဒီအော်ရာက ထူထဲလေးလံပြီး တစ်ချိန်တည်းမှာပင် သမိုင်း၏ မြစ်ရှည်ကြီးကို သိပ်သည်းကျစ်လျစ်စေသည့် အချိန်၏ အော်ရာရှိသည်။

အမွေးတိုင်တစ်တိုင်စာအချိန်က တစ်၀က်တိတိပင် ကုန်ဆုံးသွားလေပြီ။

ချီရှာဒေါင်နားလည်ပါသည်။

တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးကို ဒီလိုကြောက်လန့်အောင် လုပ်နိုင်သည့်အရာက ကောင်းသောအရာတစ်ခု ဖြစ်မည်မဟုတ်။

ထို့ကြောင့် ချီရှာဒေါင် မုတ်ဆိတ်ဖြူအကြီးအကဲထံ အကြည့်ပို့လွှတ်ရင်း အေးစက်စွာပြောသည်။

"သွေးအကျဉ်းထောင်ထဲမှာ သေရမှာဆိုတော့ မင်းရဲ့သေဆုံးမှုက ထိုက်တန်ပါတယ်"

အကြီးအကဲပိုင်ချူ၏ အမူအရာက လေးနက်နေသော်လည်း အသံနိမ့်ကာပြောသည်။

"ဘယ်သူနိုင်မလဲဆိုတာ မသိရသေးပါဘူး"

"မင်းငါ့ကို ဒီလိုအချိန်တိုအတွင်းမှာ သတ်နိုင်မယ်လို့ တွေးထားတယ်ဆိုရင်တော့ ငါ့ရဲ့ မြင့်မြတ်အဆောင်ဂိုဏ်း အခြေခံအုတ်မြစ်နဲ့ ခွန်အားကို လျှော့တွက်ထားတာပဲ"

ချီရှာဒေါင် နှာခေါင်းရှုံ့သည်။

"မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်လား၊ အရင်တုန်းက ငါ့ကိုတိုက်ခိုက်ဖို့ ထိပ်တန်းဂိုဏ်းတွေနဲ့ ထိပ်တန်းကျွမ်းကျင်သူတွေ အများကြီးလိုခဲ့တယ်၊ ဒါတောင်မှ ငါ့ဝိဉာဉ်အမျှင်စတစ်ခုကို ကျန်စေခဲ့ပြီး လွတ်မြောက်ခွင့်တောင် ပေးခဲ့ရတယ်"

"မင်းက ဒီဘိုးဘေးနဲ့ အခြေခံအုတ်မြစ်အကြောင်း လာပြောနေတာလား"

ထိုနေရာ၌ ချီရှာဒေါင် မုတ်ဆိတ်ဖြူအကြီးအကဲ ပြန်ပြောတာကို စောင့်မနေတော့ဘဲ လက်နှစ်ဖက်နှင့် လက်တံဆိပ်များ ဖန်တီးသည်။

ချက်ချင်းဆိုသလို သူသွေးရောင်ဘီလူးကို အသက်သွင်းသည်။ ဘီလူးကိုယ်ပေါ်က ပုံရိပ်ယောင်ဝိဉာဉ်များက သူတို့၏သွားများကို ဖြဲပြရင်း လက်သည်းများကို ယမ်းပြစဉ် ၎င်းတို့က စူးရှသည့်ဟစ်ကြွေးသံများကို ထုတ်လွှတ်ရင်း ရှေးဟောင်းသစ်ပင်မီးပင်လယ်ဆီသို့ ထိုးလိုက်သည်။

လက်သီးကရွေ့လျားသွား၏။

ထိုးထွက်လာသည့်လှိုင်းများက ကမ္ဘာကိုပင် တုန်ခါသွားစေသည်။

ဒီအခိုက်အတန့်၌ ကောင်းကင်တစ်ခုလုံးနှင့် အဆုံးမဲ့ပင်လယ်ဒေသတစ်ခုလုံးက တုန်ခါလာသည့်အလားပင်။

ဒီလက်သီးချက်၏လေက အကြီးအကဲပိုင်ချူ၏ ကောင်းကင်အင်မော်တယ်အဆင့် မုန်တိုင်းအဆောင်ကိုပင် ဆုတ်သွားစေနိုင်သည်။

ဒါက အကြီးအကဲပိုင်ချူကိုပင် ကြောက်လန့်စေသည်။

ဒါက လက်သီးရဲ့ လေပဲလေ!

ဒါတောင်မှ ကောင်းကင်အင်မော်တယ်အဆင့် မုန်တိုင်းအဆောင်နှင့် ယှဉ်ပြိုင်နိုင်တာလား!

ဂျုန်း....ဂျုန်း....!

သွေးဘီလူး၏လက်သီးက ရှေးဟောင်းသစ်ပင် မီးပင်လယ်ကို ၀င်တိုက်သောအခါ ချက်ချင်းဆိုသလို မီးပင်လယ်က ပတ်၀န်းကျင်သို့ စတင်ပြင်းထန်စွာ ပစ်လွှတ်သည်။

ထိုအချိန်တွင် ရှေးဟောင်းသစ်ပင်ပေါ်၌ အက်ကြောင်းများ ပေါ်လာသည်။

ချီရှာဒေါင် ဒီမြင်ကွင်းကိုမြင်သောအခါ နှာ‌ခေါင်းရှုံ့သည်။

"အိုး၊ ဒီအဆောင်တွေက မဆိုးဘူးဘဲ၊ ငါ့ရဲ့ဒီလက်သီးချက်ကိုတောင် ခံနိုင်ရည်ရှိတာပဲ"

ထို့နောက်တွင် သွေးရောင်ဘီလူးကြီး၏ တိုက်ချက်က မရပ်သွားဘဲ ဆက်ဆင်းလာပြီး ရှေးဟောင်းသစ်ပင် မီးပင်လယ်ဆီသို့ ထပ်မံ၀င်တိုက်ပစ်သည်။

ဘန်း....ဘန်း....ဘန်း...!

လက်သီးများက တစ်ချက်ပြီးတစ်ချက် ကျလာပြီး လက်သီးချက်များကျဆင်းလာတိုင်း လေဂာနယ်က မှန်တစ်ချပ်ကွဲအက်ကာ ဖန်သားစများ ကျဆင်းလာသည့်အလား အပိုင်းပိုင်းအစစ ကွဲသွားသည်။

ထိုအခိုက်အတန့်မှာပင် ရှေးဟောင်းသစ်ပင်ကလည်း ဒီရူးသွပ်နေသည့်လက်သီးချက်များကြောင့် သစ်သားအပိုင်းအစများအဖြစ် ရိုက်ခွဲခံရသည်။

မီးပင်လယ်က သွေးဘီလူး၏ လက်သီးချက်နှင့် လက်မောင်းကို တွယ်ကပ်နေသည်။

သို့စေကာမူ ၎င်းက ရင်ဘတ်နှင့်ခေါင်းကို မရောက်နိုင်သေးခင်မှာပင် လက်မောင်းပေါ်၌ သွားများကို ဟပြပြီး ‌လက်သည်းများကို ပြသနေသည့် ပုံရိပ်ယောင်ဝိဉာဉ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ဒီကောင်းကင်အင်မော်တယ်အဆောင်ကို ဝါးမြိုပြီးနောက်တွင် မီးတောက်များက ပုံရိပ်ယောင်ဝိဥာဥ်များကို ဘာမှမကျန်တော့သည်အထိ လောင်ကျွမ်းပစ်သော်လည်း အသက်စွန့်အလံရှိ ပုံရိပ်ယောင်ဝိဉာဉ်များက အဆုံးမဲ့ပုံရသည်။

၎င်းက သွေးဘီလူးကို အဆက်မပြတ် ဖြည့်ပေးနေသည်။

ဒါက နွေဦးလေက တောမီးကို ဖြစ်စေသည့်ပမာ။

လောင်ကျွမ်းပြီးသည့်တိုင် ထပ်မံမွေးဖွားလာသည်။

အကြီးအကဲပိုင်ချူ ဒီမြင်ကွင်းကို မျက်မှောင်တချက်ကြုတ်ကာ ကြည့်နေသည်။

"ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါထပ်မထိန်းထားနိုင်တော့ဘူး...."

တကယ်ပဲ ဒီလောက်ထိ သွားတော့မှာလား!

မုတ်ဆိတ်ဖြူအကြီးအကဲ မုဖူရှန်းနှင့် သူ့ဘေးက ကျန်သောသူများကို စိုက်ကြည့်လိုက်၏။

သူမြင့်မြတ်အဆောင်ဂိုဏ်း၏ အနာဂတ်ကို တွေးနေမိသည်။

သူ့စီနီယာများနှင့် ဂျူနီယာများက သေ၍မရပေ။

ဒီနည်းနှင့်သာ မြင့်မြတ်အဆောင်ဂိုဏ်းက အချုပ်အနှောင်များကို ချိုးဖျက်နိုင်မည်။

ထို့နောက် သူအရင်က တခါမှ မရောက်ခဲ့ဖူးသည့် အမြင့်ဆုံးအဆင့်ကို လျှောက်လှမ်းနိုင်မည်သာ။

ဒါကိုတွေးမိသောအခါ အကြီးအကဲပိုင်ချူ နူးညံ့စွာ သက်ပြင်းချသည်။

အမွေးတိုင်တစ်၀က်စာထက် နည်းသည့်အချိန်ကို ဆွဲဆန့်ထားနိုင်ရန်အတွက် သူ သူ့၏ ဝိဉာဉ်ကြီးကို လောင်ကျွမ်းပြီး သေသည်အထိ တိုက်ခိုက်တော့မည့်အချိန်တွင် မုဖူရှန်း လက်မောင်းအစုံကို ဖွင့်လိုက်၏။

အဆုံးမဲ့ဝိဉာဉ်ချီက မုဖူရှန်းကိုယ်ထဲ တိုး၀င်နေသည့်အလား ဝေလငါးတစ်ကောင်က ဝါးမြိုနေသည့်ပမာထင်ရသည်။

သို့စေကာမူ တိတိကျကျဆိုရပါက ၎င်းတို့က မုဖူရှန်းရင်ဘတ်ပေါ်က ဘာဂုဏ်သတ္တိမှမရှိသည့် အဆောင်ထဲတွင် စုစည်းသွားကြ၏။

မုတ်ဆိတ်ဖြူအကြီးအကဲ မုဖူရှန်းကို အံ့ဩသင့်တကြီး ကြည့်လိုက်မိသည်။

မြေအင်မော်တယ်နယ်ပယ်က လူတစ်ယောက်က ဒီလောက်ကြီးမားများပြားတဲ့ ဝိဉာဉ်ချီပမာဏကို တကယ်ပဲ ခံနိုင်ရည်ရှိတာလား!

မြေအင်မော်တယ်နယ်ပယ်ကနေ ကောင်းကင်အင်မော်တယ်နယ်ပယ်အထိ လိုအပ်တာက အင်မော်တယ်ချီ အရမ်းကြီး မပါရှိပုံရသည့် ဝိဉာဉ်ချီပြောင်းလဲမှုတင်မက တစ်ချိန်တည်းမှာပင် ဒန်တျန်ထဲတွင် ဝိဉာဉ်ချီပမာဏ အများအပြား တိုးလာစေရန်လည်း လိုအပ်သည်။

သို့စေကာမူ ဒါက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ကျော်လွန်ပြီး နောက်ဆုံးအဆင့်ကိုပင် ရောက်နေသည်မှာ ရှင်းနေသည်။

တစ်ချိန်တည်းမှာပင် မုဖူရှန်း ရုတ်တရက် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

ဆေးလုံးစွမ်းအားက သူ့ကိုယ်လက်အင်္ဂါများနှင့် အရိုးများ၌ ပေါင်းစပ်သွားသည်နှင့် ဝိဉာဉ်ချီဝါးမြိုမှုက နှေးကွေးသွားပြီး ဒီတဒင်္ဂမှာပင် မကြုံစဖူး မြင့်တက်သွားခဲ့သည်။

မှန်ပေသည်။ ဒါက မု၀မ်အာကိုယ်တိုင် တီထွင်ထားသည့် ဆေးလုံးဖြစ်ပြီး အမြင့်ဆုံးအကန့်အသတ်နယ်ပယ်ကို ယာယီချိုးဖျက်နိုင်သည်။

ဇီရှန်း ဒီမြင်ကွင်းကို လေးနက်သည့် အမူအရာနှင့် အံ့ဩသင့်နေသည့် အကြည့်ဖြင့် ကြည့်နေသည်။

"ဒါဘယ်လိုအဆောင်နဲ့ ဆေးလုံးမျိုးလဲ၊ ဒီလိုမှော်ဆန်တဲ့ သက်ရောက်မှုရှိသေးတာလား၊ ဒီလိုအရာမျိုးက ရှိတောင်မရှိဖူးဘူး"

မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲပိုင်ချူကလည်း မြင့်မြတ်အဆောင်ဂိုဏ်းတွင် မှတ်တမ်းတင်ထားသည့် အဆောင်အားလုံးကို လေ့လာလိုက်စားခဲ့သည်။

သို့စေကာမူ မုဖူရှန်းကဲ့သို့ လူတစ်ယောက်ကို သူတစ်ခါမှ မကြားဖူးပါ။

ကျန်သောအကြီးအကဲသုံးယောက်က ပို၍အံ့ဩကာ စိတ်ရှုပ်ထွေးနေကြ၏။

ဒါက အထူးအခြေအနေရပ်များကို ကိုင်တွယ်ရန်အတွက် အားလပ်ချိန်များတွင် မုဖူရှန်းရေးထွင်းခဲ့သည့် အဆောင်ပေတည်း။

တစ်ချိန်တည်းမှာပင် ဒါက အဆောင်တာအိုစာအုပ်တွင် မှတ်တမ်းတင်ထားသည့် အဆောင်တစ်ခုဖြစ်သည်။

ဒါကို နတ်ဖန်တီးခြင်းအဆောင်ဟုခေါ်ပြီး ဒီအဆောင်တွင် မည်သည့်ဂုဏ်သတ္တိမှမပါပေ။

ဒါကပြင်ပမှ တိုက်ခိုက်မှုမဟုတ်ဘဲ ယင်းအစား ကိုယ်ခန္ဓာကို တိုးတက်စေရန်အတွက် သုံးခြင်းပင်။

၎င်းက ပတ်ပတ်လည်က ဝိဉာဉ်ချီကို အရူးအမူးစုပ်ယူကာ အချိန်တိုအတွင်း အတင်းအဆင့်ချိုးဖျက်နိုင်သည်။

ဒါ့အပြင် ဘေးထွက်ဆိုးကျိုးကလည်း ကိုယ်ခန္ဓာထဲ သွန်ထည့်နေသည့် ဝိဉာဉ်ချီပမာဏအများအပြားကို ခံနိုင်ရည်ရှိသည်။

သူ့မရီဒျန်များက ချက်ချင်းပွင့်သွားပြီး သူ့ဒန်တျန်က နာကျင်မှုကို လိုက်ဖက်အောင် မလုပ်နိုင်ပေ။

ပါရမီဖြစ်စေ၊ နယ်ပယ်နှင့်အသက်ဖြစ်စေ ဘေးထွက်ဆိုးကျိုးမရှိပါ။

‌မု၀မ်အာသန့်စင်ထားသည့် ဆေးလုံးနှင့်ပါ ပေါင်းစပ်လိုက်ရာ ထိုအခိုက်အတန့်၌ ဒါက မုဖူရှန်းကို ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ယာယီ၀င်သွားစေသည်။

အပိုင်း(831) coming။

All Chapters