← Chapters

#နတ်စွမ်းအားပေါ်လာခြင်း၊ ပုံရိပ်ယောင်ဝိဉာဉ်များ ပေါ်လာခြင်း#

Vol. 59 Ch. 831

#နတ်စွမ်းအားပေါ်လာခြင်း၊ ပုံရိပ်ယောင်ဝိဉာဉ်များ ပေါ်လာခြင်း#

Vol. 59 Ch. 831

အဆောင်နှင့် မု၀မ်အာ၏ ဆေးလုံးတို့၏ ပေါင်းစပ်မှုနှင့်အတူ မုဖူရှန်း၏ခွန်အားက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားခဲ့သည်။

နဂါးသွေးနတ်ဆိုးချောက်အပြင်တွင် မိုချီရွှမ်း၊ ချင်းရွှမ်ရာယောင်နှင့် ကုရှောင်တို့ တိုက်ပွဲရဲ့ဗဟိုက ဒီမြင်ကွင်းကို မြင်ခဲ့သည်။

သူတို့ မုဖူရှန်းအဆင့်ချိုးဖျက်ခြင်းအကြောင်းကို သိကြသည်။

သုံးယောက်စလုံး၏ မျက်သူငယ်အိမ်များက ကျုံ့သွားခဲ့သည်။

ဒီနည်းလမ်းက မှော်ဆန်သည်။

မူလကဒါက တစ်ဘက်သတ်အခြေအနေဖြစ်ပြီး မုဖူရှန်းကိုပင် ပြန်လည်တိုက်ခိုက်ရန် ဖြစ်နိုင်ချေရှိသည်ဟု သူတို့ထင်ခဲ့ကြသည်။

"တကယ်လို့ ဒီကောင်လေးက ငါ့တို့ဘက်မှာရှိမယ်ဆိုရင် ဒီစီမံကိန်းကို ပြီးမြောက်ဖို့ ပိုလွယ်သွားလိမ့်မယ်"

ကုရှောင်အနည်းငယ် ခေါင်းညိတ်သည်။

"ကံဆိုးချင်တော့ ဒီလိုကြောက်စရာကောင်းတဲ့ ပါရမီရှိတဲ့သူတစ်ယောက်က ဒီလောက်လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ဘူး"

ချင်းရွှမ်ရာယောက်ကလည်း ခေါင်းညိတ်ကာ ထပ်ပြောသည်။

"ဒီတော့ သူတို့ကိုရှင်းပစ်ဖို့ နည်းလမ်းကိုပဲ ငါတို့စဉ်းစားရတော့မယ်၊ ငါတို့အခုပဲ ဆောင်ရွက်သင့်လား"

မိုချီရွှမ်းခေါင်းခါယမ်းသည်။

"အခုကအချိန်မှန်မဟုတ်သေးဘူး၊ ငါတို့ရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ စေ့ဆော်မှုတွေကို ငါတို့ထုတ်ဖော်လို့ မရသေးဘူး၊ ငါတို့လုပ်လိုက်တာနဲ့ အများပြည်သူဝေဖန်မှုရဲ့ ပထမဆုံးပစ်မှတ်ဖြစ်လာနိုင်တယ်၊ ဒါပေမယ့်...."

ချင်းရွှမ်ရာယောင်နှင့် ကုရှောင်တို့ နှစ်ယောက်စလုံး ငဲ့ကြည့်လိုက်ကြ၏။

"ဒါပေမယ့်ဘာလဲ"

မိုချီရွှမ်း၏အမူအရာက တည်ငြိမ်နေပြီး တည်ငြိမ်စွာပင်ပြောသည်။

"ဒီအဆင့်ချိုးဖျက်တဲ့နည်းလမ်းက ကြာကြာမတည်မြဲဘူး၊ သူတို့နှစ်ယောက်လုံး ဒဏ်ရာရသွားတဲ့အခါကျရင် ငါတို့အတွက် တိုက်ခိုက်ရမယ့်အချိန်ပဲ"

ဒါကိုကြားသောအခါ ချင်းရွှမ်ရာယောင်နှင့် ကုရှောင်တို့ ခေါင်းညိတ်လိုက်ကြ၏။

သူတို့၏ပန်းတိုင်က လူတစ်ယောက်၊ နှစ်ယောက်တည်းသာမဟုတ်ပေ။

ချီရှာဒေါင် ဒီမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများက မယုံနိုင်မှုဖြင့် ပြည့်နှက်သွား၏။

တစ်ချိန်တည်းမှာပင် မုဖူရှန်းသုံးလိုက်သည့် အဆောင်နှင့်ဆေးလုံးကို သူအတော်လေး စိတ်၀င်စားသွားသည်။

ဒါကို လောဘဟုခေါ်သင့်သည်။

အကယ်၍ သူ့တွင်သာ ဒီအဆောင်နှင့်ဆေးလုံးရှိမည်ဆိုပါက သူ့ခွန်အားက ပိုတိုးတက်လာပေလိမ့်မည်။

သူ့၏လျှို့ဝှက်ကျင့်စဉ်များစွာနှင့် ပေါင်းလိုက်ပါက သူ တခြားသူများ၏ အကူအညီကို မလိုလောက်တော့သလို တခြားဂိုဏ်းများ၏ ကန့်သတ်တာကိုလည်း မခံရတော့ဘဲ ထိုထိပ်တန်းဂိုဏ်းများကို သတ်ပစ်နိုင်ပေလိမ့်မည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ဖို့လား!

ဒါကိုတွေးမိသောအခါ ချီရှာဒေါင် သွေးဘီလူး၏မျက်ခုံးကြားတွင် ရပ်လိုက်ပြီး အဖြူရောင်ဝိဉာဉ်အလင်းဖြင့် ၀န်းရံနေသည့် မုဖူရှန်းကို ငုံ့ကြည့်ရင်း တည်ငြိမ်စွာပြောသည်။

"မင်းဒါကိုသဘောမတူဘူးဆိုပေမယ့်...."

"မင်းဒီ‌အဆောင်နဲ့ ဆေးလုံးကိုငါ့ကိုပေးပြီး ငါ့ကို ထာ၀ရကူညီထောက်ပံ့ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ငါမင်းကိုမသတ်ရုံတင်မက အဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့လည်း ကူညီပေးမယ်၊ ဒါပေမယ့် ဒီဘိုးဘေးရဲ့ ဝိဉာဉ်အမှတ်အသားကိုတော့ မင်းစိုက်ပျိုးထားဖို့လိုတယ်"

ဝိဉာဉ်အမှတ်အသားကို စိုက်ပျိုးပြီးနောက်တွင် မုဖူရှန်း၏ဘ၀က ချီရှာဒေါင်၏ ထိန်းချုပ်ခြင်းကို ခံရပေလိမ့်မည်။

သူ ချီရှာဒေါင်၏ ဆန္ဒကိုချိုးဖောက်မိပါက အတွေးတစ်ချက်နှင့် ဝိဉာဉ်အမှတ်အသားက မုဖူရှန်း၏စိတ်ဝိဉာဉ်ကို ကိုယ်တိုင် ဖျက်ဆီးပစ်ပေလိမ့်မည်။

အချိန်ကျလာပါက မုဖူရှန်း၏ဝိဉာဉ်က လုံး၀ပျက်စီးသွားရမည်သာ။

သို့သော်ဝိဉာဉ်က စွမ်းအားအဆင့်တစ်ခုခုကို ရောက်လာသောအခါ ဒါကို ဖယ်ရှားနိုင်သည်။

သို့စေကာမူ ချီရှာဒေါင်က မုဖူရှန်း၏ခွန်အားကို သူ့ထိန်းချုပ်မှုကနေ မည်သို့မည်ပုံ ကျော်လွန်ခွင့်ပေးမည်နည်း။

မုဖူရှန်းတည်ငြိမ်စွာပြောသည်။

"ကျုပ်ဒါကိုသဘောမတူမှာကို ခင်ဗျားပြောပြီးပြီလေ၊ ဘာလို့ပြောနေသေးတာလဲ"

ချီရှာဒေါင် အနည်းငယ်ခေါင်းခါယမ်းရင်း နှာခေါင်းရှုံ့သည်။

"ဒီဘိုးဘေးက ပါရမီကိုမြတ်နိုးတယ်၊ မင်းဒါကိုလက်ခံဖို့ ဆန္ဒမရှိရင် ဒီကြယ်နယ်မြေမှာ ငါတို့ပါရမီရှင်အရေအတွက်ကို လျှော့ချရုံပဲပေါ့"

"ဒါကပြောဖို့ စောလွန်းပါသေးတယ်"

ထိုနေရာတွင် မုဖူရှန်းသူ့ဘေးက မုတ်ဆိတ်ဖြူအကြီးအကဲကို ကြည့်လိုက်၏။

"အကြီးအကဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ထိန်းသိမ်းထားပေးပါဦး"

မုတ်ဆိတ်ဖြူအကြီးအကဲ လေးနက်စွာ ခေါင်းညိတ်သည်။

သူ အဆောင်များကို သွေးရောင်ဘီလူးဆီသို့ ပစ်လိုက်စဉ် ယှဉ်၍မရနိုင်သော ထူထဲသည့်သစ်ကိုင်းများက ၎င်း၀န်းကျင်၌ ရစ်ပတ်ပစ်သည်။

တစ်ချိန်တည်းမှာပင် အဆုံးမဲ့ပင်လယ်ဒေသအောက်ခြေက ဧရာမကျောက်တုံးများကလည်း သွေးဘီလူးကို အဆက်မပြတ် ဝိုင်းရံလာသည်။

အကြီးအကဲပိုင်ချူ၏ အဆောင်များက ထိန်းချုပ်မှုအမျိုးအစားများဖြစ်ပြီး မုဖူရှန်းကို တိုက်ခိုက်ရန်အတွက် အခွင့်အရေးတစ်ခုရှာရန်အတွက် ကူညီရန်သာသုံးထားခြင်းပင်။

မုဖူရှန်း ဒီမြင်ကွင်းကိုမြင်သောအခါ ပြတ်သားစွာပင် တိုက်ခိုက်သည်။

သူ့ကိုယ်ပေါ်က အဖြူရောင်ဝိဉာဉ်အလင်းက တစ်ခဏမျှလင်း၀င်းသွားပြီး လေဟာနယ်ကို တိုက်ရိုက်ဖြတ်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အနှီမျက်စိနှင့် မြင်ရန်ခက်ခဲသည့် အမြန်နှုန်းဖြင့် သူသွေးရောင်ဘီလူးကြီး၏ အထက်တွင် ပေါ်လာသည်။

ထို့နောက် သူထိုးနှက်လိုက်သည်။

ဒီလက်သီးချက်တွင် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့က အဆက်မပြတ် တောက်ပနေသည်။

ကောင်းကင်ဘုံမိုးကြိုးတစ်စင်း ကျဆင်းလာသည့်အလားပင် ထင်ရသည်။

ကောင်းကင်ဘုံအပြစ်ဒဏ်ဆင်းသက်လာသကဲ့သို့ ၎င်းက အဖျက်စွမ်းအားနှင့်အတူ ဒီလေဟာနယ်၌ လင်း၀င်းသွားပြီး သွေးဘီလူး၏ခေါင်းကို ထိုးနှက်ပစ်သည်။

ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ သံလိုက်အိမ်မြှောင်အခင်းအကျင်းက ဆန်းကြယ်ယင်ခရမ်းမိုးပြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့အဆင့်က မိုးကြိုးစွမ်းအားပို မကန့်သတ်ထားနိုင်ပေ။

ကွေ့ကောရင် စိတ်ရှုပ်ထွေးသွား၏။

ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ အဖိုးတန်ဆုံးရတနာတွေထဲက တစ်ခုဖြစ်သည့် သံလိုက်အိမ်မြှောက်အခင်းအကျင်းက မုဖူရှန်းအပေါ် ၎င်း၏သက်ရောက်မှုကို အမှန်တကယ် ဆုံးရှုံးသွားခဲ့သည်။

ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်ဆိုးကြိုးတို့က တစ်ချိန်တည်းမှာပင် ဆင်းသက်လာပြီး သွေးဘီလူး၏ခေါင်းပေါ် ကျဆင်းသွား၏။

ဘန်း......!

ချက်ချင်းဆိုသလို ပေါက်ကွဲသံတစ်ခုထွက်လာပြီး မိုးကြိုးစွမ်းအားနှစ်မျိုးက သွေးဘီလူး၏ ယှဉ်၍မရနိုင်လောက်အောင် ကြီးမားသည့် ခန္ဓာကို လွှမ်းခြုံသွားသည်။

ချီရှာဒေါင်နှင့် အထဲက ကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူသုံးဦးတို့က အနည်းကယ် ဖြူရော်သွားကြသည်။

ကျန်သည့် မြေအင်မော်တယ်၂၃ဦးကမူ တိုက်ရိုက်ပင် ပါးစပ်အပြည့်သွေးတစ်လုပ်စီ အန်လိုက်ကြရသည်။

သူတို့ထဲကဆယ်ယောက်ကျော်က သွေးဘီလူးအတွင်း ထိုနေရာမှာပင် သေဆုံးသွားရသည်။

ချီရှာဒေါင်ချက်ချင်းအော်ဟစ်သည်။

"အသက်စွန့်အလံကို မင်းတို့ဝိဉာဉ်စွမ်းအားတွေနဲ့ ကျွေးမွေးကြ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ငရဲဂိုဏ်းက လူတိုင်းက ဝိဉာဉ်စွမ်းအားများကို တစ်ချိန်တည်းတွင် ထုတ်လွှတ်ကာ အသက်စွန့်အလံထဲသို့ သွန်ထည့်ကြသည်။

အသက်စွန့်အလံက အောက်ခြေမဲ့တွင်းတစ်ခုအလား ဒီဧရာမဝိဉာဉ်စွမ်းအားများကို အရူးအမူးစုပ်ယူကာ မည်သူ့ကိုမှ မပယ်ချပေ။

တစ်ချိန်တည်းမှာပင် ထုတ်လွှတ်ပေးသည့် ပုံရိပ်ယောက်ဝိဥာဉ်များက လက်မောင်းထဲတွင် ကခုန်ကာ ရူးသွပ်သွားပုံရပြီး သူတို့၏ပါးစပ်က ပိုကျယ်လာသည်။

သွေးရောင်ဘီလူကြီး၏ ကိုယ်မျက်နှာပြင်တွင် ၎င်းတို့က ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့မှ ယူဆောင်လာသည့် အဖျက်တိုက်ခိုက်မှုများကို ခုခံရန်အတွက် မိုးကြိုးစွမ်းအားကို အဆက်မပြတ်ဝါးမြိုနေသည်။

သို့တိုင် ချီရှာဒေါင် ငြိမ်ငြိမ်လေးထိုင်ပြီး သေခြင်းတရားကို စောင့်မနေသလို သူမတိုက်ခိုက်ဘဲ ကာကွယ်မှုသာလုပ်မနေဘဲ လက်နှစ်ဖက်နှင့် တံဆိပ်များဖန်တီးသည်။

သွေးချီနှင့်သတ်ဖြတ်ခြင်းဆန္ဒက မြှင့်တက်ကာ သိပ်သည်းနေသည်။

သူလေထဲတွင်ရှိနေသည့် မုဖူရှန်းထံ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်လောက်သည့် ‌သွေးရောင်လက်သည်းများက လေဟာနယ်ကိုစုတ်ဖြဲကာ မုဖူရှန်းအား ဘက်ပေါင်းစုံကနေ ဆုတ်ဖြဲပစ်သည်။

ဒါကိုမြင်သောအခါ မုဖူရှန်းလျစ်လျူရှုပြီး သွေးဘီလူး၏မျက်ခုံးကြားသို့ တိုက်ခိုက်သည်။

ထိုသွေးရောင်လက်သည်းများက မုဖူရှန်းအပေါ် ကျရောက်တော့မည့်အချိန်တွင် မုတ်ဆိတ်ဖြူအကြီးအကဲ မုဖူရှန်းဘေးတွင် ချက်ချင်းဆိုသလို ပေါ်လာပြီး လက်ထဲက အဆောင်တစ်ခုကို ပစ်လွှတ်လိုက်၏။

ထိုအခိုက်အတန့်၌ ကောင်းကင်အင်မော်တယ်နယ်ပယ် ခွန်အားက အရူးအမူးထိုးထွက်လာပြီး မုဖူရှန်းအတွက် ဒီသွေးရောင်လက်သည်းများကို ပိတ်ဆို့ထားသည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲသုံးဦးက သွေးဘီလူးကြီး၏လက်သီးရှေ့တွင် ပိတ်ဆို့လိုက်ကြ၏။

သူတို့က ဒါကိုရပ်တန့်ရန် အကောင်းဆုံးကြိုးစားနေကြသည်။

ဒါကမုဖူရှန်းကို သွေးဘီလူးကြီး၏ မျက်ခုံးကြားသို့ အတားအဆီးမရှိ တိုက်ခိုက်ခွင့်ပေးသည်။

ထိုနေရာက ချီရှာဒေါင်ရှိနေသည့် နေရာလည်းဖြစ်သည်။

လူဆိုးများကို ဖမ်းရန်အတွက် ခေါင်းဆောင်ကို အရင်ဖမ်းရန်လိုသည်။ သွေးဘီလူးကြီးဟ ဗဟိုချက်ဖြစ်သည့် ချီရှာဒေါင်ကို အနိုင်ယူပြီး သို့မဟုတ် သတ်ဖြတ်နိုင်သရွေ့ အခက်အခဲကိုလည်း လွယ်ကူစွာ ဖြေရှင်းနိုင်မည်သာ။

သို့စေကာမူ ချီရှာဒေါင်ကဲ့သို့ ပါးနပ်သည့်လူတစ်ယောက်က ဘယ်လိုလုပ် မုဖူရှန်းကို ဒီလောက်လွယ်လွယ်နှင့် အောင်မြင်ခွင့်ပေးမည်နည်း။

ချီရှာဒေါင်နှာခေါင်းရှုံ့သည်။

သူပါးစပ်ဖွင့်လိုက်သောအခါ သွေးရောင်ဘီလူးကြီးကလည်း ၄င်း၏သွေးသံတရဲရဲပါးစပ်ကို ဖွင့်လာသည်။

ထို့ထဲမှ မရေမတွက်နိုင်လောက်သည့် ပုံရိပ်ယောင်ဝိဉာဉ်များက စူးရှသည့်ဟစ်ကြွေးသံများနှင့်အတူ မုဖူရှန်းထံ တိုး၀င်လာကြပြီး အလွန်လွှမ်းမိုးနေသည့်အသွင် ဖြတ်သန်းသွားကြ၏။

မုဖူရှန်းအနည်းငယ် ထိတ်လန့်သွားသည်။ သူလက်သီးကျစ်ကျစ်ဆုပ်ရင်း တစ်ချိန်တည်းတွင် လက်အစုံ၌ မိုးကြိုးစင်းနှစ်ခုကို ကိုင်လိုက်စဉ် ၎င်းတို့က မိုးကြိုးလှံတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ပစ်လွှတ်လိုက်လေတော့သည်။

အပိုင်း(832) coming။

All Chapters