ပြိုင်ပွဲ ၁
Vol. 011 Ch. 1019
ရှီမာယူယူသည် အနောက်မှလူများကို စိတ်ထဲတွင်ထားရန် အစီအစဉ် မရှိပေ။ သို့သော် သူ၏ကြောင်လှသောစကားများကြောင့် စိတ်တိုသွားသည်။
ထို့အပြင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေနှင့် အသိဉာဏ်ရှိသင့် သော အမှားတစ်ခုကိုပြင်ပေးရန်တာဝန်ရှိသည်ဟု ခံစားရသည်။
“ဒီပါဝင်ပစ္စည်းနှစ်ခုကို ပေါင်းစပ်နိုင်ရင် အဖြေလွှာကိုစားမယ်လို့ ခင်ဗျား ပြောလိုက်တာနော်” သူမ လှည့်ပြီး အစောကစကားပြောလိုက်သော လူကို ကြည့်လိုက်သည်။
“ဟုတ်တယ်” ဂူရှီဖင်သည် မေးမော့ကာ ရှီမာယူယူကို ထောင်လွှားစွာ ကြည့်လိုက်သည်။
သူသည် ရှီမာယူယူကို မြင်ပြင်းကပ်စရာတစ်ခုအနေနှင့်မြင်သည်။ သူ သည် အစက အားလုံးမျက်စိကျစရာလူတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် အခုတော့ သူ့ကိုကြည့်သည့်သူမရှိတော့ပေ။ သူတို့သည် ဘယ်တောင်က ထွက်ခဲ့သည်မှန်းကိုပင်မသိသော ဒီရုပ်ဆိုးသောဖရုံသီးကိုသာ အာရုံစိုက်ခဲ့ ကြသည်။
သူမကိုကြည့်သော သူ့မျက်လုံးများမှာ ဘာကြောင့် ဒီလောက်ရန်လိုနေ သည်ကို ရှီမာယူယူ မသိတော့ပေ။ သို့သော် သူမကို ဒီလိုရန်စသောလူမျိုးကို ဘယ်တုန်းကမှ မျက်နှာသာမပေးခဲ့ဖူးပေ။
“ဒီလောက်လူတွေအများကြီးရှေ့မှာဆိုတော့ ကိုယ့်စကားကိုယ် ပြန် မရုတ်သိမ်းဘူးလို့တော့မျှော်လင့်တယ်” သူမသည် ပြုံးပြပြီးနောက် လှည့်ပြီး ဂျီချင်းယွမ်ကိုပြောလိုက်သည် “နီရဲကြယ်မြက်ပင်နဲ့ မီးမြက်နှစ်ခုလုံးက အားသန်ကြတယ်၊ တကယ်လို့ သူတို့ကိုပေါင်းစပ်လိုက်ရင် ပိုပြီးပြင်းထန်တဲ့ ဆေးရလဒ်ရလာလိမ့်မယ် ပိုသန်မာတဲ့ဆေးတွေဆိုတော့ ပိုပြီးတောင် သဟဇာတ ဖြစ်သေးတယ်”
“ဒါပေမဲ့ အဲဆေးပစ္စည်းနှစ်ခုက လုံးဝအတူပေါင်းလို့မရဘူး၊ နောက်ထပ် ဆေးပစ္စည်းတွေထပ်ထည့်ရင်တောင် မရဘူး” ဂျီချင်းယွမ် ပြောလေသည်။
“ဘာလို့လဲဆိုတော့ မှန်တဲ့တစ်ခုကိုရှာမတွေ့သေးလို့လေ” ရှီမာယူယူ ပြောလိုက်သည် “သင့်တော်တဲ့ပေါင်းကူးတစ်ခုကိုရှာတွေ့ရင် အဲဆေးပစ္စည်း နှစ်ခုကိုရောလို့ရတယ်”
“ဒါဆိုရင် မင်းငါတို့ကိုသက်သေပြလေ မဟုတ်ရင် လစ်လိုက်တော့ ဒီမှာ ငတုံးလိုရပ်မနေနဲ့တော့” ဂူရှီဖင် ပြောလိုက်သည်။
“ခင်ဗျားပြောတာ မှတ်ထားပါ” ရှီမာယူယူသည် သူ့ကိုကြည့်ပြီးနောက် နီရဲမြက်တစ်ပင်နှင့် မီးမြက်တို့ကိုထုတ်လိုက်သည်။ သူမတွင် အသီးအရွက် အလုံးတချို့ရှိထားသည်။ ထိုသည်မှာ ကျားမြေမြက်နှင့် ဆင်တူလေသည်။
“ဒါဘာလဲ အနက်ရောင်ကြီး ဆေးပင်ရောဟုတ်ရဲ့လား” ဂူရှီဖင် နှာခေါင်းရှုတ်လေသည်။ ဒါမျိုးကို အရင်ကမမြင်ဖူးပါဘူး။
“ဒါကဆေးပင်မဟုတ်ဘူး ဒါပေမဲ့ တခြားဆေးပင်တွေထက် အများကြီး အသုံးဝင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တွေးနေတာ တစ် သက်လုံး ရွှေဇွန်းကိုက်လာတဲ့လူတွေကတော့ ဒီလိုကောင်းတာမျိုးကို တစ်ခါ မှမြင်ဖူးမှာမဟုတ်ဘူးလို့”
“ဒါက မင်းရဲ့ပေါင်းစပ်တဲ့ပေါင်းကူးလား ဟားဟား ဒီအနက်ရောင် အလုံးက ဆေးပစ္စည်းတောင်မဟုတ်ဘူးလား”
ရှီမာယူယူသည် သူ့ကိုဂရုမစိုက်တော့ပဲ ဆေးဖိုထုတ်ကာ ဆေးစတင် ဖော်တော့သည်။
သူမသည် ဆေးပစ္စည်းနှစ်ခုကို လျင်မြန်စွာထုတ်ပြီးနောက် ကျားမြေ မြက်ထုံးကို ထည့်လိုက်ကာ ပြာအဖြစ်လောင်ကျွမ်းစေလိုက်သည်။ သူမသည် ပြာများကို အိုးထဲတွင်မြှောက်ကာမွှေလိုက်သည်။ ထို့နောက်တွင် နီရဲမြက်နှင့် မီးမြက်တို့ကိုထည့်ကာ အဖုံးဖုံးပြီး မီးအရှိန်မြှင့်လိုက်သည်။
“ရွှီး ဘုန်း ဘုန်း”
မီးအရှိန်မြင့်သည်နှင့် အသံများသည် ဆေးဖိုထဲမှထွက်လာသည်။ ထို အသံမှာ ဆေးဖိုပေါက်ကွဲမည့်အသံနှင့် ဆင်တူလေသည်။
“ဟားဟား ပေါက်ကွဲတော့မယ်” ဂူရှီဖင်သည် ရယ်ကွဲလေသည် “ဒါက ပုံသေပါလို့မင်းကိုပြောသားပဲ ဒါပေမဲ့ မင်းကငြင်းနေသေးတယ် ဘယ်လိုလဲ မင်းမျက်နှာကို ဖြတ်ရိုက်သလိုမခံစားရဘူးလား”
“နားညည်းလိုက်တာ” ရှီမာယူယူသည် ထိုမျှလောက်ပြောပြီး ဆေးဖိုကို အာရုံပြန်စိုက်ထားလေသည်။
“ဒင်း ဒုန်း”
ဆေးဖိုထဲမှ ယောက်ယက်ခတ်နေသော အသံမှာပိုကျယ်လာသည်။ ရှီမာယူယူမှလွဲပြီး စက္ကန့်ပိုင်းအတွင်းပေါက်ကွဲရန်ကို တခြားသူများ မျှော်လင့် ထားကြသည်။ ဂျီချင်းယွမ်ပင်လျှင် ပေါက်ကွဲမည့်အခိုက်အတန့်အတွက် နေရာကိုချိပ်ပိတ်ရန် ပြင်ထားလေသည်။
“ဒုန်း ဒုန်း”
ပေါက်ကွဲတော့မည်ဟု အားလုံးထင်လိုက်ချိန်တွင် ဆေးဖိုထဲမှ အသံ သည် ငြိမ်သွားကာ လုံးဝတိတ်သွားလေသည်။
“ဒါက…”
ထိုနှစ်ခုအမှန်တကယ်ပေါင်းစပ်သွားသည်ဟု ဂူရှီဖင်နှင့်တခြားသူများ မယုံနိုင်ကြပေ။ သို့သော် အထဲမှလှုပ်ရှားမှုအသံထွက်မလာသည်မှာ ကြာမြင့် သွားသည်။ သူတို့၏သိချင်စိတ်များ ပိုဖြစ်လာသည်။
ရှီမာယူယူသည် မီးငြှိမ်းလိုက်ပြီးနောက် ဆေးဖိုအဖုံးကိုဖွင့်လိုက်သည်။ အဆေးအနံ့သည် ပျံ့လွှင့်လာသည်။
“သန်မာလိုက်တဲ့ဆေးအနံ့ပဲ”
အနားမှလူအားလုံး အနံ့ရလိုက်ကြသည်။
ရှီမာယူယူသည် ဆေးဖိုကိုရိုက်လိုက်ရာ ဆေးနှစ်လုံးပျံထွက်လာသည်။ သူမ လက်ဝေ့လိုက်သည်နှင့် သူမ လက်ဖဝါးပေါ်ရောက်လာသည်။
“တကယ်ပဲ ပေါင်းစပ်သွားတာပဲ” အားလုံးသည် ဆေးကို မယုံကြည်စွာ ဖြင့်ကြည့်လိုက်ကြသည်။
ပေါင်းစပ်ရုံတင်မဟုတ်ပဲ ထိုဆေးပစ္စည်းနှစ်မျိုးကိုသုံးပြီး ဆေးအဖြစ် ဖော်လိုက်သေးသည်။ ရလဒ်များမှာသိသာလွန်းသည်။ ပြင်းထန်သောဆေး အနံ့မှာ စကားပြောနေသလိုပင်။
ရှီမာယူယူသည် ဆေးကို ဂျီချင်းယွမ်ရှေ့သို့ထားပြီး ပြောလိုက်သည် “ဒီ သက်သေဆိုလုံလောက်ပြီလား”
ဂျီချင်းယွမ်သည် ဆေးများကိုယူပြီး အနီးကပ်စစ်ဆေးကြည့်လေသည် “တကယ်ပဲ ပေါင်းစပ်သွားတာပဲ အရင်ကဆိုရင် ဆေးပင်တွေပေါင်းဖို့ ပေါင်းကူးရှာဖို့ကြိုးစားခဲ့တယ်၊ ထပ်ခါထပ်ခါကျရှုံးခဲ့တယ်၊ ဆေးပင်တွေမှာ အဖြေရှိတာက လိမ်တာမဟုတ်ဘူးလို့ ဘယ်သူထင်မိမှာလဲ ငါတို့ဒီမေးခွန်းကို အမှားတစ်ခုအနေနဲ့ သတ်မှတ်လိုက်မယ် နောက်ဆိုရင် မင်းအဖြေကို အဖြေ မှန်အနေနဲ့ သုံးမယ်၊ မင်းအဖြေကမှန်ပါတယ် အဲဒါကြောင့် မင်းအမှတ်က အမှတ်ပြည့်ပါပဲ”
သူမ အရင်အမှတ်ကိုပယ်ချက်ကာ အမှတ်ပြည့်ပေးလိုက်သည်။
ရှီမာယူယူသည် ဂူရှီဖင်ကို ကြည့်လိုက်သည်။ သူမသည် သူ အဖြေလွှာ စားပြမည့်ကိစ္စကို ဆွဲမထုတ်တော့ပဲ လှည့်ပြီး နားနေလိုက်သည်။
သူမ ဘာမှမပြောသော်လည်း သူမ၏ အကြည့်သည် ဂူရှီဖင်၏ မျက်နှာ ကိုနီရဲစေပြီး တွေ့ကရာတဲထဲဝင်ပုန်းချင်စိတ်ကိုဖြစ်စေသည်။
“ကောင်းပြီ ဆက်ကြမယ် နောက်တစ်ယောက်….”
ဟန့်မြောင်ရွှမ်နှင့်တခြားသူများစောင့်နေသော နားနေသည့်နေရာသို့ ရှီမာယူယူ ပြန်လိုက်သည်။
“ယူယူ အဲလူကိုစာရွက်ဘာလို့မစားခိုင်းလိုက်တာလဲ” ရှောင်ချီသည် ထို လူကိုအလွယ်တကူလွှတ်ပေးလိုက်သည်ကို မြင်သောအခါ နှုတ်ခမ်းဆူပြီးမေး လေသည်။
“”“”
“မင်းလုပ်နိုင်တာရှိရင် အဲလူကိုလွှတ်ပေးရတယ်… ငါက အဲလိုဆွပေးတဲ့ သူမျိုးမဟုတ်ဘူး၊ ပြီးတော့ အလကားနေရင်း ပြဿနာမဖြစ်ချင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါ ပတ်ဝန်းကျင်ကိုအကဲခတ်တုန်းက အဲလူကို မြင်လိုက်တယ်၊ သူ ဘယ်သူလဲဆိုတာကိုမသိပေမယ့် သူကအတွင်းဒေသက နေရာမှာ ရှိနေတယ်… ဆိုလိုတာက သူကအဲဒီကလူပဲ”
ဒီတစ်ကြိမ်တွင် အတွင်းဒေသမှလူကို ရန်စခြင်းမှာ သူမအတွက် မကောင်းနိုင်ပေ။
“ဘာပဲဖြစ်ဖြစ် ရလဒ်ကသူ့မျက်နှာကိုဖြတ်ရိုက်ပြီးပြီပဲလေ သူ စာရွက် စားတာ မစားတာက ဘာမှမဆိုင်တော့ဘူးလေ”
ရှောင်ချီသည် နားလည်သွားသဖြင့် ခေါင်းညိတ်လေသည် “ဟုတ်တယ် ဘာပဲဖြစ်ဖြစ် အဲဆေးပင်နှစ်ခုပေါင်းစပ်တာကို အကုန်လုံးမြင်လိုက်တာပဲ တကယ်ပဲ သူ့အတွက်အရှက်ရသွားမှာပဲ၊ စာရွက်စားတာမစားတာ ပြဿနာ မဟုတ်တော့ဘူး အကုန်လုံးမြင်ပြီးနေပြီပဲ သူ့ကိုယူယူက ဖိအားပေးလိုက်မယ် ဆိုရင် အရမ်းထင်ပေါ်သွားလိမ့်မယ်”
“ဟုတ်တယ် အဲအတိုင်းပဲ” ရှီမာယူယူ ပြောလိုက်သည် “ငါဒီကိုလာတာ ပြိုင်ပွဲပြိုင်ဖို့ပဲ ရန်သူလုပ်ဖို့မဟုတ်ဘူး၊ တခြားပြိုင်ပွဲဝင်တွေဘယ်လိုနေလဲဆို တာဆက်ကြည့်ရအောင်”
ထိုနေရာသို့ လာရောက်ယှဉ်ပြိုင်သူများသည် တော်လွန်းသည်ကိုတော့ ပြောရန်ပင်မလိုတော့ပေ။ အများစုမှာ အမှတ်၉၀အထက်ရကြသည်။
“သူတို့က အကောင်းဆုံးထဲကအကောင်းဆုံးတွေပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“အဲဒါတွေကိုထည့်တွက်လို့မရဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ပြိုင်ပွဲကိုဝင်ပြိုင်တဲ့သူတွေက အကောင်းဆုံးလူတွေချည်းပဲ၊ သူတို့က ဆေးပင်တွေရဲ့ အခြေခံသဘောတရားတွေကို နောကြေပြီးသားပဲ၊ ဒါပေမဲ့ ဆေးပြိုင်ပွဲက အဲဒါတွေနဲ့မတူညီတဲ့ သတင်းအရင်းအမြစ်တွေကိုအမြဲရှာနေ တာပဲ”
“တကယ့်ပြိုင်ပွဲက လက်တွေ့ပဲ” စူးရှောင်ရှောင်ပြောလိုက်သ်ည “လူ တချို့ကကျ နည်းပညာဗဟုသုတတွေကို အတော်အသင့်ရကြတယ် ဒါပေမဲ့ ဆေးဖော်တာကျအဲလောက်မကောင်းဘူး၊ ပြီးတော့ ဆေးဖော်တဲ့ပြိုင်ပွဲကတွေ က သီအိုရီရေးသားချက်တွေထက် အများကြီးခက်တယ်လေ”
“အဲလူကို မသိဘူးလား” ရှီမာယူယူသည် လူတစ်ယောက်ကိုညွှန်ပြရင်း မေးလိုက်သည်။
ဟန့်မြောင်ရွှမ်သည် ကြည့်လိုက်ပြီး ပြောလေသည် “မသိဘူး ဘာလို့လဲ မင်းသိလို့လား”
“ကျွန်တော်လည်းမသိဘူး ဒါပေမဲ့ သူကကျွန်တော့်ကိုသိနေသလိုပဲ၊ သူ စာမေးပွဲဖြေနေတုန်းကတည်းက ကျွန်တော့်ကိုကြည့်နေတာ” ရှီမာယူယူ ပြောလိုက်သည် “သူဘယ်သူလဲဆိုတာ ကျွန်တော်မသိတာသေချာတယ် ဒါပေမဲ့ ရင်းနှီးနေသလိုပဲ”
***