#ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး#
Vol. 59 Ch. 832
ကောင်းကင်အင်မော်တယ်များ၏ တိုက်ပွဲက ကမ္ဘာကိုပင် တုန်လှုပ်စေသည်။
ဒါက ကြီးမားသည့်ဧရာမတစ်ခုကို ထိခိုက်စေပြီး ယခုလိုအခြေအနေထိပင် ဦးတည်သွားခဲ့သည်။
နဂါးသွေးနတ်ဆိုးချောက်တစ်ဝိုက်တွင် ကောင်းကင်အင်မော်တယ်များစွာကြားက အစွမ်းကုန်ပေါက်ကွဲကြသည့် အော်ရာအောက်တွင် လေဟာနယ်က အဆက်မပြတ် ပြိုကွဲနေသည်။
သွေးပင်လယ်လှိုင်းများက တောင်အလွှာများနှင့်တူသည်။
ပို၍ကြောက်မက်ဖွယ်ကောင်းတာက မုဖူရှန်းနှင့် သွေးဘီလူးကြီး၏ တိုက်ပွဲကွင်းပြင်တစ်ဝိုက်၌ ကမ္ဘာပေါ်က အရောင်အားလုံးက အတင်းအဓမ္မ ချွတ်ခွာခံရသည့်အလားပင်။
လေဟာနယ်ပြိုကွဲပြီးနောက် ယှဉ်၍မရနိုင်သည့် တွင်းနက်ကြီးတစ်ခုပေါ်လာခဲ့သည်။
သွေးတိမ်သိပ်သည်းပြီးနောက် ကောင်းကင်ထိလုနီးပါး မြင့်မားသည့် သွေးဘီလူးဖြစ်စေ နဂါးသွေးနတ်ဆိုးချောက်က ထွက်လာသည့် သွေးပင်လယ်ဖြစ်စေ ဒီအချိန်တွင် ၎င်းတို့တွင် ရှိသင့်သည့် အရောင်ကို ဆုံးရှုံးသွားပြီး နိဗ္ဗာနကို ကိုယ်စားပြုသည့် မီးခိုးရောင်သာရှိသည်။
ထိုအခိုက်အတန့်၌ မုဖူရှန်းလက်ထဲတွင် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ရွှေကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့က ခရမ်းရောင်နှင့် ရွှေရောင်မိုးကြိုးလှံနှစ်စင်းအဖြစ် သိပ်သည်းသွားခဲ့သည်။
မိုးကြိုးလှံကို အဖျက်မိုးကြိုးစွမ်းအားက ၀န်းရံထားပြီး မိုးကြိုးနဂါးတစ်ကောင်ပမာ လှံပေါ်သို့ တက်လာသည်။
ချီရှာဒေါင်၏ တိုက်တွန်းမှုအောက်တွင် သွေးရောင်ဘီလူးကြီးက သွေးစွန်းနေသည့် ပါးစပ်ကြီးကို ဟလိုက်၏။
သွေးစွန်းနေသည့်ပါးစပ်ထဲတွင် ချီရှာဒေါင် ၎င်း၏မျက်ခုံးကြားကနေ ဆင်းလာပြီး သွေးရောင်ဘီလူး၏ ပါးစပ်အလယ်တွင် ရှိနေသည်။
ချီရှာဒေါင် အသက်စွန့်အလံကိုကိုင်ပြီး သူကိုယ်တိုင်၏ ဝိဉာဉ်စွမ်းအားကို အဆက်မပြတ်ထည့်သွင်းသလို ကောင်းကင်အင်မော်တယ်သုံးဦးနှင့် အသက်ရှင်ကျန်ခဲ့ကြသည့် မြေအင်မော်တယ်များကိုလည်း ထည့်သွင်းခိုင်းသည်။
လေမတိုက်သော်လည်း ချီရှာဒေါင်လက်ထဲက အသက်စွန့်အလံက အရူးအမူးလွင့်မြောနေသည်။
အလံ၏အလယ်ဗဟိုရှိ အနက်ရောင်ဝဲဂယက်ထဲတွင် မရေမတွက်နိုင်လောက်သည့် ပုံရိပ်ယောင်ဝိဉာဉ်များက ပိုမြန်သည့်နှုန်းနှင့် ထွက်လာကြ၏။
အမှောင်ထု၏ ဘောလုံးတစ်လုံးပမာ ၎င်းတို့က ဘီလူးကြီးစပါးကနေ မုဖူရှန်းထံ လွင့်မြောသွားကြသည်။
မုဖူရှန်းအံ့ဩသင့်ခြင်းမရှိပါ။
ချီရှာဒေါင်က ဖြစ်ပျက်နိုင်တာမှန်သမျှကို ထည့်တွက်စဉ်းစားတတ်သည့် အတော်လေး သတိထားတတ်သော မြေခွေးအိုဖြစ်သည်။
သူ့အတွက် တခြားအပိုအစီအစဉ်များ မရှိဘူးဟူသည် မဖြစ်နိုင်ပေ။
မုဖူရှန်း၏အမူအရာက တည်ငြိမ်နေသည်။
ထို့နောက် လက်နှစ်ဖက်စလုံးနှင့် တစ်ချိန်တည်းတွင် ပစ်လွှတ်သည်။
မိုးကြိုးလှံနှစ်စင်းက ထိုအခိုက်အတန့်၌ အဖျက်မိုးကြိုးနဂါးများအဖြစ် ပြောင်းလဲသွားပြီး အဖျက်အော်ရာကို ထုတ်လွှတ်သည်။
၄က်းနောက် အတူတကွစုစည်းနေသည့် ကြမ်းကြုတ်ရက်စက်သော ပုံရိပ်ယောင်ဝိဉာဉ်များထံ တိုး၀င်သွား၏။
ဂျုန်း.....!
သွေးပင်လယ်က ဟိန်းကာ ကောင်းကင်တစ်ခုလုံးက ပြိုကျလာတော့မည့်အလား တုန်ခါနေပုံရသည်။
မိုးကြိုးနဂါးနှစ်ကောင်က အမှောင်ထုပုံရိပ်ယောင်ဝိဉာဉ်များကို ၀င်တိုက်သည်။
မိုးကြိုးစွမ်းအားတွင် ပုံရိပ်ယောင်ဝိဉာဉ်များအပေါ် သဘာ၀အတိုင်း ထိန်းချုပ်နိုင်သည့် သက်ရောက်မှုရှိသော်လည်း ဒီအချိန်တွင် အသုံးမ၀င်ပုံရသည်။
ပုံရိပ်ယောင်ဝိဉာဉ်များက အတော်လေးများပြားသည်။
ပုံရိပ်ယောင်ဝိဉာဉ်တစ်ခုစီက သွားများကို ပြသရင်း ကြမ်းကြုတ်သည့် အမူအရာဖြင့် လက်သည်းများကို ပြသသည်။ ၎င်းတို့က ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့ကို ပါးစပ်ဟကာ အစွမ်းကုန်ဝါးမြိုနေသည်။
ဝါးမြိုပြီးနောက် ပုံရိပ်ယောင်ဝိဉာဉ်များက။ ချက်ချင်းပျောက်ကွယ်သွား၏။
သို့စေကာမူ ပုံရိပ်ယောင်ဝိဉာဉ်များ၏ နောက်ထပ် အလုံးတစ်လုံးက ချက်ချင်းအစားထိုးကာ အဆက်မပြတ်ဝါးမြိုနေသည်။
တဖြည်းဖြည်းနှင့် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့က မိုးကြိုးလှံများအဖြစ် ပြောင်းသွားကြသည်။
ထိုအချိန်တွင် မိုးကြိုးစွမ်းအားက တဖြည်းဖြည်းအားနည်းလာပြီး မိုးကြိုးနဂါးကိုယ်ထည်က ဖြည်းဖြည်းချင်း ကျုံ့၀င်လာနေသည်။
အကြီးအကဲပိုင်ချူ၏ မျက်နှာက ကြည့်ရဆိုးသွားသည်။
ကျန်သောမြင့်မြတ်အဆောင်ဂိုဏ်း၏ အကြီးအကဲသုံးဦးတွင်လည်း အကူအညီမဲ့နေသည့် အမူအရာကိုယ်စီရှိသည်။
ဒါတောင်မှ အသုံးမ၀င်ဘူးလား!
မုဖူရှန်း ယခုလိုကောင်းကင်ကို ဆန့်ကျင်နေသည့်အဆောင်နှင့် ဆေးလုံးများကိုသုံးပြီး သူ့နယ်ပယ်ကို ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်အထိ အတင်းမြှင့်တင်ခဲ့သော်လည်း ချီရှာဒေါင်လက်ထဲက အသက်စွန့်အလံက အရမ်းကောင်းကင်ကို ဆန့်ကျင်နေသည်။
ချီရှာဒေါင် ဒါကိုမြင်သောအခါ ရယ်မောလိုက်သည်။
"မင်းမှာအဆောင်တစ်ခုရှိပြီး ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို တက်သွားတော့ရော ဘာအရေးလဲ"
"မင်းလိုဂျူနီယာလေးတစ်ယောက်က အဆောင်တစ်ခု၊ ဆေးလုံးတစ်လုံးနဲ့ နှစ်ပေါင်းသိန်းနဲ့ချီအောင် စုဆောင်းမှူကို ဘယ်လိုလုပ် အစားထိုးနိုင်မလဲ"
ချီရှာဒေါင်၏အမြင်အရ မုဖူရှန်းက အတော်လေးပါရမီရှိပြီး သူ့ကို နောက်နှစ်ရာအနည်းငယ်ပေးပါက သူ့ပြိုင်ဘက်ပင် ဖြစ်လာနိုင်သည်။
သို့စေကာမူ သူကအတွေ့အကြုံနည်းပါးနေဆဲပင်။
ပြင်ပအရာတစ်ခုနှစ်ခုက ချီရှာဒေါင်၏ နည်းအမျိုးမျိုးကို သို့မဟုတ် ငရဲဂိုဏ်းတစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို ရင်ဆိုင်ရာ၌ ဒါကို ဘယ်လိုလုပ် ပြင်နိုင်မည်နည်း။
သူတို့ကြားက ကွာဟချက်က ကျော်လွှား၍မရနိုင်သည့် ချောက်တစ်ခုပမာ။
အနည်းဆုံးတော့ ချီရှာဒေါင် ဒီလိုထင်ခဲ့သည်။
သို့စေကာမူ မုဖူရှန်းတွင်ရော မည်သည့်အပိုအစီအစဉ်မှ မရှိဘူးလား!
အကယ်၍ မုဖူရှန်းတွင်သာ အပိုအစီအစဉ်မရှိပါက အခြေအနေတစ်ခုတည်းသာ ရှိတော့သည်။
သူကတွေးတောနိုင်စွမ်း၏ အဆုံးသတ်တွင်ရှိပြီး အဆုံးသတ်ကိုရောက်နေလေပြီဟု ဆိုလိုနေခြင်းပင်။
ဒီလိုသာမဟုတ်ပါက မုဖူရှန်းက မုဖူရှန်းဖြစ်လာမည်မဟုတ်။
သူက လုချန်ရှန်းရဲ့အလားတူတပည့်လည်း ဖြစ်လာမည်မဟုတ်ပါ။
သို့စေကာမူ ချီရှာဒေါင်က မုဖူရှန်းကို ယခုလိုစိတ်ပျက်စရာအခြေအနေထိ တွန်းပို့နိုင်စွမ်း မရှိသေးတာရှင်းနေသည်။
မုဖူရှန်းလေထဲတွင်ရပ်နေသည်။
ပတ်၀န်းကျင်က တိတ်ဆိတ်နေသည်။
သူ့ကိုယ်တစ်ဝိုက်က မိုးကြိုးနှင့် သိသာသည့် အဖြူရောင်ဝိဉာဉ်ချီက သူ့ကို နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်ပမာ ထင်ရစေသည်။
မှိန်ဖျော့သည့်အပြုံးတစ်ပွင့်က မုဖူရှန်း၏မျက်နှာထက်၀ယ် ပေါ်လာခဲ့သည်။
သူလက်အစုံကို အနည်းငယ်ဖြန့်လိုက်၏။
ဆန်းကြယ်ယင်မိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့က တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားကြသည်။
မုဖူရှန်းကို ၀န်းရံနေသည့် ခရမ်းနှင့်ရွှေအဖျက်မိုးကြိုးစွမ်းအားတို့ကလည်း ပျောက်ကွယ်သွားခဲ့သည်။
ချီရှာဒေါင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်ဘက်လူမှာ အပိုအစီအစဉ်ရှိသေးတာများ ဖြစ်နိုင်မလား!
ဒီလိုဆိုပါက မုဖူရှန်းက အတော်လေူကြောက်စရာကောင်းသည်။
ချီရှာဒေါင်၏စိတ်အသိက မှန်ပေသည်။
မုဖူရှန်း၀န်းကျင်က မိုးကြိုးစင်းနှစ်ခု ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌ ရုတ်တရက် မုဖူရှန်း လက်အစုံကို တီးလိုက်သည်။
ထိုအချိန်တွင် သူ့ကိုယ်၀န်းကျင်၌ အသွင်ရယူနေသည့် ဝိဉာဉ်ချီက အဆက်မပြတ် အဓိကရုဏ်းဖြစ်လာသည်။
သူ့ရင်ဘတ်က အဆောင်က ပြင်းထန်သည့် ဝိဉာဉ်ချီကြောင့် တောက်လောင်နေပြီး မီးတောက်များက လိုင်းများပေါ်၌ ပေါ်လာသည်။
လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် မုဖူရှန်းလက်ဖဝါးနှစ်ဖက်ကို အတူတကွဖိထားစဉ် ဝိဉာဉ်ချီလှုံ့ဆော်မှုအောက်တွင် သွေးနီရောင်မိုးကြိုးစွမ်းအားက အဆက်မပြတ် ထိုးထွက်လာသည်။
ဂျစ်.....ဂျစ်.....!
သွေးနီရောင်မိုးကြိုးပစ်လိုက်တိုင်း ပတ်၀န်းကျင်က လေဟာနယ်ကို တုန်ခါကာ ပြိုကွဲစေသည်။
တစ်ချိန်တည်းမှာပင် တိမ်မည်းများက အကြမ်းဖက်သွေးအော်ရာကို ထုတ်လွှတ်နေသည့် သွေးတိမ်များကို လွှမ်းမိုးကာ နဂါးသွေးနတ်ဆိုးချောက်၀န်းကျင်ကို ခြုံငုံပစ်သည်။
အဝေးတစ်နေရာတွင် မိုချီရွှမ်း၊ ချင်းရွှမ်ရာယောင်နှင့် ကုရှောင်တို့ ဒီမြင်ကွင်းကို ကြည့်နေပြီး သူတို့၏အမူအရာများက လေးနက်သွားကြ၏။
တိမ်မည်းများထဲတွင် ကူးခတ်နေသည့် သွေးနီရောင်မိုးကြိုးက သူတို့ကို အလွန်အမင်းပြင်းထန်သည့် အန္တရာယ်၏ ခံစားချက်ကို ပေးနေသည်။
ဒီခံစားချက်က သူတို့ ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများစွာကို တစ်ယောက်တည်း ရင်ဆိုင်နေရသည့်အလားပင်။
ဒါကအရင်ကတခါမှ မဖြစ်ခဲ့ဖူးပေ။
ဒါဘယ်လိုမိုးကြိုးမျိုးလဲ!
သူတို့၏အကြည့်က မုဖူရှန်းပေါ် ကျရောက်လာသည်။
ထိုစဉ် မုဖူရှန်းထူးမခြားနားစွာ ပြောလာသည်။
"ကိုးသွယ်ရှေးဦးမိုးကြိုးကျင့်စဉ်၊ တတိယမိုးကြိုး၊ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး...."
သူထိုစကားလုံးများကို တည်ငြိမ်စွာပြောသည်။
နောက်အခိုက်အတန့်၌ မုဖူရှန်း၏လက်များက အနည်းငယ် ကွဲကွာသွားကြ၏။
သူ့လယ်နှစ်ဖက်အလယ်တွင် သွေးနီရောင်မိုးကြိုးလုံးတစ်လုံးပေါ်လာခဲ့သည်။
ဒီမိုးကြိုးလုံးပေါ်လာသည်နှင့် အဆက်မပြတ် တိုးနေသည့် ပုံရိပ်ယောင်ဝိဉာဉ်များက အတော်လေးကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို တွေ့ကြုံခံစားခဲ့ရသည့်အလားပင်။
၎င်းတို့ကလေထဲတွင် မြောပါရင်း ရပ်သွားကြသည်။
ချီရှာဒေါင် လက်ထဲက အသက်စွန့်အလံကို ဘယ်လိုပင် လှုပ်ယမ်းပါစေ ၎င်းကသူ့အမိန့်ကို နားမထောင်တော့သည့်အလား တခြားဘာမှ မလုပ်တော့ပါ။
မုဖူရှန်း လက်အစုံဖြင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးကို ကိုင်ပြီး ချီရှာဒေါင်အား ငုံ့ကြည့်သည်။
ထို့နောက် မိုးကြိုးကောင်းကင်ဘုံအရှင်သခင်တစ်ပါး ဆင်းသက်လာသည့်အလား သူမထူးခြားနားစွာပြောသည်။
"တကယ်လို့ခင်ဗျား နောက်ဆုံးတိုက်ချက်ကို ခုခံနိုင်မယ်ဆိုရင် တခြားနည်းလမ်းမရှိတော့ဘူး"
သို့သော် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မုဖူရှန်း၏ စကားလုံးများကို ကြားသောအခါ သူတို့အတွက် ဘာမှယုံစရာမရှိပေ။
အပိုင်း(833) coming။