← Chapters

ပြိုင်ပွဲ ၂

Vol. 011 Ch. 1020

ပြိုင်ပွဲ ၂

Vol. 011 Ch. 1020

စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် ထိုလူကိုအာရုံစိုက်ပြီး လေ့လာပြီးနောက် ပြောလိုက်သည် “သူ့ကြည့်ရတာရင်းတော့ရင်းနှီးနေတယ် ဒါပေမဲ့ အနီးကပ်ကြည့်လိုက်ရင် ငါတို့မမှတ်မိတဲ့သူပဲ ထူးဆန်းလိုက်တာ”

“အမှန်ပဲ နောက်မှသူ့ကိုအနီးကပ်ကြည့်ရမယ်” ရှီမာယူယူ ပြောလိုက် သည်။

“အင်း…”

အားလုံး၏ ရလဒ်များထွက်လာသည်နှင့် ချီရှင်းယွမ်သည် ပထမအဆင့် အောင်မြင်သူများ၏ နာမည်ကိုကြေညာလေသည်။

သူ့စကားများသည် တိုတောင်းလှသည်။

“၉၅မှတ်နဲ့အထက်ရတဲ့သူတွေက ပြိုင်ပွဲအတွက် မနက်ဖြန်နေ့လည် အချိန်မှာ အမြန်သတင်းပို့ကြပါ”

သူ နိဂုံးချုပ်ပြီးနှင့် အားလုံးသည် စတင်ပြန်ကြလေသည်။

ရှီမာယူယူသည် ပွဲကြည့်စင်ဘက်ကြည့်လိုက်သည်။ ရှောင်ယွင်ရှောင် နှင့် ရှန်ကျောင်ထျန်တို့သည် အရှေ့မှလျှောက်လာကာ ဝူလင်းယူနှင့် ရွှမ်ရှင်း မန်တို့သည် အနောက်မှလိုက်လာကာ ဝူလင်းယူသည် ရွှမ်ရှင်းမန်ပြောသည် များကို ကျိုးနွံစွာ နားထောင်နေသည်။

“ငါအမြဲတမ်းသိချင်နေခဲ့တာ ရှောင်ယွင်ရှောင်က အလယ်ပိုင်းဒေါသက စံအိမ်တော်သခင်တစ်ယောက်ပဲကိုဘာလို့ ဆေးပြိုင်ပွဲမှာ ရှားကျောင်ထန်နဲ့ တခြားသူတွေရဲ့ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်ကို ထိုင်လို့ရတာလဲလို့”

“နည်းနည်းထူးဆန်းတာတော့အမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည် “သူက အတွင်းဒေသကလာတယ်ဆိုရင် အကျိုးအကြောင်းသင့်တယ်၊ ဒါပေမဲ့ ရှောင်ယွင်ရှောင်က ရာထူးမမြင့်တဲ့အလယ်ပိုင်းဒေသက စံအိမ်တော်သခင် တစ်ယောက်ပဲကို ဘယ်လိုလုပ်ဂုဏ်သရေရှိဧည့်သည်ဖြစ်ရတာလဲ”

“အဒါကိုဥက္ကဌနဲ့ ဆေးအဖွဲ့ခွဲခေါင်းဆောင်တို့ပဲသိလိမ့်မယ်” စူးရှောင်ရှောင် ပြောလိုက်သည်။

“စိနီယာသွားမေးလိုက်လေ ကျွန်တော်တို့ကတော့ တည်းခိုဆောင်ကို ပြန်နှင့်တော့မယ်” ရှီမာယူယူသည် မုန့်ဆန်းချွယ်ကိုအမှီလိုက်ကာ ထွက်သွား လေသည်။

“သွားမယ် ငါတို့လည်းပြန်နားကြမယ် ဒီနေ့မေးခွန်းအများကြီးဖြေထား တာ ပင်ပန်းတာသေတော့မယ်”

“ဒါပေမဲ့ ဂျူနီယာလေးကတကယ်ပဲအားကောင်းတယ် နီရဲကြယ်မြက်နဲ့ မီးမြက်ပေါင်းစပ်တာရဲ့ ယေဘုယျပုံသေနည်းကိုတောင်မှ ပြောင်းလိုက်နိုင် တယ်”

“မှားတယ်ဆိုတာကို သက်သေပြပြီးမှတော့ ယေဘုယျပုံသေနည်းလို့ ပြောလို့မရတော့ဘူး”

“ဟုတ်တယ်”

“….”

နောက်နေ့မနက်တွင် ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲနေရာသို့စောစီးစွာ ရောက်နေကာ ပြိုင်ပွဲစတင်မည်ကိုစောင့်ဆိုင်းနေကြသည်။

၈နာရိရောက်သောအခါ ရှားကျောင်ထျန်သည် အဖွဲ့နှင့်ရောက်လာ သည်။ သူတို့ရောက်လာသည်နှင့် ဂျီရှင်းယွမ်သည် စင်ပေါ်တက်ကာ ပြော လေသည် “ပြိုင်ပွဲဒုတိယပွဲစဉ်စတော့မယ် ပြိုင်ပွဲဝင်တွေ စင်ပေါ်တက်လာ ပေးပါ”

ရှီမာယူယူ၊ ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ဂျီရှင်းယွမ် လက်ဝေ့ ရမ်းပြသော သက်ဆိုင်ရာနေရာများသို့လျှောက်သွားကြလေသည်။ စားပွဲ သည် သူတို့ရှေ့တွင် အသီးသီးပေါ်လာကြသည်။

“အထဲကအံဆွဲမှာ ဒီတစ်ခေါက်ရဲ့မေးခွန်းရှိလိမ့်မယ်၊ ပေးထားတဲ့အချိန် အတွင်းမှာ ရေးထားတဲ့ဆေးကိုဖော်ရမယ်” ဂျီရှင်းယွမ် ညွှန်ကြားလေသည် “နောက်ဆုံးအနေနဲ့ ဆေးအဆင့်ရယ် အရည်အသွေးနဲ့ ကြာချိန်ကိုမူတည်ပြီး တော့ အမှတ်ပေးလိမ့်မယ်၊ အခုစလို့ရပြီ”

ပြိုင်ပွဲဝင်များသည် အံ့ဆွဲဖွင့်လိုက်ရာ ဆေးဖက်ဝင်ပစ္စည်းများနှင့် စာရွက်တစ်ရွက်ရှိနေသည်ကို တွေ့လိုက်သည်။ ဆေးဖက်ဝင်ပစ္စည်းတစ်ခု လျှင် ၃ပုံရှိလေသည်။

“ဒီစားပွဲက လေဟာပြင်တန်ဆာပလာပဲဖြစ်လိမ့်မယ်”

ရှီမာယူယူသည် မေးခွန်းထုတ်လိုက်သည်။ သူမသည် စာရွက်တွင်ရေး ထားသည့်အတိုင်း အဆင့်၆ သို့မဟုတ် အဆင့်၇ ဆေးကိုဖော်ရမည်။

အဖွဲ့၂မှ ပြိုင်ပွဲဝင်များသည် အသက်၁၀၀အောက် လူများဖြစ်ကြသည်။ ထို့ကြောင့် အဆင့်များမှာ ထိုမျှလောက်မမြင့်ကြပေ။ သူမသည် အရှေ့တန်း စားပွဲကိုကြည့်လိုက်ရာ ဆေးပစ္စည်းများသည် အဆင့်၇ သို့မဟုတ် အဆင့်၈ အတွက်ဖြစ်သည်ကို တစ်ချက်ကြည့်လိုက်သည်နှင့် ပြောနိုင်သည်။

သူမ မျက်စိကစားကြည့်ရာ အရင်နေ့က သူမ သတိထားမိသည့် လူကို မြင်လိုက်သည်။

သူသည် အဖွဲ့၁၏ နောက်ဆုံးအတန်းတွင်ရှိနေသည်။ ရှီမာယူယူသည် အဖွဲ့၂၏ ပထမအတန်းတွင်ရှိသည်။ မနေ့ကနှစ်ယောက်သည် ထောင့်ဖြတ် ဖြစ်သွားရာ ထိုလူသည် သူမရှေ့တွင်ရပ်ပြီးသားဖြစ်လေသည်။

ရှီမာယူယူ၏မျက်လုံးများသည် အကဲဖြတ်နေသည်ကို ထိုလူသည် ခံစား မိရာ လှည့်ကြည့်ပြီးနောက် အမူအရာကင်းမဲ့စွာဖြင့် ပြန်လှည့်သွားလေသည်။

“ထူးဆန်းလိုက်တာ” ရှီမာယူယူသည် မစခင်တွင် လက်ထဲမှ ဆေးညွှန်း ကိုကြည့်ပြီး ပခုံးတွန့်လိုက်သည်။

ထိုဆေးပြိုင်ပွဲသည် အရင်ကပြိုင်ခဲ့သည့် ပြိုင်ပွဲများနှင့် ခပ်ဆင်ဆင်ပင်။ သို့သော် ကွာခြားချက်မှာ နောက်ဆုံးတစ်ခေါက်ပြီးခဲ့သည့် ပြိုင်ပွဲများသည် ဆေးတစ်မျိုးကိုသာ ဖောရန်လိုသည်။ သို့သော် ဒီဆေးပြိုင်ပွဲသည် ဆေးအမျိုး အစား သုံးခုဖော်ရန်လိုအပ်သည်။

သူမသည် ဆေးညွှန်းသုံးခုကို စမ်းစစ်လိုက်သည်။ ပထမတစ်မျိုးမှာ ပုံမှန်မြင်နေကျဖြစ်သည်။ ဒုတိယတစ်မျိုးသည် အနည်းငယ်ရှားပါးကာ တတိယတစ်ခုသည် အလွန်ရှားပါးသောဆေးဖြစ်သည်။ အရင်ကမြင်ဖူးသည် မှာအလွန်ရှားပါးလှသည်။

ဆေးညွှန်းသုံးခုသည် အစဉ်လိုက်ဖော်ရမည်။ သူတို့၏ အရည်အချင်း သာမဟုတ်ပဲ စိတ်စွမ်းအင်မြင့်မားမှုကိုပါ စမ်းသပ်ခြင်းဖြစ်သည်။ အဆက်မပြတ် အလုပ်လုပ်ခြင်းသည် သေချာပေါက် သူတို့ကို ပင်ပန်းစေ သည်။

စိတ်စွမ်းအင်ပြန်ဖြည့်တင်းရန်အတွက် ဆေးစားခွင့်မပြုဟူ၍တော့ ပြော ထားခြင်းမရှိပေ။ သို့သော် ဆေးစားလိုက်လျှင်တောင် ပြန်အားပြည့်ရန် အချိန် လိုနေသေးသည်။

ရှီမာယူယူလှည့်ပတ်ကြည့်လိုက်သည်။ သူမ အနားမှလူများသည် ဆေး စတင်ဖော်ရန် ဆေးဖိုကိုထုတ်ပြီးဖြစ်လေသည်။

ထိုဆေးပြိုင်ပွဲသို့ဝင်ပြိုင်သူများသည် ကြံ့ကြံ့ခံနိုင်သူများဖြစ်ကြသည်။ ထို့ကြောင့်ပင် သူတို့၏ဆေးဖိုများသည် အဆင့်မြင့်များဖြစ်ကြသည်။ တစ်ဖက် တွင် သူမသည် စုတ်ပဲပုံပေါက်သော ဆေးဖိုတစ်ခုကိုထုတ်လိုက်သည်။

“ဟားဟား ဒီလိုသာမန်ဆေးဖိုလောက်နဲ့ တကယ်ပဲဆေးဖော်နိုင်မှာ လား” အပေါ်မှကြည့်နေသူများသည် သူမဆေးဖိုကိုကြည့်ပြီး လှောင်ပြောင် လေသည်။

“ဆေးဖော်တဲ့နေရာမှာ ဘာပြဿနာမှမရှိမှဖြစ်မှာ” ဘေးမှတစ်ယောက် သည်ထပ်ပြောလေသည် “ပြီးတော့ အဆင့်၃ ၄ဆေးကလည်း ဆေးပဲလေ ဟုတ်တယ်မလား”

“ဒါပေမဲ့ ဒီပြိုင်ပွဲအတွက် အဆင့်၃ ၄လောက်နဲ့ မလောက်ဘူး”

“မင်း စကားလျော့ပြောလိုက်တာနဲ့ မင်းကို အ,နေတယ်လို့ ဘယ်သူမှ မထင်ဘူး” ဂူရှိသည် သူတို့ကို သေနိုင်လောက်သည့်အကြည့်ဖြင့် လှည့်ကြည့် လိုက်သည်။

ထိုအကောင်းမမြင်သည့်မှတ်ချက်များကိုပေးသည်မှာ ဂူမျိုးနွယ်မှလူများ ဖြစ်နေလေသည်။ မနေ့ကဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့် သူတို့သည် ရှီမာယူယူအပေါ်ကို ရန်ငြိုးထားလေသည်။

တကယ်တော့ ရှီမာယူယူ၏ဆေးဖိုကို သတိထားမိသူမှာ များလှသည်။ နီရဲကြယ်မြက်နှင့် မီးတောက်မြက်တို့ကို အားလုံးရှေ့တွင် ပေါင်းစပ်ထုတ်ဖော် ပြလိုက်သည့်အချက်မှာ အားလုံးကို အံ့သြသွားစေသည်။ သူမကို လူအများ အာရုံထားကြသည်မှာ မဆန်းလှပေ။

“မင်းတို့ကျောင်းက ဆေးဖိုကောင်းကောင်းတစ်ခု ပြင်ဆင်ဖို့လောက်ကို အရင်းအမြစ်တွေမရှိဘူးလား” မုန့်ဆန်းချွယ်ဘေးမှ မျှတသော အကောင်းမြင် တတ်သည့်လူသည် သူ့ကိုစနောက်လေသည်။

မုန့်ဆန်းချွယ်သည် မျက်လုံးထောင့်မှသူ့ကိုကြည့်ပြီး လျစ်လျူရှုကာ စင် ပေါ်မှပြိုင်ပွဲကို ဆက်ပြီးအာရုံစိုက်ထားလေသည်။

ဟန့်မြောင်ရွှမ်၊ စူးရှောင်ရှောင်နှင့် တခြားကျောင်းသား၃ယောက်သည် အဖွဲ့၁တွင် ယှဉ်ပြိုင်ကြသည်။ ရှီမာယူယူတစ်ယောက်တည်းသာ အဖွဲ့၂တွင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ယှဉ်ပြိုင်သူ သောင်းချီထဲမှ အာရုံအစိုက်ခံရသူဖြစ်နေသည်ကို ရှီမာယူယူ သတိမထားမိပေ။ သူမသည် ခေါင်းငုံ့ပြီး ဆေးပစ္စည်းများကို နေရာ ချနေသည့်အတွက် သူမ၏ဆေးဖိုအကြောင်းသည် ဆွေးနွေးစရာဖြစ်နေသည် ကိုလည်း မသိခဲ့ပေ။

သူမ၏ အလုပ်ရှုပ်နေသောပုံရိပ်ကို ဝူလင်းယူကြည့်ပြီး နှုတ်ခမ်းထောင့် သည် တွန့်ကာ ပြုံးလိုက်သည်။

သူ စောင့်လိုက်ရုံပဲ။ သူ နည်းနည်းလောက်စောင့်လိုက်တာနဲ့ သူမဆီကို သွားလို့ရပြီ။

ရှီမာယူယူသည် ဆေးပစ္စည်းများကို နေရာချပြီးသည်နှင့် စတင်ဆေး ဖော်လေသည်။ တခြားပြိုင်ပွဲဝင်များသည် စတင်ဆေးဖော်နေသည်မှာ အတန်ကြာပြီဖြစ်သည်။

သူမသည် ဆေးပစ္စည်းတစ်ခုချင်းစီကိုသန့်စင်ပြီး ပေါင်းစပ်ကာ ချည်နှောင်လေသည်။ သူမ ချည်နှောင်သည့်အဆင့်စ,သည့်အချိန်တွင် တခြားသူများသည် ပထမဆေးပြီးဆုံးသွားသဖြင့် စင်ပေါ်တွင် ဆေးနံ့များ မွှေးပျံ့နေသည်။

သူမ အောင်မြင်စွာဆေးဖော်ပြီးနောက်တွင် တခြားသူများသည် ဒုတိယ ဆေးကိုဖော်နေသည်မှာ ကြာပြီဖြစ်သည်။

သူမသည် တခြားသူများကဲ့သို့ ဆေးကိုပုလင်းထဲထည့်ရာတွင် ထောင်လွှားခြင်းမရှိပေ။ သူမသည် ရိုးရှင်းစွာပင် လက်ဖြင့်ဆုတ်ကာ ဆေး ပုလင်းထဲထည့်ပြီးနောက် ဒုတိယဆေးကို စတင်ဖော်လေသည်။

“ယူယူက တကယ်ပဲ စိတ်မလှုပ်ရှားဘူးပဲ”

“ဘာစိတ်လှုပ်ရှားစရာလိုလဲ၊ အချိန်တွေအများကြီးရှိသေးတယ်” မုန့်ဆန်းချွယ် ပြောလိုက်သည် “အဲလူတွေက အစကတည်းက စိုးရိမ်နေကြ တာ၊ ဒါပေမဲ့ အဲဒါကြောင့်ပဲ သူတို့စိတ်စွမ်းအင်တွေပိုဆုံးရှုံးတာ၊ အဲလူတွေ နောက်ဆုံးကျရင် သေချာပေါက် ပင်ပန်းသွားမှာပဲ”

မုန့်ဆန်းချွယ် ပြောသလိုပင် အများစုသည် ဒုတိယဆေးဖော်ပြီးနောက် တွင် ပင်ပန်းသွားကြသည်။ တတိယဆေးကိုဆက်ဖော်နိုင်ရန် သူတို့သည် စိတ်စွမ်းအင်ဆေးကိုစားပြီး စိတ်အားပြန်ပြည့်လာရန်စောင့်ပြီးမှပင် ဆေးကို ဆက်လက်ဖော်လေသည်။

ထိုလူများသည် နလန်ထူသည့်အချိန်ကိုပင် မစောင့်နိုင်ကြပေ။ သူတို့ သည် လှည့်ပတ်ကြည့်ပြီးနောက် အနားမှပြိုင်ပွဲဝင်များကို အကဲခတ်ကြလေ သည်။

အများစုသည် ဒုတိယဆေးအသုတ်ကို ဖြည်းညင်းစွာဖော်နေသော ရှီမာယူယူကို တတိယဆေးမဖော်ခင်တွင် အနားယူမည့်အစီအစဉ်ရှိမရှိကို ကြည့်ကြလေသည်။

***

All Chapters