#ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး၏ စွမ်းအား#
Vol. 59 Ch. 833
ဧရာမဝိဉာဉ်နတ်ဒိုင်းကို အပြည့်အ၀ အသက်သွင်းရန်အတွက် သုံးမိနစ်သာ ကျန်တော့သည်။
သွေးပင်လယ်က နဂါးသွေးနတ်ဆိုးချောက်၀န်းကျင်၌ လှိုင်းများတစ်ခုပြီးတစ်ခု လိမ့်တက်လာပြီး ဧရာမသွေးရောင်လှိုင်းများကို ဖန်တီးနေသည်။
ကောင်းကင်ပေါ်ရှိ တိမ်မည်းများက သွေးတိမ်ကို လုံး၀ဖုံးလွှမ်းထားလေပြီ။
အထဲက သွေးနီရောင်မိုးကြိုးစွမ်းအားက တိမ်မည်းများထဲတွင် အဆက်မပြတ် လင်း၀င်းတောက်ပနေကာ တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်လွှတ်နေသည်။
နဂါးသွေးနတ်ဆိုးချောက်တစ်ခုလုံးက ဖျက်လိုအားပြင်းသည့် အခြေအနေတစ်ခုတွင်ရှိနေပြီး သတ်ဖြတ်ခြင်းဆန္ဒ၊ မိစ္ဆာဆန္ဒတို့ကို ဒီအဖျက်အော်ရာက အလုံးအရင်း ဖုံးလွှမ်းသွား၏။
ကွေ့ကောရင် လက်ထဲတွင် သံလိုက်အိမ်မြှောင်ကိုကိုင်ပြီး လေးနက်သည့်အမူအရာဖြင့် ဒီမြင်ကွင်းကို ကြည့်နေသည်။
သူမုဖူရှန်းကို ကောင်းကောင်းသိသည်။
ကွေ့ကောရင်က အဆောင်များကိုသာ ကန့်သတ်ထားခြင်းဖြစ်သည်။
မိုးကြိုးဂုဏ်သတ္တိအဆောင်များ၌ မုဖူရှန်း၏ အောင်မြင်မှုများက ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံထားရသည်ဟု ဆို၍ရသည်။
သူ့ပါရမီက အရမ်းကြောက်စရာကောင်းလွန်းသဖြင့် နှလုံးကိုပင် တဒိန်းဒိန်းခုန်ပေါက်စေသည်။
မုဖူရှန်းနှင့်ကျန်သောသူများထံမှ ထောက်လှမ်းရေးများအရ မုဖူရှန်းတို့ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ဝင်လာတာ တစ်နှစ်ပင်မရှိသေးပါ။
သို့စေကာမူ သူ့ပါရမီများကို တဖြည်းဖြည်းပြသလာပြီးနောက် မုဖူရှန်း ကောင်းကင်အင်မော်တယ်အဆင့်အဆောင်များကို တစ်ယောက်တည်း ရေးထွင်းနိုင်လေပြီ။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် လူဘယ်နှစ်ယောက်ကများ ကောင်းကင်အင်မော်တယ်အဆင့် အဆောင်များကို ရေးထွင်းနိုင်သလဲဆိုတာ သူမေးချင်သည်။
ဒီလိုစွမ်းရည်ရှိသည့် ကောင်းကင်အင်မော်တယ်အဆောင်သခင်တိုင်းနီးပါးက မြင့်မြတ်အဆောင်ဂိုဏ်းတွင် ရှိသည်။
အကယ်၍ မုဖူရှန်းအလိုရှိပါက မြင့်မြတ်အဆောင်ဂိုဏ်းတွင် သူ့ပုံရိပ်က မဟာအဆင့်မြင့်အကြီးအကဲနှင့်ပင် ယှဉ်၍ရသည်။
အခုကရော!
မုဖူရှန်းက အဆောင်များ၌ သူ့၏ ကြောက်မက်ဖွယ်ရာပါရမီများကိုသာ ပြသခဲ့ခြင်းမဟုတ်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် ချီရှာဒေါင်ကို အဓိကထားကာ ငရဲဂိုဏ်းက ကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူသုံးဦးနှင့် ကျန်ရှိနေသည့် မြေအင်မော်တယ်ဆယ်ယောက်ကျော်က သွေးရောင်ဘီလူးကို ထုတ်လွှတ်ရန်အတွက် အတူတကွလုပ်ဆောင်ခဲ့ကြရသည်။
မုဖူရှန်းလက်ထဲတွင် သူတို့၌ အသာစီးရနေခြင်းမရှိ။
အနည်းဆုံးတော့ လက်ရှိအခြေအနေက ဒီလိုဖြစ်သည်။
ဘေးတွင် အကြီးအကဲပိုင်ချူနှင့် မြင့်မြတ်အဆောင်ဂိုဏ်းက အကြီးအကဲသုံးဦးက ပို၍ပင် ထိတ်လန့်သွားကြ၏။
မုဖူရှန်းပြသခဲ့သည့် တိုက်ပွဲစွမ်းအားများက ရိုးရှင်းစွာပင် အရမ်းကြောက်စရာကောင်းလွန်းသည်။
သူအဆောင်ကိုသုံးခဲ့သည်သာမက ဆေးလုံးတစ်လုံးကိုပါ သုံးကာ သူ့ခွန်အားကို ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်အထိ အတင်းအဓမ္မ တိုးမြှင့်ပစ်ခဲ့သည်။
သူငရဲဂိုဏ်းက သွေးရောင်ဘီလူးကို တစ်ဦးတည်း ဆန့်ကျင်တိုက်ခိုက်ခဲ့သေးသည်။
ဧရာမဝိဉာဉ်နတ်ဒိုင်းကို အသက်သွင်းနေသည့် ဇီရှန်းကလည်း ဒီမြင်ကွင်းကို သတိထားမိပါသည်။
ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့ကပင် သူမကို ထိတ်လန့်စေလေပြီ။ ဒီအဆင့်မိုးကြိုးမျိုးကို သူမအရင်က တခါမှမမြင်ဖူးပါ။ လက်ရှိခြောက်ကိုးကောင်းကင်ဘုံ မိုးကြိုးကိုမူ ပြောနေစရာပင်မလိုတော့။
စွမ်းအားက အတော်လေးကြောက်စရာကောင်းသည်။
အထက်ကမ္ဘာက မိုးကြိုးစွမ်းအားကို အသုံးပြုသည့် ကျွမ်းကျင်သူများပင်လျှင် ဒီအဆင့်မိုးကြိုးစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်ကြမည်မဟုတ်။
ထိုအခိုက်အတန့်၌ ဇီရှန်း မုဖူရှန်းတို့နောက်ကွယ်က စွမ်းအားကို ပို၍ပင် သိချင်လာမိသည်။
ဒီလိုမွန်းစတားကို ပျိုးထောင်ရန်အတွက် ယခုလိုမိုးကြိုးစွမ်းအားမျိုးကိုပင် သုံးနိုင်သည့်သူက မည်သူပင်ဖြစ်လေသနည်း။
သို့စေကာမူ မုဖူရှန်းသာ အဆင့်မြင့်ကြယ်နယ်မြေကို ၀င်သွားပါက မိုးကြိုးစွမ်းအားကို အသုံးပြုသော ထိုကျွမ်းကျင်သူများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံရပေလိမ့်မည်။
ထိုသို့ဆိုပါက ဒုက္ခအတော်လေးများသွားပေလိမ့်မည်။
သာမန်လူတစ်ယောက်၏ တစ်ခုတည်းသောပြစ်မှုက ကျောက်စိမ်းတုံးကို သယ်ဆောင်လာခြင်းပင် မဟုတ်ပေလော။
ဒါက လူငယ်တိုင်းနားလည်သည့် မူတစ်ခုပင်။
ကူညီထောက်ပံ့ပေးရန်အတွက် အစွမ်းထက်နောက်ခံမရှိပါက ဒီပြိုင်ဘက်ကင်းမိုးကြိုးစွမ်းအားသုံးခုကို သေချာပေါက် ထိန်းသိမ်းထားနိုင်မည်မဟုတ်။
တခြားတစ်ဘက်တွင် မိုချီရွှမ်း၊ ကုရှောင်နှင့် ချင်းရွှမ်ရာယောင်တို့၏ အမူအရာများကလည်း လေးနက်နေကြ၏။
ဒီမိုးကြိုးစင်းသုံးခုက သူတို့၏နှလုံးများကိုပင် တဒိန်းဒိန်းတုန်စေသလို ကိုယ်ထဲက ကြီးမားသည့်ဝိဉာဉ်ကပင် တုန်ယင်နေသည်။
မိုးကြိုးက ဝိဉာဉ်အားလုံး၏ အကုသိုလ်ဝိပါက်ပင် မဟုတ်ပေလော။
မိုချီရွှမ်းဖြည်းညင်းစွာပြောသည်။
"သူတို့ကိုသတ်ဖို့က မလွယ်လောက်ဘူး"
ကုရှောင်ကလည်း လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။
ချင်းရွှမ်ရာယောင်လည်း ပြောသည်။
"ငါတို့သူတို့ကိုသတ်ရမယ်၊ မဟုတ်ဘူးဆိုရင် ငါတို့သာတာ၀န်ကို မပြီးမြောက်နိုင်ဘူးဆိုရင် ငါတို့အခြေအနေက အတော်လေး အန္တရာယ်များသွားလိမ့်မယ်"
သူတို့ထိုလူအကြောင်းကို တွေးမိသွားသောအခါ သုံးယောက်စလုံး၏ အမူအရာများက အလွန်အမင်းမည်းမှောင်သွားကြ၏။
ထိုလူ၏ခွန်အားက သူတို့ခုခံနိုင်သည့် အရာတစ်ခုမဟုတ်သလို သူတို့သာ တာ၀န်ကို မပြီးမြောက်နိုင်ပါက အသတ်ခံရပေလိမ့်မည်။
.....
ထိုအချိန်တွင် မုဖူရှန်းလက်နှစ်ဖက်ကြားက သွေးနီရောင်မိုးကြိုးလုံးက ပေါက်ကွဲသွားလေတော့သည်။
မုဖူရှန်း မိုးကြိုးကောင်းကင်ဘုံအရှင်သခင်တစ်ပါးပမာ အဆုံးမဲ့သွေးနီရောင်မိုးကြိုးဖြင့် ၀န်းရံခံထားရသည်။
မုဖူရှန်း၏အမူအရာက တည်ငြိမ်နေပြီး အောက်က သွေးရောင်ဘီလူးကို ငုံ့ကြည့်သည်။
အတိအကျဆိုရပါက သူဘီလူးပါးစပ်ထဲက ချီရှာဒေါင်ကို ကြည့်ခြင်းဖြစ်ပြီး ထူးမခြားနားစွာပြောသည်။
"ခင်ဗျားဒီတိုက်ချက်ကို ခံနိုင်ပါ့မလား"
ချီရှာဒေါင် ပြန်မဖြေနိုင်ခင်မှာပင် မုဖူရှန်းလက်ကြားက သွေးနီရောင်မိုးကြိုးလုံးကို ဘီလူး၏ သွေးရဲရဲပါးစပ်ထဲသို့ ပစ်လွှတ်လိုက်လေသည်။
သွေးနီရောင်မိုးကြိုးလုံးက အဖျက်မိုးကြိုးဖြင့် လင်း၀င်းကာ ဖြည်းဖြည်းချင်း ရှေ့တိုးလာသည်။
ချီရှာဒေါင်၏အမူအရာက လေးနက်နေပြီး သွေးနီရောင်မိုးကြိုးလုံး ဖြည်းဖြည်းချင်း ချဉ်းကပ်လာတာကို ကြည့်နေသည်။
သို့စေကာမူ သူမကြုံစဖူး ဒေါသထွက်နေသည်။
အရင်က သူက အထက်ကမ္ဘာက ကျွမ်းကျင်သူများကြောင့် ခွေးတစ်ကောင်လို ဖိနှိပ်ခံခဲ့ရသည်။
သူ့တွင် ဂုဏ်သိက္ခာမရှိလျှင်ပင် အဆင်ပြေသေးသည်။
သို့သော် ဂျူနီယာတစ်ယောက်ရှေ့တွင် သူယခုလို အရှက်တကွဲဖြစ်ခဲ့ရသည်လား။
သူကငရဲဘိုးဘေးချီရှာဒေါင်ဖြစ်သည်။
ထိုအချိန်က အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် သွေးထွက်သံယို မုန်တိုင်းတစ်ခုကို ဖြစ်စေခဲ့သည့် ထိပ်တန်းတည်ရှိမှုတစ်ခုဖြစ်သည်။
သူက ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူ ဆယ်ဦးကျော်၏ ဝိုင်းရံခြင်းကနေ လွတ်မြောက်နိုင်သည့် ထူးခြားသော ကျင့်ကြံသူတစ်ဦးလည်းဖြစ်သည်။
အရင်က သူကြုံတွေ့ခဲ့ရသည့် အရှက်တကွဲဖြစ်မှုတို့က ဒီအခိုက်အတန့်တွင် ပေါက်ကွဲသွားလေတော့သည်။
ချီရှာဒေါင်၏လည်ပင်းမှ သွေးပြန်ကြောများက တရွရွသွားလာနေသည်။
ကျယ်လောင်စွာ တစ်ချက်အော်ဟစ်ရင်း သူ့လက်ထဲက အသက်စွန့်အလံကို အရူးအမူး စတင်ဝှေ့ယမ်းသည်။
ငြိမ်သက်နေသည့်ပုံရိပ်ယောင်ဝိဉာဉ်များက ချီရှာဒေါင်၏ မောင်းနှင်ခြင်းကို ခံလိုက်ရပုံရသည်။
၎င်းတို့က သွားများကိုဖြဲကာ လက်သည်းများကို ပြသရင်း သွေးနီရောင်မိုးကြိုးလုံးဆီသို့ ရက်စက်ကြမ်းကြုတ်စွာပင် ပြေး၀င်သွားကြ၏။
သို့စေကာမူ ဒါအားလုံးက မီးတောက်ထဲသို့ ပျံသန်းနေသည့် လိပ်ပြာပမာသာ။
လွှမ်းမိုးနေသည့်ပုံရိပ်ယောင်ဝိဉာဉ်များက သွေးနီရောင်မိုးကြိုးလုံးကို လွှမ်းခြုံပစ်သောအခါ အဆုံးမဲ့သွေးနီရောင်မိုးကြိုးက ပတ်၀န်းကျင်၌ ပေါက်ကွဲသွားပြီး ပုံရိပ်ယောင်ဝိဉာဉ်များ၏ အမှောင်ထုစစ်တပ်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
အထဲကနေ သွေးနီရောင်မိုးကြိုးအမျှင်တန်းများက ပွင့်ထွက်လာပြီး ဟာကွက်များစွာကို ချိုးဖျက်ပစ်ကာ ပတ်၀န်းကျင်သို့ ပစ်၀င်သွားကြ၏။
ပုံရိပ်ယောင်ဝိဉာဉ်များ၏ ဝါးမြိုစွမ်းအားက ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး၏ လုံး၀ဝါးမြိုနိုင်စွမ်းမရှိတာ သိသာနေသည်။
အထက်စီးဆန်သည့် အဖျက်စွမ်းအားကြောင့် ပုံရိပ်ယောင်ဝိဉာဉ်များက အနှီမျက်စိနှင့် မြင်နိုင်သည့်အမြန်နှုန်းဖြင့် ပြိုကျလုနီးပါးဖြစ်သွားကြသည်။
အသက်စွန့်အလံက အဆုံးမဲ့ပြီး မရေမတွက်နိုင်လောက်သော ပုံရိပ်ယောင်ဝိဉာဉ်များကို ထုတ်လွှတ်နေသော်လည်း ယခုအချိန်တွင် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးကနေ ပစ်လွှတ်သည့် ဟာကွက်များကို ပြုပြင်ရန်ဟူသည် မဖြစ်နိုင်ပေ။
သူ့နောက်က ဧရာမဝိဉာဉ်နတ်ဒိုင်း၏ အော်ရာကလည်း တိုး၍တိုး၍ သိပ်သည်းလာသည်။
ဆန်းကြယ်သည့်အော်ရာတစ်ခုက ဒီနေရာထဲတွင် ဖြည်းဖြည်းချင်းပျံ့သွားသည်။
တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးက ထိတ်လန့်သွားကြသည်။
ထို့နောက် တစ်ယောက်က ချီရှာဒေါင်ရှိရာဘက်သို့ အော်ဟစ်သည်။
"မြန်မြန်ဖြေရှင်းတော့၊ အချိန်က မလုံလောက်တော့ဘူး"
ချီရှာဒေါင် တျန်ကျင်းကုန်သည်များအသင်းက အထက်အဆင့်ပုဂ္ဂိုလ်သုံးဦး၏ သတိပေးချက်ကို ကြားသော်လည်း သူက စွမ်းအားအပြည့်ကို သုံးစွဲပြီးဖြစ်ကာ မုဖူရှန်း၏ ထိန်းချုပ်မှုများကို မချိုးဖျက်နိုင်သေးပါ။
တကယ်တမ်းတွင် သူဒါကိုရှင်းလင်းစွာ ခံစားနိုင်ပါသည်။
မုဖူရှန်းကို အသက်စွန့်အလံ၏ စွမ်းအားတစ်ခုတည်းဖြင့် မတားနိုင်လောက်ပေ။
သူ့ရှေ့က သွေးနီရောင်မိုးကြိုးလုံးက ပုံရိပ်ယောင်ဝိဉာဉ်စစ်တပ်၏ ကျူးကျော်မှုကို အဆက်မပြတ်ချိုးဖျက်ကာ နီးသထက် ပိုနီးလာခဲ့သည်။
ဒီမြင်ကွင်းကို ချီရှာဒေါင် တစ်ခါမှ မျှော်လင့်မထားခဲ့ဖူးသည့် အရာတစ်ခုပေတည်း။
အစီအစဉ်က ပြီးပြည့်စုံပြီးသားဖြစ်ကာ တစ်ဘက်လူကလည်း သူ့အကြံအစည်ထဲတွင် ကျဆင်းလာပြီး သူ့တိုက်ခိုက်ရေးစွမ်းအားကိုလည်း ကောင်းကောင်းပြင်ဆင်ထားသည်။
သို့သော်ဘာအရေးနည်း!
မုဖူရှန်းကဲ့သို့ နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရာ၌ သူဘာတစ်ခုမှ လုပ်နိုင်စွမ်းမရှိချေ။
သို့စေကာမူ မုဖူရှန်း၏အော်ရာကို မြင်ရသောအခါ ချီရှာဒေါင်၏မျက်နှာက ဖြည်းဖြည်းချင်းလင်း၀င်းသွားသည်။
မုဖူရှန်း၏အော်ရာနှင့် အဆောင်စွမ်းအားက တဖြည်းဖြည်းအားနည်းလာခဲ့သည်။
အပိုင်း(834) coming။