← Chapters

#‌အမှောင်ထုဒီရေ မြှင့်တက်လာခြင်း#

Vol. 59 Ch. 836

#‌အမှောင်ထုဒီရေ မြှင့်တက်လာခြင်း#

Vol. 59 Ch. 836

ကြီးကြပ်ရေးဗိမာန်တော်!

"အဆုံးမဲ့ပင်လယ်ဒေသက ဘယ်လိုလဲ"

"ဘယ်သူမှ အနက်ပိုင်းကို မ၀င်သေးပါဘူး၊ ဒါက....."

"ဒါကဘာလဲ"

"တျန်ကျင်းကုန်သည်များအသင်းက ပါ၀င်လာပုံရတယ်"

အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသည့် အဖိုးအိုက ချက်ချင်းလှည့်ကာ မေးသည်။

"အိုး၊ ငါတို့က တျန်ကျင်းကုန်သည်များအသင်းအတွက် ဒီလိုအပေါက်ကြီးတစ်ခုကိုတောင် ဖွင့်လှစ်ပေးခဲ့တယ်လေ၊ သူတို့မတင့်တိမ်ကြသေးဘူးလား"

"အသေးစိတ်ပြောပြဦး"

ထို့နောက်တွင် အခြေအနေကို သတင်းပေးသူက အနက်၀တ်အဖိုးအိုကို အရာအားလုံးကို ပြောပြလိုက်သည်။

အနက်၀တ်အဖိုးအို ဒါကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။

"အာကာသနှလုံးသားကလည်း ပေါ်လာပြီ၊ အဆုံးမဲ့ပင်လယ်ဒေသရဲ့ကိစ္စကို ယာယီဆိုင်းငံ့ထားရမယ်၊ ဒီနောက်ပိုင်းမှာ တျန်ကျင်းကုန်သည်များအသင်းကို ကိုယ်တိုင်ခရီးသွားမယ်"

"အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းကို ဘယ်သူမှမ၀င်ကြသေးဘူးဆိုတော့ လောလောဆယ် ငါ့စွမ်းအားကို အာကာသနှလုံးသားထဲမှာပဲ ထားရဦးမယ်"

ထိုအခါ သတင်းပေးသူခေါင်းညိတ်သည်။

.....

နတ်ဆိုးဘုရင်ပိုင်နက်တွင် လက်ရှိနတ်ဆိုးအရှင်ဖြစ်သည့် မိုဂျီ ကြည့်ရဆိုးသည့် အမူအရာဖြင့် ပြောသည်။

"သတင်းမရသေးဘူးလား"

ဘေးက မိုကောခေါင်းခါယမ်းသည်။

"သိသာတဲ့ တိုးတက်မှုမရှိသေးပေမယ့် သူတို့အဆိုအရ မကြာခင် ရလဒ်တစ်ခုတော့ ရှိလာနိုင်တယ်"

မိုဂျီအသက်ပြင်းပြင်းရှုလိုက်သည်။ ဒီကိစ္စကို အလျင်စလိုလုပ်၍မရတာကို သူလည်းသိပါသည်။

မည်သို့ပင်ဆိုစေကာမူ ကြီးကြပ်ရေးဗိမာန်၏ တည်ရှိမှုနှင့်အတူ သူတို့လုပ်နိုင်တာ ဘာမှမရှိပါ။ သူတို့အလယ်အလတ်အဆင့် ကြယ်နယ်မြေကို အဓိကအင်အားစုများစေလွှတ်ပြီး တိုက်ရိုက်တိုက်ခိုက်၍မရပေ။

တခြားတစ်ဘက်တွင် မိုလီသတိပေးသည်။

"နတ်ဆိုးမရှင်၊ အာကာသနှလုံးသားပေါ်လာပြီ၊ ကျွန်တော်တို့ဒီအတွက် တိုက်ခိုက်ဖို့ ပြင်ဆင်ထားသင့်လား"

ဒါကိုကြားသောအခါ မိုဂျီ၏အမူအရာက ချက်ချင်းမည်းမှောင်သွားပြီး ပြောသည်။

"အာကာသနှလုံးသားက ငါတို့မရနိုင်တဲ့ အရာတစ်ခုဖြစ်ဖို့ ကံပါတယ်ထင်တယ်၊ ဖြစ်နိုင်ရင် ဒီအကြောင်းကို ငါစိတ်မပူနေချင်ဘူး"

မိုဂျီ၏အမြင်အရ အာကာသနှလုံးသားက နတ်သခင်အဆင့်ဂိုဏ်းများသာ ရယူရန်အတွက် သတ်မှတ်ထားသည့် အရာတစ်ခုသာ။

လက်ရှိနတ်ဆိုးဘုရင်ပိုင်နက်က ထိုကြီးကျယ်သည့် ပုဂ္ဂိုလ်များနှင့် တန်းတူမဟုတ်တော့ပါ။

ဒါ့အပြင် လက်ရှိမိုဂျီက နတ်ဆိုးဘုရင်ပိုင်နက်၏ နတ်ဆိုးအရှင်ဖြစ်သော်လည်း သူတို့က နတ်ဆိုးသခင်ကို သတ်ဖြတ်ရာ၌ ပါ၀င်ခဲ့သည့် နတ်သခင်အဆင့်ဂိုဏ်းများ၏ ရုပ်သေးများသာဖြစ်သည်။

"သူတို့ အာကာသနှလုံးသားကို တိုက်ခိုက်တဲ့အခါ သူတို့အတွက် အတားအဆီးတစ်ချို့ကို ရှင်းလင်းပေးဖို့ ငါတို့ရဲ့ နတ်ဆိုးဘုရင်ပိုင်နက်ကို တောင်းဆိုထားတယ်"

မိုလီနှင့်မိုကောတို့၏မျက်နှာများက မည်းမှောင်သွားကြ၏။

သူတို့တွင် လွတ်မြောက်ရန် နည်းလမ်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ခွန်အားအရာ၌ ကွာခြားချက်က ကြီးမားလွန်းသည် မဟုတ်ပေလော။

မိုဂျီအသက်ပြင်းပြင်းရှုရင်း သူ့နှလုံးသားထဲက ဒေါသကို ဖိနှိပ်လိုက်၏။

"သူတို့အဆိုအရဆိုရင် ငါတို့ သူတို့ကို အားကိုးဖို့လိုနေဆဲပဲ"

"ဒါပေမယ့် အဲဒီလူကို မင်းတို့အမြဲအာရုံစိုက်ထားရမယ်၊ နားလည်လား"

မိုလီနှင့် မိုကောတို့ခေါင်းညိတ်သည်။

.....

စစ်မြင်းဖြူတစ်ကောင်က ကွက်လပ်တစ်ခုကို ဖြတ်သွားသည့်အလား ရက်နှစ်ဆယ်က အလျင်အမြန်ကုန်ဆုံးသွားခဲ့သည်။

အဆင့်မြင့်ကြယ်နယ်မြေက ဂိုဏ်းတိုင်းက အာကာသနှလုံးသားကြောင့် သူတို့၏ အင်အားစုများကို ပြင်ဆင်နေကြ၏။

အာကာသနှလုံးသားပေါ်ပေါက်လာချိန်က ဂိုဏ်းကြီးအသီးသီး၌ ပြဿာနာများ စတင်ဖြစ်ထွန်းလာစေသည့် အချိန်လည်းဖြစ်သည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေ၊ အဆုံးမဲ့ပင်လယ်ဒေသအလယ်ပိုင်း၊ နဂါးသွေးနတ်ဆိုးချောက်၌ ဧရာမဝိဉာဉ်နတ်ဒိုင်း၏ အတားအဆီးက ယဲ့ချိုးပိုင်၊ ဇီရှန်း၊ မြင့်မြတ်အဆောင်ဂိုဏ်း၏ အကြီးအကဲလေးဦး၊ ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် သွေးကန်ထဲရှိ ရှောင်ဟိုင်တို့ကို ကာကွယ်ပေးထားသည်။

ဧရာမဝိဉာဉ်နတ်ဒိုင်း၏ အတားအဆီးအပြင်ဘက်တွင် ချီရှာဒေါင်ဦးဆောင်သည့် ငရဲဂိုဏ်း၊ တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးနှင့် ကွေ့ကောရင်တပ်စွဲထားသည့် ကောင်းကင်ပြာမြစ်ဝါနန်းတော်တို့က စောင့်ဆိုင်းနေကြ၏။

အသက်စွန့်အလံက ဆက်လက်လွင့်မြောနေသည်။ အထဲတွင် အဆုံးမဲ့ပုံရိပ်ယောင်ဝိဉာဉ်များ ရှိသည့်အလား ဧရာမဝိဉာဉ်နတ်ဒိုင်း၏ အတားအဆီးကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။

၎င်းက ဧရာမဝိဉာဉ်နတ်ဒိုင်း၏ စွမ်းအင်ကို အလျင်အမြန် ဆုတ်ယုတ်သွားစေချင်ပုံရသည်။

ထိုအခိုက်အတန့်၌ ရှီရှန်း ဇီရှန်းကိုကြည့်ကာ မေးသည်။

"သခင်မလေးဇီရှန်း၊ ဒီဧရာမဝိဉာဉ်နတ်ဒိုင်းက ဘယ်လောက်ကြာကြာခံနိုင်သေးလဲ"

ဇီရှန်းလေးနက်စွာပြောသည်။

"ကျွန်မခွန်အားနဲ့ဆိုရင်တော့ နောက်သုံးရက်လောက်ပဲ ကြာနိုင်တော့တယ်"

အကယ်၍ ချီရှာဒေါင်သာ ဧရာမဝိဉာဉ်နတ်ဒိုင်း၏ အတားအဆီးကို ဖြိုခွဲရန် အသက်စွန့်အလံကို အဆက်မပြတ်သုံးမနေပါက သူမ ဒီထက်ပိုကြာကြာ ခံနိုင်ပေလိမ့်မည်။

'တကယ်လို့ သုံးရက်အတွင်း သူမထွက်လာနိုင်သေးဘူးဆိုရင် နောက်နည်းလမ်းတစ်ခုကို စဉ်းစားရတော့မယ့်ပုံပဲ"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက လေးနက်သည့်အမူအရာများဖြင့် နတ်ဆိုးနဂါးသွေးကန်ကို ကြည့်လိုက်ကြ၏။ နတ်ဆိုးနဂါးသွေးကန်တွင် ကြောက်ခမန်းလိလိ နတ်ဆိုးဆန္ဒနှင့် သွေးချီများ ထိုးတက်နေသည်။

အလယ်ဗဟို၌ ဧရာမသွေးလုံးကြီးတစ်လုံးက ရှောင်ဟိုင်ကို လွှမ်းခြုံထားသည်။

ယဲ့ချိုးပိုင် အကူအညီမဲ့စွာပြောသည်။

"အဲလိုသာ တကယ်ဖြစ်လာရင် ဆရာကို လာဖို့ပဲ တောင်းဆိုရတော့မယ်ထင်တယ်.."

မည်သို့ပင်ဆိုစေကာမူ သူရှောင်ဟိုင်ကို ကျင့်ကြံနေတာကနေ ရပ်ရန်အတွက် တွန်းအားမပေးနိုင်ပေ။

ဒါက ကြီးမားသည့်အခွင့်အရေးတစ်ခုဖြစ်ပြီး ရှောင်ဟိုင်၏ခွန်အားကလည်း ကြီးမားစွာ တိုးတက်လာမည်မှာ အသေအချာပင်။

ဆရာလား!

မြင့်မြတ်အဆောင်ဂိုဏ်း၏ အကြီးအကဲလေးဦးနှင့် ဇီရှန်းတို့ လှမ်းကြည့်လိုက်ကြ၏။

သူတို့က ဒီနတ်ဆိုးအဆင့်ပါရမီရှင်များ၏ အုပ်စုနောက်ကွယ်က ဆရာအကြောင်းကို အလွန်အမင်း သိချင်နေကြသည်။

ဒီလိုပါရမီရှင်တွေအများကြီးကို တစ်ချိန်တည်းမှာ ပျိုးထောင်ပေးနိုင်တာက တကယ်ပဲ ဘယ်သူလဲ!

ဟုန်ရင်စနောက်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ အခြေအနေတွေ ဆိုးရွားသွားရင် ပြန်သွားပြီး တောင်သန့်ရှင်းရေးလုပ်ရုံပဲပေါ့၊ ဒါကအရမ်းကြီးတော့ မဟုတ်ပါဘူး"

မုဖူရှန်းထပ်ထည့်သည်။

"အဆိုးဆုံးအနေနဲ့ အစ်ကိုရှောင်ဟိုင်ချက်ပြုတ်တာကိုလည်း ကျွန်တော်တို့ အရဿာခံရလိမ့်မယ်"

ဟုန်ရင်ထိုသို့ပြောလာသောအခါ ယဲ့ချိုးပိုင် ခါးသီးစွာသာပြုံးသည်။

သို့စေကာမူ မုဖူရှန်းပြောလာသောအခါတွင်မူ ယဲ့ချိုးပိုင်၏မျက်နှာက အကြောက်တရားနှင့် ပြည့်နှက်သွားပြီး သူ့တစ်ကိုယ်လုံးက တုန်ယင်သွား၏။

ရှောင်ဟိုင်ချက်ပြုတ်တာကို စားရမှာလား!

အရင်က ရှောင်ဟိုင်ကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သူသင်ပေးခဲ့သည်။ ရှောင်ဟိုင်၏ တွင်းနက်ကဲ့သို့ ချက်ပြုတ်သည့် ပါရမီကို သူကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည်။

သူက ချက်ပြုတ်ရုံမျှပင် မီးဖိုချောင်ကို ဖောက်ခွဲပစ်နိုင်သည့် သူတစ်ယောက်ပေတည်း။

သူ့အစားကိုစားပါက ဘယ်လိုလုပ် ရှင်သန်နိုင်တော့မည်နည်း။

နင်းချန်ရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့ ရယ်မောလိုက်မိကြ၏။

ဇီရှန်းနှင့် မြင့်မြတ်အဆောင်ဂိုဏ်းက အကြီးအကဲလေးဦးအပါအ၀င် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့သာ ယခုလိုအခြေအနေတွင်ပင် သူတို့အချင်းချင်း စနောက်ကျီစယ်နိုင်ကြသေးတာကို မြင်ရသဖြင့် သိလိုစိတ်ကို မထိန်းနိုင်ကြတော့ပါ။

သူတို့ဆရာက အရမ်းအားကောင်းတာလား၊ သူ့နာမည်ကို ကျယ်ကျယ်လေးပြောလိုက်ရုံနဲ့ သူတို့တည်ငြိမ်သွားပြီး တစ်ယောက်ကို တစ်ယောက် စနောက်နေနိုင်တာလား!

သူတို့က ဒီပါရမီရှင်များနောက်ကွယ်က သူတို့ဆရာအကြောင်းကို ပို၍ပင် သိချင်လာမိကြသည်။

ထိုအခိုက်အတန့်မှာပင် နတ်ဆိုးနဂါးသွေးကန်ထဲရှိ သွေးလုံးက ရုတ်တရက် အရိုင်းဆန်သွားသည်။

သွေးစွမ်းအင်က အဆက်မပြတ် မြှင့်တက်လာခဲ့သည်။

သွေးကန်တစ်ခုလုံးတွင် မရေအတွက်နိုင်လောက်သည့် သွေးဆန္ဒများက ကောင်းကင်ထဲတွင် အရာ၀တ္ထုများအဖြစ် သိပ်သည်းကျုံ့သွားပုံရသည်။

ထိုအချိန်မှာပင် အလွန်အင်မတန်စေးကပ်သည့် သွေးဆန္ဒက သွေးလုံးထဲသို့ အရူးအမူးတိုး၀င်လာသည်။

ကြောက်စရာကောင်းသည့် နတ်ဆိုးဆန္ဒတစ်ခုက ရူးသွပ်စွာပင် ထိုးတက်လာပြီး နဂါးသွေးနတ်ဆိုးချောက်တစ်ခုလုံးက ပရမ်းပတာဖြစ်သွား၏။

ဒီရုတ်တရက်ဖြစ်လာသည့် ပုံမမှန်မှုက လူတိုင်း၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။

ချီရှာဒေါင် ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။

"သူသီးသန့်ကျင့်ကြံနေတာကနေ ထွက်လာတာလား"

အကယ်၍ ရှောင်ဟိုင်သာ ကျင့်ကြံခြင်းကို ပြီးစီးသွားပါက တစ်ဘက်လူတွင် အကန့်အသတ်များဟူ၍ ရှိတော့မည်မဟုတ်ဘဲ တိုက်ခိုက်နိုင်၊ နောက်ဆုတ်နိုင်နေလေပြီ။

ချီရှာဒေါင် တစ်ဘက်လူများကို ဒီနေရာတွင် ထိန်းသိမ်းထားနိုင်သော်လည်း သူတို့တွင် ထွက်ပြေးလွတ်မြောက်ရန် တခြားနည်းလမ်းများ ရှိနေပါကရော!

တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးတွင်လည်း လေးနက်သည့်အမူအရာကိုယ်စီ ရှိနေကြသည်။

သူတို့ဇီရှန်း၏ နည်းလမ်းများကို ကောင်းကောင်းသိကြသည်။ အတားအဆီးမရှိဘဲ ထွက်ပြေးလွတ်မြောက်ရန်အတွက် နည်းလမ်းတစ်ခုကတော့ ရှိမည်သာ။

သို့စေကာမူ ထိုအချိန်မှာပင် နတ်ဆိုးဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားပြီး ဧရာမဝိဉာဉ်နတ်ဒိုင်း၏ အတားအဆီးကို တိုက်ရိုက်ချိုးဖျက်ကာ တိမ်များထဲသို့ ရောက်သွားပြီး အဆုံးမဲ့ပင်လယ်ဒေသတစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။

ဒီကမ္ဘာကြီးထဲက အရာရာတိုင်းက ဒီနတ်ဆိုးဆန္ဒကို အညံ့ခံနေသည့်အသွင်။

ငရဲဂိုဏ်းအတွင်း လှုပ်ရှားနေကြသည့် နတ်ဆိုးဘုရင်ပိုင်နက်က လူကိုးယောက်က ရုတ်တရက်ထရပ်လိုက်ကြပြီး နဂါးသွေးနတ်ဆိုးချောက်ရှိရာဘက်သို့ ကြည့်လိုက်ကြ၏။

"ဒီအော်ရာပဲ....."

အပိုင်း(837) coming။

All Chapters