#နတ်ဆိုးဘုရင်ပိုင်နက်ဆင်းသက်လာခြင်း#
Vol. 59 Ch. 837
နတ်ဆိုးဆန္ဒထိုးတက်လာခဲ့ပြီး အဆုံးမဲ့ပင်လယ်ဒေသအတွင်း ပြည့်နှက်သွားခဲ့သည်။
ဒီမြင်ကွင်းကို အဆုံးမဲ့ပင်လယ်ဒေသက ကျင့်ကြံသူတိုင်း အာရုံခံမိကြသည်။
မရေမတွက်နိုင်လောက်သည့်လူများက နဂါးသွေးနတ်ဆိုးချောက်ရှိရာဘက်သို့ အထိတ်တလန့် ကြည့်လိုက်မိကြ၏။
ဒီကြောက်စရာကောင်းသည့် နတ်ဆိုးဆန္ဒက သူတို့နှလုံးသားထဲတွင် ရစ်ဝဲနေသေးသည်။
ဧရာမနတ်ဆိုးဘုရင်ပုံရိပ်တစ်ခုက သူတို့၏အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာပြီး သူတို့အား ငုံ့ကြည့်နေသည်။
အစွမ်းထက်နတ်ဆိုးဆန္ဒက သူတို့ကို အညံ့ခံစေသည့် အသိတစ်ခုကို ခံစားရစေသည်။
အဆုံးမဲ့ပင်လယ်ဒေသ၏ ကမ်းခြေတွင် ကျေးရွာခေါင်းဆောင်၏ ညွှန်ကြားချက်များအရ ယွမ်ချောင်ဒီနေရာ၌ စောင့်နေပြီး မူမမှန်သည့် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။
နတ်ဆိုးဆန္ဒပြန့်သွားသည့် အခိုက်အတန့်တွင် ယွမ်ချောင်၏ အမူအရာက အေးခဲသွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။
ဒီနတ်ဆိုးဆန္ဒနှင့် ယွမ်ချောင် အလွန်အင်မတန်ရင်းနှီးသည်။
"နတ်ဆိုးအရှင်"
ယခုတွင်မူ သူပုန်များက အဆင့်နိမ့်နယ်မြေကို လူများစေလွှတ်ထားပြီးလောက်ပြီ။
ဒီနတ်ဆိုးဆန္ဒ၏ အကွာအဝေးက အလွန်ကျယ်ပြန့်လွန်းသည်။
အကယ်၍ တစ်ဘက်ကသာ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အမှန်တကယ် ရောက်နေပါက သူတို့ နတ်ဆိုးသခင်၏တည်နေရာကို သေချာပေါက် ရှာတွေ့သွားကြပေလိမ့်မည်။
ဒါကိုတွေးမိသောအခါ ယွမ်ချောင် ဒီအကြောင်းကို အရမ်းကြီးတွေးမနေတော့ဘဲ နဂါးသွေးနတ်ဆိုးချောက်ရှိရာသို့ တည့်တည့်ပင် ပျံသန်းသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် သူအသံလွှင့်ပစ္စည်းတစ်ခုကို ထုတ်ယူကာ အင်မော်တယ်မျောက်ဝံကျေးရွာကို ချက်ချင်းအကြောင်းကြားလိုက်၏။
အထူးအခြေအနေများအောက်တွင် နတ်ဆိုးအရှင်အတွက် အနည်းငယ်အန္တရာယ်ဖြစ်နိုင်ချေတစ်ခု ရှိလာလျှင်ပင် အင်မော်တယ်မျောက်ဝံကျေးရွာက ဒါကို တားဆီးကာကွယ်ရန် လိုအပ်သည်။
.....
ဝိဉာဉ်အင်မော်တယ်နန်းတော်၌ လင်းကျိနန် ဒီမြင်ကွင်းကို မြင်သောအခါ သူထိတ်လန့်သွား၏။
သို့စေကာမူ ဒီအော်ရာနှင့် သူကလည်း အတော်လေးရင်းနှီးနေသည်။
"ဘာဖြစ်သွားတာလဲ...."
စုမိသားစုနေအိမ်တွင် စုမုယောင်၏ အမူအရာက လေးနက်နေသည်။
"ဒီအော်ရာက....သူထပ်ပြီး အဆင့်ချိုးဖျက်ပြန်ပြီလား"
....
ထိုအခိုက်အတန့်၌ နဂါးသွေးနတ်ဆိုးချောက်က ဂိုဏ်းများစွာ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
ယခုလိုပမာဏများပြားသည့် နတ်ဆိုးချီနှင့်အတူ အရမ်းကြီးမသိကြသူများက စူပါအမွေအနှစ်တစ်ခု ဒီနေရာတွင် ပေါ်ပေါက်လာပြီဟုသာ ထင်မိကြသည်။
သို့သော် သူတို့ပတ်၀န်းကျင်ကို ရောက်လာပြီး စူးစမ်းရန်အတွက် နတ်အသိကို သုံးလိုက်စဉ် ကြောက်စရာနတ်ဆိုးချီများ ထိုးထွက်နေသည့် သွေးကန်၌ ခန္ဓာကျင့်ကြံသူတစ်ယောက်က သွေးပင်လယ်ကို ပြုပြင်မွမ်းမံနေတာကို သူတို့တွေ့လိုက်ကြရသည်။
ဘယ်လိုရုပ်ခန္ဓာမျိုးက ကျင့်ကြံခြင်းအတွက် ဒီလိုအစွမ်းထက်သွေးပင်လယ်ကို ခံနိုင်ရည်ရှိတာလဲ!
မိုချီရွှမ်း၊ ကုရှောင်နှင့် ချင်းရွှမ်ရာယောင်တို့၏ မျက်နှာများ၌ပင် လေးနက်သည့် အမူအရာကိုယ်စီ ရှိနေကြသည်။
"အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးမှာ ဒီလိုကိုယ်ခန္ဓာပြုပြင်မွမ်းမံနည်းလမ်းမျိုးကို ခံနိုင်ရည်ရှိတဲ့ ကိုယ်ခန္ဓာကျင့်ကြံသူတွေ သိပ်မရှိဘူးမလား"
"သူဒါကို ဘယ်လိုလုပ်ခဲ့တာလဲ"
"ဒါပေမယ့် ဒီလိုခန္ဓာပြုပြင်ခြင်းမျိုးကို ခံနိုင်ရည်ရှိပြီးတဲ့နောက်မှာ သူ့ရုပ်ခန္ဓာက အတော်လေးကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုကို ရောက်သွားလိမ့်မယ်..."
နတ်ဆိုးနဂါးသွေးကန်၏ စွမ်းအားကို အလယ်အလတ်အဆင့်ကြယ်နယ်မြေ တစ်ခုလုံးတွင် ခန္ဓာကျင့်ကြံသူများစွာက ခံနိုင်ရည်မရှိပေ။
အကယ်၍ ရှောင်ဟိုင်သာ ဝိဉာဉ်အပိုင်းအစများကို မစုပ်ယူခဲ့သလို ဒဏ်ရာများကနေ သက်သာနိုင်သည့် စွမ်းရည်ကိုလည်း မရရှိခဲ့ပါက ဒါကို ဒီလောက်လွယ်လွယ်နှင့် ကျော်လွှားနိုင်မည်မဟုတ်။
သွေးကန်ထဲတွင် သွေးစွမ်းအင်က ရှောင်ဟိုင်၏ခန္ဓာကို အဆက်မပြတ် တိုက်ခိုက်နေပြီး ခန္ဓာအစိတ်အပိုင်းအားလုံးကို ဖျက်ဆီးပစ်နေသည်။
ထိုအချိန်မှာပင် နတ်ဆိုးဘုရင်သွေးကြောက အမြဲလိုလိုပါ၀င်လာသည်။
ရှောင်ဟိုင်ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံရင်း သူ့ခန္ဓာက ပို၍ပင်အားကောင်းလာသည်။
သွေးကန်ထဲက ကြောက်စရာကောင်းသည့် နတ်ဆိုးနဂါးသွေးချီ၏ ထောက်ပံ့မှုကိုပါ ပေါင်းစပ်လိုက်ပါက ရှောင်ဟိုင်သာ နတ်ဆိုးနဂါးသွေးကန်ထဲတွင် ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံပါက နှစ်ထက်ပိုကြီးမားသည့် တစ်နှင့်တစ်သက်ရောက်မှုကို ရနိုင်ပေလိမ့်မည်။
လက်ရှိအချိန်တွင် ရှောင်ဟိုင် နတ်ဆိုးနဂါးသွေးကန်ကနေ ပြေးထွက်လာခဲ့သည်။
ယခုရှောင်ဟိုင်၏ကိုယ်က ကမ္ဘာတုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခုကို ကျော်လွှားနေသည်။
သူ့ကိုယ်ကနေ အလွန်အမင်းအစွမ်းထက်သည့် သွေးချီက မသိစိတ်ကနေတဆင့် စိမ့်ထွက်လာကြ၏။
သွေးချီအမျှင်စများက ရှောင်ဟိုင်ကိုယ်ကို ရစ်ပတ်ကာ သွေးရောင်နဂါးတစ်ကောင်အဖြစ် ရုပ်လုံးပေါ်နေပုံရပြီး ရှောင်ဟိုင်ကိုယ်တစ်ဝိုက်တွင် ရစ်ခွေနေသည်။
သွေးရောင်နဂါး၏မျက်လုံးများက အနက်ရောင်အလင်းနှင့်အတူ တောက်ပနေသည်။
ထိုအချိန်တွင် ချီရှာဒေါင် အသက်စွန့်အလံကိုကိုင်ရင်း နှာခေါင်းရှုံ့သည်။
"မင်းသီးသန့်ကျင့်ကြံတာကနေ ထွက်လာတယ်ဆိုရင်တောင် မင်းမှာထွက်ပြေးဖို့ နည်းလမ်းတစ်ခုရှိလို့လား"
"ငါတို့မှာ ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူခုနှစ်ယောက်ရှိတယ်၊ မင်းတို့ဘယ်လိုထွက်ပြေးကြမလဲ"
သို့စေကာမူ ရှောင်ဟိုင် ချီရှာဒေါင်၏ စကားလုံးများကို လျစ်လျူရှုကာ ရှေ့တည့်တည့်သို့ အေးစက်သည့် အမူအရာဖြင့် ကြည့်ပြီး တိုးတိုးလေးရေရွတ်သည်။
"ကျန်တဲ့ကိစ္စတွေကို လုပ်ဖို့အတွက် ဆရာကို လိုအပ်တော့မယ်ထင်တယ်"
ရှောင်ဟိုင်၏ လေးနက်သောအသံကို ကြားသောအခါ မုဖူရှန်းအသံပို့ကျောက်စိမ်းဆွဲသီးကို ထုတ်ပြီး လုချန်ရှန်းထံ သတင်းတစ်ချက်ပို့လိုက်၏။
သတင်းစကားပို့သည့်အချိန်မှာပင် အဝေးတစ်နေရာမှ နတ်ဆိုးချီအလုံးများက နဂါးသွေးနတ်ဆိုးချောက်သို့ အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် ချဉ်းကပ်လာနေကြသည်။
ချက်ချင်းဆိုသလို နတ်ဆိုးချီက နဂါးသွေးနတ်ဆိုးချောက်ကို လုံး၀၀န်းရံပစ်သည်။
ဒီနတ်ဆိုးဆန္ဒက လူတိုင်း၏နှလုံးကို တုန်ခါသွားစေသည်။
ကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူများပင်လျှင် သူတို့နှလုံးသားထဲကနေ တုန်ယင်သွားကြပြီး ဒီနတ်ဆိုးချီကို အညံ့ခံချင်နေကြသည့်အလား သူတို့ဒူးများပင် တုန်ယင်နေလေသည်။
မုတ်ဆိတ်ဖြူအကြီးအကဲဖြစ်စေ၊ ကျန်းကျိယွမ်၊ လိန်ရှင်းယွန် သို့မဟုတ် ကောင်းကင်အင်မော်တယ်နယ်ပယ်က ထိပ်တန်းကျွမ်းကျင်သူများဖြစ်စေ သူတို့အားလုံး ထိတ်လန့်နေသည့် အမူအရာများကို ဖော်ပြကြသည်။
ဒီကြယ်နယ်မြေ၏ အထွတ်အထိပ်အဆင့်တွင် ရပ်တည်နေကြသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများက ဒီအော်ရာကြောင့် အမှန်တကယ် ကြောက်စိတ်ကို ခံစားနေရခြင်းက ပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။
ဒါ့အပြင် လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့က စိတ်အခြေအနေတွင် ထူးခြားသည့် အသာစီးရမှုတစ်ခုရှိကြသည့် ဓားအင်မော်တယ်များပင်။
"အဲဒါဘယ်သူလဲ.... အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ဒီလိုစွမ်းအားရှင်မျိုးကို ငါဘာလို့တခါမှ မကြားဖူးရတာလဲ"
မုတ်ဆိတ်ဖြူအကြီးအကဲ အထိတ်တလန့်ပြောလိုက်သည်။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကလည်း တိတ်တဆိတ် ခေါင်းခါယမ်းကြသည်။ ဒါကို ဘယ်သူလုပ်နိုင်သလဲဆိုတာ သူတို့မသိကြပေ။
အထွတ်အထိပ်အဆင့်က ချီရှာဒေါင်ပင်လျှင် ဒီလိုအော်ရာမျိုးကို ထုတ်လွှတ်နိုင်မည်မဟုတ်။
ချီရှာဒေါင် ဒီမြင်ကွင်းကို မြင်သောအခါ သူ့အမူအရာက ကြည့်ရဆိုးသွားသည်။ နတ်ဆိုးချီ၏ ကျွမ်းကျင်သူက ဘယ်သူလဲဆိုတာ သူသိပါသည်။
တစ်ချိန်တည်းမှာပင် ဒီလူများပေါ်ပေါက်လာသည်နှင့် သူ့အစီအစဉ်က ကျရှုံးမှုတစ်ခုအဖြစ် ကြေညာခံရမယါဆိုတာ သူနားလည်လိုက်သည်။
မူလက နတ်ဆိုးဘုရင်ပိုင်နက်က လူများနှင့် သဘောတူညီချက်တစ်ခုလုပ်ရန် သူ ရှောင်ဟိုင်၏ ခန္ဓာကို သိမ်းပိုက်ပြီး ရှောင်ဟိုင်ဝိဉာဉ်ကို အသုံးပြုချင်ခဲ့ခြင်းပင်။
ဒီနည်းလမ်းဖြင့် သူပိုမြင့်သည့် ဆုလာဘ်တစ်ခုကို ရနိုင်ပေလိမ့်မည်။
သို့စေကာမူ ယခုတွင် တစ်ဘက်က ကိုယ်တိုင်လှုပ်ရှားလာသောအခါ ဒီသဘောတူညီချက်ကလည်း ပျက်စီးသွားလေပြီ။
ဧရာမဝိဉာဉ်နတ်ဒိုင်းထဲတွင်ရှိသည့် ဇီရှန်းကလည်း ဒီနတ်ဆိုးချီအလုံးက ဘယ်သူ့ကို ကိုယ်စားပြုသလဲဆိုတာ နားလည်ပါသည်။
ဒီအော်ရာက ဘာကိုကိုယ်စားပြုတာလဲ!
ဇီရှန်း နတ်ဆိုးချီထဲက လူကိုးယောက်ကို ကြည့်ပြီး လေးနက်သည့်အသံဖြင့် ပြောသည်။
"နတ်ဆိုးဘုရင်ပိုင်နက်ကလူတွေက ဘယ်တုန်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကိစ္စတွေမှာ ၀င်စွက်ဖက်နိုင်သွားတာလဲ"
နတ်ဆိုးချီထဲတွင် ခေါင်းဆောင်က ဇီရှန်းကိုကြည့်ပြီး အေးစက်သောအမူအရာဖြင့် ပြောသည်။
"အိုး၊ တျန်ကျင်းကုန်သည်များအသင်းလား၊ ဒီကိစ္စက မင်းနဲ့ဘာမှမသက်ဆိုင်ဘူး၊ ဒါ့အပြင် မင်းတားချင်တယ်ဆိုရင်တောင် မင်းတစ်ယောက်တည်းက အရည်အချင်းမမီဘူး"
ဇီရှန်း၏အမူအရာက ကြည့်ရဆိုးသွားခဲ့သည်။
တျန်ကျင်းကုန်သည်များအသင်းနှင့် နတ်ဆိူဘုရင်ပိုင်နက်တို့က စွမ်းအားအရာ၌ အရမ်းကြီးမခြားနားပေ။
နတ်ဆိုးဘုရင်ပိုင်နက်က သူမကိုမကြောက်တာ သေချာသည်။
ထိုလူက လေထဲတွင်လွင့်မြောနေပြီး သွေးရောင်နဂါး၏ ရစ်ပတ်ခြင်းကို ခံထားရသည့် ရှောင်ဟိုင်အား ကြည့်ရင်း သူ့မျက်လုံးများက အေးစက်သည့် သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်သွားခဲ့သည်။
ဒီအကြည့်နှင့်ဒီအော်ရာကို ကြည့်ရင်း ကိုးယောက်စလုံး၏ နှလုံးသားများက အနည်းငယ် တုန်ယင်သွားကြ၏။
သူကတစ်ကြိမ်တစ်ခါက နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးကို အုပ်ချုပ်ခဲ့သည့် တည်ရှိမှုဖြစ်သော နတ်ဆိုးသခင်ဖြစ်ခဲ့ဖူးသည်။
သူ့ခွန်အားက အရင်ကကဲ့သို့ မရှိတော့သော်လည်း သွေးကြော၌ နက်ရှိုင်းစွာ တံဆိပ်ခတ်ထားသည့် ဖိနှိပ်မှုက တည်ရှိနေဆဲပင်။
ခေါင်းဆောင်က ရှောင်ဟိုင်ကို ကြည့်လိုက်၏။
"နတ်ဆိုးအရှင်....မဟုတ်ဘူး၊ ငါမင်းကို အခု နတ်ဆိုးအရှင်လို့မခေါ်နိုင်ဘူး၊ အမိန့်ကို ဖီဆန်ဖို့က အရမ်းခက်တယ်၊ ဒီတော့ ငါမင်းကို သေခြင်းတရားဆီကိုပဲ ဖိတ်ခေါ်ရတော့မှာပေါ့"
လူတိုင်းရှောင်ဟိုင်ကို ကြည့်လိုက်ကြ၏။
ဇီရှန်း၏မျက်လုံးများက ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။
သူတို့က.....ရှောင်ဟိုင်ကို နတ်ဆိုးသခင်လို့ ခေါ်လိုက်ကြတာလား!
တစ်ခဏအကြာတွင် နတ်ဆိုးဘုရင်ပိုင်နက်အတွင်း ဖြစ်ပျက်ခဲ့သည့်တိုက်ပွဲကို ဇီရှန်း သတိရသွားသည်။
ထိုအချိန်က ထိုကျော်ကြားပြီး အင်မတန်အစွမ်းထက်သည့် နတ်ဆိုးသခင်က တိုက်ပွဲတွင် သေဆုံးခဲ့ရသည်။
ဇီရှန်းတီးတိုးရေရွတ်သည်။
"အဲဒီတုန်းက အဲဒီနတ်ဆိုးသခင်က.... မသေခဲ့တာလား"
အပိုင်း(838) coming။