#ရှေးဟောင်းမျောက်ဝံနတ်ဆိုး#
Vol. 59 Ch. 838
သေမျိုးကျေးရွာတွင် လုချန်ရှန်း နဖူးပွတ်လိုက်မိသည်။
မစ္စတာ လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောသည်။
"မင်းခွန်အားနဲ့ဆို မင်းရဲ့သေမျိုးနှလုံးသားကို ပြောင်းလဲစေနိုင်နဲ့ အရာတစ်ခုရှိမယ်ဆိုရင် ဒါက စွမ်းအား ဒါမှမဟုတ် မင်းဂရုစိုက်တဲ့ သူတစ်ယောက်ယောက်ပဲဖြစ်ရမယ်"
"ဒါပေမယ့် မင်းက စွမ်းအားကို ဆာလောင်နေတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး"
အကယ်၍ သူသာ စွမ်းအားကို လောဘကြီးသူဆိုပါက မစ္စတာ လုချန်ရှန်းကို ဒီကို မဖိတ်ခင် ရေရယူရန်အတွက် ကောင်းကင်ဘုံတာအိုတောင်ကို သွားမည်မဟုတ်ဘဲ ကိုယ်ပိုင်လက်ဖက်ခြံထဲက လက်ဖက်ရွက်အနည်းငယ်နှင့်သာ ပြုလုပ်ပြီး လုချန်ရှန်းရောက်လာတာကို စောင့်မည်သာ။
"ဒီတော့ မင်းဂရုစိုက်တဲ့သူတွေပဲမလား"
လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။
"ခင်ဗျားပြောတာကို နားထောင်ရတာက သင်ခန်းစာတစ်ခု ပို့ချတာကို နားထောင်နေရသလိုပဲ"
မစ္စတာမေးသည်။
"ဘာကိုဆိုလိုတာလဲ"
"ဆိုလိုတာက ခင်ဗျားအရမ်းစကားများလွန်းတယ်"
မစ္စတာ "....."
ထို့နောက်သူရယ်မောလိုက်သည်။
ဘယ်လိုတောင်စိတ်၀င်စားစရာကောင်းတဲ့ အကဲဖြတ်ချက်လဲ၊ ဒါက တစ်စုံတစ်ယောက်က သူ့ရှေ့ကို သူ့ကို ဒီလိုအကဲဖြတ်တာ ပထမဆုံးအကြိမ်ဖြစ်သည်။
"ပြဿာနာတစ်ခုခုဖြစ်နေတယ်ဆိုရင်တော့ ဖြတ်ပစ်လိုက်ရုံပဲပေါ့"
လုချန်ရှန်းအားကိုးရာမဲ့စွာ ထရပ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က သူ့တပည့်ဖြစ်နေပါသေးသည်။
ဒါကိုတွေးမိသောအခါ သူလှည့်ကာ ပျောက်ကွယ်သွား၏။
......
ဇီရှန်းက တျန်ကျင်းကုန်သည်များအသင်းကဖြစ်သည်။
တျန်ကျင်းကုန်သည်များအသင်းက အဆင့်မြင့်ကြယ်နယ်မြေတွင် အလွန်အမင်း အစွမ်းထက်သည့် ကုန်သည်များအသင်းတစ်ခုဖြစ်သည်။
နတ်ဆိုးဘုရင်ပိုင်နက်နှင့် ပတ်သက်ပြီး ဇီရှန်း ရှေးဟောင်းစာအုပ်များကနေတဆင့် တစ်ခုခုကို သိထားသည်။
သို့စေကာမူ ဇီရှန်းမျှော်လင့်မထားမိတာက ရှောင်ဟိုင်က နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကို အင်အားစုများပေါင်းစပ်ပြီး ဆန့်ကျင်တိုက်ခိုက်အောင် လုပ်နိုင်ခဲ့သည့် ပြိုင်ဘက်ကင်း နတ်ဆိုးသခင်ဖြစ်နေသည်ကိုပင်။
ထိုနတ်ဆိုးသခင်က အသက်ရှင်နေသေးပြီး သူမရှေ့တည့်တည့်တွင် ရှိနေသည်။
ဒါကိုတွေးမိသောအခါ ဇီရှန်းထပ်ပြီး ထိတ်လန့်သွားရသည်။
ဒီလိုနတ်ဆိုးသခင်နောက်ကွယ်က ဆရာက ဘယ်သူပင်ဖြစ်လေသနည်း။
ဒီလိုကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုကို ဘယ်သူက သင်ကြားပေးရန်အတွက် အရည်အချင်းရှိလေသနည်း။
နတ်သခင်နယ်ပယ်က သူတစ်ဦးပင်လျှင် ယခုလို ပါရမီရှိသည့် နတ်ဆိုးသခင်ကို သူ့တပည့်ဖြစ်ခာအောင် မလုပ်နိုင်လောက်ပေ။
ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ မုဖူရှန်းနှင့် ကျန်သောသူများကလည်း ရှောင်ဟိုင်ဘာကြောင့် ရုတ်တရက် သူတို့ဆရာကို ခေါ်ချင်တယ်လို့ ပြောလာရသလဲဆိုတာ နားလည်သွားကြ၏။
တစ်ဘက်လူ၏ခွန်အားက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးပင် ဆန့်ကျင်နိုက်ခိုက်နိုင်စွမ်းမရှိသည့် တည်ရှိမှုတစ်ခုဆိုတာ ရှင်းနေသည်။
မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးကို ဆွဲခေါ်လာလျှင်ပင် သူတို့ခုခံနိုင်မည်မဟုတ်။
မုဖူရှန်း လေးနက်သောအမူအရာဖြင့် ပြောသည်။
"ဆရာက လက်ရှိအဆင့်မြင့်ကြယ်နယ်မြေမှာ ရှိနေတယ်၊ ဒီနေရာကို ရောက်ဖို့အတွက် လက်ဖက်ရည်ခွက်တစ်၀က်စာလောက် အချိန်ယူရဦးမယ်"
လက်ဖက်ရည်ခွက်တစ်၀က်စာ!
တစ်နည်းအားဖြင့် သူတို့က လက်ဖက်ရည်ခွက်တစ်၀က်စာထိ အချိန်ကို ဆွဲထားရန်အတွက် နည်းလမ်းတစ်ခု တွေးတောရပေမည်။
ငရဲဂိုဏ်းကဲ့သို့ လူစာရင်းဆိုပါက လက်ဖက်ရည်ခွက်တစ်၀က်စာအချိန်ကို ဆွဲဆန့်ထားရန်ဟူသည် လွယ်ကူနေဆဲပင်။
သို့စေကာမူ မုတ်ဆိတ်ဖြူအကြီးအကဲ၊ လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့ပင် ဒီလူကိုးယောက်၏ ခွန်အားကို မြင်နိုင်စွမ်းမရှိချေ။
သူတို့နှလုံးသားထဲတွင် သူတို့၌ တစ်ဘက်လူ၏ တိုက်ခိုက်မှုကို ခုခံရန်အတွက်ပင် ယုံကြည်ချက်မရှိပါ။
တကယ်ပဲ လက်တစ်ဖက်ခွက်တစ်၀က်စာ အချိန်ထိ ထိန်းသိမ်းထားနိုင်မှာလား!
ထိုအချိန်တွင် ဇီရှန်းခေါင်းခါယမ်းသည်။
"တစ်ဘက်က လူကိုးယောက်ရှိပြီး အားလုံးက နတ်ဘုရင်နယ်ပယ်တွေပဲ၊ လက်ဖက်ရည်ခွက်တစ်၀က်ခန့်အချိန်ကို မဆိုထားနဲ့၊ တစ်ချက်တည်းနဲ့ ဧရာမဝိဉာဉ်နတ်ဒိုင်းကတောင် တိုက်ရိုက် ဖျက်ဆီးခံရလိမ့်မယ်...."
"အဲဒီအချိန်ကျရင် ခုခံဖို့အတွက် ဖြစ်နိုင်ချေမရှိတော့ဘူး"
မုတ်ဆိတ်ဖြူအကြီးအကဲ လေးနက်စွာမေးသည်။
"သခင်မလေးဇီရှန်း၊ တခြားနည်းလမ်း မရှိတော့ဘူးလား"
ဇီရှန်း အနည်းငယ်ခေါင်းခါယမ်းသည်။
အကယ်၍ သူမသာအဆင့်မြင့်ကြယ်နယ်မြေတွင် ဆိုပါက သူမတွင် တခြားနည်းလမ်းများ ရှိကောင်းရှိနိုင်ပေလိမ့်မည်။
သို့စေကာမူ အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ပထမဆုံးရောက်လာကတည်းက ကောင်းကင်အင်မော်တယ်နယ်ပယ်အထက်က ကျွမ်းကျင်သူတွေ ဒီနေရာ၌ ပေါ်ပေါက်လာလိမ့်မည်ဟု ဇီရှန်း တစ်ခါမှ မတွေးတောထားခဲ့ပေ။
ထို့ကြောင့် ဧရာမဝိဉာဉ်နတ်ဒိုင်းက သူမ၏ အားအကောင်းဆုံး အကာအကွယ်ပင်။
ဇီရှန်း၏အဆိုအရ သူတို့တွင် အခွင့်အရေးမရှိပေ။
ထိုအချိန်တွင် နတ်ဆိုးချီထဲက ခေါင်းဆောင်ကို ရှောင်ဟိုင်ကိုကြည့်သည်။
"မင်းမှာတခြားနည်းလမ်းတွေ မရှိတော့ဘူးဆိုမှတော့ ဘာလို့ငါတို့နဲ့အတူ မလိုက်လာရတာလဲ၊ ဘာပဲဆိုဆို မင်းရဲ့လက်ရှိခွန်အားနဲ့ ငါတို့ကို မတားဆီးနိုင်ပါဘူး"
"မင်းဘေးက ဒီလူတွေကို မင်းမသေစေချင်လောက်ဘူးမလား"
ထိုလူ၏စကားကို ကြားရသောအခါ ရှောင်ဟိုင်၏အမူအရာက ချက်ချင်းအေးစက်သွား၏။
ဒီလူကိုးယောက်အပေါ် သူ့တွင် အားကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုရှိသည်။ အဘယ်ကြောင့်ဆိုသော် ဒါက သူ့ဝိဉာဉ်၌ တံဆိပ်ခတ်ရိုက်နှိပ်ထားသည့် အမုန်းတရားကြောင့်ပင်။
သူတို့က တကယ်ပဲ စံအိမ်တော်ကို ခြိမ်းခြောက်မှုအဖြစ် သုံးခဲ့ကြတာလား!
ဖြစ်နိုင်ပါက ရှောင်ဟိုင် သူတို့ကို အလွယ်တကူ မသတ်ဘဲ ယင်းအစား သူတို့၏ဝိဉာဉ်များကို အဆုံးမဲ့ညှဉ်းပန်းနှိပ်စက်ပစ်ချင်သည်။
"ငါတို့ကိုဒီလိုမကြည့်နဲ့၊ ငါတို့ကလည်း အမိန့်တွေကို လိုက်နာနေတာပဲ"
ဦးဆောင်သူက အနည်းငယ်ခေါင်းခါယမ်းသည်။
"ဒါပေမယ့် အချိန်မဖြုန်းနဲ့တော့၊ ဘာပဲဆိုဆို နတ်ဆိုးအရှင်ရဲ့အမိန့်က မင်းကို အသက်ရှင်လျက် ဖမ်းဖို့မဟုတ်ဘူး၊ လိုအပ်လာရင် ငါတို့မင်းကို တိုက်ရိုက်သတ်ပစ်လို့ရတယ်"
ထို့နောက် ကိုးယောက်စလုံးက နတ်ဆိုးချီများဖြင့် ရစ်ပတ်လာသည်။
ထိုးထွက်လာသည့်နတ်ဆိုးချီက အဆုံးမဲ့ပင်လယ်ဒေသတွင် လှိုင်းကြီးများကို ဖြစ်စေသည်။
ထိုအချိန်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးက ဒီကြောက်စရာကောင်းသည့် နတ်ဆိုးချီနှင့် ပြည့်နှက်သွားပုံရသည်။
ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင် မမြင့်မားသည့်သူများကမူ မြေပေါ်၌ ဒူးထောက်ကျသွားကြသည်။
သူတို့ဒူးထောက်ကာ နတ်ဆိုးချီ၏ အလယ်ဗဟိုသို့ ဦးညွတ်နေကြ၏။
ဒါက အညံ့ခံသည့်ပြပွဲတစ်ခုပင်။
ရှောင်ဟိုင် ဒါကိုမြင်သောအခါ သူ့အမူအရာက ကြည့်ရဆိုးသွားသည်။ ထို့နောက် သူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ပြောလိုက်၏။
"အရင်ဆုံးနောက်ဆုတ်ကြ"
ရှောင်ဟိုင်၏စကားကို ကြားရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ပြုံးလိုက်ကြ၏။
သူတို့က လုံး၀မလှုပ်ရှားသလို မည်သည့်စကားမှလည်းမဆိုပေ။
သူ့စီနီယာဂျူနီယာတွေက ဘာကိုဆိုလိုသလဲဆိုတာ ရှောင်ဟိုင်နားလည်ပါသည်။
အကယ်၍ သူဆိုသာလျှင် တစ်ဘက်လှည့်ကာ ထွက်သွားမည်မဟုတ်။
ဒါက သေခြင်းတရားကို မကြောက်သည့်အတွက်ကြောင့် မဟုတ်သလို တခြားအကျိုးအမြတ်များကြောင့်လည်း မဟုတ်ဘဲ သူတို့က စံအိမ်တော်၏ တပည့်များ ဖြစ်နေသောကြောင့်ပင်။
သူတို့ဆရာက သူတို့ကို မည်သို့မည်ပုံ အကျိုးခံစားခွင့်များ ရှာဖွေရန်နှင့် အန္တရာယ်ကို ရှောင်ရှားရန် သင်ကြားပေးခဲ့သည်။
ကံကြမ္မာကို ဘယ်လိုရှောင်ရှားမည်နည်း။
သို့စေကာမူ အစကနေအဆုံးထိ သူက သူတို့ကို မီးနှင့်ရေအလယ်မှာပင် သူတို့၏ ဆရာတူညီအစ်ကိုများကို စွန့်ပစ်ရန်အတွက် ဘယ်တော့မှ မသင်ကြားခဲ့ပေ။
တစ်ဘက်လူက တိုက်ခိုက်ရန်ပြင်နေစဉ် ရုတ်တရက် တိမ်များက လိမ့်တက်လာသည်။
အစွမ်းထက်ရုပ်ခန္ဓာခွန်အားတစ်ခုက တိမ်များကို အမှန်တကယ်ပြန့်ကြဲသွားစေပြီး ဧရာမမျောက်ဝံနတ်ဆိုးတစ်ကောင် ကောင်းကင်မှ ဆင်းသက်လာကာ ရှောင်ဟိုင်နှင့် ကျန်သောသူများရှေ့တွင် ရပ်လိုက်၏။
အဖြူရောင်သားမွှေးပါးများက သူ့တစ်ကိုယ်လုံးကို ဖုံးထားသည်။
ထိုကြွက်သားများက အပေါ်အောက် ရွေ့လျားနေကြ၏။
ထုတ်လွှတ်သည့်စွမ်းအားက ပတ်ဝန်းကျင်၌ ကြီးမားသည့် အတက်အကျတစ်ခုကို အမှတ်တကယ် ဖြစ်စေခဲ့သည်။
ရှောင်ဟိုင် ဒီမြင်ကွင်းကိုမြင်သောအခါ သူအနည်းငယ် ကြက်သေသေသွား၏။
နတ်ဆိုးချီထဲက ထိုလူကိုးယောက်ကမူ သူတို့၏ အမူအရာများက မည်းမှောင်သွားကြသည်။
"မျောက်ဝံနတ်ဆိုးကလန်လား....မင်းတို့အားလုံး သေသွားပြီလို့ငါထင်ခဲ့တာ၊ ဒီလို လူသူမဲ့မြေမှာ ပုန်းနေကြမယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး..."
မျောက်ဝံနတ်ဆိုးက အေးစက်စွာ နှာခေါင်းရှုံ့သည်။
သူ့နှုတ်ခမ်းနှစ်ဘက်စလုံးက မီးခိုးဖြူများ ထွက်လာကြသည်။
"နတ်ဆိုးသခင်မသေသေးတာမို့ ငါတို့လည်း မသေနိုင်သေးပါဘူး"
ဒါက အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင်၏ အသံပေတည်း။
သို့စေကာမူ ဒီဧရာမမျောက်ဝံနတ်ဆိုးက အင်မော်တယ်မျောက်ဝံကျေးရွာက မျောက်ဝံနတ်ဆိုးအားလုံး၏ စွမ်းအားကို စုစည်းထားခြင်းဖြစ်သည်။
လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးနောက် ဒါကို ရှေးဟောင်းမျောက်ဝံနတ်ဆိုးအဖြစ် ပေါင်းစပ်လိုက်ခြင်းပင်။
သူမျောက်ဝံနတ်ဆိုးဘိုးဘေး၏ ဝိဉာဉ်ကို ဖယ်ရှားပြီး ရှေးဟောင်းမျောက်ဝံနတ်ဆိုးသွေးကြောကို အသက်သွင်းခဲ့သည်။
ယခုအချိန်တွင် ဒီမျောက်ဝံနတ်ဆိုးတွင်လည်း နတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ ခွန်အားရှိသည်။
"ဒါပေမယ့်ဘာဖြစ်လဲ...." ထိုလူက အေးစက်စွာ နှာခေါင်းရှုံ့သည်။
"မင်းက အတိတ်က မျောက်ဝံနတ်ဆိုးကလန်၀င်မှ မဟုတ်တော့တာ၊ ဒီကနေ့မျောက်ဝံနတ်ဆိုးကလန်က နတ်ဘုရင်တစ်ယောက်ဖြစ်လာဖို့အတွက် လျှို့ဝှက်နည်းစနစ်နဲ့ သိပ်သည်းအောင် လုပ်ဖို့ လိုနေတုန်းပဲ",
ရှေးဟောင်းမျောက်ဝံနတ်ဆိုးက စကားတစ်လုံးမှ မပြောပေ။
မင်းပြိုင်ဘက်မဟုတ်ဘူးလား၊ ဒီတော့ဘာဖြစ်လဲ!
သူတို့နှလုံးသားထဲတွင် သူတို့မသေသေးသရွေ့ နတ်ဆိုးသခင်ကလည်း သေချာပေါက် သေမည်မဟုတ်ပေ။
နတ်ဆိုးသခင်သာသေသွားပါက သူ့နောက်တွင် သူတို့လည်းသေကြမည်သာ။
ထိုအချိန်တွင် ရှောင်ဟိုင်၏နှုတ်ခမ်းများ လှုပ်ရှားသွား၏။
ရှေးဟောင်းမျောက်ဝံနတ်ဆိုး၏ နားရွက်များကလည်း လှုပ်ရှားသွားပြီးနောက် သူခေါင်းညိတ်သည်။
လက်ဖက်ရည်ခွက်တစ်၀က်စာခန့် ဖျော်သည့်အချိန်ကာလတစ်ခုမျှ သူ့မျောက်ဝံနတ်ဆိုးသွေးကြောကို စွန့်စားရလျှင်ပင် သူအချိန်ဆွဲထားရပေမည်။
အပိုင်း(839) coming။