#ယာဥ်ကိုရပ်ဖို့ ကြိုးစားနေတဲ့ ရှိခိုးကောင်#
Vol. 59 Ch. 839
ရှေးဟောင်းမျောက်ဝံနတ်ဆိုးတွင် ဖြူဖွေးသည့် အမွေးမျှင်များရှိသည်။
သူ ကောင်းကင်ကိုပင် မထားနိုင်သည့် ဧရာမနတ်ဆိုးကြီးအလားပင်။ သူ့၏ခြေက မြေကိုတက်နင်းနေကာ ခေါင်းက ကောင်းကင်ကို ထိနေသည်။
ရုပ်ခွန်အားကမူ ယှဉ်၍မရနိုင်လောက်အောင် အားကောင်းပြီး ပတ်၀န်းကျင်က လေဟာနယ်ကို အဆက်မပြတ် လှိုင်းထစေသည်။
သူ့၏အနီအမည်းမျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေပြီး အနက်ရောင်အော်ရာထဲက လူကိုးယောက်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူ လက်ဖက်ရည်ခွက်တစ်၀က်စာခန့် အချိန်မျှ ထိန်းသိမ်းထားရန်သာ လိုအပ်သည်။
သို့စေကာမူ တစ်ဘက်တွင် နတ်ဘုရင်ကျွမ်းကျင်သူကိုးဦးရှိသည်။
သူတကယ်ပဲ လက်ဖက်ရည်ခွက်တစ်၀က်စာခန့်အချိန်ထိ ထိန်းသိမ်းထားနိုင်မည်လား။
အဖြေကတော့ မဟုတ်ပေ။
ဒါကမဖြစ်နိုင်တာကိုသူသိသော်လည်း သူ့အသက်နှင့် အင်မော်တယ်မျောက်ဝံကျေးရွာတစ်ခုလုံးကို စွန့်စားရမည်ဆိုလျှင်ပင် သူကြိုးစားရပေမည်။
"သူ ရှေးဟောင်းမျောက်ဝံနတ်ဆိုးအဖြစ် အတင်းအဓမ္မလုပ်ခဲ့တယ်ဆိုရင်တောင် နိုင်ဖို့အခွင့်အလမ်းမရှိမှာကို ကျွန်မစိုးရိမ်မိတယ်" ဇီရှန်းလေးနက်စွာပြောသည်။
သူမ နတ်ဆိုးဘုရင်ပိုင်နက်အကြောင်း သိသဖြင့် အံ့ဩစရာကောင်းလောက်အောင် ပါရမီရှိသည့် နတ်ဆိုးသခင်အမိန့်အောက်က မျောက်ဝံနတ်ဆိုးကလန်ကိုလည်း အနည်းငယ် နားလည်ထားသည်။
"သူတို့မှာ နတ်ဘုရားကျွမ်းကျင်သူ ကိုးယောက်တောင်ရှိတယ်"
လူတိုင်း၏ အမူအရာများက လေးနက်သွားကြ၏။
သူတို့အားလုံး ဒီမူကိုနားလည်ကြပါသည်။
သို့စေကာမူ သူတို့လုပ်နိုင်တာဆိုလို့ ဒါပဲရှိပြီး ဒီထက်ပိုကောင်းသည့် နည်းလမ်းမရှိပါ။
ထိုအချိန်တွင် အဝေးတစ်နေရာမှ မရေမတွက်နိုင်လောက်သည့် အလင်းတန်းများ ပြေး၀င်လာကြ၏။
ထို့ထဲတွင် ဝိဉာဉ်အင်မော်တယ်နန်းတော်က လင်းကျိနန်နှင့် ကျန်သောသူများ၊ စုမုယောင်နှင့် စုမိသားစု၀င်များ၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်နှင့် ဓားကာကွယ်ရေးအကြီးအကဲသုံးဦး၊ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်နှင့် တခြားအဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးသာမက မရေမတွက်နိုင်လောက်သည့် ဂိုဏ်းများပါ ရောက်လာကြသည်။
အရင်က ထိုးထွက်လာသည့် သွေးချီဖြစ်စေ ယခုလေးတင်က ကြောက်စရာကောင်းသည့် နတ်ဆိုးချီဖြစ်စေ ဒါကကြီးမားလွန်းသဖြင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။
ဒါက ထိပ်တန်းကျွမ်းကျင်သူများကို သူတို့မခုခံနိုင်သည့်စွမ်းအားတစ်ခုအဖြစ် ခံစားရစေပြီး သူတို့နှလုံးသားများကိုပင် တုန်ခါစေသည်။
သို့စေကာမူ သူတို့ကပို၍သိချင်ကြသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အထွတ်အထိပ်တွင်ရပ်တည်နေကြသည့် သူတို့ကဲ့သို့ ထိပ်တန်းစွမ်းအားရှင်များကိုပင် အဝေး၌ရှိသည့်တိုင် ယခုလိုခံစားရစေအောင် လုပ်နိုင်သည့်အပေါ် ပြိုင်ဘက်ကင်းအမွေအနှစ်တစ်ခု ပေါ်လာပြီဟု သူတို့ယုံကြည်ကြသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်၏ အချုပ်အနှောင်များကို ချိုးဖျက်ရန် နည်းလမ်းတစ်ခု ရှိကောင်းရှိနိုင်သဖြင့် သူတို့ အလျင်အမြန်ပင် ပြေးလာကြခြင်းပင်။
သို့သော် သူတို့ရှေ့က မြင်ကွင်းကို မြင်သောအခါ သူတို့၏မျက်သူငယ်အိမ်များက ကျုံ့သွားခဲ့သည်။
မိုးနှင့်မြေကြားတွင်ရပ်နေသည့် ရှေးဟောင်မျောက်ဝံနတ်ဆိုးနှင့် အမှောင်ထုနတ်ဆိုးချီထဲက ပုံရိပ်ကိုးခုတို့က သူတို့ကို ခုခံရန်အတွက်ပင် မည်သည့်အတွေးမှ မ၀င်အောင် လုပ်နိုင်သည့် အော်ရာဖြင့် ပြည့်နှက်နေသည်။
အတွေးတစ်ချက်တည်းကပင် သူတို့ကို အညံ့ခံစေနိုင်သည့်အလား။
လက်ချောင်းတစ်ချောင်းက သူတို့ကို ပြာအဖြစ် ပြောင်းပစ်ရန်အတွက် လုံလောက်သည့်အသွင်။
ဒါက အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် လုပ်နိုင်သည့်အရာတစ်ခု မဟုတ်တော့ပါ။
အဖြေက သူတို့ရှေ့တည့်တည့်တွင် ဖြစ်နိုင်ပါသည်။
စုမုယောင်၊ လင်းကျိနန်နှင့် ကျန်သောသူများက ယဲ့ချိုးပိုင်တို့ဘေးကို ရောက်လာကြသည်။
"ဘာဖြစ်သွားတာလဲ၊ သူတို့ကဘယ်သူတွေလဲ"
လင်းကျိနန်၏မျက်နှာက လေးနက်နေပြီး သူ့မျက်လုံးများက တုန်ယင်နေသည်။
"သူတို့က ငါတို့ကမ္ဘာက မဟုတ်ဘူးမလား"
စုမုယောင် ရှောင်ဟိုင်ကို လှည့်ကြည့်သည်။
"သူတို့အော်ရာက ရှောင်ဟိုင်နဲ့ အတော်လေးတူပုံပဲ"
တစ်ချိန်တည်းမှာပင် ဟောင်ကျန်းဟန်၊ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်နှင့် ကျန်သောသူများကလည်း လျှောက်လာကြပြီး အလားတူမေးခွန်းကို မေးကြသည်။
မုတ်ဆိတ်ဖြူအကြီးအကဲ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြသည်။
လူတိုင်း၏မျက်နှာက လေးနက်မှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ပို၍အရေးကြီးတာက ချီရှာဒေါင်၏ အပြစ်အနာအဆာကင်းမဲ့သည့် အစီအစဉ်ပင်။
ပိုထိတ်လန့်စရာကောင်းတာက ရှောင်ဟိုင်၏ ကိုယ်ပိုင်လက္ခဏာပင်။
သူတို့နှလုံးသားများကိုပင် တုန်ယင်စေသည့် ဒီစွမ်းအားရှင်များက ရှောင်ဟိုင်အတွက် ဒီနေရာတွင် ရှိနေကြခြင်းပင်။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ် လက်သီးကျစ်ကျစ်ဆုပ်ရင်း လေးနက်စွာပြောသည်။
"ဒီအဆင့်တိုက်ပွဲက ငါတို့ထိန်းချုပ်နိုင်တဲ့ တိုက်ပွဲမျိုးမဟုတ်တော့ဘူး"
ဟောင်ကျန်းဟန်လည်း အတော်လေး အကူအညီမဲ့နေသည့်ပမာ ခံစားရသည်။
"ဘ၀တစ်၀က်လောက် ကျင့်ကြံပြီးတဲ့နောက်မှာ ငါ့အနား၀န်းကျင်က အရာတွေကို ငါထိန်းချုပ်နိုင်ပြီလို့ထင်ခဲ့တာ၊ ဒီလူတွေရှေ့မှာ ငါက ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေဦးမယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး"
သူတို့ကဒီကြယ်နယ်မြေတွင် အားအကောင်းဆုံးသူများဖြစ်သည့်တိုင် ဘာမှ ကူညီနိုင်စွမ်းမရှိပါ။
ဒီကွာဟချက်က သူတို့ကို အတော်လေး မသက်မသာဖြစ်စေသည်။
ထိုအချိန်တွင် ကောင်းကင်ထဲက နတ်ဆိုးနက်ချီက ဆက်လက်ထိုးတက်ကာ ပြောင်းလဲနေသည်။
ဒါက နတ်ဆိုးချီထဲက လူကိုးယောက်က နောက်ထပ်စိတ်မရှည်တော့ဘူးဟု ဆိုလိုနေခြင်းပင်။
ခေါင်းဆောင် လက်သီးချက်တစ်ချက် ပစ်ထုတ်လိုက်၏။
ထိုလက်သီး၏ လေပြင်းတိုက်ခတ်လာသည်နှင့် ပတ်ပတ်လည်က လေဟာနယ်က တစ်လက်မချင်းစီ ပြိုကွဲသွားသည်။
ဒီလက်သီးချက်ကြောင့် တစ်ကမ္ဘာလုံးက ပြိုကျအတော့မည့်အလား ဟိန်းသံများစွာ ထွက်လာခဲ့သည်။
ထိုးထွက်လာသည့်နတ်ဆိုးချီက အရိပ်တစ်ခုပမာ လိုက်ပါလာသည်။
လက်သီးအားနှင့်အတူ လိုက်ပါရင်း ၎င်းက ရှေးဟောင်းမျောက်ဝံနတ်ဆိုးအား ၀င်တိုင်သည်။
ဒီလက်သီးချက်၏ လေကိုပင် အခြေခံမည်ဆိုပါက ဒါက ပတ်၀န်းကျင်က ကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူများ၏ အမူအရာများကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။
သူတို့ နောက်ဆက်တွဲလှိုင်းများကို ခုခံရန်အတွက် ကာကွယ်ရေးအတားအဆီးများကို အစွမ်းကုန် အလျင်အမြန်ပင် အသက်သွင်းလိုက်ကြ၏။
ဒီတိုက်ချက်၏ နောက်ဆက်တွဲဆိုလျှင်ပင် သူတို့အစွမ်းကုန် ကာကွယ်ရန် လိုအပ်သည်။
အကယ်၍ သူတို့သာထိပ်တိုက်ရင်ဆိုင်ပါက ချက်ချင်းဆိုသလို ပြာအဖြစ်ပြောင်းသွားပြီး သူတို့ဝိဉာဉ်များက ပျောက်ကွယ်သွားရပေလိမ့်မည်။
ဒီကွာဟချက်က တကယ်ပဲ ဒီလောက်တောင် ကြီးမားတာလား!
သူ့ရှေ့က လက်သီး၏လေပြင်းကို ကြည့်ရင်း ရှေးဟောင်းမျောက်ဝံနတ်ဆိုး ခေါင်းမော့ကာ ဟိန်းလိုက်သည်။
ဒီဟိန်းသံက တိမ်များကိုပင် တုန်ခါသွားစေသည်။
အသံလှိုင်းများက ကမ္ဘာကြီးကိုပင် တုန်ခါစေသည့်အသွင်။
သူလက်သီးအစုံကိုဖြန့်ရင်း ဖောင်းနေသည့်ရင်ဘတ်ကို ရူးသွပ်စွာ ထိုးနှက်နေသည်။
ထို့နောက် မြေကြီးပေါ်ရုတ်တရက် တက်နင်းကာ လက်သီးဆုပ်ပြီး နတ်ဆိုးချီလက်သီးလေကို တားဆီးသည်။
ထိုလူ ဒီမြင်ကွင်းကိုမြင်သောအခါ နှာခေါင်းရှုံ့သည်။
"တုံးအလိုက်တာ၊ မျောက်ဝံနတ်ဆိုးတွေက အထွတ်အထိပ်အခြေအနေက ဆိုရင်တော့ ငါတို့သတိထားဖို့ လိုလောက်တယ်၊ အခုကတော့....."
မျောက်ဝံနတ်ဆိုး၏ တောင်ပမာလက်သီးချက်က လေပေါ်သို့ ဆင်းသက်လာခဲ့သည်။
မိုးကြိုးသံတစ်သံက မြေကြီးကနေ လိမ့်တက်လာသည်။
အဖျက်အသံလှိုင်းများနှင့်အတူ နောက်ဆက်တွဲလှိုင်းများက ဘက်ပေါင်းစုံသို့ ပြန့်သွားခဲ့သည်။
နှစ်ယောက်ကြားက တိုက်ပွဲကို ဗဟိုပြုရင်း အောက်ခြေက ပင်လယ်က အမှန်တကယ်ရွေ့လျားလာပြီး အဆုံးမဲ့ပင်လယ်ဒေသတွင် ကျိုးပဲ့သွားသည့်အလွှာတစ်ခုပမာ တွင်းကြီးတစ်ခု ပေါ်လာခဲ့သည်။
သို့စေကာမူ သူတို့က ဒီကြောက်မက်ဖွယ်ရာ မြင်ကွင်းကို ကြည့်ဖို့စိတ်မ၀င်စားနေဘဲ ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူအားလုံးက ခွန်အားအပြည့်ကို သုံးကာ သူတို့၏လျှို့ဝှက်ရတနာများကိုပင် ထုတ်လိုက်ကြရသည်။
ထို့နောက် အလွန်အမင်းကြောက်စရာကောင်းသည့် နောက်ဆက်တွဲလှိုင်းကို သူတို့ဆက်လက်ခုခံနိုင်ရသည်။
ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများ၏ ကာကွယ်ပေးခြင်းမရှိသည့် ကောင်းကင်အင်မော်တယ်နယ်ပယ်အောက်က ကျင့်ကြံသူများတွင်မူ ဒီနောက်ဆက်တွဲလှုပ်ခတ်မှုအောက်တွင် သူတို့၌ ခုခံရန်ပင် အခွင့်အလမ်းမရှိဘဲ ခန္ဓာနှင့်ဝိဉာဉ်က တိုက်ရိုက်ပင် ကြေမွပြိုကွဲသွားရသည်။
နတ်ဘုရင်တစ်ဦးဒေါသထွက်ပါက မိုးနှင့်မြေပင် ပျက်စီးရသည်။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်နှင့် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးတို့က တုံ့ဆိုင်းမနေဘဲ ကောင်းကင်အင်မော်တယ်အဆင့် ကာကွယ်ရေးအဆောင်များကို ထုတ်လိုက်ကြသည်။
ဟောင်ကျန်းဟန်နှင့် တခြားကောင်းကင်အင်မော်တယ်နယ်ပယ် ဓားအင်မော်တယ်များကလည်း အင်မော်တယ်ဓားဆန္ဒကို ထုတ်လွှတ်လိုက်ကြပြီး ဓားတစ်သောင်းအဖြစ် သိပ်သည်းကာ ရှေ့၌ ဓားဖန်သားပြင်တစ်ခုပမာ ပိတ်ဆို့ပစ်သည်။
သို့စေသည့်တိုင် ဒါက အလွန်အမင်း ခက်ခဲနေဆဲပင်။
ထိုအချိန်မှာပင် နာကျင်ဖွယ်ရာဟိန်းသံတစ်သံက ကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်လာခဲ့သည်။
ရှေးဟောင်းမျောက်ဝံနတ်ဆိုး၏ကိုယ်က ထိုအခိုက်အတန့်၌ အဆက်မပြတ်ဆုတ်နေရပြီး သူ့၏လက်သီးများပေါ်၌ ပုံပျက်မှုများကိုပင် မြင်နိုင်သည်။
ဖြူဖွေးနေသည့် အရိုးဆူးများက ကွေးညွတ်နေသည့် လက်ချောင်းများကနေ ထိုးထွက်နေပြီး နတ်ဆိုးနက်ချီအမျှင်စများက ၎င်းကိုရစ်ပတ်ထားကြ၏။
တစ်ချက်တည်းက ရှေးဟောင်းမျောက်ဝံနတ်ဆိုးကို အပြင်းအထန်ဒဏ်ရာရသွားစေရန် လုံလောက်နေလေပြီ။
တုံ့ပြန်ရန်အတွက်ပင် အချိန်မရှိခဲ့။
ကာကွယ်ရန်အတွက်ပင် အခွင့်အရေးမရခဲ့ပေ။
ခေါင်းဆောင်ဘေး၌ လူထွားကြီးတစ်ယောက်က ဆိုးယုတ်သည့် အပြုံးနှင့်အတူ ရှေ့တက်လာသည်။
"ဒါပေမယ့် ရှေးခေတ်က ထုတ်ကုန်တွေက ငါတို့ကို ဘယ်လိုခုခံနိုင်မှာတဲ့လဲ"
"ဒါကိုရပ်ဖို့အတွက် အသက်ကိုသုံးမယ်ဆိုရင်တောင် ဒါက ယာဉ်တစ်စင်းကို ရပ်ဖို့ ကြိုးစားနေတဲ့ ရှိခိုးကောင်တစ်ကောင်လိုပဲ၊ ဒါမှမဟုတ် မင်းအချိန်ဆွဲဖို့ ကြိုးစားနေတာလား"
သူစကားပြောနေစဉ် ထိုလူလက်ထဲတွင် ပုဆိန်တစ်ခုပေါ်လာပြီး ရှေးဟောင်းမျောက်ဝံနတ်ဆိုးထံ ပြေး၀င်သွား၏။
သို့စေကာမူ သူကအချိန်ဆွဲနေလျှင်ပင် သူတို့ကိုခုခံနိုင်သည့်တည်ရှိမှုမျိုးက ဒီနေရာ၌ရှိနိုင်လိမ့်မည်ဟု သူတို့မတွေးတောကြပေ။
သူတို့ကိုတားနိုင်သည့် တစ်ခုတည်းသော အရာက ကြီးကြပ်ရေးဗိမာန်တော်သာဖြစ်သည်။
သို့စေကာမူ နတ်ဘုရားနှစ်ပါး၏ နှောင့်နှေးစေမှုကြောင့် ဗိမာန်က သူတို့အပေါ် ယာယီ မျက်မမြင်ပမာ ဖြစ်သွားခဲ့သည်။
အပိုင်း(840) coming။