← Chapters

#‌သေခြင်းရှင်ခြင်းအခိုက်အတန့်၊ လုချန်ရှန်းရောက်လာပြီ#

Vol. 59 Ch. 840

#‌သေခြင်းရှင်ခြင်းအခိုက်အတန့်၊ လုချန်ရှန်းရောက်လာပြီ#

Vol. 59 Ch. 840

နတ်ဆိုးချီထဲက လူကိုးယောက်၏ တိုက်ခိုက်မှုများအောက်တွင် ရှေးဟောင်းမျောက်ဝံနတ်ဆိုးက ဒဏ်ရာများနှင့် ပြည့်နှက်နေလေပြီ။

သွေးများက သူ့အဖြူရောင်အမွေးများကို ခြယ်သထားသည်။

မူလကသိပ်သည်းသည့်အော်ရာက ယခုအချိန်တွင် အလွန်အမင်းပါးလွှာသွား၏။

သို့စေကာမူ ဒီအခြေအနေက အကန့်အသတ်ကိုပင် ရောက်နေလေပြီ။

သူတို့နောက်တစ်ကြိမ် တိုက်ခိုက်လာပါက သူကအသတ်ခံရတော့မည့်ပုံရှိသည်။

သို့သော် သူနတ်ဘုရင်ကိုးဦး၏ တိုက်ခိုက်မှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံနေပြီး လဲကျသွားခြင်းမရှိသလို သေလည်းမသေသွားခဲ့ပေ။

ယုတ္တိတန်စွာဆိုပါက ရှေးဟောင်းမျောက်ဝံနတ်ဆိုး၏ကိုယ်က ၎င်း၏အကန့်အသတ်ကိုပင် ရောက်နေပါပြီ။

ယခုလိုအခြေအနေအောင်တွင် လျှို့ဝှက်နည်းစနစ်၏ ကူညီထောက်ပံ့မှုကို ထိန်းသိမ်းထားရန်ဟူသည် မဖြစ်နိုင်တော့။

သို့သော် လူတိုင်းဂရုတစိုက် ကြည့်ရှုသောအခါ ရှေးဟောင်းမျောက်ဝံနတ်ဆိုး အပြင်းအထန် ဒဏ်ရာရသွားသည့်အကြိမ်တိုင်း သူ့၏မျက်လုံးများက သွေးနီရောင်အလင်းနှင့် လောင်ကျွမ်းသွားတာကို သူတို့တွေ့လိုက်ကြရသည်။

သွေးရောင်အလင်းက ရက်စက်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနေသည်။

သို့သော်ငြားလည်း ဒါကမျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရသည်။

ဒီမြင်ကွင်းကိုကြည့်ပြီးနောက် ရှောင်ဟိုင်၏ အမူအရာက အလွန်အမင်း လေးနက်နေသည်။

လင်းကျိနန် မေးစေ့ပွတ်ရင်းမေးသည်။

"ဒီသွေးအလင်းက ရှေးဟောင်းမျောက်ဝံနတ်ဆိုး ဒီလောက်ကြာကြာ တောင့်ခံနိုင်ရတဲ့ အကြောင်းရင်းများလား"

ဇီရှန်းဘေးကနေ ရှင်းပြသည်။

"သွေးအလင်းတိုင်းက မျောက်ဝံနတ်ဆိုးရဲ့ သွေးစတေးမှုကို ကိုယ်စားပြုတယ်"

သွေးစတေးမှု!

ဒီစကားကို ကြားသောအခါ ရှောင်ဟိုင် အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။

လူတိုင်းထိတ်လန့်သွားကြ၏။

ဒီစကားလုံးလေးလုံးက ဘာကို ဆိုလိုသလဲဆိုတာ သူတို့ကောင်းကောင်းသိကြပါသည်။

လူတစ်‌ယောက်၏သွေးကြောကို စတေးခြင်းက သံသယမရှိ ထိုလူ၏ အသက်ကို စတေးလိုက်ခြင်းပင်။

ဒါက ဝိဉာဉ်ကို လောင်ကျွမ်းပစ်တာနှင့် တူသည်။

သို့စေကာမူ အခြေခံကျသည့် ကွဲပြားချက်များရှိသည်။

ဝိဉာဉ်ကို လောင်ကျွမ်းခြင်းက အဆက်မပြတ် လောင်ကျွမ်းရခြင်းဖြစ်ပြီး ဒီကာလအတောအတွင်း ခွန်အားကို တိုးမြှင့်နိုင်မည်ဖြစ်သည်။

သွေးကြောကို စတေးခြင်းကမူ ကိုယ်ထဲက သွေးကြောစွမ်းအားကို တခြားသူအတွက် စတေးခဲ့ခြင်းဖြစ်ပြီး သူကိုယ်ပိုင်၏ သေဆုံးမှုတန်ဖိုးနှင့်အတူ တစ်ဘက်က ပမာဏကို တိုးစေလိမ့်မည်။

ဆိုလိုတာက ရှေးဟောင်းမျောက်ဝံနတ်ဆိုး၏မျက်လုံးများ၌ သွေးအလင်း လောင်ကျွမ်းသွားသည့်အကြိမ်တိုင်း လူအနည်းငယ်က သူတို့၏သွေးကြောများကို စတေးလိုက်ပြီဟု ဆိုလိုနေခြင်းပင်။

နတ်ဆိုးချီထဲက ဦးဆောင်သူက ဒီမြင်ကွင်းကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"မင်းရဲ့မျောက်ဝံနတ်ဆိုးမျိုးနွယ်မှာ လူဘယ်နှစ်ယောက် ကျန်သေးသလဲဆိုတာ ငါမြင်ချင်တယ်..."

ထို့နောက် ထိုလူက လက်ကို အနည်းငယ် ဝှေ့ယမ်းသည်။

သူ့ဘေးမှ ကျန်သောနတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူရှစ်ဦးက တစ်ချိန်တည်းတွင် တိုက်ခိုက်သည်။

ပုဆိန်က ကောင်းကင်ကို ဖြတ်သန်းသွား၏။

လက်သီးချက်ထဲက လေက ကောင်းကင်ကို တုန်ခါသွားစေသည်။

နတ်ဆိုးချီထိုးထွက်လာပြီး လေဟာနယ်ကို ကြေမွသွားစေသည်။

နတ်ဘုရင်ကိုးဦး တစ်ချိန်တည်းတွင် တိုက်ခိုက်လာလေရာ ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို တုန်ခါစေသည်။

အာကာသအရှုပ်အထွေးများနှင့် အာကာသမုန်တိုင်းများက ဆင်းသက်လာပြီး အဆုံးမဲ့ပင်လယ်ဒေသကို ဖြတ်သန်းသွား၏။

ယခုလိုဖျက်လိုအားပြင်းသည့် တိုက်ချက် ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် သွေးကြောမည်မျှပင် စတေးပါစေ လျှို့ဝှက်နည်းစနစ်က ပျက်သုဉ်းသွားမည်သာ။

ရှေးဟောင်းမျောက်ဝံနတ်ဆိုးက ဖျက်ဆီးနေသည့်မြင်ကွင်းကို ကြည့်လိုက်၏။

နောက်မဆုတ်ဘဲ သူရှေ့သို့ တစ်လှမ်းတိုးလိုက်၏။

လူတိုင်း၏ အံ့ဩသင့်နေသည့် အကြည့်များအောက်တွင် ရှောင်ဟိုင်၏ကိုယ်က ရုတ်တရက်လွင့်မြောသွားသည်။

နတ်ဆိုးချီက ရှောင်ဟိုင်နောက်တွင် သိပ်သည်းသွားသည်။

နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ကမ္ဘာကြီးကို ထူးမခြားနားစွာ ငုံ့ကြည့်သည်။

နတ်ဆိုးဘုရင်ဆင်းသက်ခြင်း!

သူကမ္ဘာကြီးအား ငုံ့ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးဘုရင်သွေးကြောက အမှန်တကယ် ပေါက်ကွဲသွားခဲ့သည်။

ထိုအချိန်တွင် ရှေးဟောင်းမျောက်ဝံနတ်ဆိုးဖြစ်စေ၊ နတ်ဆိုးနက်ချီထဲက သူပုန်ကိုးဦးဖြစ်စေ သူတို့အားလုံး မိန်းမောသွားကြပြီး ဖျက်လိုအားပြင်းသည့်တိုက်ချက်က ချက်ချင်း ပျောက်ကွယ်သွားသည်။

နတ်ဆိုးချီထဲက နတ်ဘုရင်ကိုးဦး၏ မျက်သူငယ်အိမ်များက ကျုံ့သွားသည်။

သူတို့၏မျက်နှာပေါ်၌ ထိတ်လန့်နေသည့် အကြည့်တစ်ခုရှိသည်။

နတ်ဆိုးဘုရင်သွေးကြော၏ ဖိနှိပ်မှုအောက်တွင် နတ်ဘုရင်ကိုးဦး၏ သွေးကြောများက မရပ်မနားဟစ်ကြွေးနေကြ၏။

ဒါက သွေးကြော၏ အကြွင်းမဲ့ဖိနှိပ်မှုပေတည်း။

ရှောင်ဟိုင်၏ သွေးကြောအဆင့်က အရမ်းမြင့်လွန်းသည်။

ဒါက ကျင့်ကြံခြင်းနယ်ပယ်တွင် ပြင်ဆင်၍မရနိုင်သည့် အရာတစ်ခုပင်။

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင် လက်ဝှေ့ယမ်းလိုက်၏။

ရှောင်ဟိုင်၏ လက်ဖဝါးပေါ်၌ နတ်ဆိုးချီဖြင့် ၀န်းရံထားသည့် ရှည်လျားသည့် တင်းပုတ်တစ်ခုလည်းရှိသည်။

တင်းပုတ်ပေါ်ပေါက်လာတာနှင့် ရှောင်ဟိုင်အနီးက နတ်ဆိုးဆန္ဒက ပို၍ဆူညံထကြွလာပြီး အစွမ်းထက်လာပြီး လူတိုင်းအား ဧရာမတောင်ကြီးတစ်ခုပမာ ဖိနှိပ်လာသည်။

သူကသူတို့ကို အညံ့ခံရန်အတွက် တွန်းအားပေးနေသည်။

ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်!

ဒါက လုချန်ရှန်း သူ့ကိုပေးခဲ့သည့် လက်နက်ပေတည်း။

သာမန်အခြေအ‌နေများတွင် ရှောင်ဟိုင် ဒါကို အကြိမ်ရေအနည်းငယ်မျှသာ သုံးသည်။

အကြောင်းရင်းတစ်ခုက ထိုအချိန်က ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်ကို သုံးရမည့်အချိန်မဟုတ်သောကြောင့်ပင်။

ဒုတိယအကြောင်းရင်းက ကူညီထောက်ပံ့ပေးရန်အတွက် လုံလောက်သည့်နတ်ဆိုးဆန္ဒမရှိသရွေ့ ကိုးသွယ်ကောင်းကင်ဘုံ နတ်ဆိုးတင်းပုတ်၏ စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုတွင်မူ ဝိဉာဉ်အပိုင်းအစများကို စုပ်ယူပြီးနောက် နတ်ဆိုးဘုရင်သွေးကြောနှင့် ရှောင်ဟိုင်၏ ဝိဉာဉ်က ပို၍ပင် အားကောင်းသန်မာလာခဲ့သည်။

ဒါက ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်၏ တစ်စိတ်တစ်ပိုင်းကို ထုတ်လွှတ်ရန်အတွက် လုံလောက်နေပါပြီ။

အဝေးတစ်နေရာတွင် ကွေ့ကောရင် ဒီမြင်ကွင်းကို တင်းမာသည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။

ဒီနတ်ဆိုးဆန္ဒဖြစ်စေ သွေးကြောစွမ်းအားဖြစ်စေ ရှောင်ဟိုင်၏ ကိုယ်ပိုင်လက္ခဏာကို ပြန်သတိရလာသောအခါ ဒီအရာအားလုံးက သူ့ကို ရင်ဆိုင်နိုင်စွမ်းမရှိသည့် ရန်သူတစ်ယောက်ကို ရန်စစော်ကားမိသည့်ပမာ ခံစားရစေသည်။

ချီရှာဒေါင်ကလည်း ထိတ်လန့်သွား၏။

ဒီသောက်ကျိုးနည်းဆုလာဘ်အကြောင်းကို သူထပ်ပြီး မတွေးနိုင်တော့ပါ။

ဒီလူကိုးယောက်က တစ်ဘက်လူကို အပြည့်အ၀ သုတ်သင်နိုင်စေရန်သာ သူမျှော်လင့်မိတော့သည်။

ထိုအချိန်တွင် ဦးဆောင်သူက နတ်ဆိုးချီအလယ်၌ သူ့စိတ်အခြေအနေကို အတင်းတည်ငြိမ်အောင် လုပ်ပြီး ရှောင်ဟိုင်၏ ထူးမခြားနားသည့် အကြည့်ကို ကြည့်ကာ သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

ထို့နောက်သူပြောသည်။

"ဒီလိုဆိုရင်တောင် ကျင့်ကြံခြင်းနယ်ပယ်မှာ ဒီလောက်ကြီးမားတဲ့ ကွာဟချက်ကို ဘယ်လိုလုပ် အလွယ်တကူ ပြုပြင်နိုင်မှာတဲ့လဲ"

"ဒီလိုလုပ်တာက ဘာများအသုံး၀င်လို့လဲ"

ရှောင်ဟိုင်ထူးမခြားနားစွာပြောသည်။

"ဒါကအသုံးမ၀င်ဘူးဆိုရင် ငါဘာလို့ လုပ်နေရမှာလဲ"

ထို့နောက် ရှောင်ဟိုင်ကို လက်မောင်းကို မြှောက်ပြီး ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်ကို မြှောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ဧရာမတင်းပုတ်ကို ကိုင်ပြီး မလိုက်သည်။

တင်းပုတ်ထိပ်က လူကိုးယောက်ကို ညွှန်ပြနေသည်။

တစ်ခဏအကြာ၌ ကြောက်စရာကောင်းသည့် နတ်ဆိုးချီက သူတို့ကိုးယောက်ကို ချက်ချင်း၀န်းရံပစ်ပြီး ပိုင်နက်တစ်ခု ဖန်တီးနေပုံရသည်။

ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ်မှ တိုးချဲ့လာသည့် သွေးကြောစွမ်းအားနှင့် ကြောက်စရာကောင်းသည့် နတ်ဆိုးဆန္ဒတို့က အတူတကွပေါင်းစပ်သွားကြပြီး သူပုန်ကိုးယောက်၏ ကိုယ်များကို ဖိနှိပ်ပစ်သည်။

သူတို့ကိုးယောက် တစ်ခဏမျှ ရပ်သွားရသည်။

သူတို့ကိုယ်ထဲမှတဆင့် ဒီသွေးကြောနှင့် နတ်ဆိုးဆန္ဒကြောင့် သူတို့ဖိနှိပ်ခံနေရသည်။

ရှေးဟောင်းမျောက်ဝံနတ်ဆိုးကလည်း ဒီအခွင့်အရေးကို လက်မလွှတ်ပေ။ သူက ကမ္ဘာတုန်လှုပ်စေသည့် ဟိန်းသံနှင့်အတူ မုန်တိုင်းထန်နေသည့် လှိုင်းများအပေါ် တက်နင်းပြီး လက်သီးကျစ်ကျစ်ဆုပ်ကာ လူကိုးယောက်၏ ခေါင်းတည့်တည့်သို့ ထိုးနှက်လိုက်လေတော့သည်။

သို့စေကာမူ ဒီတိုက်ချက်က တစ်စုံတစ်ခုကြောင့် ပိတ်ဆို့ခံလိုက်ရပုံရသည်။

သူဘယ်လောက်ပင်ကြိုးစားပါစေ ရှေ့သို့ တစ်လက်မမျှပင် မရွေ့နိုင်တော့ပါ။

ရှေးဟောင်းမျောက်ဝံနတ်ဆိုး၏ လက်သီးနှင့် သူပုန်ကိုးဦးကြား၌ ကြည်လင်သည့် အတားအဆီးတစ်ခုရှိသည်။

"နတ်ဆိုးဘုရင်သွေးကြောနဲ့ နတ်ဆိုးဘုရင်ဆန္ဒက ငါတို့နတ်ဆိုးဘုရင်ပိုင်နက်မှာ အမြင့်ဆုံးတည်ရှိမှုတွေဆိုတာ ငါတကယ်၀န်ခံပါတယ်"

ဦးဆောင်သည့်လူက မျက်ခုံးများကို အနည်းငယ်နိမ့်ချလိုက်၏။

"မင်းရဲ့နယ်ပယ်သာပိုမြင့်မားပြီး နတ်ဗိုလ်ချုပ်နယ်ပယ်ကို ရောက်နေမယ်ဆိုရင်တောင် ငါတို့မင်းကို ဘာတစ်ခုမှ လုပ်လို့ရမှာမဟုတ်ဘူး"

"မင်းနတ်ဘုရားနယ်ပယ်ကိုတောင် မတက်လှမ်းရသေးတာကတော့ ၀မ်းနည်းစရာပဲ..."

ရှောင်ဟိုင်၏ လက်ရှိကိုယ်ခွန်အားဖြင့် နတ်ဆိုးနဂါးသွေးကန်၏ ပြုပြင်မွမ်းမံခြင်းကို ခံရပြီးသည့်တိုင် သူ့ခွန်အားက မြေအင်မော်တယ်အထွတ်အထိပ်အဆင့်နှင့်သာ ညီမျှနေဆဲပင်။

ထိုအချိန်တွင် ဦးဆောင်နေသည့်သူက လက်ဖဝါးကို မြှောက်လိုက်၏။

မှိန်ဖျော့သည့်အလင်းနှင့် တောက်ပနေသည့် ထက်ရှသော ရွှေရောင်လွန်းပြန်ယာဉ်တစ်စီးက ထိုလူ၏လက်ဖဝါးပေါ်၌ ပေါ်လာသည်။

သူတည်ငြိမ်စွာပြောသည်။

"အဆုံးသတ်လိုက်ကြရအောင်...."

ရွှေရောင်လွန်းပြန်ယာဉ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ဟိုင်၏ မျက်ခုံးကြားသို့ ဦးတည်တိုး၀င်လာသည်။

ရှေးဟောင်းမျောက်ဝံနတ်ဆိုး ဒါကိုမြင်သောအခါ တားဆီးချင်သော်လည်း အရမ်းနောက်ကျသွားလေပြီ။

ယဲ့ချိုးပိုင်နှင့် စံအိမ်တော်က ကျန်သောသူများကလည်း ထိတ်လန့်နေသည့် အမူအရာများကို ပြသလာကြသည်။

ကျန်သောသူများ ဒီမြင်ကွင်းကို မြင်သောအခါ နှလုံးသားထဲက ခါးသီးစွာသာ ပြုံးလိုက်ကြရသည်။

မျှော်လင့်ထားသည့်အတိုင်း သူက ဒီနေရာတွင် သေရတော့မည်သာ။

သို့စေကာမူ ထိုအခိုက်အတန့်မှာပင် အာကာသထဲ၌ လေထုဆုတ်ဖြဲခံရသည့် အသံတစ်သံထွက်လာခဲ့ပြီး ရှောင်ဟိုင်ရှေ့မှ အသံတစ်သံထွက်လာသည်။

"ငါ့တပည့်တွေက ငါ့ကိုစိုးရိမ်ရအောင် လုပ်ကြတယ်ဆိုပေမယ့် သူတို့က မင်းတို့သတ်ချင်တိုင်း သတ်လို့ရနိုင်တဲ့လူတွေ မဟုတ်ဘူးကွ....."

အပိုင်း(841) coming။

All Chapters