← Chapters

#‌လျိုကျိယု၊ ၀မ်းနည်းဖွယ်ရာ ကိရိယာလူသား#

Vol. 59 Ch. 835

#‌လျိုကျိယု၊ ၀မ်းနည်းဖွယ်ရာ ကိရိယာလူသား#

Vol. 59 Ch. 835

သေမျိုးကျေးရွာက အဆင့်မြင့်ကြယ်နယ်မြေများထက်ပင် သာလွန်သည်။

၎င်းကိုဖွင့်လိုက်သည့်အချိန်မှစ၍ မည်သူမှ မလွယ်တကူမသွားနိုင်ပေ။

ထိုအခိုက်အတန့်၌ သေမျိုးကျေးရွာက ဝါးတောလေးထဲတွင် သေမင်းကျေးရွာ၏ စိတ်ဝိဉာဉ်ကို သယ်ဆောင်ထားသည့် လူက နေထိုင်သည်။ ထိုလူက ဆရာဖြစ်သည်။ သူ့ကိုမစ္စတာဟုခေါ်ကြသည်။

သေမျိုးကျေးရွာက ကလေးတိုင်းက ဒီနေရာတွင် မစ္စတာ၏ ပညာရေးကို ရယူကြသည်။

သို့စေကာမူ သူတို့၏မစ္စတာက သူတို့ကို မည်သို့ကျင့်ကြံရန် သို့မဟုတ် ကိုယ်ခံပညာကျင့်ကြံသည်တို့ကို မသင်ကြားပေးပေ။

သို့သော်လည်း ဒါက သေမျိုးကျေးရွာ၌ သူ့ပုံရိပ်ကို သက်ရောက်ခြင်းမရှိ။

သေမျိုးကျေးရွာအတွက် မစ္စတာက စိတ်ဝိဉာဉ်တစ်ခုတင်မဟုတ်ဘဲ အစောင့်အရှောက် ကောင်းကင်တမန်လည်းဖြစ်သည်။

ယခုအချိန်တွင် ဝါးတော၀င်းလေး၏ အပြင်ဘက်တွင် ကျောက်တုံးလေး သူ့ခေါင်းကို ခြံ၀င်းထဲသို့ သိချင်စိတ်ဖြင့် စပ်စုနေသည်။

ထို့နောက်သူမေးသည်။

"မစ္စတာနဲ့ ဆရာတို့အထဲမှာ ဘာအကြောင်းကို ပြောနေကြတယ်လို့ထင်လဲ"

ကျေးရွာခေါင်းဆောင်မှာ ကျောက်တုံးလေးကို အကူအညီမဲ့စွာ ပြန်ဆွဲယူလိုက်၏။

"သူတို့ မင်းကိုဝင်ခွင့်မပေးတော့ လောလောဆယ် ငါမင်းကိုသိခွင့်ပေးလို့မရသေးဘူး၊ ဒီနေရာမှာပဲ ဘေးကင်းကင်းနဲ့စောင့်နေ"

တခြားတစ်ဘက်တွင် လျိုကျိယုက ဘာအတွက်မှ မရှင်သန်နိုင်တော့သည့်အသွင် ခပ်ရေးရေးပြောသည်။

"ငါခည်းမသိဘူး၊ ဘာဖြစ်ဖြစ် ငါတို့ကို ခေါ်တာက ကောင်းတဲ့အရာတစ်ခုမဟုတ်တာတော့ သေချာတယ်"

သူ့အသံကယုံကြည်မှုအပြည့်ဖြစ်နေလေရာ သူ့ဘ၀ကို သူဖြတ်သန်းမြင်ထားသည့်အလားပင်။

ဟွမ်ချင်း သူ့ကိုစိုက်ကြည့်လိုက်၏။

"ဘာကိုဆိုလိုချင်တာလဲ"

လျုကျိယုလက်အစုံကိုဖြန့်လိုက်၏။

"အချိန်ကျလာတဲ့အခါကျရင် မင်းသိလာမှာပါ၊ ဘာပဲဆိုဆိုငါက ပစ္စည်းကိရိယာတစ်ခုလို ဆက်ဆံခံရမှာပဲ"

ထို့နောက် သူဟွမ်ချင်းအား သနားစွာ ကြည့်နေမိသည်။

ဟူးးး၊ ဘယ်လိုမိန်းမကောင်းလေးလဲ!

ဒီမီးတွင်းထဲ၀င်ဖို့ သူကပဏာမခြေလှမ်းတောင် လှမ်းခဲ့တယ်၊ သူဆိုပါက အချိန်မှီရှောင်တိမ်းနိုင်မည်မဟုတ်။

သူ့၏မလုံလောက်သောခွန်အားကြောင့် သူ့တွင် ခုခံနိုင်စွမ်းမရှိပေ။

လျိုကျိယုကို ပစ္စည်းကိရိယာတစ်ခုအဖြစ်လား၊ ဒါဘယ်လိုဟာသမျိုးလဲ!

ရုတ်တရက် ကျေးရွာခေါင်းဆောင်၏ မျက်လုံးများက အေးစက်သွားပြီး ခြံ၀င်းထဲက ဖြည်းဖြည်းချင်းလွင့်ပျံ့လာနေသည့် လက်ဖက်ရည်ရနံ့ကို ကြည့်ရင်း လေးနက်စွာပြောသည်။

"မစ္စတာ လက်ဖက်ရည်ဖန်တီးနေတာပဲ"

အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်သင်းအုပ်ဆရာတဖြစ်လဲ လျိုကျိယုကလည်း သေမျိုးကျေးရွာ၏ မစ္စတာကိုပင် လက်ဖက်ရည်ဖန်တီးစေတာက ဘာကိုဆိုလိုသလဲဆိုတာ နားလည်ပါသည်။

သူအနည်းငယ်ထိတ်လန့်သွား၏။

သို့စေကာမူ သူ လုချန်ရှန်း၏ခွန်အားအကြောင်းကို တွေးမိသောအခါ လက်အစုံကို ဆန့်လိုက်သည်။

"စီနီယာလုခွန်အားနဲ့ဆိုရင် မစ္စတာအတွက် လက်ဖက်ရည်လုပ်ရတာက မထူးဆန်းပါဘူး"

မစ္စတာက ဧည့်သည့်တစ်ယောက်ကို လက်ဖက်ရည်ဧည့်ခံသောအခါ တစ်ဘက်လူက အလွန်အမင်းအရေးပါသော သူဖြစ်ရမယ်ဆိုတာ သူတို့သိသည်။

မစ္စတာ လက်ဖက်ရည်ဖျော်ပေးသည့် အကြိမ်အရေအတွက်ကို လက်တစ်ဖက်နှင့်ပင် ရေတွက်နိုင်သည်။ ယနေ့အချိန်အထိ ဒါက သုံးကြိမ်ထက်မကျော်လွန်သေး။

မစ္စတာ၏ တန်ဖိုးထားခြင်းကို ခံရရန်အတွက် လူတစ်ယောက်က ဘယ်လောက်ထိ အစွမ်းထက်ရန်လိုအပ်သလဲဆိုတာကို ပုံဖော်ကြည့်နိုင်သည်။

ထိုအခိုက်အတန့်၌ ခြံ၀င်းထဲတွင် အဖြူ၀တ်လူက မစ္စတာနှင့် ဆန့်ကျင်ဘက်တွင် ထိုင်ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။

လက်ဖက်ရည်ကကောင်းလား၊ ဆိုးလားဆိုတာကို မပြောဘဲ သူတိုက်ရိုက်ပင်မေးသည်။

"ခင်ဗျားဘာလို့ကျုပ်ကို ဒီကိုလာဖို့ တောင်းဆိုရတာလဲ၊ ခင်ဗျားဘာလို့ကျုပ်ကို ဒီလောက်အဝေးကြီးကို ပြေးခိုင်းရတာလဲ"

မစ္စတာ နူးညံ့စွာပြောသည်။

"ရည်ရွယ်ချက်ကို စာထဲမှာလည်း ဖော်ပြထားပြီးသားပါ၊ အာကာသနှလုံးသားက ပေါ်လာခဲ့ပြီ၊ အာကာသနှလုံးသားရဲ့ သက်ရောက်မှုကို မင်းလည်းသိမယ်ဆိုတာ ငါသေချာတယ်၊ အဲဒီအချိန်ကျရင် ဒါက သေချာပေါက် ဂိုဏ်းကြီးအသီးသီးအကြား ပြိုင်ဆိုင်မှုကို ဖြစ်စေလိမ့်မယ်"

"ဒီထဲမှာ မသေချော၊ မရေရာတာတွေ အများကြီးပါ၀င်နေတော့ ကျောက်တုံးလေးရဲ့ ကံကြမ္မာအတွက် မိတ်ဆွေလေးလုကို ဖိတ်တာက ပိုသင့်တော်တယ်လေ"

လုချန်ရှန်း လက်ထဲက လက်ဖက်ရည်ခွက်ကို ချပြီးနောက်သို့ကိုင်းမှီကာ လက်အစုံကို ကြမ်းပြင်ပေါ်တင်ရင်း အကူအညီမဲ့စွာ မေးသည်။

"ဒါဆိုကျုပ်ဒီမှာရှိနေပြီ၊ အာကာသနှလုံးသားဘယ်မှာလဲ"

မစ္စတာက လုချန်ရှန်းရှေ့သို့ ဒုတိယလက်ဖက်ရည်ခွက်ကို တွန်းပေးကာ အပြုံးဖြင့်ပြောသည်။

"အာကာသနှလုံးသားဘယ်မှာလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး၊ မဟုတ်ဘူးဆိုရင် အဆင့်မြင့်ကြယ်နယ်မြေမှာ သွေးချောင်းစီးမှုတစ်ခု ဖြစ်သွားလိမ့်မယ်"

"ဒါပေမယ့် အာကာသနှလုံးသားရှင်သန်ဖို့အတွက် သင့်တော်တဲ့နေရာတစ်ခုက အားမကောင်းဆုံး အာကာသတာအိုနိယာမရှိတဲ့ နေရာဖြစ်ရမယ်"

"ဒါပေါ်လာတာနဲ့ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို သက်ရောက်နိုင်တဲ့ အာကာသစွမ်းအားကို သေချာပေါက်ထုတ်လွှတ်လိမ့်မယ်"

လုချန်ရှန်းအားကိုးရာမဲ့စွာပြောသည်။

"ဒါဆိုအခု ကျုပ်ဘာမှမလုပ်နိုင်ဘူးလေ၊ ဒီနေရာမှာထိုင်ပြီး ခင်ဗျားလို လူအိုကြီးတစ်ယောက်နဲ့ လက်ဖက်ရည် သောက်နေရမှာလား"

မစ္စတာပြုံးသည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ"

မစ္စတာ၏တုံ့ပြန်ချက်အပေါ် လုချန်ရှန်း မျက်လုံးလိမ့်လိုက်မိသည်။

ခင်ဗျားလို အဖိုးကြီးနဲ့ လက်ဖက်ရည် သောက်ရမှာလား!

ခင်ဗျားက မိန်းမငယ်လေးတစ်ယောက်ဆိုရင်တောင် အဆင်ပြေဦးမယ်၊ အဖိုးကြီးတစ်ယောက်နဲ့ လက်ဖက်ရည်သောက်တာက ဘာအဓိပ္ပာယ်ရှိလို့လဲ!

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး!

လုချန်ရှန်း ရုတ်တရက်လက်နှစ်ဖက်စလုံးကို အတူတကွဆွဲယူလိုက်၏။

"အလှတရားက ကပ်ဘေးတစ်ခု....အလှတရားက ကပ်ဘေးတစ်ခု....အမျိုးသမီးတွေက ငါ့တိုးတက်မှုကိုပဲ သက်ရောက်စေလိမ့်မယ်....ငါရဲ့သန္နိဌာန်ကို ငါသစ္စာမဖောက်နိုင်ဘူး....ငါရဲ့သန္နိဌာန်ကို ငါသစ္စာမဖောက်နိုင်ဘူး....အော်မီတော်ဖော်.... အော်မီတော်ဖော်...."

မစ္စတာမှာ လုချန်ရှန်းအား ထူးဆန်းသည့် အမူအရာဖြင့်ကြည့်ကာ မေးလိုက်၏။

"မစ္စတာလု၊ မင်းမဟာယာနဗုဒ္ဓဘာသာကို ယုံကြည်လား"

လုချန်ရှန်းပြောသည်။

"အင်း၊ ခင်ဗျားကိုဘယ်လိုရှင်းပြရမလဲ.... ဒါက ရေပန်းစားနေတဲ့စကားစုတစ်စုပါပဲ၊ ကျုပ်အတွက် မဟာယာနဗုဒ္ဓဘာသာကို ယုံကြည်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး"

မစ္စတာညင်သာစွာခေါင်းညိတ်သည်။

နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်လိုက်မိကြ၏။

လုချန်ရှန်း ခြံ၀င်းထဲတွင် လဲလျောင်းနေစဉ် မစ္စတာကမူ လက်ဖက်ရည်သောက်နေသည်။

......

တခြားတစ်ဘက်က နဂါးငွေ့တန်းကြယ်စင်စု၏ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၌ နန်းတော်တစ်ခုကို တိမ်များနှင့် ဖုံးထားသည်။

ပတ်၀န်းကျင်ကပန်းများဖြင့် ပြည့်နှက်နေပြီး ပန်းများကြားတွင် တိမ်နှင့်မြုများ ရစ်ဝဲနေသဖြင့် နတ်သမီးပုံပြင်တစ်ခုပမာ ထင်ရသည်။

ပန်းပင်လယ်ထဲတွင် ပေါ့ပါးသည့်ပန်းရောင်၀တ်စုံနှင့် အဝါရောင်မျက်နှာဖုံးကို တပ်ဆင်ထားသည့် လှပသည့် အမျိုးသမီးတစ်ဦး ကျင့်ကြံနေသည်။

သူမ၏ဒန်တျန်ရှေ့တွင် ခရမ်းရောင်ဓာတ်ငွေ့လုံးတစ်လုံးရှိသည်။

ဒီခရမ်းရောင်‌ဓာတ်ငွေ့က မလွန်အမင်း ပါးလွှာပုံပေါ်သော်လည်း အထဲတွင်ပါ၀င်သည့် ဆန်းကြယ်သည့်အော်ရာထဲတွင် မဟာတာအို၃၀၀၀ပါ၀င်နေပုံရသည်။

ဒါက မည်သည့်ဂိုဏ်းမဆို လိုချင်တပ်မက်ကြသည့် ရှေးဦးမူလခရမ်းချီပေတည်း။

သေးငယ်သည့်အမျှင်စလေးတစ်ခုကပင် အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် စစ်ပွဲတစ်ခုကို ဖြစ်လာစေနိုင်သည်။

သို့စေကာမူ အချိန်အများကြီးကုန်ဆုံးသွားသည့်တိုင် ကျိချန်းယောင် ဒီရှေးဦးမူလခရမ်းချီ အမျှင်စလေးနှင့် အပြည့်အ၀ မပေါင်းစပ်နိုင်သေးပေ။

ဒါက ကျိချန်းယောင်၏ပါရမီက မကောင်းဘူးဟု ဆိုလိုနေခြင်းမဟုတ်ပါ။

ထိုအချိန်တွင် ကျိချန်းယောင် မှိန်ဖျော့စွာ သက်ပြင်းချရင်း တောက်ပနေသည့် မျက်လုံးများကိုဖွင့်ကာ ရှေးဦးမူလခရမ်းချီကို လက်အစုံဖြင့် သူမရှေ့တွင် ကိုင်ထားလိုက်၏။

သူမ၏မျက်လုံးများက အနည်းငယ်လွင့်မြောနေပြီး သူမမိန်းမောတွေဝေနေပုံရသည် သို့မဟုတ် မှတ်ဉာဏ်တစ်မျိုးမျိုးထဲ ကျဆင်းသွားပုံပေါ်သည်။

ထိုအခိုက်အတန့်မှာပင် ရွေ့လျားနေသည့်ပုံရိပ်နှင့်အတူ မျက်နှာကို ပါးလွှာသည့် မျက်နှာဖုံးတစ်ခုနှင့် ဖုံးထားသည့် အမျိုးသမီးတစ်ဦး သူမဘေးတွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။ သို့စေကာမူ ဒီမျက်နှာဖုံးက သူမ၏အသည်းခိုက်ဖွယ် မျက်နှာကို မဖုံးထားနိုင်ပေ။

သူမ အကူအညီမဲ့စွာ သက်ပြင်းချသည်။

"ချန်းယောင်၊ နင်ဒါကိုတွေး‌လို့ရပေမယ့် ကျင့်ကြံဖို့တော့ လိုသေးတယ်လေ"

"ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် နင်အဲဒီလူကို ဘယ်လိုအမီလိုက်တော့မလဲ"

ကျိချန်းယောင် လက်နှစ်ဖက်နှင့် ‌မေးကိုထောက်ထားလေရာ သူမ၏ပါးနှစ်ဖက်က အနည်းငယ် ဖောင်းလာသည်။ သူမအားကိုးရာမဲ့စွာပြောသည်။

"ဆရာ၊ ကျွန်မဒီတွေးခေါ်မှုကို သိပေမယ့် မလုပ်နိုင်ဘူး"

တကယ်တမ်းတွင် လူတိုင်းက မှန်ကန်သည့် အခြေခံမူကိုသိကြသည်။

သို့စေကာမူ နားလည်မှုဆိုတာက တစ်ခုသာ။

နောက်ကွယ်က အတွေးအခေါ်ကို နားလည်နိုင်ပြီး လုပ်ဆောင်နိုင်မလားဆိုတာက တခြားကိစ္စတစ်ခုဖြစ်သည်။

ကျိလျိုချီ ဒီမြင်ကွင်းကိုမြင်သောအခါ နှလုံးသားထဲ၌ ခါးသီးစွာပြုံးရုံသာ တတ်နိုင်တော့သည်။

"ကောင်းပြီ၊ ဒီကာလအတောအတွင်း နင်ပြင်ဆင်မှုတွေပိုလုပ်ဖို့လိုတယ်"

"အာကာသနှလုံးသားက ပေါ်လာပြီ၊ ငါတို့ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ဒီအတွက် သေချာပေါက် တိုက်ပွဲ၀င်ရမယ်၊ အဲဒီအချိန်ကျရင် ဒါက အခွင့်အရေးကြီးတစ်ခုဖြစ်လာလိမ့်မယ်၊ နားလည်လား"

သို့စေကာမူ ကျိချန်းယောင်မေးသည်။

"အာကာသနှလုံးသားက တကယ်ပဲ အရမ်းအရေးပါတာလား"

ကျိလျိုချီ ကျိချန်းယောင်ကို ထူးဆန်းစွာကြည့်သည်။

"သေချာတာပေါ့"

"ဂိုဏ်းတိုင်းက ဒါကိုအရူးအမူးဖြစ်နေကြလိမ့်မယ်"

ကျိချန်းယောင်ခေါင်းညိတ်ရင်း ရုတ်တရက်ပြုံးလိုက်သည်။

"ဒါဆို စီနီယာလုလည်း သေချာပေါက်လာမှာပဲ၊ ဟုတ်တယ်မလား"

တစ်ခဏအကြာတွင် ပန်းပင်လယ်က ပွင့်လန်းလာပြီး တိမ်များကပင် အရောင်အဆင်းကို ဖုံးနိုင်စွမ်းမရှိတော့ပါ။

အပိုင်း(836) coming။

All Chapters