ဆေးပြိုင်ပွဲ ၂
Vol. 011 Ch. 1021
ရှီမာယူယူသည် ဆေးပစ္စည်းများကိုရှင်းလင်းပြီးနောက် တတိယဆေး ကို စတင်ဖော်လေသည်။ အခုချိန်တွင် သူမသည် မပင်ပန်းဆုံးသူဖြစ်နေ သည်။ နောက်ထပ်ဆေးဖိုအပြည့် ဆေးဖော်လျှင်တောင် သူမအတွက် ပြဿနာမဖြစ်နိုင်ပေ။
“ဒီလူရဲ့ စိတ်စွမ်းအားကအရမ်းကောင်းတာပဲ မပင်ပန်းဘူးလားမသိဘူး”
“သူ့မျက်နှာကိုကြည့်လိုက် ပင်ပန်းတဲ့ပုံပေါက်နေလား”
“မပေါက်ဘူး လုံးဝကိုအားပြည့်နေပုံပေါက်တယ်”
“ဒီကောင်က စိတ်အရမ်းသန်မာတယ် ကြောက်ဖို့ကောင်းတယ်”
“အမှန်ပဲ တစ်နေ့လုံးဆေးဖော်ပြီးတာကို သူတစ်ယောက်ပဲ အနားမယူ တာ”
“သူက ဒီလောက်ငယ်ငယ်လေးနဲ့ အားကောင်းနေတာ နောက်ဆိုရင် ကောင်းကင်ကိုဆန့်ကျင်မယ့်သူဖြစ်လာမှာပဲ”
“ဂဠုန်ဘုရင်နဲ့ စာချုပ်ချုပ်ထားတဲ့ တည်ဆောက်မှုသခင်၊ အားအပြည့် ရှိတဲ့ အဂ္ဂိရတ်ပညာရှင်၊ ဒီလိုအရည်အချင်းနဲ့ဆိုရင် သူ့ကိုငါတို့ဂိုဏ်းကိုခေါ် လိုက်ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ”
“ဟင်း… သူဂိုဏ်းကိုရွေးရမယ်ဆိုရင်တောင် မင်းတို့ဂိုဏ်းကိုရွေးမှာ မဟုတ်ဘူး၊ မင်းတို့ဂိုဏ်းနဲ့ယှဉ်ရင် အနာဂတ်တောက်ပနိုင်တဲ့ ငါတို့ဂိုဏ်းကို ရွေးသင့်တယ်”
“မင်းတို့ဂိုဏ်းလား မေ့လိုက်တော့ သူဘယ်လောက်ပဲ အရည်အချင်း ရှိရှိ လျစ်လျူရှုခံရမှာပဲ”
“မင်းတို့နှစ်ယောက်လုံး စကားမများကြနဲ့တော့ သူက သေချာပေါက် မင်းတို့ဂိုဏ်းကိုရွေးမှာမဟုတ်ဘူး စကားများစရာအကြောင်းမရှိဘူး”
“ဒါဘာအဓိပ္ပာယ်လဲ”
“ရှင်းပါတယ် မင်းတို့စကားများနေတာက ငါပြိုင်ပွဲကြည့်တာကို အနှောင့် အယှက်ဖြစ်တယ်”
“မင်းကဘယ်သူမို့လို့ သူများကိစ္စထဲဝင်ပါနေတာလဲ”
“နားညည်းလိုက်တာ” ရှီချန်းကျိသည် လက်ကိုဝေ့ရမ်းလိုက်ရာ ထိုလူ သည် ချက်ချင်းပင် လည်ချောင်းတစ်သွားကာ ဘာစကားမှထွက်မလာတော့ ပေ။
“ပါးစပ်ပိတ်ထားလိုက်တော့ ပြိုင်ပွဲပြီးတာနဲ့ သူ့အလိုလိုပြောလို့ရလိမ့် မယ် မဟုတ်ရင် တစ်သက်လုံးစကားပြောနိုင်မယ့် အခွင့်အရေးကိုမေ့လိုက် တော့” ရှီချန်းကျိသည် ပြောပြီးသည်နှင့် ရှီမာယူယူ ဆေးဖော်သည်ကို ပြန် ကြည့်လေသည်။
ထိုနှစ်ယောက်သည် အပြောအဆိုခံလိုက်ရသော်လည်း ရှီချန်းကျိဆီမှ သင်္ကေတတစ်ခုကိုမြင်လိုက်ရသဖြင့် သွားမရှုပ်ရဲကြတော့ပေ။ အနီရောင် ယပ်တောင်….
ရှီချန်းကျိ၏ အဆိပ်ကျွမ်းကျင်မှုကို အတွင်းဒေသတွင် မသိသည့်သူမရှိ ပေ။ သူ့ကိုသွားရှုပ်မိလျှင် သေချာပေါက် အဆုံးသတ်လှမည်မဟုတ်ပေ။
ပြိုင်ပွဲပြီးသည်နှင့် အဆိပ်ဖြေပေးမည်ဟု ပြောထားသဖြင့် တိတ်တိတ် နေလိုက်ခြင်းက အကောင်းဆုံးဖြစ်မည်။
“အံ့ဖွယ်တမန်တော် ဒါပြဿနာမတက်နိုင်ဘူးလား” ရှီချန်းကျိဘေးမှ မိန်းကလေး မေးလိုက်သည်။
“ဘာပြဿနာလဲ” ရှီချန်းကျိသည် သူ့ဘေးမှလူနှစ်ယောက်ကိုကြည့်ပြီး ပြောလိုက်သည် “မင်းတို့က ငါ့ကိုပြဿနာရှာကြမှာလား”
“ဟင့်အင်း ဟင့်အင်း” လူနှစ်ယောက်သည် မလုပ်ပါဟုပြသသည့်အနေ နှင့် အလျင်အမြန်ပင် ခေါင်းရမ်းပြလေသည်။
လည်ချောင်းအပိတ်ခံထားရသောလူလည်း ခေါင်းရမ်းလေသည်။
“အံ့ဖွယ်တမန်တော် ညာလက်ရုံး သူ…”
“အေးဆေးပါ ဘယ်သူမှပြောမှာမဟုတ်ဘူး” ရှီချန်းကျိ ပြောလိုက်သည် “သူ လက်စားချေဖို့နည်းလမ်းကိုဘာလို့ပြောင်းလိုက်လဲဆိုတာ သိချင်ပေမယ့် သူလုပ်ချင်တာကိုလုပ်ခိုင်းလိုက်ပါ၊ သူလိုမယ့်ဟာကိုသာ လိုက်မှတ်ထား လိုက်”
“နားလည်ပါပြီ”
ရှီချန်းကျိသည် ရှီမာယူယူ၏… သူမအရှေ့တွင်ရှိသော လူကိုကြည့်ပြီး မေးလိုက်သည် “မင်းမျက်နှာအရိုက်ခံရတဲ့အထိစောင့်လိုက်”
ရှီမာယူယူ၏ အာရုံသည် ဆေးဖိုထဲရှိ ဆေးရည်တွင်သာ အပြည့်အဝ ရှိ သည်။ သူမသည် ပတ်ဝန်းကျင်မှ သူမကိုကြည့်နေသည်ကို သတိမထားမိပေ။ သတိထားမိလျှင်လည်း ဂရုစိုက်မည်မဟုတ်ပေ။
“မင်းသာ ဒီပြိုင်ပွဲမှာ အကောင်းဆုံးရလဒ်ရမယ်ဆိုရင် မင်းအဖေက တော့ဂုဏ်ယူနေမှာပဲ”
ထိုစကားတစ်ခွန်းသည် သူမ ခေါင်းထဲတွင် ပျံဝဲနေသည်။ သူမ အဖေ ဂုဏ်ယူလောက်မယ့် ရလဒ်က ဘယ်လိုရလဒ်မျိုးဖြစ်မလဲ။ သူမ မသိပေ။ သူမ သိသည်မှာ ဆေးကောင်းလျှင် ကောင်းမည်။
ပေါင်းစပ်ခြင်း ချည်နှောင်ခြင်း၊ သူမသည် အဆင့်တိုင်းကို တွက်ချက်ပြီး နည်းလမ်းတစ်ကျလုပ်ရာ ဆေးကိုအောင်မြင်စွာဖော်နိုင်လေသည်။
ချောမွေ့တဲ့ ခရီးလမ်းပဲ။
ပွဲကြည့်စင်တွင်ကြည့်နေသူများသည် မှင်တက်သွားကြသည်။ သူမ ပထမအသုတ်ဆေးကိုဖော်ကတည်းကပင် ပြီးသွားသည်အထိ မရပ်မနားပဲ ဆေးဖော်နေခဲ့သည်။
ထို့အပြင် သူမသည် ရပ်တန့်ခြင်းမရှိ အမှားမရှိပေ။ သူမအတွက် အရင် က ထိုဆေးများကို အကြိမ်ပေါင်းများစွာဖော်ဖူးသည့်အတိုင်းပင်။
“ဒီစိတ်အင်အားပမာဏက ဒါက….”
“အဖွဲ့၁ထက်တောင် စိတ်အင်အားများတဲ့လူကိုမမြင်ဖူးဘူး”
“သူ အဖွဲ့၁ကလူတွေကိုတောင် ဘယ်လိုပြိုင်မလဲဆိုတာ သိချင်နေပြီ”
“မေ့လိုက်တော့ အဲလူကဒီလောက်ငယ်တာ ကျန်တဲ့လူတွေက ကြီးနေ ပြီ သူက တခြားသူတွေရဲ့ အစွန်းထွက်လောက်ပဲနေရသေးတာ၊ သူ့စိတ် အင်အားက သူတို့နောက်ကောက်ကျမှာပဲ၊ သူသာ သူတို့ကိုဖိနှိပ်နိုင်မယ်ဆို ရင် မဖြစ်နိုင်ဘူး”
“သူအခုမဖြစ်နိုင်ဘူးဆိုရင်တောင် နောက်ကိုဖြစ်နိုင်မှာပဲ”
“ဟုတ်တယ် စောင့်ကြည့်ကြတာပေါ့…”
“….”
ရှီမာယူယူသည် စားပွဲပေါ်မှ ဖော်ပြီးသားဆေးများကိုနေရာချကာ လက် ဝေ့ရမ်းလိုက်သည်။ တာဝန်ရှိလူတစ်ယောက်သည် ချက်ချင်းလာပြီး သူမ၏ အမှတ်၊ အချိန်၊ အဆင့်၊ ဆေးအရည်အသွေးအစရှိသည်များကို ရေးမှတ်လေ သည်။
သူပြီးသည်နှင့် ရှီမာယူယူသည် စင်ပေါ်မှဆင်းရင်းနှင့် နေရာတစ်ခုလုံး ကိုလှည့်ပတ်ကြည့်လိုက်သည်။ သူမသည် ပထမဆုံးပြီးသည့်သူဖြစ်သည်။
“ယူယူ ယူယူကအားကောင်းလိုက်တာ” ရှောင်ချီသည် မြူးတူးစွာဖြင့် သူမ၏ လက်သေးသေးလေးဖြင့် ဝေ့ရမ်းလေသည်။
“မဆိုးဘူး” မုန့်ဆန်းချွယ်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လေသည်။
ရှီမာယူယူသည် သူမ၏နေရာသို့ပြန်လျှောက်လာရာ မျက်လုံးအစုံ ပေါင်းများစွာသည် သူမကို စောင့်ကြည့်နေသည်ဟု ခံစားရလေသည်။ သူမ ခေါင်းမော့ပြီး ကြည့်လိုက်သည်။
ရှီချန်းကျိသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို အနည်းငယ်မြှောက် ကာ သူမကို ဂုဏ်ပြုလေသည်။ ထို့နောက်တွင် သူ ကျန်ရှိသည့် လက်ဖက် ရည်ကိုသောက်လိုက်သည်။
ရှီမာယူယူသည် တစ်ခုခုကိုသတိရသွားသည့်ပုံနှင့် အနည်းငယ် မျက်မှောင်ကြုတ်ပြီး စင်ဘက်သို့ခေါင်းမော့ပြီးကြည့်လိုက်သည်။
သူမအရှေ့တွင်ရပ်နေသောလူသည် စိမ်းသလိုလိုနှင့် ရင်းနှီးနေသည်…
အချိန်တဖြည်းဖြည်းကုန်ဆုံးသည်နှင့် ဆေးများဖော်သည့် လူများ ပိုပို များလာသည်။ နေ့လည်၁၂နာရီတိတိအရောက်တွင် ဂျီချင်းယွမ်သည် ပြိုင်ပွဲ ပြီးဆုံးကြောင်း ကြေညာလေသည်။ မည်သူမှ ဆေးဆက်ဖော်ခွင့်မရှိတော့ပဲ တာဝန်ရှိသူများသည် အမှတ်များကို ရေးကြလေသည်။
“အမှတ်တွက်ဖို့အတွက် နေ့တစ်ဝက်လိုပါတယ် သက်ဆိုင်ရာအဆင့် အတွက် မနက်ဖြန်နေ့လည်မှာ အသိပေးပါမယ်၊ နောက်ပြိုင်ပွဲကတော့ သန်ဘက်ခါမှ စပါမယ်”
ပြောပြီးနောက်တွင် သူသည် အမှတ်မှတ်သူများနှင့် ထွက်သွားလေ သည်။
နောက်နေ့မနက်တွင် အားလုံးသည် ထိုနှစ်ပြိုင်ပွဲ၏ရလဒ်ကိုဆွေးနွေး နေကြသည်။ သူတို့သည် နောက်ဆုံးပွဲစဉ်အကြိုကို တက်နိုင်မတက်နိုင်ကို ခန့်မှန်းနေကြသည်။
ရှီမာယူယူကတော့ အခန်းထဲတွင်နေကာ ထိုအရာများကိုစိတ်မဝင်စား ပေ။
“အဲလူက ကျန်းကျူရှန့်လို့ပြောလိုက်တာလား” ဟန့်မြောင်ရွှမ်၏ မျက်လုံးများပြူးကျယ်လာကာ စိတ်လှုပ်ရှားစွာအော်လိုက်သည်။
“သူဖြစ်လောက်မယ်လို့မှန်းမိတယ်” ရှီမာယူူယူ ပြောလိုက်သည် “ကျွန်တော် စင်ကိုကြည့်နေတုန်းမှာ ရှီချန်းကျိကိုတွေ့လိုက်တယ်၊ စီနီယာ အစ်ကိုကြီးသာအဲမှာမရှိရင် သူ့အကျင့်နဲ့ဆိုရင် ပြိုင်ပွဲကိုလာကြည့်မှာမဟုတ် ဘူး”
“တခြားတစ်ယောက်များဖြစ်နေမလား” စူးရှောင်ရှောင်မေးလိုက်သည်။
“ရင်းနှီးတယ်လို့ခံစားရတဲ့ တခြားတစ်ယောက်ရှိလို့လား” ရှီမာယူယူ သည် မေးခွန်းပြန်ထုတ်လေသည်။
“မရှိဘူး” ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ ခေါင်းရမ်းကြလေသည်။
“ဒါဆိုရင် အဲဒါပဲလေ” ရှီမာယူယူ ပြောလိုက်သည် “သူ့အပြင်ပိုင်းပုံစံက မတူလို့ တခြားသူတွေက သူ့ကိုမမှတ်မိကြတာ၊ ဒါပေမဲ့ ကျွန်တော်တို့ကို ကြည့်တဲ့သူ့အကြည့်တွေက နည်းနည်းမတူဘူး၊ အဲဒါကြောင့် ရင်းနှီးသလိုလို နဲ့စိမ်းနေတာ”
“အဲတော့ မင်းပြောတာက အဲလူကတကယ်ပဲသူပေါ့၊ သူက အစတုန်း က ကျန်းကျူကျိအစားလာတာမဟုတ်ဘူးလား ဘာလို့ ဒီနည်းလမ်းနဲ့ ပြိုင် မယ်လို့ ဆုံးဖြတ်လိုက်တာလဲ”
“သူစဉ်းစားပြီးလုပ်တာဖြစ်နိုင်တယ် ဒါနည်းလမ်းက ကျန်းမျိုးနွယ်ကို ပိုပြီး နောင်တရစေတယ်၊ သူတို့မျက်နှာကိုဖြတ်ရိုက်လိုက်သလိုပဲလေ” ဟန့်မြောင်ရွှမ် ပခုံးတွန့်လေသည်။
“ငါသာသူဆိုရင် ကျန်းကျူကျိကို နိုင်အောင်လုပ်ပြီးမှ သရုပ်မှန်ကိုဖော် ပြီး သူတို့ဒီလောက်အရည်အချင်းရှိတဲ့သူကိုလွတ်သွားတယ်ဆိုတာ ခံစားစေ ရမယ်၊ ပြီးမှ သူတို့ကိုသတ်လို့ရတယ် နောင်တနဲ့သေခိုင်းလိုက်တာပေါ့” စူးရှောင်ရှောင်ပြောလိုက်သည်။
“ရှုပ်လိုက်တာ” ရှောင်ချီသည် စားပွဲကိုရိုက်ပြီးပြောလေသည် “ရှောင်ချီ သာသူဆိုရင် ဒီအတိုင်းပဲ ကျန်းကျူကျိကို သူ့မိဘတွေတောင်မမှတ်မိအောင် အကြိမ်နည်းနည်းလောက်ရိုက်လိုက်မှာပဲ ပြီးမှ သူဆေးထပ်မဖော်နိုင်အောင် လို့ လက်ကိုချိုးပေးလိုက်မယ်”
တိုက်ရိုက်ကျလွန်းတဲ့ ရက်စက်လွန်းတဲ့ နည်းလမ်းပါလား။
“တစ်ခါတလေမှာ ခန္ဓာကိုယ်ကိုနာကျင်အောင်လုပ်တာထက် စိတ်ကို ဆွပေးတာကပိုပြီး ထိရောက်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှောင်ချီပြောသလို မလုပ်ရဘူးလို့လည်းမဟုတ်ပါဘူး”
***